အင်တာနက် ဘာလဲ ဘယ်လဲ ဘယ်သူပိုင်မလဲ

အခု ရက် ထဲ..စိတ်မအား..လူ မအား ဖြစ် နေ တာနဲ့..စာအဟောင်း လေး တွေ ရှာ ရင်း.. နဲနဲ ဖြတ်ညှပ် ပြီး ပြန် တင် တာပါ။ အင် တာ နက် ဘာလဲ..ဆို တာ ကတော့..ဘလော့ဖတ် သမား တိုင်း လို သိပြီး သား မို့..နောက်ဆုံး အပိုင်း လေး ကို ပဲ..ပြန် လည် ဖော်ပြ လိုက် တယ်။ (Weekly Eleven , No 41. vol.1 2006 July မှာ ဖော်ပြ ပြီးသားလေး ပါ)

တမြန်နေ့ ကပဲ.. ICANN အဖွဲ့ကြီးက.. အင်တာနက် ဒိုမိန်း တွေ နဲ့ ပတ် သတ်လို့.. ဘာ မှ အတားအဆီး မရှိ..ကြိုက် တာ..လုပ် နိုင် တော့မယ် လို့.. သတင်း ထုတ် ပြန် လိုက် တာ ..ကြားလိုက် မိ လို့ လည်း..သတိ ရ သွား တာပါ။

နောက် တချက်က.. ခု တလော မှာ..နာဂစ် အ ပြီး မှာ.. အထူးသဖြင့်..ဗမာ နိုင်ငံသား တွေ အားလုံး .. ကုလသမဂ္ဂ အပေါ် ..အယုံ အကြည် နဲပါး နေ ခဲ့ ကြ တယ်လေ...။ UN is UNable ဆို တာ မျိုး တောင်ဖြစ် လာ ပြီ ကိုး။ တကမ္ဘာလုံး အတိုင်း အတာ နဲ့ကတော့.. လူပြော သူပြော များ နေခဲ့တာ..ကြာ လောက် ပါပြီ။ ဒါကြောင့်.. အတွင်း ရေး မှူး ကြီး ဘန်ကီမွန်း ကိုယ် တိုင်.. International Herald Tribune သတင်း စာ ကြီး မှာ.. အခု ဇွန် လ ၁၆ ရက်နေ့က..ဆောင်းပါး တစောင် ရေးသား ဖော်ပြ ရင်း..ကုလသမဂ္ဂ ရဲ့..မရှိ လှ တဲ့..သိက္ခာအစွမ်း ကို ဆယ် တင် ဖို့..ကြိုးစား နေ ရ ပါတယ်။ အခု..အင်တာနက် ကြီး ကို ဘယ်သူ အုပ်ချုပ် ဦးပိုင် မလည်း ဆို တဲ့ ပြသာနာ မှာ ရော.. ကုလ အနေနဲ့..ဘယ်လောက် များ.. စွမ်း ဆောင် နိုင် အုံး မှာ မို့ လည်း...
++++++

အမေရိကန်သူ အင်တာနက်
အင်တာနက်သည်။ ဗြုံးကနဲ ဒိုင်းကနဲ ချက်ချင်း အတောင်အလက်စုံစွာနှင့် မွေးဖွားလာခဲ့ခြင်းတော့မဟုတ်ပေ။
သူ့ရဲ့သမိုင်းကို ပြန်လှန်ရမည်ဆိုလျှင်။ မွေးရပ်မြေ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီယားပြည်နယ်ရှိ တက္ကသိုလ်တခု မှာ ၁၉၆၉ ခုနှစ်မှာ စတင် မွေးဖွား ခဲ့ သည်။ အမေရိကန်အစိုးရ ရဲ့ ကာကွယ်ရေးရည်မှန်းချက် သုတေသန ကနေ ပေါ်ထွက်ခဲ့ တာမို့ ငယ်နံမည် က ARPANET ( Advanced Research Projects Agency Network) ။ ၁၉၉၀ ခုနှစ်မှာတော့ အင်တာနက်အဖြစ်နဲ့ လူထု ကြားထဲကို ရောက်လို့လာ သည်။ ၁၉၉၆ အလွန်မှာတော့ ချစ်သူခင်သူ ၀ိုင်းဝိုင်းလည်လျက် ရေပန်းစားလူသိများလာခဲ့ချေပီ။

ဘယ်သူ တာဝန်ယူ အုပ်ထိန်းမလဲ..
တကယ် အသုံးများ လာပြီဆိုတဲ့ အခါကျတော့.. ဟိုက ဒီက မှတ်ပုံတင်လာကြတဲ့.. နံပါတ် တွေ။ အဲဒါတွေကို စာသားနံမယ်များအဖြစ်ပြောင်းလဲပေးနိုင်တဲ့ DNS ( Domain Name System) ဆိုတာ ကို ကြီးကြပ်ကိုင်တွယ်ဖို့.. စီမံခန့်ခွဲ ယဉ်ထိန်းရဲလုပ်ဖို့ အဖွဲ့အစည်း တခု လိုအပ် လာချေ ပြီ ။ဒီလိုနဲ့ ပဲ ပညာရှင်တွေ စုပေါင်းစပ်ပေါင်းထားတဲ့ NSF ( National Science Foundation) လိုအဖွဲ့ မျိုးတွေက ပထမတော့ ကြည့် ကြပ် ၀ိုင်းကြ ၀န်းကြ သည်။ အခါ အားလျော် စွာ ပဲ..IANA ( Internet Assigned Numbers Authority) ဆိုပြီး.. မူလ ပိုင်ရှင် ကယ်လီဖိုးနီးယားတက္ကသိုလ် နဲ့ အမေရိကန် ကာကွယ်ရေး ဌါန ပူးပေါင်း ပြီး..အဖွဲ့ တခု ဖြစ်လာ သည်။ သူ့ရဲ့ အဓိက တာဝန်တွေ ကတော့.. နည်းပညာပိုင်းဆိုင်ရာနဲ့ တကမ္ဘာလုံး က နိုင်ငံတခု ချင်းရဲ့ သီးသန့် TLDs တွေကို ကြီးကြပ် တာဝန်ယူဖို့ ပါ၊

ဒီနေရာမှာ TLDs ရဲ့အရှည်က Top Level Domain Name ဖြစ် ပြီး internet web sites တခုရဲ့ နောက်ဆုံးက အတိုကောက် အမည်လေးများ ကို ရည်ညွှန်းခြင်း ဖြစ်သည်။ အခု IANA ကနေ နိုင်ငံများနှင့် ဆိုင်သော အမည်ပေး စနစ်ကို တာဝန်ယူမည်ဆိုတော့.. ကျန်သော .com, .org, .biz , .net အစရှိ တဲ့ အမှတ်သညာများသည် အလိုအလျောက်ပင် NSI ( Network Solution Inc) ဟု အမည် ရသော အမေရိကန်ကုမ္ပဏီ ကြီး တခု ထံသို့ ကန်ထရိုက် စနစ်ဖြင့် ရောက်ရှိသွားတော့သည်၊ ဘယ်လိုပဲ ဖြစ်ဖြစ်.. သေချာတာကတော့ မည်သူ တဦးတယောက် တဖွဲ့ တနိုင်ငံ ကမဆို အင်တာနက် ကြီးထဲမှာ နေရာတခု ရှိချင်ပီ ဆိုရင် အမေရိကန်နှင့် ကင်းလို့မဖြစ် တော့ပေ။

ရှုပ် နေ သော အဖွဲ့ များ
ဒီလိုနဲ့ လည်း အဆင်ချော မနေ သေး။
၁၉၉၆ ခုနှစ် ၀န်းကျင်ခန့် .com ရောဂါများ အကြီး အကျယ် ထလာခြင်းနှင့် အတူပင်..NSI ၏ တဦးတည်းပိုင်ဆိုင်မူ.. အမေရိကန် လက်ဝါးကြီး အုပ်.. ချူပ်ကိုင်မူ အပေါ် ပွစိပွစိ ဖြစ်လာ ပြန်သည်။

ဒါဆိုလည်း ကိစ္စ မရှိ။ ၁၉၉၈ ခုနှစ် မှာ.. အမေရိကန် ကာကွယ်ရေး ဌါနက အင်တာနက် အမည် နေရာစီမံ ကွပ်ကဲမူ ဆိုင်ရာ စာတမ်း တခု ထုတ်လိုက် ပြီး... နိုင်ငံတကာအကျိုး အမြတ် မယူသော ကော်ပိုရေးရှင်းကြီး တခုကို ဖန်တီး ပေးလိုက် သည်။ အင်တာနက် အသုံးများသော စက်မူ နိုင်ငံကြီး တချို့ မှ ကိုယ်စားလှယ် များကိုလည်း ဒါရိုက်တာ အဖွဲ့ဝင် များအဖြစ် ခန့်အပ် ပေး ထား သည်။ အဲဒီ လို နဲ့ပဲ..ခု လက်ရှိ တကမ္ဘာလုံး က..အင်တာနက် နေ ရာ တွေ ကို တာဝန်ယူ ကြီး ကြပ် နေတဲ့ ICANN ( Internet Corporation for Assigned Names and Numbers) အဖွဲ့ကြီး ပေါ် ပေါက် လာ ခဲ့ တော့သည်။

သို့ပေမဲ့..ဝေဖန်မူ တွေ နဲ့ ကျေလည် မူ တော့..အပြည့်အ၀ မရှိ သေးပေ။ အင်တာနက် ဆိုတာကြီးကို..အမေရိကန် လက်ထဲ မှ.. တောင်းသုံး နေ ရ သည်ကို.. မကျေ နပ် နိုင် သော..နိုင်ငံ များ က..ရှိ နေသည်။
နိုင်ငံတကာ ကိုယ်စား လှယ်များ ပါသည် ဆို သော်လည်း အမေရိကန်ကသာ အများစုဖြစ်နေခြင်း...NSI ကပဲ နည်းပညာ ပိုင်းကို ဆက်လက် တာဝန် ယူထားခြင်း.. ဆိုတဲ့ အချက်တွေ က ဒီအဖွဲ့ ကြီး အပေါ် မျက်စိ ဒေါက်ထောက် ကြည့်စရာတွေ ဖြစ်လာ ခဲ့သည်။ ဒီကြားထဲ.. ICANN နဲ့NSI ကြားထဲ အဝေ မတည့်မူ ပြသာနာ လေး တွေ ကလည်း လူသိရှင်ကြား ဖြစ်ခဲ့ ရသေးသည်။ အဖွဲ့ ရဲ့ အင်တာနက် စာမျက် နှာ ပေါ်မှာ အစည်းအဝေး မှတ်တမ်းတွေ မူကြမ်းတွေ ကို ဘယ်သူမဆို ကြည့်နိုင် သိနိုင်အောင် လွှင့်တင် ပြသ ထားပေမဲ့လည်း... ဒါတွေဟာ ဟန်ပြသာဖြစ်ပီး တကယ် ထင်သာ မြင် သာမရှိ.. ထိန်ချန်မူ အချို့ ရှိနေတယ် ဆိုတဲ့ အသံတွေက ထွက်ပေါ် လာပြန် သည်။ အဖွဲ့ ထဲက ဒါရိုက်တာ အဖွဲ့ဝင် ကိုယ်တိုင် ကတောင် ငွေကြေး စားရင်းအင်း တချို့ သိလိုမူနဲ့ တရားရုံးကို ဦးတိုက် လျှောက်ထား တာမျိုးတွေ တောင် ရှိလာခဲ့သည်။ အဖွဲ့ရဲ့ ပုံမှန် နှစ်လည် အစည်းအဝေး တွေ ကို မထင်မရှား နိုင်ငံငယ် လေးတွေမှာ လုပ်လေ့ ရှိတာကရော ဘာသဘောလည်း ဆိုတဲ့ မေးခွန်းမျိုး တွေ ကိုတော့.. ဒါဟာ အားနည်းတဲ့နိုင်ငံလေးတွေအတွက် အင်တာနက် သိမြင်ပြန့် နှံ့ မူ အတွက်.. တမင်ရည်ရွယ်တာပါ လို့ ဆင်ခြေ ပေး နိုင် သေး သည်။

ကုလ နဲ့..အင်တာနက်ပြသာနာ

ပင်လယ်တပြင်လုံးက ယိုသမျှ ပုဇွန်ဆိတ်ခေါင်း မှာ လာစုသလို ကမ္ဘာတခွင်လုံးက ဖြစ်သမျှ ရှင်းမရတဲ့ ပြသာနာ ကုလ ရုံးခန်းထဲ ရောက်လာ ရပြန်ပီ။ စကား နားထောင်တာ မထောင်တာ အပထားလို့ ကုလသမဂ္ဂ အနေနှင့် တော့ ပုဇွန်ဆိတ် ခေါင်းထက် တော့ ပိုကြီးပြ ရပေ လိမ့်မည်။

၂၀၀၃ ခုနှစ် ဒီဇင်ဘာ မှာတော့ သတင်း အချက်အလက် နည်းပညာ ဆိုင်ရာ ကမ္ဘာ့ ထိပ်သီး ညီလာခံကြီး ကို ဆွစ်ဇာ လန် နိုင်ငံ ဂျနီဗာမြို့ တွင် ခေါ်ယူ ကျင်းပ လိုက် သည်။ ကမ္ဘာ့ ပြသာနာ ဆိုတာမျိုး တွေကလည်း ချက်ချင်း လက်ငင်း အဖြေရှာဖို့ ခက်တာမျိုး မို့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်း ပြီး.. ညီလာခံ ပထမပိုင်းကို အဆုံးသတ် လိုက် သည်။ တနှစ်ခွဲလောက် အကြာ ၂၀၀၅ ခုနှစ် ဇူလိုင်လပိုင်း တွင် မှ.. ဆုံးဖြတ်ချက် ဆန်ဆန် စာတမ်း တခု ထွက်လာ ခဲ့ချေ ပြီ။

