tag:blogger.com,1999:blog-4790315453620143995.post8329741982443111271..comments2023-10-30T17:19:49.924+08:00Comments on K: ဘ၀ရဲ့ အဓိပ္ပါယ်kayhttp://www.blogger.com/profile/16599467317071240993noreply@blogger.comBlogger22125tag:blogger.com,1999:blog-4790315453620143995.post-19590655734828030612008-10-27T12:23:00.000+09:002008-10-27T12:23:00.000+09:00မခင်ဦးမေ- မမန့်လည်း ဖြစ်ပါတယ်..နော်.. This lady န...မခင်ဦးမေ- မမန့်လည်း ဖြစ်ပါတယ်..နော်.. This lady နဲ့ this lady ပဲ ကိုး။ ကိုယ့်အမ ကြီး အကြောင်း သိပြီးသား။း)
မတန်ခူး - မန့်သွားတဲ့..ပန်းချီကား ၂ ချပ်ရဲ့ ဥပမာ လည်း ကြိုက်သွားတယ်။ တဖြည်းဖြည်း နဲ့..ကျမတို့ ရဲ့ ပန်းချီကားတွေဟာ..ဆေးရောင်တွေ..ဖျော့တော့..ငြိမ်သက်လာ မယ် ထင်ပါရဲ့နော်။
ခင်မင်တဲ့-Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-62227920116046726262008-10-27T12:20:00.000+09:002008-10-27T12:20:00.000+09:00Hi Hush !your translation is also very nice. Even ...Hi Hush !
your translation is also very nice. Even more appropriate and match with original wording. For easy access and to compare with my version, reposted here in my comment . I visited to your link, unfortunately, I can't post my comment there cos it's only for IT Pro.
Thanks again for your visit. Do come again . :-)

အတွင်းထဲက တံခါးခေါက်သူ

ရူးသွပ်မူ ရဲ့ နှုတ်ခမ်းပါးလေးပေါ်မှာ..
ငါနေထိုင်ခဲ့တယ်။
ဘာမဆို သိလိုဇောနဲ့..ရှာဖွေခြင်းတံခါးကို
အဆက်မပြတ် ငါခေါက်ခဲ့တယ်။
အခုတော့ ပွင့်ပြီ။
သြော်- ငါဟာ အတွင်းထဲက ခေါက်နေလာခဲ့ တာပါလား။

Original- Knocking from Inside by Runi
Translated by HushAnonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-25393383382179240152008-10-27T12:11:00.000+09:002008-10-27T12:11:00.000+09:00ကိုဧရာ - မသီတာ ရှင့်ကိုဧရာ ရဲ့ လေးနက်တဲ့ မှတ်ချက်က...ကိုဧရာ - မသီတာ ရှင့်

ကိုဧရာ ရဲ့ လေးနက်တဲ့ မှတ်ချက်က..တွေးစရာ တွေ ထပ်ပွါးပေး တဲ့ အတွက်- တွေးစရာ ကြိုက်တဲ့ ကျမ တော့ ကျေးဇူးတင်နေတယ်။
ဟုတ်မယ်- အဲဒီ မူရင်းစာ က.. ကြောင်းကျိုး ဆက်စပ် တွေးခေါ် ထားတဲ့ ( နောက် သူ တင်ပြချင်တဲ့ အချက်ကို ဆွဲဆောင်ရေးသား ထားတဲ့ ) ဘာသာရေး စာတပုဒ်ပါ။ ကျမ အပြီးထိ မဖတ် နိုင်ခဲ့ ပေမဲ့..ခြုံငုံ မိသလောက်..ဖန်ဆင်းခြင်း ..လူသားနောက်ကွယ်က.. Divinity သဘောတရားကို ရေးသားထားတာပါ။

ကိုဧရာ ပြောသလို- အဲဒီမေးခွန်းတွေဟာ.. တကယ်တော့.. ဂျာအေးသူ့အမေ ရိုက်နေတဲ့.. Cosmic ဆန်လှ တာမို့.. စာမှာ ရေးထားသလို.. မစဉ်းစားချင် လည်း..မစဉ်းစားနဲ့..ညဏ်မီသလောက်..တွေးကြည့်ချင် လည်း တွေးကြည့် ကြပေါ့နော်။ ဗုဒ္ဓ မြတ်စွာ ဘုရား ကတောင်.. မတွေးခိုင်းခဲ့သလို..အဖြေ လည်း မပေးခဲ့ဘူး မဟုတ်လား။

ကိုဧရာ ထောက်ပြ တဲ့..လူတိုင်းလည်း..လွယ်လွယ်ကူကူ လက်ခံ နေနိုင်တဲ့..` မျှော်လင့်ချက် နဲ့ အသက်ရှင်တာ´ ဆိုတဲ့ စကားဟာ..ဒိဋ္ဌ အမှန်ပါပဲ။ တကယ်တော့..အဲဒီ မူရင်းစာ ဟာ..ကျမ ပြောသလို..သိပ်ရှည်လျား နက်နဲပြီး..မေးခွန်းတွေ အများကြီး ကျန်ပါသေးတယ်။ ဖြေရှင်းချက်တွေ အများကြီး ရှိသေးတယ်။ ကျမ ဖော်ပြ လိုက်တာ.. လှပတဲ့ ဥပမာလေးတွေနဲ့..အားလုံးအတွက်..ယုံကြည်မူ တိုင်း နဲ့ သက်ဆိုင်မဲ့..အကြောင်းလေး တွေကိုပဲ..ဟိုဟို ဒီဒီ ဆွဲထုပ် လိုက် မိတော့.. မပြည့်မစုံ တော့..ဖြစ်နေမယ် ထင်တယ်။

