ရှုထောင့်တစုံ ရဲ့ မှတ်ချက်စကား
ဗမာ့ပညာတတ်များ နှင့် စင်ဒရဲလားအတွက် ဖိနပ်တဖက်
++++++
၁၉၈၅ က..အသက် ၄၀ ကျော်စ အရွယ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်မှာ ရှိစဉ်-
Intellectual Life in Burma and India under Colonialism ဆိုတဲ့ နောက်စာတမ်းက..အရင်စာတမ်းဖြစ်တဲ့ Literature and Nationalism in Burma နဲ့စာရင် အများကြီး ပိုပြည့်စုံ ပြီး.. ဒေါ်စုရဲ့ ကိုယ်ပိုင် အမြင် သုံးသပ်ချက်တွေ ပိုများ-ပါတယ်။ ဒေါက်တာ မိုက်ကယ်အဲရစ် ရဲ့ အမှာ မှာလဲ..ဒီစာတမ်းဟာ..ဒေါ်စု ရေးခဲ့သမျှ သုတေသန စာတမ်းတွေ ထဲမှာ.. အထူးခြား အပြောင်မြောက်ဆုံး ဖြစ်ပြီး..မြန်မာ့သမိုင်းနဲ့ ပတ်သတ် တဲ့ အခြေခံ သစ် တခုကို ဖော်ထုပ်ထား ခြင်း .. ဖြစ် တယ် ဆိုတဲ့...သုံးသပ်သူ တချို့ ရဲ့. ရှုထောင့် ကို လည်း ထဲ့သွင်း ရေးသား ထားတယ်။
မြန်မာတို့ရဲ့ လူမူရေး၊ ဘာသာရေး၊ နိုင်ငံရေး အမြင် တွေ နဲ့ ..ဘာသာရေးကို အခြေခံတဲ့ မိရိုးဖလာ ပညာရေးစနစ်..အဲဒီကနေမှ.. ခေတ်ပညာတတ် အလွှာတွေ ပေါ်ထွန်းလာပုံ အဆင့်ဆင့် ကို ..ဟိုးရှေးဘုရင်ခေတ် တွေက စလို့..လွတ်လပ်ရေးရစ အချိန်ထိ ..အကိုးအကားပေါင်းများစွာကို အသုံးပြုပြီး လေ့လာ ထားတာပါ။
မြန်မာနိုင်ငံကြီးမှာ..ကိုလိုနီ လက်အောက် အရင်ဆုံးကျရောက်ခဲ့တဲ့ အောက်မြန်မာပြည်သား တွေ ဖြစ်တဲ့ မွန် ကရင် နဲ့ ကမ်းရိုးတမ်းသား ရခိုင် လူမျိုးစု တွေကနေ စပြီး..ပညာတတ်လူတန်းစားတွေ စတင် ထွန်းကားလာ ခဲ့တာပါ..။ အဲဒီမှာ အင်္ဂလိပ် ကိုလိုနီ ဘင်္ဂလားနယ် နဲ့ ဆက်စပ်နေ တဲ့ ရခိုင်လူမျိုးတွေက..အများဆုံး နဲ့ အရင်ဆုံး ပညာတတ်ကြပြီး..ယဉ်ကျေးမူ အစောဆုံး မွန်တွေ တောင် ဒီလောက် မများ ခဲ့ဖူး- လို့ဆိုတယ် ။ နောက် ကရင်အုပ်စု ကတော့..အနောက်နိုင်ငံ သာသနာပြုတွေ နဲ့ပတ်သတ်ဆက်စပ်ပြီး..မစ်ရှင်ကျောင်းတွေက..အစပြုခဲ့တယ် လို့ ဆိုတယ်။
အဲဒီ နေရာ မှာ- မြင်ရတာက..ရခိုင်တွေ မှာတော့..ကြွယ်ဝ ချမ်းသာတဲ့ မြေပိုင်ရှင် မျိုးရိုးမိသားစု တွေ ပဲ..အဲလို ပညာတွေ သင် နိုင်ပေမဲ့.. ကရင် နဲ့ မွန်တွေကို ..မစ်ရှင် သာသနာပြု တွေ ကြည့်ရှု ပုံကျ တော့..ဟိုး အောက်ခြေလူတန်းစား လယ်သမား တွေအထိ သက်ရောက် ခဲ့ တာကို တွေ့ရတယ်။ ဥပမာ- ဒေါက်တာ စံစီဖိုးလို မျိုး..စောစံဖိုးသင် တို့လိုမျိုး။ စောဘဦးကြီးကတော့..မြေရှင်သား လို့ ဆိုတယ်။ ဦးမေအောင်တို့
တကယ်တော့ ပညာတတ် လူတန်းစား ဟာ..တိုင်းပြည်တခုရဲ့ အတွေးအခေါ်ပိုင်း.. နည်းနိသယျ ပိုင်း.. ဗျူဟာပိုင်း က စလို့..ပြုပြင်ပြောင်းလဲမူတခု..တော်လှန်ရေးတခုမှာ..အတော်ကြီးမားတဲ့ အတိုင်းအတာ တခုထိ အရေးပါ- ပါတယ်။ ပိုအရေးကြီးတာက..အဲဒီလူတန်းစားက..အလွှာ တခု သီးသန့်ဖြစ်မနေသင့်ပဲ.. အစိတ်အပိုင်းတခု အဖြစ် ပါဝင် နေသင့် တာပါ။ လူမူ အဆောက်အဦ တခု နဲ့ ခေတ်တခေတ်ကို ပုံဖော်နိုင်ခဲ့တဲ့..(အဲဒီခေတ်ကဆို) ..ကိုလိုနီ အနောက်တိုင်း ပညာတတ် လူတန်းစား တွေဟာ အိန္ဒိယမှာတော့ ကံအားလျော်စွာ..နိုင်ငံရေး လှုပ်ရှားမူတွေ နဲ့ ထပ်တူ ကျ ခဲ့ ပြီး.. အများအပြားလဲ ရှိခဲ့တယ် လို့ ဆိုတယ်။ ဗမာပြည် မှာတော့.. အိန္ဒိယမှာလို အဆင့်ဆင့် ပြောင်းလဲ တိုးတက် လာတာမျိုး မဟုတ်ပဲ..ဖရိုဖရဲ ကွဲပြားနေခဲ့တယ် လို့ .. ယှဉ်တွဲ သုံးသပ်ထားပါတယ်။ အရင် စာတမ်းမှာ သုံးသပ်ထားသလို ဇာတိမာန်နဲ့ယှဉ်တဲ့ လှုပ်ရှားမူတွေ..တော်လှန်ရေး အသွင်အပြင်တွေဟာ.. လက်တွေ့ကျသော်လည်းပဲ..
(vision ) ရေရှည်အမြင် ပိုင်းမှာ အားနည်းခဲ့တဲ့ အတွက်.. ရေရှည် မတည်တံ့ နိုင် ခဲ့တာ လို့..ဆိုပါတယ်။ အဲဒီလို တည့်မဲ့ တဲ့ ခေါင်းဆောင်မူ ကင်းမဲ့နေတဲ့ အဖြစ်ကို သတိပြုမိလာတဲ့.. ၁၉၃၀ ကာလ မျိုးဆက်သစ် လူငယ်တစု ကပဲ.. ဇာတိမာန် အမျိုးသားရေး စိတ် ဓါတ် ကို ..ခောတ်ပညာရေး အခြေခံ နဲ့ ပေါင်းစပ်ပေးနိုင် ခဲ့တယ် လို့ ဆိုပါတယ်။
အဲဒီ အချိန်က.. အိန္ဒိယမှာ ( Renaissances era) `ပြန်လည် နိုးကြားလာတဲ့ကာလ´ ရဲ့ လှိုင်းက.. ဗမာလူငယ် ပညာတတ်တွေကြားထဲ ကို အများကြီး ရိုက်ခတ်လာပါတယ်။ တပြိုင်ထဲ လို မှာပဲ.. ကမ္ဘာတလွှားမှာ ခေတ်စားလာတဲ့.. လက်ဝဲ စာပေ တွေကလည်း.. ဦးကြီ ဖာနီဗယ်ရဲ့ Book Club ကနေ တဆင့်.. အလုံးအရင်း နဲ့ ၀င်ရောက် လာခဲ့ တယ်။ အရမ်းကို နိုးကြား တက်ကြွနေ ကြ ပြီး .. စာပေ အယူဝါဒ တွေ ငတ်မွတ်ဆာလောင် နေတဲ့..ဗမာလူငယ် တွေ အတွက်.. ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျ သလို ဖြစ်ခဲ့ ကြတယ်။ ဒေါ်စု ကတော့.. သူတို့တွေ အငမ်းမရ မြိုချ ခဲ့တာ ကြောင့် ..အယူဝါဒ အစာမကြေ တွေလည်း ဖြစ်ခဲ့ ပုံ ရ တယ်လို့ ရေးထားပါတယ်။
As they were also searching eagerly, perhaps unconsciously, for radical ideas, there was a tendency to swallow much of the whole socialist theory without digesting it properly.
အဲဒီ အချိန်တွေတုန်းက..ဆင်းရဲမွဲတေမူ သိပ်အဆိုးဝါးကြီး မရှိလှတဲ့.. ဇာတ်မြင့်-နိမ့် ခွဲခြားဆက်ဆံမူ လဲ မရှိလှတဲ့.. ဗုဒ္ဓဘာသာ အခြေခံ နဲ့ တန်ဖိုးတွေ အသားကျ နေတဲ့..ဗမာ့လူမူ အဖွဲ့အစည်းအတွက်.. ဆိုရှယ်လစ် ၀ါဒ ဟာ.. အချိန်အခါ နဲ့ အခြေအနေအရ..သင့်တော် တဲ့ ရွေးချယ်မူ မဟုတ်ခဲ့ ဘူးလို့.. ဆိုထားပါတယ်။
In fact, Burmese society with its Buddhist values, lack of extreme poverty and freedom from class exploitation was not a natural candidate for Marxist socialist ideology.
တကယ်က..အဲဒီ အချိန်က..လှုပ်ရှားမူ တွေ ရဲ့ ခေါင်းဆောင်နေရာကို ရောက်နေကြတဲ့ လူငယ် တစုဟာ.. စက်ရုံတရုံက တလိုင်းထဲ ထုပ် လိုက်တဲ့..ကားအသစ်ကလေးတွေလိုပဲ...ဒီပညာရေးစနစ် တခုထဲကပဲ.. ဒီစာပေ..ဒီအခြေခံ တွေနဲ့.. ။ နောက်ပြီး.. တမြေထဲမှာ တမိုးထဲ ..တခြံထဲက..ပွင့်လိုက်တဲ့ ပန်းကလေးတွေလိုပဲ.. ဒီမျိုးစေ့..ဒီအရွယ်..ဒီ အသွေးအရောင်..တွေ နဲ့..တကယ့် လက်ရွေးစင် အုပ်စု လေးတခုပါ။ ဒေါ်စုကတော့.. မှိုင်းရဲ့ ဇာတိမာန်တွေ ကိန်းအောင်းရင်း..ခေတ်စမ်း စာပေ ရဲ့ လှပ ခန့်ညားမူတွေ ထပ်ဆင့် သွန်း လောင်းထားခံရ တဲ့..လူငယ်တွေ လို့ ဆိုပြန်တယ်။
the generation of the 1930s had grown up reading Burmese books, newspapers and magazines. They were as familiar with the anachronistic flavour of Hmaing's language as with the spare elegance of Khitsan.
