Myanmar Blogger Review

မြန်မာဘလော့လောက..လေ့လာဆန်းစစ်မူ

(ဒုတိယပိုင်းအဖြစ်..ဆက်လက်ဖော်ပြခြင်း..)

ဆရာမမေငြိမ်း
(ကိုယ်ပိုင်ဘလော့ရေးသားသူ- အုပ်စုဘလော့များပါဝင်ရေးသားသူ)

“ဆရာမအနေနဲ့..papar publishing မှာအချိန်အတော်ကြာဖြတ်သန်းလာပီးတဲ့အခါ
online publishing မှာလဲ ပရိသတ်တော်တော်များများကို စွဲဆောင်ထားနိုင်တယ်ဆိုတော့.. အဲဒီ၂ခုရဲ့..အကျိုးအပစ်မတူပုံ..စာရေးဆရာတယောက်အနေနဲ့..ကျေနပ်မူပီတိကွာခြားပုံလေးတွေကို..
အကြမ်းအားဖြင့်ခွဲခြားပြလို့ရမလားရှင်..”

“ ကျမ ပြည်တွင်းမှာတုန်းက ၀တ္ထုတိုတွေ အပုဒ် ၁၀၀ကျော်တယ် ထင်ပါ့။ ရေးခဲ့တာ..။
လုံးချင်းဝတ္ထုက ၁၀အုပ်.. ပြီးတော့ ၀တ္ထုလတ်ပေါင်းချုပ်က တအုပ်.. ဘာအမျိုးအစားလို့ ပြောရမှန်းမသိတဲ့ (အတ္ထုပ္ပတ္တိလည်း သိပ်မပီသတဲ့) စာအုပ်က တအုပ်။ဒါပေမဲ့ မေငြိမ်းက အောင်မြင်လား မအောင်မြင်လား သိပ်မပြောတတ်ဘူး။ကာယကံရှင်အနေနဲ့ ပြောရရင်တော့ မအောင်မြင်ခဲ့ဘူးလို့ ထင်ပါတယ်။ကျမစာကို ကျမနာမည်ကို သိတဲ့သူကသိပ်နည်းတယ်ထင်တာပဲ။
လုံးချင်းထုတ်တော့ ထုတ်ဝေသူက အုပ်ရေ ၂၀၀၀ ပဲ ကုန်တယ် လို့ ပြောတာပဲ။
(ကျမကတော့ ကိုယ့်ဝတ္ထုတွေ အကုန်ကြိုက်တာပဲလေ..)

ခု ဘလော့ရေးတော့လည်း အင်တာနက်သုံးနိုင်တဲ့ လူအရေအတွက်နည်းနည်းလေး ကိုယ့်အချင်း ချင်း လှည့်ဖတ်နေတာမို့ အောင်မြင်လှတယ်လို့ မထင်ပါဘူး။ဒါပေမဲ့ ကျမအကျင့်က ကိုယ်လုပ်ချင် တာကိုပဲ တဇွတ်တိုးလုပ်တတ်တာမို့ Print media မှာတုန်းကရော ခု အင်တာနက်မှာပါ ရေးချင်တဲ့ စိတ်တခုတည်းနဲ့ ရေးနေတာပါပဲ။ ဒါပေမဲ့ ကျောင်းဆရာမ ဥာဉ်လားတော့ မသိဘူး.. ဖတ်တဲ့သူတွေ ကို ကိုယ်ရေးတာတွေထဲမှာ တခုခု ရသွားစေချင်တာမျိုးတော့ အမြဲ ရှိနေတယ်။
ခု ဘလော့မှာ ပျော်တာတခုက ကိုယ့်ဆီ တုံ့ပြန်မှု မြန်မြန် ပြန်လာတာကို ပျော်တယ်။..ပြီးတော့ လိုအပ်ရင် အချက်ကျကျ ဝေဖန်ထောက်ပြတာမျိုးကို ကြိုက်တယ်။