ကျမ ကိုယ်ပိုင် ခံစားနားလည်မူ အရ- အဲဒီ စာ ထဲ မှာ ကြိုက်မိ..လက်ခံ မိတာကတော့.. ` တွေးချင် သလောက် တွေး..( သစ္စာ တရား ဆိုတာကို..ရှာချင် သလောက်ရှာ ) စဉ်းစားနားလည် နိုင်ဖို့ ဆိုတာကတော့..ဘောင်သိပ် ကျယ် လွန်းတယ် ဆိုတာလေးပါပဲ။ ကိုယ် အခွင့်ရ သလောက်.. ( အခွင့်ပေးသလောက်) လက်တံရှည်သလောက်.. ညဏ်ရည် မီသလောက်တော့..ကျမ တို့ အဖြေ ငယ်လေး တွေ ရ ကြမှာပါ။ တယောက် နဲ့ တယောက်လည်း..အဲဒီ အဖြေငယ် လေးတွေက.. မတူ နိုင်တာ ကိုက.. Eternal Truth of Cosmic World ကြီး ထင်ပါရဲ့။

လေးစား ခင်မင်လျက်-Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-12337040436061898412008-10-27T06:41:00.000+09:002008-10-27T06:41:00.000+09:00Dear K Beautiful translation!!!Have a look and com...Dear K
Beautiful translation!!!
Have a look and comment my translation which I can currenly give you a link. I'll learn burmese typing and post all my translated poems here. You guys ROCK!
http://www.myanmaritpros.com/photo/photo/show?id=1445004%3APhoto%3A30867&context=userAnonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-67948466630360031412008-10-27T01:38:00.000+09:002008-10-27T01:38:00.000+09:00“ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာဘာလဲ.....ဘာဖြစ်လို့ ဒီဘ၀ ဆိုတ...“ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာဘာလဲ.....ဘာဖြစ်လို့ ဒီဘ၀ ဆိုတာကြီး ထဲကို ရောက်လာကြသလဲ...ဘာ ရည်ရွယ် ဦးတည်ချက်တွေ ကြောင့်လည်း...”

အန္တိမပန်းတိုင်…ဦးတည်ချက်…ရည်ရွယ်ချက်… ဘ၀ရဲ့ teleological definition ကို ဖွင့်လိုဟန် ထင်မိပါရဲ့။

ထိုင်ခုံဆိုတာ ထိုင်ဖို့၊ စာအုပ်ဆိုတာ ဖတ်ဖို့ဆိုသလို ဘ၀ဆိုတာ ရပ်တည်နေထိုင်ဖို့ သက်သက်အတွက်များလား…။ ရှင်သန်ခြင်းဆိုတာ ရပ်တည်ရှင်သန်ဖို့ အတွက်ဆိုရင် ဒီဖွင့်ဆိုချက်ဟာ ဂျာအေးသူ့အမေရိုက်နေတဲ့ အဓိပ္ပါယ်များ ဖြစ်နေမလား။ ဘ၀ဆိုတာ တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ခု ပြည့်မြောက်စေဖို့လား…။ အခြားသူတွေရဲ့ ချီးကျူးထောပနာ အသိမှတ်ပြုခံရအောင်လို့လား…။

အကယ်၍များ ဘ၀မှာ teleological definition မရှိခဲ့ရင်၊ သို့မဟုတ် ဉာဏ်မမီလို့ မသိနိုင်ခဲ့ရင် … သာမာန်လူတစ်ဦး သိမြင်နားလည်နိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရော မရှိနိုင်တော့ဘူးတဲ့လား…။ ပန်းချီဆရာတစ်ဦးက သူမြင်ကွင်းအောက်က မိန်းကလေးတစ်ဦးကို မျက်လုံးက ဒီလို၊ နှုတ်ခမ်းက ဒီလို၊ နှာတံလေးက ဒီလိုလို့ သရုပ်ဖော်ရေးကူးသလိုမျိုး ဘ၀ကို သရုပ်ဖော်ရေးချယ်လို့ မရနိုင်တော့ဘူးတဲ့လား။ အဲ… ပန်းချီဆရာကတော့ သူရဲ့ မံသစက္ခုအပြင် စိတ်ကူးခံစားချက်လေးတွေကိုပါ ရောပြီး သရုပ်ဖော်ချင်ဖော်ပေမပေါ့။ ဒါပေမဲ့ အခု ဘ၀ကို သရုပ်ဖော်ရာမှာတော့ ဒိဋ္ဌသိမြင်နေတာတွေကလွဲလို့ အခြား ခံစားချက်တွေ၊ အထင်မြင်တွေ မပါကြေးလေ။ ဒီလို သရုပ်ဖော် အဓိပ္ပါယ်ဖွင့်ဆိုမှုကိုတော့ ဒဿနဆရာတွေက phenomenological definition လို့ ခေါ်သတဲ့။

