လမ်းခုလပ်က..တောပန်း ဒဿန

ဝတ္တုရှည်ကြီး ရေးနေရင်းက..လမ်းခုလပ်မှာ....ကြားဖြတ် ပြောချင် တာလေး တွေ ရယ်ပါ။

တချို့က.. နောက်တယ်..
“ မကေ.. စိန်ပန်းတွေ..ခုထိ မကြွေသေးဘူးလား..” တဲ့..


အချစ် ဇာတ်လမ်း ကို စောင့်စားနေသူများ ကတော့..
“ မင်းသား နဲ့ မင်းသမီး ဘယ်တော့ ထွက်မှာလဲ ..” လို့ စောင့် ကြတုန်းပဲ..


လူငယ် တချို့ကတော့ ..
“ တက္ကသိုလ် ဇတ်လမ်းတွေက..ကျနော်-ကျမ တို့အတွက်တော့.. သိလဲ မသိလို့ ခံစားလို့မရပါ..” တဲ့..။


ပြီးတော့..ပြောသေးတယ်..
“ ရှေးကလည်း..အများကြီးပဲ ရေးသွား ခဲ့ပြီ မို့.. နဲနဲတော့..ထပ်နေ ပြီ ..ငြီးနေပြီ ” လို့..ပွင့်ပွင့် လင်းလင်း ဝေဖန် ပြကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်.. စောင့်ပြီး ဖတ်တဲ့သူ တွေ..အကြံညဏ် ဝေဖန်ပြုတဲ့ သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်။
-

ကိုယ်တိုင် လည်း ..ပြောရ ရင်တော့..အမြန် ပြီးချင် နေပါပြီ။ ဇတ်လမ်း အကြမ်းထည် တခုလုံးက.. အစောကြီး ထဲက.. အတွေးတွေ ထဲမှာ.. တည်ဆောက် ပြီးသားပါ။ ဒီ့ထက် ပိုပြောရရင်တော့.. ဒီ အကြောင်း အတွေ့အကြုံ တွေကို တချိန်ချိန်မှာ ရေးချင် နေမိတာက တော့…ဟိုး..ဘလော့ မလုပ်ခင် ကတည်း ကပေါ့..။ အခုကတော့…ဘယ်လို အခန်းလေး တွေ ထဲ့မယ် ဆိုတဲ့.. ဆက်တင် အပိုင်း ပေါင်း များစွာ ကို..သီးသန့် ပုံဖော်ပြီးသားပါ။ ဒါပေမဲ့..တခန်းခြင်း ပဲ.. တွေးပြီး..တခန်းခြင်း..ဆက်စပ် ပုံဖော် နေ မိတယ်။ ဟိုအပိုင်း လေးကို..ဒီဖက် ထဲ့လိုက်.. ဒီအပိုင်း လေးကို နောက်မှ ထဲ့မယ် ကွာ.. စသဖြင့် ပေါ့..။ ရေးနေရင်း မှ ထပ်ထပ် ပေါ်လာ တဲ့.. အဖြစ် တွေ.. လူတွေ.. ရှိလာပြန်တော့..မကောင်းတော့ဘူး ထင်နေတဲ့..ကိုယ့် မှတ်ညဏ် ကို တောင်..နဲနဲ အံ့သြမိတယ်။


အစောပိုင်းက..ခဏ ဖြတ်ထားပြီး.. အရေးကြီး ရက် နဲ့ မကြီးချင်ယောင် ဆောင်ထား တဲ့..လုပ်စရာလေးတွေဖက် လှည့် လိုက်အုံး မယ် ပြော တော့.. အပြင် စာဖတ် ပရိသတ်က တော့.. မသိဘူး။ အိမ်က.. အမျိုးအဖျား နဲ့.. အမျိုး အရင်း..အမ များက..မထူးတော့ ဘူး.. ပြီးအောင် ဆက်ရေး ပြီးမှ.. လုပ်စရာရှိတာ.. လုပ်တော့ လို့..


