Clint Eastwood ရဲ့ ရုပ်ရှင် နှစ်ကား

ပြီးခဲ့တဲ့ အပတ်တွေက..Clint Eastwood ရဲ့ ရုပ်ရှင်..နှစ်ကားဆက်တိုက် ကြည့်ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း အတွေးစလေးတွေ ရှည်ဆန့်မိတယ်။ ပြီးတော့လည်း..အဲဒီဆွဲဆန့်မိတဲ့..အတွေးစ တွေကို..ဘယ်ကို ပြန်ထဲ့ရမှန်း မသိတာနဲ့..ဒီအပေါ်မှာပဲ..တင်ပြီး စီ မိပြန်တယ်။
-

++++++
-



Clint Eastwood ဒါရိုက်တာ လုပ်တဲ့.. အင်ဂျလီနာ ဂျိုလီ ရဲ့ တကိုယ်တော် ကားပါ။ သူကိုယ်တိုင်တော့ ၀င်ပြီး သရုပ်ဆောင် မထားပါဘူး။ ပထမ..ဇတ်ကား နံမယ်ကို Challenging လို့ချည်း ထင်နေတာ..နောက်မှ..ခပ်ရောရော..ယဉ်မပါးလှတဲ့ ခေါင်းစဉ်အစစ်ကို..အဘိဓါန် ကြည့်တော့မှ.. ( နတ်သမီး ဖွက်-လဲလှယ်ထားတဲ့ ကလေး ) တဲ့။ ဇတ်ကား နံမယ်အတိုင်းပဲ.. ရုတ်တရက်..အိမ်က ပျောက်သွားတဲ့.. ကလေး လေး တယောက် ရယ်..ရဲဌါနက ပြန်တွေ့ပြီ ဆိုပြီး အိမ်ကို ပြန်ပို့လာတဲ့.. တခြား ကလေးလေး တယောက် နဲ့.. အမေ ဖြစ်သူ ရဲ့..မေတ္တာ .. မတရားမူတွေကို..အံတု ပုံတွေကို .. လုံးဝ မညီး ရအောင်.. ရိုက်ပြသွားတာပါ။
-
အခွေမှာ ရေးထားတဲ့..ဇတ်လမ်း အကျဉ်းချုပ်မှာ ပြောသလို.. တရားမျှတမူ.. ရဲတွေရဲ့ ခြစား အကျင့်ပျက်..အနိုင်ကျင့်မူ တွေကို.. လူသိရှင်ကြား ဖြစ်စေခဲ့တဲ့..၁၉၃၀ ခု လောက်က..ဖြစ်ရပ်မှန် တခု ဆိုတာကို ကျော်ပြီး.. အင်း..အမေရိကန် မှာ မို့လို့သာပေါ့.. လို့..ခပ်ရွတ်ရွတ် တွေး မိသေးတယ်။ တခြား တခြားတွေမှာ သာဆို..ရဲက..ဒီလို အလုပ်ရှုပ်ခံပြီး.. သာမန် မိန်းမ တယောက်ရဲ့ အမူ ကို.. ဒီလောက်ထိ အောင်ကို.. ဇတ်လမ်းအရှည်ခံ မှာ မဟုတ်တာ သေချာလှသည်။
-
ဇတ်လမ်း ကျောရိုး နဲ့ မဆိုင် လှစွာ.. အသိ ကို ပြန်နှိုးသွားတဲ့.. ဇတ်ဝင်ခန်းတခုက.. “အရူးထောင်” ဆိုတဲ့.. နေရာကြီးပါပဲ။ ရုပ်ရှင် ထဲမှာတော့.. Psychopath ward လို့ သုံးထားပေမဲ့.. တသက်လုံး..ဗမာလို နားလည်လာတာက.. အရူးထောင်။ ခုမှ သေချာ ပြန်တွေးမိတော့..ဘာလို့များ..အရူးဆေးရုံ..အရူးကုသဆောင် လို့ မသုံး- မပြော- ခဲ့ကြတာလည်း..။ လူကောင်း နဲ့ အရူး ဆိုတာကို..ခွဲခြားဖို့..ဘယ်လို ဆေးပညာရဲ့ စရိုက်လက္ခဏာ ရှာဖွေ မူတွေ လိုအပ်သလည်း ဆိုတာ..အသေအချာ မသိပေမဲ့.. ( အကြောင်းတခု ကြောင့်..တစုံတရာ အင်အားကြီးသူက.. .. လူကောင်း တယောက်ကို.. စိတ်အခြေအနေ ပျက်ယွင်းနေပါတယ်လို့.. အရူးထောင်ထဲ ပိတ်လှောင် ခဲ့မယ် ..ဆိုရင်.. ) ဆိုတဲ့..အတွေးက..ဦးဏှောက်ထဲကို.. ခပ်နက်နက် စိုက်ဝင်သွား ခဲ့တယ်။ ချက်ချင်းပဲ..“ လူနာဆောင် အမှတ် ၆ ” ရဲ့ စာရွက်တချို့ဆီ..ပြန်သတိရသွားတယ်။ ခပ်ပေါ့ရှန်ရှန် သာ ဖတ်ဖြစ်ခဲ့တဲ့.. နံမယ်ကြီး စာအုပ် တအုပ်ဟာ.. အခုမှ..လူသားအားလုံးကို ကိုယ်စားပြုတဲ့..မတရား ပြစ်မူကြီးတွေ အဖြစ်နဲ့..ခေါင်းခဲ သွား မိတော့ တယ်။
-
+++++
-
အခု ပြောပြ ဖြစ်တာတွေကို..တကယ်တော့..ရုပ်ရှင် ကြည့်ပြီးတဲ့သူမှပဲ..နားလည် နိုင်မှာပါ။ ဒီကားတွေက..နံမယ်ကြီး လူသိများတဲ့ ကားတွေ မို့လည်း.. အထွေအထူး မပြောချင်မိပဲ.. ခံစားရ ပုံ ခြင်းသာ..ဖလှယ်ခြင်တာပါ။
-
++++++