လူတစ်ဦးရဲ့ ဘ၀ဆိုတာ မွေးဖွားရာကစလို့ သေဆုံးသွားချိန်ဆိုတဲ့ အချိန်အပိုင်းအခြားလေး အတွင်းမှာ ဖြစ်ပျက်ကြုံကြိုက်ခဲ့တာတွေ လို့ဆိုရင်… “ဘယ်ကနေဘာကြောင့် မွေးဖွားလာလဲ၊ သေသွားရင် ဘယ်ကိုသွားရမလဲ” စတဲ့ ဉာဏ်မမီမဲ့ မေးခွန်းတွေကို ဖယ်ထုတ်ပြီးသား ဖြစ်သွားလိမ့်မယ်။ တကယ်လို့ မွေးဖွားခြင်းမှ သေဆုံးခြင်းဆိုတဲ့ ဘောင်ဟာ ကျယ်ပြောလွန်းနေသေးရင်၊ မျက်မှောက်တဒင်္ဂဆိုတဲ့ အခိုက်အတန့်လေးထိ ကာလတွေကို ခြုံ့ပြီး ဘ၀ကို သုံးသပ်ကြည့်လို့ရမယ်။ ဒါဆိုရင် ဘ၀ဆိုတာ ယခုမျက်မှောက်တဒင်္ဂမှာ ပြုမူ, ပြောဆို, တွေးကြံခံစားနေတာတွေပဲလို့ အဓိပ္ပါယ်ရလိမ့်မယ်။ အဲ ဘောင်တော့အလွန်ကျဉ်းနေမှာပေါ့ … ။ ဒါပေမဲ့ … ဒါဟာ လူသာမာန်တစ်ဦး ဉာဏ်မီနိုင်လောက်တဲ့ အဓိပ္ပါယ်ပါ။

လူရဲ့ သိစိတ်ကနေ အပြုအမူ, အပြောအဆို, အတွေးအကြံတွေကို စေ့ဆော်နေတာဆိုတော့ ဘ၀ဆိုတာ သိစိတ်ရဲ့ စေ့ဆော်မှုလို့ဆိုနိုင်မှာပေါ့။ အကယ်၍များ လူတစ်ယောက်ရဲ့ ပြုမူ, ပြောဆို, တွေးကြံမှုတွေဟာ zombie တစ်ကောင်ရဲ့ လှုပ်ရှားမှုတွေလို ကိုယ်ပိုင် မဟုတ်ခဲ့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒီလို ဖြစ်ခဲ့ရင်တော့ လူဟာ သူရဲ့ ဘ၀အဓိပ္ပါယ်ကို ရှာကြံနေဖို့ မလိုအပ်တော့ပါဘူး။ သူရဲ့ လှုပ်ရှားမှုတွေဟာ သူမဟုတ်တဲ့ တစ်စုံတစ်ဦးရဲ့ စေ့ဆော်မှုနဲ့ လှုပ်ရှားနေရတာကိုး…။ ဘ၀အဓိပ္ပါယ် သူ့ဘ၀အဓိပ္ပါယ်မဟုတ်တော့ပဲ သူကိုစေ့ဆော်စေစားနေသူ တစ်ဦးရဲ့ ဘ၀အဓိပ္ပါယ် ဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော… ဘ၀ဆိုတာ လူတစ်ဦးရဲ့ ပြုမူ, ပြောဆို, တွေးကြံမှုတွေကို စေ့ဆော်နေတဲ့ စိတ်ရဲ့ ဖြစ်စဉ်လို့ဆိုရင် အတိုင်းအတာတစ်ခုထိ လက်ခံနိုင်မှာပါ။

ဒါမှမဟုတ် ဂျာအေးကို သူ့အမေရိုက်တယ်ပဲဆိုဆို “ဘ၀ဆိုတာ ရပ်တည်ရှင်သန်ခြင်း”ဆိုတဲ့ အဓိပ္ပါယ်ကိုပဲ နှစ်သက်နေ မလား။ ပြုမူ, ပြောဆို, ကြံစည်မှုတွေကို စေ့ဆော်နေတဲ့ intention နဲ့ ဒီရပ်တည်ရှင်သန်ခြင်းဟာ ဆက်စပ်မှု ရှိပါရဲ့လား။ “ရှင်သန်ခြင်း”ဆိုတာ တဒင်္ဂဆိုတဲ့ အချိန်အခိုက်တန့်လေးတွေ ဆက်ရှိနေတာပါ။ အဲ…စေ့ဆော်မှုဟာ ရည်ရွယ်ချက်တွေပါနေပြီး …. ရည်ရွယ်ချက်ဆိုတာလည်း သူရှိတဲ့တဒင်္ဂရဲ့ နောက်လာမဲ့ အနာဂတ်ကို တိုးထွက်နေတယ်။ ဒါဟာ ရှင်သန်ခြင်းပါပဲ။ လူတွေဟာ ဘာကြောင့် ရှင်သန်ချင်ရပါသလဲ။ သူတို့မှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေလို့ပါ…။ ဘ၀မှာ ခါးသီးတဲ့အတွေ့အကြုံတွေ တစ်ပုံကြီးပဲဆိုဆို အဲဒီကြားထဲက သာယာချိုမြိန်မှုတွေကို မျှော်လင့် တောင့်တတတ်ပါတယ်။ မျှော်လင့်ချက်ကုန်ဆုံးခြင်းဟာ ဘ၀သေဆုံးခြင်းပါပဲ…။ ဒါပေမဲ့ မျှော်လင့်ချက်တစ်ခုကုန်ဆုံးသွားရင် အခြားသာယာမှုတွေကနေ မျှော်လင့်ချက် အသစ်တွေ ပေါ်လာတတ်စမြဲပါ။ တဒင်္ဂ အခိုက်အတန့်လေးတွေက သာယာချိုမြိန်မှုတွေကြောင့် နောက်တဖန် ပြန်လည် ခံစားလိုတဲ့ ရည်ရွယ်ချက်နဲ့ စေ့ဆော်မှုတွေပြုကြတယ်။ ဒီစေ့ဆော်မှုတွေဟာ အနာဂတ်သာယာမှုကို တနည်းမဟုတ် တနည်း မျှော်လင့်နေတယ်။ ဘ၀ဟာ ဒီနည်းနဲ့ ဆက်လက်ရှင်သန်နေတယ် … ။

