နှင်းပွင့်လေး နှင့် သူငယ်ချင်းများ

မိသားစု ထဲ ကို..ဦးဆုံး ရောက်လာတဲ့.. ပထမ ဆုံး ကလေး မို့.. သဲသဲ လှုပ်ကြီး မဟုတ်တောင်.. နည်းနည်း တော့..လှုပ်လှုပ်ရှားရှား ချစ်ခဲ့ ကြ ရတဲ့.. နှင်းပွင့်လေး..


ရန်ကုန် မှာ မွေးပြီး..ပထမ ဆုံး အကြိမ်.. နယ်ကို ခေါ်လာ လည် တော့.. ကုတင်ပေါ် မှာ..အတုံးလိုက် ကလေး တင်ထားတဲ့.. ကလေး လေး ကို ကြည့် ပြီး.. ကိုယ့်အမ ကြီး လောက်..မလှ ပါလား လို့..တွေး မိ ခဲ့ သေးတယ်။


ကိုယ် ဆယ်တန်း နှစ်မှာ.. မမကြီးက.. လက်ထပ် တော့.. ကလေး မဟုတ်..ခွေးမဟုတ် ... သမြောပြီး.. စိတ်ကောက် ခဲ့ တဲ့ အရှိန် က.. အဲဒီ ကောင်မလေး မွေး လာတဲ့ အထိ..မပြေသေးဘူး ထင်ပါ့..။


ထုံးစံ အတိုင်း..အဲဒီ ကလေး ပေါက်စ လေး ကို.. သူ့အမေ အလုပ် သွားတုန်း.. ထိန်းဖို့ ကျောင်းဖို့ တာဝန် တွေ က.. ၃ လ တခါ လောက် လဲ ရတဲ့.. ကလေးထိန်း တွေ နဲ့ အတူ.. အဒေါ် တွေ အပေါ်ပါ.. ရောက်လာ တော့ တာပေါ့...။ မနက်..မနက်..သူ့အမေ အိမ်က ထွက်တော့မယ် ဆို.. ကလေး ကို ချီပြီး.. လျှောက်ပတ် နေရ လို့ .. အမော ကို ဖြေမယ် ကြံ တုန်း..အိပ်ယာက နိုး ပြီး..လမ်းပေါ် ဖြတ်သွားသမျှ..မုန့်သည် လှမ်းခေါ် လို့.. ပါးစပ် ကို ပြေးပိတ် လိုက်.. မုန့်သည်ကို တောင်းပန် ပြီး ပြန်လွှတ် လိုက် နဲ့..က.. တနေ့လည် ခင်းလုံး..။

နေ့ကလေး ထိန်း မူကြို စ ထားတော့ မှ ပဲ..အဒေါ် တွေ လည်း.. သက်ပြင်း ချ နိုင် တော့တယ်။ သူငယ်ချင်း တွေ နဲ့....စိတ်အေး လက်အေး.. အပြင် ထွက် နိုင် တော့ တယ်။ ညနေ စောင်း ပြီ ဆိုရင်တော့.. အဒေါ် တွေ.. အိမ်အပြန်.. အတွဲ ကိုယ်စီ နဲ့..မူကြို မှာ ၀င်ဝင် ကြို တဲ့ အခါ.. မတော်ရ သေးတဲ့..မတော်ဖြစ် လိုက် တဲ့.. ဦးလေး တွေ ဆီက.. မုန့် တွေ နဲ့.. သူက..စိုပြေ လို့.။ ကိုယ်တို့ နှစ်ယောက်..ညနေစောင်း..အင်းလျား ကန် ဘောင် လမ်းလျှောက် ရင် လည်း.. အတွဲ ပေါက်စ တို့ သဘာဝ..သူများ ကလေး နဲ့..ကြားဖီးလ် ယူ ပြီး.. ခေါ်သွား ရင်..သူ့ မိဘ တွေ က..အကြိုက်ပေါ့..။


ခု တော့.. ကြားဖီးလ် ကို ယူစရာ မလိုပဲ.. တကယ့် ဖီးလ် အစစ် ကြီး..တကယ့် တာဝန် အမှန် ကြီး နဲ့ ကို.. ကိုယ်တို့ ဆီ ရောက်လာ ပါတော့တယ်..။