ဒီစာတမ်းမှာပါတာက.. အင်တာနက်အသုံးပြုမူဟာ နိုင်ငံတကာ အတိုင်းအတာ နဲ့ ဖြစ်လာ နေပီမို့ တဦး တဖွဲ့ တနိုင်ငံ တည်းက ချူပ်ကိုင် ထားခြင်း သည် မလျော်ကန် ပါကြောင်း.. ထို့ ကြောင့် နိုင်ငံတကာ ပါဝင် ပတ်သတ် မူဟာ အင်မတန်မှ အရေးကြီး ပါကြောင်း... စသဖြင့် ဖော်ပြထားသည်။ သူက ဖြစ်နိုင်ချေ ရှိတဲ့ နည်းလမ်း ၄ သွယ်ကို လည်း ချပြထား ပါသေးတယ်။ အဲဒီထဲ က နည်းလမ်း ၂ခု ကတော့ ကုလသမဂ္ဂ ပိုင် ပြုလုပ် ဖို့ ခေါင်းစဉ် အောက်မှာ ဖြစ်ပီး ကျန်၂ခု ကတော့.. ယခုလက်ရှိ ICANN အဖွဲ့ကြီး ကပဲ..ပိုမို ထင်သာ မြင်သာ အောင် ဘယ်လို ဘယ်ပုံ လုပ်ဖို့ ဆိုတာ တွေကို အကြံပြု ထားပါတယ်။

မူရင်း ပိုင်ရှင် မသိရော့ လေသလား
ယမ်းပုံ မီးကျ ဒေါသ ထွက်ရသူက အမေရိကန် များပင်။
ငါတို့ ဒီလောက် လိုက်လိုက် လျောလျော အဆင်ပြေ အောင် လုပ်ပေး ထားပါရဲ့ နဲ့ သင်းတို့က ရာရာ စစ ဆိုတဲ့ အသံမျိုး တွေ အမေရိကန် အဖွဲ့အစည်း များ ကြားမှ ကျယ်လောင် စွာ ပေါ်ထွက် လာခဲ့ သည်။ သူတို့ မြေပေါ်မှာ မွေးဖွား မြေ တောင် မြှောက်ခဲ့ရတဲ့ အင်တာနက် သမီးပျို ကို သူတို့ရဲ့ သမိုင်းဝင် ပိုင်ဆိုင်မူ တခု အနေနှင့် တပါးသူ လက် ၀ကွက်တော့ မအပ်နိုင်တာ အဆိုးဖြင့်မဆိုသာ။

ဘယ်လို နည်းနဲ့ မဆို ..ဒီ အင်တာနက် နေရာ ချထားပေးရေး ရဲ့ နောက်ကွယ် ကရော ရှေ့ကရော ရရှိ နေတဲ့ အခွန်အခ များ ကလည်း ရှိသေး သည်ကိုး။ ဒါတွေကို အမေရိကန် က အလွယ်တကူ လက်လွှတ် အဆုံးခံ မည်တဲ့လား။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထုတ် The New American မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါး မှာဆိုရင် ဒီအကျိုးအမြတ် တွေကို မက်မောလို့လား လို့ ကုလအဖွဲ့ကို တင်မက အတွင်းရေးမှူး ကိုဖီအာနန် ကိုပါ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက် ထားပါ တယ်။ ပြောစရာ ဖြစ်နေတာ ကလည်း မကြာသေးခင်ကမှ ထွက်ပေါ် လာတဲ့ အီရတ် နိုင်ငံ အပေါ်ကန့်သတ် သည့် အစာနှင့်ရေနံ လဲလှယ်ရေး ငွေကြေး အရှုပ်တော်ပုံကြီး ကလည်း ကုလသမဂ္ဂ နှင့် အတွင်းရေးမှူး ကြားမှာ မပြီး မပြတ် သေးပေ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကုလ အရာရှိ ကတော့ ဂျနီဗာ ထိပ်သီးမှာ ပြောသွားခဲ့ပြီ။
` ကျနော်တို့ လုပ်ဆောင် နေတာဟာ အင်တာနက်ရဲ့ အနာဂါတ် စီမံ ကွပ်ကဲရေး ကိုပါ...ကမ္ဘာ့ လူသား အားလုံးအတွက် သဘာဝ အရင်းအဖြစ် တခုလို ဖြစ်လာနေတဲ့ အင်တာနက်ကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြစ်အောင် စီစဉ်ကြမလည်း.. ဆိုတာပါပဲ...´

ဒီစကား ဟာ အမေရိကန် တွေ အတွက်တော့ ငေါ့စရာ လှောင်စရာတခုပါပဲ။
သူတို့ ပြောတာက.. ဒါဆိုရင် ဂျာမဏီ နိုင်ငံဟာ သူ့နိုင်ငံ က ထုတ်တဲ့ ဗောက်စ်ဝက်ဂွန် နဲ့ ဘီအမ်ဒဗလျူ ကားတွေကို တကမ္ဘာလုံး က လူတွေ ဈေးချိုချို နဲ့ကားစီး နိုင်အောင် ကုလသမဂ္ဂ ကို လှူပါ သလား တဲ့။

ဖင်လန် နိုင်ငံ ကရော သူရဲ့ အမှတ် တံဆိပ်ဖြစ်တဲ့ Nokia လက်ကိုင်ဖုန်း တွေကို လူတွေ အားလုံး လက်ကိုင်ဖုံး ရှိသင့် တယ် ဆိုပီး ကုလသမဂ္ဂ ရဲ့ နိုင်ငံ တကာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ကြီးကို ကမ်းလှမ်း ပါသလား ... ဂျပန် ဆိုနီ ကော်ပို ရေးရှင်းကြီး ကရော သူ့ရဲ့ နောက်ဆုံးပေါ် ကွန်ပြူတာဂိမ်းစ် ကစားနည်း ပညာကို UNICEF ကုလ ကလေးများ ရံပုံငွေ အဖွဲ့ က တဆင့် ဆင်းရဲ နွမ်းပါးတဲ့ နိုင်ငံတွေက ကလေးငယ်တွေ ကစားရ အောင် ထောက်ပံ့ ပါသလား....တဲ့။
အတော် လည်း စွာတဲ့ အမေရိကန် များ ပါပင်။

ဟစ် တိုင် မှာ ငြင်း ရ အုံးမဲ့ အင်တာနက်

၂၀၀၅ ခုနှစ် နိုဝင်ဘာ လ လယ်ပိုင်း တွင် မပီးမပြတ် သေးသော ညီလာခံ ဒုတိယပိုင်းကို တူနီးရှား နိုင်ငံ တူးနစ်စ်မြို့မှာ အဆုံးသတ် နိုင်ခဲ့ သည်။ တကယ့် တကယ်မှာတော့ အစည်းအဝေးကို အဆုံးသတ်ခဲ့ ခြင်းသာ ဖြစ်၍ ပြသာနာ ကိုတော့ အဆုံး မသတ် နိုင်ခဲ့ပေ။

လောလော ဆယ်ဆယ် မူလ ပိုင်ရှင်ဖြစ်သော ICANN ကပဲ ဆက်လက်လုပ်ကိုင် သွားဖို့ သဘောတူ ခဲ့ကြပီး.. အဲဒီ သဘော တူညီမူ ရရန် တဖက်လှည့် လိုက် ရတာကတော့... လွတ်လပ်တဲ့.. အစိုးရရော အစိုးရ မဟုတ်သော အဖွဲ့များပါ- ပါဝင်တဲ့ -အင်တာနက် ကွပ်ကဲမူ ဆိုင်ရာကမ္ဘာ့ Forum ကြီး- ဖွဲ့စည်း တည်ထောင် လိုက်ခြင်း ပင်ဖြစ်သည်။
ကဲ.. မကျေလည် တာတွေ ...ထောက်ပြ ချင် တာတွေ ... ပြောကြ..ဆိုကြ... ငြင်းကြ.. ခုံကြ ပေတော့။

ကုလအဖွဲ့ ကြီး အနေနဲ့လည်း ဒီလို မြွေမသေ ဒုတ်မကျိုး နည်းဗျူဟာ ထက် ပိုကောင်းအောင် လုပ်နိုင်စရာ အကြောင်း မမြင်ပေ။ ဗြဟ္မာကြီး ဦးခေါင်းကို အနေအထား တမျိုး ပြောင်းကိုင် လိုက်ခြင်း အားဖြင့် အခိုက်အတန့် တော့ အညောင်း အညာပြေ နိုင်ကောင်း ပြေပေလိမ့်မည်။

အာဏာရှင်တို့ အကိုကြီး ဗြူရိုကရက်
သဘော တူညီချက် ထွက်ပီး နောက်တနေ့ မှာပဲ.. အမေရိကန်ဥပဒေပြု လွှတ်တော်မှ အမေရိကန် အစိုးရ အနေနှင့် ICANN ရဲ့လုပ်ငန်းတာဝန်များအပေါ် ဆက်လက် ထိန်းချူပ် ကွပ်ကဲ သွားမည် ဖြစ်ကြောင်း.. အင်တာနက် နေရာ ချထားရေး အစီအစဉ် များဟာ နည်းပညာ ပိုင်းသာမက စက်မူပိုင်း ဆိုင်ရာ တည်နေရာ အရလည်း အမေရိကန် မြေပေါ်မှာပင် ရှိသင့်ကြောင်း စသည်ဖြင့် စာတမ်းတစောင် ထုတ်ပြန်လိုက် သည်။ ဆိုလိုတာ ကတော့...လောလော ဆယ်ဆယ် တင်မက ဘယ်သော အခါမှ သူတို့ရဲ့ ပိုင်ဆိုင်ခွင့် နဲ့ ရပ်တည်ချက် ကို အလျော့ပေး မှာမဟုတ်ဘူး ဆိုတာ ကို .. အတိအလင်း ကြေငြာ လိုက်တာ ပါပဲ၊။ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ အဖွဲ့ကလည်း အမေရိကန်ရဲ့ အင်တာနက် ချူပ်ကိုင် ပိုင်ဆိုင်ခွင့် ကို ကုလသမဂ္ဂတင်မက ဘယ်နိုင်ငံတကာ ဆိုတာမျိုး ကိုမှ ... ဘယ်သောအခါမှ လွှဲပြောင်း မပေးဖို့ကို.. သမ္မတကြီးကို အတိအလင်း တောင်းဆို လိုက်ပါတယ်။

အမေရိကန် အူတာ့ ပြည်နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ခရစ်စ်ကန်နွန် ကတော့-
ဖွံ့ဖြိုးမူ နှေးကွေးတဲ့ တိုင်းပြည် တွေမှာ အင်တာနက် ကနေ ရလာမဲ့ စီးပွားရေးအရ အကျိုး ဖြစ်ထွန်း လာနိုင်ချေ တွေဟာ တကယ့်တကယ် ကုလသမဂ္ဂ က ပေးနေတဲ့ ထောက်ပံ့ ကူညီမူတွေ ကို တောင်.. အပြတ်အသတ်ကျန်ရစ် စေ ခဲ့မှာပါ.. လို့.. သရော်လိုက်ပါတယ်။
အဆုံးသတ်မှာတော့-
`... ဒီလို ထူးခြား ကောင်းမွန်တဲ့ အသိဥာဏ် ဗဟုသုတနဲ့ ဖွဲ့ ဖြိုး တိုးတက် မူ တွေကို ဖော်ဆောင် ပေးနေတဲ့ ပဉ္စလက် ကြီးကို ကိုင်တွယ် မောင်းနှင်ဖို့ အတွက် ရက်စက် ကြမ်းကြုတ် တဲ့ အာဏာရှင် နိုင်ငံတွေ က သူတို့ လိုရာကို ကြိုးဆွဲ ဖို့..လုပ် နေတဲ့ ဗြူရိုကရက်အဖွဲ့ ကြီးရဲ့ လက်ထဲကို ထဲ့ဖို့ ဆိုတာ ဘယ်လို နည်းနဲ့ မှ ယုတ္တိ မတန်ပါဘူး..´ လို့ လည်း စွပ်စွဲ လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီမှာ အထင်ကရ ပါဝင်နေတဲ့ တရုတ်နိုင်ငံနဲ့ ရုရှနိုင်ငံ တွေကို ရည်ညွှန်းဟန် တူပါတယ်။
အထူးသဖြင့် တရုတ်အစိုးရ ရဲ့ အင်တာနက် လွပ်လပ်ခွင့် ဆိုင်ရာ ပိတ်ပင် ကန့်သတ်မူ တွေဟာ ယခုလက်ရှိ အခြေအနေ အရ တကမ္ဘာလုံး မှာ ဟိုးလေး တကျော် ဖြစ်နေသည် မဟုတ်လား။

ဘယ်လိုပဲ ဖြစ်ဖြစ် အင်တာနက် ကွပ်ကဲမူ ဆိုင်ရာ ကမ္ဘာ့ ဟစ်တိုင် ကြီး ကိုတော့ မကြာခင် လများ အတွင်း ဂရိနိုင်ငံ အေသင်မြို့ မှာာ တဖန်စိုက်ထူ ကျင်းပ ရပေဦးမည်။

အင်တာနက်ကို ဘယ်သူ အပိုင် ပြုသင့် သလည်း ဆိုတဲ့ မလွယ်လှ သောပြသာနာကို ဆက်လက် အဖြေရှာကြ ရပေဦးမည်။
Ref: "United Nations aims to control the Internet", The New American , Dec 12, 2005


