ကြမ်းတဲ့လမ်းမှာ ..ကြွေတဲ့ပန်းတွေ

လမ်း မပေါ် က..ဖြတ်အလာ.. ကောလိပ် ကျောင်း လေး အရှေ့ မှာ....ကျောင်းသူ တစု စကား ပြော နေ ကြ သည် ။ အနွေးထည် တွေ ..မာဖလာ တွေ.. ကိုယ်စီ နဲ့.. သူတို့ ရဲ့ ပခုံး ပေါ်မှာ..နေရောင် နွေးနွေးက.. ဖြာကျ နေသည်။ အားလုံး လိုလို က.. အရှေ့အာရှ ဆန်ဆန်.... အလယ် အာရှ ဆန်ဆန်.. ။

ခပ်ဝဲ၀ဲ အင်္ဂလိပ် စကား ပြောသံ တချို့ လေထဲ မှာ..လွင့်ပျံ့ ကျန် ခဲ့ရင်း.. အ၀င် တံခါး ခလုတ် ကို နှိပ်ပြီး..အဆောက်အဦ ထဲ ကို လှမ်းဝင် လိုက် သည် ။ စာ တိုက် ဗုံး ကို သော့လှည့် ဖွင့် လိုက် တော့.. ဒီတပတ် အတွက်..Time မဂ္ဂဇင်း အသစ် တောင် ရောက်နေ မှ ပဲ…။ အရင် အပတ် က.. ဟာ တောင် ပြီးအောင် မဖတ် ရ သေး..။ မြန်မာပြည်က.. အခွင့်ထူးခံ.. စစ်သား လူတန်းစား နဲ့.. ဗိုလ်လောင်း သင်တန်းကျောင်း တွေ အကြောင်း ရေးထား တဲ့..ဆောင်းပါး လေး တခုသာ.. ခပ်မြန်မြန် လျှမ်း ဖတ် ရ သေးသည်။ တကယ် တော့လည်း..သိပြီးသား အကြောင်း တွေ မို့… သိပ် မဖတ်ချင်တော့..။ မဂ္ဂဇင်း အသစ် တခု လာတိုင်း..မျက်နှာဖုံး ဆောင်းပါး နဲ့.. .နောက်ဆုံးပိတ်..တမျက်နှာ..အက်ဆေး လေး တွေ ကိုတော့..မဖြစ်မနေ..ဖတ် ဖြစ် သည်။ ဒီ တပတ် ရော..ဘာ ကာဗာ စတိုရီ ပါလိမ့်....

မဂ္ဂဇင်း ကို ပတ်ထားတဲ့..ပလပ်စတစ် အိတ် ကို ဆွဲခွါ ပြီး.. အနားက..အမှိုက် ဗုံး ထဲကို.. ပြစ် ထဲ့ လိုက် သည်။
----
အို… ဘုရား ရေ….
----
အသစ် စက်စက် ..Time မဂ္ဂဇင်း အဖုံးပေါ်က..ခေါင်းမြီးခြုံ မိန်းကလေး ငယ် မှာ.. နှာခေါင်း ကြီး ပြတ်ပြီး..ဟောင်းလောင်း ပေါက် ကြီး ပါလား…။ဘုရား..

What happen if we leave Afgannistan တဲ့။


++++++++++


ကမ္ဘာ့သတင်း တွေ ကို.. အင်တာနက်က တဆင့်.. ကျယ်ကျယ် ပြန့် ပြန့်..စ ဖတ် တတ် လာတဲ့.. အချိန်မှာ.. အီးမေးလ် တွေ ထဲ မှာ..ပျံ့နှံ့ နေ တတ်တဲ့..အာဖဂန် မိန်းကလေး တွေ ရဲ့.. အဖိနှိပ်ခံ ဘ၀ တွေ.. လူဖြစ်ရှုံးပုံတွေ.. တာလီဘန် အစိုးရ ရဲ့.. အကျည်းတန် ရက်စက်မူတွေ..။ Chain mail တွေ ထဲမှာ..ဖတ်ရ တာမို့.. မယုံ မရဲ နဲ့.. ယုံကြည်ရ ခက်ခက် ဖြစ် ခဲ့ ဘူးသည်။ ကားမောင်း တဲ့.. မိန်းမ တွေကို.. ဆွဲ ချပြီး..ရိုက်နှက်တာ.. မိန်းကလေး စာသင်ကျောင်း တွေ ဖျက်ဆီး ခံရတာ.. ။

