အတင်း

she: ဟေး..

me: ဝေး..

she: မတွေ့တာ ကြာပြီ..

me: ဟုတ်တယ်.. ခရီးတခု သွားလို့.. နယ် ကို ခဏ ပြန်တာ ..
she: အော....
---
---
---

she: ခု နောက်ပိုင်း.. ဘလော့ တွေ လည်း အားလုံးလိုလို အရေးကျဲ ကြတယ်နော်..

me: အင်းးးးး
ဖြစ်တတ်ပါတယ်.. အကြည်ဓါတ်ကော.. အရီဓါတ်ကော.. ခမ်းလာ တာ ဖြစ်မှာပေါ့..

she: အချိန် လည်း ပေးရတာ မတန်သလို ဖြစ်လာတယ်လေ..
me: ဘာကို မတန်တာလဲ...

she: အင်း..မတန်ဘူး ဆိုတာ.. အပျော် သက်သက် ရေးတာ တပိုင်းလေ.. တခါ တလေ.. ကောင်း၂ မွန်၂ သတ်၂ မှတ်၂ လေး ရေးချင်တဲ့ အခါ ကျတော့..ဘလော့ ဆိုတာ..စင်မြင့် မှ မဟုတ်တာ..

me: စင်နိမ့်ပေါ့...

she: မြေ၀ိုင်းဇာတ်လေ.. ကချင် သလို က နေတာ..ဟိ

me: အင်း..ဟုတ်တော့ ဟုတ်ပါတယ်..တန်အောင် ဆိုတာကလည်း..ဘာ နဲ့ တိုင်း မလည်းလေ..ဆရာ
ကျော်ဝင်း တခါ ရေးဖူးသလို.. နောက်ပိုင်းခေတ်မှာ.. စာရေး တယ် ဆိုတာ..အသက်မွေးမူ ငွေကြေး နဲ့ တိုင်းတာ မရ တော့ ပဲ..ကိုယ့် ဟာဒရ နဲ့ပဲ တိုင်းတာ နေရ တော့တဲ့ ခေတ် လို့..ဆို သတတ်.. ( အဟက် )... ဒါမဲ့.. တော်ဖလာ ကတော့.. သူ စာရေးတာ “ကိုယ့် ဘာသာ ပြန် ဖတ်ဖို့စာ ရေးတာ မဟုတ်ဘူး” ဆိုပဲ...( အဟွတ်..) တော်ဖလာ နဲ့ ကိုင်ပြောလိုက်တာ..လည်ချောင်း တောင် ယားသွားတယ်...အဟွတ်..ဟွတ်

she: အီဖေကိုယ် တို့ က..ဖော်တလာ .. ဟဲ.. ကိုယ့် ဖာ သာ ဖော် ဖို့ ဘလော့ရေးနေတာလေ..

me:း)
တချို့ ဆို..ဘလော့ မှာ ရေးတာလေးတွေ.. အတော်ကောင်းတာနော်...
xxx xxx တို့ ဆို.. ရေးတာလေး တွေ တော့ မဆိုးဘူး..ဒါမဲ့.. တခါတလေ လည်း..အတုံးလိုက် အတစ်လိုက်.. ခိ

she: အင်း..သူက...သူတို့ စာတွေ ဘယ်လောက် ဖတ် တယ် ဆိုတာ.. ကို အသားပေး နေ သလိုပဲ...-xxx ကော.. ကြိုက်လား... တကယ့် စာရေးဟန် အစစ် နဲ့ ရေးတာ..

me: အဲ... အဲတယောက်ကို တော့..သေချာ မဖတ်ဖြစ်ဘူး...မရောက်တာ..
တကယ်က...ဘလော့ ကလည်း.. ဆိုရှယ် က.. အဓိက လို ဖြစ်နေတာပဲ..ခင်ရာ ဆွေမျိုး ဆိုတာမျိုးလေ...

she: အင်းးးးးးးခုတလော..အီဖေ လည်း..မုဒ် မ၀င်..အချိန် မရ နဲ့.. ဘလော့ မျဉ်းကွေးကြီးရဲ့ ဘယ်နေရာ ရောက်နေပြီလဲ မသိ... ဘာပဲဖြစ်ဖြစ်.. ရေးတော့ ရေးနေအုံးမှာပါ... ရှင်ရော...

