ဘောလုံးနိုင်ငံရေး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည် .. ဦးဇော်ဇော် ဖိတ်ကြား သော မြန်မာ-လာအို ဘောလုံးပွဲ ကို သွားရောက် အားပေး ကြည့် ရှု ခဲ့ -  ဆိုသော သတင်း ကြောင့်..အားလုံး လို လို ..အနည်း နဲ့ အများ စိတ်ဝင် တစား မျက်ခုံးချီ မိ သွား ကြ ပေ မည်။

ကျမ လည်း..ချီ မိ ပါသည်။ သို့သော်လည်း.. အတွေး မှတ်ညဏ် ထဲ ကို.. ချက်ခြင်း ဆိုသလို ပြန်လည်
ဝင်ရောက် လာ တဲ့ .. ရုပ်ရှင် ကား ကြီး တခု ကြောင့်..ကျမ မျက်ခုံး တွေ..ပြေလျော့ သွားသလို ရှိပေ တော့၏။




Invictus နဲ့ တောင်အာဖရိက

တောင်အာဖရိက နိုင်ငံ ရဲ့.. အခြေအနေ တွေက.. တင်းမာ သ ထက် တင်းမာ လာ နေ သည် မို့.. Apartheid - အသားအရောင် ခွဲခြား တဲ့ စနစ် ကို ဥပဒေ တခု အဖြစ် ကနေ ပယ်ဖျက် ရ ပေ တော့ သည်။ Afrikaners လို့ ခေါ် တဲ့..အဖြူ အုပ်ချုပ်သူ လူတန်းစား တွေ ဘက်က.. အခြေအနေ မှန် ကို နားလည် စွာ.. တထစ် ပြီး တော့.. နှစ်ထစ်..၊ ဒီလို နဲ့..အထစ် တချို့ လျှော့ ပေး လိုက် ရ ပြီ။

၁၉၉၄

၂၇ နှစ်လုံးလုံး.. အကျဉ်း ချ ထား ခံ ခဲ့ ရ တဲ့..လူမဲ ခေါင်းဆောင်ကြီး နယ်လဆင် မန်ဒဲလား ..ရွေးကောက်ပွဲ မှာ..အနိုင် ရ ခဲ့ ပြီ။ တောင်အာဖရိက နိုင်ငံ ရဲ့.. လူမဲ သမ္မတ ကြီး ဖြစ်လာခဲ့ ပြီ။ လူဖြူ တွေ ဘယ်လို တွေး တော ပူပန် ကြ မလဲ..။ သူတို့ တော့..ခံ ရ တော့မယ်..သူတို့ ပိုင်ဆိုင်မူ တွေ..သူတို့ လုပ်ကိုင် နေတဲ့..အဆင့်မြင့် အရာထမ်း အလုပ်တွေ…အဖယ်ရှား ခံ ရ တော့ မယ်.. အပိုင်သိမ်း ခံ ရ တော့ မယ် လို့.. မျှော်လင့် ထားသူ တွေ မရှား ပါဘူး။ အဲဒီ အထဲ မှာ.. အဖြူ တွေ ရဲ့..အသဲစွဲ ကစားနည်း တခု ဖြစ်တဲ့..ရပ်ဘီ ဘော လုံးပွဲ လည်း ပါ ခဲ့ သည် ပေါ့။ အဖြူ တွေ သာ လွှမ်းမိုး ကြီးစိုးနေ တဲ့..အဲဒီ ကစားပွဲ တွေ ကို.. ပြောဆို ပိုင်ခွင့် တွေ ရ လာ ကြ ပြီ ဖြစ် တဲ့..အမဲ တွေ က..ဖျက်သိမ်း ပြစ် ဖို့.. အသံ မြှင့် လာ ကြ သည်။

ရှေ့ နှစ် မှာ အိမ်ရှင် နိုင်ငံ အဖြစ် ကျင်းပ တော့ မဲ့.. ကမ္ဘာ့ ဖလား ခြေစစ် ပွဲ ကို.. လာရောက် ကြည့် ရှု အားပေး တဲ့.. သမ္မတ အသစ်ကြီး မင်ဒဲလား တယောက် လည်း.. တချိန် တုန်း က.. သူ ကိုယ်တိုင် အဲဒီလို တွေး ခဲ့ မိ ဘူး တာ ကို..သတိရ နေ မိ သည်။ ဒါပေမဲ့..အဲဒီ နေ့ မှာ တော့.. အားကောင်း မောင်းသန် ကစား နေ တဲ့.. Springboks ဘောလုံး အသင်း နဲ့ အသင်းခေါင်းဆောင် Pienaar ကို ကြည့် ရင်း..သူ့ အတွေး တွေ ပြောင်းပြန် ဆန့်ထွက် သွား ခဲ့ လေ တော့ သည်။

နောက်တနေ့ မှာ..အသင်းခေါင်းဆောင် Pienaar ကို သူ့ရုံးခန်း မှာ လက်ဖက်ရည် သောက် ဖိတ်ကြား ခဲ့ သည်။ နိုင်ငံ့ ထိပ်တန်း ရပ်ဘီ ဘောလုံး အသင်းကြီး ကို ဖျက်သိမ်း ပြစ်ဖို့ များ လား လို့..မမှန်းဆ တတ်အောင် ဖြစ် နေ တဲ့.. Pienaar ကို..သမ္မတ ကြီး က၊ လက်ဖက် ရည် ကိုယ်တိုင် ဖျော် ပေး ရင်း..နှစ်လိုဖွယ် အပြုံး နဲ့.. Invictus ကဗျာ ကို ရွတ်ဆို ပြ သည်။ ပြီးတဲ့ အခါ မှာ တော့..သူတို့ နှစ်ယောက်.. အပေးအယူ တခု..(သို့) စိမ်ခေါ်ပွဲ တခု ကို.. သဘောတူ လိုက် ကြ သည်။