နောက်တော့..ကိန်း ရုပ်ရှင် ပွဲ တော် ကျ..နိုင်ငံတကာ ရုပ်ရှင်လေး တွေ မှာလည်း..တွေ့ လာရ သည်။ ကလေး သတို့ သမီး လေး တွေ ရောင်းစားခံ ရတာ တွေ.. မူလာကြီး တွေ ရဲ့ မြေးအရွယ်.. အဓမ္မ ဇနီးမယား လေးတွေ.. ဇတ်လမ်း တွေ ကတော့..အဖုံဖုံ နဲ့ အစုံစုံ ပါပဲ။ ၀ါဒဖြန့် တာပဲ ဆိုဆို..တန်ပြန် ၀ါဒဖြန့် တာပဲ ဖြစ်ဖြစ်ပေါ့လေ..။

အခု..မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါး အစ မှာ ကတော့ ...ဒီ အမျိုးသမီး ငယ်လေး ကို..သူ့ ခင်ပွန်း နဲ့.. ယောက္ခမ များက.. အမူရှာရင်း..နားရွက် နဲ့ နှာခေါင်း ကို.. ဓါး နဲ့ လှီးဖြတ် စွန့်ပြစ် ခဲ့တဲ့..အဖြစ်အပျက် ဟာ .. လွန်ခဲ့တဲ့..၁၀ နှစ်ကျော် ကာလ တွေ က.. ဖြစ်ခဲ့တာ မဟုတ်ပါဘူး တဲ့..။ အမေရိကန် တွေ.. နိုင်ငံစုံ ညွန့်ပေါင်း တပ် တွေ.. ၀င်ရောက် တိုက်ထုတ် ပြစ်လိုက် လို့.. တာလီဘန် တွေ.. ကျောက် တောင် ကြီး တွေ နောက် ကွယ်လျှိုး သွား ကြ ပြီး မှ…… နိုင်ငံစုံ တပ်သား တွေ လည်း.. အထောင် အသောင်း မက..အဲဒီ ကျောက်တောင် ကြီး တွေ ကြားထဲ မှာ..ခြုံခို တိုက်ခိုက် သတ်ဖြတ် ခံ ပြီး မှ….. ဒီ စစ်ပွဲ တွေ အတွက်..ဆုံးရှုံး နစ်နာ မူ တွေ..များလွန်း လို့.. ပြန်လည် ထွက်ခွါ တော့မယ် လို့.. အမေရိကန် တွေ.. စဉ်းစားကြ တော့မှ.. အခုနှစ် အချိန် ပိုင်း ကလေး မှာ မှ…….. ဖြစ်ပျက် ခဲ့တာပါ တဲ့။

