လမ်းလျှောက်ထွက်ခဲ့တယ်



ဖိနပ်ကြိုး ကို ..တင်းအောင် သေချာ ချည် နေရင်း.. တွေးမိ လိုက်သည်။
လမ်းလျှောက် ထွက် ခြင်း ကို..သူခုံမင် ခဲ့သည် မှာ..ဘယ် အချိန်က စ ခဲ့ပါလိမ့်။ လမ်းလျှောက်ခြင်း အကြောင်းကို စ သိ ခဲ့ တာတော့.. Geology ကျောင်းသူ တယောက် ဖြစ်ဖို့..ခံနိုင် ရည် ရှိမရှိ စစ်တဲ့.. မိုင် ၂၀ လမ်းလျှောက် ပွဲ မှာ ဖြစ်သည်။ သေချာ တာတော့..အဲဒီတုန်း က.. ငိုချင် လိုက်တာ- ဆိုတာ ။ ဖိနပ်တွေ ပေါက်.. ခြေထောက်တွေ အောင့်.. ပန်းအ၀င် မှာ..သတိ လစ် ခဲ့တာပဲ..မှတ်မိ တော့သည်။ မနက် ၆ နာရီ ..ရန်ကုန် တက္ကသိုလ် ..မန္တလေး ဆောင်က..စ လွှတ် ပြီး.. ရန်ကုန်မြို့ပြင် မင်္ဂလာဒုံ တပ်နယ် ခမ်းမ ထိ..အသွားအပြန်။ တက္ကသိုလ်ဆေးရုံ မှာ- နေ့လည် ၁၂ နာရီ အမှီ ပြန်ပြီး ပန်းဝင် ရတဲ့..မိုင် ၂၀ ခရီး ကို..တွေးသာ ကြည့်တော့။ ဘယ်လို နည်းနဲ့မှ ကိုယ့်ကို မ စွဲ ဆောင် နိုင် ခဲ့။ ဒါပေမဲ့..ထူးဆန်း တာက..အဲဒီ အချိန် က စပြီး..လမ်းတွေ..လျှောက်ဖြစ် ခဲ့ တော့ တာပဲ။

ကဲပါလေ- ဘာ ကြောင့်ပဲ ဖြစ်ဖြစ်..ခုချိန် မှာတော့..နေ့စဉ်လမ်းလျှောက် ထွက်ခြင်း သည်..သူ့ရဲ့ နိစ္စတဒူဝ ကိစ္စဖြစ်နေ ပြီ။ ဂျာကင် အကျီ င်္ နောက် က..ခေါင်းစွပ် ကို နေသားတကျ ဖြစ်အောင်..လှန်လိုက်ရင်း..အိပ် ၂ ဖက်ကို သေချာ ပြန် စစ်သည်။ အိမ် သော့..ဟန်းဖုံး..။ ပါပြီ။ နေကာ မျက် မှန် ။ ဒါက..နေရောင် ပေါ သော..ဒီ နိုင်ငံ မှာ..မရှိ မဖြစ် အသုံး အဆောင် တခု။ နောက်ပြီး..သူက..ဒီလို ဆောင်းတွင်း မှာ ဆို..နေရောင် အလင်းလက် ဆုံး..မနက် ၉ နာရီ လောက်ကို မှ စောင့်ပြီး လျှောက် တတ် တာမို့။

ဟားး-
ယူကလစ် နံ့သင်းတဲ့ လေ တဆုပ် ကို- နမ်းရှုပ် လိုက် ရင်း..နေရောင်ခြည် ရဲ့ နွေးထွေး မူက.. နှလုံးသားထဲ ထိ ထိုးဖောက် သွားသည်။ အဲဒါ ကိုပဲ..သူချစ်တာ။ ဒီလို ဆောင်းတွင်း မနက်ခင်း မှာ..အရာ ရာ ဟာ..နေသားတကျ ရှိ နေတတ်သည်။ ကောင်းကင် ကြီး က..အတိုင်း အဆ မရှိအောင်..ကျယ်လွင့် ပြာလဲ့။ တချက် တချက် မော့ ကြည့် လိုက် ရင်..တိမ်ဖြူ မွမွ လေး တွေက..မထူ မပါး..မနည်း မများ။ ပြော ကြတယ်..ဒီ နိုင်ငံ မှာ..ကောင်းကင် ပြာပြာ က..နံမယ် ကြီး သတဲ့။ ဟုတ် မှာပဲ။ ခုလောက် လှ တဲ့ ကောင်းကင် မျိုး..ဘယ်မှာ မှ မမြင်ဘူးခဲ့။ ခဏ နေရင်..ဒေသ တွင်း သွားတဲ့.. လေယဉ်ပျံ တစင်း ၂ စင်းလောက်..ခပ်နိမ့် နိမ့် ပျံသန်း လာ လိမ့် ဦးမယ်။