နံမယ်တွေ အားဖြင့်- အောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း) စိုး ( သခင်စိုး) နု ( ဦးနု) ..သန်းထွန်း ( သခင် သန်းထွန်း) နဲ့ သိန်းဖေမြင့် တို့ကို ဆွဲထုပ် ပြထား ပါတယ်။
စိုး ကတော့- ကွန်ြမူနစ်ဝါဒ ကို ဗမာမူ ပြုပြီး ဗုဒ္ဓစာပေနဲ့ ဖလှယ်ပြန်ယူ ဖန်တီးခဲ့တဲ့ သူ။ နူ - ကတော့.. ဗုဒ္ဓဘာသာ အလွန်အကျွံ သက်ဝင် ကိုးကွယ်သူ ဖြစ်တဲ့ အလျောက်..ကွန်မြူနစ် ၀ါဒ နဲ့ ဗုဒ္ဓဘာသာ ဟာ ဘယ်လိုမှ တွဲစပ်လို့ မရဘူးလို့..တောက်လျှောက် ပြောဆို သက်သေ ပြခဲ့ သူ။ သူတို့အားလုံးဟာ..လက်ဝဲ ၀ါဒ ကို အနဲ နဲ့ အများ လေးစား နာခံ ကြသူ တွေ ဖြစ်တဲ့ အတိုင်း.. အောင်ဆန်း..သန်းထွန်း နဲ့ သိန်းဖေမြင့် တို့ကလည်း.. လွတ်လပ်လာမဲ့ ဗမာပြည် အတွက်.. ဗမာ့ အမျိုးသားရေး စိတ်ဓါတ် အခြေခံ နဲ့ ကိုက်ညီမဲ့.. အယူဝါဒ တခုကို ရှာဖွေ နေခဲ့ ကြတယ် လို့ ဆိုတယ်။
သိန်းဖေမြင့်ကို တော့.. စာပေဖန်တီးမူ အတတ်မှာ.. ပါရမီထူးသူ အဖြစ် ပုံဖော်ထားပြီး သူ့ရဲ့ နံမယ်ကျော်
အဲဒီ အထဲက..နူ ..စိုး ..နဲ့ သန်းထွန်းတို့ စတည်ထောင်ခဲ့ကြတဲ့..နဂါးနီ စာအုပ် အသင်းကြီး အကြောင်း ကိုလည်း.. စိတ်ဝင်စား ချီးကျူး ဖွယ်ရာ ဖတ်ရှု လိုက်ရပါသေးတယ်။ ဒါဟာ လည်း ဦးကြီးဖာနီဗယ် ရဲ့ စာအုပ် အသင်း ဆီက..ရလာတဲ့.. အားကျ အတုယူ မူ တခု ဖြစ်နေမှာပါ။ အဲဒီ နဂါးနီ စာအုပ်အသင်းကြီးကနေ စာအုပ်ပေါင်း ၁၀၁ အုပ်ကို ကြီးကြပ် ထုပ်ဝေ ခဲ့ပြီး.. အဲဒီ စာအုပ်တွေ ဟာ..လွတ်လပ်ရေးရပြီးစ ဗမာနိုင်ငံကြီး ကို အများကြီး ပုံဖော်ခဲ့ လိမ့် မယ်လို့လည်း ယူဆ မိပါတယ်။
အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့.. ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင် တချို့ကတော့..နောက်ပိုင်းမှာ.. အစွန်း ရောက် လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ ( racial chauvinism) ရဲ့ အန္တရယ် ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး.. အရှိန်လျှော့ဖို့ ကြိုးစား ခဲ့ကြ ပါသေး တယ်။ သူတို့တွေ အပါအ၀င် တတိုင်းပြည်လုံး ရဲ့ သွေးတွေကို ဆူပွက် စေခဲ့တဲ့..တို့ဗမာ အစည်းအရုံးကြီးရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့..
အဲဒီ နေရာမှာ.. အကောင်း- အဆိုး ဆိုတာထက်.. သုံးသပ် ပြထားတဲ့ တချက်က.. ဗမာပြည်လိုပဲ..လူမျိုးစု ဘာသာစကားတွေ ကွဲပြားလှ တဲ့ အိန္ဒိယ မှာတော့.. အင်္ဂလိပ်စာကို ရုံးသုံး ပြုလုပ်ခဲ့ခြင်း ( ဖြစ်နေခြင်း) ဟာ.. ညီညွတ်မူ အတွက် အားသာချက် တခု ဖြစ်လာခဲ့တယ် .. တဲ့။
ဒါ အမှန်ပါပဲ။
တိုင်းရင်းသား သူငယ်ချင်း တယောက်က.. ပြောပြ ဖူးတယ်။ ..သူ ဆယ်တန်းမှာ.. မြန်မာစာကို အကြောက်ဆုံးပဲတဲ့..။ စာစီစာကုံး ဖြေဖို့ သိပ်ကို ခက်ခဲ ခဲ့တယ် လို့ ဆိုပါတယ်။ ဒါဟာ ဘုံ ဘာသာစကား တခုကို သင်ယူရခြင်းမို့ မထူးဆန်းလှတဲ့ ..ယိုးမယ်ဖွဲ့စရာ ကိစ္စ မဟုတ် ပေမဲ့..သူတို့တွေ ရဲ့ စိတ်ထဲမှာတော့..ဗမာ ဆိုတာ..ရွံ့မုန်းကြီး ဖြစ်နေခဲ့ မှာ ပါပဲ။
စာတမ်းရဲ့ နောက်ဆုံး နိဂုံးမှာ.. အိန္ဒိယ နဲ့ ဗမာ ကို အတိုချုပ် ပြီး ..နှိုင်းယှဉ် သုံးသပ်ထားပါတယ်။ အဲဒီလို ဘာသာ စကား ကွဲပြားမူ ပြသာနာ ကို.. အိန္ဒိယက..အင်္ဂလိပ်စာ ကြားခံ သုံးရင်း ဖြေရှင်း နိုင်ခဲ့သလို.. သူတို့ရဲ့ ရိုးရာ အစဉ်အလာ ဇာတ်မြင့် ဦးစားပေးတဲ့ ယဉ်ကျေးမူ ကြောင့်.. လူမူ ဆက်ဆံရေး ရှုထောင့် သက်သက် က ကြည့်ရင်.. အင်္ဂလိပ်တွေရဲ့ ဦးဆောင် အုပ်ချုပ်မူ နဲ့..အလွမ်းသင့် ခဲ့တယ် လို့-- ဆိုပါတယ်။ တပြိုင်တည်းမှာပဲ.. အထက်တန်းစား လက်ခံတဲ့ အယူအဆ ( Elitism ) ကလည်း လွတ်လွတ် လပ်လပ် ရှိနေ ခဲ့တယ်။ လွတ်လပ်ရေး ကြိုးပမ်းမူ ခေါင်းဆောင် တွေ ဟာလည်း..အဲဒီ လူတန်းစား ထဲ ကပဲ..ပေါ်ထွက် ခဲ့တယ် ဆိုတာကို ထောက်ပြ ထားပါတယ်။
အဲဒီ အချိန်မှာ..ဗမာ ပြည်မှာတော့.. သာတူညီမျှ စနစ် ( Egalitarian ) ကြောင့်..လူတန်းစား တိုက်ပွဲ တွေ ပြင်းထန် ခဲ့တယ်။ ဖြစ်ချင်တော့လည်း.. အဲဒီလို လူ့မလိုင် ခေတ်ပညာတတ် လူတန်းစား တွေက.. အစပိုင်းကာလတွေမှာ.. အောက်ခြေလွတ်ပြီး..ဗမာ့ရှေးထုံး စဉ်လာ စာပေ တွေကို မျက်ကွယ် ပြု ခဲ့တာကြောင့်.. အထက်တန်းစား မုန်းတီးရေး စိတ်ဓါတ်က...ပိုလို့ ပြင်းထန် စေပြီး..အချင်းချင်း ဝေးကွာ ခဲ့ ကြ ရတယ် ။ နောက်ပိုင်းခေတ်.. ၁၉၃၀ ကာလ- လူငယ်ခေါင်းဆောင်တစု ရဲ့ အသိ အင်အားနဲ့ ပြန်လည် သင့်မြတ်ဖို့ ကြိုးစား ခဲ့ကြ ပေမဲ့.. တကယ့် တကယ် မှာတော့..လူတန်းစား စိတ်ဓါတ် အခြေခံ က.. လူပီသ တဲ့ လူတွေ ကြားထဲမှာ..သိသိသာသာ တမျိုး ..မသိမသာ တနည်း.. ရှိနေ ခဲ့ တော့ တာ ပါ ပဲ။
အဲဒါတွေ အားလုံးရဲ့ ရလဒ်ဆိုး ကို.. ယထျဘူတ ကျကျ သုံးသပ်ထား တာကတော့.. အိန္ဒိယမှာ..အဲဒီလို.. လူတန်းစား ကွာဟ ချက်ကို လက်ခံ ထားခဲ့တာကြောင့်.. အဲဒီ အဟ ကြီးက..အိုင်းအနာကြီးလို.. ကျယ်သထက် ကျယ်- ကျယ်လာပြီး.. (သူတို့ အခေါ်) Renaissance အယူအဆ တွေ နဲ့ တိုးတက် ပြောင်းလဲ မူ တွေ ကို ရေရှည် ထိန်းမထား နိုင် ခဲ့ တော့ ဘူး ။ ဗမာပြည်မှာ လည်း.. Elite ဆိုတဲ့..ခေတ်ပညာတတ်..တွေရဲ့ တန်ဖိုးကို ပြည့်ပြည့်၀၀ အသုံးမချ နိုင်ခဲ့တဲ့ အတွက်ကြောင့်.. အောင်မြင် သင့် သလောက် မအောင်မြင်ပဲ..ဖြစ်ခဲ့ ရတယ် - လို့..အဆုံးသပ် ထားပါတယ်။
သေချာတာကတော့.. ဗမာ့လူမူ အဖွဲ့အစည်းကြီးဟာ.. ယနေ့ထက်တိုင်..သူနဲ့ တန် တဲ့ ရွှေဖိနပ် တရံ မရနိုင်သေးတဲ့ စင်ဒရဲလား မင်းသမီးလေး လို.. ညီအမ တွေဖြစ်တဲ့ အိမ်နီးချင်း နိုင်ငံတွေ ကြားထဲမှာ.. ၀မ်းနည်း အားငယ် စရာ တွေနဲ့ ပြည့် နှက် နေတာပါ ပဲ ... ဆိုတဲ့.. အနောက်တိုင်း ပညာရှင် တချို့ရဲ့ တင်စားချက် ကလေးကို ..ထပ်ပြီး ကိုးကား ရင်း.. အဆုံးသတ် ..သက်ပြင်း ချလိုက် မိ ပါတော့တယ်။
ဆက်စပ်ဖတ်ရန်- ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်
