သတိတရ ပုံရိပ် များ နှင့် မွေးနေ့ ဆုတောင်း




အင်တာနက်ရပ်ကွက်ထဲမှာ..ဒေါ်စုမွေးနေ့ ဆိုတဲ့အသံတွေ ဆူညံလာပြန်ပီ..
သြော်..နှစ်တနှစ်..ထပ်တိုးပတ်လည် လာပြန်ပီကိုး...

တကယ်က..ဒေါ်အောင်ဆန်းစုကြည်ဆိုတာ..
ပို့စ်ကဒ်က အရုပ်တခု မဟုတ်ပါ...
ရင်ဖက်မှာ ထိုးဖို့ ရင်ထိုးလည်း မဟုတ်ပါ...
တီရှပ်ပေါ်က အနီရောင်မျက်နှာလည်း မဟုတ်ပါ...
အစည်းအဝေးတွေမှာ ချိတ်လေ့ရှိတဲ့ နောက်ခံကားချပ်တခုလည်းမဟုတ်ပါ...
အခု..ပီဘိအချိန်မှာကို...
ဧည့်ခန်းဆက်တီပေါ်မှာ ဖြေလျော့ရင်း ညပိုင်းရေဒီယိုသတင်းတခုကို..
နားထောင်ကောင်းနားထောင်နေမဲ့...ဒါမှ မဟုတ်...
စာတမ်းတခုကို အပီးသပ်ရေးပီးသကာလ..အိပ်ရာဝင်တော့မဲ့..
မဟုတ်ရင်လည်း..ရေညှိရောင်တောက်နေတဲ့ တိုက်အိုကြီးပေါ်ကနေ..
ခြုံနွယ်ပိတ်ပေါင်းတွေ မထိမ်းနိုင်မသိမ်းနိုင် တောထနေတဲ့ ခြံကြီးထဲကို
လေ့ကျင့်ခန်းယူဖို့ အဆင်း..ပင့်သက်တချက်ရှိုက်လိုက်တဲ့..
၆၂ နှစ်အရွယ်...မြေးငယ်လေးတွေရဲ့ အဘွား ဆိုတာကို..
မေ့နေမိတတ်ကြတယ်..

သူမကိုယ်တိုင်ကလည်း..မြန်မာပြည်သူပြည်သားတွေရဲ့ ဘ၀တွေထဲကို..
ပုံပြင်ထဲက..မင်းသမီးလေးတပါးလို..၀င်ရောက်လာခဲ့တာကိုး....
.....................................................

ငယ်ငယ်တုံးကတော့...အာဇာနည်နေ့ရောက်တိုင်း..လူကြီးမိဘတွေရဲ့မျက်နှာရိပ်မျက်နှာကဲ...ဇူလိုင်မိုးစွေစွေနဲ့..ညိုမှောင်မှောင်ကောင်းကင်...နင့်နင့်နဲနဲဆွဲလိုက်တဲ့ရေဒီယိုကဥသြသံ..တဆက်တည်းလိုလို..လေလှိုင်းထဲကလွင့်တက်လာတဲ့..မေလှမြိုင်ရဲ့လွမ်းဆွတ်ဘွယ်တေးသံတွေကြားမှာ..ကြောင်းကျိုးဆင်ခြင်နားလည်စရာမလိုဘဲနဲ့ကို..နှမြောတသ ၀မ်းနည်းတတ်ခဲ့တယ်..

နဲနဲကြီးလာတော့..တဆင့်တက်လို့ အာဇာနည်ကြီးတွေရဲ့ ကျန်ရစ်တဲ့မိသားစုတွေကို
စိတ်ဝင်စား လာတယ်..အထူးသဖြင့်..အမျိုးသားခေါင်းဆောင်..ဗိုလ်ချူပ်အောင်ဆန်းရဲ့သားသမီးတွေ ဘယ်ရောက်နေကြသလဲဆိုတဲ့မေးခွန်းကိုမေးတတ်လာတယ်...

အဲဒီတုံးက..အမေရိကန်သံရုံးမှာသွားရောက်အမူထမ်းနေတဲ ဦးလေးတယောက်က.. လူကြီးစကားဝိုင်းမှာ..ဗိုလ်ချူပ်အောင်ဆန်းသမီးက..နိုင်ငံခြားမှာ ကပ္ပလီတယောက်နဲ့ ယူထားတယ်ပြောတော့..အိုး..ဘာမှန်းညာမှန်းမသိဝမ်းနည်းလိုက်တာ...

