လူနာဆောင် အမှတ် မရှိ



စခီဇိုဖရီးနီးယား ပေါ့ ..အခိုးတွေ ပျံ့လွင့်တော့ .. ဂျော်နီဒိပ် ဖြစ်လို ဖြစ်

ဂျနီဖာအန်နစ်စတင် ကို..ချစ်ရေးဆို ဖြစ် သတဲ့..

အော့ဘ်စက်ဆဗ် ဖြစ်ပုံကလည်း .. သေခါမှပဲ.. တွင်းထဲ က.. တက်မယ် ဆိုတော့

အမြင့် ဖိုဘီးယား လား..အကျင့် ဖိုဘီးယား လား..

ဒီလျူးရှင်း ဖြစ်တဲ့အခါ စိတ်ကြွ .. ဒီပရက်ရှင်း ရတဲ့ အခါ စိတ်ကျ

အဲဒါမှ ဘိုင်ပိုလာ အစစ် ဆိုတော့.. မဆီမဆိုင် မျက်မှန်ကိုင်း ဓါးနဲ့ချိုင်

ကိုယ့် အရိပ်ကို ကြည့်.. အရိပ်တကြည့်ကြည့် နဲ့.. နာဆစ်စစ်ဇ် လောက်တော့...ဒီခေတ် မှာ အပျော့

ဂျနီဖာအန်နစ်စတင် မှာ ကရော… ဟစ်စထရီရောနစ် ကင်းပါ့မလား

သြော် .. ဒုက္ခပါပဲ.. ဗမာလို ရေးတာ..ဗမာလို နားမလည် ဘူးလား

ခပ်ရိုင်းရိုင်း မပြောချင် လို့..ယဉ်ယဉ်ကျေးကျေး..ယဉ်ယဉ်လေး လို့ ပြောနေတာ...

ပုထုဇနော..ဥမ္မတကော.. တောသွားပြော..

မပြောချင်လဲ.. မပြောချင်ပဲ နေလို့ ကို မရဘူး..

ဟောဒီမယ် တွေ့လား..ငါ့ကွန်ပြူတာ မျက်နှာပြင်မှာ..

တကမ္ဘာလုံးကို.. ရှော့ခ် ရိုက် ပြစ် မ လို့… ။

-

Kay


Share/Bookmark

2 Comments:

မမသီရိ said...

ဒီလျူးရှင်း ဖြစ်တဲ့အခါ စိတ်ကြွ ..
ဒီပရက်ရှင်း ရတဲ့ အခါ စိတ်ကျ..

ဒီလူတော့ တကယ် ဆေးကုသင့်နေပြီ ..း)
တခါတလေ ကိုယ်တိုင်လဲ ဒီလို..း)

ချိုင်စရာ လက်ပံကိုင်းမရှိလို့ မျက်မှန်ကိုင်း ချိုင်ရတာလဲ မှတ်သားစရာ ..း)

ကိုအောင်(ပျူနိုင်ငံ) said...

နည်းပညာ ပြောင်းဖို့က ကျနော်လည်း မဆွေးနွေးတတ်ဘူး၊ မသိတာလည်း ပါ ပါတယ်၊ အယူအဆအသစ်ဆိုတာ ချက်ချင်း လွယ်လွယ်ကူကူ ဖြစ်မလာတတ်ဘူး၊ ဒုတိယကမ္ဘာစစ်က စစ်ရှုံးဂျပန်စစ်ဗိုလ်ချုပ်တွေ ပြောခဲ့တဲ့ မဟာအာရှမှာ ကျနော်တို့ လူလာဖြစ်တာကိုး၊ ရှင်ဥက္ကဋ္ဌ ဆိုရင် တော်တော်များများက အပယ်လာတယ်လို့ တရားသေ ပြောကြတာ၊ အယူအဆအသစ်က ဒီလိုပါပဲ၊ ကျနော် ရေးနေတဲ့ ကော်မန့်နဲ့ အမ ရေးထားတဲ့ ကဗျာ တိုက်ရော တိုက်ဆိုင်ရဲ့လား မပြောတတ်ဘူး ... ဟီး :D

Related Posts Plugin for WordPress, Blogger...
 
K