ဝိုင်းဝန်း အားပေး ကြပါတယ်။ ကိုတင်မင်းထက် ပြောသလို..“ မုဒ် ပြတ်သွားမယ်” ဆိုတဲ့..သတိပေးမူ ကိုလည်း.. လိုလို ချင်ချင် ကို ဆင်ခြင် မိပြန်တယ်။ အဲဒါ နဲ့..ကဲ..ဆက်ရေးမယ်..ကွာ.. ပြီးအောင် တော့..ဆွဲ တော့မယ် …. လို့..။ အောင်ဖြိုး ကျေးဇူး နဲ့ သွားစ လိုက်မိ တုန်းက..ဒီလောက် အချိန်ပေး ဖြစ်မယ် မထင် ခဲ့တာ..အမှန်.. ။ တလက်စတည်း.. မကြေးမုံ ရေ.. ညီမ ရေးခိုင်းတဲ့.. ဆိုညည်းမိသော သီချင်း များ ဆိုတာ ကိုလည်း..ဒီ ၀တ္တုရှည်ကြီး ထဲမှာပဲ.. ယူလိုက်ပါ တော့ လို့..။ သီချင်းတွေ..အများကြီး ဆို မိအုံးမှာလေ...။


တကယ်က တော့.. နာကျင်စရာ.. စက်တင်ဘာ အငွေ့အသက် တွေကြား ထဲမှာ..အနု ရသ တေးတွေ ကိုလည်း.. ထိုင် မဆို ချင် နေတာ..အကြောင်းရင်း တခု ပါ..။ ဒါပေမဲ့.. ပြောခဲ့သလို.. ဆက်လက် ရေးခွင့် ပြုပါတော့…။ သိပ်လည်း အများကြီး မကျန် တော့ဘူး လို့ ထင်ပါတယ်။ အလွန် ဆုံး..၁၅ လောက် ဆို ပြတ်များ ပြတ်မလား..မသိ။ ပြီးရင်တော့.. ဘလော့ ကိုလည်း.. အတော်ကြာ..နားထားမိ ပါအုံးမယ်။

ပထမ တခန်း ၂ ခန်း တင်ပြီး တဲ့ အခါကျတော့..စဉ်းစားမိ သေးတယ်။ ကိုယ့်ဖာကိုယ် ပြီးအောင် အကုန် ရေးလိုက်မယ်..ပြီး မှ..သေချာ ချောပြီး.. တခန်း ခြင်း ပြန်တင်မယ် ပေါ့။ ဒါပေမဲ့.. အဲဒလို လဲ မလုပ်ဖြစ်ပြန်ဘူး။ တခန်း ရေးပြီးတာနဲ့.. တခေါက်လောက် ပြန်ဖတ် ပြီးရင်..လူက..တင်ချင် နေပြီ။ ( ခက်ထှာ..)
-

အဲဒီ အခါ ကျတော့.. တရက် လောက် နေတော့မှ.. ဘယ်နေရာ လေးက..မှားသွားတာ…ဟို အပိုဒ်ကလေးကို ဒီလို လေး ရေးလိုက်ရ..ကောင်းသား..ဆိုတာတွေ ဖြစ်လာ ရော။ တခု ခြင်း..ဟိုဟာ လိုက်ပြင် လိုက်..ဒီဟာ လိုက်ချော လိုက် လုပ်နေ ပြန်တော့.. ခပ်စောစော ဖတ်သွား တဲ့သူတွေ အတွက်.. လိုတာ တွေ.. ရှိ ကုန်ပြန်တယ်။ အဲဒါကြောင့်..ပြီးမှ စုဖတ် မယ် ဆိုတဲ့ လူတွေ အတွက်လည်း.. ပိုကောင်းပါတယ်..လို့။