အဲဒီ နေ့ က စ လို့.. မင်ဒဲလား ရဲ့..ထောက်ခံ အားပေး မူ နဲ့.. Springboks အသင်း ကြီး..တခု လုံး၊ ပိုပြီး လေ့ကျင့် ကြ ရ သည်။ အခြေခံ လူတန်းစား အမဲ တွေ ကြားထဲ မှာ..ပိုပြီး လှုပ် ရှားပြ ရ သည်။ အမဲ တွေ ချည်း ရှိ တဲ့.. မူလတန်း ကျောင်းစုတ်စုတ် ကလေး တွေ ဆီ ကိုလည်း သွားပြီး..ကလေးတွေ နဲ့ ထိတွေ့ သည်။ ဘောလုံး ကစား နည်း တွေ ပြ ပေး သည်။ တသင်း လုံး မှာ အမဲ တယောက် သာ ပါ တဲ့..သူတို့ Springboks အသင်း ကြီး..ဘက်စ် ကားကြီး နဲ့..ကျောင်းကို ရောက်လာ တော့..ခလေး တွေ မှာ.. မိုးပေါ် က..နတ်သား တွေ ကျ လာ သလို..။

နောက်တော့.. မန်ဒဲလား အကျဉ်း ကျ စဉ် နေခဲ့ ရ တဲ့.. Robben ကျွန်းကလေး ကို လည်း.. တသင်း လုံး သွားပြီး ကြည့် ကြ သည်။ အရင်တုန်းက..ပုန်ကန် ထကြွ သူ အမဲ ခေါင်းဆောင် တယောက် အဖြစ်သာ..သူတို့..သိမြင် ကောင်း သိမြင် ထား မိ တဲ့..မန်ဒဲလား ဆိုတဲ့ ပုဂ္ဂိုလ် ကြီး ရဲ့..၂၇ နှစ် လုံးလုံး နေထိုင် ခဲ့ ရ တဲ့ အခန်းကျဉ်း ကလေး က..သူတို့ ရဲ့..နားလည် လက်ခံ မူ တွေ ကို..အများကြီး ပြောင်းလဲ သွား စေ ခဲ့ တော့ သည်။

၁၉၉၅

အဲဒီလို နဲ့..ကမ္ဘာ့ ဖလား ရပ်ဘီ ဘောလုံး ပွဲ ကြီး.. တောင်အာဖရိက နိုင်ငံ မှာ .. အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ရ ပြီ။ ဘယ်လိုပဲ ပြောပြော..အဖြူ တွေ ရော..အမဲ တွေပါ.. တလှုပ်ရွရွ..တအား တက်တက်..။ တကယ့် အဖြစ် အပျက် တွေက.. ရုပ်ရှင်ထက် ပင် ဇာတ်လမ်းဆန် လှ တယ် ဆိုတာ..တကယ်ပဲ လား မသိ။

နိုင်ခြေ သိပ် မရှိ လှ ပေမဲ့.. Underdog ဖြစ်နေတဲ့..အိမ်ရှင် တောင်အာဖရိက အသင်း ကြီး က၊ နောက်ဆုံး ဗိုလ်လု ပွဲ ကို တက်လာ တော့.. ပြိုင်ဖက် ကစားရ မှာက..တကမ္ဘာလုံး မှာ ပြိုင်ဖက် ကင်း နေ တဲ့.. နယူးဇီလန် ရဲ့..ကမ္ဘာကျော် All blacks ဆိုတဲ့ အသင်း ကြီးပါ ။  ဆိုပါတော့..ခပ်တိုတို ပြော ရရင်.. သမ္မတ ကြီး မန်ဒဲလား ရဲ့.. အနီးကပ် အားပေး ထောက်ပံ့ မူ အောက်မှာ.. လူသန်ကြီး Pienaar က လည်း ..Springboks အသင်းကြီးကို.. အကြိတ် အနယ် ဦးဆောင် ပြီး ကစား သွား လိုက် တာ.. ပွဲပြီးကာ နီး လေး မှာ.. ကပ်ပြီး..အနိုင် ရ ဗိုလ်စွဲ သွား လေ တော့ သတည်း.... ဆိုတဲ့.. သာမန် ဇာတ်လမ်း လေး ပါ ပဲ။

ဒါပေမဲ့.. တကယ် စိတ်ဝင် စား စရာ ကောင်း တာက..ဒီ ဇာတ်လမ်း လေး က..တကယ့် အဖြစ်မှန် တခု ဖြစ် ခဲ့ တယ် ဆို တာ ပါ။  Springboks အသင်းခေါင်းဆောင် Pienaar ရဲ့.. အတွေ့ အကြုံ တွေ ကို..အခြေခံ ပြီး ရေးသား ထုတ်ဝေ ခဲ့ တဲ့..  Playing the Enemy  ဆိုတဲ့.. စာအုပ် ကို နာမယ်ကျော် ဟောလိဝုဒ် ဒါရိုက်တာ ကြီး Clint Eastwood က စိတ်ရှည် လက်ရှည် ပြန်လည် ရိုက်ကူး ထား တာ တဲ့.. စံချိန်မီ ရုပ်ရှင် တကား ပါ ။ ထုံးစံ အတိုင်း သူ့ ရုပ်ရှင် ဟာ.. ဖျော်ဖြေရေး သက်သက် ကြည့်ချင်ပွဲ မျိုး မဟုတ် ပဲ.. လေးလေး နက်နက် နဲ့..တွေးစရာ တွေ ကျန် အောင် ရိုက်ပြ ထား လေ တယ် ။

