ဘလော့ဂ်ဥပုသ်


ဗေဒင် တို့ ယတြာ တို့ကို ယုံကြည် လွန်းလှ သည် တော့ မဟုတ်။ မယုံ မကြည် လည်း ပြက်ရယ် မပြု နိုင် ပြန်။ ထုံးစံ အတိုင်း အသင့် အတင့် နှလုံးသွင်း ရင်း..ဥပဒါန် ကို လည်း ရှောင်...ဥပဒ် ကို လည်း တွန်းလှန် နိုင် ရ ဖို့ သာ။


တလော က တော့.. ကိုယ် လည်း မမေး ခိုင်း ပါပဲ နဲ့....မိခင် လုပ်သူက.. သူ့ ရဲ့ ဖောက်သည် ဗေဒင် ဆရာမ ဆီမှာ..ဓါတ်ပုံ ပြ ပြီး..ဟောစာတမ်း ထုတ်လာ လေ ရဲ့။ ဗမာပြည် က.. ၉ ၀ ရာနှုန်း လောက် သော.. ဗေဒင် ယတြာ ယုံကြည် သူ များထဲမှာ.. မေမေ လည်း တယောက် အပါအ၀င် ပေါ့လေ။


ကျန်းမာရေး အညံ့ ရှိတယ်။ ခွဲစိတ်ခံ ရ အုံးမယ်..ဟိုဟာ..ဒီဟာ..။ မိတ်ဆွေ ပျက်ကိန်း ရှိတယ်။ ဘယ်နေ့ နံနဲ့ စကား ပြော သတိထား.. ဘာဘာ ညာ ညာ..။ ဟောစတမ်း မှ ဖတ်လို့ မဆုံး ခင်..ဥပဒ် က ၀င်ချင် နေပြီ။ စိတ်တွေ က..မှိုင်း လာ သည်။

မေမေ ပြောလေ့ ရှိတဲ့ အတိုင်း..ဒါ..ဘာမှ ကြောက်စရာ မဟုတ်ဘူး.. မဖြစ်သင့်တာ မဖြစ် အောင်..ယတြာ ချေ လိုက် ယုံပဲ....တဲ့။ ကဲ.. ယတြာက ဘာတဲ့ လဲ.. ဒါဆို...။


တခုခု ကို သီလ ယူ.. ဥပုသ် စောင့် ပါ.. တဲ့။ အားထုတ် ထိန်းချုပ်ရ မဲ့ ဟာမျိုးပေါ့... ညစာ မစားတာမျိုး.. ။ သီချင်း နားမထောင် တာမျိုး..။ တီဗီ မကြည့် တာ မျိုး..။ ဒါတွေက.. ဘာ ခက်လို့ လည်း...နော်..။ တကယ် ခက်တာက....

......

အင်တာနက် ဆိုရင် ကော...။

အင်း..ဟုတ်တယ်... အင်တာနက် မသုံးဘူး လို့ သီလ ယူ လိုက် ရင် ကော..။

၈ ပါး သီလ မဟုတ်တောင်.. ၅ ပါးသီလ မှာ..အင်တာနက် ပါ ထဲ့ပြီး..၆ ပါး သီလ စောင့်သင့် နေတဲ့ ခေတ်ကြီး ဆို တော့ လေ...။


ဗေဒင် ဆရာမ ရဲ့ စာလုံးတွေ ကြားထဲမှာ.. ထုံးစံ အတိုင်း.. မေမေ့ ရဲ့... ကိုယ်ပိုင် ၀ါကျ ..ဆုံးမစာ တွေ က.. မျဉ်းသား လို့ရော.. စတား တွေ ပြလို့ ရော.. ပါလာ သေး တယ်။


“ မလိုအပ်တဲ့ စကားတွေ မပြောနဲ့....လူတွေ နဲ့ အပို ဆက်ဆံ တာ..တတ်နိုင်သမျှ.. လျှော့...တဲ့...” ။ အဲ...နေ့တိုင်းလို တက်ကြည့် ဖြစ် နေတဲ့.. ဖေ့စ်ဘွတ်ခ် ကြီး ကို သာ.. ပြေးမြင်ယောင် မိေ တာ့သည်။


အဲဒီ လောက် ကြီး တော့ လည်း မဖြစ်သေးပါဘူးလေ..။


အင်း...ရှဥ့် လည်း လျှောက်သာ ပျားလည်း စွဲ သာ အောင် ဆိုရင် တော့...အင်တာနက် တော့ သုံးမယ် လေ.. ဒါမဲ့...ဘလော့ဂ် မရေး သေး ဘူး ... ဖေ့စ်ဘွတ်ခ် လည်း.. သိပ် မသွား ဘူး ကွာ...။ ဟုတ်ပလား...။ ဟမ်း.. ငါ့ဟာက.. ထိန်းချုပ်တာလား.. ကန့်သတ် တာလား... ။ ဘာပဲ ဖြစ်ဖြစ် ကွာ ... ဖြစ်နိုင် တဲ့ အလုပ် တခု မို့ ....ဘလော့ဂ် ဥပုသ် တော့ စောင့် ရ မည် ။


