tag:blogger.com,1999:blog-4790315453620143995.post736545672016763386..comments2023-10-30T17:19:49.924+08:00Comments on K: Me Generationkayhttp://www.blogger.com/profile/16599467317071240993noreply@blogger.comBlogger12125tag:blogger.com,1999:blog-4790315453620143995.post-90707677484551888612009-12-08T20:11:04.319+08:002009-12-08T20:11:04.319+08:00ကိုတင်မင်းထက် >>> တကယ်လို့များ အထက်ပါလူက ...ကိုတင်မင်းထက် >>> တကယ်လို့များ အထက်ပါလူက အထက်ပါ သဘောထားများမပြောင်းမလဲဘဲနဲ့ စောင့်ခေါ်မည် ဆိုပါက ဒီတိုင်းသက်သက် စောင့်ရုံ မဆိုထားနှင့် ဒေါ်လာထုတ်ပိုက်လို့ စောင့်ခေါ်မယ် ဆိုရင်တောင် လုံးဝ (လုံးဝ)လိုက်နိုင်မည် မဟုတ်ကြောင်း သိစေအပ်ပါသည်။

(နေရာမှာတင် သေရင် သေသွားပစေ)Ritahttps://www.blogger.com/profile/08477862699553135738noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-8834892973013242332009-12-08T13:35:57.889+08:002009-12-08T13:35:57.889+08:00ဂျော်လီဆွေ့ မြေးမလေး ဟော့နေပါလား ခွိ။ဂျော်လီဆွေ့ မြေးမလေး ဟော့နေပါလား ခွိ။monkhttps://www.blogger.com/profile/01502627110127146522noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-36745695117907918742009-12-08T10:56:16.140+08:002009-12-08T10:56:16.140+08:00ကဗျာတွေရေးတဲ့ မိတ်ဆွေတစ်ယောက်က ပြောလို့ လာဖတ်တာပါ။...ကဗျာတွေရေးတဲ့ မိတ်ဆွေတစ်ယောက်က ပြောလို့ လာဖတ်တာပါ။
ဖတ်ဖို့ ပြောတာကလည်း တကယ်တော့ Generation Gap ဆိုတာကိုဆွဲထုတ် ကြ့ပီဆိုတဲ့ 
သတင်းလေးကြောင့်စိတ်ဝင်စားလို့ ပါ။

ဘာဘဲပြောပြောရေးတာကမရေးတာထက်စာရင်ကောင်းတယ်ပေါ့
ပြောတာက မပြောတာထက်စာရင်ကောင်းတယ်ပေါ့
လက်ခံတာ လက်မခံတာ တဘက်သူရဲ့ အပိုင်းလေး ပြောသူမှာလည်းပြောသူရဲ့ အခွင့်အရေးရှိသလို
လက်ခံသူမှာလည်းသူရဲ့ အခွင့်အရေးသူရှိလို့ ဘာမှာထူးခြားသော ပြဿနာကြီးတစ်ခုအနေနဲ့ တော့မမြင်ချင်ပါဘူး

ဘာဘဲပြောပြောစကားလေးတစ်ခုတော့ အထက်ကရေးထားတဲ့သူ (ကိုအောင်သားငယ် )ရေးတဲ့ 
စာကြောင်းလေးတော့သဘောကြတယ်၊