ဆောင်းပါး ကို ဆက်ဖတ် ရင်း..၀တ်ရုံ ကြီး အမြဲ ခြုံထားလေ့ ရှိတဲ့.. အာဖဂန် သမ္မတ..ခါဇိုင်း ဟာ..သူ့ အတွင်း သဘော ကို ပါ..တခုခု ခြုံ ပြီး အုပ်ထား လေ သလား လို့ တွေးထင် မိ လာတယ်။ ကြားဖြတ် အစိုးရ အနေ နဲ့ တက်လာပြီး.. သံသယ ဖြစ်ဖွယ်ရာ..ရွေးကောက်ပွဲ ရလဒ် နဲ့..ဆက်လက် တည်မြဲ နေတဲ့.. သမ္မတ ခါဇိုင်း ဟာ... တာလီဘန် တွေ..(သူ့ အခေါ်) upset brothers တွေကို.. စေ့စပ်ဖို့ ကမ်းလှမ်း ထားသည်။ လူ့ အခွင့် အရေး ..အထူးသဖြင့်.. အမျိုးသမီး အခွင့် အရေး တွေ အတွက်.. ၀င်ရောက် လုပ်ကိုင် နေကြတဲ့.. NGO တွေ.. အနောက် အဖွဲ့ အစည်း တွေက.. အဲဒီ စေ့စပ် မူ မှာ.. သူတို့ ဆောင်ရွက် နေတဲ့.. လူ့ အခွင့် အရေး ကိစ္စ တွေ ကို.. ထိုးကျွေးလိုက် တော့မှာ လား လို့.. စိတ်ပျက် နေ ကြသည်။ ၁၀ နှစ် ကျော် လောက်..ကူညီ ထောက်ပံ့ နေ တဲ့..နိုင်ငံတကာ ငွေကြေး တွေ ကလည်း.. ဘယ် နေရာ တွေ မှာ.. အချည်း နှီး ဖြစ်နေ ပြီ လည်း လို့.. မေးခွန်း တွေ ရှိ နေ သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က.. အာဖဂန် အမျိုးသမီး ထု ကြီး ကို..ဒီ အတိုင်း ပြစ် မထားခဲ့ ပါဘူး လို့…ထပ်လောင်း ကတိ တွေ ပေး နေပေမဲ့.. အယောင်ပြ ရွေးချယ် တင်မြှောက်ထား ခံရ တဲ့.. ၂၅ ရာခိုင်နှုံး သော.. အမျိုးသမီး အမတ် တချို့ မှာတော့... ခါဇိုင်း အစိုးရ အမျိုးသားထု ကြီး အပေါ် ယုံရ ခက်ရင်း .. တာလီဘန် တွေ..လွှတ်တော် ထဲ ၀င်လာရင်.. ဆိုတဲ့..စိုးရွံ့ မူ တွေ နဲ့..သူတို့ အနာဂါတ် နဲ့ လုပ်ပိုင်ခွင့် တွေ အပေါ်…စိုးရိမ် ကြောင့် ကြ လာနေ ကြသည်။ လွန်ခဲ့တဲ့.. ၁၀ နှစ်ကျော် ကာလ .. မင်္ဂလာဆောင် အပြီး..ရက်ပိုင်းလောက်မှာ..မင်္ဂလာပွဲ တုန်းက..ဆိုးထားတဲ့..လက်သည်း ဆိုးဆေး ကို မဖျက် မိ လို့ ဆိုပြီး..လမ်းလယ်ခေါင် မှာ.. အရိုက်ခံ ခဲ့ ရ ဘူးတဲ့.. လွှတ်တော် အမတ် အမျိုးသမီး တယောက် ကတော့.. အမျိုးသမီးထု ရဲ့.. လွတ်လပ်ခွင့် ကို.. တာလီဘန် တွေ နဲ့ စေ့စပ် ဆွေးနွေးနိုင် လို မူ တခု နဲ့.. မလဲ လှယ် သင့် ဘူး လို့.. ပြော လေသည်။

ဆောင်းပါး က ပြီးသွား လေ ပြီ။ အတွေး တို့က..စိုးမိုး ဆဲ..။ ကိုယ်ပိုင် လူနေမူ ဘ၀ မှာ..အမျိုးသမီး အခွင့်အရေး ဆိုတာ..ဘယ်တုန်းက မှ.. အငြင်းပွား စရာ မရှိ ခဲ့ ပေမဲ့..ငါသာ..အာဖဂန် အမျိုးသမီး တယောက် ဖြစ်ခဲ့ ရင်.. ဆိုတဲ့.. အတွေး နဲ့.. စာအုပ် ကို ပိတ်လိုက် မိတော့…
နှာခေါင်း ဟောင်းလောင်း ကြီး နဲ့.. အမျိုးသမီး ငယ် လေး ရဲ့.. စိုးရွံ နေတဲ့..မျက်လုံး တစုံ …။


+++++++++


ပူစရာ မရှိ ရှာကြံ ပူ ရအောင်.. အာဖဂန် အမျိုးသမီး တယောက် တော့.. ဒီဘ၀ မှာ.. မဖြစ် တော့ ပါ။ သေချာ လှ ပါသည်။ ဒါပေမဲ့.... ငါသာ.. အာဖဂန် နစ္စတန် မှာ..သွားပြီး..အမူထမ်း ရမဲ့.. လူ တယောက် ဆိုရင် ဆိုတဲ့.. အတွေး တခု က.. မလိုအပ်ပါ ပဲ.. ရောက်လာ ပြန် လေ သည်။