me: အင်းးးးးးး ခက်တာက..ခေတ်ကိုက လည်း ရွေ့သွား ပြောင်းသွား ပြီနော်.. ဟိုးတုန်းက..ကိုယ့် စာတပုဒ် ကို လူတွေ ဖတ်ရ အောင် လို့.. ခက်၂ ခဲ၂ ကြိုးစား ရတာ..အဆင့်၂ ဖြတ်သန်းရတာ..စာရွက်ပေါ်မှာ လက်နဲ့ ရေးချ.. အကြမ်းခြစ်..အချောကူး.. စာတိုက်ကနေ..စာမူ ပို့.. အယ်ဒီတာ ဆီ သွား စုံစမ်း.. အခု ကျတော့.. လူတိုင်း အလွယ်တကူ ကလောင် သွေး နိုင် ပြီ ကော.. အဲဒီ မှာ ဘာကွာ သွား လဲ ဆိုတော့.. အရင်တုန်းက တော့..ခု န ပြောတဲ့..စင်မြင့် ဆိုတာ မျိုးတွေက.. အကန့် အသတ် နဲ့.. သတ်၂ မှတ် ၂ ရှိတယ်.. စာဖတ်သူ တွေက .. တစောင့် စားစား ရှိရတာမို့... အလည် မှာ စုဆုံ တဲ့ သဘော .. ခု ကတော့.. စင် တွေ ရော.. ခုံတွေ ရော.. တလင်း ပြောင်တွေမှာရော.. ပတ်ပတ်လည် ပေါများလာတော့... စာဖတ် သူ ကိုတောင်.. ပြန်ပြီး..မာကတ်တင်း ဆင်းရ မလို ဖြစ်နေရော.. . တနေရာ မှာ တောင် ဖတ်ဘူး လိုက်တယ်... ဒင်းမ်ဆမ်း ခေတ် ဖြစ်လာတယ်တဲ့..။ အမျိုးစုံ အမယ်စုံ လိုက်ပြ နေတဲ့ ကြားက.. ကိုယ် ကြိုက်တာ ကိုယ် ရွေးစား ရတဲ့ ..ရွေးဖတ်ရတဲ့..ခေတ်ပေါ့.. တို့ ကတော့.. ဒင်းမ်ဆမ်း ထက်..ဆူရှီ ခေတ် လို့ ပဲ ပြောတော့မယ်..ဟဲ.. ဆူရှီ ဘားထဲမှာ...အတန်း လိုက် ကြီး ရွေ့ နေတာ.. လက်သင့်တာ .. အဆင်ပြေတာ..ကောင်းမယ် ထင်တာလေး.. ကောက်ယူ စားလိုက်... လွတ် သွား လည်း..နောက် တပတ် ပြန်စောင့်.. ရေဒီယို အစီအစဉ် ဆိုတာ တောင်..ကိုယ် ကြိုက် တဲ့ အချိန် မှ နားထောင် လို့ ရနေတာပဲ.. အတန်း လိုက် ခေတ်ပေါ့လေ..

she: အတန်းလိုက်......းဝ
ဒီလို လုပ်ပါ.. အလည်မှာ စုဆုံ တာ မဟုတ်တော့ပဲ.. အပြင်ကို ဖြာထွက် တယ် ပေါ့.. နဲနဲလေး..နားရှုပ်အောင် ပြောလေ.. အဲဒါမှ ပညာရှင် ဆန်တာ...

me:း)
ခု ဆို..ဖိုင်တွေကို attached လုပ်စရာ မလို တော့ဘူး...drag and drop တဲ့...။ တွယ်ချိတ် နေရာ ကနေ.. အသာလေး ဆွဲလာ နေရာချ ယုံလောက် ထိ လွယ်သွား ပြီ ဟုတ်... Qwerty key board ကနေ multi touch ဆိုတာ ဖြစ်လာ..။လက်ဆယ်ချောင်း သုံးစရာ မလို တော့ ပဲ.. လက်ညိုးလေး တချောင်း နဲ့.. အကုန်လုံး ပြီး နေ တော့ တဲ့..ခေတ် လေ..။ လက် ညိုး ထိုး ပြီး ရောင်းစား တဲ့ ခေတ်ပေါ့..

she: ဘူ့ကို စောင်းပြောတာလဲ...

me: လက်ညိုး ထိုး ပြီး ရောင်းစားတာ..ဘူတွေ ရှိလို့လဲ...ဘာတဲ့..သရက်ပင် စိုက် စား တဲ့ ခေတ် မဟုတ်တော့ဘူး.. ပဲပင်ပေါက် ဖောက်စား တဲ့ ခေတ် ဆိုပဲ...နောင်ဆို..ပဲပင်ပေါက် ချည်းေ ဖာက် ပြစ်လို့ .. ပဲ တောင် ရှား တော့မယ်...