ဟုတ် တယ်... ဘလော့ဂ် ဥပုသ် စောင့်ရ တော့မယ်။


ကျမ အတွက်...စောင့် လည်း စောင့် သင့် နေပြီ ။ ဘလော့ဂ် ရေး လာ ခဲ့တာ.. ၃ နှစ် ထဲ ၀င်လို့.. ကျော် တောင် ကျော်ခဲ့ပြီ။ ပုံမှန် လောက် နီးနီး.. တလ ကို အနည်း ဆုံး သုံး- လေးပုဒ် တော့ ရေးဖြစ် နေ ခဲ့ သည်။ ၃ နှစ် ဆိုတဲ့ ကာလ ကို ပြန် ငဲ့ ကြည့် တော့... ပို့စ် ပေါင်း ၃၀၀ ကျော် မှာ...ဘလော့ဂ် တလုံး နဲ့... ပျော်ခဲ့ ပြီးပြီ။ ဟန်းနီးမွန်း ခဲ့ပြီးပြီ။ ရေးချင် တာတွေ လည်း ရေးခဲ့ ပြီး ပြီ။ လွဲစရာ ရှိတာ တွေ လည်း လွဲ ခဲ့ ပြီးပြီ။ မလွှဲသာ မရှောင်သာ စိတ် ကသိ ကအောက် လေး တွေ လည်း.. တွေ့ ဘူး ခဲ့ ပြီ။ ခဏ တော့ နားဖို့ သင့် ပြီ..ဒါမှ မဟုတ် လျှော့ ဖို့ သင့် ပြီ။ တကယ် ကတော့.. အလိုလို ကို.. ရေးချင် စိတ် တွေ က... သူ့သဘာဝ အလျောက်..ကွေးညွတ် နှေးကွေး သွား တာ ထင် သည်။ ဒါမှ မဟုတ် ..စောင့်ထိန်း သင့် စရာ တွေ ကို .. မြင်လာ ခဲ့ လေ သလား...။ ဒါ ဆိုရင် လည်း..ဘလော့ဂ် ရဲ့ သဘော သဘာဝ နဲ့... များစွာ ကွဲလွဲ လာ နေပြီ ပေါ့။


ဘာလို့ လည်း ဆိုရင်...ဘလော့ဂ် ဆိုတာ.. သွက်လက် တယ်... ပေါ့ပါးတယ်.. လွတ်လပ် တယ်။ ပြီး တော့.. ဖြိုးကနဲ... ဖျပ်ကနဲ ။ ခု.. ကိုယ် တွေ က..လေးလံ လာ သလိုလို..။ ပျင်းတွဲ့ လာ သ လိုလို။


ရေးစရာ တွေ ရှား သွား လို့ လား..။

မဟုတ် ဘူး ထင်သည်။ အင်း.. ရှား တော့ ရှား တယ်... ဒါပေမဲ့ လည်း မရှား ဘူး ဆိုတာမျိုး ။ ကဲပါလေ...ဘလော့ဂ် နဲ့ ပတ်သတ် လို့... ဟိုဒင်း..ဒီဒင်း ..ဟ၀ှါ..ဒဟာ.. ဟိုက်ပိုသစစ်စ် လုပ် နေ ရင် တော့..ပြီးမှာ မဟုတ် ပေ။ ဘလော့ဂ် ဘာလဲ ဘယ်လဲ ဆိုတာ...သူ့ လမ်းကြောင်း ကို သူ ထွင် သွား နေ သည် ပင်။ ကိုယ် ပူ စရာ မလို....။


ပူချင်လို့.. ဘလော့ဂ် ရေးသူ တယောက် အနေနဲ့... တခုခု ပြော ရမယ် ဆိုရင် တော့...သုံးနှစ် လောက် ဘလော့ဂ် ရေးခဲ့ သမျှ...ကိုယ် ပိုင် အမြင် အရ .. ဘလော့ဂ် နည်းပညာ အသုံးချ မူ လမ်းပေါ်မှာ.. စာတပုဒ် ကို အလွယ် တကူ .. ကိုယ်ထူ ကိုယ်ထ ရေးနိုင် လာ သလို.. အလွယ်တကူပဲ.. ချီးမွမ်း ခံ ရ နိုင် သည်။ အလွယ် တကူပဲ..ကဲ့ရဲ့ ..ပြစ်တင် ခံ ရ နိုင်သည်။ ဒါကလည်း..သဘာဝ ကျ ပါသည်.။


ဒါပေမဲ့..ဘလော့ဂ် တွေ အပေါ် ထားတဲ့ အမြင်..ဒါမှ မဟုတ်.. လက်ခံ နိုင်မူ ကတော့.. တချို့ နေရာ တွေမှာ...ခက်ခဲ နေသေးသည်။ ဒါကလည်း.. အရည်အသွေး ထိန်းချုပ်မူ ဆိုတဲ့.. ထုပ်လုပ်မူ အခြေခံ သဘောတရား နဲ့... ကင်းလွတ် နေ လို့ လည်း ဖြစ် ပေ မည်။ ဒါဆိုရင်...ရောင်းသူ ၀ယ်သူ..ရေးသူ..ဖတ်သူ.. ဆိုတဲ့.. demand/ supply ၀င်ရိုး သဘောတရား မှာရော...။ ဘာမှ မဆိုင်...။ စာတပုဒ် ဆိုတာ.. ရေနံစိမ်း တဂါလံ မှ မဟုတ်တာ..။ ကွန်ပြူတာ တခု ရဲ့ အမှတ်တံဆိပ် တခု မှ မဟုတ်တာ။ apple က ထုတ်လိုက် တဲ့... ipad လိုမျိုး.. ပေါ်ပင် ခေတ်စား လာတဲ့.. အသုံးချမူ တခု နဲ့ နှိုင်းယှဉ် ရင်မှ.. ဟုတ် တုတ်တုတ် ရှိချေ ဦးမည်။ နောက် တချက် က... ရေးသားမူ ပုံစံ.. ဘာသာရပ်.. အုပ်စု တွေ ကွဲပြား ခြားနား မူ ကလည်း... “ဘလော့ဂ် ဆိုတာ...” ဆိုပြီး... သိမ်းကျုံး ဆွဲယူ ... ကောက်ချက် ချဖို့ ..တန်ဖိုး ဖြတ် ဖို့ .. မဖြစ်သည့် အနေအထား..။ဒါပေမဲ့...ဘလော့ဂ် ဆိုတာ.. ပြောခဲ့သလို.. တိုက်ရိုက် သဘောအရ... လွယ်ကူ သလောက် ..cheap ဖြစ်သလောက်.. တကယ် ဘလော့ဂ် ကို ခုံခုံ မင်မင် ရေးသား နေသူ တွေ ကို မေး ကြည့်ပါ...။ cheap မဖြစ် ပါဘူး..။ အားလုံး..ကိုယ့်အတိုင်း အတာ နဲ့ ကိုယ် တန်ဖိုး ထား မြတ်နိုး ကြ မှာပါ...။ ဘယ်သူ့ အတွက်ရေးတာလည်း..အများအတွက်လား..ကိုယ့် ဟာဒယ အတွက် လား..အချစ် အတွက်လား... ဘယ်သူ့ အတွက် မှ မဟုတ်ဘူး.. ရေးချင် လို့ ရေးတာ.. ။ ဘယ်လို.. စေ့ဆော် မူတွေပဲ.. ရှိ နေ ရှိနေ.. အတိုင်း အတာ တခု တော့.. ပေးဆပ် ရတာပါပဲ...။ အချိန် ပေး ရတာ.. ပဲ ဖြစ်ဖြစ်... စိတ် အာရုံ စွဲလန်း ရ တာမျိုး .. ပဲ ဖြစ်ဖြစ်...။ ဒါပေမဲ့ လည်း...ဘယ်လောက်ပဲ အတွေး တွေ ကို ဖန်တီး တည်ဆောက် အချိန်ကုန် ခံစေ အုံး တော့... စွဲဆောင်မူ အနည်းဆုံး လို့ ဆို ရမဲ့... ပုံနှိပ် စာအုပ် တအုပ်.. စာမျက်နှာ တရွက်ရွက် လောက် တောင်... အသိအမှတ်ပြု ခံရ နိုင် ဖို့.. အခွင့်အလန်း နည်းလွန်း လှ ပေသည်။


