DNC ( OR) Political Stage Show

ခုရက်ထဲ..ဒေါ်စု သတင်း ကို စိတ်ပူ ပင် နေ ရ တဲ့ ကြား ထဲကပဲ.. ဒန်ဗာ မှာ လုပ် တဲ့..ဒီမိုကရက် ညီလာခံ ကြီးကို..လေးရက် ဆက် ပြီး.. live ထိုင် ကြည့် ဖြစ် နေတယ်။

ပါတီ ညီလာခံ ကြီး ဆို တာ ထက်..ကြည့်ရတာ.. တေးဂီတ ဖြေဖျော်ပွဲ တခုလိုလို.. ပျော်ပွဲ ရွှင်ပွဲ တခု လိုလို..နဲ့.. တူ နေတာ မို့.. နိုင်ငံရေး စတိတ်ရှိုး - စင်မြင့်ဖျော်ဖြေ ပွဲ တခု လို့ ပဲ..ခေါင်းစဉ် တပ် လိုက် မိ တော့တယ်။ မိန့်ခွန်းတွေ ကြား ထဲမှာ.. မြူးကြွ တဲ့..သီချင်း တွေ..တီးလုံး တွေ ..ဖွင့် တော့.. ပရိသတ် က လည်း.. ကတဲ့လူ က..က..။ ခုန်တဲ့လူ က..ခုန် နဲ့.. ပျော်စရာ တော့ ..တော် တော် ကောင်း မည့်ပုံ။

ဒီနေ့ တော့.. ပွဲသိမ်း မင်းသား Obama ထွက် တဲ့ နေ့မို့..ညီလာခံ ကွင်းကြီး ထဲ မှာ ကို..ပရိသတ်က.. ၈ သောင်း ကျော် တဲ့။ ပျားအုံ ပေါက်မှာပြူတစ် နေတဲ့...မဲမဲ လုံးလုံး...ပျားခေါင်းလေး တွေ လို ပဲ..ပတ်ပတ် လည် ပွဲကြည့်စင် တွေ ပေါ်က..ပြွတ်ထိုး နေ တဲ့..ခေါင်း ပေါင်း ၈ သောင်း ကျော် ကို ကြည့် ရင်း.. ၈၈ ကာလက.. ရွှေတိဂုံ ဘုရား တောင်ဖက်မုဒ် က.. ဒေါ်အောင်ဆန်းစု ကြည် ရဲ့..လူ သိန်း ကျော် တက်ရောက် နားထောင်တဲ့..ပထမ ဦးဆုံး..လူထု မိန့်ခွန်း ကို.. မြင်ယောင် မိ နေ တယ်။ အဲဒီ တုန်း ကလည်း.. ဒေါ်စု က.. အခု Obama လို .. ၄၄ နှစ် အရွယ် ပါပဲ လား။ လွမ်း လိုက်တာ။

စီအန်အန် သတင်း သုံးသပ် သူ တွေ ကတော့.. ဒီလောက် သောင်းသောင်းဖြ ဖြ ဖြစ်တာ..မမြင်ခဲ့ဘူး ပါတဲ့။ တဖက် မှာ တော့.. Mc Cain တို့..ရီပက်ဘလစ်ကန် အဖွဲ့ က...ဒီနေ့..ဒု-သမ္မတ လောင်း ကို မကြေငြာ ဖြစ် ဘူး လို့.. နောက်ခြေတလှမ်း ဆုတ် ရင်း- သူတို့လည်း..ညီလာခံ ကျင်းပ ဖို့..နေရာ ရှာဖွေ နေ ဆဲ လို့ ဆို တယ်။