"တခုရှိတာကတော့ နားလည်မှုဆိုတာကလည်း နေရာတိုင်းမှာ မလိုအပ်ပါဘူးလေ...
နားမလည်တဲ့သူတွေ... သို့မဟုတ် နားလည်ဖို့ မကြိုးစားသူတွေအတွက် ၀မ်းနည်းနေစရာ ဘာအကြောင်းမျှ မရှိပါ...
အချိန်တန်ရင် သူ့အလိုလိုပဲဖြစ်ဖြစ်... အကြောင်းတခုခုကြောင့်ပဲ ဖြစ်ဖြစ်... သေသွားကြရမှာ မဟုတ်လား...
မသေခင်လေးမှာတော့ လူတိုင်း ကိုယ်ကောင်းတယ်ထင်ရာ ကိုယ်လုပ်ခွင့် ရှိကြတာပါပဲလေ...
သမိုင်းဆိုတာကလည်း ဆန်ကာတခုပါပဲ...တင်ကျန်ခဲ့သူတွေထဲမှာ နံမည်ကောင်းသူတွေရော... မကောင်းသူတွေရော ရှိကြတာပဲ...
ဒါကြောင့်လည်း ကိုယ့်သမိုင်းကိုယ်ရေးလို့ ပြောနေကြတာ မဟုတ်လား...
တချို့လည်း နံမည်ဆိုးနဲ့ သမိုင်းမှာ ကျန်ခဲ့ချင်ကြတယ် ထင်ပါရဲ့..."

နောက်ပြီးတော့
ကိုအောင်(ပျူနိုင်ငံ) ရေးတဲ့ 

" စာရေးတဲ့သူဟာ ကိုယ်ရေး
တဲ့စာကို လုံးဝ တာဝန်ယူရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်
ကို အမြဲလိုလို ရောက်တတ်တော့ တချို့နေရာတွေမှာ
နည်းနည်း “ဟ” နေသလားလို့။ အကြောက်တရား၊
အရိုးစွဲ ယုံကြည်မှု၊ ဘ၀ ၀န်ထုတ်ဝန်ပိုး ကြီးမားတွေက
အဲဒီ gap ရှိသင့် ဖြစ်သင့်တာထက် ပိုကြီးမားစေတယ်
လို့ ကျနော်တော့ ထင်တယ်။ ဦးဆောင်လမ်းညွန်း
ပေးတဲ့ အုပ်စုနဲ့ လက်ခံ ရယူမဲ့ အုပ်စု ကြားမှာ
ဘယ်လို လက်ခံမယ်၊ ဘယ်လောက် လက်ခံမယ်
ဆိုတဲ့ အခန်းကဏ္ဍဟာ ကျနော်တို့ နိုင်ငံ တစ်ခု
ထဲတော့ မဟုတ်ပါဘူး။ နိုင်ငံအားလုံး လိုလိုပဲ။ "

"ကျနော်ဆိုလိုချင်တာက အများစုဟာ လိုအပ်တာထက်
ပိုပြီး ခွင့်လွှတ်လွယ်တယ်၊ သနားတတ်တယ်၊ ဒီတော့
အဲဒီအမွေတွေကို ဆက်ခံမဲ့ မျိုးဆက်ဟာ အဲဒီ gap
ဆိုတဲ့ အတိုင်းအတာ တစ်ခုထိတော့ ဖြစ်တတ်တယ်
လို့ ကျနော် ထင်တယ်"

ကျွန်တော်အနေနဲ့ တော့ အကြောင်းအရာနဲ့ ထိုအကြောင်းအရာပေါ်မှာ ရေးတတ်သော ကွန့် မန့် တွေ၊ ကိုပါ
ဂရုစိုက်နဲ့ ဖတ်တဲ့ ပရိသတ် တွေရဲ့  အပေါ် ကွန့် မန်မှာ ဒီနှစ်ယောက်ရေးတဲ့စာက ကျန်တဲ့ သူတွေရေး စာတိုစာရှည်တွေထက်
စာရင် ကွန့် မန့် ဖတ်သူ တွေအဖို့  အလွန် တာ သွားစေပါတယ်၊ ကောင်းတယ်ဗျာ။