အမေရိက မှာ ၀င်ရောက် ရွှေ့ပြောင်း နေထိုင်ကြတဲ့.. အာရှသား တွေရဲ့ လူနေမူ စရိုက်နဲ့.. တကယ့် အမေရိကန် စစ်စစ် တယောက် ရဲ့ ဘ၀ တခု ကို ယှဉ်တွဲပြီး သဘာဝကျကျ ယက်ခြယ်သွားပုံက..ကိုယ်တိုင် ရွှေ့ပြောင်း နေထိုင်သူ အာရှသား တယောက် အတွက်.. အတွေးမပို လို့ မဖြစ်တဲ့..ဇတ်ကားကောင်း တခုပါ ။
အဲဒီ အထဲကလို..တကယ်ပဲ အာရှသားတွေဟာ..ကိုယ့်ရဲ့ Ghetto လေးတွေထဲမှာပဲ..နေထိုင်မူရှာ.. အပေါင်းအဖော်ပြုကျ.. လူငယ်တွေကလည်း..အလွယ်တကူ ရောနှော ဖို့..အနူး မလွယ်..အကျက်ခက် တဲ့..Melting pot ကြီးထဲက..ခုန်ထွက်ပြီး.. ကိုယ့်ထွက်ပေါက်နဲ့ကိုယ်..ဗိုလ်ကျ သောင်းကျန်း တတ်လာကြ သတဲ့ လား..။
-
အားလုံး လိုလို မဟုတ်ရင်တောင်..အဲဒီလို..အသိုက် အ၀န်း ပုံစံ မျိုးတွေ ..သေချာပေါက် ရှိနေလို့သာ..ဒီရုပ်ရှင် ထဲက.. ပုံရိပ်တွေ ဖြစ်လာတာ နေမှာပါ။
-
ဇတ်လမ်း ထဲက..ဇတ်လိုက်အဘိုးကြီး Clint Eastwood ( Walt) ကိုယ်တိုင်ကလည်း..သိပ်တော့…မွန်ရည်.. သင့်မြတ်လှတဲ့..အမေရိကန် တယောက်မဟုတ်ပါဘူး။ တလောကလုံးကို..ဘ၀င်မကျ ဖြစ်နေရင်း ..အရောင်စုံလာတဲ့..အမေရိကန် လူမျိုးသစ် တွေကို .. မနှစ်မြို့နိုင် ဖြစ်နေတဲ့.. ကိုရီးယား စစ်ပြန် .. သာမန် ကားစက်ရုံက..အလုပ်သမားဟောင်းကြီး တယောက်ပါပဲ။ သူ့ အိမ်နီးချင်း..မုန်း (လာအို တိုင်းရင်းသား) မိသားစု ကို.. ကြည့်မရ ..မျက်မုန်းကျိုးရင်း.. အဲဒီမိသားစုထဲက.. ဟိုမရောက် ဒီမရောက် ဆယ်ကျော်သက် မောင်နှမလေး နှစ်ယောက်ကြောင့်.. အထီးကျန်နေတဲ့..သူ့ဘ၀ကြီး..တနည်းတဖုံ.. ပြောင်းလဲ ပတ်သတ်သွား ခဲ့ ရတာ တွေ..။ အဲဒီ ပတ်သတ်မူ တွေ နဲ့ ပတ်သတ်နေပြန်တဲ့..သူ့ရဲ့ အမြတ်နိုးဆုံး.. Gran Torino ကားကြီးက..ဒီ ရုပ်ရှင် ရဲ့ ခေါင်းစည်း ဖြစ်နေခဲ့တယ်။
-
ထုံးစံ အတိုင်း..ဟောလိဝုဒ် ရဲ့ နံမယ်ကျော် တယောက်က..ဖန်တီး..ထုတ်လုပ်..သရုပ်ဆောင်ထားတာမို့.. အော်စကာ စာရင်းဝင်..၀င်ငွေ စံချိန်ချိုးတဲ့ ရုပ်ရှင် တကားမှာ..အနုပညာ တွေ..အတတ်ပညာတွေကို..ဘာမှ ဝေဖန်စရာ မလိုပါဘူး။ အဲဒီ ရုပ်ရှင်ကို.. ဘယ်လို လှုံ့ဆော်မူ..စေ့ဆော်မူ နဲ့ ရိုက်ဖြစ်တာလည်း ဆိုတာကို သာ.. စိတ်ဝင်စားနေ တာပါ ။ နောက်ပြီး..သူပေးချင်တဲ့.. အချက်က..ဘာလည်း ဆိုတာကိုလည်း ရှာမရ နေတာက.. ဘက်မပင်းအောင် ကြိုးစား ရိုက်ပြထားတယ် ဆိုတာ..သိသာနေတယ်။
-
ဒါပေမဲ့..ဇတ်ဝင်ခန်းတွေ ထဲက.. မနှစ်မြို့စရာ.. အာရှသား လူငယ် လမ်းသရဲ အုပ်စု ရဲ့ လက်ရဲ ဇတ်ရဲ နိုင်ပုံ တွေက.. အာရှသားတွေ ရဲ့ ပုံရိပ်တခု ဖြစ်နေမှာကို.. စိုးရိမ်နေမိတယ်။ ဒါကိုလည်း.. စိတ်ကောင်းရှိတဲ့..လိမ္မာတယ်လို့ ပြောရမဲ့.. အာရှသား မောင်နှမလေး နှစ်ယောက် နဲ့ ပြန် ထိန်းညှိ ထားပြန်တယ်။ ဒါပေမဲ့..အခြေ အမျှ တော့..ဖြစ်မသွားခဲ့။
-
နောက်ဆုံးခန်းလေးကို.. ဇတ်ဆန်ဆန် လေး အဆုံးသတ် လိုက်တာ တောင်မှ.. အဲဒီ မုန်းလူမျိုး မောင်နှမ ( မိသားစု) လေး နဲ့..တခြား.. လူဖြူ အမေရိကန် တွေ.. လက်ဆွဲ နှုတ်ဆက်လိုက်တာမျိုး.. ပြုံးရွှင် အသိအမှတ်ပြုလိုက်တာမျိုး တွေ..တကွက်မှ ရိုက်မပြသွားတာလည်း.. ဒါရိုက်တာ..မေ့ကျန် ခဲ့တာတော့..မဖြစ်နိုင်ပေ။
-
ထုတ်လုပ်..ညွှန်ကြား..သရုပ်ဆောင် ယုံ တင်မက.. နောက်ဆုံးခန်း ရဲ့ အဓိက..ဇတ်ဝင်သီချင်း ကိုပါ..ပါဝင် ရေးစပ်..သီဆိုသွားတဲ့.. ၇၈ နှစ် အရွယ်.. အအောင်မြင်ဆုံး အဘိုးကြီး တယောက်ရဲ့.. တုန်ယင် တိုးညင်းတဲ့.. အသံကို သေချာ နားစိုက် ထောင်မိတယ်။