နောက်တခု ဘလော့မှာ ကိုယ့်စာကို ကိုယ်ကြိုက်သလို ကိုယ်တတ်သလောက်လေးနဲ့ ပြင်ဆင်ပြီး တင်ရတာကို စိတ်ချမ်းသာတာ..စွဲလန်းတာ။ (ဒါကြောင့် ပိုက်ဆံရတဲ့ မီဒီယာတွေမှာတောင် လုံးလုံး မရေးဖြစ်တော့တာ)။ ခု.. အနှောက်အယှက်တွေ ရှိပေမဲ့ ကျမ သိပ်ပျော်တာပဲ။ ပြီးတော့ နည်းပညာ ကို ဘာမှ မသိတော့ ငါ့ဘလော့လေး ပျက်များသွားရင်လို့ ခဏခဏတွေးပြီးစိတ်ဆင်းရဲရတာလည်း အမော။..အဲလိုဆို ဘယ်လိုလုပ်ရလဲ..ခုထိ မသိ။ ဒါပေမဲ့ လောလောဆယ်တော့ မွေးထားတဲ့ ကလေး၃ယောက်နဲ့ တန်းတူ သူ့ကို ပါ အချိန်ပေးနေရတာတော့ အမှန်ပါပဲ။ ခုဆို ဂျစ်တူးကလေး ကောင်းမှုနဲ့ ပညာရေးဘလော့ တခုပါတိုးလာတော့ ကျမ ကလေး၅ယောက် ဖြစ်သွားပြီ။


ဆရာမ မနော်ဟရီ
(ပြည်တွင်းမှ..Idea မဂ္ဂဇင်း၏ အယ်ဒီတာ..စာရေးဆရာ)

ဘလော့တွေနဲ့ပတ်သတ်ပီး..စိတ်ဝင်စားမူရှိရဲ့လားမသိဘူးနော်..ပုံမှန်လည်ပတ်ဖတ်ရှုတာမျိုးတွေ
ကောရှိပါသလား။

ဘလော့တွေကို စိတ်ဝင်စားပါတယ်..။ တချို့ဘလော့တွေဆို..နေ့တိုင်းလိုဝင်ကြည့်ဖြစ်တယ်။

paper journalist တယောက်အနေနဲ့.. on-line journalism အပေါ်မှာ..နဲနဲလောက် နှိုင်းယှဉ် သုံးသပ်ပေးလို့ရမလား။


အင်း..ဗမာပြည်မှာတော့.. on-line journalism က..စာဖတ်သူတွေဆီကိုတော့.. ကျယ်ကျယ် ပြန့်ပြန့်မရောက်နိုင်သေးဘူးပေါ့..။ ဘာဖြစ်လို့ဆို..လူငယ်တော်တော်များများကလည်း အင်တာနက်
ဆိုတာကို..အချိန်းအချက်လုပ်ဖို့.နဲ့... chatting တွေ ဘာတွေလောက်ပဲ အသုံးများနေကြသေး တယ်လေ..အင်တာနက်ရဲ့ အသုံးဝင်မူတွေအပေါ်မှာ တလွဲဆံပင်ကောင်းတွေ ဖြစ်နေတာက.. များတယ်။


“ကိုယ်ပိုင်..website..တခုဖြစ်တဲ့..
http://www.manorhary.com/index.htm..ထောင်ထားတာတော့သိတယ်။။ ခု..ဘလော့တွေခတ်စားလာတဲ့အချိန်မှာ..ပိုပီးလွယ်ကူမြန်ဆန်တဲ့..အခမဲ့လဲဖြစ်တဲ့ ဘလော့တခု အဖြစ် ပြောင်းလဲဖို့ရောစိတ်ကူးရှိပါသလား။