မြင်းကောင်ရေ အား လို မျိုး.. နွားအကောင် တထောင် အား ရှိ တဲ့.. လျှပ်စစ် မီတာဗုံး လေး..အိမ်မှာ..တပ် လိုက် ရပြီ ဆိုပါတော့..။ ရန်ကုန်က.. မိသားစု ကတော့.. ဗြဟ္မာကြီး ဦးခေါင်း..နင့် လက်ထဲ ထဲ့လိုက်ပြီ လို့..နောက် ကြ တယ်။ ရောက်ကာ စ ကတော့.. အိမ် နဲ့ ကျောင်း..ကျောင်း နဲ့ အိမ်.. ခပ်ကုပ်ကုပ် လေး ပါပဲ။ စာသင်နှစ် ၆ လ လောက် ကျိုးတယ် ဆို ရင်ပဲ.. ဟိုက..ဒီက.. သူငယ်ချင်း လေး တွေ ရလာ ပြီ မို့. ညနေ စောင်း လို့.. အိမ်ပြန်ချိန် တန် လို့.. မရောက် လာသေး ရင်.. ကိုယ့် မှာ မျှော် ရ ပြီ.. စိတ်ပူ ရပြီ။ ဒီမှာက.. ဗမာ ကျောင်းသား မများ လှ တော့.. သူ တို့ လည်း..သူတို့ ရှိတဲ့..ဗမာ ကလေး တွေ စုပြီး..ရှာကြံ ပျော်ကြ..လည် ကြ..။ ခက် တာက.. ကိုယ်က လည်း..ဆယ်ကျော် သက် တယောက်ကို ဘယ်လောက် အတိုင်း အတာ ထိ..ခွင့်ပြု လိုက်လျော ရ မလည်း ဆိုတာ.. ဘာ သင်တန်း..ဘာ ထရိန်နင် မှ မဆင်း လိုက် ရ ပဲ.. ရုတ်တရက် ကြီး ဆိုတော့.. မထူးပါဘူး လေ... သူ့ သငယ်ချင်း လေး တွေ ပါ ခေါ် ပြီး.. ကိုယ့် အိမ်မှာ..Bitch Hostel ဆိုပြီး ဖွင့်လိုက် တော့ မယ် လို့ သာ.. စိတ် ပေါက် မိ တော့ တယ်။


အိမ်ပြန်ရောက် ရင် လည်း..ရောက် တာနဲ့.. အိတ် ကို ပြစ်ချ ပြီး.. ကွန်ပြူတာ အရင် ဖွင့်..ဖေ့စ်ဘွတ်ခ် ပေါ် တက်တော့ တာပါပဲ။ ငယ်ငယ်တုန်းက ဆို.. တွေ့သမျှ စာအုပ်.. ၀ါးစားသလို.. ဖတ်တဲ့..ကလေး က..ခုတော့.. သာမန် နေ့တဓူဝ အိမ်မူ ကိစ္စ တွေ မပြော နဲ့.. တီဗွီ လည်း မကြည့်.. မဂ္ဂဇင်းတောင် မလှန်.. ဖေ့စ်ဘွတ်ခ် ကြီးပေါ် မှာ သာ မျက်နှာ မူ နေ လေ တော့.. အပြင် ထွက်လည် နေတာပဲ ..ကောင်း သား လို့ တွေး ရ တော့ မလို..။


တခါ တလေ လည်း.. စောင်းပါး ရိပ်ခြေ.. ဖေ့စ်ဘွတ်ခ် နဲ့ ပတ်သတ် တဲ့..သတင်း တွေ.. သတိထားစရာ တွေ အကြောင်း.. ပြောမိ ရင်...

“ အဲဆို..ကေကေ တို့လည်း မသုံး နဲ့ လေ.. ” ဆိုတာ နဲ့ ..သူတို့က..ကိုင်ပေါက် တတ် နေသေး ရဲ့..။


“ သမီး ရဲ့..ဖေ့စ်ဘွတ်ခ် သုံးတာ..ကေကေ တို့ လည်း ပျော်ပါတယ်.. ဒါပေမဲ့..အကျိုး မရှိ တာတွေ နဲ့ ..သိပ် အချိန် မကုန်စေ နဲ့ ပေါ့.. ” လို့သာ.. လေချိုသွေး နိုင် ပြီး.. ကိုယ်ည်း.. ကိုယ့် ဖေ့စ်ဘွတ်ခ် ကြီး ကိုသာ..စိတ်နာနာ နဲ့..ထိုင် ငေး နေ မိ တော့တယ်။ ဖေ့စ်ဘွတ်ခ် ဆို တာ ကြီး ကလည်း.. အကောင်း အဆိုး အကြောင်း အကျိုး ခွဲခြမ်း စိတ်ဖြာ ဖို့ နေနေ သာသာ.. ဘယ် အစိုးရ မင်း မှ.. မနိုင် အောင်.. သူတလူ.. ငါတမင်း ဖြစ်နေလေ တော့ လည်း.. မကျေနပ် ရင်.. သိကြားမင်း ကို သာ.. တိုင်ပြော ယုံ။ တူမတော်.. ငေါ့ သလို.. မသုံးပဲ နေ ယုံ..။