Share/Bookmark

မြေလတ်မြို့လေးနဲ့ အင်တာနက်

တနေ့က တမြေစီခြား နေတဲ့ ဇာတိချက် ကြွေ မြေလတ်မြို့ လေး ကို ဖုန်းဆက်ဖြစ်သည်။ ဖုန်းဆိုပေမဲ့ ရိုးရိုး တယ်လီဖုန်း တော့မဟုတ်၊ အခု နောက်ဆုံး လူပြောသူပြောများ အကြိုက်တွေ့နေ ကြ တဲ့ skype အင်တာနက်ဖုန်း နှင့် ပထမဆုံးအကြိမ် ခေါ်ကြည့်ခြင်းဖြစ်သည်။ ဈေး က..တ၀က် လောက် သက် သာ သည် ဆို သကိုး။

ကြည့်လေ၊ ဟောဒီ ကမ္ဘာ့ တာင်ဖက်ခြမ်းက မြို့ကလေး ကနေ မြန်မာပြည်ကို တယ်လီဖုန်း ခေါ်မည်ဆိုလျှင် တမိနစ်ကို တဒေါ်လာနှင့် ဆင့်သုံးဆယ်ကျမည်၊ ဖုန်းဆက်ပြီ ဆိုတော့ လည်း မိသားစုကို သာကြောင်းမာကြောင်း မေးရ ပြောရမည်။ စားဝတ် နေရေးတွေ အဆင်ပြေ ကြ ရဲ့လား၊ လုပ်ငန်း ကိုင်တာတွေ ကောင်းမှ ကောင်းရဲ့လား၊ လုံးစေ့ပတ်စေ့ ပြောနိုင်ဖို့ က.. မကြာဘူးဆို ရင် တောင် အနဲဆုံးတော့ မိနစ် နှစ်ဆယ်ပေါ့။ တလ တလ ဖုံး ခ အတွက်..တရွက် ကို နှစ်ရွက် မှတ် ခွါ ဖို့သာ ရှိ တော့ သည်။

ထားပါလေ၊ ကဲအခု အင်တာနက်ကနေပီး အိမ်ဖုန်းတွေကို ဈေးသက်သက်သာသာနှင့် ခေါ်လို့ရတာကို က မင်္ဂလာ တပါး၊ တချို့နိုင်ငံချင်းဆို အလကားတောင် ပြောလို့ရ နေ ပြီ။ နောင်ဆို.. land line လုပ်ငန်း များ ပင်.. ကွယ် ပျောက် ပေတော့မည်။

ဒါပေမဲ့ လို့...ဈေး နှုံး အား ဖြင့် အကုန်အကျ သက်သာ သည် မှန် သော် လည်း..တကယ် ပြောကြည့် တော့..နှေးကွေး လွန်းသော bandwidth ကြောင့်.. ပိုက်ဆံက..ဘာမှ ထူး မသက် သာ။

ဖုံးစပြောရုံပဲရှိသေး ။တဖက် က -
` ဟဲ့ ဖုန်းလိုင်းက ဘယ်လိုကြီး ဖြစ်နေလဲ မသိဘူး´ - ဆိုတော့
`မဟုတ်ဘူး ဖေရေ... ခု အင်တာနက်ကခေါ်နေတာမို့လို့.. တမျိုးဖြစ်နေတာ- ဖေပြောချင် တာ ပြော ပီးရင် ခဏစောင့် နားထောင်--´
ဒီတော့မှ
`သြော် ..အေးအေး...အဖေနားလည်ပြီ .. ၀ိုင်ယာလက် လို ပေါ့..´ တဲ့၊
အဖေ့စကား ကြောင့် ပြုံး လိုက် မိ ရင်း.. သားအဖတွေ တယောက်တလှည့်..ကဲ..အဖေ့အလှည့်- ကဲ သမီးကလှည့် နှင့် အဆင်ပြေသွား တော့ သည်။

အဖေက- `သမီး အားချိန် တွေ ဘာတွေ လုပ်လဲ စာများများဖတ်နော် ရေးနိုင် ရင်လဲ ရေးသာရေး-´ လို့ အားပေးရှာသည်။

` အဖေရေ သမီးကတော့ အားအား မအားအား မိုးလင်းရင် အင်တာနက်ပေါ်တက်လိုက်ရမှ။ E-mail တွေဘာ တွေ စစ်.. ပြီးရင် မြန်မာ အင်တာနက် website သတင်းတွေနားထောင် ။ Website ဆိုတာ မဂ္ဂဇင်း ဖတ်သလိုပါပဲ ဖေရယ်.. ကွန်ပြူတာကနေ ဟိုရောက် ဒီရောက် လျှောက် ကြည့်တာပေါ့ ။ တကယ်ပဲ.. ဖေရယ်... ဖေတို့ ကို ပြချင်တယ်.. ကွန်ပြူတာရှေ့မှာထိုင်ပီးလေ တကမ္ဘာလုံး သွားချင်တာသွား ကြည့်လို့ ရတယ်။ သိချင်တာအကုန်ရှာလို့ရတယ်--´

မစားရ ၀ခမန်းပြောနေသော စကား က မဆုံးသေး ...
` အေးပေါ့.. ဒါဆို အင်တာနက်ဆိုတာ သမီးတို့ခောတ်ရဲ့ ပဉ္စလက် ကြီးပေါ့..´
အဖေ့ အသံက အံသြသံ အလျှင်းမပါ ။

ကမ္ဘာ လောကကြီးထဲက ဖြစ်နိုင်ချေတွေ ဖြစ်စဉ်တွေ အပေါ် နားလည်လက်ခံ အတွေ့အကြုံ ရင့်ကျက်နေပီ ဖြစ်တဲ့ လူ ကြီးတယောက် ရဲ့ တည်ငြိမ်မူကို အားမလိုအားမရ ဖြစ်စွာ မအံ့သြ.. အံ့ သြ အောင် ဆက်ပီး ကြွား နေ လိုက်သေးသည်။

` ဒီကနေပြီး တော့လေ ဗမာပြည်က ထုတ်တဲ့ မြန်မာတိုင်းမ်စ် တို့ ဈေးကွက်တို့ Weekly Eleven တို့ အကုန်ဖတ် လို့ ရတယ်၊ ဒီနေ့ထွက်ရင် နောက်တနေ့ဆို ဖတ်လို့ရပီ... ရန်ကုန်မှာ ဒီနေ့ ဆီဈေး ဘယ်လောက်လဲ ဆိုတာတောင် သိ တယ်၊ ဆောင်းပါးတွေလေ လူထုစိန်ဝင်းတို့ မောင်စူးစမ်းတို့ အရမ်းကောင်းတယ် ...နော်´

` အေးပါ ကွာ.. -အဖေတို့ ဆီတော့.. နှစ်ရက် သုံးရက် နေရင် ရောက်ပါ တယ်ကွာ။ အကုန်တော့ မရဘူးပေါ့။ နယ် ကိုယ်စားလှယ် တွေက အမှာများတဲ့ ဂျာနယ် နှစ်ခု သုံးခုလောက်ပဲယူ ကြတယ်။ သမီးရေ အဖေတို့ အင်တာနက်ကတော့ လိုင်း သိပ်မကောင်းဘူးကွဲ့..´

အဖေ့ရဲ့ ရယ်သံသဲ့သဲ့အဆုံးမှာတော့။ ကိုယ် လည်း ပြုံးလိုက်မိပါသည်။

(ဒီစာ လေး ကို..လွန်ခဲ့တဲ့ ၂ နှစ် ကျော် က.. `အင်တာနက် ဘယ်လဲ ဘာလဲ ဘယ်သူ ပိုင်မလဲ ´ ဆိုတဲ့..ဆောင်းပါး လေး အတွက်..အဖွင့် အဖြစ် ရေး ခဲ့ တာ ပါ။ တကယ် တော့ လည်း..စာ အုပ် ဗီရို ကြီး ဘေး က..စားပွဲ မှာ ထိုင် ရင်း.. စာအုပ် တွေ ဖတ် လိုက်.. ဗလာ စာအုပ် ပေါ် ချ ရေး လိုက် နဲ့..အလုပ် ရှုပ် နေ တတ် တဲ့..ဖေဖေ့ ကို..အင်တာနက် ဆို တာကြီး အကြောင်း သိစေချင် .. ပြော ပြ ချင် လွန်း လို့..ဒီ ဆောင်း ပါး လေး ကို ရေးဖြစ် ခဲ့ တာပါ.. ခု နေ ဆို ရင် တော့..အင်တာနက် အကြောင်း..ဒီ့ထက်ပို ပြော စရာ တွေ ရှိ နေ ပြန် ပြီ ကော.. )


Share/Bookmark

ဘာတွေ ပဲ ..ဖြစ် လာ ..ဖြစ်လာ

ကလေး ငယ် တယောက် အတွေး နှင့် တွေးခဲ့ ဘူး သည်..
ငါကြီး လာ ရင်..နံမယ် ကြီး အဆို တော် တယောက် ဖြစ် ချင် လိုက် တာ..

တခါ တလေ လည်း..အားမလို အားမရ ကြိမ်းဝါး မိ ခဲ့ သည်။
ငါ- အခု သာ.. အဘွား ခွဲ တမ်း ချ ပေး တဲ့ ကိတ် မုန့်တချပ်ပဲ စား ရတာ..ငါကြီး လာ ရင်..ကိတ်မုန့် တွေ..တ၀ ကြီး စား နိုင် မှာ...

ပြီး တော့..လူ ကြီး ဆို တာ ..အရာ ရာ ပြည့်စုံ မှန် ကန်သူတွေ လို့ လည်း..အထင်ကြီး..အားကျ ခဲ့သေးသည်။ ကျောင်း ဟော ပြောပွဲ တွေ မှာ စကား လာ ပြောလေ့ ရှိ တဲ့..တိုက်ပုံ ၀တ် ထား တဲ့..လူကြီး တွေ ကို.. ငေး ကြည့် ရင်း..
သူတို့လို လူကြီး ဖြစ် လာ ခဲ့ရင်..စတိုင် သိပ်ကျ မှာပဲ နော်...

အဲဒီ အချိန်တွေ တုန်းက..အိမ်က..တကူးတက..လိုက်ပို့ရ တဲ့.. မြို့လယ်ခေါင် က..ကျောင်း ကြီးဟာ...အကြီး ဆုံး ကမ္ဘာ ကြီး ပေါ့..
ဒုတိယ တန်း အတန်းပိုင် ဆရာမ ကို..အရမ်း ချစ် သည်။
ကျောင်းအုပ် ဆရာ ကြီး ကို မြင်ယုံ နှင့်ပင်..ဖိန့်ဖိန့်တုန် အောင် ကြောက်ခဲ့ ရသည်။
ကျောင်း ခြံဝန်း ကြီး ကလည်း..အ ကျယ် ကြီး..။ ဆရာ ဆရာမ တွေ..အားကိုးတဲ့..ဆယ်တန်း ကျောင်းသား ကြီး တွေ ကလည်း..အတော် ပင်..ထွားကြိုင်း သန် မာ လှ သည်။

ဖေဖေ ဖတ် တဲ့ သတင်းစာ ပုံ ထဲ ကို..မွှေနှောက် လှန်လျော ရင်း..တအံ့တသြ မေး ခဲ့ ဘူး သည်။
` ဖေ- အီသီယိုပီး ယား မှာ..လူတွေ..အစားအစာ တွေ ငတ် ပြီး..ပိန်ချုံး နေ ကြ ရ တာ မဟုတ်လား.. ခု ဒီပုံ ထဲက..အီသီယို ပီး ယား သမ္မတ ကြီးက..အကျီ င်္ အကောင်း ကြီး နဲ့..၀ လည်း ၀ နေ တာပဲ နော်..´

အဲဒီ အသက် အရွယ် မှာ..အသိ ညဏ် ဘယ်လောက် ရှိသင့် ပြီ လဲ တော့ မသိ...
ဖခင် ရှင်း ပြ သော..စကား လုံး များ ကို..နားလည် သလိုလို..မလည် သလိုလို...

အပေါင်း အနုတ်..အမြှောက် အစား တွေ.. ကျောင်း မှာ စသင် ရ ပြီ..
အဲဒါ ဘာ ဖြစ် လို့..ပေါင်း ရတာ လည်း..အဲဒါ ကျတော့..ဘာလို့..မနုတ် ရ တာ လည်း..
လို့..မေးလိုက် မိ လို့... တအိမ် လုံး..အလန့်တကြား ဖြစ် ခဲ့ ရသည်။

ပဉ္စမ တန်း မှာ..မြန် မာစာ ဆရာ မက.. နိဒါန်း နှင့် နိဂုံး အကြောင်း သင် ပေး ပြီး.. စာစီ စာ ကုံး..တပုဒ် အိမ် စာ ပေး လိုက် သည်။ ဆော့နေကျ..နောက် ဖေး လှေ ကား ထစ် ကလေး မှာ ထိုင် ရင်း..နိဒါန်း ဆို တာ ဘာလည်း..နိဂုံး က ရော..နိဒါန်း နဲ့ ဘယ်လို ကွဲ ပြား အောင် ရေး ရ မလည်း.. ဆိုတာ.. ချာ ချာ လည် အောင် တွေး ခဲ့ ဘူး သည်။

အတန်း နဲနဲ ရ လာတော့ လည်း..လော က ကြီး သည်..မျှော်လင့်ချက် တွေ..တနင့်တပိုး နှင့်..တမျိုး လှ လာ ပြန် သည်။

ညနေ ရောက် တိုင်း..မီးရောင် တထိန် ထိန် နဲ့..မြို့ငယ် လေး ထဲ ကို..အချိန် မှန် ၀င်ရောက် လာ တတ် တဲ့..အမြန်ရ ထား သစ် ကြီး ကို..ငေး ရင်း.. ဒီ ရထား ကြီး နဲ့..ရန် ကုန် မြို့ကြီး ကို..ရောက် ချင် လှ တော့ သည်။
ဒီနှစ်..ဆယ်တန်း ကို..အမှတ် ကောင်း ကောင်း နဲ့ အောင်ရင်..ရန်ကုန်မှာ..တက္ကသိုလ် တက် ဖို့..ဘာလိုင်း ယူ ရင်..ကောင်း မလဲ...