ဘလော့လုပ်ချင်ပါတယ်...စိတ်ကူးထားတာတော့..တို့ဘလော့လုပ်ရင်..တခြားအနုပညာရှင်တွေ..
စာရေးဆရာတွေရဲ့..လက်ရာကောင်းကောင်းလေးတွေရွေးပီး..တင်ထားချင်တယ်။.ဒါပေမဲ့..ခက်တာက.
ခုချိန်မှာ..အယ်ဒီတာအလုပ်ရယ်..ကိုယ်ပိုင်ဝတ္တုလေးတွေလည်း..ရေးနေသေးတော့..အလုပ်က..မအားနိုင်ဘူးလေ..။..ပီးတော့..ဘလော့တခုဘယ်လိုဖန်တီးရမယ်ဆိုတာလည်း..မသိသေးဘူး။

အိမ့်ချမ်းမြေ့
( ကိုယ်ပိုင်ဘလော့ရေးသားသူ)

“အခုလောက်...လက်ရာမြောက်တဲ့လူကြိုက်များတဲ့..ရသစာတမ်းငယ်လေးတွေကို..ဘလော့အင်တာနက်
လောကမှာ..လီလီလာလာရေးဖြစ်နေတဲ့အချိန်တွေအတွက်..တကယ့်ဝတ္တုလုံးချင်းတွေရေးလိုက်ရင်..
ပိုကောင်းမှာပဲလို့မထင်မိဘူးလားဟင်။..ဗမာ့စာပေဈေးကွက်ထဲမှာလည်းရသစာပေလက်ရာသန့်သန့်တွေရှားလာနေသလားလို့ပါ။”

အမှန်ပြောရရင် လူကြိုက်များ၊ မများတောင် သေချာမသိဘူး။ ရေးချင်တာတွေ လာအန်နေတာပါ။ ဝေမျှနေတာပါ။ ၀ါသနာကလဲ တားမရလို့။ ၀တ္ထုလုံးချင်းထက် ၀တ္ထုတိုတွေရေးဖို့ ပိုစိတ်ဝင်စားပါ တယ်။
ဘလော့တွေမှာရေးနေတာတွေကလည်း..အလကားတော့မဖြစ်ပါဘူး။..စာရေးသူအချို့ရဲ့ မက်ဖူးတဲ့ အိပ်မက်လိုပဲ တစ်နေ့တော့ အဲဒါတွေစုပီး..ပေါင်းချုပ် ထုတ်မလားလို့တော့.. စိတ်ကူး တာပေါ့နော်..။ ဒါပေမယ့် နှစ်တော်တော်များများ ကြာဦးမှာပါ။ ကျွန်မ အကို့မိန်းမက ကနေဒါက လူငယ်အကျိုးပြု ဆုရစာရေးဆရာမ တစ်ယောက်ပါ။ သူတို့တွေကတော့အားပေးတယ်။ ဒါပေမယ့် ဒေါ်လာသောင်းချီကုန်တော့ မဖြစ်ဘူး။ ပေါင်းချုပ်ထုတ်မယ်ဆို ကျွန်မက အမြတ်အစွန်းထက် ၀ါသနာသက်သက်အရသာ ထုတ်ဖြစ်ပါလိမ့်မယ်။ ကျောင်းတုန်းက ကဗျာစာအုပ်ထုတ်သလို မျိုးပေါ့နော်။

ဂျစ်တူး

(ကိုယ်ပိုင်ဘလော့ရေးသူ..အုပ်စုဘလော့များ တည်ထောင်ထား)

အခုလို..ဘလော့အပျော်ရေးရင်းကနေ..တခြားလူမူအထောက်အကူပြုဖွံ့ဖြိုးရေးစာမျက်နှာလေးတွေပါလုပ်လာတာ..ဘယ်လိုစိတ်ဆန္ဒ မောင်းနှင်အားကြောင့်လဲဟင်.. ”