your world is nothing more than all the tiny things you've left behind

So tenderly your story isnothing more than what you see
or what you've done or will become
standing strong do you belongin your skin; just wondering
gentle now a tender breeze blows
whispers through the Gran Torino
whistling another tired song
engines humm and bitter dreams grow
a heart locked in a Gran Torino
it beats a lonely rhythm all night long

ဒီစာသားတွေမှာ..သူပြောချင်တာတွေ..သေချာ ပေါက် ပါ နိုင်ပေ မည်။ ဇတ်လမ်းထဲမှာ ရှာမရ ခဲ့တဲ့..ဖန်တီးသူ ရဲ့ အတွေးကို..ဒီ သီချင်းထဲမှာ..ရှာကြည့် ပြန်သည်။
-
Grand Torino ဆိုတဲ့ ကားကြီးထဲမှာ.. လှောင်ပိတ်ခံခဲ့ရတဲ့..နှလုံးသားက..သူ့အရေပြားပေါ်က..သူပိုင်ဆိုင်တဲ့..သူ့ဘ၀လား..
-
အဲဒီ Grand Torino ဆိုတဲ့ ကားကြီး ကရော.. လေညှင်းတခုကို သယ်ဆောင်လာပြီးလို့..နောက်ထပ် မောပန်းနွမ်းနယ် စရာ..သီချင်းတပုဒ်ကို ဆိုညည်း အုံးမယ့်..အမေရိကန် နိုင်ငံကြီးကိုပဲ.. တင်စားခြင် လေသလား…


Share/Bookmark

16 Comments:

khin oo may said...