ဒါပေမဲ့.. အဲဒီလို တခန်းခြင်း..ရေးသွား..တင်သွားပြီး.. စာဖတ်သူ တွေ..သူငယ်ချင်း တွေ ရဲ့..ဝေဖန် အကြံပြုချက် တွေ ကို နားထောင် ရတော့လည်း.. စာက..ပို ပြီးတော့.. စုံလင်..အသက်ဝင်.. အရှိန် ရ လာသလို လည်း ထင်မိတယ်။ ဥပမာ.. ဒဂုန်ဆောင် အတွင်းရေးမှူး ကိုနေလင်း နဲ့ သူ ပေးတဲ့ ကွန်မန့်တွေ ထဲကနေပြီး..တချို့ ဇာတ်ကွက် အသစ်ကလေး တွေ..ပြန်ပေါ်လာတယ်။ နောက်ပြီး ဇတ်လမ်း ထဲ မှာ ပါတဲ့…သူငယ်ချင်း တယောက်က..ကြိုကြို တင်တင်.. လှမ်း သတိပေး တယ်။ “နင့် စာကို.. ငါ့ အမျိုးသမီး ကလည်း..အရမ်း စိတ်ဝင်စား ပြီး..စောင့်ဖတ် နေ တယ်..” ဆိုပဲ။း)) သူ ကပဲ.. မနေနိုင် မထိုင်နိုင်.. အင်တာနက် သုံးလေ့ မရှိ တဲ့.. ဇတ်လမ်း ထဲက..သူငယ်ချင်း မတွေ ကိုလည်း..တယောက်ခြင်း..ဖုန်းဆက်..အကြောင်းကြား လိုက်ပါ သေးသတဲ့။ စေတနာ ဗလပွ နဲ့လေ..။ ပြီး တော့.. ကိုယ့်ကို ပြန် စကား ပါး လိုက် သေးတယ်။ မဟ၀ှါက.. သဘော ကျ နေပေမဲ့..မဟိုဒင်း ကတော့.. အတိတ်တွေကို.. ပြန် အစ မဖော် စေချင်ဘူး တဲ့။ ကဲကွယ်..ခက်ပါလား.. ကိုယ်က.. ဘယ်လို ရေးဖွဲ့မှာ လဲ ဆိုတာ.. ခမျာ တွေ..သေချာ မသိ.. ဖတ်လဲ မဖတ် ရပဲ နဲ့.. တော်ကြာ.. ရန်ကုန်က နေ.. တရားတွေ ဘာတွေ..လှမ်း ဆွဲ နေပါ အုံးမယ်။း)) တော် တော့.. နင်..ဘယ်သူ့ မှ လျှောက် ဖွ မနေနဲ့.. ဖတ်မှာ.အသာဖတ်…။

စကား မစပ်.. ဒီစာလေး စရေး ဖြစ်တော့.. ဘလော့ ဘန်နာ လေး ကို လည်း ပြင်လိုက် သေးတယ်။ ဘလော့ဂ် စရေး ကတည်းက.. တခါ မှ ပြင်ဖို့..အချိန် မပေး ဖြစ် တဲ့ ဘန်နာ အဟောင်းလေးက.. လှပေမဲ့.. စာသား တွေက.. အခု ခံယူချက် အတွေ့အကြုံ တွေနဲ့..အကျုံးမ၀င်ချင် သလို ဖြစ် နေတယ် လို့..ခံစား မိတယ်လေ။



Sharing same interest..
Making virtual friends...

Creating own space..
Pouring out unfinished thoughts...

Because...not always fortunate enough to have that all...

လို့.. ဆိုခဲ့ တော့...

ဥပမာ..making virtual friends ဆိုတာကြီး ကို.. သဘော မကျ လှ တော့ဘူး။ ဆိုလိုတာက.. virtual friends တွေကို..သဘောမကျ လို့ မဟုတ်ဘူး.. ဒါ အတွက် နဲ့တော့..ဘလော့ဂ် ရေးတာ..လို့ အထင် မရောက် စေ ချင် တာပါ။ စိတ်အာသာ ဖြေ ဖို့..ဘလော့ ရေးကြ တယ် ဆိုတာ မျိုးကို လည်း..သိပ်တော့..လက် မခံ ချင်။ တကယ့်ကို စာရေးခြင်သူ မို့ကို.. စာရေး ရခြင်း ဖြစ်ကြောင်း ကို.. ဘန်နာ အသစ် မှာ.. ဒီလို ပြောင်း လိုက်ပါတယ်။




Writing is my inspirational..
just like walking through the mountains

and gazing to the wild flowers..