အစောပိုင်း ရက် တွေက..အကြိတ် အနယ် ယှဉ်ပြိုင် တိုက် ခိုက် ခဲ့တဲ့.. Hilary တို့ မောင်နှံလည်း.. တတိယ ရက် မှာ တော့..အပြုံးပန်းတွေ ဝေ စွာနဲ့..မိန့်ခွန်းချွေ ခဲ့ကြတယ်။ Obama ကို ထောက်ခံ ကြ ပါလို့..ဘယ်လောက်ပဲ..အပြုံးတွေနဲ့ ပြောနေပါစေ- သူမရင် ထဲ မှာ..ဘယ်လို ခံစား နေရ မလည်း ဆို တာ.. တွေး ကြည့် လို့ ရ နေတာပဲလေ။ သူမ ကို မဲပေးဖို့ စောင့်နေတဲ့..သန်းပေါင်းများ စွာ သော မဲဆန္ဒရှင် တွေ လည်း..ဘယ်လောက် တောင်..ဖီလင် အောက် နေ ကြ မလည်း။ ဒါပေမဲ့ လည်း..ပါတီ ညီညွှတ်ရေး အတွက်.. ရှေ့ရှူ ပြီး..အားလုံး..ကိုယ့်ကို ကိုယ် ပြန် လည် တည်ဆောက် ရ တာ ပဲ ကိုး။ လူဆို တာ..တခါတရံ ဟန် ဆောင် ရ တတ် တယ် - ကိုယ့်ကို ကို ထိန်းချုပ်ဖို့ လိုအပ် တယ် ဆိုတာကို.. ပျက်ပျက် ထင် ထင် ကို သတိ ချပ် နေ မိ တော့ တယ်။ ဒီလို နိုင်ငံရေး စင်မြင့် တွေ မှာ ဆို- အဲဒီလို သဘော ထား ကြီး ပြ ရ တာ ကိုက.. ဂုဏ်ပုဒ် တခု ထင်ပါရဲ့။ ခုတောင်.. Michelle Obama က.. Hilary ကို ချီးမွမ်း လိုက်.. Hilary က.. Obama မိသားစု ကို ပြန် ညွှန်းလိုက် နဲ့..အလုအယက် ကို..သဘော ထား ကြီး ပြ နေ ကြရ တော့ တာ။ အရင် တုန်းက..ပြော တာ တွေ..မေ့လိုက် တော့..။ သင်ပုန်း ချေ လိုက် တော့ ပေါ့- လေ။

ညီလာခံ ပထမ နေ့က.. Obama ရဲ့..အဖေကွဲ ညီမ - အင်ဒိုနီးရှန်း တရုတ် သွေးစပ် Maya စကား ပြော တော့ တောင်- ကြည့် ရင်း..အတွေး တွေ ဝေ နေ မိတယ်။ အင်း- ကမ္ဘာ ကြီး မယ်.. တဖက် က.. နိုင်ငံတကာ နယ်နမိတ် တွေ..တည်ဆောက် နေ သလို..တဖက်မှာ လည်း.. လူမျိုးရေး နယ်နမိတ် တွေ တဖြည်းဖြည်း ကျိုး ပျက် လာ လိုက် တာ..။ လူမျိုး အသစ်တွေ ပေါ် လာ နေ တာ လေ။ တကယ် တော့ လည်း.. အခု တိတိကျကျ ကွဲကွဲ ပြားပြား သတ်မှတ် ထားတဲ့..လူမျိုးတွေ ဆို တာလည်း.. civilization ကြီး နဲ့အတူ သွေးနှော ဖြစ်ပေါ် လာခဲ့ ကြ တာတွေပဲ နေ မှာ ပါ လေ။ ဘုရားသခင် ကတော့.. ကုလားရယ်..တရုတ်ရယ်..အင်္ဂလိပ်ရယ်..ဗမာ ရယ် လို့ တော့.. တခါ တည်း.. ဖန်ဆင်း ပြီး.. တနေရာ ဆီ မှာ.. ပို့စတင်း ချ ပေး လိုက်တာ မဟုတ် လောက်ပါဘူး။း)