တလော က..New Mandalar အွန်လိုင်း အင်တာဗျူး တခု မှာ..ဗမာပြည်ဖွား..သမိုင်း ပညာရှင် ကြီး တယောက် က... I don't read blogs as a matter of principle.

လို့ ဖြေ သွား တာ ဖတ်လိုက် ဘူး သည်။ အဲဒီ စကား အတွက်.. သူတို့ အရွယ်..လူကြီး စာဖတ် ပရိသတ်.. ပညာရှင် တွေ.. ဆရာ တွေ.. စိတ်ဆိုး မာန်ဆိုး.. ဝေဖန် ..ငြင်း ကြ ..ခုန်ကြ တာ ကို.. သွားမော့ ဖတ် ရင်း.. သြော..သူတို့ မှာလည်း ဒါမျိုးလေး တွေ ရှိတာပဲ လို့.. ပြုံးမိ သေး သည်။ တကယ်တော့.. အဲဒီ ဒေါက်တာကြီး လည်း မမှားပါ။ သူလည်း သူ့မှာ..အရေးတကြီး ဖတ်စရာ တွေ များပြား လှပေ မည်။ သူ့ မူ နဲ့ သူ ရှိပေမည်။အငြင်း အခုံ မှတ်ချက် တွေ ကြားထဲမှာ..စိတ်ဝင် တစား ခေါင်းညိမ့် လိုက် မိ တာ က... အယ်ဒီတာ ၀င်ပြော လိုက်တဲ့..စကားလေး တခွန်း ကို ပါ။


" one of the things that blogs do is bring everyone down to the same level. I have a sneaking suspicion that this is the reason why the professor avoids reading.


ဟုတ်ပေသား...။ သူ့ အလွှာနဲ့ သူ ရှိနေတဲ့.. လူမူ အဆင့်အတန်း.. ပညာ အဆင့်အတန်း တည်ဆောက်ပုံ တွေ ထဲ မှာ.. အားလုံး တပြေးညီ ဖြစ်သွား နိုင် သည့် ကိစ္စ က.. တချို့ လူ တွေ ဖက်က ကြည့်ရင်.. သတိထား ချင် ကြ မည်ပေါ့။


တပြေးညီ ဆိုလို့... ပြီးခဲ့တဲ့..လပိုင်း က...Times မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ဆောင်းပါး မှာ.... Facebook အကြောင်း ရေး တော့.. Friends without Border လို့ ခေါင်းစဉ် တပ် ထား တာကိုလည်း..သဘောကျ မိသည်။ လူတွေ တယောက် နဲ့ တယောက်..ဘယ်လောက် ဝေးဝေး.. ဘယ်လောက်လေးပဲ..သိသိ.. ဘယ်လောက် ကြီး ပဲ.. မသိ..မသိ... ခင်ရာ မင်ရာ.. နှစ်သက်ရာ..လမ်းကြောင်းတူရာ... မိတ်ဆွေ ဖွဲ့ နိုင် နေကြ ပြီ မဟုတ် လား...။ ဟိုးတုန်းက.. မင်းသား မင်းသမီး..နာမည်ကြီး.. တွေ ဆိုတာ.. အိပ်မက် ထဲ မှာ တောင် ယောင်လို့ မသိ နိုင် တဲ့ ခေတ် ကနေ... သူတို့ ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွေ မှာ.. တနေ့တာ အပမ်းဖြေပုံ တွေ..မိသားစု ပုံ တွေ... အလွယ်တကူ မြင်နေ ကြည့်နေ ရပြီ။မိတ်ဆွေ ဖွဲ့နိုင် ကြ ပြီ။

ကိုယ်က မကြည့်ပဲ နဲ့ တောင်.. ဖေ့စ်ဘွတ်ခ် ကြီးက...အတင်းကာရော.. ဟိုက..ဒီက.. အကုန်လုံး ကို.. ရော မွှေ ပေးနေပြီ မို့.... မကြည့်ချင် မှ ..အဆုံး.. မြင်နေ ကြ ရ သည်။ Privacy ရဲ့ သဘော သဘာဝ တွေ လည်း ပြောင်း လဲ လာ သည်။ လူတွေ တကယ် လိုအပ်တာ.. Secrecy တဲ့။ The art of openness ဆိုတဲ့..ပညာ တမျိုး တောင် ဖြစ်ပေါ် နေ သယောင်ယောင် ။


ဘလော့ဂ် တွေ..ဖေ့စ်ဘွတ်ခ် တွေ ပေါ်မှာ..ကိုယ့်ကို ကိုယ် ဖော်ပြ ရေးသား နိုင် လာ တဲ့.. အခွင့် အလန်း (သို့) ပြသာနာ တွေ ကို.. ဟောဒီ ဘလော့ဂ် စာမျက်နှာလေး ပေါ်က..ဘလော့ဂါ တယောက် ရဲ့..လက်တဖောင် လေး နဲ့.. လျှောက် စမ်း နေ လို့ တော့ ... ဟို မထိ..ဒီ မထိ.. ဖြစ် နေ မှာပါ။