နောက်ခံ ပုံလေး ကိုလည်.. ခရီး ထွက်စဉ်က..ရိုက်ယူ ခဲ့တဲ့..ဆွစ်တောင်တန်း ကြီး နဲ့ တောပန်းလေး တွေ ကို..နောက်ခံ ထား ပြစ်လိုက်တယ်။ ပုံ ၂ခု ကို overlap လုပ်ဖို့ အတွက် တော့ ..ကိုယ်တိုင် မလုပ်တတ်လို့..photoshop ကျွမ်းကျင် တဲ့..ကိုအောင်သာငယ် ကို..အကူအညီ တောင်းရ ပါတယ်။ ( နောက်ကျ ကျေးဇူးပါး) ကိုယ်က..လမ်းလျှောက်ရ တာကို လည်း..ကြိုက်တဲ့ အပြင်..တောင်တွေ ကိုလည်း..ချစ်သူ ဆိုတော့..အဲဒီပုံ ကို တော်တော် သဘောကျ မိတယ်။ သိပ်တော့..ဗမာ မဆန် လှ ဘူးပေါ့။ ကောင်းကင် ကြီးကလည်း..မှိုင်း နေတော့…နဲနဲ တော့..လွမ်းစရာ ကြီး ဖြစ်နေ လေ သလား မသိ။

-
ထားပါတော့ လေ.. ။ ပြောချင်တာက.. Wild flowers ဆိုတဲ့.. တောပန်း လေး တွေ…။ ဒီရက် ထဲ.. နေတဲ့ မြို့လေးမှာလည်း.. Spring နွေဦး ရာသီ ဆိုတော့..တောပန်း လေး တွေကို..သိပ်ကို လှ နေ တယ်။ ပြီးတော့..တောပန်း ဆိုတာ.. ဗမာပြည်မှာ ရှိစဉ်က.. ပန်းစုံ ပေါ လွန်း တဲ့ မြို့ပန်း တွေကြား.. တခါမှ.. တောပန်း တွေ ရဲ့ အလှကို မခံစား ခဲ့ဖူးဘူး။ သူတို့တွေ ရဲ့ ထူးခြားချက်က...ဘာအထူးပြုလုပ်ချက် မှ မလိုပဲ နဲ့ကို..အချိန်တန်ရင်.. မပွင့်မနေရ..ပွင့်ကို ပွင့်လာတတ်တဲ့..အရိုင်းပန်း လေးတွေ..။ ဒါပေမဲ့..လှချက် ကြတော့လည်း.. မြို့ပန်းတွေ ထက် မလျော့ အောင်.. တမူထူးခြားပြီး..စွဲမက် စရာ ကောင်းလှတာ မျိုး..။ အထူးခြား ဆုံး ကတော့.. ဘယ်သူ့မှ အောက်မကျို့ပဲ ..အားမကိုးပဲ နဲ့ကိုယ်.. ပွင့် လာ ကြတာပဲ..။ ကြည့်ချင် မြင်ချင်သူ ရှိလား..မရှိလား လည်း.. သူတို့ မသိ..။ ရိုင်းချင် တိုင်း ရိုင်း နေတဲ့..သဘာဝ စစ်စစ် က ကို..သူတို့ ရဲ့.. ဂုဏ် လို့ မထင်ရ တဲ့..ဂုဏ် စစ်စစ် ဖြစ်နေတာပဲ။

-
မနက် ..မနက်..လမ်းလျှောက် တဲ့..လမ်းဘေး တလျှောက်..တောပန်းတွေ လှ လွန်းလို့.... ရပ် ရပ် ပြီး ငေး ဖြစ်တယ်..။ “ဓါတ်ပုံ ရိုက်ယူ ထား ခြင် လိုက်တာ” .. လို့..တွေးပြီး.. နောက် တနေ့..ထွက် တော့လည်း..လောလော..လောလော နဲ့..ကင်မရာ ပါမသွား ပြန်ဘူး..။ အဲ လို နဲ့.. သုံး လေးရက် လောက်နေ.. ကင်မရာ ယူသွား တဲ့ နေ့ကြတော့.. တောပန်း လေး တွေက.. ညှိုး ကုန် ပါရောလား..။ နေ့ရွှေ့ ညရွှေ့ နဲ့..၀ီရိယ နည်းခြင်းပဲ လို့.. ကိုယ့်ဖာကိုယ် အပြစ် တင်ရင်း..တောပန်းလေး တွေက..ပေးတဲ့.. မတည်မြဲ ခြင်း ဆိုတဲ့..
ံဝေဂ တရား နဲ့ အတူ…ဘ၀ ဒဿန တခု ကို လည်း..အသေအချာ ရလိုက် မိ တော့တယ်။
-

