စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၆)

မန္တလေးဆောင်ကြီးကလည်း..မှောင် လိုက်တာ …


ညနေ ကြောင်တောင် ကြီးတောင်.. လက်တွေ့ခန်းထဲ မှာ ထွန်းထားတဲ့ မီးချောင်း ရောင် တွေ က..သူ ထိုင် နေတဲ့..ထောင့် ခုံ ပေါ် ထိ မရောက်။ ဒီ cross section ဆွဲတာ ကို လည်း..သူ ကောင်းကောင်း နားမလည်။ ဆရာ ပြောပြ နေတုန်းကလည်း..နားစိုက် မထောင် မိ..။ သူ ဘာတွေ တွေးနေခဲ့ မှန်း လည်း မသိ။
-
Assignment ပေးထားတဲ့..မြေပုံ စာရွက် ကလေး ကို A B မျှားလေး အတိုင်း ချိုး ပြီးတော့.. အောက်က..စာရွက်လွတ်ပေါ် မှာ.. အစက်လေး တွေ တော့..ချပြီးပြီ။ ဘေး က.. ခလေး ကလည်း..ယောင်တောင် ပေါင်တောင်..သူ့လိုပဲ.. ဟိုဖက် ကြည့် လိုက်..ဒီဖက် ကြည့်လိုက်။ ဆရာမ ဒေါ်သူဇာ နဲ့ ဆရာ လတ် တို့ နှစ်ယောက် ကတော့..သူတို့ သေချာ လက်ချာ ရိုက်ပြီး ပြီ ဆိုပြီး… ကျောင်းသား တွေကို..စိတ်ချ လက်ချ ရှိ ပုံရသည်။ တံခါး ဘောင်မှာ မှီပြီး စကားရပ်ပြော နေကြသည်။

တချို့က..အလင်းရောင် ကောင်းတဲ့..၀ရံတာ က..ခုံ တွေ မှာ ဆွဲ နေကြသည်…။ နောက်ပြောင်သံ တချို့..နဲ့.. ရီမောသံ တချို့ ..။ ၀ရံတာ ဖက် ဆီ မှာ စည်စည် ကားကား ..။ မဖြူ က .. အောနပ်စ် က တသိုက် နဲ့..အဲဒီမှာ သွားဆွဲ နေတာပဲ။
-
အိုး.. မှောင်က မှောင်.. စိတ်က အိုက်..။ ဒေါသ ကလည်း ဘယ်က ထွက်နေမှန်း ကို မသိ။ မျက်နှာကျက်က..ပန်ကာ အိုကြီး တွေ ကလည်း..တဒီးဒီး နဲ့ သာ မြည်နေတာ.. ဘာလေ မှ လည်း မရ..။ တံခါးပေါက် မှာ ရပ်ပြီး..ရယ်မော စကားပြော နေတဲ့..ဆရာ နဲ့ ဆရာမ ကို ကြည့် ရင်း .. ဆရာ့ ကို သတိ ရ သည်။ ခု လောက်ဆို စင်ကာပူ မှာပေါ့.. အလုပ် အသစ် ထဲ မှာ ပျော်နေ ပြီလား..ဘ၀ အသစ်ကို ရုန်းကန် နေ သလား ..။ ဘာရယ် လည်း မဟုတ်.. စာတွေ နားမလည် မိ တော့ .. စိတ်အေး လက်အေး နဲ့.. ဗဟုသုတ တွေပါ ညှပ်ပြီး..စာရှင်းပြ တတ်တဲ့..ဆရာ့ကို သတိရ မိတာပါ..။ ဆရာသာ ရှိသေးရင်.. သူတို့.. ပရက်တီကယ် တွေ
ဝင် ကိုင် ပေးရမှာ..။ ဘာမှန်း လဲ မသိ ..သူ ငိုချင် လာသည်။ ဒီ အခန်းထဲက..ခဏ ထွက်မှ ဖြစ်မည်..။ ခေါင်းတွေ လည်း အုံခဲ လာသလိုပဲ..။ ခဲဆံ ဘောပင် ကို ခုံ ပေါ် ပြစ်ချ ပြီး.. ထိုင်ခုံ ကနေ မတ်တပ် ရပ် မိသွားသည်။
-
“ ဘယ်သွား မလို့လည်း..သူများတွေ ဆွဲ ပြီး တောင် ကုန်ပီ…”
-
ကိုတိုး အသံ က..ခပ် မာမာ ။ လူ ကို မကြည့်ပဲ.. မှုန်ကုပ်ကုပ် နဲ့ ခုံပေါ်က..စာရွက်ကို လှမ်း ကြည့် လိုက် ရင်း…
....
.....
....
....
....
....
....
....