ပေါ့ပေါ့ ပါးပါး ပြောကြ ကြေး ဆို... မနေ့ ည ကမှ.. ကြည့် လိုက် ရတဲ့..Meryl Streep ရဲ့ နောက်ဆုံး ထွက် တဲ့ ကား .. Julie & Julia ထဲ ကလို.. ဘလော့ဂါ ဘ၀ လေး က တော့ ဖြင့်.. မသေချာ မရေရာ မူ လေး တွေ နဲ့ ပျော်စရာ လည်း ကောင်း.. စိတ်လှုပ်ရှား စရာ လည်း ကောင်း လှ သည်။ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော် လောက် က Julia ဆိုတဲ့.. နာမယ်ကျော် cook book author တယောက် ရဲ့ ဘ၀ ကို အားကျ နှစ်သက် ရင်း.. သူမ ရဲ့ နေ့စဉ် ဘ၀ ထဲက..အမောလေး တွေ ကို ဖြေဖျောက် ဖို့.. ချက်နည်းပြုတ်နည်း ဘလော့ လေး တခု စ ရေး မိ တဲ့.. Julie ဆိုတဲ့.. ရုံးဝန်ထမ်း မလေး တယောက် ရဲ့... ဘလော့ဂါ ဘ၀လေး ပါ။ သူ့ ဘလော့ဂ် လေး ရဲ့ အမည် ကို လည်း.. Julie & Julia လို့ ခပ်တည်တည် နဲ့ ပေးထားသေးတယ်။


အဲဒီ ဘလော့ဂ် လေး အရှိန် စရ ပြီ ဆိုတာ နဲ့.... Julie အမေ က.. အင်တာနက် မှာ..သူ့ဖာသူ တွေ့သွားပြီး..သမီး လုပ်သူ ကို ဘာတွေ လျှောက်လုပ် နေတာလည်း.. လို့ ဖုန်း နဲ့ လှမ်း ဆူ ပါ တော့တယ်။ Julie က ဆင်ခြေပြန်ပေးတယ်။


It's a short-term goal တဲ့။


Julie ရဲ့ စကားလုံး ရွေးချယ်မူ အတွက်.. ရှည်ရှည် ဝေးဝေး ထပ် မတွေး ဖြစ်တော့ ပါဘူး..။ သေချာ တာ တော့..Julie ရော.. Julia ရော.. ကျမ မှာ ရော.. ဘေးကနေ... .အပြည့်အ၀ ထောက်ပံ့ ပေး နေတဲ့..( မြှောက်ပေးနေတဲ့ ) ခင်ပွန်း သည် တွေ ရှိ နေ တာ ကြောင့် လည်း .. ခဏတာ ပျော်ရွှင်မူ ပဲ ဖြစ်ဖြစ်.. ရေရှည် မျှော်ကိုးမူ ပဲ ဖြစ်ဖြစ်... အဲဒီလို စာတွေ ရေးဖြစ် နေ နိုင် တာ ပါပဲ။ ရုပ်ရှင် ကို.. .အတူ ကြည့် နေကြရင်း ကတောင် ..ဘလော့ဂါ တယောက် ရဲ့.. အဆင့်အဆင့်.. အရှိန်တက် လာပုံ.. လေး တွေ ကို ပြတဲ့ အခန်းလေး တွေမှာ.. “ တပုံစံ တည်းပဲ ကွာ...” ဆိုလို့... “ အေးပါ.. ခု ..လျှော့ ထားပါပြီ နော်..” လို့.. ပြောပြီး.. ရီ မိ ကြ သေးတယ်။


သူကတော့ ပြောပါတယ်။ “ မရေး ခိုင်းတာ မဟုတ်ဘူးနော်.. ” တဲ့။ ဟုတ်ပါတယ်.. ကိုယ့်ဖာ သာ ကိုယ်... လျှော့ ချ ပြစ်လိုက် ချင် တာပါ။ တကယ်က.. ဘလော့ဂ် ရေးတာ.. အပျော်တမ်း ဆိုပေမဲ့... အာရုံ ၀င်စားမူ တွေ ဘယ်လို ယူရတယ် .. အချိန်တွေ ဘယ်လောက် ..ကုန်ရတယ် ဆိုတာ..ဘလော့ဂ် ရေးသူတိုင်း...သိကြ မှာပါ။ ကျမ အတွက်တော့.. ၃ နှစ်တာ ကို ပြန်လှည့်ကြည့် တဲ့ အခါ.. opportunity cost တွေ အတော် ကုန်ကျ ခဲ့တာ ကို အသေအချာ တွေ့ ခဲ့ ရ တယ်။


ဒါပေမဲ့..ဘယ်လိုပဲ ကုန်ကျ ကုန်ကျ..ဒီ ဘလော့ဂ် လေး ကို..ကျမ တန်ဖိုး ထား ပါတယ်။ ဘလော့ဂါ တယောက် လို့.. ချစ်ခင်စွာ ကင်ပွန်းတပ် ခြင်း ကိုရော... အထင်သေးစွာ တန်ဖိုးဖြတ် ခြင်း ကိုရော.. နားလည် လက်ခံ နိုင် တဲ့.. အသက် အပိုင်း အခြား ရဲ့ ရင့်ကျက် မူ လည်း ရှိနေပြီ မို့... ဘယ်အရာ ကမှ..ထူးပြီး စိတ်လှုပ်ရှား ဖွယ် မဖြစ်လှ တော့ပေ။


တလောက... ကျမ ရဲ့ စာပေ မိတ်ဆွေ အဝေးရောက် အုပ်ထိန်းသူ ဆရာမ တယောက် က.. လူ တယောက် နဲ့.. အီးမေးလ် က တဆင့် မိတ်ဆက် ပေး လာသည်။ ဒါကတော့ ဖြင့်..ဘလော့ဂ် က တဆင့် သိကျွမ်း ရတဲ့.. ဘလော့ဂါ အမျိုးသမီးလေး တယောက်ပေါ့ ။ ကျမ ကလည်း...ရိုးရိုး ရှင်းရှင်း ....ဟာသလေး လဲ စွတ်လို့.. ပြန် မိတ်ဆက် လိုက် တယ်။


I just love to read and write. Voluntarily writing some junks online .. that's called blogger. :)


ခပ်ပေါ့ပေါ့ နောက်ရွှတ်ရွှတ် ရေး လိုက် တဲ့..ကိုယ့် စကား ကို.. ဆရာမ က.. လေးလေး နက်နက် ပြင်ပေး လာ တယ်။


Writing is thinking.. not a junk.