သရုပ်ဆောင် ပိုင်နိုင် တဲ့.. Morgan Freeman ကြီး ကလည်း တကယ့် Nelson Mandela ကြီး ပါပဲ။ သမ္မတကြီး အဖြစ် နဲ့..ရုံးတက် ရ အောင် ရောက်လာ လာတော့.. စိုးရိမ် သံသယ တွေ နဲ့.. ခပ်တန်းတန်း ဖြစ် နေ ကြ တဲ့.. သမ္မတ ရုံး က..လူဖြူ ၀န်ထမ်း တွေ က စလို့.. လူဖြူ ကိုယ်ရံတော် တွေ အားလုံး ကို.. အပြုံး တခု အောက်မှာ လုံခြုံ သေချာ စေ ခဲ့ သည်။ သူ့ ရဲ့ လူမဲ နောက်လိုက် တွေ .. ပါတီဝင် တွေ.. မကျေ မနပ် ဖြစ် ကြ တဲ့ ကြား ထဲက.. အများစု လူဖြူ ကိုယ်ရံ တော် တွေ နဲ့ပဲ.. စိတ်ချ လက်ချ သွားလာ နေ ထိုင် ပြ ခဲ့ သည်။ ဒီရုပ်ရှင် လေး ထဲ မှာ..ဒါရိုက်တာက.. အလေး ပြေ အောင် ပေါ့ပေါ့ပါးပါး လေး တချို့ ထဲ့ ပေး ထား တဲ့ အထဲ မှာ.. အမြဲ ရန် ဖြစ် နေတဲ့.. ခပ်တုံးတုံး..လူ ဖြူ ကိုယ်ရံ တော် နဲ့.. ခပ်အအ လူမဲ ကိုယ်ရံ တော် ..နှစ်ယောက် ရဲ့.. ဟာသ ခန်းလေး တွေ က လည်း.. အဖြူ အမဲ ဆက်ဆံ ရေး ကို.. ဖွဖွ လေး သရုပ်ဖော် ပေး သွား သေး တယ်။ ပြီး တော့.. ရပ်ဘီ ဘောလုံးကို.. ရူးသွပ် လွန်း လို့.. ကမ္ဘာ့ဖလား ပွဲစဉ် တွေ ကို ၊ ကွင်းထဲ ၀င် မကြည့် နိုင် ပေမဲ့..ကွင်းအပြင် မှာ..ရစ်သီ နေ ခဲ့ ရ တဲ့.. လူဆင်းရဲ အမဲ ကောင် ငယ် ကလေး တယောက် ကို လည်း..ဇာတ်ပို့ အဖြစ်.. သနားစရာ..ပြုံးချင်စရာ ကောင်း အောင် ထဲ့ ထား သေး တယ်။ ဒါလေး ကလည်း.. အခြေခံ လူတန်းစား လူမဲ တွေ ရဲ့.. ဘ၀ သရုပ် တခု ပေါ့။

အကြိုက်ဆုံး ဇာတ်ဝင် ခန်း တခု က တော့.. လူဖြူ အုပ်ချုပ်ရေး ကနေ.. လူမဲ အုပ်ချုပ်ရေး ကို အပြောင်းလဲ ကြီး ပြောင်းလဲ လာ စ .. နိုင်ငံရေး ပေါ်လစီ ရေး တွေ ရှုပ်ထွေး နေ တဲ့.. အစည်း အဝေး ခန်းမ တခု ထဲ မှာ..မန်ဒဲလား တယောက် .. သူ့ရဲ့..ရပ်ဘီ ဘောလုံး နိုင်ငံရေး ကိုသာ..စိတ် တွေ ရောက် ပြီး..ဘာမှ စိတ်မ၀င်စား နိုင်.. ဖြစ်နေ တာ လေးပါ။ အဲဒီ အချိန်မှာ..သူ့ လက်ထောက် တယောက်က.. အစည်းအဝေး ခန်းမ ထဲကို ၀င်လာပြီး၊ ပွဲကောင်းနေ ပြီ လို့..အနားကပ် တိုးတိုးလေး ပြော လာ တော့ ၊ ကျန်တဲ့သူ တွေ ကို ပြုံးပြုံးကြီး နဲ့.. ခွင့်တောင်း ပြီး..အစည်းအဝေး ခန်းမ ထဲက.. ထွက်ပြီး .. တီဗွီ ရှေ့ ရောက် သွား တဲ့ အခန်း လေး ပါ။

အဖြူ- အမဲ.. ခွဲခြားမူ ကနေ.. အမဲ- အဖြူ မုန်းတီးမူ ဆို ပြီး.. အကွဲ တခု ကနေ.. နောက်ထပ် အဟ တခု ကို သွားနေ တဲ့.. သိပ်ကို အရေးကြီး နေတဲ့ နိုင်ငံရေး ရေချိန် တခု မှာ.. မန်ဒဲလား တယောက်.. ရပ်ဘီ ဘောလုံး ပွဲ ကို၊ အာရုံ ရောက် နေတာ ကို..ဘယ်သူ မှ နားမလည် နိုင် ခဲ့ ပေ။ 

အများစု လူမဲ ပရိသတ် က.. ကိုယ့်နိုင်ငံ အသင်း ကို အားမပေးပဲ.. တခြား နိုင်ငံ အသင်း တွေ ကို ချည်း ဖိအားပေး နေ တာ ကြောင့်.. အစောပိုင်း ပွဲ စဉ် တချို့ အခြေအနေ သိပ် မကောင်း နေ လေ တော့.. မန်ဒဲလား နဲ့.. Pienaar တို့ နှစ်ယောက် ၊ အနိုင်မခံ စိတ်ဓါတ် ကို သာ..ကြိတ်ပြီး.. မြှင့်တင် ရင်း.. ရင်တမမ နဲ့ ရှိ နေ ခဲ့ ကြ သည်။  နောက်ဆုံး ဗိုလ်လုပွဲ နေ့ မှာ တော့..  လူဖြူ တွေ က.. အကြမ်းဖက် သီချင်း လို့.. စွပ်စွဲ ပြီး..လက်မခံ နိုင်.. လိုက်မဆို နိုင် ဖြစ်နေခဲ့ တဲ့..တောင်အာဖရိက နိုင်ငံတော် သီချင်း အသစ် ကို..Springboks အသင်း က.. ကွင်းထဲမှာ..ပထမ ဆုံး စ ဆို လိုက် တော့... လူမဲ တွေရဲ့ အားပေး သံ တွေ.. ဘ၀ဂ် ညံ သွား ခဲ့ သည်။
-
တကယ် တော့.. ဘောလုံးပွဲ ကြီး တခု အပေါ် ကို.. ယိုဖိတ် စီးကျ လာတဲ့.. တိုင်းပြည်ချစ် စိတ် တွေက..   အားကစား ကွင်းကြီး ထဲ မှာ..လွင့်ပျံ့ နေခဲ့ တဲ့ ..အ၀ါ -အပြာ-အစိမ်း -အနီ-အဖြူ ..ငါးရောင်ခြယ် အာဖရိက အလံ တော် ကို.. တရောင် တည်း ခြယ်စေ ခဲ့ တာပါ။  အိမ်တိုင်း ရွာတိုင်း က..တီဗွီ ဖန်သားပြင် ရှေ့ မှာ..ထိုင်ကြည့် နေ ကြ တဲ့.. လူဖြူ လူမဲ အလွှာ မျိုးစုံ ကို လည်း.. ( ဟေးးးး ) လို့..တသားတည်း တသံ တည်း .. မြည်ကျွေး စေ ခဲ့ တာ ပါ။ သမ္မတကြီး နယ်လဆင် မန်ဒဲလား က .. ဘောလုံး နိုင်ငံရေး ကို လှလှ ပပ ကစားပြ သွား ခဲ့ တာပါ။