ဗမာ့ပညာတတ်များ နှင့် စင်ဒရဲလားအတွက် ဖိနပ်တဖက်
Labels: Books , Inspiration , Reviews
ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်
++++++++++++++
လူတယောက်ဟာ..ကြီးပြင်းလာလို့ တချိန်ချိန်မှာ.. သူ့လူမျိုးရဲ့ ဇစ်မြစ် သမိုင်းတွေကို စိတ်ဝင်စားလာတာ.. လိုက်စားဖြစ်တာ.. အနဲဆုံး..အချိန်ပေး ဖတ်ရှုဖြစ်တာ ဟာ.. သဘာဝ ကျတဲ့ ဖြစ်စဉ်တခုပါ။
အခုလဲ..ဒေါ်စု ရဲ့ စာတမ်းတချို့ကို စဖတ်ကြည့်တော့မှ.. ဗမာ့သမိုင်းတွေ..ဗမာ့စာပေ တွေကို.. ရှေးမဆွထဲက.. နက်နက်နဲနဲ နှိုက်ယူ ထားနိုင်ပုံ ကို မယုံနိုင်စရာ ကောင်းလောက်အောင် တွေ့လိုက်ရတယ်။ အခု ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်ဓါတ် ဆိုတဲ့ စာတမ်းက.. ၁၉၈၇ ခုနှစ် ကျိုတို တက္ကသိုလ်မှာ ဒေါ်စု စာတမ်းပြုစု ချိန်က..ရေးသား ဖော်ပြခဲ့တဲ့ တခုပါ။
စာတမ်းမှာ..၂၀ ရာစု အစောပိုင်း ကာလတွေကို ၀ံသာနု ခေတ် လို့ တင်စား ပြီး..သမိုင်း ကြောင်း အကျဉ်း နဲ့အတူ တင်ပြထားပါတယ်။ ၁၉၃၀ မှာ အင်ဒို- ဗမာ အရေးအခင်းကနေ.. မငြိမ်မသက်မူတွေ စဖြစ်လာတာ.. ကမ္ဘာ့စီးပွားပျက်ကပ်နဲ့အတူ ဆရာစံ သူပုန် ပေါ်လာတာ.. နောက် ဒို့ဗမာ အစည်းအရုံးကြီးနဲ့အတူ လက်
တကယ်တော့.. ခေတ်ပညာတတ်တွေ လည်းဖြစ်ကြ ... မျက်နှာဖြူ အုပ်ချုပ်သူတွေ နဲ့ လဲ နီးစပ်ကြ လို့ ၊ ဗမာမျိုးချစ် တွေ အနေနဲ့ နှစ်နှစ်ကာကာ မရှိလှတဲ့.. ဦးကြီး ဖာနီဗယ်တို့.. ဒေါက်တာ လုစ် တို့ ဦးဖေမောင်တင် တို့ အုပ်စု တွေ နဲ့ တခြား မစ်ရှင် ကျောင်းထွက် တွေကပဲ၊ ဗမာ့စာပေ သမိုင်းတခုကို စတင်ခဲ့ကြတာပါလား... လို့ ၊ စာတွေပေါ်ကနေ ရောင်ပြန်ဟပ်ပြီး တွေးကြည့် မိတယ်။ ဒီကြားထဲမှာမှ.. ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့လို.. ရိုးရာ ဓလေ့ ဘုန်းကြီးကျောင်းပညာတတ်..က၀ိ အကျော်ကြီးတွေ ကလည်း.. အပြိုင်ဆိုသလို ဖြစ်လာ ခဲ့တယ်။ အဲဒီလို.. ပါဠိ အထုံအမွှန်း ရှေးမြန်မာစာ အခန့် နဲ့ ခေတ်အမြင် ကမ္ဘာ့အတွေးတွေ ရောယှက်လာတဲ့.. ခေတ်သစ် မြန်မာစာ ကို လှပ အဆင်ပြေစွာ ပေါင်းကူး ပေးခဲ့တာက.. ဆရာကြီး ဦးဖေမောင်တင် မွေးထုတ်လိုက်တဲ့..ခေတ်စမ်း စာပေ ပဲ လို့.. စာတမ်းထဲမှာ သုံးသပ်ထား ပါတယ်။
တကယ်လည်း မြန်မာစာ သစ် ရဲ့ အခန်းကို စတင် ဖွင့်လှစ် ခဲ့တဲ့..ပထမဆုံး ၀တ္တု .. `မောင်ရင်မောင် မမယ်မ ( ၁၉၀၄)´ ကို ရေးသားခဲ့သူဟာ.. အောက်မြန်မာပြည်သား.. မစ်ရှင်ကျောင်းထွက်..ခရစ်ယန်ဘာသာဝင် ..ဂျိမ်းစ် လှကျော်( ဂျော်) ဖြစ်တယ်။ ၀တ္တုကတော့..နိုင်ငံခြားစာအုပ်ဖြစ်တဲ့ မွန်တီခရစ်တို မြို့စားကြီးကို မှီငြမ်း ထားတာ ဖြစ်ပေမဲ့.. ပထမဆုံး မြန်မာ ဇတ်လမ်းဝတ္တုတပုဒ် အဖြစ် သမိုင်း
သူ့နောက်မှာ ဆက်ထွက်လာတဲ့.. ဦးလတ် ရဲ့ `စပယ်ပင်´(၁၉၁၂) နဲ့ ` ရွှေပြည်စိုး´ (၁၉၁၄)
အဲဒီ နောက်တော့..မြန်မာ့စာပေ သမိုင်းမှာ..အခုထက်တိုင် လွှမ်းမိုးပဲ့တင်နေသေးတဲ့..ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ ဋီကာ တွေ ပေါ့။ ဆရာကြီးရဲ့ လေးချိုးကြီးတွေကလည်း.. ခေတ်စနစ်နဲ့ ကျွန်ပြုခံ သာမန်ပြည်သူတွေ ရဲ့ နှလုံးသား နဲ့ ထပ်တူ ကျနေ ခဲ့တယ်။ စာတမ်းထဲမှာတော့.. သခင်ကိုယ်တော်မှိုင်း ဆိုတာ..ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလ မြန်မာ့စာပေ ကို အများကြီး ကိုယ်စား ပြု ခဲ့ ပေ တယ် လို့ သုံးသပ်ထားပြီး.. ဂန္တ၀င်စာပေ အရေးအသား နဲ့ အသုံးအနှုံး တွေကို ထိန်းသိမ်း နိုင်သလောက်..ကိုလိုနီ ခေတ် ပညာရေး က ထွက်ပေါ်လာတဲ့..လူငယ်တွေရဲ့ အတွေးအမြင် ခေတ်မှီမူတွေကိုလည်း.. လက်ဝဲစာပေ တွေ အထိ ..လေးစား လက်ခံ အသိအမှတ်ပြုခဲ့တဲ့.. အမြင်ကျယ်သူ တယောက်အဖြစ် ရေးသားထားပါတယ်။ ဒါပေမဲ့..သူ့ရဲ့ နောက်လိုက် တပည့် သာဝကတွေ သက်ဝင်ယုံကြည်တဲ့ မာ့က်စ် ရဲ့ ဆိုရှယ်လစ် အယူအဆ တွေကို ဘယ်လောက်ထိ သူ တကယ် ဖမ်းဆုပ် ဖြစ်ခဲ့သလဲ ဆိုတာ.. မေးခွန်းထုတ်စရာ ပါလို့..ဒေါ်စုက.. အဆုံးသပ်ထားပါတယ်။
၁၉၃၃ ကနေ..၁၉၃၄ အထိကိုတော့.. ခေတ်စမ်း စာပေ ကာလ လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ် ကြီးမှာ မြန်မာစာ ဌါန ကြီးတခု ဖြစ်လာအောင် အားထုတ်ကြိုးပမ်းခဲ့တဲ့ ဆရာကြီး ဦးဖေမောင်တင် ရဲ့ တပည့်ရင်း တပည့်ဦး တွေ ဖြစ်တဲ့ သိပ္ပံ မောင်ဝ ..ဇော်ဂျီ နဲ့ မင်းသုဝဏ် တို့ ၃ ဦးဟာ ခေတ်စမ်း စာပေ ရဲ့ ထင်ရှားတဲ့ သင်္ကေတ တွေ ဖြစ်ပါတယ်။ သူတို့အုပ်စု ဟာ.. ရှေး ဂန္တ၀င် စာ ပေ တွေကို လည်း နှံ့စပ်တဲ့အပြင်.. အင်္ဂလိပ်စာ..ပျူ..မွန် နဲ့ပါဠိ စာပေ တွေကိုပါ.. ကျွမ်းဝင် ကြပါတယ်။ ပါဠိ အသုံး ကိုးကားမူ တွေ နဲ နိုင်သမျှ နဲနဲ နဲ့ ရိုးရှင်း တဲ့ ၀ါကျ တည်ဆောက်ပုံတွေကို ..အစောပိုင်း ကတော့..ဝေဖန် ရှုတ်ချ မူတွေ လဲ ရှိခဲ့ပါတယ်။ ၁၉၃၀ လောက်မှာ ပေါ်ခဲ့တဲ့.. ဦးဖိုးကျား နဲ့ ပီမိုးနင်း စာတွေ ကိုလည်း..ခေတ်စမ်း ရဲ့ ရှေ့ပြေးတွေ အဖြစ် ယှဉ်တွဲ သုံးသပ် ထားပါသေးတယ်။
ခေတ်စမ်း ၃ယောက်ထဲမှာဖြင့်..သိပ္ပံ မောင်ဝ ကို ဝေဖန်အခံရဆုံး ဖြစ်တယ် လို့ ဆိုတယ်..။ အင်္ဂလိပ် မင်း တွေ အောက်မှာ အမူထမ်းတဲ့ အိုင်စီအက်စ် အရာရှိ ဖြစ်နေခဲ့တာကို.. အကြမ်းဖျင်း စာဖတ် ပရိသတ်အနေနဲ့.. လက်ညှိုးထိုးစရာ ဖြစ်နေခဲ့တာ.. တကယ်တော့..စိတ်မကောင်းစရာပါ။ သူ့စာတွေက..အခြေခံ လူတန်းစားကို အပေါ်စီးက ကြည့်တယ်လို့ ပြောသူပြော.. မျိုးချစ်စိတ် မရှိသူလို့ ဆိုသူက..ဆိုကြ ပါတယ်။ တကယ်တော့..သပိတ်မှောက် ကျောင်းသားလဲ ဖြစ်ခဲ့..အမျိုးသား ကျောင်းဆရာ လဲ လုပ်ခဲ့ဖူးတဲ့ သိပ္ပံမောင်ဝ ( ဦးစိန်တင်)ဟာ..တရားဥပဒေ ကို အင်မတန် အလေးထား တဲ့ နိုင်ငံကြီးသား တယောက်ဖြစ်ပြီး..ဒီလို တန်ဖိုးထားခြင်းဟာ...လွတ်လပ်တဲ့ တိုင်းပြည်တခုမှာ ဂုဏ်အင်္ဂါ တရပ် ဖြစ်ပေမဲ့.. နိုင်ငံခြား သား အုပ်စိုးမူ အောက်က..ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေ အတွက်တော့..မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ ရ ခြင်းပဲ.. လို့..ဒေါ်စုက..သုံးသပ်ထားပါတယ်။ သူ့ကို ဘင်္ဂါလီ စာရေးဆရာတယောက်နဲ့ နှိုင်းယှဉ်ပြ ထားပြီး သူသာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ.. မသေခဲ့ဖူး ဆိုရင်..( ၁၉၄၁ မှာ. ဓါးပြ သတ်လို့ အသက်ဆုံးခဲ့ပါတယ်) လွတ်လပ်တဲ့ မြန်မာနိုင်ငံကြီးမှာ စာရေးဆရာတယောက်အဖြစ် ဘယ်လို ပြည်သူ့အကျိုးပြုမယ်ဆိုတာ.. ဘယ်သူမှ မသိနိုင်ပါဘူး လို့ မှတ်ချက်ပြုထားပါတယ်။
