အားနည်းချက်တချို့

ဝတ္တု လိုလို ဘာလိုလို တခု ရေးပြီး..မောလဲ မောတာနဲ့.. အာရုံ ပြောင်းစရာလေးတွေလဲ ရှိတာနဲ့.. ဘာစာမှ မတင်ပဲ နေ နေတာ။ တနေ့ကမှ- ကိုယ့် အချစ်ဆုံး အဒေါ်က.. ကေ ဘာလို့ စာရေးကျဲ မှာလဲ..တဲ့။ ဖြေမလို့လုပ်တုန်း- ညိုက..စိတ်ရှုပ်စရာ ဖြစ်တာနဲ့..သမီးဘလော့ကို ဖတ်တာ.. နေ့တိုင်းကြည့်တာ.. ဆို တော့-။

ကဲ- ရေးပါ့မယ် ညိုရေ- ညို- ရန်ကုန်မပြန်ခင်.. ဖတ်သွားရအောင်.. ၀တ္တု အဟောင်းလေး တခုလဲ..တင်ပေးမယ်..ခုတော့..စာပြန်ရိုက်နေတုန်း။ သြော်- ညိုတို့ ရန်ကုန်ပြန်ရောက်ရင်လဲ..ဖတ်လို့လွယ်အောင်.. မပိတ်တဲ့ ဘလော့လိပ်စာလေး တခု လုပ်ထားတယ်။ သေချာတော့..မပြင်ရသေးဘူး။ ဒီမှာ- http://kforkay.wordpress.com/

ကိုယ့်ကိုကိုယ် မုန်းတဲ့ ၁၀ ချက်တဲ့။ နဲနဲ တော့..ကြောင်သလားလို့ နော်။ အားနည်းချက် လို့ပဲ ပြောင်းကြည့်လိုက်တယ်။ ဒါတောင် ၁၀ ချက် ရှိလား မရှိလား မသေချာ။ လူတကာ သိအောင် ပြောမှ တော့..လူကြားကောင်းတဲ့ အားနဲချက်ကလေးတွေပဲ..ရှာရေး ရတော့မှာပေါ့လေ။

Dead line

( last minute ကိုပေါ လိုပါပဲ.. အချိန်ဆွဲ..အီလေး တတ်ပါသည်။း)

ဘာလုပ်လုပ်.. ကြိုတင်ပြီးစီးနေတာမျိုး ရှားမှရှား။ တနေရာသွားဖို့.. ခရီးထွက်ဖို့ ..လုပ်ပီဆိုရင်..တယောက်ယောက်က..နောက်က..အမြဲ လောဆော် နေရတတ်တယ်။ ငယ်တုန်းကတော့..အဖေ ရဲ့ အဆူအခံရဆုံး ပေါ့။ ခုတော့..သူများသားသမီး- ဆူရဲ ဆူကြည့်-

`သိတယ်..လုပ်နေတယ်.. ´
`လာမယ်..ပြီးတော့မယ်..´

အဲလို ဦးအောင် အော်ထားလိုက်တယ်။

လျှောက်စရာ တင်စရာ စာရွက်စာတမ်းများ ရှိ ရင်လဲ.. အမြဲ dead line နားကပါ။ ဘုရားသခင် ဆီကို လျှောက်လွှာ တင်ဖို့တောင်.. dead line စောင့်နေ မိသလား မသိဘူး။