လမ်းဖြတ် ၂ ခု လောက် ကျော် ပြီး ရင် ပဲ.. လမ်းမကြီးပေါ် ရောက် ပြီ။ ဟော- ကျောင်းကားတစီး ဖြတ်သွားတယ်။ ကျောင်းသားလေး တွေ တော့မပါ တော့။ ဒီအချိန် မှ ဆိုတော့..ကျောင်းပို့ပြီး ပြန် လာတာ ဖြစ်မည်။ မြို့တွင်းပြေးတဲ့..ခရမ်းရောင် ဘစ်စကား ကြီး ကလည်း..အနောက် မှာ..ခပ်ဖြည်းဖြည်း ။ အထဲ မှာ လူ က-ဘယ်နှယ် ယောက်ပဲ ပါတုန်း။ ၃ ယောက်- ၂ ယောက်- အင်း..စုစုပေါင်း မှ ၅ ယောက် တည်း ရယ်။ အေးလေ..ဒီလို နေရာ မှာ..ဘယ်သူ က..ဘတ်စ်ကား စီး မှာ တုန်း။



သူနေ တဲ့..မြို့တဖက်ခြမ်း ကနေ..လျှောက်နေကျ..မြို့စွန်..လူရှင်းရှင်းလမ်းကလေး ဆီ မရောက် ခင် စပ်ကြား..ဒီ မြို့လယ်ခေါင် လေး ကို ဖြတ်ရ တာလည်း..တမျိုး နှစ်သက် စရာ ကောင်း သည်။ အသက် ၀င်နေတဲ့..ဆိုင် ကလေး တွေ .. သွားလာ နေတဲ့..ကားရောင်စုံ တွေ.. လက်တွန်းလှည်း လေး တွေ နဲ့..ကလေး ကျောင်းရင်း..ဈေးဝယ်နေ တဲ့.. မေမေ တေ
ွ.. ကို ငေးရင်း.. ရှင်သန် လှုပ်ရှား မူတွေကို..တမနက်စာ..ကူးယူမျှခံစား လိုက်တော့..တရက်စာ တော့..လုံလောက်သွားသည်။ မီးပွိုင့် မှာ ..လမ်းဖြတ် ဖို့..ရပ်စောင့် နေတုန်း.. မိုင်းထဲ ကိုသွား မဲ့ 4 wheel တစင်း..ဖုန်တွေ နိုင်းချင်း နဲ့..ခပ်ကြမ်းကြမ်း ..ဖြတ်မောင်းသွားသည်။ မိုင်းသမားတွေက..သူတို့ ကားတွေမှာ..ဖုန်တွေ..ရွှံ့တွေ ပေ ကျံနေ မှ.. မိုက်တာ ဆိုပဲ။ အဘိုးကြီး အဘွားကြီး စုံတွဲ တစုံ လည်း..လက်ကလေး တွေ ချိတ်ပြီး..မီးပွိုင့် မှာ စောင့် နေသည်။ ဟိုဖက် မီးပွိုင့်က..ကလေး လေး ကတော့.. လမ်းကူး ချင် လှ ပီ ..သူ့အမေ လက်ထဲ မှာ.. ခုန်ဆွ ခုန်ဆွ နဲ့..ကြည့်ပါ အုံး..ချစ်စရာလေး..။ မြို့လယ် နာ ရီ စင် ကြီး ဆီက..အသံ သာ သာ တချက် ကြားလိုက် မိ တယ်။ ကိုးနာရီ ခွဲ ထင်ပါ့။ မီးစိမ်း သွားတော့..ဟိုဖက် လမ်းဖြတ် ဆီ ကူးရင်း..ဦးတည် နေကျ.. တောင်ကုန်း မြင့်လေး နဲ့...မြို့စွန် လမ်းကလေး။