ပထမဆုံးအကြိမ်..ဒေါ်စုအသံကိုကြာဖူးတာက..၈၅-၈၆ ခုလောက်နေမယ်..
ဘီဘီစီကလွှင့်တဲ့..ဒေါ်လေးဒေါ်ကြည်ကြည်မေရဲ့..ငွေဗျိုင်းဖြူကဏ္ဌမှာ..ဗိုလ်ချူပ်အောင်ဆန်းရဲ့သမီးနဲ့တွေ့ဆုံခန်းဆိုပီး..၁၀မိနစ်လောက်လေး နားထောင်လိုက်ရတာ
ပြောလို့မဆုံးနိုင်အောင်ပဲ...

တဖြည်းဖြည်းနဲ့..မြန်မာပြည်မှာ..မဂ္ဂဇင်းတွေစာအုပ်တွေ..တိုးပွါးလာတဲ့ ၈၆-၈၇ လောက်.. ပေဖူးလွှာမဂ္ဂဇင်းမှာ..ဦးအောင်ကြီးရေးသားမိတ်ဆက်ပေးတဲ့..ဗိုလ်ချူပ်မိသားစုသတင်းလေးတွေကို
အလုအယက်ဖတ်ကြရတယ်...အဲဒီတုံးက..ဒေါ်ခင်ကြည်ရဲ့ အင်္ဂံလန်ခရီးစဉ်တို့..မြေးရှင်ပြုတို့..
ရောင်စုံဓါတ်ပုံတွေဝေေ၀ဆာဆာနဲ့ဖော်ပြတော့..ဖတ်လို့ကောင်းလိုက်တာ..
ဗိုလ်ချူပ်သမီး..အောင်ဆန်းစုကြည်ဆိုတာကိုလည်း..ပိန်ပိန်သွယ်သွယ်..ချောချောလှလှမိန်းမရွယ်
တယောက်အဖြစ်နဲ့..လင်းလင်းထင်းထင်းမြင်လိုက်ရတယ်....တခါနှစ်ခါဆိုသလိုတော့..အာဇာနည်နေ့ပန်းခွေ
ချတဲ့ပုံတွေကို..သတင်းစာရဲ့မှုံဝါးဝါးအဖြူအမဲပုံရိပ်တွေအဖြစ်နဲ့ တော့ တွေ့ဘူးသား....

ဆယ်တန်းဖြေပီးကျောင်းတွေပိတ်ထားတုံး..၈ လေးလုံး အရေးတော်ပုံကြီးပေါ်ပေါက်လာပါရော...
မတိုင်ခင်ထဲကကို..တနိုင်ငံလုံး..လှုပ်လှုပ်ရွရွဖြစ်နေနှင့်ပီ...
နယ်မှာဆိုတော့..ရန်ကုန်ကသတင်းတွေ.နားတစွင့်စွင့်နဲ့ပေါ့..တက္ကသိုလ်ကျောင်းတွေပိတ်ပီးပြန်လာတဲ့အကိုတွေအမတွေကို..ညနေညနေဘူတာမှာသွားကြိုရင်း...ဟာ..ခုနေ့ခင်းပဲ..အင်းလျားကန်စောင်းမှာလုံထိန်းတွေတုတ်တွေနဲ့လိုက်ရိုက်တာ..မနဲပြေးရတယ်..တို့...ဆေးရုံကြီးမှာလည်း..အသကုန်ပစ်တာ..တော်တော်သေပဲ..တို့...အဲလို..
ပါးစပ်သတင်းလေးတွေနားထောင်လိုက်...ညဖက်..တကျွိကျွိနဲ့ ရေဒီယိုတွေဖမ်းလိုက်နဲ့...ရုတ်ရုတ်..
ရုတ်ရုတ်တွေဖြစ်နေပီ...

အဲဒီတုံးက..အထောက်တော်လှအောင်ထုတ်တဲ့..
သတင်းဂျာနယ်ဆိုတာ...
သတင်းအမှောင်နိုင်ငံကြီးထဲမှာ..
ပထမဆုံးသွေးတိုးစမ်းလာတဲ့ ဂျာနယ်လေး...
တညနေ..အသစ်ရောက်
လာတဲ့..သတင်းဂျာနယ်မှာ...
ဒေါ်အောင်ဆန်းစုကြည်ဆိုတာကို..
တော်လှန်ရေးကြီးနဲ့အတူ..ပထမ
ဆုံးတွဲပီးမြင်လိုက်ရတယ်...မှတ်မှတ်ယယ..ပြည်သူ့ဖက်ကအပြတ်လိုက်မယ်..ဆိုတဲ့..ခေါင်းစဉ်နဲ့....

အဲဒီနောက်တော့..အားလုံးသိကြတဲ့အတိုင်း..ဒေါ်စုဆိုတာ..ပြည့်အသဲ..ပြည့်ဦးခေါင်းဖြစ်လာတော့တာပဲလေ....