ဝဲကျော်

ကိုယ်နေ နေသည့် နေရာကို ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် မှ ကြိုက်ပါသည်။ မျက်စိနောက်သည့် အရာ မှန်သမျှ ကို လွှင့်ပစ် တတ်ပါသည်။ ဟင်းကျန် ထမင်းကျန် များဆို..အသေ ၀ဲပါသည်။ ရေခဲသေတ္တာထဲမှာ သိပ်ကြာနေတာ ဆိုရင်လဲ..အကုန်ဝဲ- ။ တကယ်လိုလာတော့မှ..အသုပ်ကလေး စားကာနီးမှ..ဟယ်..တနေ့က..ဂေါ်ဖီလေး နဲနဲကျန်တာ သိမ်းထားရ ကောင်းသား..ဆိုပြီး ဖြစ်တတ်ရော။အေအိုင်တီမှာ အတူတက်ရင်း..အတူ ချက်စားဖြစ်ကြတဲ့..သူငယ်ချင်း- မကြီးက..ရေခဲသေတ္တာထဲက..ပစ္စည်းတွေ ပျောက်လို့..စိတ်တိုတိုင်း..၀ဲကျော် ရေ..၀ဲသာဝဲ..အကုန်ဝဲ.. နင့်ရည်းစားပါဝဲ လိုက် တဲ့။ ရည်းစားကလဲ..အဲဒီတုန်းက..ပြောပါတယ်။ ၀ဲရင်လည်း..အကောင်းစားလေးတွေ ရှိတဲ့နား ..၀ဲနော်..တဲ့။
ခုဆို အိမ်ပြန်လည်ရင်.. မနေတတ်တော့..။ အမှိုက်ပုံကြီးပေါ်မှာ နေ နေသလို ဖြစ်နေရော။ ရောက်တာနဲ့..တံမြက်စည်း သိမ်း။ ဘူးခွံ-ပလုံးခွံ တွေက..အပြည့်။ လွှင့်လဲ မပြစ်ကြဘူး။ သွား- အကုန် ညောင်း။ အိမ်ကလူတွေက.. ပြုံးပြုံးကြီး နဲ့ ကြည့်နေကြတယ်။ သိမ်းစမ်း ပေါ့..။

ပြီးတော့မှ-
` ကဲ ..ကဲ..ကေ အမှိုက်သိမ်းလို့ပြီးပြီ။ ငါတို့ပစ္စည်းတွေ အမှိုက်ပုံ မှာ လိုက်ကောက်ကြ..´ လို့ နောက်ရော။ ဒါ- တခါ တလေ မှ ပြန်လာတဲ့ ဧည့်သည်လိုဖြစ်နေလို့.. ဒီလောက်ပြောတာ ။ ငယ်တုန်းကဆို.. အဖေ နဲ့ တကျက်ကျက်.. ကိုယ် အိမ်သိမ်းပြီးးရင်.. သူ့ပစ္စည်းတွေ ပျောက်လို့..အော်ပီ။

အမှိုက် ရှုပ် မခံ ချင် သည့်နေရာ မှာ.. ရည်းစားစာ တောင် မနေရ။ အိမ်က- အမျိုးတွေက.. ရေးပို့လိုက်တဲ့ စာတွေ ဆိုလည်း..ဖတ်ပြီး..ဟိုနေရာ ပုံ..ဒီနေရာပုံ ဆို..လွှင့်ပစ်ချင်ပြီ။ ခရစ်စမတ် ကဒ်.. ဘာကဒ် ဆိုတာ..သူများတွေ.. ဗုံးတွေ နဲ့ ..နှစ်အလိုက် စီ ပြီး သိမ်းတတ်တာ။ ကိုယ်ကတော့..ဒီနှစ် ရတဲ့ ကဒ် တွေ..နံရံ မှာ တနှစ် နေပြီးရင်.. ဒိုးတော့။ ဘာ အမှတ်တရ မှ မထားဘူး။ ကျောင်းတုန်းက..သူငယ်ချင်း တယောက်က.. မထိ တထိ ပြောဘူးတယ်။
` ကျောင်းပိတ်ရင်..နင့်ဆီ စာမရေးရဲဘူး..လွှင့်ပစ်ခံရ မှာ စိုးလို့ ..´ တဲ့။

`နင့် စာတော့..လွှင့်မပြစ်ပါဘူးဟယ်..´ လို့......

မပြောလိုက်ပါဘူး။ အဲဒီ တယောက် နဲ့ မတဲ့ လို့။း)

++ အချိန်တန် ပြန်တော့လဲ++ ကိုယ်တိုင်က..ဒီအတိုင်းပဲ +++ လူဆိုတာက..ဧည့်သည်တွေပဲလေ..++++

ဆိုတဲ့ သီချင်းလေးလိုပဲ..ခုတော့- ပစ္စည်းဥစ္စာ အိမ်ထောင် ပရိဘောဂ တွေကိုတောင်.. အရိုးဆုံး..အရှင်းဆုံး..အနဲဆုံးပဲ.. လိုချင်တော့တယ်။