တလောက.. သူ့ သူငယ်ချင်း မလေး တယောက် မွေးနေ့ ဆိုပြီး..လည်ကြ ပတ်ကြ ..အပြန်မှာ..အိမ်လိုက် လည်ရင်း....မွေးနေ့ရှင်လေး က.. ဖေ့စ်ဘွတ်ခ် မှာ.. သူ့ အတွက်... ဆုတောင်း တွေ.. ၄၆၅ ခု ကျော် သွားပြီ လို့.. ပြော သံ.. ဘေး ကနေ.. ကြား လိုက် မိ တယ်။ ချက်ခြင်းပဲ .. နောက် တယောက် က..ဒေါက် ၀င် ဖြုတ် တယ်... “ ဖေ့စ်ဘွတ်ခ် မှာ.. ကွန်မန့်ကို ကောင့်တာ မပါ ပါဘူး.. နင် ဘယ်လို သိ လည်း..ထိုင် ရေ နေတာလား...” တဲ့..။ ကိုယ့်မှာ အသာလေး ကြိတ် ပြုံး နေမိတယ်။

နောက် တယောက် က..လာပြန်တယ်...။



“ ငါ့ friend request တွေ လျော့ လျော့ သွားတယ် ..ဘာဖြစ်တာလည်း မသိဘူး..”


ဗဟုသုတ ရလို ရ ငှါး..သူတို့ စကား ၀ိုင်း ထဲ ၀င်ရော ရင်း.. “ ဟယ်..ဘယ်လို မျိုးလဲ..ကေကေ ကတော့.. request တွေကို..လက်ခံ ရင်..ခံ..မခံ ရင်လည်း ဖျက်လိုက်တာ ပဲ..” ဆိုတော့...“ သမီး တို့က.. friend request တထောင် ပြည့်အောင် စု တာ.. တထောင် ပြည့်သွားရင်.. နောက်ထပ် ၀င်လာလို့ မရ တော့ဘူး.. တယောက်ယောက်က..လာ အဒ်ရင်.. request တွေ များလွန်းလို့.. အဒ်မရ တော့ ဘူး ဆိုတာ..တဖက် မှာ ပေါ်တယ်လေ... ”


သြော..သြော်.. ခု မှ ပဲ..ဇာတ်ရည် လည် ပေ တော့ သည်။ အဲဒီ တော့ မှ.. ဆရာကြီး ဖြစ်တာပေါ့ လေ..။


ဘာပဲ ပြောပြော..သူတို့ သူငယ်ချင်း လေး တွေ အားလုံး..ချစ်စရာ ကောင်း ကြ ပါသည်။ ဘာညာ သာရ ကာ လေး တွေ ရှိကောင်း ရှိပေမဲ့.. ကလေး ဟန် လေး တွေ မပျောက် သေးပဲ.. လွတ်လွတ် လပ်လပ်...ပွင့်လင်း ရယ်မြူး တတ် ကြ တုန်း။ တော် တော် များများ ကလည်း.. မိဘ တွေ နဲ့.. ရေခြား မြေခြား ဝေးလာ ပြီး.. သူတို့ ခြေထောက် ကလေး တွေ..မခိုင့် တခိုင် ပေါ်.. ရပ်ဖို့ ကြိုးစား နေတာ ဆိုတော့... လိုအပ် တဲ့.. စောင့်ရှောက်မူ လေးတွေ ပေးရင်း.. ကြုံ ရင် ကြုံသလို.. ချက်ပြုတ် ကျွေး တဲ့ အခါ လည်း ကျွေး ပေါ့..။ Bitch Hostel အဆောင်မှူးက.. အလျင်း သင့်ရင် သင့်သလို.. ပြောဆို ဆုံးမ တဲ့ အခါ..မ ပေါ့..။ သူတို့ နားထဲ ၀င်တာ မ၀င် တာ တော့.. ကိုယ် လည်း..နှိုက်ယူ တိုင်းကြည့် လို့ မရ ပေ..။

