ပင်နီပေးတဲ့ အမျိုးသားနေ့ - ပင်နီဝေးတဲ့ အမျိုးသားနေ့



 ( ၂၀၀၈ အမျိုးသားနေ့ က..ရေးခဲ့တဲ့..စာအဟောင်းလေး တပုဒ်ပါ.. ပြန်လည် ဖော်ပြပါတယ်..)


+++++++++++++++++++




ခရစ်သက္ကရာဇ်- ၁၉၂၀ ခု- ကောဇာသက္ကရာဇ် ၁၂၈၂ ခု- တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့-

ပင်နီတိုက်ပုံ အသီးသီးဝတ်ဆင် ထား ကြတဲ့..ကိုဘဦးတို့ လူငယ်တစု ရွှေတိဂုံဘုရား ခြေရင်းမှာ စုမိ ကြသည်။ တန်းတူညီ ခွင့် မရတဲ့- ကျွန်ပညာရေး စနစ် ကို စတင် တွန်းလှန် ကြဖို့- အားတွေ စု ရုံး ကြသည်။ ပထမ ကျောင်းသား သပိတ် ဆိုတာ စတင် ခဲ့ တော့သည်။ ပင်နီရောင် လှိုင်းလုံးကြီးတွေ ရွှေတိဂုံ ဘုရား ပေါ် ကနေ- ဗမာ တပြည် လုံး ဆီ စီးဆင်း ရိုက်ခတ် သွား ခဲ့သည်။ ၀ံသာနု စိတ်ဓါတ် မိုးရေ တွေ တနိုင်ငံ လုံး တခွင် တပြင်လုံး မိုးလုံးပြည့် ရွာသွန်း ချလိုက်သည်။ အမျိုးသား ကျောင်း ကြီးတွေ- စိမ်းစိမ်းစိုစို .. အပြိုင်း အရိုင်း..ဟိုမှ သည်မှ- မျိုးစေ့ကျ ရှင်သန် လာ တော့ သည်။ ဖျင်ပင်နီ နဲ့ ယောလုံချည် သည် လည်း.. အင်မတန် တင့်တယ် ကြက်သရေ ရှိလှ သော အမျိုးသား ၀တ်စုံ တခု အဖြစ် - အမျိုးသားနေ့ ကြီး နှင့် အတူ ပုံဆောင် ရဲရင့် ခဲ့တော့ သည်။ 


++++ 


သူ ပင်နီကို စ ၀တ် ခဲ့တာ..စ ချစ်ခဲ့တာ.. ၁၉၈၉ ရဲ့ အမျိုးသားနေ့   မှာ။

အဲဒီ ရှမ်းပင်နီ တိုက်ပုံလေး ကို ဖေဖေ ၀ယ်လာပေးတာ ကြာတောင် ကြာခဲ့ပြီ။ ဘယ်နေရာမှာ ၀တ်ရမှန်း မသိလို့.. ဒီလိုပဲ သိမ်း ထားခဲ့ တာ။ အချိန် အခါ သင့် လာ တော့လည်း..သူ့ ကိုယ်ပေါ်မှာ..အံဝင် ခွင်ကျ သပ်ရပ် နေတဲ့... ပင်နီ ၀တ်စုံ လေးကို ကြည့်ပြီး..ကြက်သီးေ တွ တဖြန်းဖြန်း ထ အောင် ကြည်နူး ကျေနပ် ခဲ့ ရသည်။ ပင်နီ လှိုင်းလုံး ကြီးတွေ..အရှိန် အဟုန် နဲ့  ကမ်းကပ် လာ ပြန် ပေ ပြီ ကော...။
-
အဲဒီ အခမ်း အနားမှာ..သူတို့ လူငယ်လေး တွေ  အားလုံး..ပင်နီ အသီးသီး နဲ့ ... ယော လုံချည် လေး တွေ တဆင် တမျိုးစီ  ။ ယောက်ျားလေး တွေက..ပင်နီ တိုက်ပုံ နဲ့ ကချင်  ပုဆိုး တွေ ကိုယ်စီ ချပ်ရပ် လို့။ တက်ကြွ မူ တွေ..လန်းဆန်း  ပျိုမြစ်မူတွေ-  ပြီးတော့..အားတွေ အင်တွေ..မျှော်လင့် ချက်  တွေ အပြည့်။