“ ပွင့်နေတုန်း..လှနေတုန်းမှာ..အမိအရ..ရိုက်ယူ ထားသင့် တာ..”
-
ဟုတ်တယ် မဟုတ်လား.. ဘယ်အရာမှ.. မတည်မြဲ တဲ့..သဘာဝ တရားထဲမှာ..အားလုံးက..ဖျိုးကနဲ..ဖျပ်ကနဲ..ပေါ်လာ ပျောက်သွား..။ စိတ်ခံစားချက် နဲ့.. သာယာကြည်နူးမူ.. ဆိုတာတွေ ကလည်း..အမြဲ တသမတ် တည်း မွေးယူ လို့ ရတာ မျိုး မဟုတ်ဘူးလေ..။

-
အဲဒါ နဲ့ပဲ.. တဖျပ်ဖျပ် ပြန်ပေါ် နေတဲ့.. တက္ကသိုလ် နေ့ရက် တွေ ကို.. အမိ အရကို.. ရိုက်ယူ မှတ်တမ်းတင် နေမိ တော့တာပါပဲ။



Share/Bookmark

21 Comments:

ကိုအောင် said...

ရေးရင်တော့ ဖတ်ကြမှာပေါ့၊ ဒီလောက်နဲ့ ရပ်ပြီး စာအုပ်
ထုတ်လိုက်ပေါ့ဗျ ...း)

ကိုလူထွေး said...

အခုရေးတဲ့ ပိုစ့်တွေကို အကြမ်းရေးတယ် သဘောထားလိုက်ပေါ့... စာဖတ်သူတွေရဲ့ အကြံပြုချက်တွေ ပြင်ချင်တာတွေကို ပြင်ပြီးသွားတဲ့အခါကျတော့ အားလုံးကိုပေါင်းပြီး စာအုပ်တအုပ်ထုတ်လိုက်ပေါ့...

ပြီးရင် လိုချင်တဲ့သူတွေကို တယောက်တအုပ် စာတိုက်က ပို့ပေးလိုက် ပြီးရော...း)

pdf နဲ့ ဖြန့်လို့လည်း ရပါတယ်...

းဝ)

မေဓာဝီ said...

မကေရေ ...
ကျောင်းနဲ့ပတ်သက်သမျှ ရေးတာတွေကတော့ ဘယ်တော့မှ ဖတ်လို့ မငြီးနိုင်ပါဘူး။ တချို့ပို့စ်တွေ မမန့်ဖြစ်ပေမဲ့ မကေရေးတာတွေ လာဖတ်ဖြစ်ပါတယ်။ ခံစားချက်ရှိတုန်း ချရေးလိုက်ရတာ ကောင်းပါတယ်။ ကိုယ်တိုင်လဲ ဒါမှ ပေါ့သွားသလို နောက်တခါ ဒီလိုပြန်ခံစားဖြစ်ဖို့ကလဲ မလွယ်ဘူးလို့ ထင်တာပဲ။ ကျမဆို ချမရေးဖြစ်လို့ ပျောက်သွားတာတွေ ရှိတယ်။ မကေ ၀တ္ထုရှည်ကြီး ရေးနိုင်တာလဲ ချီးကျူးမိတယ်။ ကျမ သိပ်ရေးချင်တဲ့ အကြောင်းအရာတခုကို ချရေးဖို့ လောလောဆယ် အချိန်မပေးနိုင်သေးတာနဲ့ စာရွက်ထဲပဲ တေးမှတ်ထားရတယ်။ ရေးချင်သလောက် ... ရေးနိုင်သလောက်သာာ ဆက်ရေးပါ မကေ ... ခံစားချက်ဆိုတာ အကန့်အသတ် မထားစကောင်းပါဘူး။

အပေါ်က ကိုလူထွေးပြောသလို အားလုံးပြီးမှ ပြင်ပြီး စာအုပ်ထုတ်လဲ ရတာပဲ။ ရုပ်ရှင်တွေကို ဒါရိုက်တာစိတ်တိုင်းကျ ရိုက်ပြီး နောက်မှ သတ်မှတ်တဲ့ အချိန်ထဲဝင်အောင် ပြန်တည်းဖြတ်သလိုပေါ့။

အားပေးလျက်ပါ။

ရွှေရတုမှတ်တမ်း said...