ဒီ မှာက..နိုင်ငံခြားသား ကျောင်းသား တွေ ကို.. မိုးချုပ်ည ရီ.. လုတာ..တိုက်တာ တွေ ရှိတတ် တော့.. အတန်းချိန် နောက်ကျ တဲ့ ရက်တွေ ဆို.. ကိုယ့် မှာ စိတ်ပူ ကြီး နဲ့..။ ဒေသ ခံ .. ဂျပိုး တွေ က..တွက် သည်လေ.. နိုင်ငံခြားသား ကျောင်းသား တွေ ဆိုတာ..ပိုက်ဆံ တတ်နိုင်တဲ့ လူတွေ များသည်။ တော်ရုံ.. အရှိန် ဆို..လန့် တယ် ဆို တာမျိုး.. အနည်း ဆုံး.. ဟန်းဖုန်း လောက် ရ သွားရင်တောင်.. သူတို့ အတွက်.. အိုကေ သည်။ အဲလို တွေ တွေးပူ နေတုန်း.... မမျှော်လင့် ထားတဲ့.. နေရာက အပူ လုံး ကြီး.. ၀ုန်း ဆို...ပြုတ် ကျ လာလေ သည်။





အဲဒီ နေ့က.. ညနေ..အတန်း.. ၇ နာရီ မှ ဖြုတ် မှာ ဆိုတော့.. ၇ နာရီ ခွဲလောက် ရှိလာ တော့..စိတ် က ပူစ ပြု လာ ပြီ။ သူ့ စာမျက်နှာ သွား ကြည့် တော့လည်း.. မနေ့က.. တင်ထားတဲ့...ဘာမှန်း မသိ တဲ့.. စာလုံး တချို့ နဲ့.. မက်ဆော့ခ်ျ တချို့သာ...။ သူလေးက..ပုံမှန် ဆို..ကွန်ပြူတာ နဲ့ ဝေးနေ တုန်း တောင်..ဟန်းဖုန်း ကနေပြီး.. ဖေ့စ်ဘွတ်ခ် ပေါ်မှာ..ဘာညာ.. လှမ်းတင် တတ် သူ...။ ၈ နာရီ ခွဲ တော့.. စိတ် က.. အလွန်အမင်း ပူ နေ ပြီ။ ဖုန်း ခေါ် တော့ လည်း.. ဖြေ မည့်သူ မရှိ..။

နောက် ဆုံး.. ၉ နာရီ လောက် မှာ..ဖုန်းတခု ၀င်လာ ခဲ့ သည်။ နှင်းပွင့် တို့ သူငယ်ချင်း တသိုက်.. ကားအက်စီးဒင့် ဖြစ်လို့ တဲ့..။

၃ နာရီ လောက်ကြာအောင် ပူနေရ တဲ့ စိတ်တွေ..ပွင့်ထွက် သွား သည်။ ရင်ထဲက..ဆောင့် ဆောင့် တက်လာ တဲ့.. ကြောင့်ကြ အပူ လုံး ကြီးကို.. ပါးစပ်က နေ..တဖူး ဖူး မှုတ် ထုပ် ရင်း.. စိတ်ကို လည်း မနည်း တည်ငြိမ်အောင် လုပ်.. ဆေးရုံ လိုက် ဖို့ ပြင်ရသည်။



အရေးပေါ် ဌါန ရောက်တော့.. မျက်နှာ ငယ် လေးတွေ တောင် မဟုတ်တော့ပဲ..တွန်းကုတင် ကိုယ်စီ ပေါ် မှာ..အရေးပေါ် ပိုက် တွေ တန်းလန်း နဲ့..တုန်လှုပ် ခြောက်ခြား နေတဲ့.. မျက်လုံး ကြောင် ကြောင်.. ဆယ်ကျော် သက် ၄ ယောက် ရဲ့ အဖြစ် ကို.. မြင်တော့.. ပြောစရာစကားလုံး ဆူစရာ ဒေါသ တွေ.. ရှာ မရ တော့ ပေ..။