လူ ၁၀ ယောက် ပါတဲ့..အနောက်နိုင်ငံ သား ဆေးကုသ ရေး အဖွဲ့ တဖွဲ့.. အာဖဂန် တောင်တန်း တွေ ကြားထဲမှာ.. တာလီဘန် တွေ တိုက်ခိုက် သတ်ဖြတ် တာ ခံ လိုက် ရတဲ့..သတင်း တပုဒ်.. ခုရက်ပိုင်း ခေါင်းကြီးပိုင်း တွေ မှာ.. နေရာယူ သွား သည်။ အဲဒီ အဖွဲ့ ထဲ ကမှ.. အင်္ဂလိပ် လူမျိုး.. အသက် ၃၆ နှစ် အရွယ်.. Dr Karen Woo ဆိုတဲ့..ခွဲစိတ် ဆရာဝန် မ လေး ရဲ့ ပုံရိပ် တချို့က.. မူရင်း သတင်း ထက် ပိုပြီး..အားလုံး ကို..စိတ်ဝင်စား စေ ခဲ့ လေ သည်။ အရွယ်ကောင်း ကောင်း.. ရုပ်ချောချော..ပညာတတ်..ထက်မြက် စိတ်ကောင်း ရှိ တဲ့.. လူသားအကျိုးပြု ဆရာဝန် မလေးက.. နောက် နှစ်ပတ် အကြာ မှာ.. လက်ထပ် ဖို့ ရှိနေ သည် တဲ့..။ …မနေ့ တနေ့ ကပဲ.. အာဖဂန် ဆောင်းပါးကို ဖတ် ထား လိုက် မိ လို့ လား ..ဒါမှ မဟုတ်.. စွဲ ဆောင်မူ ရှိ လှ တဲ့..သူ့ မျက်နှာ ရွှင်ရွှင် လေး ကြောင့် ပဲ လား တော့ မသိ… အင်တာနက် မှာ.. ဟို ဒီ လျှောက် ခေါက် ရင်း.. သူ့ ဘလော့ လေး ဆီ ရောက်သွား မိ လေ သည်။



Dr Karen Woo


သူဘလော့ လေး က.. သိပ် မကြာ လှသေး..။ မနှစ်က.. သူ အာဖဂန် ကို ရောက်လာတော့မှ.. စ ရေး တာ ဖြစ်ပုံ ပေါ် သည်။ ပရိုဖိုင်း မှာ တောင်..အာဖဂန် နစ္စတန် ရဲ့ ကျန်းမာရေး လုပ်ငန်း တွေကို ကူညီ တာဝန်ယူ ရင်း.. အတွေ့ အကြုံ တွေ.. ဝေမျှ ချင် တဲ့.. ရှာဖွေ စွန့်စား ချင်တဲ့.. ကြောင်လေး တကောင် ပါ လို့.. အပြုံးလေး တခု ဖောက် ပြီး ရေးထား လေ သည်။


နေ့ တ၀က်လောက်.. သူ့ ဘလော့ လေး ထဲ လျှောက်သွား ကြည့် နေ မိသည်။ ပို့စ် အခု ၄၀ လောက် ရှိတဲ့ အထဲ မှာ.. တော်တော် များများက.. ရိုးရိုး ရှင်းရှင်း..သူ့ အတွေ့ အကြုံ များသာ။ တာလီဘန် တွေ စွပ်စွဲ သလို.. ခရစ်ယာန် တရားဟော ဖို့ လာတယ် ဆိုရ လောက်အောင် .. သူ့ စာတွေ ထဲမှာ.. နိုင်ငံ ရေး..ဘာသာ ရေး နဲ့ ပတ်သတ် လို့.. ထွေထွေ ထူးထူး မတွေ့ ရ..။ ပထမ ဆုံး နဲ့.. နောက်ဆုံး စာလေး ကို သာ.. သေချာ ထပ်ပြန် တလဲ ဖတ်ရင်း.. ဘလော့ တခု ရဲ့.. ရှင်သန် အသက်ဝင် ခြင်း နဲ့.. ဘလော့ဂ် ပိုင်ရှင် ရဲ့.. ရှင်သန် မူ ရပ်ဆိုင်း သွားခြင်း အကြောင်း..တွေးရင်း.. ရင်ထဲ မှာ..လစ် ဟာဟာ ကြီး ဖြစ်လာ မိသည်။