 


Share/Bookmark

11 Comments:

စူးနွယ်လေး said...

လွမ်းလိုက်တာ..ပင်းယဆောင်ကမုန့်ဟင်းခါးကို အမြဲသွားစားနေကျ...။ ညနေခင်း အဆောင်ရှေ့ပေါက်နဲ့ နောက်ပေါက်က ဧည့်ချိန်တွေကိုလည်း သတိရတယ်။ တခါတလေတိုက်နေရင် အုပ်စုခွဲပြီး ဧည့်ကြိုကြရတယ်။ ဟီး...အဲလိုအဲလို အုပ်စုလိုက် ဗရုတ်ကျခဲ့ကြတာ။

ချစ်ကြည်အေး said...

ကေ ရေ..စောစောစီးစီး လာဖတ်သွားတယ်။ ကျောင်းကြီးကိုတောင် လွမ်းသွားတယ်။ အဲ့ဒီ ရွေးချယ်မှုကလေးက အတော်တာသွားတယ်။ ကျောင်းပြီးလို့မှရည်းစားမရရင်ပဲ အဖြစ်မရှိလို့ မစွံတာလိုလို , ခက်တယ်နော်

ရွှေရတုမှတ်တမ်း said...

်final နှစ်ရောက်ရင် သနပ်ခါးသွေးရင် ကျောက်ပြင်က
ရတာယူမယ်..ရတာယူမယ်..အော်သတဲ့
ဘယ်သူပုံစံချသလဲဆိုတာ ကျောက်ပြင်တာမေးကြည့်ပေတော့ ငါ့နှမရေ့

Moe Cho Thinn said...

ဒီတခါတော့ စိန်ပန်းနဲ့ ကံကော်တွေ အကြောင်း တ၀ကြီး ဖတ်လိုက်ရလို့ ကျေနပ်တယ်။

အချစ်ဆိုတာ ရွေးချယ်မှူ လို့ တို့တော့ မထင်ဘူး။ အချစ်က ကိုယ့်ကိုသာ ရွေးချယ်သွားတာပါလေ..။

အထွေးပြောတဲ့ စကားတွေကို တို့လဲ ကြိုက်တယ်။ ရှင်းတယ်၊ ရိုးတယ်။

tin min htet said...

ကေ အစစ် ဖွဲ့တဲ့ ကေဖွဲ့ဆိုသီကို အားလုံးပြီးမှ အစအဆုံး ပြန်ကိုဖတ်ဦးမယ်။

P.Ti said...

အမရေးတာဖတ်လိုက်မိတာ... ကိုယ့်ခံစားချက်တွေနဲ့ကိုယ်ဖြစ်သွားတယ်... အဆောင်ရှေ့မုန့်ဟင်းစားလာနေကျ အဆောင်သူတွေကို မျက်စိထဲမြင်ယောင်လာမိတယ်...
သြော် အဆောင်နေခဲ့ဖူးတာတွေလည်း သတိရမိတယ်... အဲဒီတုန်းက အပျော်တွေလွန်တာ ချစ်သူရှာရမယ်ဆိုတာ မသိခဲ့ပေါင် :D

MANORHARY said...

ပင်းယရှေ့က မုန့်ဟင်းခါးဆိုင်ကိုလွမ်းပါတယ်။
အသုတ်လည်းကောင်းတယ်။ ပင်းယ ပဲခူး စစ်ကိုင်း .. သူတို့ရဲ့ တောချောက်သံတွေကိုလည်း လွမ်းတယ် ..
ဒါကိုပဲ ဦးစားပေးလွမ်းလိုက်တယ်
နောက်က ရွေးချယ်မှုချင်းထပ်နေတဲ့ အချစ်အကြောင်းကို
ဝင်မဆွေးနွေးချင်လို့ ...း)

မမသီရိ said...