“သာယာချိုမြိန်မှု… မျှော်လင့်ချက်… စေ့ဆော်မှု… အပြုအမူ, အပြောအဆို, အတွေးအကြံ … ရှင်သန်ခြင်း”

ငါဟာ သူတစ်ပါးရဲ့ ချီးမွန်းထောပနာ အသိမှတ်ပြုခံရမှ ပျော်ရွင်တယ်။ သို့မဟုတ် ငါဟာ ငါ့မိသားစု စီးပွားရေး, ငါ့သားသမီး ပညာရေးတွေကို ဖြည့်ဆည်းပေးနိုင်မှ စိတ်ချမ်းသာတယ်။ သို့မဟုတ် ငါဟာ သူတစ်ပါးမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ရမှ စိတ်ကြေနပ်တယ်…။ ဘယ်လိုပဲ ဖြစ်ဖြစ် သာယာချိုမြိန်မှုတွေဟာ မျှော်လင့်ချက်အသစ်တွေ ပေးပြီး ဘ၀ကို ထပ်မံ ရှင်သန်နေစေဦးမှာပါ…။ ဒါပေမဲ့ ရှင်သန်မှုတွေရဲ့ တန်ဖိုးကတော့ ကောင်းဆိုး ကွဲပြား နေလိမ့်မယ်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-75210571432654436722008-10-27T00:24:00.000+09:002008-10-27T00:24:00.000+09:00ဘာပြောရမှန်း မသိတော့လို့ ဝင် ရေးသွားတယ်။ခေတ်မှီအော...ဘာပြောရမှန်း မသိတော့လို့ ဝင် ရေးသွားတယ်။ခေတ်မှီအောင်လို့။khin oo mayhttps://www.blogger.com/profile/17701500933330018475noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-69176463300728884112008-10-26T17:18:00.000+09:002008-10-26T17:18:00.000+09:00ကေရေ…ငယ်တုန်းက အသက်ရှင် နေထိုင်ခြင်းက..တခြားလူတွေ...ကေရေ…ငယ်တုန်းက အသက်ရှင် နေထိုင်ခြင်းက..တခြားလူတွေဆီက...အသိအမှတ် ပြုခြင်းကို ခံရဖို့ အတွက်ပဲ ကြိုးစားမိနေခဲ့တယ် ထင်တယ်… အသက်နဲနဲရလာတော့ တခြားသူတွေထက် ကိုယ့်ကိုယ်ကို စိတ်ဝင်စားလာမိတယ်… ကိုယ့်ကိုယ်ကို ပိုသိချင်လာတယ်… ကိုယ့်ကိုယ်ကို မသိလိုက်တာ သတိမထားမိလိုက်တာတွေကလဲ အများသားမိုလား… ဘ၀ရဲ့အဓိပ္ပါယ်က ကိုယ်လိုရာရေးဆွဲလို့ ရတဲ့ ပန်းချီတကားဆိုရင်… ငယ်တုန်းက အောင်မြင်မှုတွေနောက် အာသာငမ်းငမ်းလိုက်နေတဲ့ အရောင်တောက်တောက်တွေနဲ့  စိတ်လှုပ်ရှားဖွယ် ပန်းချီကားတချပ်ပေါ့…ခုတော့ ငြိမ်းချမ်းတဲ့ အပြာရောင်ပန်းချီကားတချပ်ပဲ ရေးချင်မိတော့တယ်…တန်ခူးhttps://www.blogger.com/profile/08326357917406062761noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-7738786286521218192008-10-26T13:31:00.000+09:002008-10-26T13:31:00.000+09:00Dear HushThanks for cheering me. I try to translat...Dear Hush
Thanks for cheering me. I try to translate the verse given there. I'm not so sure my choice of words. But I try my best.
In return, I strongly encourage you to write in Burmese font. It's really worth to do it. Enjoy !