၃ လက်မ လောက် ကွဲ ထွက် သွားတဲ့.. နှင်းပွင့် ရဲ့..ပါး က.. ဒဏ်ရာ ကြီးကို ကြည့် ရင်း.. အားပေး ဖို့ စကား က လည်း ချက်ခြင်း ထွက် မလာ..။ ကားမောင်း တဲ့.. ကလေး ကို ပြေး ကြည့် တော့.. မှိန်းနေတဲ့..မျက်လုံး ၀ါဝါ လေး တွေ နဲ့.. ခြေထောက် တွေ ကျိုးသွား တယ် ထင် တယ် လို့ တော့..ပြောနိုင် ရှာ သေး သည်။ ...ဟို ကောင်မလေး တယောက်က.. တခြား ဆေးရုံ ရောက်သွား တယ် တဲ့..။ နံရိုး ကျိုးသွား တယ် လိုလို... ဖုန်း တွေ ဆက်.. ဟိုလူ့ ခေါ်..ဒီလူ့ ခေါ်..

ရဲ တွေ ရောက်လာ မေး တယ် ..အန်တီ... ဟို ဖက်က.. ကားက..လူကြီး လည်း ခြေကျိုးသွားတယ်...ကား ကတော့..ရှေ့ တခြမ်း လုံး..ရစရာ မရှိ တော့ ဘူး..မိုင်က..တော်တော် မြင့်တာ.. ၆၀ မောင်း တဲ့ လမ်း လေ.. အမူ လုပ်မယ် ပြောတယ်..

သူ့ ခေါင်း တွေ မူး လာ သည်။



ခက် လိုက်တာ.. ကလေး တွေ ရယ်... သူတို့ မိဘ တွေက.. ဘာမှ မသိရှာ...။ မိဘ တွေမှာ.. ငွေ တွေ ဘယ်လို ဘယ်လောက် ထပ်ကုန် ကြ အုံး မယ် ဆိုတာ.. မေးစရာ မလို..။ သူတို့ တွေ..ငွေ တွင်း ဘယ်လောက် နက် သလည်း ဆိုတာ..ကိုယ် လည်း ခန့်မှန်း ကြည့် မနေ ချင် တော့..။


ဒီလို နဲ့.. နှင်းပွင့်လေး နဲ့..သူငယ်ချင်း များ ရဲ့ ကြား.. သူ လည်း.. ချာလည် မူးလည် ရင်း.. ခု တော့.. ကလေးတွေ အားလုံး လည်း..ဆေးရုံ က..ဆင်း ကြ ပြီ..။ အားလုံး..ဆေးရုံက ဆင်း ပြီး.. ၂ ရက် လောက် နေ တော့.. ပါးမှာ..ချုပ်ရိုး ကြီး နဲ့.. ငြိမ်ငြိမ် ကုပ်ကုပ် လေး ဖြစ်နေ ရှာ တဲ့.. တူမ တော် ကို..အိမ်မှာ ခဏ ထား ခဲ့ ပြီး.. တခြား ကလေး တွေကို..အခြေအနေ မေး ဖို့.. စားစရာ တချို့ နဲ့အတူ.. ထွက်လာ ခဲ့ သည်။

“ သူတို့ တွေ အပြင် ထွက် သွားတယ်..အန်တီ.. အိမ်ထဲ မှာ နေရ တာ..ညီးငွေ့ လာ လို့ ..တဲ့ ” လို့ ပြော ပြီး..ဆီးကြို နှုတ်ဆက် တာက.. ကားတိုက်မူ မှာ မပါတဲ့.. တခြား ကလေး တယောက်..။ အင်း..လို့ သာ..သက်ပြင်းချ ရင်း.. ဘာ မှ ကို မပြော နိုင် ပဲ... အိမ်မှာ ရှိ မနေ ကြ တဲ့..လူမမာ ကလေး တွေစားဖို့.. ယူလာ တဲ့..စားစရာ တချို့ သာ.. ထားခဲ့ ပြီး .. မြန်မြန် ပြန်ခဲ့ ရ တော့ သည် ။

