ဝှက်ဖဲ (အခန်း ၃)




အခန်း(၃)-
သူ

နေအုံး…ဝေါ်လတာ ဆိုတဲ့ ကောင် က..ဘာဖြစ် လို့.. ဒီ  Nameless lake  ဆိုတဲ့.. တောအိမ် လေး မှာ တယောက် တည်း ဖြစ် နေ  ရ တာ လည်း

ခု..သူ ဖတ်နေ တဲ့ အထဲ တော့.. ဝေါ်လတာ ရယ်.. အိမ်နောက်ဖေး တောအုပ် ထဲက..ငှက်တွေ ရယ်.. ဘေးအိမ်က.. ကြောင်ကြီးရယ်.. ကြောင်ပိုင်ရှင် ခပ်စွာစွာ အိမ်နီးချင်း မိန်းမ ရယ် သာ…။

ရှေ့ဖက် အခန်း တွေ ကို နည်းနည်း ပြန်လှန် ကြည့် သည်။ 

သြော.. ဒီကောင်က.. သူ့လက်ထောက်မ.. နဲ့.. အကြီးအကျယ် ဇတ်လမ်း ဖြစ် ခဲ့ တာပဲ…။ ပယ်ပယ် နယ်နယ် ရေး ထားတဲ့.. အချစ် ခန်း တွေကို ဖတ်ရင်း.. ဒါကြောင့်..ဒီဝတ္တု ဒီလောက် ထူ နေတာ ဖြစ်မည် ဟု တွေးရင်း ပြုံးမိ သွား သည်။

ရှေ့ ဖက်က အခန်း မှာ တွေ့ လိုက်တဲ့.. အချစ်ဆုံး အခန်းဖော်..ငယ်သူငယ်ချင်း ရစ်ချဒ် က ရော.. ဘယ် လို ပြန်ပါ မှာ တဲ့ လည်း…

စာအုပ်ကို တဖျပ်ဖျပ်  လျှောက်လှန်ရင်း….Mistake was made ဆိုတဲ့.. ခေါင်းစဉ် အခွဲ လေး ကို စိတ်ဝင်စား သွား သည်။ ပတ်တီ ဆိုတာ..သူ့ မိန်းမ ဖြစ်မည်….အဲဒီ အမျိုးသမီး  နေရာ က နေ .. ရေးထား တဲ့.. ကိုယ်တိုင်ရေး ၀န်ခံချက် ဆို ပါလား…။

..
..
..

“ အမယ်.. ၀တ္တု ကြီးကို ကောက်ဖတ် လို့ ပါ လား.. ဘယ် က ဘယ်လို စိတ်ဝင်စား တော် မူ သွား သလဲ ..”

စာအုပ်ကို ပိတ်ပြီး ဘေးမှာ ချ လိုက်ရင်း.. သူ့ ဇနီး ကမ်းပေး လာ တဲ့.. နွားနို့ ခွက် ကို.. ယူ လိုက် သည်။ ဒီည တော့.. ကွန်ပြူတာ စော စော ပိတ် ပြီး.. သူ့ အနား မှာ လာထိုင် လို့ ပါလား..။ ကြောင်ဝါ ကြီး က လည်း သူမ အနောက်မှာ ကပ်လျက်…။ အမြီး ကြီး ကို ထောင်လို့….။


“ အင်း ပေါ့.. မင်းက.. အသဲ အသန် ဖတ်ပြီး.. ပါးစပ် ကလည်း ပြောပြော နေ တော့.. ဘာတွေ များ ဘယ်လောက် ကောင်း လို့ လည်း လို့.. လျှောက်လှန် ကြည့် တာပါ.. ”