- ကေကေ့ ကို မချစ်ဘူး-

ငယ်တုန်းက..အမျိုးထဲမှာ..တယောက်ရှိတယ်။ ကလေးတွေပါးကို တအားဆွဲဆွဲဖြစ်ပြီး စတာ။ နောက်ပြီး.. ကလေးတွေ..နှာခေါင်းမှာ..နှာရည်လေးတွေကျနေရင်..မရွံ မရှာ သူ့လက်နဲ့... (သုတ်ပေးတာမဟုတ်ဘူး) ဆွဲပြီး..ကလေး ပါးစပ်ထဲ ထဲ့သွားတာ။ အဲဒီ ဦးလေးကို အရမ်း အမြင်ကပ်တာ။

ကိုယ်အလှည့်ကျတော့..အဲလောက်တော့..အကျီစားမသန်ပါဘူး။ ဒါပေမဲ့..ကလေးနဲ့ပြိုင်ပြီး.. စကားနိုင် လုချင်သေးတယ်။ အငယ်ဆုံးမို့..အကျင့် ပါနေသလားတော့မသိ။ ခုဆို..ညဖက်ညဖက်.. အမ နဲ့ ဂျီတော့မှာ ချက်ရင်း..တူလေး နဲ့ပါ..စကားပြောရတာ။ ကလေးက.. ၂ နှစ်ကျော်လေး ဆိုတော့..စကားက..တတ်တတ်..စလို့လဲ သိပ်ကောင်း။ နောက်တော့..ကလေးက.. သူ့အမေ ဂျီတော့ တက်တာနဲ့.. ` ကေကေနဲ့ ပြောနဲ့.. ပိတ်လိုက်..ယူကျု ကြည့်မယ်..´ ဆိုပြီး ဂျီရော။ ပြီးရင်..ခုံပေါ်က..စကားပြောတဲ့..မိုက်ကရိုဖုန်း ကြီး သူ့အိပ်ယာပေါ် ရောက်နေတာကို..` ကေ့ကေ့ကို ဖယ်လိုက်.. ´ ဆိုလို့..သူ့အမေမှာ..ဘာကို ပြောပါလိမ့် ဆိုပြီး..ရှာလိုက်ရတာ.. ။ သူက.. ပုံစံတောင် ပြောပြသေး.. ` ကေကေက..မဲမဲ ကြီးတဲ့..´

ကောင်စုတ်လေး..ခု..သူလုပ်လို့..အမ နဲ့တောင် ညဖက် ကောင်းကောင်း စကားမပြောရတာ ကြာပီ။ သူ့အမေကလဲ..ကဲကို ကဲတာပါ။

အဲလို ကလေးတွေကို အကျီစားသန်ပေမဲ့..အချစ်ကျတော့..ခံချင်လိုက်တာ။ ရန်ကုန်ပြန်တုန်း..တခါ- ၃ နှစ်သမီး..တူမက.. ` သွား..ကေကေ့ကို ချစ်ဘူး..မလာနဲ့..´ ဆိုလို့.. ငိုလိုက်ရတာ..။ အဲဒီလို..ကလေးချစ်တဲ့ ဇာတာ မပါ လို့ထင်ပါရဲ့။ အိန်ဂျယ်တွေက.. ပိုစတင်းကို ချမပေး တော့ဘူး။

Early bird မဟုတ်သော ဇီးကွက်

ဆိုင်တွေမှာ ကြော်ငြာလေ့ ရှိတယ်လေ.. ။ 20 % Discount for early bird ဆိုတာမျိုး။ အဲလိုမျိုး ...ဦးအောင် မြန်မြန်လာဝယ် ဆိုရင်သာ..သွား ၀ယ်ချင် ၀ယ်မယ်..တကယ်..စောစောထ ၀ယ်ရမယ်ဆိုရင်တော့..နေပါ့စေ။ စောစော ထရမဲ့ အလုပ်ဆို..ကမ္ဘာပျက်သလို..စိတ်ညစ်တတ်ပါသည်။ ငယ်ငယ်ထဲက.. ညကိုသာ စာပြီးအောင်ကျက်ပြီး..မနက်ကျမှ ဆိုတာမျိုး..မရှိခဲ့။ အဲဒီမှာ..တတန်းပဲကွာတဲ့..အမက..မနက်သမား။ ညဖက် ဆို..ကိုးနာရီ လောက်ကထဲက..သူက..အိပ်ငိုက်နေပြီ။ ပုတ် နိုး လိုက်ရင်.. ` နန္ဒဘုရင် လက်ထက်....´ ဆိုပြီး..အမြဲ ထထ အော်လို့..သူ့ကို နန္ဒဘုရင်..လို့တောင် နောက်ခေါ် ရတယ်။ ကိုယ်က..ဆရာကြီး လုပ်ပြီး အမြဲ နိုးနေကျ။ တခါတလေ..စာကျက်ရင်း..ပျင်းရင်..သူ့မျက်နှာ မှာ..ပရုပ်ဆီ တွေ တို့ပြီးမှ.. ` ဟဲ့..ဟဲ့..ထထ ´ ဆိုရင်.. ` နန္ဒဘုရင်..လက်ထက်.....နန္ဒဘုရင်..အား...အား..ဘာဖြစ်တာလဲ မသိဘူး..ပူလိုက်တာ..´