ဇော်ဂျီ နဲ့ မင်းသုဝဏ် ရဲ့ ကဗျာစာပေ တွေမှာတော့..ဇော်ဂျီရဲ့ စာတွေက .တော်လှန်ရေး နိုးဆော်သံ တွေ..နိုင်ငံရေး အငွေ့အသက် တွေ ပါ ပြီး..မင်းသုဝဏ်က တော့.. သဘာဝ တော တောင် အလှ နဲ့ ကျေးလက် သဘာဝ တွေ ..ကလေး ကဗျာတွေမှာ ပို သက်ဝင် တယ်လို့ ခွဲခြားသုံးသပ်ထားပါတယ်။ အချုပ်မတော့..ခေတ်စမ်း စာပေ ကဗျာတွေဟာ..အတုံးလိုက် အတစ်လိုက်.. နိုင်ငံရေး ဝေါဟာရ တွေ... ချဲ့ကား စိတ်ကူးယဉ် ထားတဲ့ သမိုင်းကြောင်းတွေ မပါ ပဲ.. တကယ့် လူမူ သဘာဝ ကို ဖော်ပြ ရင်း.. တပြိုင်တည်းမှာပဲ..၀ံသာနု တရားတွေကို လည်း ပေါင်းကူး ယှက်နွယ်ပေးရင်း.. စာဖတ်သူတွေ ရဲ့ ရင်ထဲကို အမျိုးသားရေး နိုးကြားမူတွေ မသိမသာ ကိန်းအောင်းစေခဲ့တယ်လို့.. နှစ်သက်စွာ ရေးသားထားပါတယ်။
အဲဒီ ခေတ်က.. အမျိုးသားရေး နိုးကြားဖို့ ဆိုတဲ့.. စေတနာ ရည်ရွယ်ချက်နဲ့ သမိုင်း နောက်ခံ စိတ်ကူးယဉ် ဇတ်လမ်းတွေကလည်း.. အတော့်ကို ထင်ရှားခဲ့တာကိုး။ ဒေါ်စုက..တော့်တော့်ကို နှိုက်နှိုက်ချွတ်ချွတ် လိုက်လံ ဖတ်ရှုထား ခဲ့တာပါ..။ သူ နမူနာ ပြခဲ့တာတွေက..လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးတဲ့..`နတ်သျှင်နောင် (၁၉၁၉)´.. မဟာဆွေ ရဲ့ `သူပုန်ကြီး(၁၉၃၆)´ .. `စစ်ထွက်သူ (၁၉၃၉) ´ .. ဇေယျ ရဲ့ ` မြတ်လေးရွှေဓါးဘို ( ၁၉၂၁).. ဦးသိန်းမောင် ရဲ့ ` ရဲမြန်မာ့ (၁၉၃၁)´ ။ တော်တော့်ကို စုံပါတယ်။
နောက်ဆုံး ဒဂုန်ခင်ခင်လေး ရဲ့ ` ရွှေစွန်ညို( ၁၉၃၃)´ ကို ဆိုရင်..အသေအချာ တောင် ဇတ်ကြောင်းပြန်ပြ ထားပါသေးတယ်။ အဲဒီမှာ.. ကုန်းဘောင်မင်းဆက် အရှုပ်တော်ပုံတွေ ကြားက ..ပြေးလာတဲ့..မင်းမျိုးနွယ် တယောက် ကစလို့.. သူ့ရဲ့ မျိုးဆက် ၃ ဆက်တိုင်တိုင်..နောက်ဆုံး တရုတ် မြန်မာ နယ်ခြားက.. လက်ဝဲ တော်လှန်ရေး သမား တယောက်ထိ.. ရေးပြထားတယ် ဆိုတော့.. ဖတ်ကြည့်ချင် စိတ်တောင် ပေါက်လာပါတယ်။ ဂျူး ရဲ့ ရုပ်ရှင် ရိုက်ခဲ့တဲ့` တခါက..ဧရာဝတီညများ´ ကိုတောင် သတိရ မိတယ်။
သိန်းဖေမြင့် ကိုလည်း..ဒေါ်စုက..တော်တော့်ကို လေးလေးနက်နက် သီးသန့် ခေါင်းစဉ်တပ်ပြီး ရေးပြထားပါတယ်။ ` သခင်ကိုယ်တော်မှိုင်း ဦးလွန်း အတ္တုပတ္တိ´ ဆိုတဲ့သူ့ ရဲ့ စာအုပ်မှာ ရေးခဲ့တဲ့..နိဒါန်း အမှာ ထဲက..စာသားတခုကို အသေအချာ ကောက်နုတ်ပြ ထား တာ တွေ့ရတယ်။ -- အပြစ်မှာ အဖိုးအခ ရှိတယ်..ပြန်ပေးဆပ် ရ လိမ့် မယ်.. လူမူရေး..နိုင်ငံရေးတွေမှာ မှားယွင်း ဖောက်ပြန်မူတွေကို လုံးဝ လျစ်လျူရှုထားလို့ မဖြစ်နိုင်ဘူး.. စာရေးဆရာ တွေရဲ့ တာဝန်က....ဒါတွေကို ထောက်ပြ ရုံတင် မဟုတ် ပဲ.. အဖြစ်နိုင်ဆုံး ဖြှေရှင်း နိုင်တဲ့ နည်း လမ်း တွေကိုပါ ပေးသင့်တယ်--- ဆိုတဲ့ သဘောမျိုးပါ။
ဒေါ်စု ကိုယ်တိုင် ပြောတာကလဲ.. စာရေးဆရာ တွေ ဟာ...ပြည်သူတွေရဲ့ ရင်ခုန်သံ နဲ့ ဝေးပြီး..သူတို့ရဲ့ အသိပညာ အတတ်ပညာ လေး ထဲမှာတင် ရှိမနေသင့် သလို.. တဖက်ကလည်း.. ပြည်သူ ကို ခင်းပြ ချပြရမဲ့..နည်းလမ်းကောင်းတွေ..အတွေးအခေါ် အသစ်တွေကို လည်း.. အမြဲ ဆန်းသစ် ဖော်ထုပ် နေသင့်တယ်လို့....ဆိုထားပါတယ်။
နောက် ဆုံး ပိုဒ်မှာ သူထောက်ပြ တဲ့ စိတ်ဝင်စားစရာ တချက်ကတော့.. ဗမာပြည်ထက် ကိုလိုနီ သက်တမ်းပိုရှည်တဲ့.. ပိုစောတဲ့..အိန္ဒိယ နိုင်ငံမှာတော့..စာရေးဆရာ တွေ ပညာရှင်တွေဟာ.. အနောက်နိုင်ငံသားတွေ ရဲ့ ၁၈ ရာစု လစ်ဘရယ် ထုံးစံ အမူအကျင့်တွေ ကို ပိုမို ထိတွေ့ ကူးစက်ခွင့် ရခဲ့ပြီး.. အဲဒီ ရလဒ်တွေ အဖြစ်..၁၉ ရာစု လောက်ကတည်းက..ဖွဲ့တည်လာတဲ့..လစ်ဘရယ်အယူအဆ တွေနဲ့ပဲ.. ၂၀ ရာစု အစောပိုင်း လွတ်လပ်ရေးလှုပ်ရှားမူ တွေကို.. တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်ခဲ့တယ်လို့.. ဆိုပါတယ်။ ဒါဆိုရင်.. ဗမာနိုင်ငံ မှာ.. ၂၀ ရာစု အစောပိုင်းကမှ.. အသက်ဝင်လာခဲ့တဲ့..စာပေ လှုပ်ရှားမူတွေ နဲ့အတူ..၁၉၃၀ ပိုင်းလောက်မှာ ဖြစ်နေတဲ့ ..မြန်ဆန်တဲ့ အပြောင်းအလဲ..ကမ္ဘာ့အခင်းအကျင်းတွေ.. အောက်ကနေ.. ရုံးကြွ တက် လာတဲ့..၀ံသာနု အမျိုးသားစိတ်တွေ ကတော့..လစ်ဘရယ် အခြေခံ တွေနဲ့ အလှမ်းဝေးခဲ့လို့များ.. ပြသာနာတွေ မငြိမ်းနိုင်ခဲ့လေ သလား လို့..ကိုယ့်ဖာသာ ဆက်ပြီး စဉ်းစားနေ မိသေးတယ်။
ဒေါ်စုက.. ဒီစာတမ်းကို ပြုစုတဲ့အခါ တမင်တကာကို.. ပညာရပ်ဆန်တဲ့ အကိုးအကားစာအုပ် တွေ ကို မသုံး ပဲ.. အဲဒီ ၀ံသာနု ခေတ်ကာလက..ပြည်သူတွေကြားထဲမှာ.. ထဲထဲဝင်ဝင် စွဲစွဲမြဲမြဲ ရှိခဲ့တဲ့ .. စာအုပ်တွေနဲ့ စိတ်ကူးယဉ် ၀တ္တု တွေကို အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ အဲဒါမှလည်း ပြည်သူ ထဲက..လာတဲ့ ရင်ခုန်သံ စစ်စစ်..စိတ်ဆန္ဒ အမှန်တွေကို.. နားလည် သုံးသပ်နိုင်မှာ မဟုတ်လား။ ရာဇ၀င် ဆိုတာတွေကတော့..နံမယ်နဲ့လိုက်အောင်..မင်းစိုးရာဇာတွေရဲ့ အကြောင်းတွေ ချည်းပဲ မို့လို့.. အဲဒီ ခေတ်တွေက.. ရှားရှာပါးပါး..ဦးပုည ရဲ့ ရေသည်ပြဇတ် လိုမျိုးလေး တွေက လွဲရင်.. အားလုံးလိုလို က မှန်နန်းဆောင် ပေါ်က..သမိုင်းတွေ ချည်း ဖြစ်နေခဲ့တာပဲ လေ။
ပြည်သူ့ စာပေတွေ မပေါ်သေးတဲ့ ခေတ်တွေကနေ. . . ပြည်သူ့ စာပေတွေ အင်နဲ့အားနဲ့ ရုန်းကြွ လာခဲ့ ။ ခုတော့လည်း . . . ပြည်သူ့ အသံ တွေဆိုတာ သောသောကို ညံ လို့.. ။
ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်
၂၁ ဗားရှင်း ကျမ်းစာ
ကျမ်းစာလာသည်
လျှာက အလုပ်ပါး
လက်-အလုပ်များတဲ့ ခေတ်မှာ..