she: ဟ..ဟ... ဟုတ်ပါ့..

me: အလယ်ကို ဦးတည်ရာ ကနေ..အပြင်ကို ဖြာထွက်.. ဒေါင်လိုက် ကနေ.. အလျားလိုက် တန်း... အန်အယ်ဒီ တောင် ..ခု..အလျားလိုက် ဖြစ် သွားပြီ တဲ့...း)

she: အဲ.. နိုင်ငံရေး တွေ မပြော နဲ့လေ...း)

me: ငါနိုင်ရေး ပဲ ပြောတာပါ.. ဟဲ

she: ငါ နိုင် တော့..သူရှုံး တာပေါ့..

me: ၀င်းဝင်း လုပ်ပါ...

she: ၀င်းဝင်း ဆိုတာ လမ်းထိပ်..စတိုးဆိုင်က..တရုတ်မလေး လား..

me:း)))

she: သင်္ကြန် ဗုံးပေါက်တာလည်း ..ဗုံးစ တွေက.. တော်၂ ဝေး၂ ထိ ကို လွင့် တာပဲ... ဘလော့တွေ ပေါ် ထိ.. ဖဘ ပေါ်ထိ ပဲ...း)
-
me: ..ဗုံးက..ရိုးရိုး ဗုံး မှ မဟုတ်တာ... အတန်းလိုက် မဟုတ်ဘူး.. အပြင်ကို ဖြာထွက်တာ.. သူက..ထိ တဲ့ လူတင် ဒဏ်ရာ ရ တာ မဟုတ်ဘူး.. ကြားတဲ့သူ..ငြင်းတဲ့သူ..တွေပါ.. တော်တော် ကွဲ ကြတာ..း)

she: အဲလို ဗုံးတွေ ပေါက်တာကနေ.. အခြေအနေ ပြောင်းလဲ မူ တခု ဆီ သွားမယ်လို့ ထင်လား...

me: အမ်...ငါနိုင်ရေး.. အဲ.. နိုင်ငံရေး တွေ မပြောနဲ့ဆို...

she:း)

me:း( မေးစရာ မလို တဲ့..မေးခွန်းကြီးကို..
ဧရာဝတီ အယ်ဒီတာ့ အာဘော် ထက် တောင် ဆိုးနေပြီ...

she: ပြောပါအုံး..ဖတ်ရသေးဘူး...

me: ဘယ်သူ မှတောင်..သေချာ မသိသေးတဲ့.. ဗုံးလက်သည် အကြောင်း သုံးသပ်တာ.. လက်ညိုးထိုး တတ်တဲ့ လူကြီး တွေ ကိုတော့..တချက်မှ ထဲ့မတွက်ပဲ.. သိပ်ကို သေချာ နေတာလေ ...ရှေ့က ကြိုပြေးပြီး..ရေးထားတာလေ...း((

she: ဟိုတလောကလည်း.. ၀င်ရေး..မ၀င်ရေး နဲ့ ပတ်သတ်တဲ့...အယ်ဒီ့တာ အာဘော်ပဲ.. မှားများ မှားပြီလား ဆိုတာလည်း ..၀ိုင်း သမ ကြသေးတယ် နော်..ခိခိ

me: အေးလေ.. အယ်ဒီ့တာ အာပေါ်း)

she: သတင်းသမား တွေက.. ဘက်မလိုက် ရဘူး ဆိုတဲ့ အယူအဆ ကိုရော..ဘယ်လို ထင်လဲ..

me: ဘာလဲကွ.. ..ဒီတယောက်ဟာလေ..
တော်တော်အမေးအမြန်းထူတယ်..အစ်တာလား...ဗျူးတာလား..

she: အစ်တာဗျူးး)

me: ဘက်မလိုက် ရဘူးလေ.. ကိုယ်လိုချင်တဲ့ အဖြေ ကိုပဲ..မရ ရ အောင်..ချွန်တွန်း ဆွဲခေါ်ပြီး..အတင်း နှိုက်ယူ အစ်ထုတ်.. ရတာ.. ဟဲ

she: အင်း နော်.. ခုနပဲ..ဗီအိုအေ မှာ..ဦးဝင်းတင်ကို.. ဦးကျော်ဇံသာ ဗျူးတာ..နားထောင် လိုက်ရတယ်..