တခွိခွိ နဲ့ သဘောကျ လို့ မဆုံးဘူး။ အဲလိုလဲ..လူလည်ကျ..အကောက်ကြံတတ်သေးတာ။

အေအိုင်တီ မှာ ကျောင်းတက်တုန်းကဆို..ဘာသာတွေရွေးရင်.. ကြိုက်တာ မကြိုက်တာထက်.. မနက်စော တန်း ဖြစ်နေသလား..ဆိုတာကို အရင်ကြည့် ပြီးမှ..ရွေးတာ။ မယူမနေရ..ဘာသာ တခု မှာတော့.. မနက် ၇ နာရီ တဲ့။ ကဲ- ဘာတတ်နိုင် မှာလဲ လေ။ ဟင်း..ကနဲ သက်ပျင်းချပြီး..မရောက် ရောက်အောင် သွားရတာပေါ့။ သင်တဲ့ ဆရာကလဲ..ကိုရီးယား..အင်္ဂလိပ်စာ သိပ်မကောင်း..နားမလည်.. စာသင်ခန်းထဲ ရောက်တာနဲ့.. ဆရာ့ကို ကြည့်ရင်း..ကြည့်ရင်း...ဘာမှ မမြင်ရတော့ဘူး.. စာရွက်တွေကို စိုက်ငုံ့ကြည့်လဲ..ဘာမှ မသိတော့ဘူး။ ကဲ- ရှုပ်ပါတယ်ကွာ.. ငါ့ဖာသာ..အခန်းထဲမှာ အိပ်နေတာမှ.. အိပ်ရေးဝ သေးတယ်ဆိုပြီး.. အတန်းကို သွားမတတ်တော့ဘူး။ ဘာသာကလဲ.. ဖတ်ရင် ရတဲ့ဘာသာ ဆိုတော့..self study ချတာပဲ။ ကျောင်းခေါ်ချိန်လဲ..သူများ ခိုးထိုးခိုင်းလိုက်.. နဲနဲသွားတက်လိုက်နဲ့.. ။ စာမေးပွဲလဲ ရောက်ရော.. ဘယ်လောက် ဖြေနိုင် ဖြေနိုင်..ဆရာက..သိနေတော့..ဘီ နဲ့ပဲ..ကျေနပ်ခဲ့ရတယ်။

အလုပ်ထဲ ရောက်တော့လဲ.. ယက်ကန်..ယက်ကန်ပဲ။ ကံကောင်းလို့..သိပ်မတင်းကျပ်တဲ့..အလုပ်နဲ့တိုးတော့..မနက် နောက်ကျတာ..ညနေနဲ့ နဲနဲ ဖာလိုက် ထေးလိုက်..လုပ်ရင်း..အိုကေသွားတာပဲ။ လူက..ညနေကျတော့လဲ..အလုပ်ထဲကကို..မထချင်တော့တာ။ အိမ်မှာလဲ..ည ၁၁ နာရီ ကျော်မှ..စာဖတ် စာရေးလို့ကောင်းတာ။ နေ့နဲ့ည မှားနေတဲ့.. အခုခေတ်လူသား တယောက်ပေါ့လေ။

++++++

ကဲ- တော်ပါပြီ..။ တကယ်တော့ ၁၀ ချက်တောင် မက ဘူး။ အဲဒီ အထဲမှာ..အားနည်းချက်တွေ..မြင်ရမှာပါ။ သြော်- ဒီမှာ နောက် အားနည်းချက် တခု ကျန်သေးတယ်။ မပျင်းရင်..ဖတ်ကြည့်။

ကိုဇီးရိုး ရေ- ရေးလိုက်ပြီနော်။း)




Share/Bookmark

14 Comments:

khin oo may said...