တကယ်တော့ ..ကိုယ့်လက် ထဲကို..ကိုယ့် ဘ၀ကြီး ရောက် လာ ဖို့..အချိန် သိပ်ကြာ ကြာ..မစောင့် လိုက် ရ ပါ...

ခုတော့-
မြို့ကြီး ဆို တာလည်း..သိပ် မခမ်း နားပါ..
မြို့ငယ် လေး ကလည်း..သိပ် မသာယာ လှ ပါ..
ထုံးဖြူ ရောင် သစ်သား တိုင် တွေ နဲ့ ကာရံ ထားတဲ့ ..မြို့လယ်ခေါင်က.. ကျောင်း ကြီး သည် လည်း.. ကြုံ့ဝင် သွား သလို ... တရှဲရှဲ အော်မြည် နေ တတ်တဲ့..ကျောင်းရှေ့ က..ယူကလစ် ပင် တန်း ကြီး ကလည်း.. ရွက်ဖျား တွေ ခေါက် လို့..ငြိမ် ငြိမ် သက်သက်..
ကျောင်းအုပ် ဆရာ ကြီး ကတော့..တော်တော် အိုသွားခဲ့ ပြီ။

သူ..အဆိုတော် မဖြစ် ခဲ့ ပေမဲ့..ကိတ် မုန့် တွေ ကြိုက်သလောက်..၀ယ် နိုင် တဲ့..ငွေစ တွေ..သူ့အိတ် ထဲ မှာ ရှိ နေ ပြီ။ ဒါပေမဲ့..သူ ကိတ် မုန့် မကြိုက် တော့ ပါ။

တိုက် ပုံ အကျီ င်္ ကြီး တွေ ၀တ် ထား ပေ မဲ့.. အဲဒီ တိုက် ပုံ စလောက် တောင် တန် ဖိုး မရှိ သော..လူကြီး တွေ ..လော ကမှာ..အများ ကြီး တွေ့ ခဲ့ ရ ဘူး ပြီ။

အာဖရိ က တိုက် မှာ..နေ့တိုင်း..ကလေး တွေ ထောင်နဲ့ချီ ပြီး..ငတ် သေ နေ တဲ့ အချိန်မှာ.. ကမ္ဘာ အရပ် ရပ် မှာ..စစ် အသုံး စရိတ် တွေ..နေ့စဉ် တိုး တက် နေ တာ။.. နယူးယောက် စတော့ ရှယ် ယာ ဈေး တွေ ထိုး ချ နေ တာနဲ့.. အန်ဂျီ အို တွေ..တစ တစ များ ပြား လာ တာ ဘာမှ မဆိုင် ဘူး ဆို တာ တွေ လည်း .. ဗဟု သု တ..အနဲ အပါး ရှိ ခဲ့ ပြီ။

ကမ္ဘာ့ လောင် စာ ပြသာနာ နဲ့.. အငတ် ဘေး ပြသာ နာ တွေ..ဘာတွေ ဆက်စပ် နေ လည်း လို့..ခု နေ လာ မေး ရင်.. ကား တွေ တော့ လျော့ မစီး..အသုံးအစွဲ တွေ တော့ မလျော့ပဲ နဲ့.. လောင်စာ စား မန် ခုတ် နေ လို့ အပို ပဲ .. ပြောင်းဖူး က..အီသနော ထုတ်လဲ..အပိုပဲ.. ကြက်ဆူပင် စိုက် ရင်..မြေ ဆီလွှာ ပျက် တာပဲ အဖတ် တင် မယ်. လို့..ပြန် ပြော ဖြစ် လိမ့် မည်။

အပေါင်း အနုတ် အမြှောက် အစား ကို..အလွယ်တကူ Excel ပေါ် - တင် တွက် နေမိ တတ် ပြီး.. Integral နဲ့..differential ဆိုရင် တောင် Matlab မှာ ပဲ တွက် တော့မည်။ သိပ် မတွေး နဲ့..အရာ ရာ ကိုသိ စရာ မလို ဘူး လို့..ဖာသာ နှစ် သိမ့် ရင်း .. သက်သက် သာသာ နေ တတ် ခဲ့ ပြီ။

နိဒါန်း ဆို တာ အဖွင့်.. နိဂုံး ဆို တာ အဆုံး သတ် ။ နိယာ မ တွေ..မသုံး ..၀ိရောဒိ တွေ .မရှုပ် ပဲ..ဒါဟာ.. သံဝေဂ အင်္လကာ တပုဒ် မှန်း လည်း.. သိ နေ ခဲ့ ပြီ။

--------------------
ချစ်စရာ ကောင်း လှ ပြီး.. မရိုး နိုင် တဲ့..ခေတ် ဟောင်း တေး လေး တပုဒ် ကို...စိတ်ပါ လက်ပါ..ဆိုညည်း ရင်း.. ပေါ့ပါး လန်း ဆန်း မိ သလို လို ရှိ နေ မိ သည်။




Que Sera Sera
When I was just a little girl
I asked my mother, what will I be
Will I be pretty, will I be rich
Here's what she said to me.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
When I grew up, and fell in love
I asked my sweetheart what lies ahead
Will we have rainbows, day after day
Here's what my sweetheart said.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
Now I have children of my own
They ask their mother, what will I be
Will I be handsome, will I be rich
I tell them tenderly.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be



Share/Bookmark

သတိတရ ပုံရိပ်များ နဲ့ မွေးနေ့ ဆုတောင်း



ဒေါ် အောင် ဆန်းစု ကြည် မွေး နေ့..တပတ် လည် ခဲ့ ပြန် ပြီ။ ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်း က..ဒီ နှစ် အတွက် လည်း..စာ တပုဒ် လောက် ရေး ပေး ဖို့..တောင်း လာတယ်။ ပြန်စဉ်းစား ကြည့် တော့..ဒေါ်စု အကြောင်း ရေးဖို့ ဆို တာ..ဆေးတဖုံ ဖော် သလို.. လို လာ တော့ မှ..ကောက် ရော လို့ စပ် လို့ရ တာ မျိုး လည်း မဟုတ်.. ငယ်ငယ် တုန်း က..အထက် တန်း ကျောင်း မှာ.. နေ့ထူးနေ့မြတ် ကြီး တွေ အတွက်..အထိမ်း အမှတ် စာစီစာ ကုံး ပြိုင်ပွဲ တွေ ..၀င် ပြိုင် သလို.. သတင်းစာ ထဲ မှာ ပါ တဲ့..ဦးတည်ချက် (၃) ရပ် ကို..ကူးကျက် ပြီး.. စကားပုံ တွေ..အတောင့်လိုက် နဲ့.. ရေး လို့ ရ တာ မျိုး လည်း မဟုတ်။


ရေး တော့..ရေး ခဲ့ ဘူး တာပေါ့။ ဒါပေမဲ့..ဒီ နှစ် အတွက်..ဒီ အရောင်..နောက် နှစ် အတွက်..နောက် အရောင် ဆို ပြီး.. ဆေး ပြောင်း ပြောင်း ချယ် လို့ ရတဲ့..ဆိုင်းဘုဒ် တခု လည်း..မဟုတ် ပြန် တော့.. ချိုးလင်းပြာ ကို..ဒီ နှစ် အတွက်..ရေးစရာ မရှိ တော့ ပါဘူး..ရေးလည်း မရေး တတ် တော့ ဘူး လို့ပဲ.. ပြော လိုက် ရ တော့တယ်။ဘလော့ လေး မှာ လည်း..အမှတ်တရ တင် ဖို့ အတွက်.. ချိုးလင်း ပြာ မှာ ရေးခဲ့ ဖူး တဲ့..ဒီ အဟောင်း လေး ကို ပဲ.. (၆၂) နေရာ မှာ (၆၃) ပြောင်း လိုက် တော့ လည်း.. ကျန်တာ အားလုံး က..ဘာ မှ - မှ မပြောင်း လဲ ခဲ့တာ။


+++++++

တကယ်က..
ဒေါ်အောင်ဆန်း စုကြည် ဆိုတာ..ပို့စ်ကဒ် က အရုပ် တခု မဟုတ်ပါ...
ရင်ဖက် မှာ ထိုးဖို့ ရင်ထိုး လည်း မဟုတ်ပါ...
တီရှပ် ပေါ်က အနီရောင် မျက်နှာ လည်း မဟုတ်ပါ...
အစည်း အဝေး တွေမှာ ချိတ်လေ့ ရှိတဲ့ နောက်ခံ ကားချပ် တခုလည်း မဟုတ်ပါ...
အခု..ပီဘိ အချိန်မှာ ကို...ဧည့်ခန်း ဆက်တီ ပေါ်မှာ ဖြေလျော့ရင်း
ညပိုင်း ရေဒီယို သတင်း တခုကို..နားထောင် ကောင်း နားထောင်နေမဲ့...
ဒါမှ မဟုတ်...
စာတမ်း တခုကို အပြီးသပ် ရေးပြီး သကာလ..အိပ်ရာ ၀င်တော့မဲ့..
မဟုတ် ရင်လည်း..
ရေညှိရောင် တောက်နေတဲ့ တိုက်အို ကြီးပေါ် ကနေ..
ခြုံနွယ် ပိတ်ပေါင်း တွေ မထိမ်းနိုင် မသိမ်းနိုင် တောထ နေတဲ့ ခြံကြီးထဲ ကို
လေ့ကျင့်ခန်း ယူဖို့ အဆင်း..ပင့်သက် တချက် ရှိုက်လိုက် တဲ့..
၆ ၃ နှစ်အရွယ်...မြေးငယ်လေး တွေ ရဲ့ အဘွား ဆိုတာကို..
မေ့နေ မိတတ် ကြတယ်..
သူမ ကိုယ်တိုင် ကလည်း..
မြန်မာ ပြည်သူ ပြည်သား တွေရဲ့ ဘ၀ တွေထဲ ကို..
ပုံပြင် ထဲက..မင်းသမီးလေး တပါးလို..၀င်ရောက် လာခဲ့ တာ ကိုး....


.....................................................

ငယ်ငယ် တုံးက တော့...အာဇာနည်နေ့ ရောက် တိုင်း..လူကြီး မိဘ တွေရဲ့ မျက်နှာ ရိပ် မျက်နှာကဲ...ဇူလိုင် မိုး စွေစွေနဲ့..ညိုမှောင်မှောင် ကောင်းကင်...နင့်နင့် နဲနဲ ဆွဲလိုက်တဲ့ ရေဒီယိုက ဥသြ သံ..တဆက် တည်း လိုလို..လေလှိုင်း ထဲက လွင့်တက် လာ တဲ့..မေလှမြိုင် ရဲ့ လွမ်းဆွတ် ဘွယ် တေးသံ တွေ ကြားမှာ..ကြောင်းကျိုး ဆင်ခြင် နား လည် စရာ မလို ဘဲနဲ့ ကို..နှမြော တသ ၀မ်းနည်း တတ်ခဲ့ တယ်..

နဲနဲကြီး လာ တော့..တဆင့် တက်လို့ အာဇာနည် ကြီး တွေရဲ့ ကျန်ရစ်တဲ့ မိသားစု တွေကိုစိတ် ၀င်စား လာတယ်..အထူး သဖြင့်..အမျိုးသား ခေါင်းဆောင်..ဗိုလ်ချူပ် အောင်ဆန်း ရဲ့ သား သမီး တွေ ဘယ်ရောက် နေ ကြ သလဲ ဆိုတဲ့ မေးခွန်း ကို မေးတတ် လာတယ်...အဲဒီတုံး က..အမေရိကန် သံရုံး မှာ သွားရောက်အမူထမ်း နေတဲ ဦးလေး တယောက်က.. လူကြီး စကားဝိုင်း မှာ..ဗိုလ်ချူပ် အောင်ဆန်း သမီး က..နိုင်ငံခြားမှာ ကပ္ပလီ တယောက် နဲ့ ယူထား တယ် ပြောတော့..အိုး..ဘာမှန်း ညာမှန်း မသိ ၀မ်း နည်း လိုက်တာ...

ပထမဆုံး အကြိမ်..ဒေါ်စု အသံကို ကြာဖူး တာက..၈၅-၈၆ ခုလောက်နေမယ်..ဘီဘီစီကလွှင့်တဲ့..ဒေါ်လေး ဒေါ်ကြည်ကြည်မေ ရဲ့..ငွေဗျိုင်းဖြူ ကဏ္ဌမှာ..ဗိုလ်ချူပ် အောင်ဆန်းရဲ့ သမီးနဲ့ တွေ့ဆုံခန်း ဆိုပီး..၁၀ မိနစ် လောက် လေး နားထောင် လိုက်ရတာပြောလို့ မဆုံး နိုင်အောင် ပဲ...တဖြည်းဖြည်း နဲ့..မြန်မာ ပြည်မှာ..မဂ္ဂဇင်း တွေ စာအုပ် တွေ..တိုးပွါး လာ တဲ့ ၈၆ -၈၇ လောက်.. ပေဖူးလွှာ မဂ္ဂဇင်း မှာ..ဦးအောင်ကြီး ရေးသား မိတ်ဆက် ပေးတဲ့..ဗိုလ်ချူပ် မိသားစု သတင်း လေးတွေ ကိုအလုအယက် ဖတ် ကြရတယ်...အဲဒီ တုံးက..ဒေါ်ခင်ကြည် ရဲ့ အင်္ဂံလန် ခရီးစဉ် တို့..မြေးရှင်ပြု တို့..ရောင်စုံ ဓါတ်ပုံတွေ ဝေေ၀ ဆာဆာ နဲ့ ဖော်ပြ တော့..ဖတ်လို့ ကောင်း လိုက်တာ..ဗိုလ်ချူပ် သမီး..အောင်ဆန်း စုကြည် ဆိုတာ ကိုလည်း..ပိန်ပိန် သွယ်သွယ်..ချောချော လှလှ မိန်းမရွယ်တယောက် အဖြစ် နဲ့..လင်းလင်း ထင်းထင်း မြင်လိုက် ရတယ်....