me: ဟေး..နိုင်ငံရေး တွေ ပါလာပြန်ပြီ...

she:း)

me:း)
လေဒီအို တွေ ကလည်း..သတင်း ဆို ကလေးပါ မကျန် အကုန် နှိုက်တာပဲ.. ခုနပဲ.. အကျဉ်းသား တယောက် ရဲ့ ၈ နှစ်သမီးလေးကို .. မေးတာ.. ကလေး လေး အစား.. စိတ် မကောင်း လိုက်တာ.. သူတို့က.. အဲဒီလို..ပြည်သူ ပရိသတ် စာနာပိုအောင် လုပ်မေး တာ အရေးမကြီးဘူး.. ကလေး တယောက် ကို.. အဲလို မေးသင့် ရဲ့လား..

she:း(

me: ကဲ..ဒါဆို တို့ ပြန်မေးမယ်.. အဲလို ကလေးတွေ ကို.. မေးသင့်လား.. မမေးသင့်လား...

she: လူကြီး ဆိုတာ..အဲလိုပဲလား..သိဝူးလေ..

me: ဟိုနေ့ကလည်း.. ကိုဂျင်မီ သမီးလေး ၃နှစ်လေး ကို..ဘေးက..၀ိုင်းပြီး.. လူကြီးတွေပဲ..ဘာတွေ အတင်း ပြောခိုင်း နေလဲ မသိဘူး.. ကလေးတွေ..အဲလို တခါ ဖြေ ရ တိုင်း..သူတို့ ရင်ထဲ..ဆူးတချောင်း နက် နက် မသွားဘူး လို့ ဘယ်သူ ပြောနိုင် မလဲ...
---
----
----

she: လူရွှင်တော် တွေ ပျက်ရင်..ဟိုဟာ မပါ မဖြစ်သလိုပဲ.. စကားပြောရင်.. နိုင်ငံရေး က..ပါနေတော့တာပဲ..
-
me: နားဝင်ဆိမ့် စရာ...ဘလော့ သတင်း တွေပဲ ပြောကြမယ်လေ...း)
လုပ်ပါအုံး .. ဒီက..လက်တံ တိုတယ်...

she: ဟိ...ဘလော့ တွေ အကြောင်း ပြောရင်လည်း..ပြောရင်လည်း...

me: ???

she: ဟုတ်ပါဘူး..အီဖေ လည်း..ခုတလော ဘလော့ တွေ မလည်ဖြစ်တာ ကြာပါပြီ... ကိုယ့်ဟာ နဲ့ ကိုယ် မအားပြန်ဘူး.. အရှိန်လည်း ကျလာပြီလေ.. ပြောသလိုဆို.. ဟာဒယ ရွှင်ဆေး မတိုက်ကျွေး နိုင် သလို သောက်လည်း မသောက် နိုင် တော့ဘူး...

me: ဟုတ်ပါ့...

she: ရှင်လည်း.. ခုတလော အသစ်မရေး ပါဘူး.. အဟောင်း တွေ နဲ့ ဆားချက် နေတာ..ငံပြာရည်တောင် ပေါက်နေပြီ... .. “အတတ ” စီးရီး ဆွဲ နေတာ ကရော.... အတု.. အတောင်.. အတိတ်..အတွေး..အတာ..အတက် နောက်....ဘာလာ အုံးမလဲ... အတိုင် အတော တို့ ဘာတို့ လာ အုံးမလား..း)

me: အူတူတူး))))

she: အရင် စိန်ပန်းလို.. ၀တ္တု တွေ ရေးအုံးမလား...
-
me: သိဘူး..ရေးတော့ ရေးချင်တယ်.. စိတ်ကူး ထဲမှာ..တချို့ ရှိနေတယ်... ဒါမဲ့..ခုန ပြောသလို..အချိန် နဲ့ မိုတီ ဗေးရှင်း .. ပြီးတော့.. ပထမ ဦးစားပေး..ဒု ဦးစားပေး.. ဒါတွေ..ဒါတွေ.. ဘလော့ ဟန်းနီးမွန်း ကတော့.. ပြီးသွားပါပြီလေ...း)

she:း(

me: တော်ပြီ..တော်ပြီ..
ကာတွန်းတခုထဲကလို.. ကောင်မလေး ၂ယောက်..လမ်း လျှောက်ရင်း..လမ်းထဲက..အိမ်တွေ ကြည့်ပြီး..တအိမ်ပြီး တအိမ် အတင်း ပြောလာတာ.. နောက်ဆုံး.. လမ်းထိပ်နား ရောက်တော့ တယောက်က.. ကဲ..ငါတို့ အိမ် ရောက်ကာနီး ပြီ.. သွားတော့မယ် နော် လို့ ပြော သလိုပဲ...း) ခု... ငါ့ ဘလော့ နား ရောက် နေပြီ...

she: ဟီး
me: တာ့တာ..
-
10:35 Pm
-----------
10: 46 pm
sign out or invisible .