စာကြည့်ခန်း ထဲက.. ဆိုဖာ ကြီး သုံးလုံး ကို ကြည့်ရ တာ.. ခု တလော.. သိပ် ကြီး ပြီး.. ဘာမှ အသုံးမ၀င် သလို ခံစား နေ ရ သည်။ သား ရှိ တုန်းက တော့.. ဒီ အခန်း ထဲ မှာ သူ့   ရက်ပ် သီချင်းခွေ တွေ .. ရက်ပါ ကိရိယာ အသုံးအဆောင် တွေ နဲ့ ဆူညံ ရှုပ်ပွ နေ ခဲ့ သည်။  သား ဖို့ တီဗွီ ခန်း သပ်သပ် လုပ်ပေး ဖို့ ပူဆာ လှ သော သား အမေ လည်း ခု တလော .. စာဖတ်ခန်း မှာ ပင် သိပ်မထိုင် တော့ ဘူး မဟုတ်လား…။


“ အဲဒီ တော့.. ဘာတွေ တွေ့ လည်း.. လျှောက်လှန် ယုံ နဲ့ တော့.. ဘာ သိ မလည်း..”

“ အိုး.. အသေးစိပ် တွေ မလို ပါဘူးကွာ.. စာအုပ် တအုပ်ကို.. ရှေ့ ဆုံး စာမျက်နှာ ရယ်.. နောက်ဆုံး စာမျက်နှာ ရယ် ဖတ် လိုက် ရင် …ငါ့ အတွက် လုံ လောက် ပြီ…မင်းသာ.. ကိုးရက် ဆယ်ရက် အချိန်ကုန် ခံ ဖတ် နေတာ.. ဟတ်လား.. ဟဟ..
….
ပြီးတော့..ဒါတွေက.. တကယ်တော့… ဟောလိဝုဒ် က ရုပ်ရှင် တွေ လိုပဲ..  ဘလော့ ဘက်စတာ တွေ ပါ ပဲ ကွာ.. ရုပ်ရှင် ဆိုရင်တောင်.. နှစ်နာရီ လောက် နဲ့ ကိစ္စပြတ် တယ်…”

“ သြော.. ရှင်က မှ …ရသ  တွေ မကြိုက်တာ.. မဖတ် တတ် တာ… ရသ ၀တ္တု တပုဒ် ကို.. အစ နဲ့ အဆုံးပဲ ဖတ်ပြီး တော့ ---- တော့.. အဲလို မဝေဖန် ပါ နဲ့ ကွယ် … ပူစီ ရယ်.. နော.. ပြောလိုက်စမ်း.. ”

“ နောက်တာပါ ကွာ.. ငါ.. နောက်ဆုံး က..အခန်း တခန်း ဖတ် လိုက်တာ.. မဆိုးဘူး.. စွဲဆောင်မူ ရှိ သားပဲ…ဝေါ်လတာ က.. ဇတ်လိုက် လား..
သူ့  နေရာ ကနေ ရေး ထား တဲ့.. အခန်း ..

သူတို့ နွေရာသီ အိမ် ကလေး ကို..သူ တယောက် ထည်း ပြန်လာပြီး..  နေတော့.. သူ့ တောအုပ်လေး ထဲ က..ငှက်တွေ နဲ့.. ဘေးအိမ်က.. ကြောင် ကြီး ရဲ့ အန္တရယ် အကြောင်း လေး ရေး ထားတာ တော့… သဘော ကျ သား … 
....
ဘာလဲ.. အဲဒီ ကြောင်ကြီး ကိုက်သတ် ထားတဲ့ ငှက် သေ တွေကို တပုံချင်း ဓါတ်ပုံ ရိုက် ပြီး..  ရပ်ကွက် ထဲက.. အိမ်တွေ မှာ လိုက်ဝေ တဲ့ ဟာ.. ပြီးတော့.. ကြောင်တွေကို အိမ်ထဲ မှာ ပဲ ထား ဖို့ နဲ့.. အပြင်ထုတ်တဲ့ အချိန်မှာ.. ခြူ ဆွဲ ဖို့ ဆိုတဲ့.. ဥပဒေ ကို... လော်ဘီ လုပ် တဲ့ အကြောင်း လေး.. ရီ ရ တယ်..အမယ်.. မပြောနိုင်ဘူး ကွ.. ဒါ .. အမေရိက က.. အူကြောင်ကြား ဥပဒေ တွေ ကို သရော် တာလဲ ဖြစ်နိုင် တယ်..
….
အေး.. စကားစပ် လို့.. မင့် ကြောင် ကြီး လည်း.. မနက်က.. ခြံ ထဲက.. အကောင် တကောင် ခုတ် ပြီး တက်လာ တာ တွေ့ လိုက် တယ်..… သတိ ထား အုံး…ခြူလေး ဘာလေး တပ်ပေး ထား လေ ကွာ.. ”