သမိုင်း ရေစီးကြောင်း မှာ Generation Gap ဆိုတာ ဘယ်လောက်အတိုင်းအထာထိဖြစ်နေတယ်ရယ်
နောက်ပြီးတော့ဘယ်လောက်ထိရောက်ဆက်နွယ်ပတ်သက်နေခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါဘဲ။တတတhttps://www.blogger.com/profile/00394078341446259559noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-72766851094026684782009-12-08T08:53:00.726+08:002009-12-08T08:53:00.726+08:00ခရီးတခုကို သွားကြတဲ့အခါ ရှေ့က ဦးဆောင်သူတွေရှိတယ်။ ...ခရီးတခုကို သွားကြတဲ့အခါ ရှေ့က ဦးဆောင်သူတွေရှိတယ်။ အများအတွက် ဝန်စည်စလယ်တွေကို ထမ်းပိုးပေးသူတွေလည်း ရှိတယ်။ အသာလေး လူအုပ်နဲ့ ရောလိုက် လာသူတွေလည်း ရှိတယ်။ တချို့ကိုတော့ စောင့်ခေါ်ရပါတယ်။ တချို့ကိုတော့ ထားခဲ့ရပါတယ်။tin min htethttps://www.blogger.com/profile/11162807101049664027noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-23370474757715756542009-12-07T15:00:29.695+08:002009-12-07T15:00:29.695+08:00ဗမာပြည်မှာ နိုင်ငံရေးအရ generation gap မရှိပါဘူး.....ဗမာပြည်မှာ နိုင်ငံရေးအရ generation gap မရှိပါဘူး...
ဆိုတာ မဟုတ်ဘူးလို့ထင်တာပဲ..

နိုင်ငံရေးကို သိပ်တော့နားမလည်ပါဘူး.. ဒါမယ့် လုံးဝမသိသလိုတော့လည်း မနေဘဲ နည်းနည်းပါးပါးတော့ စပ်စပ်စုစုတွေလုပ်တာပဲ..NangNyihttps://www.blogger.com/profile/13212924493787834252noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-36110865334687835402009-12-07T14:17:48.418+08:002009-12-07T14:17:48.418+08:00ကိုအောင် ပျူနိုင်ငံ ကို ကွန်မန့်အတွက် ကျေးဇူးတင်ပါ...ကိုအောင် ပျူနိုင်ငံ ကို ကွန်မန့်အတွက် ကျေးဇူးတင်ပါရစေ။ ဒီ POST က မကေ POST ဆိုပေမဲ့ ကျွန်မနဲ့လဲ နဲနဲ သက်ဆိုင်တယ် ထင်လို့ပါ။

အကြောင်းရှိလို့ အကျိုးရှိတယ် တဲ့။

ကျွန်မက အကြောင်းတရားတွေ ဒီလို ရှိပါတယ် လို့ သိစေချင်ရုံပါပဲ။ နားလည်စေချင်ရုံပါပဲ။

ကျွန်မတို့ နားမလည်တာကို ပြောထားတာဟာ အဲဒီ နားမလည်ခြင်းကို နားလည်ပေးဖို့ လို့ နားမှ လည်ပါရဲ့လား ကိုအောင်သာငယ်။Ritahttps://www.blogger.com/profile/08477862699553135738noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-57480153915291767562009-12-07T14:14:45.883+08:002009-12-07T14:14:45.883+08:00ကျွန်မ ဒီ COMMENT ကို မထိတထိလေး သွယ်ဝိုက်ရေးလဲ ရပါ...ကျွန်မ ဒီ COMMENT ကို မထိတထိလေး သွယ်ဝိုက်ရေးလဲ ရပါတယ်။ ဒါပေမဲ့ ဒါ မော်ဒန်ကဗျာရေးနေတာ မဟုတ်လို့ တည့်ပဲ ရေးထည့်လိုက်တယ်။

အနုပညာ လုပ်နေတဲ့လူကို အဲဒီ အနုပညာကြောင်း ရှင်းပြပါ ပြောရင် အနုပညာသည်က စိတ်ဆိုးမလား၊ အနှောင့်အယှက် ဖြစ်မလားတော့ မသေချာဘူး။ တခုခု ဖြစ်နိုင်တယ်။ သူတယောက်တည်း ဖန်တီးတဲ့ အနုပညာ ဖြစ်နေတာကိုး။