ဘုရားသခင်..
ဒီတခါ ကျမ်းစာထွက်ရင်
၂၁ ဗားရှင်းမှာ
အောက်ခြေမှတ်စု
ပြုစုပေးတော်မူပါ။
(ကိုးကား - ယာ ၃း ၆ )
၂၁ ဗားရှင်း ကျမ်းစာ
Labels: poems
ငယ်ဆရာ (၂)
`လောင်း- နောင်- ဆင်- စဥ့်- မောင်- ဘိုး- ဘ- သာ ´ လိုမျိုး ကုန်းဘောင်မင်းဆက် မှတ်နည်း တွေ.. သက္ကရာဇ် ခုနှစ်တွေကို မှတ်မိဖို့.. အထင်ကရ ခုနှစ်တခုကို မူတည်ပြီး နုတ်- ပေါင်းသွား တဲ့ နည်း တွေကို ပြပေးတဲ့ ဆရာမ။ နောက်ပြီး.. အတန်းတွင်း ပါဝင်မူ ရှိအောင်..အိပ်လဲ မငိုက်ရအောင်.. ပြဇတ်တွေ လုပ်သေးတယ်။ `အောင်ကြီးက..မင်းတုန်းမင်း ကြီးလုပ်.. လာ.. မောင်မောင်က.. ကနောင်မင်းသားကြီးလုပ်..´ ဆိုပြီး..အတန်းထဲက..ခပ်ရဲရဲ ခပ်သွက်သွက် ကျောင်းသားတွေကို စင်ပေါ် ခေါ်ပြီး.. မျက်စိ ထဲ ဆွဲ..စိတ်ထဲ ကျန်အောင်..လုပ်ပေးတတ်သည်။ မြန်မာစာ ဆရာမ နဲ့ အပြိုင်.. ကဗျာတွေလည်း စပ်သူမို့..
.... ပထမ မြန်မာစစ်ကိုလ.. ရ န္တ ပို စာချုပ် ချုပ်လို့.. ငြိမ်းလိုက်ရပေ..စာချုပ်ပါ အချက်များက..ငါးမျိုးပါနေ.. အာသံ နဲ့ မဏိပူကိုလေ ...
ဆိုတဲ့ ကဗျာအချိုးလေးတွေ နဲ့.. သမိုင်းဘာသာ ရပ်ကို စိတ်ဝင်စားအောင်.. သင်ပေးခဲ့တဲ့ ဆရာမက တော့..ရန်ကုန်ပြန်တိုင်း လေဆိပ်မှာ ပထမ ဆုံးတွေ့ရ တတ်တဲ့..ကိုယ့်မေမေ ပေါ့။ ဖုံးခေါ်တိုင်းလည်း သူက ကဗျာတွေ ရွတ်ရွတ်ပြ ပြီး.. ကိုယ့်ကို သမ္ဗုဒေ အမြဲ ပြန်ရွတ်ပြခိုင်းတဲ့.. ၇ တန်း သမိုင်းဆရာမ ကတော့.. အနန္တဂိုဏ်းမှာ ၂ မျိုးတောင် ၀င်နေတာမို့..ကန်တော့လိုက်ပါတယ် ဆရာမရေ..။
ပန်းချီ- ချောစုလှိုင် ( ဒီကယူပါသည်)
၈ တန်း ရောက်တော့..ထုံးစံ အတိုင်း..ရမှတ်ကို ကြည့်ပြီး..သိပ္ပံ - ၀ိဇ္ဖာ လိုင်းစခွဲ တဲ့ စနစ်သစ်ရဲ့ ဒုတိယ နှစ် မို့.. အပီအပြင် ကြိုးစားကြရ ပြန်တယ်။ ဘာမှန်းလဲ သေချာ မသိပဲ..မိဘတွေ..ဆရာတွေက..သိပ္ပံ ၀င်မှ ဆိုတော့..၈ တန်းအရွယ်လေး တွေက ဘာနားလည်မှာ မို့လဲ..။ တကယ်တော့..အဲဒီ စနစ်ဟာ.. ကျောင်းသားတွေကို သွေးခွဲ ဘ၀င်မြင့် စေသလိုဖြစ်စေပြီး.. စောစောစီးစီး အသိအမြင် ကျဉ်းမြောင်းသွားစေ တဲ့ စနစ်လို့ ထင်တာပဲ။
၈ တန်းမှာ ဂျီသြော်မေထရီ သင်တဲ့ ဆရာမ ကို လည်း အမြဲ သတိရ နေမိတယ်။ သူက.. မြို့ခံ မဟုတ်ဘူး။ သိပ်မဝေးတဲ့ အနားက မြို့လေးတခု မှာ နေတာဆိုတော့..မနက်ခင်း ၈ နာရီလောက်ဆို..အဝေးပြေး လမ်းမကြီးပေါ်မှာ ထိုးဆိုက်လာတတ်တဲ့ ခရီးသည်တင် ဒတ်ဆန်ကား နောက်ခန်းလေးထဲက..ကိုင်းကိုင်း - ကိုင်းကိုင်း နဲ့ ဆင်းလာတဲ့..ဆရာမဆီက လက်ဆွဲခြင်း ပြေးသယ် ကြတဲ့ အထဲမှာ ကိုယ်လဲ ပါတာပေါ့။ ကိုင်းကိုင်းလေး ဖြစ်နေရတာက..သူက..ပိန်ပိန် အရပ် ရှည်ရှည်..။ အသားရောင်က.. ထန်းညက်ခဲကြမ်း ရောင် လိုမျိုး နဲ့..ဟိန္ဒူ အမျိုးသမီး တယောက်ပါ။ အဲဒီတုန်းကဆို ရှိလှ.. အသက် အစိတ်အောက်ပဲ ရှိအုံးမှာ။ သူ လုပ်ချင်တာ ယုံကြည်တာဆို..ကျောင်းအုပ်ဆရာကြီးလဲ မကြောက်.. ရဲရဲတင်းတင်း လုပ်တတ်တဲ့...တကယ့် တံမြက်စည်း အသစ်ကလေး ။ လမ်းလျှောက်ရင် လည်း မြောက်မြောက်..မြေက်မြောက် နဲ့။ ဆံပင် ဂုပ်ဝဲလေးကို ကလစ်ဖတ်ကြီးနဲ့ ဆွဲစုစည်းထားတဲ့ ဆံထုံး အတုလေး ဖတ်လပ် ဖတ်လပ် နဲ့ အတန်းထဲ ၀င်လာပြီ ဆို တာနဲ့..ကျောက်သင်ပုန်းမှာ.. မြေဖြူရောင်စုံ နဲ့ ထောင့် မသိသေးတဲ့တြိဂံတွေ..အနား မညီသေးတဲ့စတုဂံတွေ.. ယိုင်မျဉ်းပျောက်နေတဲ့ ရွမ်းဘတ် တွေ.. ဆွဲတော့တာပဲ။ ပြီးရင် ဘာမှ မပြောဘူး။ တတန်းလုံးကို စဉ်းစား ခိုင်းထားတယ်..။ သီအိုရမ်တွေ မကျေတဲ့ ကျောင်းသားတွေကတော့..ရင်တုန်ပန်းတုန်ပေါ့..။ ပြီးမှ တယောက်ချင်းစီ ဆီက..အမြင်နဲ့ ထောင့်တခု ဆီကို ဆွဲထုတ် ဖြေပြ တတ်တဲ့.. ဆရာမ။
နောက် အမြဲ အမှတ်ရနေမိတာက.. အဲဒီတုန်းက.. သူများတွေ စဉ်းစားကောင်းတုန်း ရှိသေး.. ပိစိ ဆိုတဲ့ တယောက်..အမြဲတမ်း ဦးအောင် ထထအော်တယ်။ ပိစိက..သချာင်္ တော်သလို..သူ့အမကလဲ သချာင်္ဆရာမ။ မရဘူး.. ကိုယ်တို့ ဆရာမက..။ ` သွား- ပိစိ နင့်ပါးစပ် ခဏပိတ်ထား..နင် အိမ်မှာ သင်ထားပြီးသား ´ ဆိုပြီး..သူငယ်ချင်းပြော ပြောတာပဲ။ အားနဲတဲ့ ကျောင်းသားတွေဖက်က. နေပြီး..ဆရာမ အဲလို အနိုင်ပိုင်း ပေး တော့ ..အတန်းသားတွေက..တဟိဟိ နဲ့သဘောကျ ကြတာ ပေါ့။ ပိစိ ကလည်း ဆရာမကို ချစ်လို့ နောက်ပြီး..အမြဲ ထထ အော်တယ်။ အဲဒီ ဆရာမ ပြောင်းသွားတော့..နှုတ်ဆက်ပွဲ မှာ မျက်ရည်တွေ ကျရင်း..သံယောဇဉ် အကြောင်းကို ပထမဆုံး နားလည်ခဲ့ရတယ်။
ဒုတိယ တခါ မျက်ရည် ကျ ရတာကတော့.. ကိုးတန်း နှစ်မှာ ပြောင်းသွားတဲ့ ကျောင်းအုပ်ဆရာကြီး ရဲ့
နှုတ်ဆက်ပွဲ။ ဆရာကြီးက.. ဒီကျောင်းကြီးမှာ လုပ်ခဲ့တာ ၇ နှစ်လောက် ရှိပြီ။ မြို့ခံ နယ်ခံ ဆရာကြီး နဲ့ သူ့တပည့်ရင်းတွေ ဖြစ်တဲ့.. တကျောင်းလုံးက..မြို့ခံ ဆရာ ဆရာမတွေက.. အပေးအယူ တွေ မျှလို့။ တမြို့လုံးက..လာကျောင်း တက်ကြ တဲ့..တခုတည်းသော အထက်တန်းကျောင်းကြီး မို့.. မြို့မိ မြိုဖ ကျောင်းသားမိဘ တွေကလည်း.. ဆရာကြီး ရဲ့ တပည့်ဟောင်းတွေချည်းပဲ။
ဆရာကြီးက..ကျောင်းကောင်စီ ရွေးပွဲ တွေလုပ်ရင်..ဆရာတွေ စိတ်ကြိုက်ဘယ်တော့မှ မရွေးခိုင်းဘူး။
အတန်းတိုင်းက..ကိုယ့်အသင်းခေါင်းဆောင်ကို ကိုယ့်မဲ နဲ့ကိုယ်ရွေးရတာ။ ပြီးရင်.. ကျောင်းကောင်စီ ၀င်ရွေးခံမဲ့ ကျောင်းသား ကြီးတွေကိုလည်း.. ဟိုး..၅ တန်း ထိ ဆင်းပြီး..မဲဆွယ် စည်းရုံးစေ တယ်။
`ဒီမိုကရေစီ ဆိုတာ.. လမ်းသွားရင်း..ကိုယ့်ထီးကောက်ကို ရမ်းသွားလို့ ရတယ်.. အေး..သူများ နှာခေါင်းတော့ မထိမိစေနဲ့.. ´ ဆိုတဲ့.. ဆရာကြီး မိန့်ခွန်းကြောင့်.. ကျောင်းသားကြီးတွေ ကြားထဲမှာ ထီးကောက် ဝေါဟာရ တခု တိုးသွားခဲ့သေးတာလဲ..သတိရနေ သေးတယ်။ နောက်ပြီး.. ထူးထူးဆန်းဆန်း..ဆရာကြီးက..မြို့ပေါ်က..နံမယ်ကြီး ပန်းချီဆရာ တယောက် ငှားပြီး.. ကျောင်းကြီး ရဲ့ ၀င်ဝင် ချင်း လှေခါးဘေးက..နံရံ မြင့်မြင့်ကြီး ပေါ်မှာ ရန်ကုန် တက္ကသိုလ် နှစ် ၅၀ မဂ္ဂဇင်း မျက်နှာဖုံးက.. ကွန်ဗိုကေးရှင်းကြီး နောက်ခံ နဲ့ စာအုပ်ပိုက်ထားတဲ့ တက္ကသိုလ်ကျောင်းသူ အပါအ၀င်..ပဲခူးဆောင်.. ၀ိဇ္ဖာခန်းမ.. စက်မူတက္ကသိုလ်..ဆေးတက္ကသိုလ် စတဲ့.. သမိုင်းဝင် အဆောက် အဦကြီးတွေ ရဲ့ပုံကို ဆီဆေး နဲ့ နံရံ အပြည့်..ဆွဲစေခဲ့တယ်။ ၁၀ တန်း ကျောင်းသားကြီးတွေရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို နိုးထ ရှင်သန်စေခဲ့ မယ် ထင်ရဲ့။