“ ရှင့်ငှက် ကလေး တော့ မဟုတ်ဘူး မဟုတ်လား.. ”
“ အို.. ငါ့ ငှက်သာ ဟုတ်လို့ ကတော့ လား.. မင့်ကြောင် ဟင်းအိုးထဲ ရောက်သွားမယ် မှတ်..ဟတ်လား.. ဟေ့ကောင်.. ”

ဘုတ်ထိုင်းထိုင်း ပုံစံ ကြီး နဲ့.. သူ့သခင်မ ပေါင်ပေါ် တက်ထိုင် နေတဲ့..ကြောင်ဝါ ကြီး က တော့.... သူ ခြေထောက် နဲ့.. မထိ တထိ လှမ်း ကန် ပြီး စ တာ တောင်.. တချက် မလှုပ်...။ 

သူ့ မိန်းမ ကြောင်ချစ် ပုံ ကို လည်း .. သူ ..ထူးပြီး စိတ် မပျက် တော့ ပေ…။ ပြီးတဲ့ တနှစ် ..နှ နှစ် လောက်က မှ.. ဘယ်ကမှန်း မသိ တဲ့.. ဒီကောင် ကြီး အိမ်ပေါ် တက်လာရင်း.. ခုတော့.. သူမ အသဲကျော် ဖြစ်နေ လေ သည်။ သူ ကလည်း ဘယ်လို ဖြစ်ပြီး တော့ ကို .. ကြောင်တွေ ကို မချစ် တတ် မှန်း ကို မသိ…။ ဝေါ်လတာ ကတော့... ကြောင်တွေ ကို မုန်းပင် မုန်းတီး လှ သည် ဆို ၏။  နောက်ဆုံး..အင်မတန် စည်း ရှိ သော..ဥပဒေ လိုက်နာ သော သူ  ဖြစ်လျက် နှင့် တောင်.. . သူ့ ခြံ တောအုပ် ထဲက ငှက်ကလေး တွေ ဘေးကင်း လုံခြုံ ဖို့ အတွက်.. ဘေးအိမ်က.. ရန်သူ တော် ကြောင် ကြီးကို.. တိတ်တိတ် ကလေး လက်စ ဖြောက် ပြစ် လိုက် သည် အထိ….။ ခုန သူ သဘောကျ သော စာလေး တကြောင်း တွေ့ လိုက် မိသည်။ စာအုပ် ကို ပြန် ဖွင့် ရင်း.. လှန် ရှာ တော့….

“ ကြည့်.. ဒီ စာကြောင်း လေး .. ငါ သိပ် သဘော ကျ တယ်… 
He’d never seen anything in a cat’s face but simpering incuriousty and self interest: you only had to tease one with a mouse-toy to see where its true heart lay. 
 အဲဒါ .. ကြောင်ပဲ ကွ… ကြောင်ဆို တဲ့ အတိုင်း .. ကြောင် ကို ကြောင်တာ..ကိုယ့် ကို ကိုယ် ပဲ စိတ်ဝင်စား တာ.. သူတို့ နှလုံးသား မှာ ကြွက် နဲ့ ငှက်က လွဲ လို့ ဘာမှ မရှိဘူး.. မင့် ကောင်ကြီး ကတော့.. မဆိုးပါဘူး.. အနည်းဆုံး တော့..သူ့ သခင်မ ကို..ဘယ်လို အဖော်လုပ်ပေး ရ မလည်း ..ချွဲရ မလည်း ဆိုတာတော့..ကောင်းကောင်း သိပုံ ပါပဲ.. ဟတ်လား… ဟမ် ”
..