အခု လည်း.. ဒေါ်အောင်ဆန်းစု ကြည် က..မြန်မာ နိုင်ငံ ရဲ့.. ကွဲပြား ခြားနား နေ တဲ့.. လူထု လူတန်းစား တွေ ထဲ မှာ.. ဘောလုံး နိုင်ငံရေး ကို.. ကစား စေ ချင် လေ သလား.. ကျမ တို့ အသေအချာ တော့..မပြော နိုင် ပါ။ တောင်အာဖရိက နဲ့.. မြန်မာ ၊ အခြေ အနေ တွေ က လည်း.. ထပ်တူ တော့ မကျ နိုင် ပါ။ ပါဝင် ကစား ကြမဲ့ ..လူတွေ ခြင်း လည်း နှိုင်းယှဉ် လို့ တော့ မဖြစ်နိုင်ပါ။

 သေချာ တာ ကတော့.. ကျမ တို့အားလုံး .. ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို.. အသေအချာ ယုံကြည် လေးစား လျက် ပင်။
..

ကေ
၁၅ စက်တင်ဘာ ၂၀၁၁


ဆက်စပ်ဖတ်ရန်-
Clint Eastwood ရဲ့ ရုပ်ရှင် နှစ်ကား


Share/Bookmark

20 Comments:

AH said...

ကျွန်တော် ဒီဆိုဒ်ကလေးကို allboggerpost ကနေတွေ့လို့ ပထမဆုံး အဖြစ် ဒီနေ့မှ ၀င်ကြည့်ဖြစ်လိုက်တာပါ။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်ဝင်စားစရာတွေ အပြည့်နဲ့ ဒီဆိုဒ်ကလေးကို နောက်လည်း အမြဲတမ်းကို လာလည်ဖြစ်တော့မှာပါ။ မင်ဒဲလားလို ပြောင်းလဲမှု့မျိုးကို မျှော်လင့်နေမှာပါ.... လောလောဆယ်တော့ ကျွန်တော့်ကိုယ် ကျွန်တော် ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ တစ်ယောက်ခြင်းစီမှာ အများကြီး လိုပါသေးတယ်။ ကျွန်တော်တို့ တစ်နေ့ကို ၁ မိနစ်လောက်တော့ ထိုးနေကျလက်ညှိုးတွေကို မှန်ရှေ့မှာ ထိုးပြီး ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ်စေချင်ပါတယ်။ ဒါဟာ ပြောင်းလဲမှု့အတွက် အစဘဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါမှ ပြောင်းလဲမှု့တွေအတွက် ကျွန်တော်တို့ကို အဆင်သင့် ဖြစ်နေစေမှာပါ။ ဒါမှ ကျွန်တော့်တို့်ပခုံးပေါ်ရောက်လာမယ့်တာဝန်တွေကို ထမ်းဆောင်နိုင်မှာပါ။ မဟုတ်ရင် အနာဂတ်နိုင်ငံတော်ဟာ ၀န်ပိုတွေကို သယ်ပိုးရတာနဲ့တင် လေးလံသွားပါလိမ့်မယ်။ တစ်နေ့နေ့တော့ ကျွန်တော်တို့ ရဲ့ မွေးရပ်မြေကြီးရဲ့ မြေသင်းနံလေးတွေကို ရှု့ရှိက်ရင်း ကျွန်တော်တို့ရဲ့ ကာယ၊ ဥာဏတွေနဲ့ ကျွန်တော်တို့ရဲ့ မြေကို ပေါင်းမြက်တွေခုတ်ထွင်ရှင်းလင်းရင်း၊ သီးနှံဖျက်ပိုးတွေကို သုတ်သင်ရင်း၊ မြေသြဇာတွေ ကျွေးရင်းနဲ့ မြေတောင်မြှောက်ကျရဦးမှာပါ။ ဒီအသီးအပွင့်တွေကို ကျွန်တော်တို့ရဲ့ နောင်မျိုးဆက်တွေ ခံစားကြရဦးမှာပါ။ သြော်... ရေးရင်း ရေးရင်း ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး။ ထားလိုက်ပါတော့။ အခု ကျွန်တော်ရေးချင်ရာတွေ ရေးသွားတာကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါခင်ဗျာ။

ခင်မင်စွာဖြင့်
AH

Moe Cho Thinn said...