ငါ့နှမရာ...

လှပါတယ်ဆိုမှ..ရေမချိုးရသေးဘူးပြောမနေနဲ့...
ရေးချင်သလောက်ရေး...ဆက်ဖတ်မဲ့သူချည့်ပဲ...

Moe Cho Thinn said...

တို့က ဟန်မလုပ်တဲ့ စိတ်ထဲရှိတဲ့ စာလေးတွေကိုပဲ ဖတ်ချင်တယ်။ ဒါကြောင့် ကေ့ ဆီကို ရောက်ရောက်နေတာပေါ့။ စိတ်ချင်းနီးတယ်လို့ ယုံမှတ်လို့ ဘာရေးရေး သဘောကျတယ်။
တောပန်းလေးကိုပဲ ဓာတ်ပုံရိုက်ရိုက်၊ အင်္ဂလန်က တံတားကြီးကိုပဲ ရိုက်ရိုက် အလှတခုတော့ ရှိမယ်လို့ ယုံတယ်။

Nge Naing said...

ကျွန်မကတော့ ကျောင်းပိတ်တဲ့အချိန်မှ အကုန်လုံးပြီးထားတာကိုပဲ စုဖတ်တော့မယ်။ ရုပ်ရှင်တွေလည်း အစအဆုံးမရှိရင် တ၀က်တပြက် ဘယ်တော့မှ မကြည့်တတ်ဘူး မျှော်ရတဲ့ အလုပ်ကို မကြိုက်လို့ပါ။

Anonymous said...

ညီမကတော့ အမရေးနေတာ တွေ့ကတည်းက ဖတ်ချင်တာ ဖတ်လိုက်ရမှာ နှမြောနေတာနဲ့ အားလုံးပြီးမှ ဖတ်မယ် လို့ ၊မဖတ်ပဲ အောင့်နေတာ သရဲခြောက်ခံရတာ ပါတဲ့ အခန်းကြတော့ စိတ်ဝင်စားလို့ ဖတ်ကြည့်ရင်းနဲ့ အခုတော့ ဒွေးကြော်ငြာတဲ့ boss ဘောပင် ကြော်ငြာ သလို ရပ်လို့ မရတော့ ဘယ်လိုလုပ်ရမလဲ ကယ်ကြပါအုံး ဆိုသလို ဖြစ်နေပြီ၊ ဒီတော့ မြန်မြန် နဲ့ များများလေး ရေးပြီး အမ ကယ်မှပဲ ရမယ်၊ ::D

မမသီရိ said...

ကြားဖြတ်ကြော်ငြာ ၀င်တော့လဲ ဟိုတုန်းက ထက်ထက်မိုးဦးကြော်ငြာတွေ လို ဆွဲဆောင်မှုရှိနေပြန်ရော..း)

မထက်ထက်ကေသွယ်..
စိန်ပန်းတွေ ကံ့ကော်တွေ အတိတ်ကအရိပ်တွေ
ရင်းနှီးပြီးသားပေမဲ့ မငြီးပါဘူး ..
သေသပ်လှပတဲ့ ရေးဖွဲ့မှု အောက်မှာ အလွမ်းတွေသိပ်သည်းစွာနဲ့ စောင့်ဖတ်နေတယ်..း)

MANORHARY said...

ကေ့ ဒဿနလေးကိုလာဖတ်သွားတယ်။
သေချာတာကတော့ တက္ကသိုလ်နဲ့ပတ်သက်လာရင်
ဘယ်လောက်ပဲဖတ်ရဖတ်ရ မညည်းနိုင်တာပါပဲ
ခုလို ကိုယ့်နှစ်ပိုင်းခြားဝန်းကျင်က အရိပ်တွေကို
ပြန်တွေ့ရတဲ့စာမျိုးဆိုပိုပြီးဖတ်ချင်ပါတယ်။

ဆောင်းယွန်းလ said...