ဘာလုပ်လုပ်ချစ်ပြီးခင်ပြီးသား ကြိုက်တာလုပ်.ဒီကွန်မက်ကလေးလည်းဝဲချင်ဝဲလိုက်ပါဦး။ ဝဲကျော်လေး။

zeRoTraSh said...

ကဲ ဘာပဲဖြစ်ဖြစ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင်
သက်သာအောင်ပဲ လုပ်ကြတာပဲ သိပြီးသား ဟီး ဟီး ဟီး
ကျေးဇူးပါဗျာနော် :D

MANORHARY said...

မနာလိုစရာကောင်းလိုက်တား(
ဘာသံယောဇဉ်မှမထားတတ်ဘူးဆိုလို့
အဲ..ဒါထက်စကားမစပ် ခုကိုယ်အိမ်ပြောင်မယ့်ဟာ
ပစ္စည်းတွေတအားများနေတယ်။ လာကူရှင်းပေးပါလား
း)

Anonymous said...

သူများသားသမီးကိုတဲ့ ဟိဟိ ကိုယ်မှာတာကျ မြင်ဘူးပေါ့လေဗျ အငယ်ဆုံးတွေက ဂလိုပဲ နည်းနည်း ဂူကြတယ် ကျနော်ကောပေါ့း)

ATN said...

တချို့အားနည်းချက်တွေကတော့...
ကောင်းသလားလို့...း)

RePublic said...

အစ်မ ကေ ရဲ့ အားနည်းချက် တစ်ချို့လာဖတ်တာပါ ၊၊ ၀ဲကျော်ဆိုတဲ့ စာလုံးလေးက တော့ပေါက်တယ်ဗျာ ၊၊

ရွှေဂျမ်း said...

Deadline ရှိရင်အပြေးအလွှားလုပ်တာနဲ့ ဇီးကွက်ဖြစ်တာ တူတယ် အစ်မရေ။ ဒီမှာလည်း ရုံးက နားလည်မှုရှိတဲ့ ရုံးမို့လို့သာ။ မဟုတ်ရင်
အ၀ဲခံလိုက်ရတာ ကြာပြီ။ :)

nu-san said...

မကေရေ.. မကေက မနက်စောစောမထတတ်ဘူးဆိုလို့ ကျနော်လည်း ဘယ်တော့မှ မနက်စောစော မနိုးဘူး.. အလုပ်ဆိုလည်း အမြဲနောက်ကျတယ်.. အမလိုပဲ သိပ်မတင်းကျပ်တဲ့ အလုပ်မို့လို့.. Time Card တွေ ဘာတွေ ကြည့်တဲ့ ရုံးဆို ပိုက်ဆံအဖြတ်ခံရမှာစိုးလို့ မရောက်ရောက်အောင် သွားရတယ်.. အခုတော့ မနက် ၉ နာရီ ရုံးတက်တာ အိပ်ယာနိုးရင် ၉ နာရီ.. :D

Sonata Cantata said...

ကော်မန့်တော့ ဟုတ်လောက်ဖူးထင်တယ်။ အမှတ်တရလေး ရေးခဲ့ချင်လို့...
မသီတာ ငယ်ငယ် အကျင့်က စောစောအိပ်လို့ စောစောထတယ်။ ကိုဧရာက နောက်ကျအိပ်ပြီး နောက်ကျထတဲ့ အကျင့်ရှိတယ်။ အိမ်ထောင်ကျစ စုစုပေါင်းရှိတာမှ ဒီနှစ်ယောက်။ ကိုယ်မှာ မနက်အစောကြီးကတည်းက တစ်ယောက်ထဲ ယောင်လည်လည် ဖြစ်နေလိုက်တာ နေ့ဝက်ကို ကျိုးသည်အထိ... နောက် သိပ်သည်းမခံနိုင်တော့ ပြောချလိုက်တယ်..ကျုပ်အဖြစ်က ဇတ်သမား ယူထားမိသလိုပဲတော့... လို့
အခုလည်း သူက သူ့အကျင့်အတိုင်း...
မသီတာပဲ အလျော့ပေးပြီးပြင်လိုက်ပါတယ်။ စောစောအိပ်ပြီး နောက်ကျမှထတယ်.. အေးရော

Moe Cho Thinn said...