အဲဒီ လို ထူးထူးခြားခြား သွေးနှော မူ ကိုက .. Obama ကို လူတွေ ပို စိတ်ဝင် စား စေ တာ ဖြစ်မယ်။ နောက်ပြီး..ရှိပြီးသား ဒေသခံ အာဖရိကန် သွေး မဟုတ်- migrant သွေးနှော မူ။ မျိုးချစ်စိတ် တွေ..ဘာသာရေးတွေ..သစ္စာခံမူ တွေ.. ငြင်းချင်ရင်..အများကြီး ငြင်းစရာ ရှိသေး သည်။ ခုတောင်..နောက်ဆုံး မိန့်ခွန်း ပြီးသွားလို့..မိသားစု ၀င်တွေ အားလုံး စင်ပေါ် တက် လာတော့.. တရုတ် လူမျိုး တယောက် တွေ့လိုက် ရတယ်။ Maya ရဲ့ ခင်ပွန်း Canadian Chinese Professor တဲ့။
ဟို တလော- Kevin Rudd သြစတြေလျ ၀န်ကြီးချုပ်- အဖြစ် စင်ပေါ် မိသားစု တွေ တက်လာတော့လည်း.. တရုတ် လူမျိုး သားမက် တယောက် တွေ့ လိုက် သေး တယ်။ ကမ္ဘာကြီး ပိုကျဉ်း ကျပ် .. ပို ပါးလျား လာ နေ တာရယ်..အရှေ့တိုင်းသား( တရုတ် အ နွယ်) တွေ - ပိုမို ပြန့်နှံ့လာ တာတွေ ရဲ့.. သင်္ကေတ တွေပဲ လို့ တောင် တွေးနေ မိတယ်။

ထားလိုက်ပါလေ..ဒါတွေက..သိပ်ကျယ်ပြန့် တဲ့..ခေါင်းစဉ် တွေ အောက်မှာ ။ ဒါပေမဲ့လည်း..အဲ လို ထူးခြားတဲ့..ဆက်စပ်မူ တွေ..သိသာတဲ့..ကမ္ဘာ့အကွေ့အစောင်း လေး တွေ အောက်မှာပဲ.. ဘယ်လို ပဲ ပြောင်းပြောင်း.. အပြောင်းအလည်း ကို လိုလားနေ ပါ တယ်ဆိုတဲ့.. မျိုးဆက်သစ် တွေ ကြား ထဲမှာ..Charismatic ဖြစ်တယ် ဆိုတဲ့.. Obama တယောက် ပေါ်ပြူလာ ဖြစ် လာ နေ တော့ တာပဲ။
working class က ကြီးပြင်းလာတဲ့.. process worker တယောက်ရဲ့ မြေး။ single mom တယောက်ရဲ့သား ဆိုတဲ့.. ဂုဏ်ပုဒ် တွေ ကြောင့်.. ရီပက်ပလစ်ကန် က.. Radical Conservative သူဌေးသူကြွယ် Bush မိသားစု တို့.. အာဖရိကန် အထက်တန်းစား Rice တို့ နဲ့ ယှဉ်လိုက် ရင်.. အများပြည်သူ အသဲစွဲ စရာ အကြောင်း တွေက..ဖန် နေ တာပေါ့ ။ ပရိသတ် တွေ ကိုင် ဆောင် ဝှေ့ရမ်း နေ တဲ့.. ပိုစတာ တွေ ထဲ မှာ တောင်..လက်ဝဲဆန်ဆန်.. ဒီဇိုင်း တခု ကို တွေ့လိုက် မိ တော့- အင်း..ဘာတွေ ကို ယုံကြည် ရ မလည်း ပေါ့။



သူကတော့.. ပြိုင်ဖက် Mc Cain ကို ပြင်းပြင်းထန် ထန် ကို စကားလုံး တွေ နဲ့..စီးချင်း ထိုး လိုက် ရင်း.. ကတိ က၀တ် အသစ် တွေ ထပ် ပေး လိုက် ပြန် တယ်။ Nice to talk. Good to promise . ပေါ့နော်။ သူ့လိုပဲ..ငယ်ငယ်ရွယ် ရွယ် နဲ့..သမ္မတ ဖြစ် လာပြီး..လုပ်ကြံ သတ်ဖြတ် ခံ လိုက် ရ တဲ့.. John f Kennedy ရဲ့..သမီး ဖြစ်သူ ..စင်ပေါ် တက် လာ ပြီး .. စကား ပြော တော့..စိတ် ထဲ မယ် တမျိုး ကြီး တောင် ဖြစ် မိ တယ်။ လူသတ် ၀ါဒ ကျ ဆုံး နေပါ ပြီ လေ လို့ပဲ..စိတ်ကို လျော့ လိုက် မိတယ်။

