အတိတ်တခုလုံး အသုံးချ နည်း
အခု..ယခု... ပစ္စပ္ပုန် ကို ရှု တဲ့... 
ဒါပေမဲ့...
အတိတ်တွေက.. စွဲဆောင်မူ အပြည့် ရှိတယ်..
ခြေရာ တွေက ..နှမြောစရာ ကောင်းလှ တယ်..
အရိပ်တွေ ကတော့.. ကြောက်စရာ ကောင်းပြန် တယ်..
နောက်ပြီး...
ဒိုင်ယာရီ ဟောင်းတွေက.. ရီစရာ လည်း ကောင်း..ပျော်စရာ လည်း ကောင်းတယ်..
အဲဒီ စာရွက်တွေ ပေါ်မှာ..သူများ ကို ရက်စက် ဘူးတယ်...
ငါ ကိုယ် တိုင် လည်း.. အရှက်ကွဲဘူးတယ်..
အားလုံး ကတော့.. ကလေး တွေ ပါပဲ။
ဒါ့အပြင်...
အတိတ်တွေက.. ဆေးဖက်လည်း ၀င်တယ်..
ကျိုးပဲ့ ခဲ့တဲ့ ဒဏ်ရာ တွေ ကြပ်စည်း တဲ့ အခါ..
အတိတ် တွေက.. cosmetics လည်း ဖြစ်တယ်..
ရင့်ရော် နေတဲ့ ဘ၀ တွေ ကို ပေါင်းတင်တဲ့ အခါ..
အတိတ်တွေက.. Gymnastics လည်း ဖြစ်ပြန်...
အပြင်းအထန် လေ့ကျင့် ရင်.. အောင်မြင်မူ တွေ အချိုးကျ ပြေပြစ် မယ်တဲ့...
ဒါတင်ဘယ်က မလဲ..
တခါတရံ.. အိပ်ချင် ပြေ တဲ့...ဆီးထုပ် လို လည်း မြုံ့လို့ကောင်းတယ်...
အနဲဆုံးတော့..ရေးဖွဲ့စရာ.. စာတပုဒ် စီ.. ရှိနေ ကြမယ်..။
အတိတ်ကို မေ့မထား ချင်ဘူး ဆိုရင်ပေါ့။
( ၁၉၉၁-၁၉၉၄ ရန်ကုန်တက္ကသိုလ် မှာ ခင်မင် သိကျွမ်းခဲ့ ရသော မိတ်ဆွေ သူငယ်ချင်း များ အတွက်... St.Valentine Dayအမှတ်တရ)
ဓါတ်ပုံကို ဒီက ယူပါတယ်။
Chinese historical movie--Red Cliff--Only Chinese can make this kind of
high budget movie now.
-
https://archive.org/details/red-cliff-part-01
So can India.
3 days ago



2 Comments:
အတွေးလေး လှပါ့.. မိုက်တယ်။
အနဲဆုံးတော့..ရေးဖွဲ့စရာ.. စာတပုဒ် စီ.. ရှိနေ ကြမယ်။
အမကေမှာတော့ တစ်ပုဒ်ထဲဟုတ်ဟန်မတူဘူးဗျ
Post a Comment