ကလေး ငယ် တယောက် အတွေး နှင့် တွေးခဲ့ ဘူး သည်..
ငါကြီး လာ ရင်..နံမယ် ကြီး အဆို တော် တယောက် ဖြစ် ချင် လိုက် တာ..
တခါ တလေ လည်း..အားမလို အားမရ ကြိမ်းဝါး မိ ခဲ့ သည်။
ငါ- အခု သာ.. အဘွား ခွဲ တမ်း ချ ပေး တဲ့ ကိတ် မုန့်တချပ်ပဲ စား ရတာ..ငါကြီး လာ ရင်..ကိတ်မုန့် တွေ..တ၀ ကြီး စား နိုင် မှာ...
ပြီး တော့..လူ ကြီး ဆို တာ ..အရာ ရာ ပြည့်စုံ မှန် ကန်သူတွေ လို့ လည်း..အထင်ကြီး..အားကျ ခဲ့သေးသည်။ ကျောင်း ဟော ပြောပွဲ တွေ မှာ စကား လာ ပြောလေ့ ရှိ တဲ့..တိုက်ပုံ ၀တ် ထား တဲ့..လူကြီး တွေ ကို.. ငေး ကြည့် ရင်း..
သူတို့လို လူကြီး ဖြစ် လာ ခဲ့ရင်..စတိုင် သိပ်ကျ မှာပဲ နော်...
အဲဒီ အချိန်တွေ တုန်းက..အိမ်က..တကူးတက..လိုက်ပို့ရ တဲ့.. မြို့လယ်ခေါင် က..ကျောင်း ကြီးဟာ...အကြီး ဆုံး ကမ္ဘာ ကြီး ပေါ့..
ဒုတိယ တန်း အတန်းပိုင် ဆရာမ ကို..အရမ်း ချစ် သည်။
ကျောင်းအုပ် ဆရာ ကြီး ကို မြင်ယုံ နှင့်ပင်..ဖိန့်ဖိန့်တုန် အောင် ကြောက်ခဲ့ ရသည်။
ကျောင်း ခြံဝန်း ကြီး ကလည်း..အ ကျယ် ကြီး..။ ဆရာ ဆရာမ တွေ..အားကိုးတဲ့..ဆယ်တန်း ကျောင်းသား ကြီး တွေ ကလည်း..အတော် ပင်..ထွားကြိုင်း သန် မာ လှ သည်။
ဖေဖေ ဖတ် တဲ့ သတင်းစာ ပုံ ထဲ ကို..မွှေနှောက် လှန်လျော ရင်း..တအံ့တသြ မေး ခဲ့ ဘူး သည်။
` ဖေ- အီသီယိုပီး ယား မှာ..လူတွေ..အစားအစာ တွေ ငတ် ပြီး..ပိန်ချုံး နေ ကြ ရ တာ မဟုတ်လား.. ခု ဒီပုံ ထဲက..အီသီယို ပီး ယား သမ္မတ ကြီးက..အကျီ င်္ အကောင်း ကြီး နဲ့..၀ လည်း ၀ နေ တာပဲ နော်..´
အဲဒီ အသက် အရွယ် မှာ..အသိ ညဏ် ဘယ်လောက် ရှိသင့် ပြီ လဲ တော့ မသိ...
ဖခင် ရှင်း ပြ သော..စကား လုံး များ ကို..နားလည် သလိုလို..မလည် သလိုလို...
အပေါင်း အနုတ်..အမြှောက် အစား တွေ.. ကျောင်း မှာ စသင် ရ ပြီ..
အဲဒါ ဘာ ဖြစ် လို့..ပေါင်း ရတာ လည်း..အဲဒါ ကျတော့..ဘာလို့..မနုတ် ရ တာ လည်း..
လို့..မေးလိုက် မိ လို့... တအိမ် လုံး..အလန့်တကြား ဖြစ် ခဲ့ ရသည်။
ပဉ္စမ တန်း မှာ..မြန် မာစာ ဆရာ မက.. နိဒါန်း နှင့် နိဂုံး အကြောင်း သင် ပေး ပြီး.. စာစီ စာ ကုံး..တပုဒ် အိမ် စာ ပေး လိုက် သည်။ ဆော့နေကျ..နောက် ဖေး လှေ ကား ထစ် ကလေး မှာ ထိုင် ရင်း..နိဒါန်း ဆို တာ ဘာလည်း..နိဂုံး က ရော..နိဒါန်း နဲ့ ဘယ်လို ကွဲ ပြား အောင် ရေး ရ မလည်း.. ဆိုတာ.. ချာ ချာ လည် အောင် တွေး ခဲ့ ဘူး သည်။
အတန်း နဲနဲ ရ လာတော့ လည်း..လော က ကြီး သည်..မျှော်လင့်ချက် တွေ..တနင့်တပိုး နှင့်..တမျိုး လှ လာ ပြန် သည်။
ညနေ ရောက် တိုင်း..မီးရောင် တထိန် ထိန် နဲ့..မြို့ငယ် လေး ထဲ ကို..အချိန် မှန် ၀င်ရောက် လာ တတ် တဲ့..အမြန်ရ ထား သစ် ကြီး ကို..ငေး ရင်း.. ဒီ ရထား ကြီး နဲ့..ရန် ကုန် မြို့ကြီး ကို..ရောက် ချင် လှ တော့ သည်။
ဒီနှစ်..ဆယ်တန်း ကို..အမှတ် ကောင်း ကောင်း နဲ့ အောင်ရင်..ရန်ကုန်မှာ..တက္ကသိုလ် တက် ဖို့..ဘာလိုင်း ယူ ရင်..ကောင်း မလဲ...