( မှတ်ချက် - တကယ့် ချက်တင်း အစစ် ဟု မယူဆ စေလို )း)


Share/Bookmark

21 Comments:

rose of sharon said...

အဟီး.. ရီရတယ်... ဟုတ်တယ်... ဘလော့ရေးရတာ လွတ်လပ်တယ်... ကလောင်သွေးသလိုလဲဖြစ်တယ်... ရေးသက်ကြာလာရင်လဲ အရေးကျဲလာတယ်... အတင်းထက် သတင်းနဲ့တူပါတယ်ကေရယ်....

Unknown said...

မကေရေ...
ဆူရှီလိုပဲ .. လက်သင့်ရာယူဖတ်တယ်ဆိုတာ... သဘောကျလို့....
း-)

little brook said...

မြေ၀ိုင်းဇာတ် .. :)

SHWE ZIN U said...

ညီမ ပြောသွားတာတွေက ဟုတ်တယ်..

ကိုယ့် ဘလော့မှာ ကိုယ်သာလျှင် အရှင်ဆိုတော့ ရေးရတာ လွတ်လပ်တယ်..

စာတွေ ရေးဖြစ်သွားတယ်..

ဒါပေမဲ့ ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ် တာဝန်ယူရတော့မယ် ကိုယ့်စာတွေကို လာဖတ်နေတဲ့ စာဖတ်သူတွေ ရှိနေတယ်လေ..

ဘာဘဲဖြစ်ဖြစ် စာရေးဖြစ်တာကောင်းတယ်.. စာဖတ်ဖြစ်တာကောင်းတယ်..

ကြာလာရင်တော့ အတင်းပြောစရာ တွေကုန်သွားရင် ဒုက္ခ လက်ညှိုးထိုးစရာ မရှိတော့ ရင် ဘာလုပ်ရပ ..

ရွှေစင်

သက်ဝေ said...

တကယ့် ချက်တင်း အစစ် ဟု မယူဆ စေလို ဆိုရင် ကေ့ အိုင်ဒီယာ သိပ်ကောင်းတယ်... အရေးရော အတွေးပါ ကောင်းတယ်လို့ ပြောချင်တယ်...

တကယ့် ချက်တင်း အစစ် ဆိုရင်လဲ... ပြောနေကြတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားစရာတွေနဲ့ အမှန်တွေချည်းပဲလို့ ပြောချင်ပါတယ်...

*** ညကြီး အချိန်မတော်မှာ ဆူရှီ စားချင်သွားပြီ...
ဝယ်ကျွေးပါ ကေ...း))

ဒူကဘာ said...

အစ်တာဗျူး ဆိုတာလေးတော့ ခိုက်တယ်!

MieMie said...

ပဲပင်ပေါက်ဖောက်စားတဲ့ ခေတ် မှာ ရွေးချယ်စရာ တွေ များ နေတာ ဘဲ တို့ တွေ ကံကောင်း တယ်လို့
ဘဲ ဆို ရ မလား ကေ ....

mabaydar88 said...

မကေရှင့်

ခပ်မိုက်မိုက်ဗျူးကြစို့..

ရှေးခေတ်ကစာတွေကို မြန်မာလိုပြန်ထားသလိုပဲ.. ။

မဗေဒါ

tg.nwai said...

ကေရေ...(အစစ်လို့ မယူဆစေလိုသော) ချက်တင်ကို လာချောင်းဖတ်ပြီး သဘောကျသွားပါတယ်.. လက်ရှိအခြေအနေကို ထင်ဟပ်နေတာပါပဲ...ဘလော့ဂ်တွေလည်း အရေးကျဲတဲ့ သူတွေက ကျဲ..အရေးသွက်တဲ့ သူတွေကလည်း သွက်..လည်မိရင်လည်း ဖတ်လို့ မပြီးမစီးနိုင် သဘောတွေ ကျရပြန်ပါရော... လောလောဆယ်တော့ တို့လည်း ဘလော့ဂ်တွေကို ဝေးဝေးကနေပဲ လွမ်းနေရတယ်.. :))

ရွှေရတုမှတ်တမ်း said...