သို့သော် တိုင်းရေး ပြည်ရေး လုပ်တဲ့ ကိစ္စမှာတော့ INVOLVE လုပ်ဖို့လား မလုပ်ဖို့လား မသေချာပေမဲ့ ဘာလဲ ဘယ်လိုလဲ စူးစမ်းလာရင် နားမလည် ဝင်မပါနဲ့ ပြောရင်တော့ အဲဒီလူ သူကိုယ်တိုင် မလုပ်တာ အကောင်းဆုံးပဲ။

နောက်ထပ်နားလည်မှု တစ်ခု ကျန်ပါသေးတယ်။
တကယ်လို့များ ဒီသဘောထားနဲ့ ကိုအောင်သာငယ်သာ အုပ်ချုပ်မယ် ဆိုရင် ခု လူတွေထက် သာမှာ အမှန်ပဲ။ နားလည် ဝင်မပါနဲ့ ဝမ်းမနဲဘူး။ မလုပ်ဖူးရင် ဝင်မပြောနဲ့ စာရင်းမရှိဘူး။

ဟုတ်ပါပြီ။ ဒီလောက်ဆို နားလည်ပါပြီ။Ritahttps://www.blogger.com/profile/08477862699553135738noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-37955099257849808332009-12-07T14:14:35.724+08:002009-12-07T14:14:35.724+08:00ပြီးတော့ နားလည်မှု။
အဲဒါ မလိုအပ်ဘူးလို့ ယုံကြည်တဲ့သ...ပြီးတော့ နားလည်မှု။
အဲဒါ မလိုအပ်ဘူးလို့ ယုံကြည်တဲ့သူ ဒီလောကထဲက နားနေလိုက်တာ အင်မတန်မှန်ပါတယ်။ နိုင်ငံ့အရေးကိစ္စလုပ်ဖို့ဆိုတာမှာ မော်ဒန်ကဗျာရေးသလို နားမလည်တဲ့သူ မဖတ်နဲ့ ပြောလို့ရတဲ့ ကိစ္စလား။

အဲဒီလိုသာဆို ဖေဖော်ဝါရီ 12 ရက် ဆိုတာ သမိုင်း မှာ ရှိမှာ မဟုတ်ဘူးလို့ မှတ်ထားလိုက်ပါ။ တွေးကြည့်လိုက်ပါ။

တယောက်ကို တယောက် နားလည်ဖို့၊ LEAD လုပ်မယ့်သူကို ယုံကြည်လေးစားဖို့၊ လေးစားယုံကြည်လောက်အောင် ကျင့်ကြံနေထိုင်ဖို့ မလိုဘူးလို့ ထင်တယ် ဆိုလဲ ပြီးတာပါပဲ။

ဒါပေမဲ့ ကိုအောင်သာငယ်ကိုတော့ ကျွန်မ နားလည်ပါတယ်။

နားမလည်တဲ့သူတွေကို အပြစ်တင်စကားနဲ့ မတူတဲ့ စကားမျိုးလေး ပြောပြီး နားလည်ချင်လာအောင် ရှင်းလင်းဖို့ စိတ်ဆန္ဒ မရှိတဲ့သူ၊

နားမလည်ဘူးလို့ ပြောနေတာဟာ လုပ်နေတဲ့သူတွေကို စော်ကားချင်တာ မဟုတ်ဘဲ အခြေအနေကို သုံးသပ်ဖို့လိုမလားလို့ ကမ်းလှမ်းကြည့်တာလို့ သဘောမပေါက်တဲ့သူ၊