တကယ်ဆို..တောင်ခြေ မြို့လေးေ
တွကို နှစ်သက် တတ်တဲ့..သူ့မှာ- တခါ ဘူး မှ..တောင်ကုန်း လှလှ လေး နဲ့ မဆုံဆည်း ခဲ့ဖူးဘူး။ ဒီ- ကမူ လေး ကတောင်..ရှားစ ပါးစ..ဘေးက..ရွှေမိုင်းတွင်း ကြီး က..စွန့်တဲ့..မြေစာ တွေ နဲ့..တောင် လိုလို.. ဘာလိုလို ဖြစ်နေ တာ မို့..တကူးတက..ရောက်အောင် လာ ရင်း..ငေးမော အလွမ်းဖြေ နေကျ ။ သူ ချစ်ခဲ့..ရောက်ခဲ့ဘူးတဲ့..တောင်ခြေ မြို့လေး တွေ ထဲက..ပြည် နဲ့ မိုးကုတ် ပေါ့..။ လမ်းလေးတွေ ရဲ့ အပေါ် မှာ အုပ်မိုး ရင်း..အရိပ်တကြည့်ကြည့်နဲ့ရှိ နေ တတ် တဲ့.. အဲဒီ တုန်းက..တောင် ညိုညို လေး တွေ ကို သတိရ ရင်း.. အဲဟို ကမူ ထိပ် မှာ..စေတီဖြူဖြူလေး တခုပါ.. မြင်ယောင်ကြည့် လိုက် တာပေါ့။ စိမ်းညို့ ညို့ တောင်ယာ တခင်း ကိုတော့..ဒီမြေနီနီမြို့လေး ထဲမှာ..ထပ် မထဲ့လိုက်တော့ပါဘူး။

မိုင်း ထဲက..ထွက်လာတဲ့ ကားတချို့..ဟိုက်ဝေး လမ်းမကြီးပေါ် မှာ..တ ရှူးရှူး နဲ့..အသက်တွေ ပြင်းပြင်း ရှု ရင်..ပြေး လွှားလို့။ ကမူ လေး ကို ကျော် ပီး..ဟိုးဖက် မှာ..ဒီမြို့ ရဲ့ အထင်ကရ..မိုင်းတွင်းကြီးက..မြေနီစာ ကျစ် တွေ လေ.. တောင်တန်းတခု စာ လောက် တောင် ရှိ ရော့မယ်။ လူတွေ ကလည်း နော်..တကယ့် ပုရွက် ဆိတ် တွေ လိုပါပဲလား..တွင်းတွေ တူး လိုက်..အစာ တွေ ရှာ လိုက်..ဟိုဖက် မှာ သွားပုံလိုက်..ဒီဖက် မှာ သွားပုံ လိုက်။




အိုး..ဟို အိမ် နီ လေး ရှေ့မှာ..သူချစ်တဲ့ ပန်းဝါ ၀ါလေး တွေ ရှိ နေ သေးတာပဲ။ ပြီးခဲ့တဲ့ ရက်တွေက..အခါ မဟုတ် ရွာ ချ တဲ့..ကန္တာရ မိုး အောက် မှာ..ကြွေ
မသွား ကြ လို့..တော်သေးတယ်။ ပန်းနံ့လေး တောင် ရ လာပီ။ သိပ် မွှေးတာလေ..။ အဲဒါ..ဗမာ ပြည် မှာ ဆိုရင်..ကိုယ်တို့အရပ် မှာ တော့..နန်းလုံးကြိုင် လို့ ခေါ်တယ်။ ဖြစ် ချင် တော့..အဲဒီ ကိုယ်တို့ နန်းလုံးကြိုင်က.. အော်စီ ရဲ့ နိုင်ငံတော် ပန်း တဲ့။ Golden Rattle လို့ခေါ်တယ်။ ခုလို ဇူလိုင် သြဂုတ် ဆို..ကြိုင် ပြီး လှိုင် နေ အောင် ပွင့် ကြ ရော။ ကြည့် - ဟို အိမ် မှာ ရော..ဒီအိမ် မှာ ရော..ပွင့် နေ လိုက် တာ ..မြိုင် လို့။