“ အိုး.. ကျမ ကတော့.. အဲဒီ အခန်းကို..ဖတ်ရ တာ အပျင်းဆုံးပဲ….
....
ဒီလူကြီး ကလည်း ငှက် တွေ ကို ဘာလို့ များ ဒီလောက် စိတ်ဝင်စား တာလဲ မသိပါဘူး… .သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း တာ က..ဟုတ်ပါပြီ… ဒီ ငှက် တမျိုး  နှစ်မျိုး အတွက် နဲ့ တော့.. အဲဒီလောက် ဖြစ်နေ စရာ မလို ပါဘူး.. အဲဒါကြောင့်..  လဲလီသာ .. က ပြန် ပြောတာ.. သဘာဝ ကြီး မှာ ကို က.. “constant killing”  ပဲ တဲ့..ဒီ ငှက် ကလေး တွေ ကလည်း.. ပိုးကောင် လေး တွေ.. ဘောက်ဖတ် ကလေး တွေ ကို နှုတ်သီး နဲ့ ဖောက် သတ် စား နေကြ တာပဲ တဲ့…အဲဒါ တော့ အမှန်ပဲ..”

“  လဲလီသာ  ဆိုတာ.. သူ့လက်ထောက် ကုလားမ လေး လား.. ”

“ အင်းလေ.. အမေရိကန် ပေါက်.. မိုင်ဂရန့် ကုလား ပေါ့…သူ့ကို အရမ်း လေး စား.. အတင်း လိုက် ကပ်  နေတာ .. အသက်က.. တ၀က်လောက် … အဲဒါကြောင့် .. အဲလို တွေ ဖြစ်ကုန် တာပေါ့.. ဒါပေမဲ့.. နောက်တော့…အဲဒီ ကုလားမလေး ကို စာရေးဆရာက.. ကားမှောက် ပြီး သတ်ပြစ် လိုက် တယ်.. ”
...


“ ဟ.. သူ့မိန်းမက.. ဟို..သူ့  သူငယ်ချင်း ရော့ကာ  နဲ့.. ဖြစ်တာ ကြ တော့ ရော…အသွား ရှိ လို့ အပြန်ရှိ တာ ပါကွာ.. ”
....
သူ့ ဇနီး က.. တီဗွီ ရမုတ် ကို ယူပြီး လိုင်း ပြောင်း လိုက် တော့.. သူ လည်း... စာအုပ် ထူ ကြီး ကို ပြန်ကောက် ကိုင် ဖတ် နေ လိုက် သည်။ 

ဘာပဲ ပြောပြော.. သူ့ စိတ် ထဲ မှာ ဝေါ်လတာ ကို နားလည် သလို ရှိ သည်။ သူ ဖတ်ရ သလောက်.. စာရေး ဆရာ ၀င်စား ပုံဖော် ထား သော ဝေါ်လတာ  သည်.. အပြင်ပန်း အားဖြင့်.. ညီးငွေ့ စရာ ..အနည်းငယ် ကောင်းလှ ပေမဲ့.. သူ့ အတွင်း စိတ် သည်.. တည်ကြည် သည်.. စည်းစနစ် ရှိ သည်.. တာဝန် သိ သည်။ 
.
စာရေးဆရာ ဆို တဲ့ ကောင် က.. သူ ကိုယ်တိုင် လည်း တော့် တော့် ကို self conscious ဖြစ်ပုံ ရ သည်။  ဝေါ်လတာ က.. ငယ်ငယ် လေး ထဲက.. အိမ်မှာ အလတ် ဖြစ်ရင်း..မိသားစု မောင်နှမ တွေ ရဲ့.. တာဝန် ပျက်ကွက် မူ တွေ ကို.. မသိစိတ် က.. ရွံမုန်း နေ ခဲ့ သူ လို့.. တစွန်း တစ သူ တွေ့ လိုက် သည်။ ဒါကပဲ.. လောက လူမူ ဆောင်တာ တွေ ကို.. အစီအစဉ် တကျ ဆောင်ရွက် ချင် သူ တယောက် ဖြစ်လာ စေ တာ ဖြစ်မည် ။ ဒါဆို သူ့ လက်ထောက်မလေး နဲ့ မှ.. ဘယ်လို ဖြစ် သွား သလည်း..။ 
....
သူ သိ သည်။ ဒါ.. ထိမ်းချုပ်မူ တခု ရဲ့… အဆုံးစွန် တန်ပြန် သက်ရောက် မူ…။ ဒါမှ မဟုတ်.. ငြီးငွေ့ မူ တခု ရဲ့.. ယိုစိမ့် ညစ်ညမ်းမူ….ပိုပြီး သေချာ နိုင် တာ ကတော့.. ငြင်းဆန်နိုင် စွမ်း မရှိ တဲ့.. လူသားဆန်မူ….။
 