တခါ နှစ်ခါ ဆိုသလို တော့..အာဇာနည် နေ့ ပန်းခွေချတဲ့ ပုံတွေကို..သတင်းစာရဲ့ မှုံဝါးဝါး အဖြူအမဲ ပုံရိပ်တွေ အဖြစ်နဲ့ တော့ တွေ့ဘူးသား....ဆယ်တန်း ဖြေပီး ကျောင်းတွေ ပိတ်ထားတုံး..၈ လေးလုံး အရေးတော် ပုံကြီး ပေါ်ပေါက် လာပါရော...မတိုင်ခင် ထဲကကို..တနိုင်ငံ လုံး..လှုပ်လှုပ် ရွရွ ဖြစ်နေ နှင့်ပြီ...

နယ်မှာ ဆိုတော့..ရန်ကုန် က သတင်း တွေ. နား တစွင့်စွင့်နဲ့ ပေါ့..တက္ကသိုလ် ကျောင်း တွေ ပိတ်ပီး ပြန်လာတဲ့ အကိုတွေ အမတွေ ကို..ညနေ ညနေ ဘူတာမှာ သွားကြို ရင်း...

ဟာ..ခုနေ့ခင်းပဲ..အင်းလျား ကန်စောင်း မှာ လုံထိန်း တွေ တုတ်တွေနဲ့ လိုက်ရိုက် တာ..မနဲ ပြေးရတယ်..တို့...ဆေးရုံ ကြီးမှာ လည်း..အသကုန် ပစ်တာ..တော်တော် သေပဲ..တို့...အဲလို..ပါးစပ် သတင်း လေးတွေ နားထောင် လိုက်...ညဖက်..တကျွိကျွိနဲ့ ရေဒီယို တွေ ဖမ်းလိုက်နဲ့...ရုတ်ရုတ်..ရုတ်ရုတ် တွေဖြစ်နေပီ...အဲဒီတုံး က..အထောက်တော် လှအောင် ထုတ်တဲ့.. သတင်း ဂျာနယ် ဆိုတာ... သတင်း အမှောင် နိုင်ငံကြီး ထဲမှာ..ပထမဆုံး သွေးတိုး စမ်းလာ တဲ့ ဂျာနယ် လေး...တညနေ..အသစ် ရောက် လာတဲ့..သတင်း ဂျာနယ် မှာ... ဒေါ်အောင်ဆန်း စုကြည် ဆိုတာ ကို..တော်လှန်ရေး ကြီးနဲ့ အတူ..ပထမ ဆုံး တွဲပီး မြင်လိုက် ရတယ်...မှတ်မှတ် ယယ..ပြည်သူ့ဖက် က အပြတ် လိုက်မယ်..ဆိုတဲ့..ခေါင်းစဉ် နဲ့....


အဲဒီ နောက် တော့..အားလုံး သိကြ တဲ့ အတိုင်း..ဒေါ်စု ဆိုတာ..ပြည့် အသဲ..ပြည့် ဦးခေါင်း ဖြစ်လာ တော့တာ ပဲလေ....

အမျိုးသား ဒီမို ကရေစီအဖွဲချူပ် ဖွဲစည်း အပြီး မှာ..စည်းရုံးရေး ခရီးစဉ် အဖြစ်..ကိုယ်တို့ မြို့လေး ကို ၃ကြိမ် လောက် ရောက်လာ ဘူးတယ်..ပထမဆုံး အကြိမ် တုံး ကတော့.ကိုယ်တို့ အဒေါ် အိမ်မှာ ဧည့်ခံတာ ဆိုတော့အနီးကပ် ပထမဆုံး မြင်ဖူး တာပဲ..မင်းသမီး တယောက် လို..လှပ ကျော့ရှင်း တဲ့ ဒေါ်စု ကို..သူမ
ဝတ်တဲ့ လုံချည်လေး က အစ..ပိတ်ဖောက်ဇာ အင်္ကျံလေး ပါ မကျန်..လက်ဖက်ရည် သောက်ပုံ လေးက အဆုံး...မိန်းကလေး ပီပီ စပ်စု နေမိတယ်...(သူပြောတဲ့ စကား တွေတော့ မမှတ်မိ တော့..)ဒေါ်စု အင်္ကျံပုံစံ တွေ..လိုက်ဝတ် ကြတော့ လည်း..ဘယ်နေ မလဲ..ချူပ်သမျှ လက် ခေါင်းလောင်း..ထုပ် ကြယ်သီး တပ်..
မြန်မာပြည် တနံတလျား စည်းရုံးရေး ထွက်တဲ့ ဗီဒီယို ခွေတွေ ထဲမှာ ဆိုလည်း..သူ့အလှ နဲ့ သတ္တိကို ကွဲကွဲပြားပြား မြင်ခဲ့ ရတယ်...နောက်တခါ..ခြံရှေ့ တရားပွဲ တွေ လုပ်တော့ လည်း..အပတ်တိုင်း သွားမော့ ရပြန်ရော.ဘဘ ဦးကြည်မောင်နဲ့ ဦးတင်ဦး ကြားမှာ ရပ်ရင်း..တပတ် တမျိုး.ပန်းတွေ ဝေနေ အောင်ပန် တတ်တဲ့..ဒေါ်စုကို..အစိုးရ သတင်းစာ တွေက..အငြိမ့် မင်းသမီး လူပြတ် ထွက်ပုံ သရော် ခဲ့ ပေမဲ့...ဒေါ်စုဆိုတာ....မိန်းမ တယောက်ရဲ့..လှပ ကျော့ရှင်းခြင်း..သူရဲကောင်း တယောက်ရဲ့..ရဲရင့် ပြတ်သား ခြင်း...ခေါင်းဆောင် တယောက်ရဲ့..ချစ်ခင် လေးစား စရာ ကောင်းခြင်း..စွန့်လွှတ် အနစ်နာ ခံခြင်း ဆိုတာတွေ...အားလုံးနဲ့ ပြည့်စုံ တဲ့သူ တယောက် ဆိုတာ...ဘယ် သူမှ ငြင်းလို့ မရ နိုင်ပါဘူး...

ဒါပေမဲ့...ခရစ်တော် က လူသား တွေ အားလုံးရဲ့ အပြစ် တွေကိုသူ့ အသက်နဲ့ဆေးကြော ပေးခဲ့ သလို..မြန်မာ ပြည်သူပြည်သား တွေရဲ့ အပြစ်တွေ. ဒုက္ခတွေ ကို..သူမရဲ့ ဘ၀နဲ့ ဆေးကြော ပြစ်ရမဲ့..ယစ်ပလ္လင် ပေါ်က..ပူဇော် စရာ သားကောင် တော့ မဖြစ်သင့် ပါဘူးနော်..သူမရဲ့ လူသား ဇာတိ..အချစ် အမုန်း အပြုံး တွေကို လည်း..ဘာနဲ့မှ နှိုင်းယှဉ် ဝေဖန် လို့ မဖြစ်နိုင် ပါဘူး..သူမ ဟာ..လူသား စစ်စစ် တယောက်ပါ..အသက် ၆၃ နှစ် ပြည့်ခဲ့ ပါပြီ...

အို..ဘုရား သခင်..သူမ ရဲ့..တရား မျှတမူ အပေါ်မှာ မြဲမြံခြင်း..စွန့်လွှတ် အနစ်နာ ခံ နိုင် ခြင်း များ ကို..ထောက် ထား လို့..မြန်မာ ပြည် ကြီး ကို..ဦးဆောင် ကယ်တင် နိုင်ဖို့ အခွင့် ပေး တော် မူ ပါ.....



Share/Bookmark

လူလား မြောက် ခြင်း


မိန်းမ တန်မဲ့..ဆံပင် တို တွေ ကို..ဖြစ်သလို သပ် တင် ထားတဲ့...သူ့မျက် နှာ က..ရဲတွတ် လို့..။ မျက်လုံး တွေက..မို့မို့အစ် အစ်..။ ခဏ နေ တော့.. ရှပ် အကျီ င်္ အိပ် ကပ် ထဲက.. ကားသော့ ကို.. ထုတ် ပြီး.. အရှေ့က.. ကျောက်ခုံ ပေါ် မှာ..တဂျစ် ဂျစ် ..ပွတ် တိုက် ရင်း..
` ငါ တော့..ညက..အိမ် မှာ တယောက်တည်း..အဖေ့ ဘရန်ဒီ တွေ ယူသောက် ပြီး..မူး ပစ် လိုက် တယ်..ငါ မေ့ထား ချင်တယ်..ငါ..ခဏ လောက် ကလေး..ဘာမှ မသိ ပဲ နေ ချင် တယ်ဟာ..´

အဲဒီ နေ့က..၀ိဇ္ဖါ ခန်းမ ရှေ့က..ကံ့ကော် တွေ.. အုံးအုံး ကြွက် ကြွက် ပွင့် နေ တဲ့ အချိန် ပေါ့။ ပန်းခူး တဲ့ သူတွေ တောင်..မနိုင် တော့ လို့.. မြေကြီး ပေါ် မှာ.. ကျောက်ခုံ လေး တွေ ပေါ် မှာ.. ကျဲ ပြန့် လို့ ..မွှေးမြ လို့။ ကျောက်ခုံ ပေါ် ကို ၀ဲကျ လာတဲ့..ကံ့ကော်တပွင့် ရဲ့ ၀တ် ဆံ လေး တွေ ကို.. ဦးတည် ရာ မဲ့ ဆွဲ ဖြုတ် နေ မိ ရင်း ..သူငယ် ချင်း မ ရဲ့..ရင်ဖွင့် သံ တွေ ကို..သူ ဘယ်လို အားပေး ရ မလဲ ....။

ကိုယ် တိုင်က..နားလည်..ခံစား ပေး လို့.. မရ နိုင် သေး ချိန်။ သူ အသဲကွဲ လို့..ကိုယ် နားထောင် ပေး မိ တာ သက် သက် ပဲ..။ သူ့ချစ်သူ ဆိုတာ က..ရုပ်က ခပ်ဖြောင့်ဖြောင့်..ဘာသာ ရပ် ခြင်း..တူတူ.. တတန်းပဲ ကြီး သည်။ ခုတော့..ကျောင်းပြီးလို့.. အိုတီအက်စ် ၀င်ဖြေ ရင်း.. သင်တန်း ပင် မဆင်းသေး.. အပွင့် ကြိုက်သူ..ဆရာဝန် လောင်းမ တယောက် နဲ့ ချိတ်သွား သည်တဲ့။ သူငယ်ချင်း ရဲ့ လက်ကို ခပ်တင်း တင်း ဆုပ် လိုက် ရင်း..ထားလိုက်စမ်းပါဟာ.. အခွင့်အရေး သမား..ဖြတ်လမ်းလိုက်.. သူတို့ဟာ သူတို့ ဂုဏ်ရှိ တယ် ထင် နေတာ.. ဂုဏ်ချင်းထပ်တယ် ထင်နေတာ.. ဘာ မှ ဖြစ် မနေ နဲ့..။ ဒီစကား တွေ က..သူ့ရင် ကို ပိုတောင် နာ ကျင် စေ မလား .. မသိခဲ့ ပေ။

တလ လောက် နေ တော့ လည်း.. နှစ် ယောက် သား..ပျော် ပျော် ရွှင် ရွှင် ပဲ.. IFL ည နေ ပိုင်း သင် တန်း တွေ..ပြန် တက် ဖြစ် ကြ သည်။ နိုင်ငံခြား ကျောင်း ဘွဲ့လွန် လျှောက် ဖို့ ကိစ္စ တွေ..အတူတူ လုပ် ကြ သည်။ ထောက် ခံစာ တွေ ပြေး လုပ် လိုက်..အမှတ် စာရင်းတွေ ထုတ် ရင်း..ကွန်ဗိုကေးရှင်း ကြီး ပေါ် ကို ..တက်လိုက်..ဆင်းလိုက်..။ ညဖက် မှောင် ရင်..သူ့ ပါဘလစ်ကာ လေး နဲ့..အိမ် ကို အမြဲ လိုက် ပို့ လို့...လက် ဆောင် ၀ယ်ပေး မယ် လုပ် တော့..` ဟေ့အေး..ငါ့ကို နင် ဘာမှ ၀ယ် ပေး စရာ မလို ဘူး.. အဲဒီ အတွက်..နင် နောက်တယောက် ကို ..ထပ် ကူ ညီ လိုက် ပါ လို့ပဲ တောင်း မယ် ဟာ..´ တဲ့။ အမယ် မယ်..တယ် ပြော တတ် နေပါလား.. ဘယ်က စကား တွေ လည်း ဆို တော့...` ဟီး..chicken soup ထဲက...´ တဲ့။ ဟုတ် လည်း ဟုတ် တဲ့ မိန်းမ။

တည နေ.. သင် တန်း အဆင်း မှာ..ညစာ ကျွေး မယ် ဆို ပြီး..ဆိုင် တဆိုင် မှာ ဆုံ ကြတယ်။ ပြီး တော့..အသားဖြူ ဖြူ လူပုံသန့်သန့်လူ တယောက် နဲ့ မိတ် ဆက်ပေးတယ်။ သူ့ချစ် သူ အသစ် တဲ့။ ဟိုက် ရှား... အဲဒါ ကြောင့်..သူငယ် ချင်း တွေ ကြား ထဲ မှာ..အမြဲ နောက်လေ့ ရှိတာ။ ` နင်ကလေ..ဟ၀ှါ သာ မဖြစ်တာ..ဟ၀ှါ တော့..တော် တော် ဖြစ် တယ်..´ လို့ ပြော ရင်..ယောက်ကျား သံ ကြီး နဲ့..တဟားဟား အော် ရယ် လေ့ ရှိ တဲ့..သူငယ် ချင်း မ။