မကေရဲ့ စာမြူးစာသွက်လေး မဖတ်ရတာကြာပြီ
ဘလော့ဟန်းနီ်းမွန်းပြီးလို့..ဘလော့နောင်ဂျိန်လေးစပေးလိုက်ပါအုန်းအေ...

မယ်ကိုး said...

အဲဒီအတင်းထဲ ပါသမျှ တော်တော်များများကို ထောက်ခံသွားပါတယ် မမ။:D
ရေးပုံလေး အရမ်းကြိုက်ပါတယ်။

ချစ်တဲ့

ကလူသစ် said...

မူးသွားတာပဲ

Unknown said...

အတင်းပြောတာမကောင်းတာတို့အတင်းပြောခံ၇၇င်ခံနိုင်၇ည်၇ှိဖို့ဆုံးမစာေ၇းတယ်ထင်တာအတင်းပြောပြတဲ့စာဖြစ်နေတယ်
တကယ်တော့သူများကိုထိခိုက်နိုင်စေမယ
့်အတင်းဆိုတာမပြောတာအကောင်းဆုံးပါဘဲ

မေ့သမီး said...

အတင်းလာနားထောင်သွားတယ်အမ။ အရင်ကထက်ပိုပြီး ကလောင်သွေးရလွယ်ကူလာတယ်ဆိုပြီး ပေါက်တတ်ကရတွေ လျှောက်ရေးဖြစ်ရင်တော့ စာဖတ်သူကို အားနာရသေးတယ်။ ဒါပေမယ့် ဘလော့ကျတော့ဝေမျှချင်တာ၊ ပြောချင်တာ၊ သူများကို စောင်းချင်တာ၊ ရိချင်တာ အားလုံးလုပ်လို့ရနေတာဆိုတော့။ :P

ချစ်ကြည်အေး said...

ကေ ဘယ်ကလာ အတင်းရမှာတုန်း အေးအေးဆေးဆေးလေး ပြောသွားတဲ့ဟာကို....။ တို့လည်း ဘလော့ဂ် ဟန်းနီးမွန်းချိန်ရောက်နေ ထင်ပါရဲ့...ရေးပဲရေးချင်နေတော့တာပဲ....ခက်ပါ့...။ ဒါပေမဲ့ ခုထိတော့ ပျော်နေတုန်းပဲ...ကေ့စာလေးတွေက အမြဲ သဘောကျချင်စရာလေးတွေ...:)

Anonymous said...

ယူဆပါဝူး.. ခွိခွိ
she ဆိုတာ ဘူဒူဖြစ်ချင်လဲ ကြီးကေ :P

ဆောင်းယွန်းလ said...

မရောက်ဖြစ်တာ ကြာပြီ..း)
မမန့်ဖြစ်တာလည်း ကြာပြီ..း)
အတင်းနားထောင်ဖို့အတွက် အတင်းကိုပြေးလာခဲ့တာပါ မကေရေ..း)

ဆောင်းယွန်းလ said...

မရောက်ဖြစ်တာ ကြာပြီ..း)
မမန့်ဖြစ်တာလည်း ကြာပြီ..း)
အတင်းနားထောင်ဖို့အတွက် အတင်းကိုပြေးလာခဲ့တာပါ မကေရေ..း)

Moe Cho Thinn said...

California roll လာဖတ်သွားပြီ။
ဆူရှီ ဆိုလို့ပါ..:))

NangNyi said...

အဲလိုလေးပြောစရာ ရှိနေတာတောင် ကောင်းသေး..
(ပြောစရာ = ပြောဖို့လူ+အကြေင်းရာ+ပြောချင်စိတ်)

Unknown said...

ဒေါ်ကေ ရေ
အပြင်ရောက်တာနဲ့ အတင်း လည်တော့တာပေါ့ အတင်းလည်မှတော့ အတင်းနဲ့တွေ့တာပါဘဲ
အတင်း အတင်းနဲ့ ဒီလို အတင်းပြောရတာ မလွယ်ဘူးနော
ဒီလိုအတင်းလေးတော့ ပြောတတ်ရေးတတ်ချင်သား

ခင်တဲ့
seesein