မနေ့ ကတော့.. ကလေး တယောက် က.. သူ့ ဖေ့စ်ဘွတ်ခ် မှာ..သူ့ ရ ခဲ့ တဲ့..ဒဏ်ရာ တွေ အကြောင်း ဓါတ်ပုံ နဲ့ တကွ.. တင်ရှာ သတဲ့...။ တူမ တော် ကတော့.. အဒေါ် တယောက် လုံး ဆူလိုက်.. ငိုလိုက်.. တောင်းပန်လိုက် လုပ်ထား လို့.. အပိုးကျိုး စွာ..ဖေ့စ်ဘွတ်ခ် မှာ ငြိမ်နေရှာ သည်။ ဒါတောင်.. ဆေးရုံက ဆင်းကတည်းက.. လက်ပ်တော့ ကို ရင်ပတ်ပေါ် တင်ပြီး.. ဖေ့စ်ဘွတ်ခ် ကမ္ဘာ ကြီး ထဲ မှာ.. တတောက် တောက် နှင့်
လျှောက်သွားနေ တာ ကို တော့.. ဘာမှ မတတ် နိုင်ပဲ.. ခွင့်ပြု ထား ရ တော့ သည်။ သူလ
ည်း ပျင်းရှာ ပေ မည်။



ဒီကနေ့ တော့.. အနာ ချုပ်ရိုး တွေ လည်း ဖြေ ပြီး လို့.. ထူထူ တောင်ထောင် လည်း ရှိ လာ လို့.. သူငယ်ချင်း များ နဲ့ ပုံမှန် အလည်ထွက် နိုင် ပြီ ဖြစ်တဲ့ .. ၁၀ ရက် မြောက် နေ့ မှာ.. နှင်းပွင့် လေး.. ၁၈ နှစ် ပြည့်  ပေ တော့ ပြီ ။ ဒီ နိုင်ငံ တွေ ရဲ့ အလို အရ တော့.. သူ့ အတွက်.. အုပ်ထိန်း သူ တယောက်.. မဖြစ် မနေ..မလိုအပ် တော့ ဘူး ပေါ့..။

လူ တယောက် ဟာ.. ၁၈ နှစ် ပြည့် ပြီး..နောက်တရက် မှာ.. ချင်ခြင်း ရင့်ကျက် ပြောင်းလဲ သွား ဖို့ မမျှောင်လင့်နိုင် ပေ မဲ့ လို့.. သဘော အားဖြင့် တော့..အရွယ် ရောက်သူ ဖြစ် ခဲ့ ပေ ပြီ။ မိုင်တိုင် တခု စိုက်ခဲ့ ပေပြီ..။ သေရာပါ..ဒဏ်ရာတခု လည်း ရ ခဲ့ ပေ ပြီ။ ကိုယ်တိုင် ကိုယ်ကျ စိုက်ထူ ရ မဲ့ မိုင် တိုင် တွေ..တခု ပြီး တခု ဆက်လက် ရောက် ရှိ လာပေ ဦး တော့ မည်။

နှင်းပွင့်လေး နောက်ထပ် စိုက် ရ မဲ့..ဘ၀ မိုင်တိုင် တွေ အတွက် .. တဖြည်းဖြည်း.. ရင့်ကျက် လာ ဖို့ ရန် .. သူမ တို့ ပျော်ရွှင် ရာ.. ဖေ့စ်ဘွတ်ခ် နိုင်ငံ ကြီး ထဲ က.. နေ.. သူတို့ လေး တွေ .. ဘယ်လို စာမျိုး တွေ.. ဖတ်ရှု လေ့လာ ခွင့် ရ နိုင် မလည်း.. ဘယ်လို လူကြီးသူမ တွေ ဆီက.. နာခံ အတုယူ နိုင်ကြ မလည်း.. ဘယ်လို ရည်မှန်းချက် တွေ တည်ဆောက် နိုင် ကြ မလည်း... ဘယ်လို.. အခွင့်အလန်း ကောင်း တွေ ဖော် ထုပ် နိုင် ကြ မလည်း.. မောင်ငယ် ညီမ ငယ်လေး တွေ အတွက်..ဘယ်လို လမ်းပြ စံနမူနာ ဖြစ်လာ မလည်း... ဆိုတာ ကို သာ.. သိချင် နေ မိ တော့ သည်။





နေအုံး.... အခု ရေး လိုက် တဲ့.. နှင်းပွင့်လေး အတွက်..မွေးနေ့ လက်ဆောင် စာ ကလေး ကို..သူကလေး သေသေချာချာ ဖတ်ဖြစ် အောင်.. သူ့ ဖေ့စ်ဘွတ်ခ် မှာ.. သွား ပြီး tag ထား မှ ဖြစ် မည် ထင် သည်။

---------

၃ ရက် အောက်တိုဘာ မှာ..၁၈ နှစ် ပြည့်ပြီ ဖြစ် တဲ့.. တူမတော် လေး အတွက်.. မွေးနေ့ လက်ဆောင်..