` ငါတော့..ကျောင်း ရ ရင် ရ..မရ ရင်..အမေရိ က ကို..ထွက် တော့မယ်´ လို့သူ ပြော လာတော့.. သူ့ ချစ်သူ အသစ် က..အမေရိက မှာ..ညီအကို မောင်နှ မတွေ ရှိလို့..ထွက် မလို့..ကြိုးစား နေ ရင်း..သူ့ကို လည်း ခေါ် သွား မယ် ဆိုတာ..နား လည် လိုက် တယ်။ နောက် ပိုင်း ..ညနေ ပိုင်း အတန်း တွေ..သူ ပုံ မှန် ရောက် မလာ တော့ဘူး။

ဒီကြား ထဲ.. ၂ ယောက် အတူ တူ လျှောက် ကြ တဲ့ ကျောင်းဝင် ခွင့် မှာ..သူ ပါ မလာ ခဲ့ဘူး။ တကယ် တော့..သူ လျှောက် တာနဲ့.. ကိုယ်လျှောက်တာ..ဘာသာ ခြင်း လည်း မတူ လို့ပါ။ သူက..သိပ် ညဏ် ကောင်း ပြီး..လက် တွေ့လည်း ကျသူ..အမြဲ ဖြတ် ဖြတ် လတ် လတ် နဲ့..လုပ် စရာ ရှိ တာကို..မြန်မြန် ဆန် ဆန် လုပ် လေ့ ရှိ သူ။

ဗမာ ပြည် က..ပထမ ဆုံး.. ခရီး ရှည် ထွက် တဲ့ နေ့က.. လေ ဆိပ် မှာ လိုက် ပို့တဲ့..သူငယ် ချင်း ၃ ယောက် နဲ့အတူ..သူ့ ပုံစံ က..အားပေး မူ တွေ အပြည့်...။ လက် တွေ ကို ..လှိုက် လှိုက် လှဲ လှဲ ဆုပ် ကိုင် ရင်း..ကဲ သွားပေ ရော့ တဲ့။

သူ့ဆီက..မ မျှော်လင့် ပဲ ဖုန်း ၀င် လာ တော့....စာမေးပွဲ နဲ့ အလုပ် ရှုပ် နေ တဲ့ အချိန် ကြီး မှာ..။ `ဟေး..ငါ လေဆိပ် မှာ..transit ရောက် နေ ပြီ.. ဒီမှာ..ည ၁၀ နာရီ ထိ နေရ မှာ.. နင် လာတွေ့ဟာ..´။ အော်..သူ တကယ် ထွက် ဖြစ် ပြီ ပဲ။ စာမေးပွဲ လဲ ကိစ္စ မရှိ..ပြန် လာမှ..ပို လုပ် တော့ မည်.. ကျောင်းဝန်း နဲ့ လေဆိပ် က လည်း..နာရီ ၀က်လောက်သာ မို့..အပြေး တ ပိုင်း နဲ့ ရောက် သွား ပြန် သည် ။ သူက..မှာ သေးတယ်..ငါ့ဖို့..ကျွဲ ရိုင်း တဗူး နဲ့..မုန့် လဲ ၀ယ်ခဲ့နော် တဲ့။ တကယ်တော့.. ၂ ယောက် စလုံး.. တောသား ကြ တာလေ။ သူ့ transit က..ဗီဇာ မပါ တော့..အပြင် ထွက် မရ။ အဲဒီ အချိန် တွေက.. လက်ကိုင် ဖုန်း တွေ လည်း..လူတိုင်း တွင် တွင် ကျယ် ကျယ် မသုံး နိုင် သေး...။ ရောက် တဲ့ အတူ တော့..မထူး ပြီ။ ဘာ ရ မလဲ.. Information desk ကနေ ပြီး..အော်ခိုင်း တာပေါ့ ။ နောက် ပိုင်း ဖုန်း ဆက် ဖြစ် တော့..နှစ် ယောက်သား ပြော ပြီး..ရီ မိ ကြ တယ်။ ` ငါ..အိမ် သာ ထဲ ရောက် နေတုံး.. ငါ့ နံမယ် ကြီး..ကြေ ညာ သံ ကြား တာ..လန့်သွားတာပဲ..´ တဲ့။

အဲဒါ နဲ့.. သူလဲ..နေရာသစ် မှာ..ဘ၀ သစ် ကို.. ထူ ထောင် ရင်း..အဆက် အသွယ် တွေ ပြတ် သွား ကြ ပြန် ရော။ ၂ နှစ် လောက် နေ တော့.. စင်ကာပူ မှာ ရှိ တုန်း.. ထူးထူး ဆန်း ဆန်း..အီးမေးလ် နဲ့..သူ့သမီး လေး ပုံ လေး ပို့လာ တယ်။ သမီး လေး တောင် ..တော် တော် ရှိ နေ ပြီ ပဲ။ အဆက် အသွယ် ပြန် ရ ကြ တော့.. ထုံးစံ အတိုင်း..အားရ ပါး ရ လေသံ နဲ့ .. ` ငါ တို့ လည်း.. ရောက် ရောက် ချင်း..ကလေး ရ အောင် ယူ ကြ ရ တာဟဲ့.. ကလေး ကို ပြန် depend လုပ် လို့ ရ တယ်လေ..´ ။ သိပ် နား မလည် ပေမဲ့.. `ဘာပဲ ပြော ပြော..ကောင်း တာပေါ့ဟယ်´ လို့ ပြော ဖြစ် တယ်။

ပြီး တော့ ..သူ ပျောက် သွား ပြန် ရော တခါ..။ အီးမေးလ် တွေ ပို့ လည်း ပြန် မလာ..။ သူ ဆိုင် ဖွင့် နေ တယ် ဆို တာ သိ လို့.. ပိတ်ရက် မရှိ.. လုပ် နေ တယ် ဆို တာ သိလို့.. နား လည် ခွင့် လွှ တ်စွာ နဲ့ပဲ..ကဲ..နေပေါ့ဟာ..။ ခဏ ခဏ တော့..သတိ ရ ပြီး..ပြော မိ ကြတယ်။

ကဲ..ဒီ ရောက် ပြီး.. ၂ နှစ် လောက် ရှိ ..တရေး တမော ကြ မှ..ပေါ် လာ ပြန် ပြီ။ ဒီ တခါ လည်း.. ဘာမပြော..ညာ မပြော.. သူ့သားလေး ပုံ ..ပို့လိုက် ပြန် တယ်။ ဖုန်း နံပတ် တွေ ရ ကြ တော့..တယောက် တလှည့်.. ၄-၅ နှစ် စာ..အကြောင်း ကို..အတိုးချ ပြီး..ပြော လိုက်တာ.. ၃ ရက် လောက် နေ မှ..အရှိန် သေ သွားတယ်..။ သူ့မှာ..ဒီ သား လေး ကို.. ကျန်း မာရေး..အာမခံ က..အသက် မကျော် ခင်.. အမှီ ယူ လိုက် တာတဲ့..။ လာပြန်ပီ...။ သူ့မှာ..အချိန် ဇယား တွေက..အပြည့် ။ အမေရိ က က..ကျန်းမာရေး အာမခံ တွေ အကြောင်း..ရှင်း ပြ သေးတယ်..ခု..သူ ပေါင် ချိန် တွေ တက်လာ လို့.. အာမခံ ကြေး..ပိုပေး နေ ရ ကြောင်း.. ၀ိတ် လျှော့ နေ ရ ကြောင်း..။ ခု ဆို...ဆိုင်ခွဲ ၃ ခု ကို..လက် မလည် နိုင် အောင်..ဖြစ် နေ တယ်တဲ့ ။ အလုပ် သမား တွေ လည်း..သူပဲ ကြီး ကြပ် ရ တာ ဆို ပြီး..ညီး လဲ ညီး ...။ ဓါတ် ပုံ ထဲ မှာ တွေ့ ရ တဲ့.. သူ့ပုံ စံ ကတော့..တကယ့်ကို ဘာမှ မပြောင်းလဲ.. ဆံပင် တို ရှင်း ရှင်းလေး နဲ့..ရှပ် အကျီ င်္ နဲ့ ပဲ။ အား ရ ပါး ရ စကား ပြော ဟန် က လည်း..ဒီ အတိုင်း ပဲ။

သမီး လေး ရော..ဆို တော့.. အဘိုး အဘွား တွေ နဲ့ ..ရန်ကုန် ပို့ထား တာ.. ခု ဆို..၇ နှစ် သမီး တောင် ဖြစ် နေပီ တဲ့။ သူ ပြော ပြ မှ.. ဗမာ နိုင်ငံသား မဟုတ် တဲ့ ကလေး အတွက်..ပေး ရတဲ့ လူဝင်မူ ကုန်ကျ စရိတ် တွေ ကလည်း.. အံ သြ စရာ ပါလား...။ သူ့ အဖေ အမေ ကို လည်း.. ကွန် ဒို တလုံး ၀ယ်ပေး ထားတာ..ခု တော့..သူ့သမီး ကျောင်း ILBC နဲ့ နီး တဲ့ နား မှာ..လုံးချင်း တလုံး ထပ် ၀ယ် ပေး ထား ပြန် တယ်တဲ့... ကောင်း လိုက်တာ.. သူ့မိဘ တွေ တော့..သမီး ကြီး..အမိ ရာ ဆို သလို..တကယ် ကို.. မွေး ရကျိုးနပ် လိုက် တာ...။
`နင် တို့ ရော..အဲဒီ မှာ..အဆင် ပြေ လား..ငါ နင့်ကို အမြဲသတိ ရတယ်..လာလည် ချင် တယ်ဟာ.. ဆိုင် အလုပ် တွေကို..ဘယ်လို ထားခဲ့ ရမှန်း ကို မသိတာ..ဒီ နှစ် ထဲ တော့..သမီး ကို တွေ့ ရင်း.. ငါ့မိဘ တွေ နဲ့..အာရှ နိုင် ငံ တွေ..လည် ဖို့..စိတ်ကူး ထားတယ်..ငါ့ ညီမ တယောက် လည်း..ငါ ခေါ် ထားတာ..ဒီရောက် နေ ပြီ ဟဲ့... နင့် ဆီ ကို..တခါ တော့..ရောက် အောင် လာ မယ်ဟာ...´

ဖုန်း ချ သွား တော့.. ဘာ ရယ် မသိ.. သူ နဲ့ ကိုယ် နဲ့ ..ပြန် နီး လာ တာလား... ပို ဝေးသွား တာလား..။ ငူ တူ တူ အတွေး တွေ နဲ့ ပဲ..

သူငယ် ချင်း ရေ .. ငါ တို့ လည်း..အဆင် ပြေပါတယ်။ ဒါပေမဲ့..ငါ..နင်နဲ့ ပြန် တွေ့..စကား တွေ ပြောဖြစ် မှပဲ.. ငါ ဟာ..လူ လား မြောက် ပြီ လား ဆို တာ..သံသယ တွေ ၀င် လာ မိ တော့တယ်။

ဘာပဲ ပြော ပြော ကွာ...ကဲ.. ရော့...ဒီစာ ဟာ... ငါတို့ ၂ ယောက်..ပြန် အဆက် အသွယ် ရ ခြင်း အတွက်...နင့် မိ သား စု အတွက်.. ပြီး တော့..လူလား မမြောက် သေး တဲ့..ငါ့ အတွက်..

ချီးယားစ်


Share/Bookmark

ဗမာ့စောင်း ရုပ်ရှင် ဖိုင် များ



ဗမာ့စောင်း ရုပ်ရှင် ကြည့် ချင် သူ များ အတွက်-
ညီမ ငယ် `မေ´ မှ..လင့်ခ် များ ပေး သွား ပါတယ်။ ကျေးဇူး အထူးပါပဲ ညီမရေ..။ စမ်းကြည့် ကြပါ..။


----------------------------------


ဒီရုပ်ရှင်ကို ပြန်ညွှန်းပေးတာ ကျေးဇူးပါ။ ကြည့်လိုက်ဦးမယ်။ DVD Version, English စာတမ်းထိုး ရုပ်ရှင် ရှာတွေ့ထားပါတယ်။ လင့်ခ်တွေက အောက်မှာပါ။

http://rapidshare.com/files/28742193/TBH_BY_SCOTOBUKI.part01.rar
http://rapidshare.com/files/28755488/TBH_BY_SCOTOBUKI.part02.rar
http://rapidshare.com/files/28833302/TBH_BY_SCOTOBUKI.part03.rar
http://rapidshare.com/files/28836031/TBH_BY_SCOTOBUKI.part04.rar
http://rapidshare.com/files/28838790/TBH_BY_SCOTOBUKI.part05.rar
http://rapidshare.com/files/28841595/TBH_BY_SCOTOBUKI.part06.rar
http://rapidshare.com/files/28844733/TBH_BY_SCOTOBUKI.part07.rar
http://rapidshare.com/files/28848896/TBH_BY_SCOTOBUKI.part08.rar
http://rapidshare.com/files/28853598/TBH_BY_SCOTOBUKI.part09.rar
http://rapidshare.com/files/28859074/TBH_BY_SCOTOBUKI.part10.rar
http://rapidshare.com/files/28865179/TBH_BY_SCOTOBUKI.part11.rar
http://rapidshare.com/files/28871114/TBH_BY_SCOTOBUKI.part12.rar
http://rapidshare.com/files/28877027/TBH_BY_SCOTOBUKI.part13.rar
http://rapidshare.com/files/28885613/TBH_BY_SCOTOBUKI.part14.rar
http://rapidshare.com/files/28891378/TBH_BY_SCOTOBUKI.part15.rar


