အတွေးစများ (၄)


ဆူဟာတို
----------

သတင်း တွေ တက်လာခဲ့တယ်။ အင်ဒိုနီးရှား အာဏာ ရှင် ဟောင်း ကြီး..ဆူဟာ တို ကွယ်လွန်ပြီတဲ့။ အသက်က..(၈၆)။ ဘာ တွေ ထူး ခြား သွားလဲ။ ဘာမှ မမြင်မိပါ။ သူ သေ နေခဲ့တာ ..ကြာပါပီ ကော။ သူ့ပုံရိပ်ဟောင်း တွေ ကိုကြည့်ရင်း.. သမိုင်း ကြီး ထဲမှာ..ငြီးစီစီ ရှိလှသည်။ စိန တိုင်း သား ရုပ် ဖြစ်တဲ့ သူ့ပုံ ကို ကြည့် ရင်း.. အာရှ တလွှား..စိန မျိုးစိတ် တွေ..ပျံ့နှံ့ ခဲ့ပုံ ကိုသာ.. မနုသာဗေဒ ရှုထောင့် က ကြည့်ရင်း.. migration pattern တွေဆီ..စိတ်ရောက်သွားတယ်။
Chinese are Asian Jews ဆိုတဲ့..အပြော လေး ကို..ဆောင်းပါးတပုဒ် မှာ..Jews are European Chinese ဆို တာ ပိုမှန် မယ် လို့..အထွန့်တက် ထား တာ တွေ့ဖူးတယ်။
ဘယ်လိုပဲ ဆိုဆို.. အာရှ တလွှားမှာ.. အများဆုံး နဲ့..အထူးချွန်ဆုံး.. အချမ်းသာဆုံး များ အဖြစ်.. ရာစု နှစ် တွေ ကျော်ခဲ့ ပေပြီ။ ၂၁ ရာစု နောက်ပိုင်း မှာ ဆို.. အမေရိက လို..သြစတြေလျ လို နေရာ မျိုး တွေ မှာ ပင်.. နေရာ ယူ လာ ပေ အုံးမည်။ ကမ္ဘာ ကြီး..ပြားလာပီလား..ပါးသွားတာလား.. ထုံးခေါက် သွားသလား..။ သေချာ တာတော့.. ၂၁ ရာစု သည် era တခု ထဲကို ချင်းနင်းသွား ပြီ ဆို တာတော့..အားလုံး ခံစား ရမှာပါ။
-----------------------------------------
သြစကြေလျ ဒေး (Australia Day)
-----------------------------------
သောကြာ နေ့( ၂၆ ဇန်န၀ါရီ ) က..သြစတြေလျ နေ့ တဲ့။ Capt. Cook ဆိုတဲ့ အင်္ဂလိပ် ရေတပ် ဗိုလ် တယောက် ..ဒီတိုက်မြေ ကြီး ပေါ် ကို..စတင် ကမ်းတက် တဲ့ နေ့တဲ့။ ဈေးဝယ် ကတ်တလောက် စာ ရွက်တွေမှာ..သြစတြေလျ အလံ ပုံပါတဲ့..ကုန်ပစ္စည်း မျိုးစုံ ကို ကြော်ငြာ ထားသည်။ ထမင်းချက် တဲ့..အေပရွန် က အစ..ရေကူးဝတ်စုံ..ဖိနပ်..။ အားလုံး..တရုတ်ပြည် မှ ထုတ်လုပ်ပေး သည်။ ဈေး ချို သည်။ အပျော် သုံး ရန် ဖြစ်သည်။ သြစတြေလျ ကလူတွေ...သြစကြေလျန် နေ့မှာ ဘာလုပ် ကြသလဲ ဆိုတော့.. အမျိုးသားဝတ်စုံ ၀တ်ပြီး.. ဘာဘီကျူး ကင်စား ကြတယ်တဲ့။ သူတို့ အမျိုးသား ၀တ်စုံ က..ဘာလဲ ဆိုတော့.. တီရှပ် ဘောင်းဘီတို နဲ့..ညှပ်ဖိနပ် တဲ့။ အစိုးရ က..ဦးဆောင်ကျင်းပ တဲ့..ပွဲ တွေမှာ တော့.. multi culture ဆိုတာ ကို တကူးတက အသား ပေး ကြတယ်။ အိန္ဒိယ ၀တ်စုံ..တရုတ် ၀တ်စုံ.. စကော့ဝတ်စုံ..အီတာလျံ ၀တ်စုံ ..စသဖြင့်..အမျိုးစုံ လှ တဲ့..အဖွဲ့တွေက.. We are Australian ဆို တဲ့.. သီချင်းကို သံပြိုင် ဆို ကြတယ်။ တပြိုင် တည်းမှာပဲ .. ဒေသခံ Aborigin လူမျိုး တွေ နဲ့.. လူဖြူ တချို့ ကလည်း..မြို့ကြီး တချို့မှာ.. Invasion Day ဆိုပြီး.. စတင် အကျူးကျော် ခံ ရတဲ့ နေ့ ကို ကျင်းပ ကြတယ်။ ဟုတ် လည်း ဟုတ်တဲ့ လော ကကြီး။ ဘက်ယူ ဖို့ ခက် တဲ့ ကမ္ဘာကြီး။ မသိ ချင် ယောင် ဆောင် တာ ကပဲ ပို ကောင်း မယ် ထင်တယ်။ တော် တော်များများ လည်း..အဲလိုပဲ.....................။ :P