အဲဒီ နောက်တော့..သူ့  မှာ ပင်နီ  အကျီ င်္ တွေ..တထည်  ပြီး   တထည် ။ 

-
၁၉၉၀ ရဲ့   နွေရက်  တွေ မှာ လည်း..ပင်နီ တွေ တနေ့ တမျိုး မရိုး  အောင် ၀တ်ဖြစ် ခဲ့သည်။ 

၉၁-  ၉၂-  ၉၃- သူ ပင်နီ တွေ ၀တ်တုန်းပဲ။

၉၄-  ၉၅-  ၉၆ လုပ်ငန်းခွင် ထဲ တရွေ့ရွေ့ တိုးဝင်  သွား ရင်းပဲ..သူ့  ပင်နီလေး တွေ.. ဗီရို  ရဲ့ အောက်ဆုံး ကို ရောက် သွား  နေ  တာ  ကိုတောင်.. သူ သတိ မထား မိတော့။ ဒါပေမဲ့..  တနှစ်မှာ တခါ တော့.. အမျိုးသား နေ့ ရောက်တိုင်း..သူ့  ပင်နီလေး တွေ ထုတ်ပြီး..  မီးပူ တိုက်ရင်း.. အတော်ဆုံး..တန် နေသေးတဲ့ တထည်ကို စိတ်တိုင်း ကျ ရွေး ၀တ် ဖြစ် နေခဲ့ သေးသည် ။ ရွှေတိဂုံ ဘုရားပေါ် မရောက် ရောက်အောင် သွားရင်း.. အမျိုးသားနေ့ သစ္စာ ဓိဌါန် ကျောက်တိုင် ကြီး ကို..ငေးမော ရင်း မယောင်  မလည် အလေးပြု နေ  ခဲ့  ရတာ-   ၉၇-    ၉၈  -၉၉   - က နေ သက္ကရာဇ် ၂၀၀၀   ကျော်  ခဲ့ပြီ။ 

-

(ရွှေတိဂုံဘုရားပေါ်မှ- အမျိုးသားနေ့ သစ္စာဓိဌါန်ကျောက်တိုင်)



+++++
-
` မေမေ- မနက်ဖန် အမျိုးသား နေ့ အခမ်း အနား  ရှိတယ် တဲ့..ဆရာမ က..တိုက်ပုံ ၀တ်ခဲ့ ပါတဲ့..´ 

၁၀ နှစ်သား ၅ တန်းကျောင်းသား ကြီးက..ညနေ ကျောင်းဆင်းတော့..အမောတကောနဲ့ ပြောလာတယ်။
-
` သြော- အဲဒါ မှ ခက်တာပဲ..သားကို မေမေ တိုက်ပုံ ၀ယ်မပေး ထားမိဘူး´ 

` ရှိတယ်လေ- မေရဲ့.. ဘိုးဘိုးလက်ဆောင်ပေးထားတာ.. အညိုရောင်လေး..သားတောင် တခါမှ မ၀တ်ဖူးသေးဘူး...´ 

` အာ- ဟုတ်သားပဲ- အတော်ပဲ.. အဲဒါ ပင်နီ လို့ခေါ်တယ် သားရဲ့.. ကွတ်တိပဲ..အမျိုးသားနေ့ ဆိုတာ..ပင်နီ ၀တ်ရတာ.. ဟုတ်ပီ မေမေ ပြန်ရှာ မီးပူတိုက်ပေးမယ်နော်.. ´ 