ဒီ ၀ါကျ လေးက.. ကျမ ကို အသိ တခု မီးမောင်း ထိုးပြ လိုက် သလိုပါပဲ။ ကိုယ်လုပ် နေတဲ့ အလုပ်တခု ကို.. ကိုယ်တိုင် ယုံကြည်နေ..ပျော်ရွှင်နေ ဖို့ .. အရေးကြီး လှ သည် ပင်..။ မလိုအပ် ပဲ နှိမ့်ချ ဖို့ မလိုသလို.. မလိုအပ်ပဲ လည်း.. ၀င့်ဝါ ပြ နေစရာ အကြောင်းမရှိ .. ဆိုတာ.. လက်တွေ့ အသုံးချ ဖို့ လိုအပ် နေ ပေ ပြီ ကော.. ။ ကိုယ့် ကို ကိုယ် အရောင်း မြှင့်တင် နေကြ..ဖော်ပြ နေကြ.. ကိုယ်တိုင် လုပ်- ဗားရှင်း တွေ နဲ့.. အများကြား မှာ.. ကိုယ်ရောင် ကိုယ်ဝါ တောက် နိုင် နေတဲ့ ဒီ ခေတ်ကြီး ထဲမှာ... humility နဲ့ modesty ကို ..ကျမ ကို တိုင် လည်း..တခါတလေ ကွဲကွဲ ပြားပြား မသိပဲ... ဖြစ် နေ လေ ရော့ သ လား...။


ဘယ်လို ပဲ ဖြစ်ဖြစ်.. ကျမ ဘလော့ဂ် ကို ဖတ်တဲ့သူ တွေ နဲ့.. ဘလော့ဂ် မိတ်ဆွေ အပေါင်းအသင်း တွေ ကတော့.. ကျမ ရဲ့... “ ကျမ အမှန် ” ကို.. အတိအကျ မဟုတ်တောင်.. အနီးစပ် ဆုံး .. သိမြင်.. ဝေဖန်.. နိုင် ကြ မှာပါ။ ၃ နှစ် တာ ဒီ ဘလော့ဂ် လေး က တော့... ကျမ ဖန်တီး ခဲ့တဲ့... the art of openness ပါပဲ လို့ ပြော ရင်... ပိုလွန်း နေ မလား။


( တိတ် တိတ် ကလေး.. စိတ်ထဲ ကပဲ....ဝေဖန် လိုက် ပါ နော်..)း)


အခု တော့...မေမေ့ စကား ကို လည်း.. နားထောင်ရာ ရောက် အောင်.. အန္တရယ် လည်း ကင်းရာ ကင်းကြောင်း.. အချိန် တွေ လည်း မကုန်သင့်တာ မကုန် ရ အောင်.. ဘလော့ဂ် ဥပုသ် စောင့် လိုက် ပါ အုံးမယ် လို့....။ ဥပုသ် လို့ ဆိုတဲ့ အတိုင်း.. သုံး နပ် မှာ..တနပ် လျှော့တာ ဆို တော့... ကျမ လည်း ဘလော့ ဥပုသ် ကို... သုံးပတ် မှာ..တပတ် လောက် လျှော့ ပြီး.. ရေး တော့ ရေး နေ အုံး မှာပါ။ အာရုံ ၀င်စား လှုံ့ ဆော်မူ တွေ ရှိနေ သေး သမျှ.. အတွေး တွေ မရပ် မချင်း... ရေးချင်ရာ ရေးလို့ ရတဲ့..ဟောဒီ ဘလော့ဂ် လေး ကို ဆက်လက် ပိုင်ဆိုင် နေ ဦးမှာပါ။


စကား မစပ်... မနက်ဖြန် ဆို.. ဆဲဗင်း ဇူလိုင် ...။ သုံးနှစ် ဆက်တိုက်.. ဒီဘလော့ဂ် ပေါ်မှာ...ဆဲဗင်းဇူလိုင် အတွက် စာလေးတွေ ရေးခဲ့ ပေမဲ့.. ဒီနှစ် တော့.. မရေး ဖြစ် တော့ပေ။ ပို့စ် အဟောင်း တချို့သာ..



လှိုင်းမကြောက်သူများ

ဇူလိုင်ဝိညဉ်

07-07-07 သို့ သမိုင်းအပိုင်းအစများ


------------------------


( ဒီ ပို့စ် မှာ.. မသက်ဝေ ရေးခိုင်း တဲ့.. အသွင် မတူ..တတူ.. တူတူ..မတူတူ..အိမ်သား အကြောင်း ..တခါတည်း ထဲ့ရေး လိုက် သလို... ကိုအန်ဒီ ရေး တဲ့.. ( ကိုယ် ) ဆန်းစစ်မူ ပို့စ် အတွက်.. ခင်မင်စွာ ဖြင့်... (ကျမ) လို့ ပြောင်းလဲ သုံးစွဲ ထားပါတယ်။ ကြုံ လို့ တခါ တည်း ဖြေရ ရင် တော့.. ကျမ ဆိုတဲ့ နာမ်စား ကို.. ဆရာမ ဂျူး ရဲ့ ၀တ္တု တွေ ထဲမှာ.. အလွန် အမင်း သုံး ထားလေ့ ရှိသလို .. တခြား သော ၀တ္တု များ တွင်လည်း.. လွှမ်းမိုး လှ သော ကြောင့်... အီလည်လည် နိုင် လို့.. တမင် ကို မသုံး ဖြစ် တာပါ.. ကိုအန်ဒီ )း)




Share/Bookmark

22 Comments:

အိန္ဒြာ said...