အထဲကနေ..တောင်းဆိုလာတယ်။
အကြောင်းပြချက်တွေကို သိချင်လွန်းလို့.. ငါ ရူးသွပ်မတတ် ပါပဲ။
အဲဒါနဲ့...ငါ တံခါးခေါက်လိုက်တော့
တံခါးပွင့်သွားတယ်။
အခုတော့- အထဲက တောင်းဆိုနေတာ..ငါကိုယ်တိုင်ပေါ့။Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-4129248672554618412008-10-26T12:49:00.000+09:002008-10-26T12:49:00.000+09:00“မမေ့မလျှော့ ကောင်းစွာ သတိရှိကြကုန်လော့” လို့ ဘုရာ...“မမေ့မလျှော့ ကောင်းစွာ သတိရှိကြကုန်လော့” လို့ ဘုရားရှင်ဟောကြားသတိပေးခဲ့တာ အဲဒါမျိုးပဲပေါ့နော်။ သတိရှိတဲ့သူမှသာ ဘယ်ကို၊ ဘာကြောင့်၊ ဘယ်လိုသွားနေကြရတယ်
ဆိုတာတွေးမိကြတာကိုး။ မကေ ကတော့ သတိရှိနေတာ သေချာပါပြီ။Dr. Yi Yi Winhttps://www.blogger.com/profile/12469883473063234476noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-51801806667775041232008-10-26T12:39:00.000+09:002008-10-26T12:39:00.000+09:00မချိုသင်း- ပေါက်- မေ( စိတ်ဖြေရာ) မောင်မျိုး-လေးလေး...မချိုသင်း- ပေါက်- မေ( စိတ်ဖြေရာ) မောင်မျိုး-

လေးလေး နက်နက် ဆိုတာ..ကျမ တွေးတာ ရေးတာ လည်း မဟုတ်ပါဘူးလေ။ ဘာသာပြန်တဲ့ ထဲက..ကြိုက်မိတဲ့..ထိမိတဲ့ ဥပမာ လေးတွေ..တွေးစရာလေးတွေမို့ပါ။
မခင်မင်းဇော် တို့ ဂစ်တာ တို့ပြောသလိုပါပဲ- ဒီလိုနဲ့ပဲ..ကိုယ်နိုင်တာ ကိုယ်လုပ်..ကိုယ် တွေးနိုင်သလောက်တွေး..ကိုယ့် နားရှိတာ..စားသုံး အပန်းဖြေရင်း နဲ့ပဲ..ဘ၀ ဆိုတာ.. ပုံဖော်နိုင် မယ်လေ။ သူရေးထားသလို..ကြိုက်သလောက် တွေးလို့ရတယ်.. အဖြေ တော့..ထွက်ချင်မှ ထွက်မှာပေါ့။

ကိုအောင်- ကိုမောင်ရင်- ကိုပေါ..ကိုဆောင်း- ကို အောင်သာငယ် တို့လည်း.. ကျေးဇူးတင်ပါတယ်။ အချိန်ကုန်ခံ.. ဦးဏှောက်အလေးခံ ဖတ်ပေး ကြလို့။ တကယ်တော့.. ကျမ အဲဒါကို ဘာသာပြန်ခဲ့တာ..အခန်း ၂၀ ထိပဲ ပြန်နိုင်ခဲ့တယ်..နောက်ပိုင်း သိပ်ခက်လာတယ်..။ အချိန် လည်း မပေးနိုင်ခဲ့တာနဲ့..ဘာသာပြန်ခိုင်းတဲ့ သူတွေကို ပြန်လွှဲပေးခဲ့ရတယ်။ ဒါပေမဲ့..အဲဒီ အခန်း ၂၀ က..ကျမ အတွေးတွေကိုတော့..တော်တော် ကို ပြောင်းလဲပြစ်ခဲ့တယ်။ စိတ်ဝင်စားစရာပါပဲ။ ကိုဆောင်း ပြောတဲ့.. Need Theory ဆိုတာလည်း..အဲဒီ လို အချက်တွေကိုပဲ..အခြေခံ ရေးထားတာပဲ ထင်တယ်နော်။ ဒါတွေအားလုံးက..ကျမ တို့မြင်နေ သိနေနိုင်တဲ့..အကြောင်းအရာ တွေပဲလေ။ မမြင်နိုင်..မတွေးနိုင်တာတွေလည်း ရှိအုံးမယ် ထင်ပါ့။ ကိုအောင်သာငယ် ပြောသလို လည်း..ကျမ အတိအကျ လက်ခံခဲ့ပါတယ်။ တခါတောင်..ဘ၀ ဆိုတာကို..ခက်ဆစ် ထုပ်တော့- ဘ၀တူလူတွေ..အတူနေထိုင်နေကြတဲ့..ကာလ အခိုက် လို့လေ။ ဘ၀-ဟာ- တယောက်ချင်းစီရဲ့ အချိန်ကာလပါ။ မူရင်းစာကတော့..ဘာသာရေးဖက်ကို ဦးတည် ဆွဲ ယူရေးသားထားတာမို့.. နဲနဲတော့.. ဘက်ယူ ဆွယ်ယူ မူ တော့ ရှိမယ် လေ။ ကိုမောင်ရင် ပြောသလို ဘာပဲဖြစ်ဖြစ်..ကျမ တို့က.. ကားကြီးဘယ်သွားမလည်း ဆိုတာ..သိတော့ သိချင်နေကြတာပါပဲ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-87627019926263954412008-10-26T05:38:00.000+09:002008-10-26T05:38:00.000+09:00ကေ ..ဘ၀အဓိပ္ပါယ်ကို အမကတော့ ခုထိရှာဖွေနေတုန်းပဲလေ။ ...ကေ ..
ဘ၀အဓိပ္ပါယ်ကို အမကတော့ ခုထိရှာဖွေနေတုန်းပဲလေ။ သူတပါးကို ကိုယ့်ကြောင့် မထိခိုက်အောင်တော့ ကြိုးစားနေထိုင်နေဆဲ..ခင်မင်းဇော်https://www.blogger.com/profile/17949047620260208159noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-65758576938474765382008-10-25T03:56:00.000+08:002008-10-25T03:56:00.000+08:00HI KayI've just stumbled on your blog and found th...HI Kay
I've just stumbled on your blog and found this article so mesmerizing. I really like your translation. I have translated some persian mystical poems which allude the meanning of human life. I like to share with you guys but I need to learn Burmese Typing.
Here is one from rumi, i hope you like it.
KNOCKING FROM THE INSIDE...
I HAVE BEEN LIVING ON THE LIP OF INSANITY
WANTING TO KNOW REASONS
KNOCKING ON A DOOR
IT OPENS
I HAVE BEEN KNOCKING FROM INSIDE!Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-69698197875233718752008-10-24T15:53:00.000+08:002008-10-24T15:53:00.000+08:00လေးလေးနက်နက် ပြောရရင် ဖွင့်ဆိုစရာက နှစ်ခု ဖြစ်နေတယ...လေးလေးနက်နက် ပြောရရင် ဖွင့်ဆိုစရာက နှစ်ခု ဖြစ်နေတယ်။