တကယ်တော့ ..ကိုယ့်လက် ထဲကို..ကိုယ့် ဘ၀ကြီး ရောက် လာ ဖို့..အချိန် သိပ်ကြာ ကြာ..မစောင့် လိုက် ရ ပါ...
ခုတော့-
မြို့ကြီး ဆို တာလည်း..သိပ် မခမ်း နားပါ..
မြို့ငယ် လေး ကလည်း..သိပ် မသာယာ လှ ပါ..
ထုံးဖြူ ရောင် သစ်သား တိုင် တွေ နဲ့ ကာရံ ထားတဲ့ ..မြို့လယ်ခေါင်က.. ကျောင်း ကြီး သည် လည်း.. ကြုံ့ဝင် သွား သလို ... တရှဲရှဲ အော်မြည် နေ တတ်တဲ့..ကျောင်းရှေ့ က..ယူကလစ် ပင် တန်း ကြီး ကလည်း.. ရွက်ဖျား တွေ ခေါက် လို့..ငြိမ် ငြိမ် သက်သက်..
ကျောင်းအုပ် ဆရာ ကြီး ကတော့..တော်တော် အိုသွားခဲ့ ပြီ။
သူ..အဆိုတော် မဖြစ် ခဲ့ ပေမဲ့..ကိတ် မုန့် တွေ ကြိုက်သလောက်..၀ယ် နိုင် တဲ့..ငွေစ တွေ..သူ့အိတ် ထဲ မှာ ရှိ နေ ပြီ။ ဒါပေမဲ့..သူ ကိတ် မုန့် မကြိုက် တော့ ပါ။
တိုက် ပုံ အကျီ င်္ ကြီး တွေ ၀တ် ထား ပေ မဲ့.. အဲဒီ တိုက် ပုံ စလောက် တောင် တန် ဖိုး မရှိ သော..လူကြီး တွေ ..လော ကမှာ..အများ ကြီး တွေ့ ခဲ့ ရ ဘူး ပြီ။
အာဖရိ က တိုက် မှာ..နေ့တိုင်း..ကလေး တွေ ထောင်နဲ့ချီ ပြီး..ငတ် သေ နေ တဲ့ အချိန်မှာ.. ကမ္ဘာ အရပ် ရပ် မှာ..စစ် အသုံး စရိတ် တွေ..နေ့စဉ် တိုး တက် နေ တာ။.. နယူးယောက် စတော့ ရှယ် ယာ ဈေး တွေ ထိုး ချ နေ တာနဲ့.. အန်ဂျီ အို တွေ..တစ တစ များ ပြား လာ တာ ဘာမှ မဆိုင် ဘူး ဆို တာ တွေ လည်း .. ဗဟု သု တ..အနဲ အပါး ရှိ ခဲ့ ပြီ။
ကမ္ဘာ့ လောင် စာ ပြသာနာ နဲ့.. အငတ် ဘေး ပြသာ နာ တွေ..ဘာတွေ ဆက်စပ် နေ လည်း လို့..ခု နေ လာ မေး ရင်.. ကား တွေ တော့ လျော့ မစီး..အသုံးအစွဲ တွေ တော့ မလျော့ပဲ နဲ့.. လောင်စာ စား မန် ခုတ် နေ လို့ အပို ပဲ .. ပြောင်းဖူး က..အီသနော ထုတ်လဲ..အပိုပဲ.. ကြက်ဆူပင် စိုက် ရင်..မြေ ဆီလွှာ ပျက် တာပဲ အဖတ် တင် မယ်. လို့..ပြန် ပြော ဖြစ် လိမ့် မည်။
အပေါင်း အနုတ် အမြှောက် အစား ကို..အလွယ်တကူ Excel ပေါ် - တင် တွက် နေမိ တတ် ပြီး.. Integral နဲ့..differential ဆိုရင် တောင် Matlab မှာ ပဲ တွက် တော့မည်။ သိပ် မတွေး နဲ့..အရာ ရာ ကိုသိ စရာ မလို ဘူး လို့..ဖာသာ နှစ် သိမ့် ရင်း .. သက်သက် သာသာ နေ တတ် ခဲ့ ပြီ။
နိဒါန်း ဆို တာ အဖွင့်.. နိဂုံး ဆို တာ အဆုံး သတ် ။ နိယာ မ တွေ..မသုံး ..၀ိရောဒိ တွေ .မရှုပ် ပဲ..ဒါဟာ.. သံဝေဂ အင်္လကာ တပုဒ် မှန်း လည်း.. သိ နေ ခဲ့ ပြီ။

--------------------
ချစ်စရာ ကောင်း လှ ပြီး.. မရိုး နိုင် တဲ့..ခေတ် ဟောင်း တေး လေး တပုဒ် ကို...စိတ်ပါ လက်ပါ..ဆိုညည်း ရင်း.. ပေါ့ပါး လန်း ဆန်း မိ သလို လို ရှိ နေ မိ သည်။
Que Sera Sera
When I was just a little girl
I asked my mother, what will I be
Will I be pretty, will I be rich
Here's what she said to me.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