အ၀ါ ရောင် က..ကိုယ့် ဖေးဘရိတ် အရောင် မဟုတ် ပေမဲ့.. ပန်းဝါ၀ါ မှန် သမျှ ကို တော့..ချစ် သည်။ ပန်းအ၀ါ ရောင် လေး တွေ ကို ကြည့် ရတာ.. ရွှင်လန်း သည်- နွေးထွေး သည်။ ပြီး တော့..အ၀ါရောင် က..ခင်မင်ခြင်း ရဲ့ သင်္ကေတ ဆိုတော့.. ကိုယ် စာတွေ ရေး တဲ့ ဘလော့ လေး ကိုတောင်..နှင်းဆီ အ၀ါ လေး တွေ နဲ့..တန်ဆာ ဆင် ဖြစ်ခဲ့တယ် ။





စာပို့သမား တောင်..စာတွေ လိုက် ဝေ နေ ပြီ။ လမ်း ကြော လည်း တပတ် ပြည့် ပြီ ဆိုတော့ ..အိမ် ပြန် ဖို့ပဲ ပေါ့။ ခန္ဓာကိုယ် ကျန်းမာရေး အတွက်..လေကောင်းလေသန့်တွေ ရှု ရှိုက်..အကြော အချင် တွေ..ဖြေလျော့..စိတ်ကျန်းမာရေး အတွက်.. ရှင်သန်မူ တွေ ကူးယူ..သာယာ မူ တွေခံစား..လှပ မူ တွေ ရှုစား..တနေ့တာ အတွက် တော့ ပြည့်စုံပြီ။ အစားကောင်း စား ရင်..ချစ်ခင်သူ ကို သတိရ တယ်တဲ့။ ခု လို..လမ်းလျှောက် ခြင်းကို ကြည် ကြည် နူးနူး ခံစား မိ တိုင်း..လမ်းလျှောက် ဖော် ဖေဖေ့ ကိုပဲ.. သတိ ရ မိနေတယ်။