ဘ၀ရယ်၊ အဓိပ္ပါယ်ရယ်။

နှစ်ခုပေါင်းလိုက်တော့ ဘ၀ရဲ့အဓိပ္ပါယ်ဆိုတော့ ဖွင့်ဆိုဖို့ ပိုမိုခက်ခဲတဲ့ အခြေအနေကို ရောက်သွားတော့တာပဲ။

ပလ္လင်ခံကြည့်တာပါ...း)

ဘ၀ကို အရင် ဖွင့်ဆိုပါမယ်။ အဓိပ္ပါယ်ကိုတော့ ဖြည်းဖြည်းချင်း ဖွင့်ဆိုကြတာပေါ့လေ။း)

ကျနော် ဖွင့်ဆိုချင်တဲ့ ဘ၀ဆိုတာကတော့ အချိန်ကာလနဲ့ပဲ တိုင်းတာလို့ရတယ်။
မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ။

ဆိုတော့ ဘ၀ကို တိုင်းတာနိုင်တာက အချိန်ပဲ။
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ်၊ ဆယ်စုနှစ် (Decade)၊ ရာစုနှစ် (Century) စသည်ဖြင့်ပေါ့လေ။ လူ့သက်တမ်းမှာ တချို့တွေလည်း ဆယ်စုနှစ် တချို့နဲ့ ဘ၀ရဲ့ အဆုံးသတ်ကို ရင်ဆိုင် သွားကြရတယ်။ တချို့လည်း ရာစုနှစ် တခုပြည့်ပြီး သွားတာတောင် ဆက်လက် ရှင်သန်နေတုန်း။

ကျိမ်းသေတာကတော့ ဘ၀ ဆိုတဲ့ စကားလုံးဟာ အချိန်ကာလနဲ့ လွတ်ကင်းလို့ နည်းနည်းမှကို မရလေဘူး။ ဘ၀ကို အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် အချိန်ကာလကို လက်ဆွဲ နှုတ်ဆက်ရပေလိမ့်မယ်။

သို့သော်လည်း အဲလို မွေးဖွားချိန်ကနေ သေဆုံးချိန်ထိ ဖြစ်တဲ့ အချိန်ကာလအတွင်းမှာ အချိန်ကာလကို နှုတ်မဆက်မိပဲနဲ့ နေထိုင် သေဆုံး သွားကြတဲ့ လူတွေရဲ့ အဖြစ်အပျက်တွေဟာ ဘ၀ပါပဲ။

အဲဘ၀ထဲမှာ ဘ၀ ပျက်သူတွေလည်း ရှိရဲ့။ ဘ၀ ခက်သူတွေလည်းရှိရဲ့။ ဘ၀ နာသူတွေလည်းရှိရဲ့။ ဘ၀ ဟာသူတွေလည်း ရှိရဲ့။ ဘ၀ ကောင်းသူတွေလည်း ရှိရဲ့။ ဘ၀ စောင်းသူတွေလည်း ရှိရဲ့။

ဘာပဲဖြစ်ဖြစ် အဲတာဟာ ဘ၀ပဲလေ။ အနိမ့်ဆုံး ဘ၀ ဆိုတာဟာ အချိန်ကာလဆိုတာကို မသိတာကိုက လူသားတွေရဲ့ ဘ၀ပဲလို့ ကျနော် ဖွင့်ဆိုပါတယ်။း)

နောက်တခု ဆက် ဖွင့်ဆိုပါဦးမယ်။ အဓိပ္ပါယ်-ပါ။

အဓိပ္ပါယ်-ဆိုတာ ဖွင့်ဆိုချက် မဟုတ်လား။

ဥပမာ- What is water?. Water is H2O. ဒါ အဓိပ္ပါယ်ပေါ့။ မဟုတ်ဘူးလား။ မဟုတ်ဘူးဆိုရင် ရေဟာ ဘာ အဓိပ္ပါယ်မှ မရှိတဲ့ အရာတခု ဖြစ်သွားမယ် ထင်တယ်။

အဲတော့ ပြန်ပေါင်းလိုက်ရင် ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာ လူတယောက်ချင်းရဲ့ အချိန်ကာလကို ဖွင့်ဆိုချက်လို့ ကျနော်က ဖွင့်ဆိုပါတယ်။