When I grew up, and fell in love
I asked my sweetheart what lies ahead
Will we have rainbows, day after day
Here's what my sweetheart said.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
Now I have children of my own
They ask their mother, what will I be
Will I be handsome, will I be rich
I tell them tenderly.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be
◦
9 Comments:
ဟုတ်တယ် ။ ကလေးဘ၀ ပြန်ရချင်တယ် အမရယ် ။ အချိန်ဆိုတာ ပြန်မရနိုင်မှန်းသိနေပေမယ့် တချို့ အချိန်တွေကို ပြန်ရချင်တယ် ။
ပစ်စလက်ခတ်ကောင်းတဲ့ နောက်ဆုံး post ဖြစ်တယ် ဟေ့ဟာရေ... လွမ်းစရာတွေနဲ့ ခေါင်းခြောက်စရာတွေနင် ငါ့ဝိဥာဉ်ထဲ ကတော့ထိုးပြီးသွန်ချခဲ့ပြန်ပြိ
ငြိမ်းဇေဦး
ကိတ်မုန့်အများကြီးဝယ်စားနိုင်ချိန်ကျတော့ ကိတ်မုန့်မကြိုက်တော့ဘူး လားကေ... အဲလိုပဲနော် ..
ဘ၀ ဆိုတာကတော့ အမြှောက်အစားလဲ တတ်မှ.. ပေါင်းတတ်နှုတ်တတ်လဲ ဖြစ်မှ...
ွှQue Sera Sera. Ten to the power of six. That is the times what I want my life to be whatever it will be. I used to love this son long long time ago. As long as the time is moving on I still will love this song. Thanks for sharing. But forgive me for today not commenting in Burmese. Anyway, Que Sera Sera. I think it is in Spanish. Mucho Gusto.
ကောင်းတယ်ဗျာ ဖတ်လို့တော်တော်ကောင်းပြီး အတွေးလေးတွေလဲ ရခဲ့ပါတယ် :)
သိပ် မတွေး နဲ့..အရာ ရာ ကိုသိ စရာ မလို ဘူး လို့..ဖာသာ နှစ် သိမ့် ရင်း .. သက်သက် သာသာ နေ တတ် ခဲ့ ပြီ။
နိဒါန်း ဆို တာ အဖွင့်.. နိဂုံး ဆို တာ အဆုံး သတ် ။ နိယာ မ တွေ..မသုံး ..၀ိရောဒိ တွေ .မရှုပ် ပဲ..ဒါဟာ.. သံဝေဂ အင်္လကာ တပုဒ် မှန်း လည်း.. သိ နေ ခဲ့ ပြီ။
ချစ်စရာ ကောင်း လှ ပြီး.. မရိုး နိုင် တဲ့..ခေတ် ဟောင်း တေး လေး တပုဒ် ကို...စိတ်ပါ လက်ပါ..ဆိုညည်း ရင်း.. ပေါ့ပါး လန်း ဆန်း မိ သလို လို ရှိ နေ မိ သည်။
အင်း... နောက်ဆုံးတော့ ဘာတွေပဲ ဖြစ်လာဖြစ်လာပေါ့...
တိုက်တိုက်ဆိုင်ဆိုင်.. အမ စိတ်ညစ်ပီဆိုရင် ညည်းတတ်တာ အဲဒီသီချင်းးး
whatever will be.. will be
the future's not ours, to see
Que Sera ,Sera
ဟုတ်ပါတယ် ကေ ရေ...
သိပ်မတွေးနဲ့.. အရာရာကို သိစရာမလိုဘူး လို့..ဖာသာနှစ်သိမ့်ရင်း.. သက်သက်သာသာ နေတတ်ခဲ့ပြီ။
ဘ၀မှာ ချမ်းသာစွာ နေထိုင်နည်း ကို သိလာခဲ့ပြီ လို့  ဆိုရမှာပေါ့နော်...
thx 4 sharing d song sis!
its a song i used to hear during childhood..indeed..
wat will be will be..
wat will not be..will not be..
hheee :P
Post a Comment