We are proud of you.. Ma Ma Ni

ဂုဏ်ယူပါတယ် မမနီ...

အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၅ နာရီ.....

ဝေ လီဝေလင်း အလင်းရောင်မသီခင် အချိန် မှာ အလင်းကို တဲ့တဲ့လင်းလင်း ရင်မဆိုင် ၀ံ့သူ တချို့ လမ်း မပေါ် မှာ ယုံ ကြည်ချက် မဲ့စွာ အော်ဟစ်နေကြသည်။

`အမျိုးသားညီလာခံကို ထောက်ခံကြ´
`တို့အရေး..တို့အရေး´
`ပြည်တွင်း ပြည်ပ အဖျက်သမား ရန်...အလိုမရှိ´

အသံ တွေ က ..ကစဉ့်ကလျား။ လူတွေက မှုန်တိ မှုန်ဝါး။ အသိညဏ် တွေက ထွေပြား။ ကြောက်ရွံ့ တွန်းလှန်မူကင်းမဲ့ခြင်း တွေကသာ အနှံ့ အပြား။

ဘယ်လို လူစားတွေ.. ဘယ်ရုံး ဘယ်ကနား ဘယ် အဖွဲ့အစည်း ကလူ တွေ ဆိုတာ မတွေးတတ် ပေမဲ့ သေချာ တာကတော့ နှစ်ပေါင်းများ စွာ အတွင်း အသိ တရား ခြွတ်ခြုံ ကျကာ သူခိုး လား ဘုရားလား မခွဲခြား တတ်တော့လောက် အောင် တွေဝေ ထုံထိုင်း နေကြတဲ့ လူ တစု ဆိုတာပါပဲ။

သူတို့ကို ဦးဆောင်လာတာက မြို့နယ် ကြံ့ဖွံ့ ခေါင်း ဆောင် ကားဝပ်ရှော့ ထောင်တဲ့ ဟိုတယောက်။ သူ့အဖေ မသေ ခင်ကတောင် တနေ့ ကျ ဒီမြို့မှာ သူ့သား အာဏာ ရမှာလို့ တွေးရင်း လောကထဲက စိတ်ချ လက်ချ ထွက်သွားခဲ့သည်။ နောက်ဖက် နား က နံမယ် ကြီး သတင်းပေး တယောက်ကို လည်း သူကောင်းကောင်းသိ သည်။ ငယ်တုံး က တလမ်းထဲ နေခဲ့ကြသည်။ သူ့အမေ ကို ကော်ကော်ဆဲရင်း ၈ တန်းမှာ ကျ ကျန်ခဲ့တဲ့ တယောက်။

ရင်ထဲမှာ လုံးလုံး စိတ်မကောင်း။ ဒီလို ဒီလောက် လူ တွေက..ဟောဒီ မြို့ ရဲ့ အရှေ့ အနောက်တောင်မြောက်ကို ဝေါကီတော်ကီ တလုံး စီနဲ့ လှည့်လည်ရင်း အမျိုးကောင်းသားတွေကို ခြိမ်းခြောက် ပါဝါပြနေတာ ဘယ်လို ဆိုးဝါးလွန်းတဲ့ အဖြစ်ကြီးလဲဟင်။

`ရဟန်းရှင်လူ ပြည်သူအများအား ညှင်းပန်း သတ်ဖြတ်သော သူများ အား ရှုတ်ချ ကျ။´

ခပ်သော့သော့ စာ လုံးတွေ ကို ၀ှိုက်ဘုတ်ပေါ် မှာ ခပ်ကြမ်း ကြမ်း ရေး ခြစ် လိုက်တဲ့ ခင်ပွန်း ဖြစ်သူကို လှမ်း ကြည့်လိုက်တယ်။ သူတို့ ၂ယောက်စလုံး အလို အလျောက် နား လည် လိုက်ကြတယ်။

အိမ်ရှေ့ တံခါး မှာ ချိတ်လိုက်တဲ့ ၀ှိုက်ဘုတ် ကို ကြည့်ကာ အော်ဟစ်သူ တချို့ ရပ်တန့်နေကြသည်။ ခေါင်း ဆောင်လုပ် တဲ့ ဟို တယောက်က.. အသံမြှင့်အော် ကြဖို့ ပြော နေသည်။ ဘာသံတွေလဲ။ နားထဲမှာ ရော ရင် ထဲမှာ ရော ဆူဝေ နေသည်။ ဘယ်လို အသိညဏ် တွေနဲ့ ဘယ်လိုလူ တွေ ဘာတွေကို အော်ဟစ်နေကြသလဲ။ သူတို့ တကယ်ပဲ ကျေနပ် အားရ နေကြသလား။ သူတို့ တကယ်ပဲ ညီလာခံ ဆိုတာကြီးကို သိသလား။ သူတို့ တကယ်ပဲ ဘုန်းကြီး တွေဆူဆူပူပူလုပ် တယ်လို့ ထင်သလား။

အိမ်ရှေ့ တံခါးပေါက်နား ရောက်သွားချိန်မှာ သူ့တကိုယ်လုံး ပေါ့ပါး နေသည်။ ဆိုင်းဘုတ် ကိုကြည့် လိုက်..မလို့လဲ လို့လဲ အော် လိုက်.. လုပ်နေသော လူ တချို့ က သူ့ကိုမြင်သွားကြ သည်။

` ဒီမှာ ရှင်..ကျေးဇူးပြု၍.. အခု ရန်ကုန်မှာ ဗုဒ္ဓဘာသာ ရဟန်း သံဃာ တွေ မတရား တဖက်သက် ညှင်းပန်း သတ်ဖြတ် ခံလိုက် ရတာ တကယ်ပဲ ကျေ နပ် ထောက်ခံ ကြသလား ဟင်..´