အဲဒီလိုပဲ နားလည်လိုက်ပါတယ်။Ritahttps://www.blogger.com/profile/08477862699553135738noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-68681773120340386442009-12-07T14:14:07.616+08:002009-12-07T14:14:07.616+08:00ဒီဘက်ကို ရောက်လို့ စာလိုက်ဖတ်ဖြစ်တဲ့ အခါမှာ ကိုအော...ဒီဘက်ကို ရောက်လို့ စာလိုက်ဖတ်ဖြစ်တဲ့ အခါမှာ ကိုအောင်သာငယ် ဘလော့ကိုလည်း ရောက်ပါတယ်။ အဲဒီ အချိန်က သူပုန်ကိစ္စ ငြင်းနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒါမျိုး မဖြစ်ဖူးဘဲ ဒါကို မဝေဖန်နဲ့ ဆိုတဲ့ ကိုအောင်သာငယ်ရဲ့ စကားကြောင့် ကျွန်မကို ဒီရောက်မှ နိုင်ငံရေးနဲ့ ပတ်သတ်လို့ နောက်ထပ် 'ဟင်' တစ်လုံး တိုးစေခဲ့ပါတယ်။

ခု ကျွန်မရေးတာကို ဖတ်သလား မဖတ်သလား တော့ မသိပါ။ ဖတ်ရင်လည်း ဆိုလိုချင်တာကို သိလား မသိလား မသိပါ။

ကျွန်မ ဆိုလိုရင်းက ဒါမျိုးတွေ ရှိနိုင်တယ်။ အတိုင်းအတာကတော့ ပြဿနာ ရှိလောက်တဲ့ အတိုင်းအတာလား မပြောပလောက်တဲ့ အတိုင်းအတာလားတော့ မသိဘူး။ ဒီအတိုင်းအတာဟာ ပျောက်ဖို့လိုတယ်ဆိုရင် ပျောက်အောင် လုပ်နိုင်ကြဖို့။ (ဝါးကြောနဲ့ လည်လှီးပြီး ပျောက်အောင် လုပ်ခိုင်းခြင်း မဟုတ်) ညှိဖို့များ လိုရင် ညှိချင်စိတ်များ ရှိမလားလို့ ရေးပြခြင်းပဲ ဖြစ်ပါတယ်။ မမြင်ခဲ့တဲ့သူတွေ မြင်များ မြင်ချင်မလားလို့ ရေးပြခြင်းပဲ ဖြစ်ပါတယ်။

ဒါကိုမှ နားလည်အောင် မလုပ်ခဲ့ကြလို့ မလည်တာ ဝမ်းမနည်းဘူးဆိုတော့... အဲဒါကို ကိုအောင်သာငယ် ပြောတာမို့လို့ပေါ့။ ကျွန်မ ခုလေးတင်မှ admire ဖြစ်မိလိုက်တဲ့ နောက်ကြည့်မှန် ရေးသူကသာ ပြောမယ်ဆိုရင် ကျွန်မတော့ ဝမ်းနည်းတော့မှာပဲ။

gap ရှိခြင်း မရှိခြင်းကတော့ ဘာသက်သေမှ လက်ဆုတ်လက်ကိုင် ပြလို့မရလို့ ထပ်မပြောတော့ဘူး။ မရှိဘူး မရှိဘူး စုံမှိတ်ငြင်းနေလို့လဲ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ 1920 တွေ 1988 တွေ ပြောတာလည်း တော်လောက်ပြီ။ အတိတ်က ဆောင်းခဲ့တဲ့ ရွှေထီး ခုထိ မပြီးသေးဘူး။ အဲဒီ gap ဟာ မရှိလို့ပဲ။ ရှိများ ရှိရင် up to now ကနေ ဘယ်ထိ သွားမှာပါလိမ့်။