အဲတော့ လူတယောက်အတွက် ဘ၀ဆိုတာ ရထားလည်း ဖြစ်ချင် ဖြစ်မယ်၊ ကားလည်း ဖြစ်ချင် ဖြစ်မယ်၊ စက်ဘီးတစီးလည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ် လှေတစီးလည်း ဖြစ်နိုင်တာပါပဲ။ သူ့ရဲ့ အချိန်ကာလကို လိုက်လို့ သူ ဖွင့် ဆိုမှာပါ။

မကေ ကျေနပ်မယ်လို့ ထင်ပါတယ်။

မကျေနပ်သေးရင်လည်း ဆက်လက် ဖွင့်ဆိုကြတာပေါ့ဗျား။း)

ခင်မင်လေးစားသော

အောင်သာငယ်ATNhttps://www.blogger.com/profile/14937074006797237180noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-80431263636047531812008-10-24T12:42:00.000+08:002008-10-24T12:42:00.000+08:00မကေရေ အရမ်းကောင်းတဲ့ ပိုစ်လေးပါ အမရေအားပေးနေပါ တယ်...မကေရေ အရမ်းကောင်းတဲ့ ပိုစ်လေးပါ အမရေ
အားပေးနေပါ တယ်နော်မမsait phay yarhttps://www.blogger.com/profile/16556848596784102128noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-38347690707122071602008-10-24T11:13:00.000+08:002008-10-24T11:13:00.000+08:00အစ်မကေရေ.. ပို့လေးက အရမ်းကောင်းတယ်ဗျ... လူတွေဟာ ဘ၀...အစ်မကေရေ.. ပို့လေးက အရမ်းကောင်းတယ်ဗျ... လူတွေဟာ ဘ၀အဓိပ္ပာယ်ကို ရှာရင်းနဲ့ပဲ လူဘ၀ဟာ ကုန်ဆုံးကုန်မယ်ထင်တယ်ဗျ..Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-64225715917135345922008-10-24T10:03:00.000+08:002008-10-24T10:03:00.000+08:00တီတီကေ ရေ့ ပို့ စ်လေးအရမ်းကောင်းတာပဲ တစ်ခါခါကျတော...တီတီကေ ရေ့ ပို့ စ်လေးအရမ်းကောင်းတာပဲ တစ်ခါခါကျတော့ ဘ၀ဆိုတာဘာလဲ စဉ်းစားကြည့်တယ် ကိုယ့်ကျမှဆိုးလှကြီလားလို့ လည်းတွေမိသလိုလို နောက်ဆုံးတော့လည်း သူတို့ တွေလည်း ဒီလိုပါပဲ ငါလည်းဖြစ်အောင်နေရမှာပေါ့ ဆိုပြီးနေလိုက်တာ ဘ၀ဆိုတာ ဘာလဲ စဉ်းစားဖို့  ကျနော်ကကြောက်နေတာ မစဉ်းစားမိအောင်ကိုနေလိုက်တယ် ဒါမှ သက်သာမှာမဟုတ်ရင်တော့ အဖြေမရပဲ ရွာသာကြီးရောက်ဖို့ ရှိလို့  ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-69434374917877996902008-10-24T09:16:00.000+08:002008-10-24T09:16:00.000+08:00“ငါတို့ဟာ...အသိအမှတ် ပြုခံရခြင်း ဆိုတဲ့..ဂုဏ်နောက်...“ငါတို့ဟာ...အသိအမှတ် ပြုခံရခြင်း ဆိုတဲ့..ဂုဏ်နောက်ကို တကေက်ကေက် လိုက်နေကြတဲ့..အစားသရဲလေး တွေပါလို့။

ဒါဆို အသက်ရှင် နေထိုင်ခြင်းက.. တခြားလူတွေ ဆီက...အသိအမှတ် ပြုခြင်းကို ခံရဖို့...ချီးမွမ်း ထောပနာပြုခြင်းကို ရရှိဖို့ လား။”

ဟုတ်တယ်…………အဲသလိုသာဆို လူ့အဖြစ်က တကယ့်ကို သနားစရာကောင်းနေပြီနော်။ နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်ကြပြီး လက်ထဲမှာ အမေရိကန်ဒေါ်လာ တသိန်းခွဲလောက်စုမိပြီဆိုရင် မြန်မာပြည်ထဲက မြို့ငယ်လေးတခုမှာ သက်တောင့်သက်သာ ဒူးနှံ့ပြီး ဘ၀အဓိပ္ပါယ်ကို ဖွေရှာခွင့်ရပါလျက် လက်ရှိ ရောက်နေတဲ့ နိုင်ငံမှာဘဲ ကျေးကျွန်သဖွယ် ဆက်လက်ရုန်းကန်နေကြရတာဟာ….. အသိအမှတ်ပြုခံရခြင်းဆိုတဲ့….ဂုဏ်နောက်ကို တကောက်ကောက်လိုက်နေမိကြလို့လား……..စဉ်းစားစရာဘဲ။ကိုပေါhttps://www.blogger.com/profile/01732292314582350457noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-65719196435889690772008-10-24T08:26:00.000+08:002008-10-24T08:26:00.000+08:00ဲမကေကအတွေးရောအရေးပါကောင်းတယ်ဗျ...ဒီပို့စ်လေးကိုဖတ်...ဲမကေကအတွေးရောအရေးပါကောင်းတယ်ဗျ...