အချစ်မှာ ပုံစံခွက်မရှိပေမဲ့
တက္ကသိုလ် ပရ၀ုဏ် ရဲ့ လွမ်းမောဖွယ်ရာတွေ
အထူးသဖြင့် ရန်ကုန်တက္ကသိုလ် ဆိုတဲ့ရာဇ၀င်အဆက်ဆက် နာမည်ကျော် အမှတ်အသားတွေက
တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ကို အချစ်နဲ့ ခလုပ်တိုက်မိစေဖို့ တွန်းအားတွေ ပေါ့.. ကေ

အင်းလျား ရယ်
ကံ့ကော်ပင်ရိပ်တွေရယ်
အဓိပတိ အပါအ၀င် ပရ၀ုဏ်ထဲက လမ်းတွေ ရယ်
နာမည်ကျော် သစ်ပုပ်ပင်ကြီးရယ်
ဘွဲ့နှငိးသဘင် ခန်းမကြီးရယ်
သိပံ ဆောင်ကင်တင်း ရယ်
အို.. အရာရာ တိုင်းဟာ စိတ်နှလုံး နူးညွတ်ဖွယ်တွေပါပဲ

ကိုင်ဇာရဲ့ ဂျပ်ဆင် သာ စကားပြောတတ်ခဲ့ရင်.. သူလေပြောပြလိမ့်မယ် ဆိုတဲ့ သီချင်း

ရာဇူး က မမ.. ရေ ဆိုတဲ့သီချင်း

မေဆွိ ရဲ့ စိန်ပန်း သီချင်း

ချိုပြုံးရဲ့ တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်းတွေ
က အလယ်တန်းကျောင်းသူ မမ တို့ တွေ ကို တက္ကသိုလ် တက်ဖြစ်အောင် စာကြိုးစား ဖို့ တွန်းအားတွေ ဖြစ်စေခဲ့တယ်

tg.nwai said...

ကေရေ..တ၀ကြီး လာဖတ်သွားပါတယ်...အစောပိုင်း သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့တာလေးတွေ..ပြီး..အကြောင်းအမျိုးမျိုးကြောင့် အဲဒီပျော်ရွှင်မှုလေးတွေ တည်ရှိမနေတော့တာလေးတွေ..အားလုံးမှာ မျောပါသွားရင်း...ရွေးချယ်မှုလို့ ထင်ခဲ့တာတွေထဲက ဖြစ်သင့်တာကို ရွေးချယ်နိုင်ခဲ့သူတွေကိုတော့ ချီးကျူးမိမှာပါပဲ..ဒါပေမယ့် အချစ်ဆိုတာကိုတော့ ရွေးချယ်မှုတခုလို့တော့ မထင်မိဘူး ကေ ရေ...။ ကျေးဇူးပါ..ဂိုးရှိုးစတိုးတို့ အိမကျောက်ကျောဆိုင်တွေကိုတောင်ပြန်မြင်ယောင်ရင်း လွမ်းမိသေးတယ်...:)

ကိုလူထွေး said...

ယောက်ျားလေးတွေက လက်ဘက်ရည်ဆိုင်သွားကြပြီး မိန်းကလေးတွေက မုန့်ဟင်းခါးကြိုက်ကြသူတွေမို့ ဖြစ်မှာပါ။ ယောက်ျားလေးဆောင်နဲ့ မဆိုင်လောက်ပါဘူး...း)

ဒါနဲ့ ဆရာ့ဇာတ်လမ်းကို အစောကြီး ဖြစ်ပစ်လိုက်တော့ နောက်ထပ် ဘယ်လိုဇာတ်လမ်းတွေ ဆက်အုံးမလဲ သိချင်နေပါတယ်...

းဝ)

တန်ခူး said...

ကေ… စိန်ပန်းနဲ့ ကံ့ကော်တွေထဲ တို့ ပြန်ရောက်သွားပြီ… အချစ်ကိုမတွေ့ ခင်က အချစ်ဆိုတာ ရွေးချယ်မှုလားဆိုတဲ့ ကေ့လို ယောင်ဝါးဝါးခံစားချက်တွေ ရှိခဲ့ဘူးတယ်… ခုချိန်မှာတော့ တချို့ လဲ အချစ်=ရွေးချယ်မှုဆိုတာ ရှိနိုင်သလို အချစ်!=ရွေးချယ်မှုဆိုတာလဲ ရှိနိုင်တာပဲဆိုတာ သိလာပြီလေ… ဘာပဲဖြစ်ဖြစ် အဲဒီလို ယောင်ဝါးဝါးနဲ့  မပြတ်မသားခံစားချက်လေးတွေကလဲ အဲဒီတုန်းက အမှတ်တရတွေထဲက တခုပဲမဟုတ်လား…