အင်း- ဘာပဲ ပြောပြော..ကြည့်ရတာ.. Obama ပဲ နိုင် မယ် ထင်ပါရဲ့ ။ ကိုယ်နေ တဲ့..တိုင်း ပြည် လည်း မဟုတ်တော့- သိပ် တော့..မမှန်း တတ်။ တကမ္ဘာလုံးက.. အမေရိကန် မျက် နှာ ကြည့်နေ ရ တာ ဆိုတော့.. ကိုယ်လည်း ကြည့် မိ တာပါ။ ဒီမိုကရေ စီ စည်းမျဉ်း တွေ..သံမဏိ လို ခိုင် မာ နေတဲ့.. စံပြ နိုင်ငံ ကြီး တခု က.. နိုင်ငံရေး ပါတီ ညီလာ ခံ ကြီးကို ကြည့် ရင်း..အား တွေပဲ ကျ ပြီး ရင်း ကျ နေ ရ တော့တယ် ။ စုစည်း မူ ..အားတက်မူ ..တွေ နဲ့..မျက်ရည် လည်ရွဲ ဖြစ် နေ ကြတဲ့..ဒီမိုကရက် ပရိသတ် ကို မြင် တော့လည်း.. ၁၉၉၀ တုန်းက.. ဂန္ဓီ ညီ လာ ခံ ကြီး ရဲ့ ပတ်ပတ် လည် မှာ..မျှော်လင့်ချက် တွေ အပြည့်နဲ့..စောင့်ဆိုင်း နေခဲ့ ကြတဲ့..မိုးရေ တွေ ထဲ က.. မျက်ရည် တွေ ကို ပဲ..လွမ်း မိ တော့တယ်။


ဒီတခါ တော့.. အောင်ဆန်းကွင်း ကြီး ကို..ဖွင့် ချ ပြီး-တော့သာ ဒီမိုကရေစီ ညီလာခံ ကြီး ခေါ် လိုက် ကြပါတော့...။


ကေ-


Share/Bookmark

10 Comments:

Moe Cho Thinn said...

ဒီက ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ညီလာခံတွေ ကျင်းပတိုင်း ကွာချင်တိုင်းကွာနေတဲ့ ကိုယ့်ပြည်က အဖြစ်တွေကို သတိမရဘဲ မနေနိုင်ဘူးလေ..။
အောင်ဆန်းကွင်းကို ဖွင့်ပြီး ဒီမိုကရေစီညီလာခံ လုပ်ရင် ပြည်သူတယောက်အနေနဲ့ တို့လဲ မီပါရစေ..ကေရေ။

ခင်မင်းဇော် said...

အမက ဂျွန်မက်ကိန်းကို နိုင်စေချင်တယ်။ သူက တောက်လျှောက် မြန်မာ့အရေး လုပ်လာခဲ့တာ ဆိုတော့ သူတက်ရင် ကိုယ့်နိုင်ငံကို ပိုဂရုစိုက်နိုင်မယ် ထင်လို့ပါ။ ကိုယ်ကလဲ ကိုယ့်အတ္တနဲ့ ကိုယ်ပေါ့လေ။ ခေတ်ကြီးကိုက ကိုယ့်အကျိုးစီးပွားက ဦးစားပေးခေတ်ကိုး မဟုတ်လား ကေ....

Dr. Yi Yi Win said...