မဖတ်ရတာကြာပြီဆိုပြီး
ပြေးလာခဲ့လိုက်တာ....
ဥပုပ်သည်နဲ့တည့်တည့်တိုးနေတယ်...း)

သက်ဝေ said...

အဲ... အဲလိုကြီးလား...
အချိန်တွေ ပေးရတာ များလို့ လျှော့နိုင်ရင် ကောင်းတယ်လို့ ကိုယ်တိုင် သိနေတော့ မတားချင်ပါဘူး...
သတိရရင် ရသလိုတော့ လာလည်ပါ...
စာတွေရေးပါ... အများကြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြပ်တည်းအောင် ထိန်းချုပ်မထားပါနဲ့...

ကိုယ် တခါက Pet Society တို့ Farm Ville တို့ မဆော့တော့ဘူး... ရပ်တော့မယ် ဆိုတုန်းက ကေပြောခဲ့ဖူးတဲ့...

"မျှင်းဖြတ်..မျှင်းဖြတ်..
သုံးစရာ ရှိ သုံးပြစ်လိုက်..ပျော်စရာရှိ ပျော်ပြစ်လိုက်.. ခုခေတ်ကြီး.. တခြားဘာသွားလုပ်မလဲ..။ခေတ်မီအောင်နေ..။း) "

ဆိုတာလေး သတိတရ ရှိနေတယ်...။
အဆင်ပြေသလို လုပ်ပါ ကေ...
အဖေါ်တွေ ရော့သွားတော့လဲ အားငယ်တာပေါ့...

MieMie said...

ဒါပေမယ့် ..ဘယ်လိုဘဲ ကုန်ကျကုန်ကျ ဒီဘလော့လေးကို ( အမှန်တော့ ဘလော့ကြီးပါ ကေ ..ကေ့ဘလော့က နာမည်ကြီး ဘလော့တခု ပါ နော် ..နေ့တိုင်း ခဏခဏ ရောက်တဲ့ နေရာ ) ...ကျမ တန်ဖိုးထားပါတယ် ..ဘလော့ဂါတယောက် လို့ ချစ်ခင်စွာ ကင်ပွန်းတပ်ခြင်းကို ရော အထင်သေးစွာ တန်ဖိုးဖြတ်ခြင်း ကိုရော ( ဘယ်သူတွေ အဲလို တန်ဖိုးဖြတ် လဲ ကေ .. ရန်တွေ့ရအောင်လို့း) ) နားလည်လက်ခံနိုင်တဲ့ အသက်အပိုင်းခြားရဲ့  ရင့်ကျက်မှု လည်း ( သည်စကား ကို အကြိုက်ဆုံး ..) ထူးပြီးစိတ်လှုပ်ရှားဖွယ် မဖြစ်လှတော့ပေ ....


ရေးထားတဲ့ အထဲက အပေါ်က စာပိုဒ်က သဘောအကျဆုံး စာ တပိုဒ် ပါ ကေကေ ရေ ...
ဘလော့ဂါတယောက် ဘလော့ရေးတာ အချိန်တွေ ဘယ်လို ပေးဆပ်ရတယ် ( တခြားအရာတွေလည်း ရှိနိုင်ပါတယ် ) ဆိုတာ ဘလော့ဂါ တယောက် မဟုတ်ပေမယ့် အကြွင်းမဲ့ လက်ခံ နားလည် သဘောပေါက်ပါတယ် ... ကေ ရေးထားတဲ့ ပို့စ်တွေအတွက်လည်း ကျေးဇူးတင်လျက် .. လေးစားလျက်ပါ ... ငါးပါးဖြစ်ဖြစ် ရှစ်ပါးဘဲဖြစ်ဖြစ် ဥပုသ် ဘဲ ဖြစ်ဖြစ် အဆင်ပြေသလိုပေါ့ ကေ ရယ် .. ဘလော့ရပ်ဝန်းမှာ ကေ တယောက် လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ ....


mie nge

khin oo may said...

ဒီတပုဒ်ကိုဖြင့်သေချာဖတ်သွားပါတယ်။ တစ်လ မှ သုံးလေးပုဒ်ရေးနိုင်တဲ့စွမ်းရည်ကိုလည်းလေးစားမဆုံးပါ။ ချုပ်ထိန်းနိုင်မှူ.. ကိုယခုထက်လျော့ချမည်ကိုစိုးရိမ်မိသလို တားလည်းမတားရက်ပါ။ ပြောချင်တာတွေ များနေပေမဲ့ဒီလောက်သာ..

တို့လို့သုံးရမှာလဲ ငယ်ချင်ယောင်ဆောင်နေသလိုလို.. ကျွန်မ ဆိုတာလဲ ဂျုးရဲ့လွမ်းမိုးမှုတွေများသလို.. သမီးလို့လဲရေးလို့မဖြစ်.. နံမည်ထည့်ပြောရအောင် ဂွတိုကလေ ပေါက်စီကလေနဲ့လေပြော လို့မဖြစ်.ကိုယ်ဆိုတာ ကတော့လူကြီးလဲဆန်တယ် ဆိုပြီးေ၇ွးချယ်သလိုဖြစ်ခဲ့မိ..

ပထမဆုံးတက်ပိုစ်ကလေးကိုဖတ်သွားသည်.
ဒီနေ့ကတော့ မရေးလဲ မှတ်မိကြမှာပါ။

khin khin said...

မကေ ရှင့်
၈ ပါးသီလကို ဆိုလိုတာဆိုရင် ဥပုသ်လို့ ပေါင်းရမယ် ထင်တယ်။ ဥပေါသထ (အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်ခြင်း) က လာတာပါ။ ဥပုပ်ဆိုရင် ပုပ်နေတဲ့ ဥ ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေလို့ အဓိပ္ပါယ် ပြောင်းသွားမှာစိုးလို့ ပြောတာပါနော်။ စိတ်မရှိပါနဲ့။

Moe Cho Thinn said...

တို့ကိုယ်စား ရေးပေးလေသလားးးး :)

kay said...