--------------------
Online Group
----------------
အဲဒီ အုပ်စု လေး ကို ..သတိ ထား မိ နေ တာတော့ ကြာပီ။ အွန်လိုင်းမှာ တွေ့ကြတဲ့ မြန်မာ လူငယ် လေးေ တွ..စုပြီး..ကိုယ်ထူ ကိုယ်ထ လူမူရေးလုပ်ငန်း လေး တွေ လုပ်ကြတာ တဲ့။ ဒီနေ့မှ..ဧရာဝတီ စာစဉ် မှာ အေးချမ်းမြေ့ ရေး တာ ထပ် ဖတ် လိုက် ရ မိတော့..ကြည်နူးလို့..မျက် ရည် တောင်လည် မိတယ်။ ခုနောက် ပိုင်း.. မြန်မာပြည်မှာ..ကိုယ်ထူ ကိုယ်ထ ဆိုတဲ့ စကားလုံး တော် တော် တွင်ကျယ် လာတယ် နော်။ ကိုယ်ထူ မှ ထ လို့ရမယ်တဲ့။ အရေး ကြီးတာက..သူများထူ တာ ကိုတော့..တွန်းမလှဲ မိဖို့ လိုမယ်နော်။
--------
ရမ္ဘို
-------
ခုတလော..ကွန်ယက်သတင်း များမှာ ကြီးစိုးနေ တာကတော့..ဂျွန်ရမ် ဘို ရုပ်ရှင် နဲ့..စတာလုံး..။ ပြီးတော့..ကပ်လျက် ပါ လာတဲ့..ဝေဖန်ရေး များ။ သုံးသပ်ချက် များ။ ထင်မြင်ချက်များ။ တချို့ကလည်း..ဒီလောက်ကြီး လည်း မဟုတ် ပါဘူးတဲ့။ တချို့ကလည်း..ဖြစ်နိုင်ချေ တွေကို..ဆွဲစပ် သုံးသပ် ကြတယ်။ တချို့ကတော့..ဘာပဲဖြစ်ဖြစ်..ကောင်းကောင်းမကောင်းကောင်း..ကြိုက်တယ်တဲ့။ တချို့ ကတော့..ခြေဖ၀ါး ကို စူးဆူးသလို..နေရ ခက်ပါဘိ တော့ ..ဖြစ်ကြမလား။ ကိုယ်တော့.. B-movie ဆိုလို့..သွားမကြည့် တော့ဘူးလား..တွေးမိတယ်။ သတ္တိဗလ..ဗျတ္တိက..ဗန္ဓုလ နဲ့..အမျိုးမတော်လို့..တော်သေးတယ်။
-------------------------------------------
ကလေးသူငယ် သေဆုံးမူ နံပတ် လေး
------------------------------------
မြန်မာ ပြည်ဟာ..တနှစ်ကို ကလေး ၄၀၀ သေနှုံး ရှိတယ် ဆိုပါလား။ ဟုတ်လား မဟုတ်လား တော့ မသိ။ မြင်နေရ တဲ့ ကလေး တွေကတော့..အသားအရေ..မွဲခြောက်..ပြီး..အာဟာရ မပြည့်ဝ ကြတဲ့ ကလေး တွေ ဟာ နေရာတိုင်းမှာ..အပြည့်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ.. ကလေးသူငယ် ငတ်မွတ် ခေါင်းပါးမူ နဲ့ ကြုံ နေရတဲ့ အချိန်မှာ..ဖွံ့ဖြိုးပီး နိုင်ငံတွေမှာ တော့.. အ၀ လွန် ကလေးငယ် များ အတွက်..ခေါင်းကိုက် နေရ ပါသတဲ့။ ကဲ..အဲဒါကြောင့် ပြောတာ..ကမ္ဘာကြီးက..မခက် လား။


Share/Bookmark

1 Comment:

diLo said...

thanks for ur thougths.
really useful and informative :D