သားတို့ ကျောင်းက..စည်းကမ်း ကြီး လှသည်။ ဗမာ့ ပညာရေး စနစ် ကြီး ရဲ့ အုတ်မြစ် အခြေခံ တခု တည်းသော ပညာရေး  တက္ကသိုလ်  ကြီး ရဲ့  ကျောင်းတော်သူ ကျောင်းတော်သား..ဆရာ-ဆရာမ လောင်း တွေ လေ့ကျင့် ကွင်းဆင်းရာ.. စနစ်တွေ သင်ရိုး ညွှန်းတမ်းတွေ လက်တွေ့ အကောင် အထည် ဖော်ရာ..ရန်ကုန်မြို့  ရဲ့   အထင်ကရ ကျောင်းကြီး တခု ။

-
သား ကို ဒီကျောင်း ၀င်ခွင့် ရဖို့ ကို ...သူ တော်တော့် ကို ကြိုးစား  ခဲ့ရ တာ။ ကိုယ့် ရဲ့ မပြည့်ဝ  ခဲ့တဲ့ လိုအင် ဆန္ဒ တွေ..ကို သားသမီး တွေ အပေါ် ပုံချ တာဝန် ပေးနေ မိ သလားတော့..သူ မသိ။ သားကို သူ ချွန်နိုင် သလောက်..အကန့် အသတ် မရှိ.. အခက်အခဲ မရှိ ..ထူးချွန် စေချင်သည်။ ဗမာ တပြည်လုံး ရဲ့ စံပြု စရာ ကျောင်းကြီးမှာ ပညာတွေ သင်ယူ စေ ချင်သည်။ အထူးသဖြင့်..သူတို့ ငယ်ဘ၀က.. နီးစပ်ခွင့် မရ ခဲ့တဲ့..ဒီ ကျောင်းကြီး ရဲ့ အစဉ် အလာတွေ  ကို..သူ အားကျ မက်မော  ခဲ့ဘူး  သည်။

နယ်မြို့ လေး တမြို့က ၇ တန်း  ကျောင်းသူ လေး တယောက် အတွက်.. အနယ်အနယ် အရပ်ရပ်က ရောက် လာကြတဲ့ .. ကျောင်းသား ကျောင်းသူ တွေ နဲ့.. အင်းလေး ခေါင်တိုင် လူရည်ချွန်  စခန်း မှာ ဆုံ မိ တော့..အားလုံးက..ရင်သပ် ရှုမော စရာ။ သူတို့ စခန်း ခေါင်းဆောင် သုံးထပ်ကျွမ်း  လူရည်ချွန် အကိုကြီး ရဲ့ အတွေ့ အကြုံ တွေ နားထောင်ရင်း.. အဲဒီ ကျောင်းကြီး ကို..နားရည်ဝ ယဉ်ပါး အားကျ နေခဲ့ ဘူး သည်။ အထူးသဖြင့်.. ဓါတ်ပုံတွေ ထဲ မှာ တွေ့  ရတဲ့..အဲဒီ ကျောင်းကြီး ရဲ့.. တူညီ ကျောင်းဝတ်စုံ   ပင်နီ တိုက်ပုံ  လေး တွေ။

ခုတော့..သူ့သား ကြီး က..ဒီ ကျောင်းကြီး ရဲ့   ကျောင်းတော်  သားကြီး  ဖြစ်  နေပြီ။
-
ခုမှ အလယ်တန်း  ကို စရောက် လို့.. ကျောင်း အခမ်းအနား တွေ တက်ခွင့် ရ လာတဲ့..သား ကတော့.. မနက်ဖန် တက် ရမဲ့.. အမျိုးသား နေ့ အခမ်း အနား အတွက်.. စိတ်တွေ သိပ် လှုပ်ရှား နေ သည်။ သူတို့ ကျောင်းရဲ့  အစဉ် အလာ ကျောင်းဝတ်စုံ ဖြစ်ခဲ့တဲ့ ပင်နီ တိုက်ပုံ ကို.. မ၀တ်စေ  ခဲ့  တော့တာ.. နှစ်ပေါင်း ၂၀ လောက်  ကြာ  ခဲ့ ပေမဲ့..ဒီလို အမျိုးသားနေ့ အခမ်း  အနား  မှာတော့..  သားကို ပင်နီ တိုက်ပုံ လေး ဆင်  ပေး ရ တော့မည်။   သားအတွက်..ပထမဆုံး ပင်နီ  ၀တ်စုံ  လေး ပေါ့။