- ပထမတုန်းကတော့ ဘလောဂ့်ဆိုတာ ကိုယ်ပိုင်အတွေးတွေ ခံစားချက်တွေကိုပဲ ၊ ချရေးဖို့ လုပ်ခဲ့တာပါ ။ နောက်ပိုင်းကျတော့ ဘလောဂါ့အသိုင်းအ၀ိုင်းဆိုတာ ရှိလာတဲ့အခါ ၊ ဂျစ်လို လူမှု အထောက်အကူပြုချင်တဲ့ စိတ်တူ ရည်ရွယ်ချက်တူသူတွေကို အများအပြား ဘလောဂ့်တွေမှာ.. တွေ့ ခဲ့တယ် ။ ပြန့်ကျဲနေတဲ့ ကျောက်စရစ်ခဲလေးတွေဟာ..တခုချင်းစီ..သူ့ဘာသာပြန့်ကျဲနေတာထက် ၊အားလုံးပေါင်းစပ်လိုက်မယ်ဆိုရင် foundation ကောင်းကောင်းတခု ပေါ်ထုတ်လာနိုင် မယ်လို့ စဉ်းစားမိလို့ ...ဗမာနိုင်ငံတွက် ပညာရေးဘလောဂ့် (educationinmyanmar.blogspot.com) နဲ့ အင်ဂျင်နီယာများဘလောဂ့် (engineersformyanmar.blogspot.com) တို့ကို စတင်ခဲ့တာပါ ။


“ ပီးတော့..ဒီ ရုပ်လုံးမမြင်ရတဲ့..virtual community ကြီးကနေ.. ဗမာပြည်မှာ လက်ရှိဖြစ်ပေါ် နေတဲ့.. လူမူရေးလိုအပ်ချက်တွေကို..အမြင့်ဆုံးဘယ် လောက်အတိုင်းအတာထိ ဖြည့်စွမ်းပေး နိုင်မယ်လို့ မျှော်လင့်သလဲ.. အိမ်မက်ကလေးပဲဖြစ်ဖြစ်ပေါ့လေ..”

တကယ်တော့ ပြည်ပရောက် ဗမာတွေဟာ ဗမာနိုင်ငံတွက် အများအပြား အနည်းနဲ့အများ ကိုယ်တတ်နိုင်သလောက် ကူညီပံ့ပိုးပေးနေကြတာပါပဲ ။ ဒါပေမယ့် အဖွဲ့ လေးတွေ သူ့ ဘာသာ ပြန့်ကျဲနေသလိုပဲ ။ ဗမာနိုင်ငံကို ကူညီဖို့ စည်းလုံးတဲ့ ပြည်ပရောက် ဗမာအဖွဲ့ တခု ဖြစ်လာစေ ချင်တယ် ။ အဲလိုဆို ပိုများထိရောက်လေမလားလို့ မြင်မိတယ် ။

ဗမာဘလောဂါ့အသိုင်းအ၀ိုင်းမှာ ဘလောဂ့်တွေ လိုက်ဖတ်တော့ လူတော်တွေအများကြီး
တွေ့ ရတယ် ။ နောက် သူတို့ ကျင်လည်နေရတဲ့ နိုင်ငံပေါင်းစုံမှ အတွေ့ အကြုံတွေ ၊အသိပညာတွေ အတွေးအခေါ်တွေ ၊ အတိတ်က အတွေ့ အကြုံတွေ အမျိုးမျိုးရှိကြတယ် ။ အဲလို လူတွေနဲ့ ပူးပေါင်းပြီး ၊ ပညာရေးပိုင်းမှာ တနေ့ ဗမာနိုင်ငံသစ်ရဲ့ ပညာရေးစနစ်ကို ပြောင်းလဲနိုင်သူတွေ ဖြစ်လာတဲ့အထိ ၊ အင်ဂျင်နီယာပိုင်းမှာ..ယခုလက်ရှိ..ဗမာနိုင်ငံတွက်လိုအပ်တဲ့စက်မှုပိုင်းဆိုင်ရာတွေ..အသင့်တော်ဆုံးနည်း
လမ်းတွေနဲ့ ကူညီထုတ်လုပ်ပေးနိုင်တဲ့အထိ အိပ်မက် မက်ထားပါတယ် ။ သိပ်တော့မြင့်နေမလား မသိး)

