လွင့်

စွန် နဲ့ လွင့်
စိတ် နဲ့ လွင့်


ကြယ် နဲ့ လွင့်
လ နဲ့ လွင့်

အချစ် နဲ့ လွင့်
ရာဂ နဲ့ လွင့်

အနုပညာ နဲ့ လွင့်
အတတ်ပညာ နဲ့ လွင့်

အလံ  နဲ့ လွင့်
ယုံကြည်မူ နဲ့ လွင့်

မာန နဲ့ လွင့်
မောဟ နဲ့ လွင့်

လွှင့် ခဲ့ ကြ တဲ့ အလွင့် တွေ
အန္တိမ အလွင့် မှာ
လွင့် သွား တော့ မှ...

လွင့်………………………




Share/Bookmark

7 Comments:

မိုးယံ said...

လွင့်ကို လွင့်လွင့် မျောမျော စိတ်နဲ့ ဖတ်ပြီး ပြန်လွင့်သွားပါပြီ။


မွင့်။

ကိုအောင် said...

သရဲနဲ့လည်း လွင့်လို့ ရပါတယ် အမရယ် ... :P

tg.nwai said...

ဟုတ်ပါ့ ကေရယ်...လွင့်နေလိုက်တာ...လွင့်ပြီးရင်း လွင့်......ဟိုလွင့်လိုက် ဒီလွင့်လိုက်နဲ့ပဲ ကေ့ဆီ ရောက်တော့လည်း ခြေရာက ချန်မရပဲ ထပ်လွင့်ပြန်ရော...း)

တန်ခူး said...

တခါတခါ လွင့်ရလွန်းလို့  မောတယ်ကေရယ်... တခါတခါကြပြန်တော့ လွင့်ချင်တိုင်းမလွင့်ရလို့ မောပြန်ရော...

mks said...

အန္တိမ အလွင့် နဲ့ လွင့်သွားတော့ မှ .. လွင့် ...

အေးရော ... ;)

သက်ဝေ said...

လွင့်....
တခါတခါတော့ လွင့်ကြည့်ရတာ ကောင်းတယ် ကေ...

လင်းဒီပ said...

ကျွန်တော်တို့လွင့်ကြ မျောကြ
ဘဝများစွာမှာ စကြာဝဠာကြီးထဲမှာ....