ဇူလိုင် ၂၀ ရက်နေ့ မှာ ရေးခဲ့တဲ့.. နောက်ဆုံး ပို့စ် လေး ထဲ မှာ .. သူ့ နှင်းဆီခြံ လေးရယ်..သူ မွေးထားတဲ့.. ကြောင်လေးတွေ ..လိပ်ကလေး တွေ ရယ်..ယုန်ကလေး တွေရယ် ကို.. ခွဲပြီး ခရီးထွက်ရ မှာ.. အပြီးတိုင် ခွဲခွါ ခြင်း လို့..သူ ဘယ်သိ နိုင် ခဲ့ လေ မလည်း..။

အခု တော့.. ဒီဘလော့ လေး ကို.. ကိုယ်လို စိတ်ဝင်စား စာနာ သူတွေ အပြင်..သတင်းသမား တွေ လည်း..တော်တော် ၀င်ရောက် မွှေ နှောက် ကြ လေ သလား မသိ..။ ဇွန်လ ထဲ မှာ ရေးခဲ့တဲ့.. Love really is greater than Death ဆိုတဲ့ ပို့စ် တခု ကို ဖြင့်.. သတင်း တော်တော် များများ က… ကိုးကား ဖော်ပြ နေ ကြ သည်။

သူမ ရဲ့ လုပ်ဖော် ကိုင်ဖက် တယောက် နဲ့ နီးစပ် ခင်မင်သူ ၂ ဦး .. အာဖဂန် မြေပေါ်မှာ..လေယဉ် ပျက်ကျ သေဆုံး ရတဲ့..သတင်း အပေါ်.. စိတ်ထိ ခိုက် ရင်း.. အန္တရယ် တွေ နဲ့..နက်ရှိုင်း နားလည် ရ ခက် လှ တဲ့.. အာဖဂန် စစ်မြေပြင် ကြီး နဲ့.. သေခြင်း တရား အကြောင်း ..သူမ တွေးတော နာကျင် နေခဲ့ ပုံ ရလေ သည်။

Nothing in life is for sure, nothing that you see today will always be here tomorrow. All of these people come to Afghanistan of their own volition, they come knowing that they may pay with their lives, the black humour is rife, a good way to keep the apprehension low, to keep calm and carry on. Perhaps no one ever expects it to be them, perhaps not their immediate friends either, it always some poor unknown person, a local national, a third country national. We count those that matter to us. We say that we are prepared for the loss whatever that may be but is it ever possible to be so? To be so prepared is that at polar opposites to the decision to be there in the first place, that somehow, it will never be me or anyone close to me.


အချိန် မရွေး ကျရောက် လာနိုင် တဲ့.. အန္တရယ် တွေ ရှိ နေ တာ..သိ ကြ ပေမဲ့.. နောက် တယောက် က.. ကိုယ်တိုင် ဖြစ် နေ လိမ့် မယ် လို့ တော့.. ဘယ်သူ က မှ.. ထင်ထား ကြလိမ့် မယ် မဟုတ် ပေ။

နောက်ဆုံး စာ ကြောင်း လေး ထဲ မှာ .. သေခြင်းတရား ကို ခွါ ကြည့် လိုက်.. ယူ ကြည့်လိုက် လုပ်နေ ပုံ ပေါ် တဲ့.. သူမ ရဲ့ ပေါက်ကွဲ နေတဲ့.. အတွေးလေး တခု ကို တော့ ဖြင့်.. ဆင့်ပွား ကူးစက် မတွေး လို တော့ ပေ။

Death is a strange and complete entity. In plain sight of death we contemplate our own mortality and that sensation of loss that is so fucking unfair.


Ref:

selfless-doctor-gunned-down
Dr Karen' blog
Afghan women and the return of Taliban ( Times )


Share/Bookmark

15 Comments:

ကလူသစ် said...