အေးလေ။ မရှိဘူးလို့ ထင်ရင်လဲ ပြီးတာပါပဲ။ စိတ်ချမ်းသာတာပေါ့။Ritahttps://www.blogger.com/profile/08477862699553135738noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-26998798322555701142009-12-07T11:15:23.282+08:002009-12-07T11:15:23.282+08:00ကော်မန့် လာမရေးဖြစ်တာ ကြာပြီး မကေရေ၊ ဒီကိစ္စ
ကို လက...ကော်မန့် လာမရေးဖြစ်တာ ကြာပြီး မကေရေ၊ ဒီကိစ္စ
ကို လက်ရှိပို့စ်ထက် ရှည်ရှည်ရေးသင့်တယ်လို့ ကျနော်
တော့ ထင်တယ်၊ သို့ပေမဲ့ စာရေးတဲ့သူဟာ ကိုယ်ရေး
တဲ့စာကို လုံးဝ တာဝန်ယူရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်
ကို အမြဲလိုလို ရောက်တတ်တော့ တချို့နေရာတွေမှာ
နည်းနည်း “ဟ” နေသလားလို့။ အကြောက်တရား၊
အရိုးစွဲ ယုံကြည်မှု၊ ဘ၀ ၀န်ထုတ်ဝန်ပိုး ကြီးမားတွေက
အဲဒီ gap ရှိသင့် ဖြစ်သင့်တာထက် ပိုကြီးမားစေတယ်
လို့ ကျနော်တော့ ထင်တယ်။ ဦးဆောင်လမ်းညွန်း
ပေးတဲ့ အုပ်စုနဲ့ လက်ခံ ရယူမဲ့ အုပ်စု ကြားမှာ
ဘယ်လို လက်ခံမယ်၊ ဘယ်လောက် လက်ခံမယ်
ဆိုတဲ့ အခန်းကဏ္ဍဟာ ကျနော်တို့ နိုင်ငံ တစ်ခု
ထဲတော့ မဟုတ်ပါဘူး။ နိုင်ငံအားလုံး လိုလိုပဲ။
ဥပမာ ... နာဂစ်မုန်တိုင်းတိုက်လို့ လူတစ်သိန်းကျော်
အသက်ဆုံးရှုံးတော့ လူတိုင်းက ၀မ်းနည်းကြတယ်၊
အဲဒီချိန်မှာပဲ အင်းစိန်ထောင်ထဲက အကျဉ်းသားတွေ
ချမ်းလို့ မီးလှုံမိလို့ သုံးဆယ်နီးပါး အသတ်ခံရတော့
အဲဒီကိစ္စဟာ ရေဘေးကြောင့် သေဆုံးရတဲ့ လူတွေ
လောက် မေတ္ထာဂရုနာ ထားခြင်း မခံဘူး။ အဲဒီပြဿ
နာကို ဘယ်သူမျှ ကြီးကြီး ဖော်ထုတ်အရေးယူပေးဖို့
မပြောကြဘူး။ ဘယ်လောက်ထူးဆန်းတဲ့ မေ့ပြစ်ခြင်း
လဲလို့။
ကျနော်ဆိုလိုချင်တာက အများစုဟာ လိုအပ်တာထက်
ပိုပြီး ခွင့်လွှတ်လွယ်တယ်၊ သနားတတ်တယ်၊ ဒီတော့
အဲဒီအမွေတွေကို ဆက်ခံမဲ့ မျိုးဆက်ဟာ အဲဒီ gap
ဆိုတဲ့ အတိုင်းအတာ တစ်ခုထိတော့ ဖြစ်တတ်တယ်
လို့ ကျနော် ထင်တယ်။
ကျနော့်အယူအဆ မကေ အယူအဆနဲ့ ကွဲလွဲတာ
ရှိရင် ခွင့်လွှတ်ပါ ...။ကိုအောင်https://www.blogger.com/profile/15603103063914617078noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-61332108922493898132009-12-07T07:33:13.936+08:002009-12-07T07:33:13.936+08:00နိုင်ငံရေးအရ နားလည်မှု မရှိတာနဲ့ နိုင်ငံရေးအရ အဆက် ...နိုင်ငံရေးအရ နားလည်မှု မရှိတာနဲ့ နိုင်ငံရေးအရ အဆက် ပြတ်နေတာဟာ မတူပါဘူး...
ဗမာပြည်မှာ နိုင်ငံရေးအရ generation gap မရှိပါဘူး...