ခံစားချက်တွေကိုနားထောင်သွားတယ။်

khin oo may said...

ပန်ဒီုရာဖတ်တေတုံး အသစ်တက်လာတော့လန့်သွားတယ်။ သက်ဝေကလည်းဝင်တိုက်သွားသေးတယ။်

သက်ပိုင်သူ said...

မမကေရေ
ကြည့်ဖြစ်အောင် ကြည့်မယ်
ကျေးဇူး

ATN said...

အဲ ရုပ်ရျင်တွေ ကြည့်ဖူးသေးဘူး
ဆိုတော့
ဘာမှ မပြောတတ်သေးဘူး

MANORHARY said...

ကြည့်ရမယ့်စာရင်းတစ်ခုတိုးလာပေါ့..

Anonymous said...

ပထမဇာတ်ကား ကြည့်မယ်လုပ်ထားတယ်ဗျ။ လက်ထဲမှာ ရှိနေတဲ့ အကြွေးထဲမှာ တစ်နေတယ်။

Sonata Cantata said...

မကေရေ ပထမကားကြည့်ပြီးပြီ...အတွေးပွားမိပုံတွေ...မကေနဲ့ အတော်တူတယ်။
ဒုတိယကားတော့ မကြည့်ရသေး

တန်ခူး said...

မကြည့်ဖူးဘူး… ကေပြောပြတော့ ပထမကားကို ကြည့်ချင်သွားတယ်…

rose of sharon said...

DVDဝယ်ကြည့်မယ်... မျှဝေပေးတာကျေးဇူး

ATN said...

ကြည့်ပြီးသွားပြီ...
ရုပ်ရှင်တော့ အတော်ဆန်တာပဲ...

ဒါမယ့် အဲသည် gang တွေက သည်မှာတော့ တကယ်ရှိနေတာပဲ
ဟိုးအရင် ၉၀ ကျော်နှစ်တွေမှာ
သည်နယ်မှာ တရုပ်တွေ ကိုရီးယားတွေနဲ့ စပင်းနစ်ရှ်တွေ လူမဲတွေ အကြီးအကျယ် ဖြစ်ခဲ့ကြဖူးတယ်လို့ ဖတ်ဖူးတယ်...

နောက် အခု ဇတ်မှာပါတဲ့ မြောင်လူမျိုးစုတွေနဲ့ မြောက်ပိုင်းက ဒေသခံ မျက်နှာဖြူတွေကြားမှာ ဖြစ်တဲ့ အမဲလိုက်ရာသီ ပြသနာတွေ ခုထိ ရှိနေဆဲပဲ...
ဟိုးတလောကလေးတင် အမဲလိုက်တဲ့ မြောင်အမျိုးသားတယောက်ကို လူမျိုးရေး နှိမ်တဲ့စကားတွေပြောလိုက်လို့ အဲသည်လူက သေနတ်နဲ့ ပြန်လိုက်ပစ်တာ ၁၁ ယောက်တောင် သေတယ်လို့ ဖတ်လိုက်ရဘူးတယ်...

သည်ကားကပေးချင်တာကတော့
life & death လို့ပဲ ခံစားမိတယ်...

Ni Ni said...

ကေ့စာ ကိုဖတ်ပြီး..ရူးတယ်ဆိုပြီး..အတင်းအရူးထောင်ပို့ခံရတဲ့..ညောင်တုန်း ကိုထွန်းထွန်း နဲ့ ကျုရှင်ဆရာ ဦးအောင်ဖေ ကို သတိရသွားတယ်။

သက်ဝေ said...

မကြည့်ရသေးဘူး...
ကေ ပြောပြတော့ ကြည့်ချင်သွားတယ်...

သက်ဝေ said...

မမက သူ့ကို ဝင်တိုက်သွားတယ် တဲ့...
ဘယ်တုန်းက တိုက်မိတာလဲ သိဘူးနော်...
ဘယ်နားမှာ တိုက်မိတယ် ဆိုတာလဲ သိဘူး...
ဒွတ်ခပါပဲ...

Thu said...

If you want to see no black in US film, just watch the "Stepford Wives", comedy and science fiction to set up Utopia society.
An internal theme of the West.
Merry X-mas

kay said...

Thu>
I like this movie, funny and entertaining. It can catch the audience' surprise just in the last minute. Cool..

Thu said...

Yes Kay , movies is cool with nice look of Nicole Kidman, a hidden message is the West Utopia exclusively for White (no black in the movies).