ခု ချိန် ထိ..ဖေဖေ့ ဆီ ပြန် တိုင်း.. ည နေ တိုင် ဆို..လမ်းလျှောက် အတူ ထွက် ဖြစ် ကြ တုံး။ ဒီ တခေါက် ဆို..ဖေဖေ လေ..အရင် လောက်..လမ်းမြန် မြန် မလျှောက် နိုင်တော့  ဘူး ။ တခေါက် ပြန် တိုင်း..ပို ပို ပြီး..နှေးကွေး လာတဲ့.. ခါးတွေ ကိုင်း လာတဲ့..ဖေဖေ့ ကို မြင် တော့..စိတ် ထဲ မှာ..ဘယ်လို ကြီး မှန်း လည်း မသိ။ ကိုယ်လက် လှုပ်ရှား အားကစား မှန် သမျှ..အကုန် ကစား တတ် တဲ့
ဖေဖေ က..သူတို့ ကိုလည်း..ငယ်ထဲက..အကုန် သင်ပေး..အားပေး နေ ခဲ့ တာလေ။ ဘောင်းဘီ တို အဖြူလေး နဲ့..ညနေ တိုင်း..တင်းနစ်စ် ရိုက်တဲ့ ဖေဖေ.. ပုဆိုး အစိမ်းကို တိုတို စည်း ပြီး.. ကျောင်းဘောလုံး အသင်း ကို .. ကိုယ်တိုင် ဆင်းပီး.. လေ့ကျင့် ကြပ်မတ် တတ်တဲ့ ဖေဖေ..။ ပင်နီ တိုက်ပုံ ကို ကျကျ နန ၀တ်ပြီး..သွက်သွက် လက် လက် လှုပ်ရှား ခဲ့ တဲ့ ဖေဖေ..။ ခုတော့..အထိုင် အထ တွေ နှေး ..တခါတခါ..တောင်ဝှေး ကြီး တောင် သုံးနေ ရ ပြီ တဲ့။ ပြီးခဲ့တဲ့ တခေါက် ဖေဖေနဲ့အတူ လမ်းလျှောက် တုန်းက.. `သမီး..လျှောက်နှင့်လေ..ဖေ ဖေ့ကို မစောင့်နဲ့´ ဆို လို့.. `အဲဆို..လျှောက်နှင့်မယ် နော်..´ ဆို ပြီး..ကော့ကော့..ကော့ကော့နဲ့..လျှောက် လိုက်တာ။ ပြန် ကွေ့လာတော့..ဖေဖေ က..သူ့ကို...မြို့ပြင် တံတားလေးက.. ထိုင် စောင့်လို့။ ပြန် တွေးတိုင်း..စိတ်မကောင်း ဖြစ် တယ်..တကယ်ဆို..သူ့လို နှုံးနဲ့..ဖေဖေ ဘယ်လို လျှောက် နိုင် တော့မလည်း။ နောက်ပြီး.. မြို့လေး မှာက..ဒီမှာ လို..လျှောက်လမ်း နဲ့..ဘာနဲ့..သတ်သတ် မှတ် မှတ် ရှိ တာ က..မဟုတ်။ ညနေ တိုင်..လမ်းလျှောက် ချင် ရင်.. မြို့ပြင် ထွက် တဲ့..အဝေးပြေး..ကတ္တရာ လမ်းမ ကြီး ပေါ် ပဲ လျှောက် ရတာ။ ကတ္တရာ တွေ ပုံပျက် ပန်းပျက်.. ပဲ့ပျော် ကျ နေတဲ့..လမ်းပခုံး ကျဉ်းကျဉ်းလေး မှာ ပဲ..လျှောက်။ နောက်ကနေ..ပွမ်.............ဆို ပီး..သံရှည်ဆွဲ ဟွန်းတီးလာတဲ့..အဝေးပြေးကား ကြီး တွေ အသံကြားရင်..ဘေးကို သေချာ ကပ် ..။ အရေး ထဲ..မိန်းကလေး ဆို.. ကားပေါ် ကနေ..ဟေးကနဲ..ဟားကနဲ..ပြောင် လှောင် သွားချင် သွားသေးတာ။ ခုလည်း..ဖေဖေ့ အတွက်..တွေး ပြီး..စိတ်ပူ နေ ရတာ..အမြဲ ပဲ ။ ဘေးက..လမ်းပခုံးက..မညီ လို့..ကတ္တရာ ပေါ် တတ် တတ် လျှောက် တတ် တဲ့ ဖေဖေ့ ကို..ကားဟွန်းသံ မကြား မှာ စိုးရ..။ မျက်စိ ကလည်း..သိပ်ကောင်း တာ မဟုတ်တော့..အဝေးကလာတဲ့..ကားတွေ မြင် ပါ့မလား။

` ဖေဖေရယ်.. ဒီမှာ လမ်းလျှောက် ရ တာ..အန္တရယ် သိပ် များ တယ်နော်..သတိ ထား ´ လို့ ညည်း တော့..ဖေဖေ လေ..ပြုံးမဲ့မဲ့ ကြီး နဲ့.. ` သမီး..လျှောက်သွား ဖူး တဲ့..လမ်း တွေ ပဲလေ..အခု သမီး..ဟိုမှာ..အန္တရယ် ကင်း တဲ့..သာသာ ယာယာ လမ်း တွေ လျှောက် ခွင့် ရ နေ တဲ့ အခိုက် မှာ လည်း..ပျော်ပျော်ရွှင်ရွင်..ပဲ လျှောက် ပေါ့ကွာ.. ဖေဖေ့ အတွက် လည်း..မပူ ပါနဲ့.. ဖေဖေ တို့က..ဒီ လမ်းပဲ လျှောက်စရာ ရှိ တော့..ဒီလမ်း ကိုပဲ..အန္တရယ် ကင်း အောင်..သတိ နဲ့ လျှောက် ရ မှာ ပေါ့..´ တဲ့။