ပြီးတော့.. စာရေးဆရာ ရဲ့ ငှက်တွေ နဲ့ ပတ်သတ် တဲ့.. ခံစားချက် ကို… သူ့  ဇနီး နားမလည် နိုင် ပေ မဲ့…ပတ်တီ  နားမလည် နိုင်ပေမဲ့… လဲလီသာ  နားမလည် နိုင် ပေမဲ့… သူ တော့..နားလည် နေ မိ သည်။

Constant killing.. ။ ဟုတ် တယ်…။ ဒါပေမဲ့.. ငှက်ကလေး တွေ ရဲ့… killing မှာ.. ချောင်းမြောင်း ဖမ်းဆီးမူ  မပါ.. ရက်စက် ကြမ်းကြုတ် မူ မပါ.. အလိုလောဘ တွေ မပါ.. သဘာဝ ရဲ့  အလိုက်သင့် အတိုင်းသာ…။ ပြီးတော့.. သူတို့ မှာ..ကြောင်တကြောင် လို ပျင်းရိ ငြီးငွေ့မူ မရှိ.. အေးစက် ထုန်ထိုင်းမူ မရှိ.. လိုတ ယုယ ခံလို စိတ် မရှိ…။ 
.
ကြည့်လေ….

ငှက်တွေ ရဲ့.. အသံ လို သာယာ နာပျော်ဖွယ် ကောင်းတဲ့ အသံ..ဘယ် တိရိစ္ဆါန် မှာ  ရှိသလဲ…
ငှက်တွေ ရဲ့… ရွှေ့ ပြောင်း ပျံသန်း မူ လို.. တိကျ သေချာ တာ.. ဘယ် လူသား ကမ္ဘာ မှာ ရှိသလဲ…
ငှက်တွေ ရဲ့… ဖို-မ တရား လို.. လှပ ရိုးရှင်း တာ.. ဘယ် ချစ်ခြင်း မေတ္တာမှာ များ ရှိနိုင်  လို့ လဲ.…
..
သူလည်း ငှက်တွေကို ချစ်သည်
...
သူ့ လှောင်အိမ် ထဲက.. ငှက်ပြာလေး က တော့.. တကောင် တည်း … ပျံသန်းမူ တွေ ကင်းမဲ့ လို့….။  လှောင်အိမ် ထဲက.. သူ့ အသံ လေး က ရော.. ပျော်ရွှင် ကြည်နူး နေတာ ဖြစ်နိုင် ပါ့ မလား…။
....
တကယ်တော့… ဒီ ငှက်ကလေး ကို…သူ ဘာလို့  လှောင်အိမ်ထဲ မှာ ထဲ့ ပြီး မွေးထား မိ သလည်း ဆိုတာ.. သူ့ ဇနီး ကောင်းကောင်း မသဲ ကွဲ သလို… သူ ကိုယ်တိုင် လည်း....အသေအချာ.. နားမလည်  ခဲ့ ပါ…။




+++++
(ဆက်ရန်)

 


Share/Bookmark

1 Comment:

PAUK said...

မမစီဘောက်မှာ ပြောနေတာတွေ့လို့...