Share/Bookmark

ဗမာ့ စောင်း - အိုင်ဝို ဂျီးမား နဲ့ ဂျပန် စစ်ပြန် ကြီး များ


ဒီ မြင်ကွင်း ကျယ် သုံးခု .. အတွေး ထဲ မှာ..စု ပြီး ဖွဲ့တည် နေ တာ တော့ ကြာ လှ ပြီ။ ခု တော့..ဧရာ ၀တီ မြစ်ဝ ဒေ သ က.. ရုပ်ပျက် ဆင်း ပျက် စု ပုံ နေ တဲ့ ခန္ဓာ ကိုယ် တွေ ကို..မမြင် ရက်- မြင် ရက် - မြင် နေ ရင်း က ကို၊ လွန်ခဲ့ တဲ့ ၄ နှစ် လောက် က..အမှတ်မထင် ကြည့် လိုက် ဖူး တဲ့.. ဗမာ့စောင်း ဆိုတဲ့..သမိုင်း ၀င် ဂျပန် ရုပ် ရှင် ထဲ က၊ ရာ ထောင် ချီ တဲ့ အလောင်း တွေ အ တွက်၊ ဘ၀ တခု လုံး ကို လမ်းကြောင်း ပြောင်း ပြစ် လိုက် တဲ့..အညတြ ဂျပန်စစ်သား လေး မစ်ဆူအီ ကို၊ သတိ ရမိ တော့တယ်။

ဒီရုပ် ရှင် က..ဒုတိယ ကမ္ဘာစစ် အပြီး..စစ်ဆန့်ကျင်ရေး လှုပ်ရှား မူ တွေ ..အုံးအုံးကြွက် ကြွက် ဖြစ် နေတဲ့ အချိန် မှာ.. နံမယ်ကြီး ဂျပန် ဒါရိုက်တာ ကြီး အိုင်ချီကာဝါ က ဖန်တီး ခဲ့တာ ပါ။..၁၉၅၄ ခုနှစ် မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင် ထူးချွန် ဆု ကို ရခဲ့ တယ်။ တလော က မှ.. ဂျပန် ဒါရိုက် တာ ကြီး အိုင်ချီကာဝါ တယောက်..အသက် ၉၀ ကျော် မှာ သေဆုံး သွား တော့.. ဟစ်တိုင် အွန်လိုင်း စာစောင် မှာ၊ သတင်း ဆောင်းပါး လေး အဖြစ် ဖော် ပြ တာ၊ တွေ့လိုက် မိ တယ်။ ဒါပေမဲ့၊ ဗမာ့ စောင်း ရုပ်ရှင် ကို ဖော်ညွှန်း တဲ့ နေရာ မှာ.. ဗမာ့ စောင်း ကို မြတ်နိုး ချစ်ခင် တဲ့ ဂျပန် စစ်သား လေး တယောက် အကြောင်း လို့၊ ဖော်ပြ ထား တာ ဟာ၊ သိပ် အကျဉ်း ရုံး လွန်း ပြီး၊ ရုပ်ရှင် ရဲ့..အနှစ် သာ ရ ကို မပေါ် လွင် ဘူး ဖြစ် နေ တယ်။


တကယ်က..ဒီ ဇတ်လမ်း တ ခု လုံး ဟာ၊ ကမ္ဘာ့စစ်ကြီး တွေ ရဲ့ ရူးသွပ် ကြောက်မက်ဘွယ် ကောင်းမူ တွေ ကြား ထဲ က.. လူတယောက် ချင်း စီမှာ ရှိ နေ နိုင် တဲ့ လူသားစိတ် ကလေး ကို၊ အနု ပညာ မြောက် အောင် ဖော် ပြ ထား တာပါ။ ဒီ အခွေ လေး လက်ထဲ ရောက် လာ တော့..စိတ် တောင် မ၀င်စား မိဘူး။ အ ဒေါ် တယောက်က.. ဗြိတိသျှ ရုပ်သံ မှာ ..Burmese Harp ဆို ပြီး လာ တာ နဲ့..စိတ်ဝင်စား ပြီး..အခွေ နဲ့ လိုက် ကူး ထား လိုက်တာ။ သူ ကူးထား တဲ့ ဗီဒီယို တိပ် ကို..တခါ..ဗီစီဒီ ထပ် ကူး။ စက် ထဲ ထိုး ကြည့် တော့..လွန်ခဲ့တဲ့ နှစ် ပေါင်း ၅၀ ကျော် က..အဖြူ အမဲ ရုပ်ရှင်က.. မှုံဝါး လွန်းလို့..ဆက်တောင် မဖွင့် ဖြစ် တော့ တာ။ နောက်တော့ မှ..အဒေါ် က..သိပ် ကောင်းလွန်း လို့..ကြည့် ဖြစ် အောင် ကြည့် ပါ ဆို တာနဲ့..ကဲ..ကြိုးစားပမ်းစား..ကွန်ပြူ တာ နဲ့ အနီးကပ် ဖွင့် ကြည့် တော့မှ.. အဆင် ပြေ တယ်။ တကယ် ကြည့် လိုက် တဲ့ အခါ ကျ တော့.. ဗမာ ပြည် ရေ မြေ နောက်ခံ..ဗမာ့ ဂီ တ သီချင်း တွေ..ဗမာ လူမျိုး ဇတ်ပို့ ဇတ် ရံ တွေ နဲ့..မယုံ နိုင် စရာ ကောင်း လောက် အောင်..စွဲ ဆောင် မူ ရှိ လွန်း လို့..၂ ခါ တိ တိ ထပ် ကြည့် ရ တဲ့ အထိ ပါ။

( ဇတ်ဝင် ခန်း တခု )
ငှါး ကြည့် ရှာကြည့် ဖို့ မလွယ် တဲ့ အတူ တော့..ဇတ်လမ်း စဆုံး ပဲ ပြော လိုက်တော့ မယ် နော်-

ဗမာ့ စောင်း

ဒုတိယ ကမ္ဘာစစ် အတွင်း က..ဗမာ ပြည် မှာ တာဝန် ကျ တဲ့.. ဖျော်ဖြေ ရေး တပ်ခွဲ လေး တခု မှာ..ကြောရိုး တည် ထား တာပါ။ ထုံးစံ အတိုင်း..ဒီတပ် ခွဲက.. ဂျပန် တပ်သား တွေ..စိတ်ဓါတ် မကျ ရ အောင်.. စစ်သီချင်း တွေ အမျိုး မျိုး နဲ့ တာဝန် ယူ ဖျော်ဖြေ ရတယ်။ တပ် မှူးကိုယ် တိုင် က.. ဂျပန် ပြည်မှာ..သံစုံ တီး ၀ိုင်း ခေါင်းဆောင် ကနေ..စစ်ထဲကို ဆင့် ခေါ် ပါ လာ သူ။ အဲဒီ အထဲက.. တပ်သား လေး မစ်ဆူ အီ ဆို တာကလည်း..နဂို ထဲက..ဂီ တ ပါရမီ ထက်သန် သူ ဆိုတော့.. သူတို့ တပ်စခန်း ချ ရာ ကျေး ရွာ သား တွေ နဲ့..ရင်းနှီး ခင် မင် ရင်း..ဗမာ စောင်း ကို ..ခုံခုံ မင် မင် တီးခတ် လာ ခဲ့ တယ်။ ဒီ နေ ရာ မှာ..ဆရာ တင် မိုး ပြော ပြတဲ့.. သူငယ် စဉ်က.. ရွာမှာ..ဂျပန် စစ်သား တွေ နဲ့..ခင်မင်..ပြီး..တယော ထိုး လေ့ ရှိ ကြ တယ် ဆို တာ လေး ကို တောင်..သတိ ရ မိ တော့တယ်။

ဂျပန် တွေ စစ်ရှုံး ပြီး ..ဒုတိယ ကမ္ဘာ စစ် ကြီး ပြီး သွား ခဲ့ ပေမဲ့.. ကျဲ ပြန့် နေတဲ့..အဆက်အသွယ် မရ တဲ့..တပ်စု အတော် များ များ ကတော့..ဒီ သတင်း ကို မသိ ကြ ဘူး ။ ဒီ အထဲ မှာ..မစ်ဆူအီ တို့ ဖျော်ဖြေရေး တပ် ခွဲ လေး လည်း ပါ တာပေါ့။ နောက်တော့..အလွယ် တကူ ပဲ..အင်္ဂလိပ် ( မဟာ မိတ်) တွေ ဆီ လက်နက် ချ ပြီး.. စစ်စခန်း တခု မှာ..သုံ့ပန်း အဖြစ်..ဂျပန် ပြန်ဖို့ စောင့် နေ တဲ့ အချိန်... တောင်ကုန်း ကြီး တခု ပေါ် မှာ တပ် စွဲ ပြီး..ခံ ပစ် နေ တဲ့.. ဂျပန် တပ် စိတ် တခု ကို.. လက်နက် ချ ဖို့..သွား ပြော ဖို့.. တာဝန် ပေး တဲ့ အခါ..မစ်ဆူ အီ ကပဲ..တာဝန် ယူ လိုက် တယ်။

သူ တောင်ကုန်း ကြီး ပေါ် ကို တက် လာ ပြီး..စစ် ရှုံး နေပီ ဖြစ် ကြောင်း..လက်နက်ချ ဖို့ ပြော တဲ့ အခါ.. အပေါ်မှာ ရှိနေ တဲ့..တပ်စု ကြီး က ..လုံး ၀ လက်မ ခံ ပါဘူး။ ခက် တာက..သူ့မှာ..မိနစ် ၃၀ ပဲ အချိန် ရ တယ်။ ဒီဖက် မှာ လည်း..ဘယ်လို မှ ညှိ လို့ မရ။ သူ- ဒီလူ တွေကို အဓိပ္ပါယ် မဲ့ မသေ စေ ချင် ဘူး။ နောက်ဆုံး..အင်္ဂလိပ် တွေ ကို၊ သူ့ကို အချိန် ထပ်ပေး ဖို့..အချက် ပြ တာကို..အထင် လွဲ ပြီး..၀ိုင်းဝန်း ရိုက်နှက် ကြ လို့..သူ လည်း..ဂူ ထဲ မှာ မေ့မျော နေ တုန်း.. အချိန် စေ့လို့..ဒီတောင်ကုန်း ကြီး ကို မိုင်း ခွဲ ဖြို ခွင်း ခံ လိုက် ရ ပါတော့တယ်။ သူ သတိ ရ လာ တော့.. ပျံ့ကျဲ နေ တဲ့ အလောင်း တွေ။ သူ စခန်း ကို ပြန် မသွား တော့ဘူး။ နီးရာ ဘုန်းကြီး ကျောင်း တခု မှာ..သင်္ဃန်း ၀တ် အကူ အညီ တောင်း ပြီး .. သူ လျှောက် သွား ကြည့် တယ်။ နေ ရာ တိုင်း မှာ.. .စစ်ရှုံးခြင်း ..ဆုတ်ခွါ ခြင်းတွေ.. ရောဂါ တွေ .. အလောင်း တွေ.. ပင် လယ် ကမ်းစပ် တွေ မှာ လည်း..လှိုင်း ပုတ် လို့..အပုံ လိုက်..အထပ် လိုက်..ဂျပန် စစ်သား တွေ..အိမ်မပြန် နိုင် ကြ တော့ဘူး။ အဲဒီ အချိန် မှာ..သူ့နှလုံး သား ကို စေ့ ဆော် နေ တာက..ဒီ ခန္ဓာ ကိုယ် တွေ မှာ.. မိသားစု တွေ..ဘ၀ တွေ.. ဂုဏ်သိက္ခာ တွေ ရှိ ခဲ့ တယ်။ ဒီ လူတွေ ကို.. ဂုဏ် သိက္ခာ ရှိ ရှိ မြုပ် နှံ သဂြိုဟ် ပေး ရမယ်... ဗုဒ္ဓ ဘာသာ အရ.. ဘ၀ ကူး ကောင်း အောင်.. သရဏ ဂုံ တင် ပေး ရမယ်.. ဆို တဲ့ အသိ ပဲ။ တကယ် ကို..သူ လုပ် ခဲ့တယ်။ တယောက် တည်း.. ပေါက်တူး တလက် နဲ့..အလောင်း တွေ မြုပ် တယ်။ တနေ ရာ ပြီး တနေ ရာ လိုက်ရှာ တယ်။

အဲဒီ အချိန် မှာ..မစ်ဆူ အီ သေပီ လို့..ထင်ထား ကြ တဲ့...သုံ့ပန်းစခန်း ထဲ က..ဂျပန် တွေ ဆီ ကို... မစ်ဆူ အီ နဲ့တူ တဲ့..ဘုန်းကြီး တယောက် ရဲ့ သတင်း က.. ဒေသခံ..ဈေး သည် တွေ ဆီ က တဆင့် ရောက် လာခဲ့တယ်။ တပ်ရင်း မှူး က.. ကြက် တူ ရွေး လေး တကောင်ကို.. ` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့ သင်ပေး ပြီး.. အဲဒီ ဘုန်း ကြီး ဆီ ကို ရောက် အောင် ..ဈေး သည် တွေ က တဆင့် ပို့လိုက် တယ်။ ဒီ ရုပ်ရှင် ရဲ့..အထွတ် အထိပ်..ရင်ကို ဖမ်းဆုပ် နိုင် တဲ့ အခန်း လေး ကတော့.. မစ်ဆူ အီ က..သူ့ရဲဘော် တွေ ရှိရာ..သုံ့ပန်းစခန်း နား ကို ရောက် လာပီး..မလှမ်းမကမ်း မှာ ရပ် ပြီး..သူတီးနေ ကျ..စောင်း လေး ကို တီး ပြ ရင်း.. သူ- မစ်ဆူအီ ဖြစ်ကြောင်း လာ ပြ တဲ့ အခန်း လေးပါ။ သံဆူး ကြိုး တွေ နောက် က..ရဲဘော် တွေ က.. ပြုံ တိုး ပြီး ကြည့်ကြ။ အော်တဲ့ သူ က..အော် ကြ.. ငိုတဲ့သူ က..ငိုကြ။ ကြက်တူ ရွေး လေး ကလည်း..
` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့..ထပ် ကာ ထပ် ကာ အော် လို့။ မစ်ဆူ အီ ကတော့..စကား တခွန်း မှ မပြောပဲ..ကြက်တူ ရွေး လေး ကို ပခုံးပေါ် တင် ပြီး..စောင်း ကိုသာ..တွင် တွင် တီး နေ ခဲ့တယ်။ တကယ်ပဲ..မစ် ဆူ အီ တယောက်..ဂျပန် စစ်သား တွေ ကို..သရဏ ဂုဏ် တင် သဂြို င်္ဟ် ဖို့.. ဗမာ ပြည် မှာ..ကျန် နေ ရစ် ခဲ့ ပါ တော့ တယ်။