ဒီကောင်တွေအကြောင်းတော့ မပြောချင်ပါဘူးဗျာ။ သတင်းတွေ့ရင် ဖတ်ကို မဖတ်ချင်တာ။ သူတို့ဆီက အမျိုးသမီးတွေကိုတော့ သနားပါရဲ့။ မနက်က တူဒေးမှာလဲ ခေါင်းစဉ်တခုအမြန်ဖတ်ခဲ့သေးတယ်။ ဘာတဲ့ ဗိုက်ကြီးလို့ ပစ်သတ်တယ်ဆိုလားပဲ။ စာသားကိုတော့ မဖတ်ပါဘူး စိတ်မညစ်ချင်လို့။

TURN-ON-IDEAS said...
This comment has been removed by the author.
TURN-ON-IDEAS said...

Wondering about the feeling and thought of those afghan men who have female siblings including that girl whose nose had been cut...

မေဓာဝီ said...

စိတ်မကောင်းစရာပဲ မကေရယ် ...
Dr Karen ဘလော့က Love really is greater than death ပို့စ်ရဲ့ ကွန်မန့်တွေ အရင်ဖတ်ကြည့်ပြီးတော့လဲ စိတ်မကောင်း ဖြစ်မိပြန်တယ်။ ပထမဆုံးပို့စ်ကစပြီး ဖြည်းဖြည်းချင်း ပြန်ဖတ်အုံးမယ်။

ကျေးဇူးပါ မကေ ...

T T Sweet said...

မကေ ... သတင်းခေါင်းစဉ်တွေ တွေ့တွေ့နေပေမဲ့ ၀င်မဖတ်ဖြစ်ဘူး။ English လိုဖတ်ရမှာပျင်းတာရယ် ... နောက် ... ဖတ်ပြီးမခံစားနိုင်ဖြစ်မှာစိုးလို့ရယ် ...
ဒါပေမဲ့ ခုမကေရေးထားတာကိုတော့ (မြန်မာလိုဆိုတော့) အစအဆုံး သေချာဖတ်သွားပါတယ်။
အာဖဂန်မှ အမျိုးသမီးများ လူ့အခွင့်အရေးတွေရရှိပြီး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးရုံမှ တပါး ...

MieMie said...

အဲ ဒေသ သွားပြီး ကယ်တင်ချင်တဲ့ သူ တွေ ကို ဘဲ အပြစ်တင်ရမလို ဖြစ်နေပြီ ... နှာခေါင်းပြတ်နေတဲ့ အာဖဂန်မလေး အကြောင်း တော့ ဖတ်လိုက်ရပြီးပြီ...
သူတို့လူမျိုး အချင်းချင်း ဘာဖြစ်ဖြစ် လွှတ်ပေးထားရမှာ ... ဘယ်တော့မှ ပြောင်းလဲ လာမှာလည်း မဟုတ်ဖူး...ခုတော့ ကြားကနေ ပညာတတ် လူယဉ်ကျေး တွေ ဆုံးရှုံး နေရတာ မတန်လှဘူး....

Maung Myo said...

စိတ်မကောင်းစရာပဲ အဲ့တာကြောင့် စေတနာဟာလူတိုင်းနဲ့ မတန်ပါလို့ စကားတွင်တြာ့ဖစ်မယ် ။

mysterysnow said...

မကေ
အာရပ်ကမ္ဘာက အမျိုးသမီးတွေအတွက် စိတ်မကောင်းပါဘူး...
Karen တို့လိုစေတနာ့ဝန်ထမ်းတွေကတော့ သူတို့ရဲ့ အန္တရာယ်တွေကို သိနေပေမယ့်လဲ ခြေလှမ်းတွေ မတွန့်တတ်ပါဘူး...
ညီမက လေဆိပ်မှာ သူတို့ရဲ့ Flights တွေကို အမြဲလုပ်ပေးနေရတာဆိုတော့ အီရတ်ကိုသွားတဲ့သူတွေ အာဖဂန်ကိုသွားတဲ့သူတွေနဲ့ အမြဲတွေ့ဖြစ်တယ်...
ဒီလိုအဖြစ်ဆိုးတွေကြားရတိုင်းလဲ စိတ်မကောင်းဖြစ်ရတယ်...