ဟုတ်ပါတယ်..ဖေဖေ ရယ်.. တကယ်တော့..သမီး တို့ အားလုံး..လမ်းတွေ တော့..လျှောက်နေကြတာပဲ..။ အန္တရယ် ပြွန်းတဲ့လမ်း.. သာယာ တဲ့လမ်း..နေသာ တဲ့လမ်း..လေလာ တဲ့လမ်း..လမ်းတွေက လည်း..အမျိုးကိုစုံလို့။ ရှေ့မှာ လည်း..ဘယ်လို လမ်း မျိုးတွေ..ဆက်လျှောက် ရ ဦးမလည်း..မသိ နိုင်လေ။ သာယာသည် ဖြစ်စေ..မသာယာ သည် ဖြစ်စေ.. ဟောဒီ ခန္ဓာကိုယ် ကြီး ကို..ခြေ ထောက် ၂ ချောင်း က..သယ်နိုင် နေ သရွေ့တော့..သမီးတို့..လမ်းတွေ လျှောက် နေ ကြ ရ ဦး မှာ ပဲ။ ဒီ နေ့ ဆို ရင် တောင်..သမီး..လမ်းလျှောက် ထွက် ခဲ့တာ.. ရက်ပေါင်း တသောင်း သုံးထောင် နဲ့ တရာ့ လေးဆယ် ရှိ သွား ခဲ့ ပြီ ကော။


Share/Bookmark

29 Comments:

ခင်မင်းဇော် said...

ဟဲဟဲ မွေးနေ့ ပို့စ်ကို ဒီလိုတင်သကိုး.....
၃၆ နှစ် မြောက် မှသည် မွေးနေ့နှစ်တရာ့နှစ်ဆယ်ကို ချစ်သော ကိုကရင်ကြီးနှင့် ...... ခိုင်ခိုင်မြဲမြဲ မခွဲပဲ....
ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေသော်ဝ်..
ချစ်တဲ့
အမ ခင်မင်းဇော်

မေငြိမ်း said...

ဟီးးတော်သေး
ခင်မင်းဇော်က တွက်ပေလို့။
မဟုတ်ရင် ဘယ်နှနှစ်ပါလိမ့်ပေါ့။
ဘာပဲ ဖြစ်ဖြစ်.. နောက်ထပ် သာယာလှပတဲ့လမ်းတွေကို
ချစ်ခင်သူတွေနဲ့ အတူ ရက်များစွာ များစွာတိုင် လျှောက်နိုင်ပါစေဗျားးးးးးးးးးးးးး

ညိမ်းညို said...

အန်တီကေသွယ် ၃၆ နှစ်မြောက်မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင်သည်အထိ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ :) :)
အသက်တွက်ပေးတဲ့ အန်တီခင်မင်းဇော်ကို ကျေးဇူးအထူး :P

Anonymous said...

ညီမရေ
မွေးနေ့လား..
အဖော်နဲ့ လမ်းလျှောက်ရတော့လဲ ဘ၀မှာ မောစရာတွေရှိလဲ ခံသာသေးတာပေါ့။
ညီမစာတွေ ဖတ်တိုင်း တွေးစရာလေးရလို့ အမြဲသဘောကျတယ်။ လျှောက်တဲ့လမ်းမှာ ခဏနား အမောဖြေချင်ရင် အမတို့တဲလေးမှာ နားဖို့ ဖိတ်ခေါ်ပါတယ်။ geology field ထဲမှာ နားစရာ စားစရာ ရှာသလိုပေါ့နော်။
မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ။

Anonymous said...

This is a personal note. Did you go to AIT? Did you read MBA at SOM there?

ATN said...

ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေဗျာ။ ဘ၀ဆိုတာကတော့ ခြေမရှိခဲ့ရင်တောင် လက်နဲ့ လျှောက်ကြရတာပါပဲ။ ကျနော်ကတော့ တောင်ယာတွေပေါ်မှာ လမ်းလျှောက်ရတာကို ကြိုက်တယ်။ ချမ်းမြေ့ပါစေဗျာ။

ဇနိ said...

ပျော်ရွှင်ပါစေဗျာ...

Anonymous said...

အမရေ.. ပျော်၂ရွှင်၂ ချစ်သောသူနဲ့ ဘ၀မှာ လမ်းများစွာ ဆက်လျှောက်နိုင်ပါစေလို့း)

Dr. Yi Yi Win said...

အယ်…ကျွန်မနဲ့ …ဟုတ်ပါဘူး..တို့ နဲ့ ရွယ်တူပဲကိုး..။အရေးအသားတွေရင့်ကျက်နေတော့
အစ်မလို့ ပဲလာလာခေါ်နေမိခဲ့ပါကောလား။
ထာဝရပျော်ရွှင်ငြိမ်းချမ်းပါစေနော်။

ခင်မင်လျှက်

Anonymous said...