+++++


ပင်နီ တိုက်ပုံ  သေးသေး  လေး နဲ့ ချစ်စရာ  ကောင်းလှတဲ့..  ၅ တန်း ကျောင်းသားလေး  ကို တစိမ့်စိမ့် ကြည့်ရင်း..မျက်ရည်  ၀ဲ အောင် ပီတိ တွေ  ဖြာ လို့။

သား ကျောင်း က ပြန် လာမဲ့..ညနေ စောင်းကို မျှော်ရင်း.. သူ့  အတွေ့  အကြုံ  လေးတွေ မေးဖို့. . အတွေး တွေ ပို နေ မိ သည်။

၁၀ နှစ်အရွယ် ကလေး တယောက်က.. သူ မွေးဖွား  ကြီးပြင်း  လာတဲ့ နိုင်ငံကြီး ရဲ့ သမိုင်းတွေကို စာသင်ခန်း ထဲ  ကနေ  .. သူ ချစ်ခင် လေးစားတဲ့ ဆရာ-ဆရာမ တွေ  ရဲ့ အဆို မိန့်ခွန်း တွေ  ထဲ  က နေပြီး.. ဘယ်လိုများ.. ရောင်ပြန်ဟပ်  ပြီး..တွေးပြ လေ ဦး မလည်း နော်။ သူလေး  ကလည်း.. မောင်လူမွှေး တို့ အရွယ် ကျော်ကျော် ရှိပြီ ဆို  တော့..  မေးခွန်း တထောင်လောက်နဲ့.  . အဖြေ တခု စီ တိုင်းကို လည်း..အသေ အချာ စေ့ငု ဆန်းစစ် တတ်နေ ပြီ။

ဟော- ကျောင်း  ကား ပေါ်က ဆင်း  လာတဲ့ သား-- ။

မျက်နှာ  ကလည်း ပြိုတော့  မလို..  ငိုတော့  မလို.. ။

ပင်နီ တိုက်ပုံ  ကို လည်း..လက်မှာ ချွတ်ကိုင်လို့..  တို့လို့  တွဲလောင်း  နဲ့   ။

`ဘယ်လို ဖြစ်သလည်း သား...´


` သားကို ဆရာမက.. အမျိုးသားနေ့..အခမ်းအနား  မတက်ရ ဘူးတဲ့.. တိုက်ပုံက..အဖြူ  နဲ့ အ၀ါ  ပဲ ၀တ်လို့ ရ တယ်..ပင်နီ ၀တ်လို့  မရ  ဘူးတဲ့.. မေမေ´
 -
ဒုံး  ကနဲ..ငယ်ထိပ်  ကို ဆောင့်  တက်လာတဲ့..ဒေါသ။
....
တဖြည်းဖြည်းချင်း.. စိတ်ပျက်
.......
ဝမ်းနည်း
.......
ကြေကွဲ
........
ဖြစ်မှ ဖြစ်ရ လေ.. ဟောဒီ နိုင်ငံ ကြီး  မှာ ဘာတွေ ဖြစ်ကုန် ပြီလည်း.....
-
ဟောဒီ အနာဂါတ် ပန်းခင်း ကြီး တွေရဲ့ ဥယျဉ်မှူး  ကြီး တွေ.. ဘာတွေ ဖောက်ပြန် ကုန်ပြီလည်း။ ကြေက်ရွံ့ မူ တွေ လား... နာခံ မူ တွေလား .. အသိ ခေါက်ခက်.. လေပြီလား။ သမိုင်း ဖြစ်ရပ် တွေကို.. အမှန် တရား တွေကို.. တကယ်ကို ..အရှင် လတ်လတ် မြေမြှုပ် သဂြိုဟ် တော့ မ လို့ လား။
-
လွန်ခဲ့တဲ့ ၈၈ နှစ်..ဒီလို ဒီကာလက.. ကျောင်းသား  လူငယ် တစု နဲ့ တိုင်းသူ  ပြည်သားတွေ.. မကြေက် မရွံ့  ဆန့်ကျင် တွန်းလှန် ခဲ့ တဲ့. မတရားမူ  တွေဟာ.. ဟောဒီလောက် သေးသိမ် ပမွှား တဲ့..ထမင်း တလုပ်စာ..ကြောက်ရွံ့  နာခံမူ  လေးတွေ ကြားမှာ.. အမေ့ခံ.. အဖျောက်ခံ  ရတော့ မယ် လား။
 -
တတိုင်း တပြည်လုံး.. အမြတ်တနိုး ဂုဏ်ယူ ၀တ်ဆင်ခဲ့တဲ့..၀ံသာနု ဖျင်ပင်နီ က..ဘယ်လို ဖြစ်လို့.. ပိတ်ပင် တားဆီးခံနေ ရ ပြီလည်း...
ပွဲလယ်မတင့်တော့ ပြီ လည်း.....
တရားမ၀င် တော့ ပြီလည်း.......