ချစ်တဲ့ ကေရေ..
တို့ကတော့ အဲဒီသတင်း ကြားကြားချင်း ပထမဆုံး ခေါင်းထဲရောက်လာတာ ဒေါ်စု လုံခြုံရေးပါ။ ဒါကလွဲပြီး ကျန်တာ စိတ်ထဲ မရောက်တာ အမှန်ပါ။ နိုင်ငံရေး ကစားကွက်တွေ ဘာညာလဲ နားမလည်ချင်ပါ။ ဒို့က ကိုယ့်ခေါင်းဆောင်၊ လူထုခေါင်းဆောင်ကို အပြည့်အ၀ ယုံကြည်တယ်။ သူဟာ ဒို့တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးကိုသာ ဆောင်ရွက်မဲ့လူလို့ စိတ်ချယုံကြည်တယ်။ ဆံချည်တမျှင်တောင်မှ သံသယ ဖြစ်စရာ လိုတဲ့သူ မဟုတ်ခဲ့တာ တပြည်လုံး အသိပဲ မဟုတ်လား။ လူသားတယောက်လို ရိုးရိုးရှင်းရှင်း ခင်ခင်မင်မင် ဘောလုံးပွဲကြည့်တာကို အပြစ်တင် အထင်လွဲရမှာ သူ့ပေးဆပ်ခဲ့တဲ့ အရာတွေနဲ့ နှိုင်းယှဉ်ရင် အားနာစရာကောင်းလှပါလေ..

ကိုအောင် said...

ဘောလုံးပွဲ ကြည့်တာက ကောင်းပါတယ်၊ ဒါ ပုဂ္ဂိုလ်ရေးပါ၊ ပိတ်ဆို့မှုစာရင်းဝင်နဲ့ အတူတူ ထိုင်ကြည့်တော့ `ဆန်ရှင်´ရုတ်သိမ်းပေးဖို့ ကြွေးကြော်သံကို ကူညီသလို ဖြစ်မနေဘူးလား ဗျာ ....

Mi Tay 4 said...

ကိုအောင် ရေ ဒေါ်စုလို လူမျိုးက အပျင်းပြေ ဘော်လုံးပွဲကြည့်မယ်မထင်ပါဘူး။ ဒါ နိုင်ငံရေးအရ လိုအပ်လို့ လုပ်တဲ့ လုပ်ငန်းလို့ပဲ မြင်ပါတယ်။ ဆန်ရှင်ကလည်း ဒေါ်စုနဲ့ ဦးဇော်ဇော်တွဲရိုက်ထားတဲ့ ဓါတ်ပုံမြင်ယုံနဲ့လည်း အလွယ်တကူ ရုတ်သိမ်းလို့မရပါဘူး။ တိုင်းပြည်အခြေအနေအရ တကယ်ရုတ်သိမ်းသင့်တဲ့အချိန်ရောက်လာရင်လည်း ရုတ်သိမ်းရမှာပေါ့။ ဘာဖြစ်ဖြစ် အရာရာ လှေနံဓါးထစ် မှတ်ထားလို့မရပါဘူး။

မမသီရိ said...

ကေရေ.. အတွေးတွေက တူနေကြပြီ.
ဒီ Invictus ရုပ်ရှင်ကားက မမ တို့ Project ထဲ က Peace Education မှာ သုံးတဲ့ကားတွေထဲက တခု ပါ...
ဒီကား ကို Project ထဲ မသုံးခင် အကြိမ်ကြိမ် ကြိုပြီး ကြည့်ခဲ့ရတာမို့.. မနေ့က သတင်း သတင်းကြားတော့ ချက်ချင်းသတိရမိတယ်.
ခေါင်းဆောင်မင်ဒဲလား ရဲ့ သက်တန့်ရောင်နိုင်ငံတော် အိပ်မက် ဟာ သူ့ ရဲ့ ခွင့်လွှတ်တတ်မှုစိတ်ကြောင့် နောက်ဆုံးတော့ အကောင်အထည်ပေါ်ခဲ့ရသလိုပဲ .. အထီးကျန်တဲ့သူ့ဘ၀ တစိတ်တပိုင်းကိုလဲ ရုပ်ရှင်ထဲ တစေ့တစောင်း တွေ့ကြရတာမို့.. မြန်မာပြည်ကခေါင်းဆောင်နဲ့ အတော်တူနေပြန်..

ချိုသင်းပြောသလို.. လုံခြုံရေး ကိုလဲ တချက် တွေးမိပြန်တယ်.. ဒါပေမဲံ့ တို့တွေ ရဲ့ ခေါင်းဆောင်ရဲ့ မျက်နှာမှာ တော့ အားလုံးကို ယုံကြည့်စိတ်ချတဲ့ အသွင်ကို မြင်ရတော့လဲ.. အားတက်မိပြန်ရောပဲ . ခေါင်းဆောင်မင်ဒဲလားနဲ့ မတူတဲ့အချက်က တော့ ဟိုက .. နေရာရပြီး မှ သွေးကွဲနေတဲ့ စည်းလုံးမှု ကို ပြန်တည်ဆောက်ရတာ.. တို့ နိုင်ငံမှာတော့ အဲဒီ အဆင့်တော့ မရောက်နိုင်သေးဘူး.. ဘာပဲ ဖြစ်ဖြစ်.. ကိုယ့်အသက်န္တရယ်ကို ပဓါနမထားပဲ ဘောလုံးပွဲလာကြည့်ဖို့ဖိတ်ကြားခံခဲ့ရတာ တလေးတစားလက်ခံပြီး လူတွေထဲ လာကြည့်ခဲ့တာကိုလဲ လေးစားမိရပြန်တာပါပဲ

ကိုအောင် said...