ကလျာမိတေ ရေ.. နင် လည်း အဆင်ပြေရင်.. ကြီးလာတဲ့.. ဗားရှင်း အဖြစ်... နှင်းပွင့် လေး နဲ့ ဖေ့စ်ဘွတ်ခ် ဆိုတဲ့.. ကာတွန်း လေး နောက် တခု လောက် ..မွေးနေ့ လက်ဆောင် ဆွဲ ပေး ပါ ဦးလား..။း)



ဆက်စပ်ဖတ်ရန်..

မနက်ခင်းလေး
မျိုးဆက်သစ်လေးများ


Share/Bookmark

12 Comments:

kay said...

သက်ဝေ said...

ဖတ်ပြီး စိတ်မော လူမောနဲ့ ကေ့ဆီက အပူတွေ လာဟပ်သွားတယ်... တကယ် မောစရာနော် ကေ...အိမ်ကဟာလေးလဲ အဲဒီအရွယ်ရောက်ဖို့ သိပ်မလိုတော့ဘူးလေ ကေရဲ့...း((
October 3, 2010 2:29 PM
Moe Cho Thinn said...

ငယ်တုန်းတော့ ကလေးဆိုတာ ကလေးပီပီပဲပေါ့ ကေရယ်။ သူတို့လေးတွေဟာ ကောင်းတဲ့ အရိပ်အာဝါသ အောက်မှာ နေရတာမို့ ရင့်ကျက်လာကြမှာ အသေအချာပါ။ အချိန်လေးတော့ ပေးရမှာပေါ့။

တို့လဲ တူမတော် ၄ယောက်နဲ့ ပြီးခဲ့တဲ့ သြဂုတ်က တလ ကျော် အတူသွားနေတယ်။ အတူ အိပ်တယ်။ ချစ်လိုက်ရတာ တယောက်တမျိုး။ တရေးနိုးတောင် ထ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်နဲ့။ ကိုယ်ဖြစ်ချင်တာလေးတွေကိုလဲ မသိမသာ လမ်းကြောင်းရင်း သူတို့ ဖြစ်ချင်တာလေးတွေကိုလဲ အားပေးခဲ့ရတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်ကို ချစ်နေရတာပါပဲ ကေရယ်..
October 3, 2010 2:45 PM
Moe Cho Thinn said...

ကျန်ခဲ့လို့ တခေါက် ပြန်လာပြောပါတယ်။
ပျော်ရွှင် ကျန်းမာပြီး လှပတဲ့ အနာဂတ်ကို ပိုင်စိုးနိုင်တဲ့ သမီးလေး နှင်းပွင့် ဖြစ်ပါစေလို့ မွေးနေ့မှာ ကေကေ့ သူငယ်ချင်း ချိုချိုက ဆုတောင်းပါတယ်လို့ နော်..
October 3, 2010 2:46 PM

TURN-ON-IDEAS said...

ညီလေးနဲ့ နေခဲ့တဲ့ အတွေ့အကြုံပေါ်မှာ အခြေခံပြီး ပြောရရင်တော့...
သူတို့နဲ့ အတတ်နိုင်ဆုံး တသားတည်းဖြစ်အောင် သူငယ်ချင်းကောင်းလို အရင်းနှီးဆုံးတိုင်ပင်ဖော် ဖြစ်အောင်နေဖို့ပါပဲ။
ဘာမဆို ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့တိုင်ပင်ချင်စိတ်တွေ သူတို့ဆီမှာ ရှိနေမှ သူတို့ကို မျက်ခြေမပြတ်မှာ...
သိသိသာသာကြီး စုံစမ်းနေစရာမလိုဘဲ၊ သူတို့ကိုယ်တိုင်ကလဲ မရိပ်မိပဲ သူတို့အကြောင်းကို သိနေမှာ...

ခင်လို့ သိသလောက်ဝင်ပြောတာပါ အစ်မကေ...

ညီမလေးနှင်းပွင့် လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးကောင်းလေး ဖြစ်ပါစေဗျာ...

ခင်မင်းဇော် said...

နှင်းပွင့်လေး ကျန်းမာပျော်ရွှင်စွာနဲ့ မိသားစုအကျိုး နိုင်ငံအကျိုးသယ်ပိုးနိုင်တဲ့သမီးကောင်း ဖြစ်ပါစေ။ ပါးကဒဏ်ရာက တော်တော်ထင်းနေသလား ကေ။ စိတ်ပူစရာ။

Mirror said...