သူ့  ခေါင်းတခု လုံး ဆူဝေ နေပြီ။
၁၀ နှစ် အရွယ် သားကို သူဘယ် လို ရှင်းပြ ဖြေ ဖြောက်ပေးရ မ လည်း.......
သား တက်နေတဲ့ ကျောင်းကြီးတော့....တခုခု မှားနေ ပြီ လို့..  ပြော ရ  မ လား.....
သား ဆရာမ တွေက..  မသိ လို့.. နားမလည်  လို့.. စာမတတ်  လို့..သမိုင်း မသင်ခဲ့ လို့ .... လို့ ပြော လိုက် ရမလား.....

  ကဲကွာ....ပင်နီ မ၀တ် နဲ့ဆိုလည်း..မ၀တ်နဲ့ ပေါ့ .... လို့ ပဲ ..  လွယ်လွယ် ကူကူ ကိစ္စ ဖြတ်လိုက် ရမလား.....

နားမလည် နိုင် စိတ် ရှုပ်ထွေး နေတဲ့..သားရဲ့  မျက်နှာလေး ကို ကြည့်ရင်း.. အဖြေ  တခု ..ရင်ထဲ မှာ ခိုင်မာ သွားသည်။


ဒီလောက် ယုတ်ညံ့  လှတဲ့ ကျေးဇူး  တရား ကင်းမဲ့  လှတဲ့..  လောက ရပ်ဝန်း ကြီး ထဲကို..ပင်နီ တွေ.. ပိုလို့ လက်ဆင့် ကမ်း ၀တ်ဆင် ပေးရ ဦးမည်။ သား ကြီး လာရင် ၀တ်ဖို့.. ပင်နီ တိုက်ပုံ တထည် သူကိုယ်တိုင် အသေအချာ ချုပ်လုပ် ဆင်ယင် ပေးရ ပေ ဦး တော့ မည်။

ပင်နီ စိတ်ဓါတ် အဓွန့်ရှည်ပါစေ။



( ၂၀၀၈ ခုနှစ် အမျိုးသားနေ့ အခမ်းအနား တခု မှာ ကြုံဆုံခဲ့သော- အဖြစ်မှန် တခု ကို ခံစားရေးဖွဲ့ပါသည်။)




 


Share/Bookmark

7 Comments:

P.Ti said...