မကေရဲ့ လှပသော ဒဿနလေးကို လာရောက်ဖတ်ရှုသွားပါတယ်ဗျာ....

ရွှင်လန်းချမ်းမြေ့နိုင်ပါစေ

littlebrook said...

တိန် ... မင်းသားမင်းသမီးပါမှ ဇာတ်တဲ့လားဗျ
အမ .. ကျွန်တော်တော့ အသေကြိုက်တယ် မရီတာရဲ့ မောင် ကိုကိုနဲ့ မရီတာ ခု အမရဲ့ စိန်ပန်းနဲ့ ကံ့ကော်တွေ .. ဒီနှစ်ခုကို အသေကြိုက်... ရေးပါဗျ

မေ့သမီး said...

ညီမကတော့ ကိုယ်မတွေ့ကြုံလိုက်ရတဲ့ အတွေ့အကြုံတွေကိုသိရတဲ့၊ ခံစားခွင့်ရတဲ့အတွက် မကေ မျှဝေပေးတာကိုကြိုက်တယ်။ ဆက်ရေးပါအမ။ မင်းသား၊ မင်းသမီးပါတာမပါတာကအရေးမကြီးဘူးလေ။ ဇာတ်အိမ်ထဲမှာ အဓိကဇာတ်ဆောင်တွေပါနေပြီပဲ။

Thant said...

ဟင့်အင်း..ဘယ်တော့မှ မငြီးဘူးးးးး...
ဘယ်လိုရေးရေးကြိုက်ပြီးသားးးပဲ ။

Rita said...

အမှန်တိုင်းပြောတာပါ။
သိပ် စိတ်ဝင်စားစရာကောင်းပါတယ်။ မတွေ့ဖူးမကြုံဖူးတာတွေကို ဒီလိုမှ မဖတ်ရရင် ဘယ်လိုမှ သိတော့မှာမဟုတ်ဘူးလေ။

ဆက်ရေးပါ မကေ။

သူမ said...

ကျောင်း အကြောင်း(အရင်က၊ ခုတော့ ပြောစရာအကြောင်းမရှိ)၊ ကျောင်းသီချင်း တွေဆို ဘယ်လိုပုံစံမျိုးနဲ့ လာထား။ ဘယ်အချိန်မဆို ဖတ်မည်၊ နားထောင်မည်ပဲ။ မကေတို့ မမေငြိမ်းတို့ (ဒီလောက်ပဲသိတယ်၊ တခြားသူတွေရှိမှာပါ) ပြန်ပြီးတူးဖော်ပေးမှသာ ဒီလိုအကြောင်းတွေကို ခံစားရ၊ သိရမှာ။ ကိုယ်က အဝေးသင်နဲ့ပဲပြီးခဲ့ရတာ ဆိုတော့ တက္ကသီလာ ဘ၀လေးကိုတော့ မြည်းစမ်းခဲ့ရပါတယ်(အူလည်လည်လေးနဲ့) ။ အာရ်စီတူးမှာတတ်ပြီး ကြည့်မြင့်တိုင်မှာ စာမေးပွဲဖြေ၊ မိန်း မှာ နှစ်နှစ်ဆိုတော့ မမှီသူတွေထက်စာရင် ဖြေသာပါသေးတယ်။
တက္ကသီလာ မြကျွန်းသာအကြောင်းတွေရေးကြပြီး တချိန်ကျရင် စုပေါင်းစာအုပ်တစ်အုပ်ထွက်ကြဦးလေ(တကယ်ဖတ်ချင်ပါတယ်)။ ၀တ္ထုရော ကဗျာရောလေ။ ကေ၊ မေငြိမ်း၊ မိုးချိုသင်း၊ အောင်သာငယ်၊ တင်မင်းထက် အားလုံးစုပြီးတော့လေ (ပြီးတော့ ဘယ်သူတွေရှိသေးလဲ ... ခေါင်းထဲဒီလောက်ပဲရောက်လာတယ်။)
ဆက်ရေးပါ အမကေ။ အားပေးလျက်ပါ။

အိန္ဒြာ said...