Mr Balance
( ကိုယ်ပိုင်ဘလော့ရေးသားသူ)

အခုမှ..ဘလော့လောကထဲစ၀င်တယ်ဆိုတော့..ဘလော့ဂါအသစ်တယောက်ရဲ့အခက်အခဲဆိုရင်..ဘာကို ပြောလို့ရမလဲ။(နည်းပညာပိုင်းမဟုတ်တာပေါ့လေ..)

(၁) အချက်က..ဘလော့ဂါ သူငယ်ချင်း အသိုင်းအ၀ိုင်းထဲ ၀င်ဆန့်အောင် ဖန်တီးရတာ။
ဒါဆို ခြောက်ခြောက်သွေ့သွေ့နဲ့ ကိုယ်ကရေးသာရေးရတယ် လာလည်သူမရှိရင်တော့ ကိုယ့်ရေး ချင်တာရေး ပြောချင်တာ ပြောပေမယ့် တစ်ယောက်တည်း ပြောသလိုဖြစ်နေလိမ့်မယ်။ ဘလော့ဆိုတာ ကိုယ့်ရဲ့ ဒိုင်ယာရီ ဆိုပေမယ့် အဲဒီ ဒိုင်ယာရီက ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘူးဆိုတာ အဓိက ဖြစ်လို့ပါဘဲ။ နောက် ဘလော့တွေရဲ့ မူရင်းရည်ရွယ်ချက်လိုဘဲ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာကို အခြားနေရာတွေမှာ ဖော်ပြလို့ မရတဲ့အခါ ကိုယ်ကိုယ်တိုင် တည်းဖြတ် တင်ပြနိုင်တယ်ဆိုပေမဲ့ သူမှာ စည်းလွတ်ဘောင်လွတ်တော့ မဟုတ်ပါ။ ပရိသတ်ရှိတယ်။ ပရိသတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ကိုယ့်စာမျက်နှာ လူမဖတ်ရင် ကြာရင် ကိုယ့်ဖာသာ ချောင်ထိုးဖို့ အဲဒီ ဘလော့ဂါ ကိုယ်တိုင်စဉ်းစားလာပါလိမ့်မယ်။
(၂) အချက်..နောက် ပို့စ်တွေ ပုံမှန်တင်ဖို့ မကြိုးစားနိုင်တာ။
အပြင်အဆင် အရေးကြီးသလို၊ ဘလော့မှာ ကိုယ်ရေးချင်တာ၊ ပေါ့ပေါ့ပဲဖြစ် လေးလေးပဲဖြစ်ဖြစ် နေ့စဉ်တင်နိုင်မယ်၊ လူအများစိတ်ဝင်စားမယ့် အချက်ဖြစ်မယ်ဆိုရင် လာဖတ်သူတွေ တိုးလာနိုင် ပါတယ်။ မဟုတ်ရင်တော့ ခဏတော့ ၀င်လာကြည့်မှာဘဲ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့အတွက် လာလည်သူတွေ လျော့သွားနိုင်ပါတယ်။

ကိုသက်ဦး
( ကိုယ်ပိုင်ဘလော့ရေးသားသူ)

အခု..ပြည်တွင်းကလူငယ်တွေစုပေါင်းပီး..၀င်ကြေးမဆိုစလောက်ကလေးနဲ့ပဲ..မြန်မာစာဘလော့..Portal
လေးတခုလုပ်ဖို့ကြိုးစားနေကြတယ်ကြားတယ်..သူတို့ရည်ရွယ်ချက်ကလေးကကောင်းတယ်နော်။ ဒီလိုမျိုးလေးတွေနဲ့ဆို..မြန်မာဘလော့လောကရဲ့ ရှေ့အလားအလာကို ဘယ်လိုမြင်မိသလဲ။