ဝဲကျော်ကတော့ တူတယ် ကေရေ..မနေ့ကပဲ မီးဖိုချောင်လေး ရှင်းလိုက်တာ အတော်ရှင်းသွားတယ်။ အားလုံးယူပြီး လွှင့်ပစ်လိုက်လို့။ :)
ကလေးတွေကို စ တာ ကြမ်းလို့ ကလေး မချစ်တာလဲ တူပါ့။ ကလေးမပြောနဲ့ ကြောင်တောင် ကိုယ့်ဆို သိပ်မကပ်ဘူး။ တကယ်တော့ သူတို့ ချီးကျုံးရတာက ကိုယ်၊ အစာကျွေးတော့ သူ ဆိုတော့ ကြောင်တွေက သူ့ကိုကပ်တာ ပြာသလူးကိုခပ်နေတာပဲ။ တကယ်ချစ်ရတာက ကိုယ်တွေဆိုတာ သူတို့ မသိဘူး။
ဘ၀တူတွေ ကေရေ..

ဆောင်းယွန်းလ said...

မကေရဲ့အားနည်းချက်လေးတွေကစိတ်ဝင်စားစရာ
ကောင်းတယ်ဗျ...Dead Line နဲ့ပတ်သက်ပြီးရေးထား
တာလေးကိုသဘောကျမိသလို ဝဲကျော်ဆိုတဲ့အသုံးအနှုံး
ကိုလည်းပေးတဲ့သူကပေးတတ်လိုက်တာလို့စဉ်းစားမိပါရဲ့

ခင်မင်လျက်....

ဇင်ယော် said...

အဟဲ ၀ဲကျော်တဲ့။ အဲဒီစကားလုံးတော့ အတော့်ကို ကြိုက်သွားပြီ။ ကျနော်လည်း မျက်စိထဲ ရှုတ်နေလို့  ကတော့ လာထား သွားလေရော့ပဲ။ နောက်တကယ်လိုမှသာ ဘယ်ကရှာလို့  ရှာရမှန်းမသိ။

သက်ဝေ said...

ဟီဟိ... ၀ဲကျော်လေးတဲ့.. ချစ်စရာ...
(ဒါတောင် စဖတ်လိုက်တုံးက ရှပ်ပလာလုပ်ပြီး ပဲကျော်လို့  ဖတ်လိုက်မိသေး...။)
အဲဒီ ၀ဲကျော် အရည်အချင်းကတော့ ကိုယ်နဲ့  အလွန်တူတာမို့  နံမယ် ခဏလောက် ငှားခွင့်ပြုပါနော်...။
*** မသီတာရဲ့  အလျော့ပေးပြီး ပြင်လိုက်ပါတယ် ဆိုတဲ့ Comment ကိုလဲ သဘောကျမိပါတယ်...။

Anonymous said...

ခရီးက ပြန်ရောက်ရောက်ချင်း..ဘလော့ဖွင့်၍၊ နှုတ်ဆက် စာပြန်ပါသည်။
အမကြီးKOM ကိုလဲ..ဘာလုပ်လုပ်..............
ချစ်ပါတယ်လို့း)
ကိုဇီးရိုး- ဒီသဘောသဘာဝကို သိရက်နဲ့..ဒီခေါင်းစဉ်ကိုေ၇ွးကြတာကိုး။
မနော်- Mover နဲ့မှားနေပီ။း)
မောင်မျိုး- အငယ်ဆုံးများသည်..အငယ်ဆုံးများဖြစ်ပါသည်။
ကိုအောင်သာငယ်- တချို့ လေးတွေတော့..ကောင်းရမယ်လေ။ အကုန် အားနဲနေရင်တော့.. ကန်ထုတ်ခံရမှာပေါ့။း)
ဝဲကျော် ကိုသဘောကျတဲ့..Republic ကိုဆောင်းယွန်းလ- ဇင်ယော်- မချိုသင်း မသက်ဝေ- ပစ္စည်းဥစ္စာတွေ..မတွယ်တာတတ်အောင်..ကျင့်ကြည့်တာပါ။ ( ထမင်းကျန်- ဟင်းကျန်လေးတွေက..စကျင့်တာပေါ့..တခြားဟာတွေတော့..ဖြေးဖြေးပေါ့း)
ရွှေဂျမ်း-နုစံ- ဒီဂြိုဟ်ခွင် သက္ကရာဇ် ဖွားတွေက.. နေထွက်တာကို မကြည့် မမြင်နိုင်တဲ့။း) မသီတာကတော့.. အဟဲ..ကျမတို့ထက်..စောမွေးတော့..စောစောထရတာပေါ့။