တချိန်က မတရားမှုကိုတော်လှန်ရဲတဲ့ ကျောင်းသား ရဟန်းရှင်လူတွေ အကြောင်း၊ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည်တွေအကြောင်းများ ပြောမယ် ရေးမယ် ဖော်ထုတ်မယ် ဆိုရင် ပုန်ကန်သူတွေလို့ အထင်ခံ အမြင်ခံရတာ အင်မတန် ခံပြင်းရတယ်။

အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားစေဖို့ ဆိုင်းဘုတ်တင် ဆောင်ပုဒ်ထုတ်၊ အောက်တန်းကျတဲ့ ဆောင်းပါးတွေရေးရုံနဲ့ ဖြစ်မလာဘူး...

ပင်နီဆိုတာ ၀ါဂွမ်းဘ၀ထဲက ဒီအရောင်ပဲရှိခဲ့တာ... ဘယ်တော့မှ အရောင်မပြောင်းဘူး...

kogyikyaw said...

ma kay.,
thanks so much to u about today post.
i got it your message from last paragaraph.
i like it.
kogyikyaw
s`pore

phyoaung said...

ဒီပိုစ့်ဖတ်ပြီး စိတ်မကောင်းဖြစ်ရသလို၊ ဒေါသလဲ အတော်ထွက်ရတယ်။ စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ခေါင်းမရှိတဲ့ သူတွေကို(မလွှဲမရှောင်သာ) လူကြီးအရာထား အရိုအသေပေး ဆက်ဆံနေရာတာ ကိုယ့်ဘာသာတောင် ရွံစရာလို့တွေးမိတယ်..ဒါတွေကို ငြိမ်ခံမနေပဲ မကြောက်မရွံ့ ထုတ်ဖော်ပြောဆို ဆန့်ကျင်နေတဲ့ သူတွေ၊ အသက်ပေး ထောင်ကျခံ ကိုယ်ကျိုးစွန့်ပြီး မတရားတာကို ရတဲ့ နည်းနဲ့ တတ်နိုင်သလောက် တွန်းလှန်နေတဲ့သူတွေကို တနေ့ထက် တနေ့ ပိုပြီး အထင်ကြီးလေးစား ဦးညွတ်မိတယ်။ ကိုယ်လဲ တတ်နိုင်တဲ့ ဘက်က ဆက်ပြီး ကူညီပါဝင်သွားဦးမယ်။

Moe Cho Thinn said...

အမျိုးသားရေးစိတ်ဓာတ်ဆိုတာ တန်ဖိုးမထားခံရတိုင်း မှေးမှိန် ပျောက်ပျက်သွားနိုင်တာမှ မဟုတ်ဘဲ ကေရယ်..

၂၀၀၈ခု ဒီပို့စ် စ ဖတ်ဖူးကတည်းက စိတ်ထိခိုက်ပေမဲ့ အဲဒီလို အားတင်းခဲ့ပါတယ်။

(အပေါ်က ပီတိလေး ကွန်မန့် ကြိုက်တယ်ဟေ့)

ငွေစန္ဒာ said...

မကေရေ အမြဲရောက်လေ့ရှိပါတယ်

SHWE ZIN U said...

အင်း အံသြ စရာဘဲနော် ဆရာမတွေကလည်း ဘာမှ မစဉ်းစားတော့ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မေဓာဝီ said...

ပင်နီမ၀တ်ရဘူးတဲ့လား ... ဖြစ်မှ ဖြစ်ရလေ ... နော်။
ပင်နီကို သိပ်ကြိုက်တာ။ ကြိုက်လွန်းလို့ အဖေ့ ပင်နီတိုက်ပုံတောင် မချန် ယူဝတ်ခဲ့ဖူးတယ်။ ဒီလာတော့လဲ ပင်နီအင်္ကျီလေး ချုပ်ပြီးယူလာခဲ့သေးတယ်။

ဆရာမတွေကလဲ အထက်က အမိန့်အရ တားရတာနေမှာပါလေ။ ဒီလိုပါပဲ ... ဘယ်သူတွေ ဘယ်လိုတားတား သွေးထဲသားထဲက ပင်နီစိတ်ဓာတ်ကတော့ ပျောက်ကွယ်သွားကြမှာ မဟုတ်ပါဘူး မကေရယ်။