ကောင်းပါတယ်။ ဒါပေမယ့် ဘလော့ဆိုတာက ပုဂ္ဂလိက သဘောပိုဆန်ပါတယ်။ အစုအဖွဲ့ရှိတာ အသင်းအပင်း ရှိတာလည်း ကောင်းတာပါပဲ။ ဟိုး အရင်က မြန်မာပြည်မှာရှိခဲ့ဘူးတဲ့ စာရေးဆရာ သမဂ္ဂ လိုဟာမျိုးပေါ့။ တဦးချင်း မလုပ်နိုင်တာတွေကို အဖွဲ့ကလုပ်၊ အဲဒီအဖွဲ့ကို တဦးချင်းစီက ပြန်ပံ့ပိုးပေးဆိုရင် အလုပ်ဖြစ်မှာပါ။
သေချာတာ တခုတော့ ရှိတယ်။ အင်တာနက်ဆိုတာ စပေါ်လာတဲ့ အချိန်က စပြီး ဆုတ်ယုတ်သွား တယ် ဆိုတာ မရှိ၊ တိုးတက်လို့သာလာပါတယ်။ အဲဒါကြောင့် မြန်မာလိုရေးလို့ရတဲ့ ဘလော့တွေ လည်း များပြားလာရမှာပါ။ အရှိန်အဟုန်နဲ့ ဖြစ်မလာသေးဘူးဆိုရင်တော့ တခုခု မှားနေလို့ ဖြစ်ပါလိမ့်မယ်။ အဲဒီအမှားကို ပြင်နိုင်တဲ့ တနေ့ မြန်မာဘလော့တွေ တနေ့တခြား ဒီရေ အလား တိုးပွားလာဖို့သာ ရှိတယ်ဆိုတဲ့ အကြောင်းလည်း ထပ်လောင်း ပြောဆိုလိုပါတယ်။

နှင်းမိုးဝေ
( ရန်ကုန် အင်တာနက်ကဖေးလုပ်ငန်းမှ..ကိုယ်ပိုင်ဘလော့ရေးသူ)

ရန်ကုန်မြို့အင်တာနက်အခြေအနေအရ..အင်တာနက်ကဖေးကတဆင့်ဘလော့ပုံမှန်ရေးဖို့ဆိုတာလွယ်
တော့မလွယ်ဘူးထင်တယ်နော်။


မလွယ်ပါဘူး...ဘာလို့လဲဆိုတော့ရန်ကုန်မှာ ခုတလောလေးမှ ကော်နက်ရှင်က ပြန်သွက်လာလို့
နည်းနည်း အဆင်ပြေ တာအရင် ကော်နက်ရှင်လေးတဲ့အချိန်တုန်းက ဆို ပိုဆိုးတာပေါ့...

ပုံမှန်ဘလော့တခုလည်ပတ်နိုင်ဖို့..ပျမ်းမျှ..တလကိုအင်တာနက်ဖိုးဘယ်လောက်လောက်ကုန်မလဲဆိုတာ..
ခန့်မှန်းပေးလို့ရမလား။..ဆိုပါတော့..ဘလော့တခုအသက်ဝင်ဖို့..အနဲဆုံးတပတ်ကိုတခုလောက်တော့..
တင်ကြတယ်ပေါ့နော်..တခြားresources..တွေလည်းသုံးမယ်..ကိုယ်လဲရေးမယ်..သူများဘလော့တွေလည်း..လျှောက်ကြည့်မယ်ပေါ့...။