မခင်ခင်..ကျေးဇူးပါရှင်..စိတ်ရှိစရာ မှ..မဟုတ်တာ..း)
ကျမ ရဲ့သတ်ပုံမှားခြင်း .. စေ့စပ်သေချာ မူ နည်းခြင်း...ကျန်အင် လက္ခဏာ တရပ်ကလည်း..ဘလော့ဂ် ကို လျှော့ချင်တဲ့ အကြောင်းတချက် ဖြစ်နေ မလားပဲ။ အသိ တယောက် ကတော့ ပြောတယ်.. ကျမ ဘလော့ဂ် ကို ဖတ်တဲ့ အခါ..စိတ်နဲ့ ကိုယ့်ဖာကိုယ် စာလုံးပေါင်း သတ်ပုံ ပြင်ဖတ်ရတာ.. ကျင့်သား ရ နေပါပြီ တဲ့။

ကျမ.. ပြင်ထားလိုက်ပါပြီ။

pandora said...

ရေးမယ်လို့ အားတင်းရတာ လေးလံသလို.. စောင့်မယ် လို့ အားတင်းရတာလည်း ပေါ့ပါးမယ်မထင်ဘူး
ပျော်သလို.. ပျော်သလောက်ပေါ့ :)

ywartharlay-ytu said...

ကြီးဒေါ်ကေ

စာလုံးပေါင်းမှားပါတယ်လို့ ၀န်ခံတဲ့စာမှာကို ထပ်မှားနေသေးတယ်
ကြန်အင် လက္ခဏာပါခင်ဗျာ

ဟိ စတာနော် ချိတ်ချိုးနဲ့

ဘလော့လည်တာတော့ ဥပုသ်မစောင့်ဘူး ဟုတ်

မျှော်နေမယ်

ဂလောက်

Andy Myint said...

ဖတ်..ဖတ်..ဖတ်လာတာ နောက်ဆုံးမှာ မှတ်ချက်တွေ့တော့မှပဲ “ကျမ” နဲ့ သုံးထားမှန်း သတိထားမိတော့တယ်။ တကယ်တော့ အရင်ကတည်းက မကေစာတွေကို ဖတ်ရင် ဘယ်နာမ်စား သုံးထားမှန်းတောင် သတိထားမိတယ် မဟုတ်ပါဘူး။ ပြောရမည်ဆိုရင် မကေနဲ့ “ကိုယ်” နဲ့တောင် ပိုလိုက်သေးတယ်။ (ဘက်လိုက်ပုံများ)။

၃ နှစ်အတွင်းမှာ အတော်လေး ရေးခဲ့တာပဲ။ မကေအနေနဲ့ဆို တောင်ထိပ်ကနေ အောက်ကို ပြန်ကြည့်ရတဲ့ Feeling မျိုးဖြစ်ဖြစ် ခရီးအဝေးကြီး လျှောက်ပြီး ကိုယ်လှမ်းခဲ့တဲ့ ခြေရာတွေ ပြန်ကြည့်ရတဲ့ ဖီလင်မျိုးဖြစ်ဖြစ် ခံစားရမှာပဲနော့်။ ကျွန်တော်တို့လည်း မကေရဲ့ အားထုတ်မှုတွေကို လေးစားသလို ခရီးရောက်မှုတွေကိုလည်း အားကျ အားရပါတယ်။ ဒီ ၃နှစ်အတွင်းမှာ ဘလော့ ဆက်မရေးတော့တဲ့ သူတွေ လက်ကျသွားတဲ့ သူတွေ အများကြီးထဲမှာ ကိုယ်တို့တွေ ကျန်နေသေးတာကိုပဲ ၀မ်းသာလှပြီ။ အထူးသဖြင့် မကေတို့ မပန်တို့။

ကျွန်တော်ကတော့ ဘလော်ဂါဘ၀နဲ့ပဲ ကျေနပ်ပါတယ်။ (အမှန်အကန်) စာရေးဆရာ မျိုးဖြစ်ဖို့လည်း ဘယ်တုန်းကမှ စိတ်မကူးဖူးတာပါ။ လက်လည်း မမှီတာပါတယ်။ ဘလော့နဲ့ Press နဲ့ သူဟာနဲ့သူ ကွာတယ်ဆိုတာလည်း ၀န်ခံ မှတ်ယူပါတယ်။ ဒါပေမယ့် အခုနေ့စဉ် Lifestyle မှာတော့ ဘလော့တွေကို ကိုယ့်ကို အကျိုးပြုလို့ ဘလော့တွေကို ပိုခင်တွယ်လာတယ်။ လူချင်းတွေ့ စကားပြောဖို့ ခက်လာတဲ့ အနေအထားမှာ ဘလော့ဖတ်တာ ရေးတာ လူချင်းတွေ့တယ် လို့သဘောထားတော့ ဘ၀ကြီးက စိုပြေလာတယ် ထင်တယ်။

ဘလော့တွေမှာလည်း တစိုက်မက်မက် ရေးတဲ့သူတွေ ဖတ်လို့ ကောင်းတဲ့ သူတွေက အများသား။ အားမကောင်းတဲ့ သူတွေက သူဘာသူ ကျန်ခဲ့တော့ ဘယ်သူမှ ဖတ်ထုတ်စရာ စစ်ထုတ်စရာ မလိုတော့ဘူးပေါ့။ နှမြောတာကတော့ အတွေးကောင်းတဲ့သူတွေ အတွေ့အကြုံကောင်းတဲ့သူတွေ ဗဟုသုတများတဲ့ သူတွေ ဘလော့ပေါ် မတက်လာတာပဲ။ (လက်ရှိရေးနေသူတွေ မကောင်းဟု မဆိုလိုပါ)။ သူတို့ကလည်း သူတို့ဘ၀နဲ့ သူတို့ အချိန် မပေးနိုင်ဘူးလေ။ ဘလော့ရေးတာ တကယ်ကို အချိန်ပေးရပါတယ်ဆိုရင်လည်း မကြိုက်ချင်ကြဘူး။ ကိုယ့်ကိုယ်ကို အရောင်းမြှင့်တင်ဖို့ဆိုရင်တော့ အချိန်ပေးရတယ် ဘယ်ဟုတ်မလဲ။ Opportunity cost ဆိုတာတော့ တကယ် မှန်တယ် အစ်မရေ။ ဘလော့ရေးတဲ့ အချိန်ထဲကနေ ကျောင်းစာအတွက် အချိန်ပေးလိုက်တာ Certificate လေး Diploma လေး အဖက်တင်လာသေးတယ်။