ဒီပို့စ်လေးကိုဖတ်ပြီးသွားတဲ့အခါမှာ Maslow Hierarchyရဲ့NeedsTheory ကိုသွားပြီးသတိရမိတယ်မကေရေ...
ဟိုင်အာခီရဲ့သီအိုရီမှာတော့အဆင့်၅ဆင့်ခွဲထားတယ်..
အဓိကအကျဆုံးအခြေခံလိုအပ်ချက်ကအသက်ရှင်နေ
ထိုင်ဖို့အတွက်အစားအစာ.နေအိမ်.အဝတ်အထည်အစရှိ
တာတွေပေါ့..ပြီးတော့မှတဆင့်ပြီးတဆင့်တက်လာပြီး
လုံခြုံမှုတို့.တဦးနဲ့တဦးချစ်ခင်မှုအသိအမှတ်ပြုခံလိုမှုမိမိ
ကိုယ်ကိုအားထားယုံကြည်လိုမှုအစရှိတာတွေကိုအခြေခံ
ပြီးလူတွေဟာဘဝကိုတည်ဆောက်ပြီးဖြတ်သန်းနေကြတာမဟုတ်လား..ဒါပေမယ့်နောက်ဆုံးမှာသူတို့အားထုတ်
ပြီးရယူခဲ့ကြတာတွေကိုပြန်ပြီးထားရစ်ကြရစမြဲပါ..ဘာတွေအကောင်းဆုံးဖြစ်အောင်ထားနိုင်ခဲ့ကြသလဲဆိုတဲ့အပေါ်မှာလူ့တန်ဘိုးကိုဖြတ်ကြသေးတယ်မဟုတ်လားဆောင်းယွန်းလhttps://www.blogger.com/profile/13938359859043449949noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-61173749683803875182008-10-24T05:08:00.000+08:002008-10-24T05:08:00.000+08:00လူတွေတင်ပြီး တနာရီ ၆၅ မိုင်နှုံးနဲ့ သွားနေတဲ့ ဘတ်(စ...လူတွေတင်ပြီး တနာရီ ၆၅ မိုင်နှုံးနဲ့ သွားနေတဲ့ ဘတ်(စ)ကားကြီးဆီကုန်ရင် (သို့ )တိုက်မိလို့ ဖြစ်စေ၊ချောက်ထဲကျရင်ဖြစ်စေ..အဲဒါဟာ ကမ္ဘာပျက်တဲ့အချိန်ပဲဖြစ်မယ်။ အဲဒိအချိန်အထိ ဘတ်(စ) ကားအိုကြီးက လူသား မျိုးဆက်တွေလက်ဆင့်ကမ်း မောင်းနှင်နေဦးမယ်။

ဒီစာဖတ်ပြီး အလုပ်မသွားပဲ နေလိုက် ရမလားစဉ်းစားလိုက်တာ မဖြစ်သေးဘူး..ဘတ်(စ)ကားပေါ်လိုက်ရင်း ဘယ်ခရီးသွားမလဲ သိအောင်လဲ လုပ်လိုက်ချင်သေးတယ်။M.Y.https://www.blogger.com/profile/00485529570269715956noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-36293945763806666432008-10-24T02:52:00.000+08:002008-10-24T02:52:00.000+08:00မကေရဲ့ ဘာသာပြန် လက်ရာအဟောင်း ပြန်ဖတ်ခွင့်ရတဲ့ အတွက...မကေရဲ့ ဘာသာပြန် လက်ရာအဟောင်း ပြန်ဖတ်ခွင့်
ရတဲ့ အတွက် ကျေးဇူးပါ မကေ။ကိုအောင်https://www.blogger.com/profile/15603103063914617078noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-89651201707509761872008-10-24T00:54:00.001+08:002008-10-24T00:54:00.001+08:00မကေရေ...ဖတ်သွားတယ်...အခါခါဖတ်ရလိမ့်ဥိးမယ်...ထပ်လာဖ...မကေရေ...
ဖတ်သွားတယ်...
အခါခါဖတ်ရလိမ့်ဥိးမယ်...
ထပ်လာဖတ်ဥိးမှာပါ..။။
မကေလည်းအရာရာအဆင်ပြေပါစေ...PAUKhttps://www.blogger.com/profile/10704914564877227135noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-62722462958303597092008-10-24T00:54:00.000+08:002008-10-24T00:54:00.000+08:00ကေရေဘ၀ အဓိပ္ပါယ် တဲ့။ လေးလေးနက်နက် တွေးရင် လေးလေးနက...ကေရေ
ဘ၀ အဓိပ္ပါယ် တဲ့။ လေးလေးနက်နက် တွေးရင် လေးလေးနက်နက် စဉ်းစားစရာ၊ ပေါ့ပေါ့တန်တန် တွေးရင် ပေါ့ပေါ့လေးပဲ သိရမှာ။
ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ်တတ်နိုင်သရွေ့ အကျိုးရှိအောင် နေမယ်၊ ကိုယ်ကိုယ်တိုင်လဲ ဖြူဖြူစင်စင် နေမယ်ဆိုရင် အနည်းဆုံးတော့ နေပျော်တော့ ဘ၀တခုဖြစ်မှာလို့ ထင်ပါတယ်။
ကေ့စာတွေက မြင့်တော့ တို့လဲ အရမ်းတွေးလိုက်တာ ခေါင်းမူးသွားပြီ။ တို့ ဒီလောက် ဥာဏ်မမီပါဘူး ကေရယ်။Moe Cho Thinnhttps://www.blogger.com/profile/01337551043809985774noreply@blogger.com