မကေ..ရေ

လာစုဖတ်သွားတယ်..နော်

ရေးပါ....ဆို..

မကေရဲ့ အတွေးစိပ်စိပ် အရေးနုနုနဲ့
ဆွဲဆောင်မှုရှိတဲ့ အရေးအသားမျိုး..ကို
လုံးချင်းလေးတွေ အဖြစ်ဖတ်ရရင်သိပ်ကောင်းမှာပဲ...

အဲလိုတွေးပြီးပြန်သွားပါတယ်...။

ATN said...

ခုတလော ဒဿနတွေချည့် တွေ့နေရပါလား...း)

kay said...

ကိုအောင် က.. တော်ပြီ ရပ်တော့ လို့ ပြောတာပေါ့..ဒါဆို..း)

ကိုလူထွေး တို့ အတွက်.. အော်တိုဂရပ်ဖ် နဲ့ ရှယ်တအုပ်..း)

မမေရေ..ခုလို အားပေးတာ ကျေးဇူး တင်တယ်.. အရှည်ရေးရတာ..တကယ် မလွယ်ဘူးနော်..

ကိုကြီးကျောက်ခဲ-ရေတော့ချိုးပြီးပြီ.. အလှ မပြင်ရသေးတာ.. :D

အဲ..မချိုသင်းပြောမှ..ဟန်ဆောင်ပန်ဆောင် ရေးထားတာတွေ.. ဘယ်နား သွားထား ရမှန်း မသိ ဖြစ်ကုန်ပြီ..

မငယ်နိုင်- အေးဆေးမှ လာဖတ်ပါ..ရန်ကုန်တော့..ဖြေးဖြေးပေါ့.. ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး..း)

ညီမ ဆိုတဲ့ တယောက်ရေ.. ကျေးဇူးပါကွယ်..တို့လည်း.. အဲဒီ boss ဘောပင်များ..သုံးလိုက်မိသလား မသိဘူး... ရပ်လို့ မရဘူး ဖြစ်နေတာ..

မမသီရိ.. ဒုတ်ခပါပဲ..ထက်ထက်ကေသွယ်တဲ့..စိတ်ညစ်လိုက်တာ..:D

အင်းလေ..မနော်ရယ်..ဆက်ရေးမယ်နော်..

ကိုဆောင်း..ချောင်းကလေး..မေ့သမီး..သန့်.. ရီတာ..အခုလို အားပေး အားမြှောက် ပြုတာ.. အားအတော် ရှိသွားပြီ.. ကျေးဇူးပဲ..

သူ နဲ့ သူမ ကိုလည်း..ဒီလို လေးလေးနက်နက် ကြီးကို မြှောက်ပေးတာ.. ကျေးဇူးပါပဲ လို့..း)

အိန္ဒြာ..ရေးမယ်..ရေးကို ရေးအုံးမှာ..း)
ကိုအောင်သာငယ်.. ရဲ့ ဒသာန ကဗျာတွေကို အားကျသွားလို့..

rose of sharon said...

အားပေးနေမှာပါကေ... ဒီလောက်ဖတ်လို့ကောင်းတာကို...

tg.nwai said...

ကေရေ..တို့လည်း ချိုသင်းတို့ မနော်တို့ ပြောသွားသလိုပါပဲ။ :)

Sonata Cantata said...

လမ်းခုလပ်က...တောပန်း ဒဿနပဲ ဖြစ်ဖြစ် တောင်ဇလပ်ပန်း ဒဿနပဲ ဖြစ်ဖြစ်...ကေရေးတာတွေ လာဖတ်ဦးမှာ။
တောင်ဇလပ်ပန်းက ဘယ်လိုဟာသေချာမသိပါဘူး...မသီတာ အကြောင်းသိတယ်မို့လား...စာက ရေးချင်၊ အမှတ်သညာက နည်း... ဒီကြားထဲကပဲ ရေးတတ်တဲ့သူတွေ အားကျလို့ ရှိသမျှ အစွမ်းလေး ထ ထ ပြဦးမှာ... (ဘာရမလဲ ဒီက ဒဿနတွေ ပြန်ရေးခဲ့ပြီ။)