“working class က ကြီးပြင်းလာတဲ့.. process worker တယောက်ရဲ့ မြေး။ single mom တယောက်ရဲ့သား ဆိုတဲ့.. ဂုဏ်ပုဒ် တွေ ကြောင့်.. ရီပက်ပလစ်ကန် က.. Radical Conservative သူဌေးသူကြွယ် Bush မိသားစု တို့.. အာဖရိကန် အထက်တန်းစား Rice တို့ နဲ့ ယှဉ်လိုက် ရင်.. အများပြည်သူ အသဲစွဲ စရာ အကြောင်း တွေက..ဖန် နေ တာပေါ့ ။” ဆိုတာကလည်း ကျွန်မတို့ အထင်ပါ မကေ ရေ။ စောင့်ကြည့်ရဦးမှာပေါ့။
ကျွန်မအမျိုးသားပြောတာကတော့ အိုဘားမားက စကားပြောညက်တယ်တဲ့။ သူတောင်
ကြိုက်တယ်ဆိုပဲ။ ဒါပေမဲ့ မက်ကိန်းလောက်တော့ အရည်အချင်းရှိမရှိမသေချာဘူးတဲ့။
ကျွန်မတော့ အဲလောက်လဲ ဥာဏ်မမီပါဘူး။သူပြောတာကြားရသလောက်လေးနဲ့ ဒီမှာဝင်
ပွားခဲ့ပြီ။

ကလိုစေးထူး said...

ကျနော်လဲ Obama နိုင်မယ်လို့ ထင်နေတယ်။

တန်ခူး said...

မကေရေ… အိုဘားမားက ဇာတာစန်း အတော်တက် နေပုံပဲ… သူနာမည်က လူတိုင်း နှုတ်ဖျားမှာ… သူနိုင်မယ်လို့  တတ်အပ်ပြောနေသူတွေက အတော်များသား…

ATN said...

It doesn't matter who win the election here. The truth is nobody nor no party spends millions dollars to serve the people, especially the grassroot, they did it for themselves and for their parties' benefit. Personally, I don't believe in anybody. There are uncountable unseen and untold stories of the democratic States. Racism, Xenophobia, Authority Abuses, Cilvil Rights Violations, Discrimination, Hate Crime, and so on. There is the certain dark side of th country. But nobody dig it out. We need to have the whole perspective of the country to understand the situation.

As a whole, this is a good article.

Aung Tha Nge

Unknown said...

Dear Ma Kay,
Your post was so touched to me when I read about "Gandhi's convention"at the end of the post.
I still remember that moment during one of the rainy seasons in Yangon.
A lot of people gathered and waited outside the Gandhi's hall including me.I can't never forget about it.

kay said...

မိတ်ဆွေများ အားလုံး- မှတ်ချက် တွေ အတွက်- ကျေးဇူး နော်-
ဘယ်သူ နိုင် မယ် ဆို တာတော့.. ၂ ဖက်က..ညီနေ တော့..ကြားထဲက..ဘာမှန်းသိပ်မသိတဲ့.. serious မဖြစ် တဲ့ မဲတွေ ကပဲ..ဆုံးဖြတ် သွားလိမ့်မယ် ထင်တယ်။
ထားပါတော့လေ။ ဒါနဲ့ -ကိုအောင်သာငယ် ပြောသလို - ဘယ်သူမှ တကယ် ပြုပြင်ပြောင်းလဲရေး မလုပ် နိုင် ဘူးဆိုတာ.. မှန်ပါတယ်။ ဒါပေမဲ့ လည်း.. နိုင်ငံရေး စင်မြင့်မှာ..နိုင်ငံရေး ဗေဒ တွေ ပြော ပြီး..လူတွေ ကလည်း..လူတွေ နားလည်တဲ့..အကြိုက် တွေကို လိုက်ပီး..မဲပေး ကြ ရ မှာပဲလေ။ ကျန်တာတော့..တပိုင်းပေါ့။း)

အော်- ကကြီးရေ က ရေ- မိတ်ဆွေသစ် မို့..အထူးနှုတ်ဆက်ပါတယ်။ အင်း -လွမ်းရတဲ့ည တွေ လွန်ပါစေ လို့ပဲ..ဆုတောင်းရ တော့မယ်။

ငါယုံကြည်ရာ ငါ့ကမ္ဘာ said...