ကလျာမိတေ(Mi Tay 4) ရေ
နိုင်ငံရေးမှာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အဖြစ်မျိုးကို ခေါင်းဆောင်လုပ်သူများက ရှောင်ရှားသင့်တယ်လို့ စာအုပ်စာတန်းများမှာ ပါပြီးသာပါ၊ ၈၈ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ ကိုမင်းဇေယျတို့ မလွတ်လာသေးပဲ တွေ့ဆုံဆွေးနွေးမှု တိုးတက်လာတယ်လို့ ပြောဆိုခြင်းဟာ စောလွန်ပါသေးတယ်၊ နိုင်ငံရေးအရ လိုအပ်လို့ ဘောလုံးပွဲ သွားကြည့်တယ်ဆိုတဲ့ ခင်ဗျားရဲ့ နိုင်ငံရေး ယူဆချက်ဟာ အင်မတန် ရယ်စရာ ကောင်းပါတယ်၊ နိုင်ငံရေးသမားတွေ ဂေါက်သီး မရိုက်ရဘူး(ဂေါက်သီးအားကစား မလုပ်ရဘူး) ဆိုတဲ့ စည်းမျဉ်းစည်းတွေရော ခင်ဗျား သေသေချာချာ နားလည်ပါရဲ့လား၊ လူဖြူတွေနဲ့ တွေ့ဆုံ ဆွေးနွေး အောင်မြင်ခဲ့တဲ့ တောင်အာဖရိက လူမဲခေါင်းဆောင် မန်ဒဲလားခေတ် အခြေအနေမှာ မန်ဒဲလား နောက်မှာ အာဏာရ လူဖြူအစိုးရကို ထိန်းညှို့ပေးနိုင်တဲ့ သေရမယ်ဆို သေရဲတဲ့ လူမဲလူထုကြီး ရှိပါတယ်၊ ဘက်ချင်းတူလို့ မန်ဒဲလားနဲ့ လူဖြူအစိုးရ တွေ့ဆုံခြင်းဟာ တိုးတက်မှုတွေ ရှိခဲ့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးခရီးစဉ်က လွဲရင် လူထုစည်းရုံးရေးအတွက် တခြား ဒေသတွေဆီ သွားခွင့် မရသေးပါဘူး၊ ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တစ်ဦးပါ၊ ဒီမိုကရေစီ ယဉ်ကျေးမှုအရ ခေါင်းဆောင် လုပ်ရပ်ကို ဝေဖန်ပိုင်ခွင့် ရှိရပါတယ်၊ ဒေါ်စု ဘာလုပ်လုပ် မှန်တယ်ဆိုပြီး မျက်စိမိတ် ချီးကျူးဖို့တော့ အားမပေးပါဘူး၊ ဇွတ်အတင်း အားပေးထောက်ခံမှုဟာ သူတော်ကောင်းတစ်ဦးကို အာဏာရှင် ဖြစ်စေပါတယ် ... ကလျာမိတေ ရေ ...

Mi Tay 4 said...

တွေ့ဆုံဆွေးနွေးမှု တိုးတက်နေပါပြီလို့ ကျမ တခွန်းမှ မပြောသလို ထင်တယ်လို့လည်း မပြောမိပါဘူး။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှု တိုးတက်အောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာတော့ သေချာပါတယ်။ အခု အချိန်က ဘဘဦးဝင်းတင်ပြောသလို ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် လူထုထောက်ခံမှုကို ရင်းပြီး တိုင်းပြည်အတွက် အစွမ်းကုန် ဆောင်ရွက်နေချိန်လို့ ပဲ မြင်ပါတယ်။ ဒါကြောင့် သည်အချိန်မှာ ကျမရဲ့ ကိုယ်ပိုင်ခံယူချက်ကတော့ ကိုယ်လုပ်သင့်တဲ့အလုပ်တွေ ကို လုပ်ပြီး အခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်နေရမယ်လို့ မြင်တယ်။ ဒေါ်စု ဘာလုပ်လုပ် လိုက်ဝေဘန်နေတာမျိုးတော့ ကျမ မလုပ်ချင်ပါဘူး။ ဒီမိုကရေစီ သဘောအရ ဝေဘန်ချင်တဲ့ သူက ဝေဘန်နိုင်ပါတယ်။ ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ်ပေါ့။

blueskyforest said...

ဂွတ် ပို့စ် (ချီးယားစ်)

ကိုပေါ said...

ကွန်မန့်ကဏ္ဍမှာ ကိုအောင်(ပျူနိုင်ငံ)ပြောသွားတာလေးတွေကို ထပ်တူထပ်မျှ ထောက်ခံပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ် ထောက်ခံသူတွေအနေနဲ့ သူမရဲ့ လုပ်ရပ်တွေ အမြင်မတော်ဖြစ်လာတဲ့အခါ ဖာကြထေးကြ စိတ်ကူးယဉ်ဆန်ဆန် ဖြည့်တွေးပေးကြ၊ သူမဘာလုပ်လုပ် တို့ကတော့ ယုံတယ်ဆိုပြီး ဇွတ်မှိတ်ထောက်ခံကြ။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်လို့ပါပဲ။း-)

Anonymous said...

ဇာတ်လမ်းကောင်းလေးတွေကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်..
နောက်လည်း မျှဝေပေးပါအုံနော်
ဒီဘလော့လေးကို နောက်လည်း လာဖတ်ပါအုံးမယ်ရှင့်

ခင်မင်းဇော် said...

အခြေအနေကတော့ မတူဘူးကေ။ မင်ဒဲလားက အာဏာရခေါင်းဆောင်ဖြစ်တဲ့အတွက် ဒီလို သဘောထားကြီးပြရမှာပဲလေ။ ဒါ လုပ်ကိုလုပ်ရမှာ။ အန်တီ့အခုအခြေအနေက အဲလိုမဟုတ်ဘူး။ ဒီဘောလုံးပွဲ သွားမကြည့်လို့ ဘာမှမဖြစ်ဘူး။ ဇော်ဇော်က သူဆွေးနွေးရမဲ့ အဆင့်ထဲမှာ မပါဘူး။ ပူးပေါင်း ရမဲ့ အဆင့်ထဲ မရှိဘူးလို့ အမက မြင်တယ်။

Moe Cho Thinn said...