Julie and Julia လည်း ကြည့်ဖြစ်တယ်။ ကျွန်တော့်အတွက်တော့ Chick Flick ပေါ့လေ။ သူမကြည့်ဖို့ ငှားလာရင်း ကြည့်ဖြစ်တာ။ အစတုန်းကတော့ ရိုးရိုး ဟင်းချက်တာမျိုး ထင်တာ။ ဘလော့အကြောင်းလေး ပါလာတော့ အစအဆုံး ကြည့်မိတယ်။ FB မှာတော့ Active မဖြစ်ဘူး။ ရုံးမှာ ဘန်းထားတာကြောင့်လည်း ပါတယ်။ ဘလော့ရေးတာ ဖတ်တာက ရုံးမှာ လုပ်တာကိုး (ဟီးဟီး)။ အိမ်မှာ ကလေးနှစ်ကောင်နဲ့ ညနက်အောင် နေမှ ဒါမျိုးတွေ လုပ်နိုင်တာ ဆိုတော့ FB မှာပါ Active မဖြစ်နိုင်တော့ဘူး။

ဖြည်းဖြည်း ဖြည်းဖြည်း ဆက်ရေးပေါ့ အစ်မ။ ကိုယ်က Platform တစ်ခု ရပြီးသားဆိုတော့ Present လုပ်ဖို့ သိပ်မခက်တော့ပါဘူး။ ကိုယ်ပိုင် အမှန်လေးတွေ၊ အမှန်လို့ ထင်တာလေးတွေတော့ တင်ပြလို့ ရနေသေးတာပဲ။ အဲဒီလို လူတွေရဲ့ ကိုယ်ပိုင်အမှန်လေးတွေကိုပဲ သိချင်နေတာပါ။ ဒါမှ ကိုယ့်ရဲ့ “အမှန်” နဲ့ ချိန်ထိုးလို့ရမှာ။

Keep Going… အစ်မ

Sonata Cantata said...

ကေရေ အီးမေးလ်ကနေ မိတ်ဆက်လိုက်ပါတယ်

မြတ်နိုး said...

ama K,

:)

I love to read ur posts. I ever read .
Plz ... write naw. don't stop.

Myatnoe

thadarhline said...

မကေက ဥပုပ်ဆောင့်မယ်ဆိုတော့ လန့်သွားတယ်..။
စာများမရေးတော့ဘူးလားလို့..။
ဥပုပ်ထွက်ရင်လည်းပြောအုံးနော်မကေ.....

ခင်တဲ့
ညီမသဒ္ဓါ

ko watote said...

Not all blogs, like books, are interesting. But none are remembered undeservedly I think.

W

ချစ်ကြည်အေး said...

ဘာများပြောနိုင်ဦးမည်နည်းပေါ့ မကေရယ်....

ဂျူနို said...

မကေ မေမေ ပြောတာ သိတ်မှန်တယ်။ မအယ်လည်း ကြိုးစားပြီး ဥပုသ် ယူအုန်းမယ်။

မအယ်

T T Sweet said...

မကေရေ .... စတင်တဲ့နေ့ကတည်းက လာဖတ်ပြီးသား ... အဲဒီ ရုပ်ရှင်ကို အသဲအသန်လိုက်ရှာနေလို့ ... တွေ့ပြန်တော့လဲ လင့်ခ်တွေပျက်နေလို့ ခုထိမကြည့်ရသေးဘူး။
ဥပုသ်စောင့်တာ ကောင်းပါတယ် ... ဒါပေမဲ့ မကေရေးတာလေးတွေ လျော့သွားမှာတော့ စိုးရိန်သား။ အမြဲလာဖတ်ဖြစ်ပါတယ်။

little brook said...

ကျွန်တော်လည်း ဥပုသ်စောင့်သွားတယ်ဗျာ ...
အမက ရေးမယ့်ရေးတော့လည်း ဥပုသ်စောင့်တဲ့ပို့စ်ကြီး

Anonymous said...

安一估~你也安一估哦~............................................................

တန်ခူး said...

ကေရေ... ဈေးလာဆစ်တာ... ငယ်ငယ်က ဥပုသ်စောင့်တာမေ့ပြီး သီချင်းလေးညည်းမိရင် အိမ်ကလူတွေက မထူးတော့ပါဘူး ဥပုသ်ချိုးလိုက်ပါတော့လို့  ၀ိုင်းနှောက်ယှက်ကြသလိုပေါ့... သူများကုသိုလ်ယူနေတာကို ဖျက်လိုဖျက်ဆီးလုပ်တာတော့ ဟုတ်ပါဘူး... လွမ်းလွန်းလို့ ဥပုသ်ချိုးလိုက်ပါလားကေ... မတန်ခူးက ဆိုးတယ်နော်... ပြောသာပြောရတယ် တို့ လဲ ဥပုသ်များစောင့်မိနေသလား မသိပါဘူးကေရယ်... အရှိန်လေးနဲနဲလျော့သွားတာတော့ အမှန်ပဲ... အလုပ်ကြောင့်ပဲဖြစ်မှာပါ... ရေးချင်စိတ်လေးပေါက်လာလို့  ရေးစရာနေရာလေးတခုရှိနေတာက ရေငတ်တိုင်း ခပ်ခပ်သောက်လို့ ရတဲ့ ကိုယ်ပိုင်ရေတွင်းလေးတခုရှိနေသလိုပါပဲ... ဘလော့က တခါတလေကျတော့ အိုအေစစ်ပါ ကေရယ်...

ရွှေရတုမှတ်တမ်း said...

ဟယ်...ဝါဝင်ပြီလား...
မကေရေ.. ညည်းအကိုကြီး ချူချာနေလို့ ခုမှလူလာနိုင်တယ်

အင်ကြင်းသန့် said...

ဘလော့ဂ်ဥပုသ်လေးအကြောင်း လာဖတ်သွားတယ် မမကေ....း))