သူ့ အသံသည် မယုံ နိုင်လောက်အောင် အေး ဆေး တည်ငြိမ်နေသည်။ လူတချို့ တို့ ကြောင်အမ်း သွားကြသည်။ လက်ထဲမှာ ကိုင်ထားတဲ့ ကြံ့ဖွံ့ အလိုကျ ဆိုင်းဘုတ် တွေကို တချို့လဲ ပစ်ချ .. တချို့ မြေကြီးပေါ် ကို နှိမ့်ချ .. ဖရိုဖရဲ ရှဲခွါသွား ကြသည်။

သူတို့ မောင်နှံ လက်မောင်းချင်း တင်းတင်းဆုပ်ပီး အိမ် ထဲ ကို ၀င်ခဲ့သည်။ သားငယ်လေး ကတော့ အိပ်လို့ ကောင်းနေတုံး။ ဖေဖေ ကတော့ အိပ်ယာ က အမြန် ထလာ ရင်း သူတို့ ၂ယောက်ကို အံ့အားတကြီး ကြည့်နေသည်။

အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီ

မြို့နယ် ရဲမှူး နှင့် ရဲတချို့ အိမ်ရှေ့ ကို ရောက်လာ ကြသည်။
တည် ငြိမ်စွာ စောင့် ဆိုင်း နေသော သူတို့ ၂ယောက် မှာ ဘာ မှ ထိန်ဝှက်စရာ မရှိသလို။ တောင်းပန်စရာ လည်း မလိုခဲ့။ ၁၀ နှစ် အရွယ် သားငယ် ကတော့ သူ တနေ့ခင်းလုံး ရှင်းပြ ထားလို့ သူတို့ ၂ယောက် ထွက်သွား တာကို မမှိတ်မသုံ စိုက်ကြည့် နေယုံ ကလွဲလို့ ဘာမှ မပြောခဲ့။ ဖေဖေ့  ကိုတော့ ကျန်းမာရေး ဂရုစိုက်ဖို့ စိတ်မပူ ဖို့ တည်ငြိမ်စွာ ပြော နိုင်ခဲ့သည်။

အာရုံထဲမှာ ရဲရင့်သူ များ ရဲ့ ပုံရိပ်တွေ ရှိသည်။ ရင်ထဲ မှာ အမှန်တရား အတွက် မြဲမြံမူ တွေ ရှိသည်။ ရှေ့ မှာ ကဒေါင်းအလံတွေ လွှင့် နေသည်။ ချိုးငှက်တို့ အတောင်ခတ်လေပီ။ စည်ဗြော သံ ဝေ ကို ကြားနေ ရပီ။ ရောက်တော့မည်။



Share/Bookmark

6 Comments:

PeTi said...

တကယ်ပဲ ဂုဏ်ယူဖို့ကောင်းသလို ချီးကျူးဖို့ အရမ်းကောင်းတဲ့ ဇနီးမောင်နှံပါပဲ။ လေးစားလျက်ပါ။

မေငြိမ်း said...

ကေရေ.. ဖတ်ရင်းနဲ့ ကြက်သီးထ.. မျက်ရည်ကျခဲ့ရပါတယ်၊
တကယ်ကို မမနီတို့အတွက် ဂုဏ်ယူပါတယ်..

ခင်မင်းဇော် said...

ကေ အမတော့ တကယ့်ကို မျက်ရည်ကျမိပါတယ်။ မမနီတို့ကို လေးစားစွာ ဂုဏ်ယူလိုက်ပါတယ်။ သူတို့ တာဝန်ကျေခဲ့တယ်။ အဲလိုလူတွေ အများကြီးလိုတယ် ကေ။ ပြည်သူတွေအားလုံး မမနီတို့ ဖြစ်သွားခဲ့ရင် သိပ်ကောင်းမယ်နော်....

မင်း said...

ဒီဆောင်းပါးတိုလေးကို ဖတ်မိပြီးရင်နှင့်အမျှ ခံစားရပါတယ်။ ပြည်သူတွေ ကအမှန်တရားတွေ အတွက် ပေးဆပ်နေရတဲ့ ဝတ်ကြွေးတွေ ရှိခဲ့ရင်မြန်မြန်ကုန်ပါစေလို့ဆုတောင်းလျှက်

Kay said...

copy from CBox
ဖိုးဇေ:
မကေရေ။ မမနီတို့တော့ ပြန်လွတ်လာပြီ လို့ ဒီဗွီဘီမှာ ကြားရပါတယ်။ ဂုဏ်ယူစရာ တွေပြည့်နေတဲ့ မြန်မာပြည်ရဲ့ လူထုထဲက ပန်းနှစ်ပွင့်ကို အလေးပြုလိုက်ပါတယ်ဗျာ။

မျိုးချစ်:
စိတ်မကောင်းဘူးဗျာ ဒါပေမယ့် ကျက်သီးတောင်ထတယ် ဒေါသတွေလဲထွက်တယ် မျက်ရေလဲဝဲလာတယ် ဂုဏ်ယူပါတယ် မမနီ ကျွန်တော်ဆုတောင်းပေးနေပါတယ်

pk:
accept my great appreciation for ur sister and her husband for their respectable movement. i cried too.

Khaing:
Ma kay..my hearts fell out after reading about Ma ma ni. I really wish best for both of them.

ဂျစ်တူး - gyit_tu said...

မကေရေ .. မမနီတို့ ဇနီးမောင်နံနဲ့ ထပ်တူ ဒီဆောင်းပါးလေးကို ခံစားသွားပါတယ် ။