အစဉ်အဆက်က.. လယ်အငှါးချပြီး.. စပါးစိုက်..ပိုက်ဆံရှာခဲ့တဲ့..ကျောင်းမြေ တွေကို.. အတိုက်အခံ တွေ ကြားက.. ဘူဒိုဇာနဲ့ ထိုးပြီး.. ကျောင်းသားတွေ ကန်ဖို့ ဘောလုံးကွင်း ကောင်းကောင်းတခု လုပ်ပေးခဲ့တယ်။ သူ့ရှေ့ အဆက်ဆက် ဆရာကြီးတွေလက်ထက်ထဲက ကျောင်းပိုင်မြေမှာ အိမ်တွေဆောက် ပြီး ကောင်စီ ဥက္ကဌတွေ နေခဲ့တာကို သူ့လက်ထက်မှာ အတိုက်အခံပြန်ရအောင်လုပ်ပြီး တခြားနယ်ကလာတဲ့ ဆရာတွေနဲ့ ဒေသခံ အိမ်မရှိတဲ့ဆရာတွေ နေဖို့ ပြန်တောင်းပေးခဲ့ တယ်။ အဲဒါတွေ ကြောင့်ပဲ.. ဆရာကြီးကို သူချစ်တဲ့ ကျောင်းကြီးနဲ့..ဆရာတွေနဲ့..မိဘတွေနဲ့ ဝေးသွားအောင် သူတို့ လုပ်ခဲ့ ကြတယ်။ အဲဒီ နှုတ်ဆက်ပွဲ နေ့က..ဆရာကြီး ငိုသလို..ကိုယ်လဲ ငိုခဲ့မိတယ်။
အခုတော့.. အဲဒီဆရာကြီးက.. ညနေတိုင်း လမ်းလျှောက်ရင်း..မြို့ပြင်က..သူချစ်ခင်တွယ်တာခဲ့တဲ့ အထက်တန်းကျောင်းကြီးကို ငေးငေး ကြည့်တတ်တဲ့.. ကိုယ့်ရဲ့ ဖေဖေ ပေါ့။
အဲဒီလို နဲ့ ကိုယ် ၁၀ တန်းတက်တော့..ကျောင်းအုပ်ဆရာမ အသစ်ကြီး တယောက် ရောက်လာခဲ့တယ်။ စည်းကမ်းတချို့ အနဲငယ်ပြောင်းလိုက်ပေမဲ့.. ကိုယ့်အတွက်တော့..ဘာမှ သိပ် မထူးခြားခဲ့ပါဘူး။ ဒီ နှစ် အရေးကြီးတယ် ဆိုတာရယ်.. အစဉ်အဆက် က ရိုက်သွင်းခဲ့တဲ့..၁၀ တန်းဆိုတာ..ဘ၀ လမ်းကြောင်းကို အဆုံးအဖြတ်ပေးတယ် ဆိုတဲ့..ကြောက်စရာ လန့်စရာ အသိကြီး တခုရယ် ပဲ ကြီးစိုးနေခဲ့တယ်။
အဲဒီတုန်းက.. ၁၀ တန်းသင်တဲ့ ဆရာမတွေ အတော်များများက..တကယ့် ဘီအီးဒီ -ပညာရေး တက္ကသိုလ်ဆင်း...ကိုယ့် ဘာသာရပ် ကို ပိုင်နိုင်တဲ့ လူတွေ များတယ်။ မပိုင်တဲ့ သူတွေလဲ အနဲအကျဉ်းတော့ ရှိတာပေါ့။ အဲဒီမှာ ကိုယ့်အတွက် ဒုက္ခရောက်ခဲ့တာ..ဓါတုဗေဒ...။ ကျုရှင်တက်ရင် ကောင်းမလားလို့ စဉ်းစားတော့လဲ..တမြို့လုံးမှာ..ဓါတုဗေဒ သင်နိုင်တာ.. ၂ယောက်ထက်မပို။ ဆရာကလည်း သူတတ်နိုင်သလောက်..ကြိုးစားပမ်းစား သင်ရှာပါတယ်။ ကိုယ်ကကို ဒီဘာသာမှာ ချွတ်ယွင်းနေခဲ့လား မဆိုနိင်။ အဆိုးဆုံးက Titration ပုစ္ဆာတွေ။ နောက်ဆုံး..ကဲ စာမေးပွဲ မှာ Titration လာရင်..မဖြေဘူးဟာ.. တခြားဟာ တွေပဲ ဖိလုပ်မယ် ဆိုပြီး..ပြစ်ထားလိုက်တာ.. ဖြစ်ချင်တော့..အဲဒီ နှစ်က..ဓါတု သတ်တဲ့ နှစ် ဖြစ်နေပါလေရော။ စာအတူ ကျက်ဖက် ပြိုင်ဖက် သူငယ်ချင်း တယောက်ကတော့..နောက်နေ့တွေ လာမဖြေ တော့ ဘူး။ ကိုယ်ကတော့..ခြစ်ချ တာတို့ ဘာတို့လည်း မလုပ်ဖြစ်တော့ ပါဘူး။ သူ့လောက်တောင် သတ္တိမရှိတာလဲ ပါမှာပေါ့။ ဒါပေမဲ့..အဲဒီကတည်းက..ဓါတုဗေဒ ဆို.. တီကို ဆားတို့သလို.. ဖြစ်သွားတော့တာပဲ။
၁၀ တန်းနှစ်မှာ..ထူးထူးခြားခြား အမှတ်ရနေတဲ့..ဆရာမလေး တယောက်ရှိခဲ့သေးတယ်။ ထူးခြားဆို..သူက..ရန်ကုန်က နေ ရောက်လာ တာဝန်ကျတဲ့..ငယ်ငယ်ချောချော.. ဇီဝ ဗေဒ သင်တဲ့ ဆရာမလေးပါ။ ထုံးစံ အတိုင်း နယ်တွေမှာ ရန်ကုန်ကရောက်လာတဲ့ ဆရာ ဆရာမ အသစ်တွေ ဆို..စိတ်ဝင်စားကြတာကိုး။ အလှကြိုက်တဲ့.. ကိုယ်တို့ ရှေ့တန်းက.. မိန်းကလေး တသိုက်လည်း..ဆရာမ စီးတဲ့ ဖိနပ်ဆန်းဆန်းလေးတွေ.. ကလစ်ဖဲပြား အကောင်းစားလေး တွေကို ငေးလို့ပေါ့။ ဆရာမ ဆွဲတဲ့ ဆွဲကြိုးငွေရောင်လေးက..ဆန်းလွန်းလို့..အဲဒီ တုန်းက..ရွှေဖြူဆိုတာကလွဲလို့..ဘာမှ တောင် သိတာမဟုတ်။ ဆရာမ အားရ ပါးရ စာသင်လို့..နှုတ်ခမ်းလေး တွေပေါ်မှာ ချွေးလေးတွေ သီးနေတာက အစ.. လှတယ်ထင်ကြတာ။
ဆရာမက..ချစ်စရာကောင်းသလောက်..ကိုယ်တို့ အတွက်တော့..တကယ် ဘုရားပေးလိုက်တဲ့..ဘိုင်အို ဆရာမပါပဲ။ သင်ရိုးတွေ အကုန် အင်္ဂလိပ်လို ပြောင်းသင်တာ ၂ နှစ်ပဲ ရှိသေးတာမို့.. ဘိုင်အိုလို ဘာသာမျိုးကို ကိုင်နိုင်တဲ့သူ ရှားတဲ့ အချိန်မှာ..ဆရာမက.. M.Sc လုပ်နေတဲ့.. လတ်လတ်ဆတ်ဆတ် ခေတ်နဲ့ အဆက်မပြတ်သေးသူ။ ဖားပုံ ယုန်ပုံတွေ ကိုလည်း စနစ်တကျ..လွယ်လွယ်ကူကူ ဆွဲတတ်အောင်..သင်ပြနိုင်သူ။ စနေ တနင်္ဂနွေ ပိတ်ရက် တွေ ရန်ကုန်ပြန် တတ်ပြီး..သူပြန်လာတိုင်း.. ရန်ကုန်ကျောင်းတွေက.. မှတ်စုတွေ အထူးထုတ် တွေ သယ်လာပေးတတ်တယ်။ စာမေးပွဲ နီးတော့လည်း ..သူပဲ အပင်ပန်းခံ စပေါ့ တွေ လိုက်ပေး..အိမ်အထိ ရောက်လာ ပြောပြ ပေးတာ..။
နောက်နှစ်မှာ သူပြောင်းသွားပြီးကတည်းက.. သူကိုယ်တိုင် ရန်ကုန်ကနေ ၀ယ်ပို့လိုက်တဲ့ ကိုယ့်ကို ဆုချ လိုက်တဲ့.. အကျီ င်္လေး တထည် နဲ့အတူ..ဆရာမ နဲ့ အဆက်အသွယ်တွေ ပြတ်သွားခဲ့တာ..ဒီနေ့အထိပါ ပဲ။
ဟိုးတခေါက် မြို့လေးကို ပြန်ရောက်တော့.. တိုက်တိုက်ဆိုင် ဆိုင် သီတင်းကျွတ်လမို့.. အာစရိယပူဇော်ပွဲလေး နဲ့ တိုက်ဆိုင် ခဲ့လိုက်တယ်။ တချို့လဲ..သားတွေ သမီးတွေက..ကောင်းစားလို့..စိုစိုပြည်ပြည်။ ဒါပေမဲ့..အများစုကတော့..ဒီခေတ် ဒီ အချိန်အခါ ကြီးကို ပုံဆောင်ပြ လို့.. ပါးလျ ဖျော့တော့ လွန်းလှတယ်..။ အထူးသဖြင့်.. ပင်စင် ဆိုတာ.. သွားထုတ်ရမဲ့ ခရီးစရိတ်ထက်တောင် ပိုနဲနေတဲ့..အခြေအနေကြီးထဲမှာ.. သားထောက်သမီးခံ မတောင့်တင်း အကျိုးမပေးတဲ့..ဆရာအိုကြီးတွေကို ကြည့်ပြီး..၀မ်းနဲ ယုံက လွဲလို့..ဘာလုပ်ပေးရမှန်း လဲ မသိ..။ တကယ်ဆို.. မျိုးဆက်တခု ကို ပုံဖော် တာဝန်ယူရတဲ့... ကျောင်းဆရာ တွေဆိုတာ.. သူတို့ကိုလဲ အဆင့်မြင့်မြင့် မွမ်းမံ ပေးရမယ်.. ထိုက်ထိုက်တန်တန်ဖြစ်အောင်လဲ..လုပ်ဆောင် ပေးရမှာ..မဟုတ်ဘူးလား။ ခုတော့..သူတို့ ဘ၀ ဆည်းဆာ ချိန်တွေမှာ..တိမ်တွေတောင် မတောက်နိုင် ပါလား။
ပိန်လျီ ဖျော့တော့နေတဲ့..ဆရာတယောက်ကို နှုတ်ဆက်ရင်း..ငယ်ငယ်တုန်းက..ကျောင်း ကို လိုက်လိုက်လာတတ်တဲ့.. သား ၀တုတ်ကလေးရော ဆိုတော့.. ` သူ့အမေ ဆုံးသွားပြီးကတည်းက.. ကားနောက်လိုက် လုပ် နေတယ်တဲ့..´