အဲဒါက ပုံမှန်ပြောလို့ မရဘူးပေါ့နော်..တစ်နေ့ကို သုံးမယ့် အချိန် ပေါ် မူတည်တယ်တစ်ပတ်ကို ၅ နာရီ သုံးမယ် ဆိုရင်တစ်လကို နာရီ ၂၀ ရှိမယ်...၁၀၀၀၀ လောက် ကုန်မယ်လေ..ဒါ.. အနည်းဆုံးပေါ့..ဒါက ၅၀၀ နဲ့တွက်တာပါမင်ဘာတွေဘာတွေဆိုရင်တော့..နဲနဲ သက်သာ သွားမယ်...တချို့ဆိုင်က ၁၀နာရီကို ၃၅၀၀ တို့ ၄၀၀၀ တို့ဘာတို့တော့လုပ်ပေးတယ်..

အင်တာနက်ကဖေးမှာသုံးတဲ့အခါရော..လွတ်လွတ်လပ်လပ်ရှိရဲ့လား...စောင့်ကြည့်တဲ့အစီအမံတွေဘာတွေ..ရှိလား

အဲဒါမျိုးတော့ မရှိပါဘူးဒါပေမယ့် .. သုံးတဲ့ လူပေါ်မူတည်မယ်ထင်ပါတယ်..public figure မျိုးဆိုရင်တော့ တစ်မျိုးပေါ့..

မရန်ကုန်သူ
( တောင်ကြီးချယ်ရီမြေ အုပ်စုဘလော့ ၌ ပါဝင်ရေးသားသူ)

ညီမအနေနဲ့..ကိုယ်ပိုင်ဘလော့ထောင်ခြင်းနဲ့..စုပေါင်းဘလော့ရေးသားခြင်းအပေါ်ဘယ်လို..ခွဲခြားသုံးသပ်
မလဲ။ ကိုယ်ပိုင်ဘလော့မထောင်သေးတာကရော ဘာအခက်အခဲများရှိလို့ပါလဲ။


ဘလော့ရေးတော့မယ်ဆိုရင်..စာရေးရဲရမယ်..ကိုယ်ပြောချင်တာကို..အကြောင်းအရာရှာရမယ်..ပြောချင်တဲ့အကြောင်းအရာကို စာချောအောင် ရေးတတ်ရမယ်။ နောက်ပြီး ကိုယ်ရေးတဲ့စာကို ကိုယ်က တာဝန်ယူရမှာဆိုတော့ ဘလော့မှာ စရေးမယ်ဆိုရင် ဒါတွေက မဖြစ်မနေ ထည့်တွက်ရမယ်။ အဲဒါကတော့ စုပေါင်းရေးတာနဲ့..ကိုယ်ပိုင်သိပ်မကွာဘူးလို့..ညီမထင်တယ်။ နောက်ပြီး ကိုယ်ပိုင်ဘလော့ဆိုရင်တော့ ကိုယ်ဘာသာတင်ချင်တာ တင်လို့ရတယ် ပြောချင်တာ ပြောလို့ရတယ်။..အကြောင်းအရာရွေးစရာမလိုဘူး။ အဲဒါဆိုတော့..လွတ်လပ်တယ်။ စုပေါင်းရေးတာကျ
တော့ စုပြီး ရေးနေကြတဲ့အချက်ပေါ်မူတည်ပြီးမှ ရေးလို့ရတယ် ဆိုတော့ ကိုယ်ရေးမဲ့စာက အကန့်အသတ်လိုဖြစ်သွားတာပေါ့။ ဒါပေမဲ့..ကိုယ်ပိုင်ဘလော့ကတော့ ကိုယ့်ဘာသာ manage လုပ်ရတာပေါ့ အလှအပ ဒီဇိုင်းကအစ စဉ်းစားရတယ်လေ။ စုပေါင်းရေးရင် အဲဒီ ကိစ္စတွေကို Admin က တာဝန်ယူရတာဆိုတော့ အလုပ်မရှုတ်တော့ဘူးပေါ့နော်။
နောက်ဆုံး..စိတ်ထားလိုက်တာက..ကိုယ်စာရေးချင်လို့ရေးတာ..ဖတ်တဲ့သူရှိရှိမရှိရှိဆိုပြီးကိုယ်တိုင်ဘလော့တခု ထောင်ထားလိုက်ပီ..sakura-myanmar ပါ။