အမြင်မတူတာတွေတော့ ရှိကြမှာပါပဲ။

ဒါပေမဲ့ အခုအချိန်ဟာ သွေးထွက်သံယို မဖြစ်ဘဲ အသွင်ကူးပြောင်းဖို့ ဒေါ်စု နဲ့ NLD ကြိုးစားအားထုတ်နေတဲ့ အချိန်လို့သာ နားလည်မိပါတယ်။ သူ ပြောသလို အမြင်မတူတာတွေ ခဏထားပြီး ညီညီညွတ်ညွတ် အတူ ကြိုးစားကြရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ငြိမ်းငြိမ်းချမ်းချမ်း ရောက်နိုင်တာပေါ့။ လွယ်ကူတဲ့ အလုပ်ကို လုပ်နေတာ မဟုတ်တာတော့ သေချာပါတယ်။ အဲဒါကြောင့် ဘောလုံးပွဲကြည့်တာထက်၊ စကားလေး အကျအန ကောက်နေတာထက် ပို အဓိကကျတဲ့ အချက်ကို စဉ်းစားမိလို့ပါ။ ဒါဟာ ဖာထေးနေစရာ ဘာအကြောင်းမှ မရှိသလို သူ့အရပ်နဲ့ သူ့ဇာတ်ဆိုလဲ ပြည်သူ့ခေါင်းဆောင် နဲ့ ပြည်သူတယောက်ရဲ့ အပြန်အလှန် မေတ္တာနဲ့ ယုံကြည်မှုသာ ဖြစ်ပါတယ် ကိုပေါရေ..

ATN said...

ဇော်ဝင်းထွဋ် သီချင်း တပုဒ်ကို သွားသတိရတယ်...
ယုံကြည်နေတာတွေ တချိန်မှာ ပြိုကျတော့....
မှန်တယ်ထင်တာတွေ တချိန်မှာ အကုန်မှားတော့...

It is the matter of time.
Under table... Behind the scene.... French connection... Attached strings... who knows all of them? Ask you all yourself how deep I know the current situation.
If you all don't know the whole story and all the aspects of a painting... you all better have to shut up....

(atn)

Thein Win said...

ဟေ့ ကိုယ့်လူတွေ
မောင်းစီတုန်း နဲ့ နစ်စင် တို့ လဲ တွေ့ရတာပဲဟ

ကိုအောင် said...

ကိုသိမ်းဝင်း ပြောတော့ ဟုတ်နေတာပဲ ...
မော်စီတုန်းက ဆိုဗီယက်ရင်ခွင်မှာ မနေချင်တဲ့ အချိန်၊ နစ်ဆင်က ဆိုဗီယက်ပါဝါကျအောင် လုပ်ချင်နေတဲ့သူ၊
သို့ပေမယ့် ကိုသိမ်းဝင်းရေ ... သူတို့ နှစ်ဦးစလုံးက ရန်သူကို ရန်သူအဖြစ် သွားတွေ့ခဲ့ကြောင်း သူတို့ပြည်သူတွေကို ပြောခဲ့ပါတယ် ....

kay said...

ပွင့်ပွင့်လင်းလင်း ပြောဆို မှတ်ချက် ပေး ကြ တာကို ကျေးဇူးတင်ပါတယ်။
ကျမ ကိုယ်ပိုင် သဘောထားကတော့.စာထဲမှာ အကုန် ပါပြီးသားမို့..ဘာမှ ထပ်ပြောစရာ မရှိပါဘူး။

Ma May Mya said...

ဒေါ်စုကို ဝေဖန်တာ အပြုသဘောပါတဲ့ ဝေဖန်တာမျိုးကို တလေးတစားနဲ့ ဖတ်ပါတယ် … ပြီးတော့ ဒီ ဝေဖန်ချက်ကို ဒေါ်စုဆီတိုက်ရိုက်ရောက်အောင်ပို့ရင် ဘယ့်လောက်ကောင်းမလဲလို့ အမြဲတွေးမိတယ်….

ဒေါ်စုဆီကို သတင်းအချက်အလက်တွေ ရောက်မလာအောင် ပိတ်ဆို့ထားသူတွေရှိတယ်ဆိုတဲ့ သတင်း သဲ့သဲ့ ကြားရတယ် ( မှန်မမှန် အတည်မပြုရသေးပါ ) အဲလိုပိတ်ထားရင်လည်း ကိုယ့်ရဲ့ ဝေဖန်ချက်တွေ အကြံဥာဏ်ပေးချက်တွေ ဒေါ်စုဆီ မရောက် ရောက်အောင်ပို့လို့ရတဲ့ နည်းတွေ အများကြီးပါ… ဝေဖန်နေကြတာ အဓိက က ဒေါ်စုကို အသိပေး ထောက်ပြချင်တာလို့ မြင်ပါတယ်….

ဒေါ်စုကလည်း ဒီလိုဝေဖန်ထောက်ပြတာ သဘောကျပါတယ် ( လူ့ဘောင်သစ်ပါတီက ဒေါ်စုကို ဝေဖန်ထောက်ပြတုန်းက ဒေါ်စု လူသိထင်ရှား လက်ခံခဲ့ဘူးတာ မှတ်မိနေလို့ပါ )… အခုတခေါက်လဲ သူ့ဆီ စာရေးကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်…

ကျမ စိတ်ပူနေတာက ကျမတို့အားလုံး လိုချင်တဲ့ အပြောင်းအလဲ မရသေးခင် ဒေါ်စု မရှိတော့ရင် ……

တိုင်းရင်းသားတွေရဲ့ ယုံကြည်မှူ့ ပြည်သူတွေရဲ့ချစ်ခင်အားထားမှူ့ နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့ လေးစားမှူ့ ရထားတဲ့ ဒီလို ခေါင်းဆောင်မျိုး နောင်အနှစ် ၃၀ ၄၀ ၅၀ အတွင်း ပေါ်လာပါ့ဦးမလား…….

ကျမတို့တွေ ယခုလိုဘဝမျိုး သို့မဟုတ် ဒီ့ထက်ပိုဆိုးတဲ့ဘဝမျိုး နဲ့ အဆုံးသတ်ရတော့မလား…….