ဆွေမျိုးလို ခင်နေတဲ့..အငြိမ်းစား ဆရာမတယောက်ကတော့..သူ့အိမ် နေရောင်ကာလေး မှာ..မူလတန်း ကလေးတွေကို စာပြရင်း.. လက်က..ကန်စွန်းရွက်တွေ ခြွေလို့..။
` သမီးရယ်.. ခြိုခြံချွေတာတယ်ဆိုတဲ့ စကားကို..ဆရာမ တို့မုန်းလှပါပြီ..တသက်လုံးလည်း ခြိုခြံလာရတယ်.. ဘာထပ်ပြီး ချွေတာရ အုံးမှာလဲ ...´ တဲ့။
ကျောင်းဆရာ ဆိုတာကလည်း..စာသင် ဖို့ သင်ကြားတတ်မြောက်ထား တာ ဖြစ်လေတော့.. ကျူရှင် ဆိုတာ ကြီး ကလဲ..သူတို့ရဲ့ အဆင်ပြေဆုံး..အသင့်တော်ဆုံး ဘ၀ ဖြေရှင်းနည်း တခု ဖြစ်နေရတော့တာပေါ့။ ကျူရှင်တွေနဲ့ပဲ..ကျောင်းဆရာတွေက..အသက်ရှူရ.. အဲဒီ အဖိုးအခ တွေနဲ့ပဲ.. သူတို့ သားသမီးတွေကို နောက် ကျောင်းဆရာ တယောက်ဆီမှာ ကျူရှင်ပြန်ထား... မုန့်လုံး မှာလည်း စက္ကူတွေ ပွလို့.. ကျူရှင်တွေ မှာလည်း.. ဘ၀တွေ ကပ် လို့။
ကျူရှင်တောင် မပြနိုင်တဲ့.. ကျောင်းဆရာ-ဆရာမ အိုကြီး တွေ အတွက်တော့..
မူလတန်းတုန်းက တို့ဆရာမ..ပင်စင်ယူပြီးစ
တိုးညှင်းငြင်သာ`အားပေးပါဦး´တဲ့။
ကျောင်းဆွဲခြင်း အဟောင်းလေးကိုချ
ထီလက်မှတ်တွေပြမှာလား
အတွေးပွားတုန်း။
အဖုံးလေးကို အသာဖွင့်
စက္ကူ ၀ါကျင့်ကျင့် လေးတွေအောက်မှာပုန်းနေတဲ့
မုန့်လုံးကြီး ခြောက်ခု
နှလုံးသားကို တူနဲ့ထု
ဘယ်သူ့ကို မုန်းမှန်းမသိ
ကြုံးလို့သာဝယ်ပစ်လိုက်မိ
တလုံးပြီးတလုံး
မုန့်လုံးကိုစက္ကူကပ်
ကြာကလပ်နဲ့ ဆွမ်းတော်တင်…..။
နီနီ
၂၄- ၄- ၀၇
ငယ်ဆရာ (၂)
ငယ်ဆရာ (၁)
အဲဒီ စိမ်းမြနေတဲ့.. ပညာပန်းခင်း ကြီးတွေထဲမှာပဲ .. ရွှင်မြူး ပုံရိပ်တွေ စွဲထင်ခဲ့..အမြဲအမှတ်ရ ကျေးဇူးတွေလည်းတင်ခဲ့.. နာကျင် အပွန်းအပဲ့တွေလည်း ရခဲ့...။
ဆိုရှယ်လစ် ခေတ်နှောင်းမှာ ကြီးပြင်းခဲ့သူမို့.. ခဏခဏ ပြောင်းလဲ နေတဲ့..ပညာရေး စနစ်သစ်တွေနဲ့ ...အမြဲလို ပက်ပင်း တိုးရင်း အစမ်းသပ်ခံ စာသင်ခန်းတွေ နဲ့ တောက်လျှောက် ဆိုသလို..။ ဦးနေ၀င်းကြီးရဲ့ လမ်းညွှန်မူ အသစ်နဲ့.. အရင် ၅ တန်းမှာ အင်္ဂလိပ်စာ စသင်ရာကနေ..မူလတန်း ကျောင်း ကတည်းက..စသင်စေ လို့ ပြောင်းလိုက်တော့..ကိုယ်က..လေးတန်း ..။
အဲဒီတုန်းက..လေးတန်း တတန်းလုံးကို ဆရာတယောက်ထဲက..ဘာသာစုံ သင်တာပါ။ လေးတန်းကိုင်တဲ့ ဆရာ သုံးတန်းကိုင်တဲ့ ဆရာမ အဲဒီလိုမျိုး။ လေးတန်းဆရာက..သူ့ကိုယ်ပိုင် စီးပွားရေးလဲ ရှိတော့..တခါတခါ ဆို.. ကျောက်သင်ပုန်းမှာ စာတွေ အပြည့်ရေးခဲ့ပြီး..ဟိုဖက်ခန်းက.. ၂ တန်းဆရာမ နဲ့ အတန်းကို အပ်ပြီး ထွက်ချင် ထွက်သွား တတ် တာ ။ A-B-C-D ပြီးလို့..Apple (အပ်ပဲလ်) ပန်းသီး ဆိုတဲ့ သင်ရိုး တွေလဲ ကုန်ပြီ။ ညနေဖက် ပိုနေတဲ့ ဖွံ့ဖြိုးချိန်တွေမှာ...အင်္ဂလိပ် ကဗျာ တွေ ဆိုကြရတယ်။ အဲဒီ အချိန်ဆို..ဆရာက.. မွန်းမံသင်တန်းက ပေးလိုက်တဲ့ ကက်ဆက်ခွေ နဲ့ ကဗျာတွေ ဖွင့်ပေးထားပြီ.. ဆယ်ပြားစေ့ ၂စေ့နဲ့ မုတ်ဆိတ်မွေး နှုတ်နေတော့တာပဲ။
one- two.. buckle my shoe..
there , four.. shut the door
five, six.. pick up sticks
+++++
row..row ..row your boat
gently down the stream,
+++++
တခန်းလုံးက..ကလေးတွေက.. သံကုန်လွှင့် ပြီး .အော်ကြ..ပျော်ကြ တဲ့ အချိန်မှာ ကိုယ်တယောက်ထဲ..ပါးစပ်ကြီးပိတ်လို့...။
တခန်းလုံးက..သူငယ်ချင်းတွေ အားလုံးက.. ညနေဆို..ဒေါ်လေးကြီး ကျူရှင်တက်ကြတော့.. ကဗျာတွေ..အားလုံး ရပြီးသား ကိုး ။ ဆရာကလဲ..သိနေတော့..အပင်ပန်းခံပြီး ရေးမပြ..သင်မပြ..ရှေ့က..ချမပြ တော့ဘူး။ ကျူရှင် ဆိုတာကို လက်မခံ လို့ သားသမီးတွေကို ကျူရှင်လုံးဝ ပေးမထားတဲ့ ဖေဖေ့ ကြောင့်..အဲဒီ ကဗျာ ချိန်ဟာ ကိုယ့်အတွက်တော့.. စိတ်လဲ တို ၀မ်းလဲ နဲရတဲ့.. ညနေစောင်း တွေ ဖြစ်ခဲ့ရတာ..ခုထိ အမှတ်ရ နေခဲ့တယ်။ ဒေါ်လေးကြီး ကျူရှင်ကို တက်ချင်လိုက်တာ ဆိုတာလဲ မပြောပါနဲ့တော့။ ခုထိ.. မြို့လေးကို ပြန်ရောက်တိုင်း.. ဒေါ်လေးကြီး တို့ ရှိသေးလား အမြဲ မေးရတယ်။ အဲဒီ ဆယ်ပြားစေ့ ၂စေ့ နဲ့ ဆရာ ကိုတော့.. ပြန်ကာနီးတိုင်း သူ့ဆိုင်လေး မှာ..၀င် နှုတ်ဆက်ဖြစ်တယ်။ ကိုယ့်ရဲ့ငယ်ဆရာအစစ်ပါ။
ဥယျဉ်မှူး ဆရာ
၅ တန်းကို ရောက်တော့.. အရင် မူလတန်းကျောင်းလေးကနေပီး..မြို့ပြင်က..ခန့်ညားလှတဲ့ အထက်တန်းကျောင်းကြီးမှာ စတတ်ရတာမို့ စိတ်တွေ တအား လှုပ်ရှားလို့။ ကိုယ်တို့ အခန်းလေးက.. အီးပုံစံ ကျောင်းဆောင် အဆွယ်လေး တခု ရဲ့ အစွန်ခန်းလေး။ ခုထိ မှတ်မိတယ်။ ဘေးက အဝေးပြေးကားလမ်းမကြီး ပေါ်က..ကားသံတွေ တ၀ီဝီနဲ့။ အတန်းပိုင် ဆရာက..သချာင်္ပြတယ်။ ဆရာ့မှာ ထူးခြားတာက.. `မင်္ဂလာပါ ဆရာ´ နှုတ်ဆက် တာကို အရမ်း အလေးအနက် ထားတယ်။ ထိုင်မလို ထမလို လုပ်ပြီး ပြီးစလွယ် နှုတ်ဆက်တာမျိုးကို လုံးဝ မကြိုက် ။ သူကိုယ်တိုင်လဲ.. အတန်းရှေ့က..သေချာရပ်.. အားလုံးကို မြင်အောင်ကြည့်ပြီးမှ..` မင်္ဂလာပါ တပည့်တို့ ´ လို့ ပြန်နှုတ်ဆက် လေ့ရှိသည်။ ပြီးတော့..အတန်းသား အာလုံးကို ရွှေဒင်္ဂါး ပန်း ပျိုးပင်လေး တွေ တယောက် တပင်စီ ပေးပြီး.. အပြင်ကို စွန်ထွက်နေတဲ့..အခန်း ပတ်ပတ်လည်မှာ.. တန်းစီပြီး စိုက် ခိုင်းတယ်။ ကိုယ့်အပင်မှာ နံမယ်လေးတွေ..အမှတ်အသားလုပ်ပြီး.. ရေလောင်း ပေါင်းသင် ပြုစု ရတယ်။ အဲဒီ တုန်းကဆို.. ၅ တန်း အတန်းပတ်လည် အားလုံးက..ဘုရားပန်းအိုးတွေမှာ ၅တန်း (အေ) က ပွင့်တဲ့ ရွှေဒင်္ဂါးပန်း တွေနဲ့ ဝေ နေခဲ့တာပေါ့။
အဲဒီလို ဂါရဝေါစ ရိုသေလေးစားခြင်း နဲ့ တာဝန်ယူတတ်မူ ကို ပျိုးထောင်ပေးခဲ့တဲ့..ဆရာ့ ကို ခုတခေါက်ပြန်တော့.. ပင်စင်ယူပြီး..မြို့လေးမှာပဲ ဘော်ဒါကျောင်းလေး ဖွင့်ထားတာ တွေ့ခဲ့ရတယ်။ သမီးလေးက..ဆေးကျောင်းတက်နေပြီး..ဘီအီးဒီ ဆင်း သားကြီးက.. ဆရာနဲ့အတူ ဘော်ဒါ ကျောင်းသားတွေကို သင်ကြား အုပ်ချုပ်နေတာ တွေ့ခဲ့ရတော့.. ကြည်နူး ပီတိ ဖြစ်မိတယ်။
ဆရာ့ကို ၀င် နှုတ်ဆက်ဖို့..သူတို့ ဘော်ဒါ ကျောင်း ဖွင့်ထားရာ အိမ်လေး ရှေ့... ရောက် သွား ခဲ့တုန်းက....
