လမ်းဘေးက..အီရန် လှုပ်ရှားမူ

ပြီး တဲ့ အပတ်က..တူအရီး နှစ်ယောက် ဈေးလယ် ( ဈေးဝယ် မဟုတ်) ထွက်ရင်း.. ပါ့သ် မြို့လယ်ခေါင် ရှော့ပင်း စင်တာ ကြီးတွေ ကြားမှာ..လူတွေ စုစု .. အသံတွေ စိုးစီ.. မြင်ရ ကြားရ တာနဲ့.. အပြေး သွား စပ်စု လိုက်တယ်။
အစိမ်းရောင် ခေါင်းစည်း တွေ မြင်တာနဲ့..ဒါ..နိုင်ငံရေး ပွဲ တခုခုပဲ ဆိုပြီး..ကပ်သွား မိတော့..သူတို့က..သိမ်းတောင် နေပါပြီ..။ အီရန် ကျောင်းသား လှုပ်ရှားမူ အတွက်..အင်အားပြ ပွဲ တရပ် ဖြစ်နေတယ်..။ အဲဒါ နဲ့..ဟို ကြည့် ဒီကြည့်.. ဟိုရိုက်..ဒီရိုက်..



ပွဲသိမ်း နဲ့ တိုးနေ လို့..အားမရ တာ နဲ့.. အနားက..လူကြီး ကို.. လက်မှတ်ထိုး စာအုပ် မရှိဘူးလား လို့..မေးတော့မှ.. သြော..ဘယ်နိုင်ငံ ကလဲ ဆိုပြီး..သိမ်းလိုက် ပြီ ဖြစ်တဲ့..စာအုပ် တအုပ် ပြန်တင် ပေးတယ်။ ဘောပင် တောင် မနဲ လိုက်ရှာ လိုက် ရသေးတယ်။ ဘာရမလဲ.. တခုခု တော့.. တို့ရမှ.. ဘလော့ဂါ လေ..အကျင့် က..ပါ နေပြီ..။



လမ်းဘေးက.. နိုင်ငံရေး လှုပ်ရှားမူ ပွဲ လေး ဆိုတော့လည်း..အားလုံးကို ကြည့်ရတာ.. ပေါ့ပေါ့ ပါးပါး ပါပဲ... ။ အစိမ်းရောင် လှုပ်ရှားမူ ကြီးထဲမှာ.. အသက်ပေး ခဲ့ ကြတဲ့.. လူတွေ ရယ်..လှလှ ပပ ကျဆုံးရင်း..မီဒီယာ တွေ မှာ..လူသိများ ခဲ့တဲ့....တက္ကသိုလ် ကျောင်းသူ မ လှလှ လေး ကို မြင်ယောင် ရင်း.. သက်တန့် ရောင်စုံ တော်လှန်ရေး တွေ..ဘယ်လောက် တောင် အရောင်စုံ ခဲ့ ပြီ လဲ... လို့....


အတွေး တွေ နဲ့.. ပြန်လျှောက် လာတော့..ခပ်လှမ်းလှမ်း မှာ.. ထိုင်စောင့် ကျန် ခဲ့တဲ့..တူမ ကို.. အဲဒါ..ဘာညာ ..ဘာညာ ပေါ့ လို့ ရှင်းပြ ရင်း...အီရန် အစိမ်းရောင် လှုပ်ရှားမူ အကြောင်း သိသလား လို့.. မေးတော့..အင်း.. အဲဒီ တိုင်းပြည်က..သမ္မတကြီး ရုပ်ကို ကြက်သရေ မရှိ လို့..မှတ်တော့ မှတ် မိတယ်.. သေချာ တော့ မသိဘူး တဲ့..။

အင်း....အဲလောက် ဆို လည်း..မဆိုးပါဘူးလေ.. သူပြောခါ မှပဲ.. ကြက်သရေ မရှိတဲ့.. သမ္မတတွေ..၀န်ကြီးတွေ..ခေါင်းဆောင်ဆိုသူ တွေ ကို.. တန်းစီ ပြီး..မြင်ယောင် လာလိုက်တာ..



Share/Bookmark

13 Comments:

သက်ဝေ said...

ဟားဟားဟား... ကေ့တူမလို့ မပြောရဘူး...
ပြတ်သားပါပေ့...း))

ပုံ
သူဌေးကြီး ဦးဘောဂ အိမ်မှ လာလည်သူတဦး

စံလင်းထွန်း said...

စာတွေလာဖတ်ပါတယ်ခင်ဗျာ။

MieMie said...

နိုင်ငံတကာ ခေါင်းဆောင် တွေ အများကြီး ထဲ မှာ
ကေ့ တူ မ လေး ပြောတာ မှန်တယ် ... အဲ သည် အီရန်ခေါင်းဆောင် က ကျက်သရေ မရှိ ဆုံး ဘဲ ကေ .... အာဏာရှင် တွေ အား လုံး ကို မုန်း တယ် ...

mie nge

ကိုချစ်ဖေ said...

ဟဲ..ကလေးတွေက ကလေးလို နက်နက်ရှိုင်းရှိုင်းသိပါတယ်..ကျနော်တို့ဘဘကြီးပုံကြည့်ပါလား..မြင်တာနဲ့သိတယ်လေ..

ရွှေရတုမှတ်တမ်း said...

မုတ်ဆိတ်နဲ့မို့ပါ..မုတ်ဆိတ်မပါပဲ ကျက်သရေတုံးကြီးကရွာမှာရှိပါ့

Nge Naing said...

လာဖတ်သွားပါတယ်။ မကေတူမက သူများနိုင်ငံက အာဏာရှင်ကို ကျက်သရေနည်းတယ်လို့ ပြောတယ်ဆိုရင် မြန်မာပြည်က အာဏာရှင်ကို ဘယ်လိုပြောမလဲ ဆိုတာစိတ်ဝင်စားမိတယ်။

mks said...

မင်္ဂလာပါ မကေ .. စာဖတ်သွားပါတယ် ..

သဒ္ဓါလှိုင်း said...

အာဏာရှင်ဆိုရင်ကို ကျက်သရေမရှိဘူးလို့ ထင်တယ်မကေ...။

ခင်တဲ့
ညီမသဒ္ဓါ

T T Sweet said...

ဒီလောက်စိတ်ဓာတ်လေးရှိတာ တော်သေးပေါ့ ...

Free Iran

Free Burma

Wai Lwin Zaw said...

Tehran - Naypyidaw - Pyongyang Axis
LOL

မေ့သမီး said...

ဟား ဟား မကေတူမကရယ်ရတယ်။

Moe Cho Thinn said...

လူငယ်တွေက တော်တယ်။ ရိုးသားတယ်။ ဒဲ့ပဲ။ :))

little brook said...

ကျွန်တော်တော့ အစ္စရေးကိုခုလောလောဆယ်သိပ်အမြင်ကတ်နေ၍ အမာဒီနီဂျက်ကို အားပေးနေ၏
လူမိုက်အားပေးဆိုသလိုပေါ့ ...း)