၈၈မျိုးဆက်ကျောင်းသားတွေ ထောင်ထဲကနေပါးလိုက်တဲ့ ဒေါ်စုကို ဝန်းရံကြပါဆိုတာ ဒေါ်စုပြောတာ လုပ်တာတွေကို အမြဲတမ်း မျက်စိမှိတ်ထောက်ခံဝန်းရံပါလို့ ကျမ မယူဆပါဘူး…. သူတို့တွေသာ အပြင်မှာရှိနေရင်လည်း သူတို့တွေ ဒေါ်စုနဲ့ဆွေးနွေး တိုင်ပင် ဝေဖန် ထောက်ပြနေကြမှာလို့ ယုံကြည်ပါတယ်….. အခုသူတို့တွေကိုယ်စား သူတို့အလုပ်တွေကို အနဲ နဲ့ အများဝိုင်းကူကြရင် ပိုမကောင်းဘူးလား …. အမြင်မတူတာ သဘောမကျတာကို (ဒေါ်စု မြင်နိုင် ကြားနိုင်ဖို့ မသေချာတဲ့ နေရာမှာ) ငြင်းခုံနေမဲ့အစား အလုပ်ဖြစ်အောင်လုပ်စေချင်တဲ့ ဆန္ဒနဲ့ပါ…..

ဒေါ်စုလည်းရှိနေတုန်း အလုပ်လည်းလုပ်လို့ရနေတုန်းမှာ ကျမတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ပြောစရာရှိတာပြောပြ လုပ်စရာရှိတာလုပ်ကြရင် ကျမတို့လိုချင်တဲ့ပန်းတိုင်ဆီ အရင်ကထက် ပိုနီးလာမလားလို့ပါ…..

@ ကေရေ သူငယ်ချင်းဘလော့မို့ဝင်ရေးလိုက်ပြီ ….

ဒီလိုဝင်ရေးတာ မည်သူတဦးတယောက်ကိုမှ ပုတ်ခက် ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး…

မမေ

ရိုက်ပေါက် said...

ပေါကြီးရဲ့ဘလော့ဂ်ထဲမှာ ရေးခဲ့တာကိုပဲ ထပ်ရေးချင်ပါသေးတယ်။ ထိုင်းနိုင်ငံက ဟော်တယ်တခုမှာ ဘရိတ်ဖတ်စားရင်း အွန်လိုင်းဧရာဝတီရဲ့အောင်ဇော်က “ကိုယ်ကတော့ ဒေါ်စုမှားလဲချမှာပဲ”လို့ သူ့ရဲ့ မီဒီယာ့အာဘော်ကို အားတက်သရော ပြောပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပဲယင်းလုပ်ကြံမှုကနေ လွတ်မြောက်ကာစ အိမ်ချုပ်မှာ ရှိနေစဉ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာဘယ်တော့မှ မှားမယ့်လူမဟုတ်ဘူးလို့ ဆိုလိုချင်တာမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်ရဘူးလို့ ကန့်ကွက်လိုရင်းမဟုတ်ပါ။
ဒီအဖြစ်အပျက်လေးကို ပြောပြချင်တဲ့ရည်ရွယ်ချက်ကတော့ ကိုယ့်ဆရာများရဲ့ စိတ်အားထက်သန်မှုကို ထောက်ပြလိုရင်းသာဖြစ်ပါတယ်။
အာဏာအတွက်ကြမ်းတမ်းယုတ်မာရက်စက်ဖို့ ဘယ်တော့မှဝန်မလေးတဲ့ ရန်သူတွေကို အတိုက်အခံလုပ်ပြီး၊ ပြည်သူ့မျက်နှာပဲကြည့်တတ်တဲ့ ခေါင်းဆောင်တဦးကို ယျထာဘူတကျကျ အသေအချာ လေ့လာစိစစ်တဲ့ ဝေဖန်မှုမျိုးထက် ကိုယ့်ကိုကိုယ် တတ်သိနားလည်သူကြီး၊ ရပ်တည်ချက်အင်မတန်ကောင်းတဲ့ ဘက်မလိုက် ဒီမိုကရက်ကြီး၊ လွတ်လပ်စွာတွေးခေါ်မျှော်မြင်တတ်သူကြီး ပုံစံတွေ ဖမ်းနေကြတာကို ပြောလိုရင်းပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သနားကရုဏာသက်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလဲ သူလျှောက်နေတဲ့လမ်းဟာ သူရွေးချယ်ခဲ့တဲ့လမ်းပါလို့ ပြောထားပြီးသားပါ။ ဒီလို ပြောထားလို့ သူ့ကို ဂါဝရထားစရာ မလိုဘူး၊ ကျေးဇူးတင်စရာမရှိဘူး၊ ဘာမှ ငဲ့ညှာစရာအကြောင်းမတွေ့ဘူးလို့တော့ ကျနော်မယူဆပါဘူး။ သူ့ရဲ့ကြီးမြတ်မှုကို ကျနော်ဦးညွတ်ပြီးသားပါ။
သူ့ကိုရန်သူတဦးလို အပြင်းအထန်ဝေဖန်တိုက်ခိုက်ချင်သူတွေကိုပဲ ပြောပါရစေ၊ သူ့ရဲ့ကြီးလေးတဲ့တာဝန်နဲ့ လုပ်နေရတဲ့အခက်အခဲ အကျပ်အတည်းတွေကို လုံးလုံးမငဲ့ကွက်ဘဲ၊ ထင်တလုံးနဲ့ ဖင်ကုန်းအော်နေမယ်ဆိုရင် ကိုယ့်ဆရာတို့ရဲ့ အယူအဆတွေ မှန်တယ် မမှန်ဘူးဆိုတာ သမိုင်းက သက်သေခံပါလိမ့်မယ်ဗျာ။

Thu said...

Maurice Collis concluded in his book "Last and First in Burma (1941-1948)": Aung San was only critical maker of Burma independence though other claimed (i.e. Dr.Ba Maw, Mt.Batten, Hubert Rance, U Saw, etc.).
Similarly, when I read Daw Su' democracy speech in 15 Sept, 2011. I do much appreciate than before on her widen knowledge and heart in all aspects.
She is truly suitable with "Mother of Myanmar Democracy" entitled by Saya Than Win Hlaing. I trust her all accounts based on her honesty and knowledge.

tun said...
This comment has been removed by the author.