` ပဉ္စဂုဏံ အဟံဝန္တာမိ ပါ .. ဆရာကြီး´ ဆိုတဲ့ အထဲက ဟိန်းထွက်လာတဲ့ အသံကြောင့်.. ခြေလှမ်းတွေ ရပ်တန့်ရင်း.. ခြံရှေ့က.. ပန်းပင်လေးတွေကို ငေးကြည့်နေခဲ့မိတယ်။
မြန်မာစာနဲ့ ခွဲမရတဲ့ ဆရာမ
အဲဒီ နှစ်က.. ၇ တန်းပတ်လည် ဆရာတွေ အားလုံး စာသင်ကောင်းတယ်လို့ ..နံမယ်ကြီးတယ်။ အဲဒီတုန်းက...`တို့ကျောင်းသား´ စာစောင် မှာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဖိတ်ခေါ် ကျင်းပတဲ့ မြန်မာစာစီစာကုံး ပြိုင်ပွဲ တွေကို သတ္တမတန်းက..စ ၀င်လို့ ရပြီမို့.. သူမကို မြန်မာစာဆရာမ တယောက် အနေနဲ့.. ၇ တန်းနှစ်မှာ ကြုံခဲ့ရတာ..ကိုယ်တို့ သိပ်ကို ကံကောင်းခဲ့တာပါ။ ကိုယ်တို့ ဆိုတာ.. အဲဒီတုန်းက..မြန်မာစာ အရေးကောင်းတယ်လို့ ဆရာမ ရွေးချယ်ထားတဲ့ လက်ရွေးစင် ကျောင်းသား ၃ ယောက်လောက် ရှိတယ်။ တယောက်ကတော့.. ၀တ္တုတွေဘာတွေ မဂ္ဂဇင်းတွေမှာ ခဏတဖြုတ်ပါလာပြီး..ခုတော့.. အင်္ဂလန်မှာ မိသားစု တာဝန်တွေ ပိနေပုံ ရတဲ့.. သူငယ်ချင်း ရယ်.. နောက် ..ကဗျာတွေ အရေးကောင်းတဲ့.. သူငယ်ချင်းတယောက်ရယ်.. ကိုယ်ရယ်ပေါ့။ ဆရာမ က အမြဲပြောတယ်။ မင်းက..၀ါကျ ရှည်တွေ နဲ့ အဖွဲ့အနွဲ့ ကောင်းတယ်.. ကေ ကတော့.. ၀ါကျတိုတွေ နဲ့ ရှင်းလင်းတယ်။ ဟို ကောင် ကတော့..ငယ်ငယ်လေးထဲက..ကဗျာဥာဏ် ရှိတယ်.. အဲဒီလို ခွဲခြားသုံးသပ်ပြီး.. ပြုစု ပျိုးထောင်ပေးခဲ့တာ။ ဒါပေမဲ့..`တို့ကျောင်းသား´ က လစဉ် ခေါ်တဲ့ ပြိုင်ပွဲ ခေါင်းစဉ်တွေကိုတော့ .. တတန်းလုံးကို ပေးရေး ခိုင်းပြီးမှ ..အကောင်းဆုံး တခုကို သူကိုယ်တိုင် တံဆိပ်ခေါင်းဖိုး အကုန်ခံပြီး..လတိုင်း ရန်ကုန်ကို ပို့ပေးတတ်သူ။ တို့ကျောင်းသားကလဲ..တနိုင်ငံလုံးက လာတဲ့ စာတွေထဲကမှ အကောင်းဆုံး တခု ကို သရုပ်ဖော်ပုံ နဲ့ အပြည့်အစုံ ဖော်ပြပေးပြီး.. နှစ်သိမ့်ဆု ၁၀ ခု လောက်ကို တော့ နံမယ်နဲ့ အတန်း..ကျောင်း တွဲပြီး ဖော်ပြပေးတယ်။ ၇ တန်း ကနေ ၁၀ တန်းထိ တန်းခွဲ မထားပဲ ရောပြိုင်ရတာ ဆိုတော့..မလွယ်လှပါဘူး။ အဲဒီ တုန်းက..အမြဲ လို ဗိုလ်ဆွဲ.. ပထမ ရ ဖော်ပြ ခံရတဲ့ အတန်းကြီး ကျောင်းသားကြီးတွေ ဖြစ်တဲ့..မောင်လွဏ်းဝေ .. မောင်လွဏ်းဆွေ ညီအကို နဲ့ မြရတနာစိုး..မြကြေးမုံစိုး..ညီအမ အတွဲ ကို ခုထိ မှတ်မိ နေမိတယ်။
၇ တန်းကျောင်းသူ ဂဂျိုးဂဂျောင်လေး ဘ၀နဲ့.. နှစ်သိမ့်ဆု နံမယ် စာရင်းထဲတော့.. ၂ ခါလား ပါခဲ့ဖူးပါတယ်။ ဆရာမရဲ့ ကျေးဇူးတွေပါပဲ။ ပါလာရင်လည်း စာအုပ် ထွက်ထွက်ခြင်း ဆရာမက..အရင်ဝယ် ပြီး.. စက်ဘီး နဲ့ အိမ်အရောက် လာပြတတ်တာ။ သူက တောင် ပို ၀မ်းသာနေတတ်တာ မျိုး။
ဖူးဖူးညွှန့်ညွှန့် ပြုသာ ပြင်သာ တဲ့ အရွယ်မှာ မြန်မာစာ လက်ရေးလှ နဲ့ အဆွဲ အချ တွေကိုလည်း နည်းမှန် လမ်းမှန် ဖြစ်အောင် စိတ်ရှည်ရှည် သင်ကြားပေးခဲ့ တဲ့ ဆရာမ။ သတ္တမတန်း သင်ရိုးဖြစ်တဲ့..ဇာတက ပြဇတ် တွေ ဆိုရင်လည်း.. အသစ်မတက်ခင်.. ကြိုပြီး အိမ်မှာ ဖတ်ခဲ့ရတယ်။ အတန်းထဲ ရောက်မှ..အလှည့်နဲ့ စင်ပေါ်တက်ပြီး.. ကိုယ်နားလည်သလို.. အတိုချုံး ပြန်ပြော ပြ ခိုင်း ။ ပြီးတော့မှ.. သူက..အဲဒါကို ဆက်ပွားပြီး သင် တော့.. မှတ်မိ စေတာရော.. အတန်းတွင်း ပါဝင်မူရော.. ထုတ်နုတ်ဖော်ပြတတ်တာရော..ပြောရဲဆိုရဲ ရှိစေတာရော.. အကုန်လုံးကို တပြိုင်တည်း ရစေတဲ့.. သင်ကြားနည်း မို့.. အခု ပြန်တွေးတိုင်း..ဆရာမကို မချီးကျူးပဲ မနေနိုင်ဘူး။
ဆရာမက.. လူမမယ်သမီးလေး ၃ ယောက်နဲ့ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ တယောက်ပါ။ ဒါပေမဲ့..သူ့ကို ကြည့်လိုက်ရင်..အမြဲသပ်ရပ် လန်းဆန်း နေပြီး.. အလုပ်အပေါ်မှာ အာရုံ အပြည့်။ သူ့ဘ၀ အပူ တွေကို ဘယ်သူမှ မမြင်ရဘူး။ သူ ကိုယ်တိုင်က..ကဗျာတွေ နဲ့ပျော်မွေ့တဲ့ ကဗျာဆရာမ တယောက် မို့လား မသိ.. စကားပြောရင်လဲ နူးညံ့ပြီး လောကကြီးကို အကောင်း မြင်အောင် ပဲ ကြိုးစားလေ့ရှိတယ်။
မြို့လေးကို ကိုယ်ပြန်ရောက်တိုင်း အဦးဆုံး မပျက်မကွက် သွား ရောက် နှုတ်ဆက် ကန်တော့ ဖြစ်တာကတော့..ကိုယ်တို့ရဲ့ ချစ်လှစွာသော မြန်မာစာ ဆရာမပါပဲ။ ခုဆို ပင်စင်ယူပြီးစ မို့..ထုံးစံ အတိုင်း စီးပွားရေး ခက်ခဲ ပေမဲ့.. သူချစ်တဲ့ တပည့်တွေရဲ့ သားသမီးတွေကို မြန်မာစာ ကျူရှင် ပြန်ပြရင်း..သူ ချစ်တဲ့ ကဗျာလေးတွေ စပ်ရင်း.. သူချစ်တဲ့ မြန်မာစာ နဲ့ အတူ..ရောင့်ရောင့် ရဲရဲ ..မခွဲမခွါ ရှိနေသေးတာ.. ၀မ်းသာစရာ။
( မြန်မာစာနဲ့ ခွဲမရခဲ့တဲ့ မြန်မာစာ ဆရာမ အတွက် သူ့တပည့် ..ကိုယ့်သူငယ်ချင်း ကဗျာဆရာ စပ်ထားတဲ့ ကဗျာလေး ...` ငါတို့ဆရာမ ´ တဲ့။ )
ငယ်ဆရာ (၁)
Labels: People