ဒီမို
( ဘလော့ဖတ်သူ)

တချိန်မှာ..လူတိုင်းလိုလိုဘလော့တွေရေးကြလို့..ဖတ်လို့မနိုင်တော့ဘူးဆိုရင်.ဘယ်လိုဘလော့မျိုးကိုပဲရွေး
ဖတ်မလဲ။ဘယ်လိုဘလော့မျိုးတွေ ပိုလူကြိုက်များမယ်ထင်လဲ။

ဒါကတော့ လူတကိုယ် စိတ်တစ်မျိုးပဲထင်တယ်နော်..တချို့က နိုင်ငံရေးကို စိတ်ဝင်စားရင် အဲဒီ့ အကြောင်းတွေ ပိုရေးတဲ့ ဘလော့ခ်ကို အရင် သွားဖတ်ပြီး ကျန်တာတွေကို နောက်မှ ဖတ်မယ် ထင်တယ်.. တချို့ က technical ကိုစိတ်ဝင်စားတဲ့ သူကတော့ .. ဒီအကြောင်းတွေ ဦးစားပေး ရေးတဲ့ ဘလော့ခ်ကို အရင်သွားဖတ်ဖြစ်မယ်ထင်တယ်.. ( ဒီမို အသိတွေထဲမှာဆို ရှိတယ်.. technical blog ကလွဲရင် ကျန်တာတွေ..မဖတ်တဲ့သူတွေရှိတယ်လေ..) ဒီအခါကျရင်တော့ personal အကြောင်းရေးတဲ့ ဘလော့ခ်တွေကို လူတွေဖတ်တာ နည်းသွားမယ် ထင်တယ်(ဒီမိုအမြင်ပြောတာပါ) ဒီမိုဆို ခုနောက်ပိုင်း အချိန်သိပ်မရှိတော့ ဘလော့ခ်တောင် သိပ်မလည်ဖြစ်ဘူး.. ခုလက်ရှိ ဒီမို ဖြစ်နေတာကတော့ ဒီမိုနဲ့ ခင်တဲ့ အစ်ကိုတွေအစ်မတွေ ဘလော့ခ်ကို အရင်ဆုံးသွားဖြစ်တယ်.. ပြီးရင်တော့ အချိန်ရှိရင် ရှိသလို လိုက်ဖတ်ဖြစ်ပါတယ်.. တချို့ကျတော့လည်းခင်မင်ရင်းနှီးနေတယ် ဆိုတဲ့ စိတ်နဲ့ သွားသွားလည်ဖြစ်ရင်းဖတ်မိသွားကြတာပဲ ...


( ဖြေဆိုပေးသူအားလုံးအား...ကျေးဇူးတင်ပါတယ်..)




Share/Bookmark

4 Comments:

Anonymous said...

ကေရေ..
သေသေချာချာလာဖတ်သွားပါတယ်။ စာရေးသူ၊ စာဖတ်သူ၊ စာရေးဆရာမတွေရဲ့ အမြင်တွေကို သိရလို့လဲ ဗဟုသုတရပါတယ်။ အချိန်ယူမေးမြန်းပြီး အားလုံးတွက် တင်ထားပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။

(မလေးလို့ ခေါ်လဲရပါတယ်ကေရဲ့ - ရှည်ရင်လေ)

Anonymous said...

ဒီပို့စ်လေးအတွက်ကျေးဇူးပါခင်ဗျာ

တေဇာ (လရောင်လမ်း) said...

လျှောက်ဖတ်သွားပါတယ်...။း)

Moe Ye said...

စာတွေများများ ဆက်ရေးနိုင်ပါစေ။
အားပေးနေပါ့မယ်။