မကေရေ - မကေရဲ့ Blog ကိုရောက်တာ ၂ခါ ၃ခါပဲရှိပါသေးတယ်။ မကေရဲ့ အရေးအသားတွေကို နှစ်သက်မိလို့ပါ။ ဒီPost ကိုဖတ်မိတော့ ညီမလည်း ပြောချင်တာတွေရှိနေတာနဲ့ရေးလိုက်တာပါ။ ၁၉၈၈ မှာ ညီမက ၃နှစ်သမီးပါ။ အရမ်းကို ငြိမ်သက်တဲ့ နယ်မြို့ကလေးမှာမွေးဖွားကြီးပြင်းခဲ့တဲ့အတွက် အရေးအခင်းဖြစ်နေချိန်မှာတောင် ညီမ မူကြို၂ရက်လောက်တက်လိုက်ရပါသေးတယ်။ ပြောချင်တာက ၈၈ ကိုသေချာမမီလိုက်ပါဘူး။ ဒါပေမယ့် ကြီးပြင်းခဲ့တဲ့ အချိန်ကာလတစ်လျှောက်မှာ မြင်တွေ့ခဲ့ရတာတွေ့ ရင်နဲ့မဆန့်အောင်ခံစားခဲ့ရဘူးပါတယ်။ ညီမလို ၈၈ကိုမမီလိုက်တဲ့ လူငယ်တွေကို သူတို့ရဲ့အမှန်တကယ် ဇာတ်ရုပ်ကိုဖွင့်ပြလိုက်တဲ့ ၂၀၀၇ စက်တင်ဘာကိုလည်း ညီမကတော့ နာနာကျည်းကျည်းနဲ့ သတိရနေဦးမှာပါ။ ၁၀ တန်းအောင်ပြီး ဘာဆက်လုပ်ရမလဲ အကြံဥာဏ်တောင်းလာတဲ့ လူတွေကိုညီမဘာ အကြံပေးရမှာလဲ။သိပ်တော်ရင် Scholarအဖြစ်နဲ့ နိုင်ငံခြားကိုကျောင်းသွားတက်နိုင်ဖို့ကြိုးစား။ သိပ်မတော်ရင်လည်း ဘွဲ့တစ်ခုယူ၊ သင်တန်းလေးဘာလေးတက်ပြီး နိုင်ငံခြားမှာအလုပ်လုပ်ကြလို့ပြောရင် ညီမတို့နိုင်ငံလည်း ကြာလာရင်နယ်စပ်ကရွာတွေလို သက်ကြီးရွယ်အိုတွေနဲ့ ကလေးအမေတွေပဲရှိတဲ့ နိုင်ငံပဲဖြစ်လာမယ်ထင်တယ်။ အမှတ်ကောင်းလို့ ရန်ကုန်မှာကျောင်းတက် ရမယ်ဆိုရင်တောင် မကေတို့အချိန်တုန်းကလို လွမ်းမောဖွယ် တက္ကသိုလ်ရဲ့ အရသာနဲ့ အင်းလျားအဆောင်သူဘ၀တွေမဟုတ်ဘဲ မြို့စွန်က လယ်ကွင်းထဲက တက္ကသိုလ်ဖြစ်နေတဲ့အပြင် လွတ်လပ်စွာတွေးခေါ်မှုတွေကို သတ်ပစ်နေတဲ့ နေရာတွေပဲဖြစ်နေကြတာမို့ ညီမကတော့ မြန်မာပြည်သူပြည်သားတွေ လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်၊ တွေးခေါ်ခွင့်ရမယ့် အချိန်တစ်ခုကိုမျှော်လင့်နေတဲ့အကြောင်းပြောရင်းနဲ့ မကေကိုလည်း နှုတ်ဆက်တာပါ။

kay said...

ဖွားစောငယ် ရေ-
နှုတ်ဆက်တာ- ၀မ်းသာပါတယ်။ ဘလော့ ကိုလာကြည့်သေးတယ်။ ပို့စ်တခုပဲ တွေ့တယ်လေ။ ဆက်လုပ် - အားပေး တယ်။ တို့အားလုံးရဲ့ခံစားချက်ကတော့..အတူတူပါပဲလေ။ အဲဒါကြောင့် ကို sharing the same interest လို့ပြောခဲ့တာ။

ခင်မင်လျက်-