မကြီးရေ... တူမလေးရော၊အဒေါ်ပါ...အစစ အဆင်ပြေပါစေကြောင်းသာ..

ရွှေရတုမှတ်တမ်း said...

ငယ်တုန်းကတော့ ဒီလိုပါပဲ..မကေရယ်..ဒါပေမဲ့ သူ့တို့ခေတ်ကိုမှီအောင်လိုက်ရတဲ့ ..လူကြီးတွေဘဝက ပိုသနားစရာကောင်းတယ်..
တူမချောအတွက်..အန်ကယ်ကျောက်က မွေးနေ့ဆုတောင်းလုပ်လိုက်ပါတယ်..ဗမာထုံးစံအတိုင်း..
ဆုလဲပေးရမှာပေါ့..ဘုန်းကြီးပါစေ...သက်ရှည်ပါစေ..အနာမျိုး ၉၆ ပါးလဲ ကင်းဝေးပါစေဗျာ...

tin min htet said...

အောက်တိုဘာ ၃ ရက်မွေးတာဆိုတော့ ဆိုးမှာ မဟုတ်တာ သေချာပါတယ်။ သေချာဆို ကျွန်တော့် လေဒီလည်း မနေ့က မွေးနေ့လေ။ ဘယ်နှစ်နှစ် ပြည့်လဲ ဆိုတာတော့ မမေးကြေး :P

T T Sweet said...

တူမတော်လေး အကြောင်း သက်ပျင်းတွေ ချရင်း ဖတ်သွားပါတယ် မကေရေ။
အိမ်က သမီးလဲ အဲဒီအရွယ်တွေ ကျော်ဖြတ်ရ ဦးမှာ။ ရင်လေးသေးတယ်။

မမသီရိ said...

ဆယ်ကျော်သက်တွေကတော့ ဒီလိုပါပဲကေရေ
သမီးတကောင်နွားတစ်ထောင်လို့ပြောကြေးဆိုမမတို့ ရဲ့ ပရောဂျက်တွေထဲကတခုမှာ လောလောဆယ် နွား ၅ သောင်း လောက်ရှိတယ်..း)..
Supervisor ၃ ယောက် အနီးကပ်ကြီးကြပ်သူ ၉ ယောက်နဲ့ထိမ်းတာတောင် ပြသနာလေးတွေ တနေ့တမျိုး မရိုးဘူးကွယ်..
တခါခါ သူတို့ဆီသွားတဲ့ခါ ကိုယ်ငယ်ငယ်က ဘယ်လိုဖြတ်သန်းခဲ့ပါလိမ့်လို့ အကြိမ်ကြိမ်တွေးရတယ်.. ဧည့်သည်တွေ လာတဲ့ခါ မျိုးမှာ သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့ မြန်မာစကား ပုံ ကို ရှင်းပြရတာလဲ မမောမပမ်းပေါ့ ..

နှင်းပွင့်လေး မျက်နှာက ဒဏ်ရာ ကလေး ပျောက်ပါစေ.. ဖြစ်စရာ အကြောင်းပါလာလို့ ဖြစ်ရတာပဲမို့ .. ကလေးကို အပြစ်တင်စရာ မရှိသလို.. သူကလေးကိုယ်တိုင်လဲပဲ နောင်တမရစေချင်ဘူး.. .. နောင်တကြိမ်ဆို ဘယ်လို ရှောင်ရှားမလဲ ဘယ်လို ကာကွယ်မလဲ ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့ သင်ခန်းစာ ရရင် အမြတ်ပါပဲ
မသေ တာကို က .. တန်ဖိုး မဖြတ်နိုင် ..

TZA said...

တော်တော်လေးချစ်ဖို့ကောင်းတဲ့ အဒေါ်ပါပဲ၊ နှင်းပွင့်လေးကံကောင်းလှပါတယ်။

SHWE ZIN U said...

k ရေ

တန်ဘိုး ရှိတဲ့ စာတွေ အတွက် ကျေးဇူးပါ တတ်နိုင်သလောက် တော့ ဖတ်သွားတယ် အများကြီး အကြွေးတွေ ကျန်နေတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

စိတ်မောလိုက်တာကေ...အခုတူမလေး..ကျောင်းပြီးသွားပြီလား။

Unknown said...

စိတ်မောစရာ...နော်ကေ..သံယောစဉ်အချစ်တွေ..တူမလေးကကျောင်ြး့ပီးသွားပြီလား။