အမျိုးသားဒီမိုကရေစီအဖွဲချူပ်ဖွဲစည်းအပီးမှာ..စည်းရုံးရေးခရီးစဉ်အဖြစ်..ကိုယ်တို့မြို့လေးကို ၃ကြိမ် လောက် ရောက်လာဘူးတယ်..ပထမဆုံးအကြိမ်တုံးကတော့.ကိုယ်တို့အဒေါ်အိမ်မှာဧည့်ခံတာဆိုတော့
အနီးကပ်ပထမဆုံးမြင်ဖူးတာပဲ..မင်းသမီးတယောက်လို..လှပကျော့ရှင်းတဲ့ဒေါ်စုကို..
သူမ.၀တ်တဲ့လုံချည်လေးကအစ..ပိတ်ဖောက်ဇာအင်္ကျံလေးပါမကျန်..လက်ဖက်ရည်သောက်ပုံလေးကအဆုံး...
မိန်းကလေးပီပီစပ်စုနေမိတယ်...(သူပြောတဲ့စကားတွေတော့မမှတ်မိတော့..)
ဒေါ်စုအင်္ကျံပုံစံတွေ..လိုက်ဝတ်ကြတော့လည်း..ဘယ်နေမလဲ..ချူပ်သမျှလက်ခေါင်းလောင်း..
ထုပ်ကြယ်သီးတပ်..
မြန်မာပြည်တနံတလျားစည်းရုံးရေးထွက်တဲ့ ဗီဒီယိုခွေတွေထဲမှာဆိုလည်း..သူ့အလှနဲ့သတ္တိကိုကွဲကွဲ
ပြားပြားမြင်ခဲ့ရတယ်...
နောက်တခါ..ခြံရှေ့တရားပွဲတွေလုပ်တော့လည်း..အပတ်တိုင်းသွားမော့ရပြန်ရော.ဘဘဦးကြည်မောင်နဲ့ဦးတင်ဦးကြားမှာရပ်ရင်း..တပတ်တမျိုး.ပန်းတွေဝေနေအောင်ပန်တတ်တဲ့..ဒေါ်စုကို..အစိုးရသတင်းစာတွေက..အငြိမ့်မင်းသမီးလူပြတ်ထွက်ပုံသရော်ခဲ့ပေမဲ့...ဒေါ်စုဆိုတာ....မိန်းမတယောက်ရဲ့..
လှပကျော့ရှင်းခြင်း..သူရဲကောင်းတယောက်ရဲ့..ရဲရင့်ပြတ်သားခြင်း...ခေါင်းဆောင်တယောက်ရဲ့..
ချစ်ခင်လေးစားစရာကောင်းခြင်း..စွန့်လွှတ်အနစ်နာခံခြင်းဆိုတာတွေ...အားလုံးနဲ့ပြည့်စုံတဲ့
သူတယောက်ဆိုတာ...ဘယ်သူမှငြင်းလို့မရနိုင်ပါဘူး...

ဒါပေမဲ့...ခရစ်တော်ကလူသားတွေအားလုံးရဲ့အပစ်တွေကိုသူ့အသက်နဲ့ဆေးကြောပေးခဲ့သလို.
မြန်မာပြည်သူပြည်သားတွေရဲ့အပစ်တွေ.ဒုက္ခတွေကို..သူမရဲ့ဘ၀နဲ့ဆေးကြောပစ်ရမဲ့..
ယစ်ပလ္လင်ပေါ်က..ပူဇော်စရာသားကောင်တော့မဖြစ်သင့်ပါဘူးနော်..သူမရဲ့လူသားဇာတိ..အချစ်အမုန်းအပြုံးတွေကိုလည်း..ဘာနဲ့မှနှိုင်းယှဉ်ဝေဖန်လို့မဖြစ်နိုင်ပါဘူး..သူမဟာ..လူသားစစ်စစ်တယောက်ပါ..အသက် ၆၂ နှစ်ပြည့်ခဲ့ပါပီ...

အို..ဘုရားသခင်..သူမရဲ့..တရားမျှတမူအပေါ်မှာမြဲမြံခြင်း..စွန့်လွှတ်အနစ်နာခံနိုင်ခြင်းများကို..ထောက်ထားလို့..မြန်မာပြည်ကြီးကို..ဦးဆောင်ကယ်တင်နိုင်ဖို့အခွင့်ပေးတော်မူပါ.....
(မိုးမခမှဓါတ်ပံကိုယူသုံးထားပါသည်)


Share/Bookmark

3 Comments:

EMALMADA said...

Hello from Portugal
Have a nice day

Unknown said...

really touching !

Unknown said...
This comment has been removed by the author.