နှင်း

khin oo may said...

စိတ်မကောင်းလိုက်တာ..

မမသီရိ said...

2008 စက်တင်ဘာ တုန်းကလဲ ကျမတို့ဆီ ကပညာရေးအတိုင်ပင်ခံ အမျိုးသမီး နဲ့ သူ့ဝန်ထမ်းတွေ အန်းဘုရှ် ကြောင့် အသက်စွန့်ခဲ့ရတယ် .. ကြွေတဲ့ပန်းတွေ ရှိနေပေမဲ့ အဲဒီကြမ်းတဲ့လမ်းမှာ ပဲ လိုအပ်ချက်တွေ ရှိနေတော့ .. အသက်စွန့် ပြီး သွားနေကြရအုံး မှာပါပဲ

ကိုချစ်ဖေ said...

မကေ
စိတ်မကောင်းလိုက်တာဗျာ
စေတနာရှင်တွေက အဲ့ဒီကြမ်းတဲ့လမ်းကို သိသိကြီးနဲ့လျှောက်ကြတာ လေးစားစရာဗျာ.
ကျနော်သာဆို.ရင်လို့..တွေးမိနေတယ်.ကြီးကြီး
ကျယ်ကျယ်တွေလဲ မတွေးရဲတော့ဘူး..

Dr. Yi Yi Win said...

ဒီပို့ စ်လေးက ခံစားချက်ပါတယ်နော် ကေ။ သူတို့ နေရာမှာ ကိုယ်တို့ သာဆို တိုတဲ့ခံစားချက်မျိုး။
ဒီနေ့  ဘလော့ဂ်ကြီးပွင့်နေလို့ ဝင်မန့် ခဲ့ပြီ။

ခင်မင်းဇော် said...

သူတို့ဘာာသာရွေးချယ်မှု.. ကျေးဇူးတင်စရာ မလိုဘူးလို့ ပြောမယ့်လူတွေ ရှိသေးတယ်ကေ..အင်း အမကတော့ ကျေးဇူးတရားကို သိတတ်သူသာ ဖြစ်ချင်တယ်။

susu said...

‌ကေ...အာဖဂန်ကအမျိုးသမီး‌လေးအ‌ကြောင်းဖတ်ပြီး
စိတ်မချမ်းသာဘူး...ဟုတ်တယ်‌ကေရဲ့၊သူတို့‌တွေသိပ်
ရက်စက်ကြတာ.တ‌လောတုန်းကလဲသားလုပ်တဲ့သူက
သ‌ဘောမတူတဲ့မိန်းက‌လေးနဲ့ခိုး‌ပြေးသွားလို့တဲ့
အဲဒါ‌မြေလှန်ရှာပြီးမိန်းက‌လေးကိုသတ်ပစ်လိုက်တယ်၊
အတူတူလုပ်တာချင်း‌ယောက်ကျား‌လေးကျ‌တော့အပြစ်မရှိဘူး...ဗိုက်ထဲကက‌လေးကိုအာထရာလ်
‌ဆောင်းရိုက်‌တော့မိန်းက‌လေးမို့လို့ဆြိုပီးပစ်ထားခဲ့ရ
တာနဲ့...သူတို့မို့လို့လုပ်ရက်တယ်။ပီးရင်ကိုယ်တိုင်ကျ‌တော့မိန်းမ‌တွေတ‌ယောက်ပြီးတ‌ယောက်ယူတယ်၊
ဒီ‌လောက်ဖြစ်လှတာ ယုတ်ညံ့ပါတယ်ဆိုတဲ့မိန်းမ‌တွေ
ဘာလို့ယူ‌သေးလဲ၊‌ယောက်ကျားချင်းဘဲယူလိုက်ကြ
ပါ‌တော့လား။

Moe Cho Thinn said...

လူ့အခွင့်အရေး ဆုံးရှုံးသူတွေ၊ စနစ်ဆိုး လူဆိုးအောက်မှာ ရှင်သန် ဆက်ဆံ နေထိုင်ရသူတွေ.. တလှေတည်းစီးတွေမို့ ပိုရင်နာရပါတယ်လေ..