(၁၉၈၅ ခု မှာ..ရောင်စုံဖလင် နှင့် ပြန် ရိုက် သော..ဗမာ့စောင်း မှ..ဇတ် ၀င် ခန်း)
အိုင်ဝိုဂျီးမား ကျွန်းမှ ပေးစာ များ

ဗမာ့ စောင်း လို ပဲ.. စစ် နဲ့ လူသား ဆန် မူ တွေ ကို အလှပ ဆုံး ရက် ခြယ် ထား တဲ့..ဂျပန် ကား တကား ကို..ပီးခဲ့တဲ့ လက ပဲ..ကြည့် ဖြစ် လိုက် ပြန် တယ်။ ဟောလိဝုဒ် နံမယ်ကျော် Clints Eastwood ရိုက် တာ ဖြစ် ပြီး.. အော်စကာ ဇကာတင် ခံ ရတဲ့..နံမယ် ကျော်..အဆင့်မီ ကား ကောင်း တခုပါ။ တကားလုံး ဂျပန် စကား ပြော ဖြစ် ပြီး..မင်းသားက..the last samurai ထဲက.. ၀ါတာနာဘီ ပါ။ ဒါပေမဲ့..တကယ့် ဇတ် ကောင် ကတော့..မုန့်ဖုတ်သမားလေး ကနေပီး..စစ်ထဲ ဆင့် ခေါ် ပါလာတဲ့..တပ်သားလေး..ဆိုဂီ ကပဲ..တကားလုံး ရဲ့ အနှစ်သာ ရ ကို ထောက်ပြ သွား ခဲ့ တယ်။


အိုင်ဝိုဂျီးမား ဆို တာ.. ဂျပန် ရေ ပိုင် နက် ထဲမှာ..ထိုး ထွက် နေတဲ့..မီးသင့်ကျောက် တောင် ပူစာ ကျွန်း လေး တခု။ ဒီကျွန်း ပေါ် မှာ..အမေရိ ကန် တွေ ကို ခုခံ ဖို့..ဂျပန် တပ်စု တစု ပြင် ဆင် နေ ကြ ရတယ်။ သူတို့ တွေ ဒီကျွန်း လေး မှာ ပိတ်မိ ပြီး..သေ ကြ ရ တော့ မယ် ဆို တာ..ကို လည်း.. အားလုံး လို လို က..သိ နား လည် နေ ကြ တယ်။ ရိက္ခာ ပြတ်လပ် အားအင် ချိ နဲ့ နေတဲ့..စစ်သား တစု...ကမ်းစပ် မှာ..ကတုပ်ကျင်း တူး နေ ကြ တုန်း.. မောပန်းလွန်း တဲ့ ဆိုဂီ က.. ` အမေရိကန် က..နိုင်မှာပဲ လေ. ငါတို့ ဒီကတုပ် ကျင်း တွေ ကို ဘာ အတွက် တူး နေ ရ တာ ပါ လိမ့် ကွာ..ဒီ ကျွန်း ကို..ပေး လိုက် ပြီးရော ကွာ..´ လို့အချင်း ချင်း ညီးညူ လိုက် မိ တာကို..သူ့တပ် ဗိုလ် ကြားသွား လို့..အသေ ဆော် တော့မဲ့ အချိန်မှာ ပဲ.. ဗိုလ်ချုပ် ကြီး..ကူရီ ဘာရာ ရှီ ( ၀ါတာနာဘီ) ရောက် လာ ပြီး..ကယ်လိုက် တာနဲ့.. ဇတ်လမ်း လေး ကို ဖွင့် ထား ပါတယ်။ တကယ် တော့..ဆိုဂီ ရဲ့ ရိုးသားတဲ့ အလျော့ပေး စိတ်ဓါတ် က.. ဘာ တာဝန် မှ မယူ..ဘာအကူအညီ မှ မပေး နိင် ပဲ..အသက် ပေါင်း များစွာ ကို..ဒီကျွန်းလေး ပေါ် မှာ အသေ ခံ ခိုင်း တဲ့.. ဂျပန်တော်ဝင် သေနာပတိချုပ် ကြီး ရဲ့ အမိန့် ထက် ..အများ ကြီး အပြစ် ကင်း တယ် လို့ ထင်ပါတယ်။ အမေရိကန် အကြောင်း သိတဲ့..အမေရိကန် ပြန် ဗိုလ်ချုပ် ကြီး..ကူရီ ဘာရာရှီ ရဲ့..တာဝန်ယူ တတ်မူ..လူသား ဆန် မူ...လူ့အသက် တွေ ကို အလေး ထား မူ.. ဒီ ခံစစ် အပေါ် မှာ..ပက တိ အတိုင်း သုံးသပ် နိင်မူ.. ကို လည်း.. ဂျပန် တို့ရဲ့ ဘူရှီဒို စိတ်ဓါတ် ( အရှုံးမပေး..ကိုယ်တိုင် အဆုံးစီရင် မူ) နဲ့.. ရောယှက် ပြီး ပြသွား တာ ဟာ ..တကယ် အတွေး ပွား စရာ ကောင်းလှ ပါ တယ်။

လော့စ်အိန်ဂျလိစ် အိုလံပစ် ပွဲ မှာ ပြိုင် ခဲ့ဖူး တဲ့..မြင်း ခုန် ချန်ပီ ယံ တပ် မှူး နာရှီ က လည်း..ဒဏ်ရာ အပြင်း အထန် နဲ့မိ လိုက် တဲ့..အမေရိ ကန် စစ်သား ကို.. ရှားပါး တဲ့ ကြား ထဲက ပဲ..ရှိတဲ့ မော်ဖင်း လေး ထိုး ပေး ခဲ့ တယ်။ နောက် ဆုံး အမေ ရိကန် စစ်သား သေ သွား တော့..အိတ် ထဲ က..ထွက် လာ တဲ့.. သူ့အမေ ရဲ့ စာ လေး က ပဲ.. ဒီ အဖြစ် အပျက် လေး ကို အဓိပ္ပါယ် ဖြည့် လိုက် တယ် ။

"Come home safe... do the right thing because it is right ..." တဲ့။

ဒီကျွန်း ပေါ် ကို..အပြစ် နဲ့ ရောက် လာ တဲ့.. တဘား ကျ..စစ်ဗိုလ် လေး ရှီမီဇူ ရဲ့ အဖြစ် ကလည်း..စိတ်ဝင် စား စရာ ကောင်း တယ်။ သူ့ကို ကင်ပေ တိုင် ( ထောက်လှမ်းရေး ) က.. မွေး ထား ပေ မဲ့.. တရက် မှာ.. သူ့ဆရာ နဲ့ အတူ မြို့ထဲ ပတ္တရောင် လှည့် တုန်း...နိုင်ငံ တော် အလံ မလွှင့် လို့ ဆို ပြီး.. အိမ် တအိမ် ကို ပြသာနာ ရှာ တယ်။ အိမ် ရှင် မ ခမျာ..လင်က..စစ် ထွက် နေတော့..ကလေး ငယ် လေး ၂ ယောက် နဲ့..မအား လို့ဖြစ် ကြောင်း..တောင်းပန် နေ တုန်း..မွေး ထား တဲ့ ခွေး က..ထိုး ဟောင်။ ကင်ပေ တိုင် အရာ ရှိ မှာ..လူ ကိုသာ အနိုင် ကျင့် လို့ ကောင်း ပေမဲ့..ခွေး ဟောင် တော့ ရှက် ရှာ ပြီး..အတူပါ လာတဲ့.. ရှီမီဇူ ကို..ခွေး သတ် ခိုင်း ပါ တော့တယ်။ ဒီ ခွေး လေး ကိုပဲ..လုံခြုံ ရေး အတွက် အားကိုး နေ ရတဲ့ သားအမိ ရဲ့ ငို ရှိုက် တောင်းပန် သံ တွေ ကြား မှာ.. ရှီမီဇူ တယောက်.. သေနတ် ကို မိုး ပေါ် ထောင် ဖောက် ပြ ပြီး.. သူ့ဆရာ ဆီ ပြန် အထွက် အလာ... လမ်း တ၀က် ရောက် မှ..ခွေး ဟောင် သံ ပြန် ကြား ပြီး.. ရာထူး ချ ..ရှေ့ တန်း ပို့ ခံ ခဲ့ ရ ပုံ လေး က.. ရီ စရာ ကောင်း သ လို လို..မော စရာ ကောင်း သလို လို..။

ဂျပန် စစ်ပြန် ကြီး များ

အရက် စက် ဆုံး အဖြစ် အပျက် တွေ ထဲ မှာ..ဂျပန် များ တရုတ် နန်ကျင်း မြို့ ကို သိမ်း ပိုက် ခဲ့ တဲ့ အဖြစ် ကြီး လည်း တခု ပါ ခဲ့ ဖူးတယ်။ ဘယ် လောက် ထိ တောင် ရက်စက် ခဲ့ လည်း ဆို ရင်.. ဒီ အကြောင်း တွေ ကို..ဒီ ဖက် ခေတ် ရောက် မှ.. သုတေ သန လုပ်..စာအုပ် ထုပ် ခဲ့ဘူး တဲ့.. အမေရိကန် ဖွား..တရုတ် လူမျိုး.သမိုင်း ပညာ ရှင် အမျိုး သမီး ဟာ..ဒီ စာအုပ် လည်း ထုပ် ပြီး..နံမယ် လည်း ကြီး.. မိသား စု နဲ့ ပျော် ရွှင် နေ တဲ့ ကြား ထဲ က.. တရက် မှာ..ကိုယ့်ကို ကိုယ် အဆုံး စီရင် သွား ခဲ့ ဖူး ပါ သတဲ့။

တလော ကပဲ.. ဂျပန် အမျိုး သမီး တယောက်က.. နန်ကျင်း ပြန် ဂျပန် စစ် သား ကြီး တွေ ကို..လိုက် လံ ရှာ ဖွေ မေးမြန်း ထား တဲ့..documentary တခု တီဗီ မှာ ကြည့် လိုက် ရတယ်။ ဒီ အမျိုး သမီး က..တော် တော် မေး တတ် တယ် လို့.. ပြော ရမယ်။ ဟိုက..၉၀ ကျော် အဖိုး ကြီး တွေ ခမျာ တော့..သူ မေး တဲ့ လမ်း ကြောင်း အတိုင်း တဲ့ တဲ့ ၀င် တာပဲ။ ဥပမာ- `အင်း..အဲဒီ တုန်း က.. ကလေး တွေ မိန်း မ တွေ ကို လည်း ..သတ် ရ တာပဲ နော်...´ လို့ အသာလေး ထောက် လိုက် ရင်.. `အာ..ဟုတ်တယ်.. အကုန် သတ် ရ တယ် ´ လို့.. သေချာ ကို ဖြေ တော့တာပဲ။ ` အဲ.. မိန်းကလေး တွေ ကို မုဒိန်း ကျင့် ကြ တော့..စစ်သား တွေ အကုန် ပါ တာပဲလား ´ဆို ရင် လည်း....`အော်..ပါ တာပေါ့ ..´ ဆို ပြီး..သူ့ အတွေ့အကြုံ တွေ တောင် ပြော နေ သေး။

တနေ ရာ မှာ ကြည့် နေရင်း..တီဗီ မြင်ကွင်း ထဲ..ရုတ် တရက် အဘွား ကြီး တယောက် ၀င် လာ တယ်။ အဘိုးကြီး ရဲ့ မိန်း မ ဖြစ် မယ် ထင် တယ်..။ မေး နေတာ ကလည်း..သူတို့ အိမ် သွားမေး နေ တာလေ..။ နောက် ဖေး ခန်း က..နား ထောင် နေ ရင်း..မနေ နိုင် ပဲ ၀င် လာ ပြီး..
` သူ့ကို မမေး နဲ့တော့..အသက် ကြီး ပြီ..မေ့ကုန်ပြီ..´
လို့..အမျိုးသမီး ကို ခပ် တည် တည် နဲ့ ဟောက်လွှတ် ပါ တော့တယ်။ အော်- အဘွား ကြီး က..အဘိုး ကြီး ထက် တော် တော် ပါးနပ် တာပဲ လို့ တွေး ရင်း.. ပြုံး တောင် ပြုံး မိတယ်။

ဒီ စစ်သား ကြီး တွေ ကျ တော့ လည်း ..တကယ့်ကို..စိတ် ကြမ်း ကိုယ် ကြမ်း..စစ် ကြီးကို ပီပီ သသ ရုပ် ဆိုး အကျည်း တန် စေခဲ့ တဲ့..စစ်သား ပီပီ သသ ကြီး တွေ ပါ လား လို့..တွေး နေ မိ တော့ တယ်။


Share/Bookmark