၁၉၂၀ ကတည်းက သယ်ဆောင်လာခဲ့တဲ့ အမျိုးသားရေး အလံဟာ ယခု လက်ရှိ လူယ်တွေ အထိ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်နေဆဲပါ...
သည်အလံဟာ ယနေ့ထက်ထိ မလဲသေးဘူး...

ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသား သွေးစည်းညီညွတ်ရေး ဆိုတဲ့ အလံ ၃ လက်ကိုလည်း ယနေ့ လူငယ် မျိုးဆက်တွေအထိ သယ်ဆောင်နေဆဲပါ... သည်အလံ ၃ လက်ဟာ နိုင်ငံရေးတိုက်ပွဲတွေတိုင်းမှာ တလူလူ လွင့်နေဆဲပါ...

ဒါဟာ ဗမာပြည်မှာ နိုင်ငံရေးအရ generation gap မရှိဘူး ဆိုတာ သက်သေပြနေတာပါ...

ကျန်တဲ့ ပြဿနာတွေကတော့ ရှိမှာပေါ့... မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ် အကြား... မျိုးဆက်တခုနဲ့တခုအကြား နားလည်မှုလွဲတာ မျိုးတွေကတော့ ရှိနေခဲ့... ရှိနေဆဲ... ရှိနေဦးမှာပါပဲ... ဒါသည် generation gap မဟုတ်ပါ...

တခုရှိတာကတော့ နားလည်မှုဆိုတာကလည်း နေရာတိုင်းမှာ မလိုအပ်ပါဘူးလေ... (ပန်ဒိုရာ ပြောသလို...း)

နားမလည်တဲ့သူတွေ... သို့မဟုတ် နားလည်ဖို့ မကြိုးစားသူတွေအတွက် ၀မ်းနည်းနေစရာ ဘာအကြောင်းမျှ မရှိပါ...

အချိန်တန်ရင် သူ့အလိုလိုပဲဖြစ်ဖြစ်... အကြောင်းတခုခုကြောင့်ပဲ ဖြစ်ဖြစ်...
သေသွားကြရမှာ မဟုတ်လား...

မသေခင်လေးမှာတော့ လူတိုင်း ကိုယ်ကောင်းတယ်ထင်ရာ ကိုယ်လုပ်ခွင့် ရှိကြတာပါပဲလေ...

သမိုင်းဆိုတာကလည်း ဆန်ကာတခုပါပဲ...
တင်ကျန်ခဲ့သူတွေထဲမှာ နံမည်ကောင်းသူတွေရော... မကောင်းသူတွေရော ရှိကြတာပဲ...
ဒါကြောင့်လည်း ကိုယ့်သမိုင်းကိုယ်ရေးလို့ ပြောနေကြတာ မဟုတ်လား...

တချို့လည်း နံမည်ဆိုးနဲ့ သမိုင်းမှာ ကျန်ခဲ့ချင်ကြတယ် ထင်ပါရဲ့... ...း)ATNhttps://www.blogger.com/profile/14937074006797237180noreply@blogger.comtag:blogger.com,1999:blog-4790315453620143995.post-39118370901564252532009-12-07T05:43:42.128+08:002009-12-07T05:43:42.128+08:00အမှန်က generation က မ gap ပါဘူး အကြောက်တရားရယ် မဆိ...အမှန်က generation က မ gap ပါဘူး အကြောက်တရားရယ် မဆိုင်သလို နေနိုင်ကြတာရယ် နေနိုင်အောင်လုပ်ထားတဲ့ စိတ်ရယ် မနာရင်ပြီးရော အဆင်ပြေသလိုနေတာတွေကြောင့် လူနည်းနေလို့ gap တယ်ထင်နေရတာပါpredicamenthttps://www.blogger.com/profile/11308921763739778769noreply@blogger.com