လျှောက်ခဲ့တဲ့မိုင်တိုင်တွေ ဆက်လျောက်ရမယ့် ခရီးတွေအတွက် Cheers!!!!!!!!!! အမကေ ပျော်ရွှင်ပါစေ..

P.Ti said...

မကေ အရေးအသားကောင်းတာ နောက်ဆုံးကျမှာ မွေးနေ့လားမသိဆိုပြီး ဖြစ်တာ။ ကွန်မန့်တွေဖတ်တော့မှ သေချာသွားတယ်။

မကေ ရဲ့ ဒီမွေးနေ့မှသည် ဘ၀တလျှောက် သာယာသောလမ်းများကို ဖြောင့်ဖြောင့်ဖြူးဖြူး ချစ်သောသူနဲ့ လက်တွဲလျှောက်နိုင်ပါစေ။

Anonymous said...

ကေသွယ် ညီမလေး နင် မွေးမွေးချင်းလမ်းမလျှောက်တတ်ပါဘူး ငါသိတာပေါ့။ ဟိ
ဇူလိုင်မွေးနေ့ရှင်နှစ်ဦး ဘ၀တစ်လျှောက်လုံးပျော်ရွှင်စွာ အတူလျှောက်လှမ်းနိုင်ပါစေ။

Anonymous said...

ညီမလေးကေသွယ် မွေးမွေးချင်း နင်လမ်းမလျှောက်တတ်သေးပါဘူးဟာ ငါသိတာပေါ့ ဟိ
ဇူလိုင်မွေးနေ့ရှင်နှစ်ဦး ဘ၀တစ်လျှောက်လုံးပျော်ရွှင်စွာ အတူ လမ်းလျှောက်နိုင်ပါစေ။

မေအောင် said...

မကေလျှောက်တဲ့လမ်းတိုင်း
ချောမွေ့ဖြောင့်ဖြူးပါစေ

ကိုပေါ said...

လှပကျယ်ပြောပြီး လွတ်လပ်တဲ့နေရာမှာ အပူအပင်ကင်းကင်း လမ်းလျှောက်ခွင့်ရတာ ကုသိုလ်ထူးပါသဗျိုး။ ဒီနေ့ဟာ မွေးနေ့ဆိုရင် ဆက်လက် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

Happy birthday :)
Very beautiful pictures; they made me want to walk there :)

Keep walking ;)

pandora said...

နေကာမျက်မှန် တစ်လက်နှင့် လမ်းလျှောက်ထွက်သော ချစ်မမကေ
မွေးနေ့မှသည် ရှေ့ခရီးမှာ ချစ်တဲ့ အဖော်ကောင်းနဲ့အတူ အခက်အခဲတွေ ပျော်ရွှင်စရာတွေ အားလုံးဝေမျှပြီး သာသာယာယာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။

nu-san said...

ဟယ် မကေရယ်.. ရေးသွားလိုက်တာများ စာထဲမျောပါသွားတယ်။ ဓာတ်ပုံတွေနဲ့ စာကို ယှဉ်ပြီး ဖတ်ရတာမို့ အမနဲ့အတူ လမ်းလျှောက်ထွက်နေရသလိုပဲ..

မခင်မင်းဇော်တွက်ထားပြီးသားမို့ မကေ မွေးနေ့ကို သိသွားပြီ... :) မကေ ပြောထားသလိုပဲ အသက်ရှင်နေသရွေ့ကတော့ လမ်းပေါင်းများစွာကို ဆက်လျှောက်နေရဦးမှာပေါ့..

မွေးနေ့မှာပျော်ရွှင်ပါစေ အမ.. :)

Alvin S. C. Lee said...

ညီမကေရေ...
ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။

We share the same birthday!!!

HAPPY BIRTHDAY!
May your dreams and hopes realise!

:)
Alvin

ကလိုစေးထူး said...

ကျနော်ဖြင့် စာတွေကို အရသာခံလိုက်ဖတ်ရင်းနဲ့ မျောသွားလိုက်တာ အောက်ဆုံးကိုရောက်မှပဲ နောက်ဆုံးတကြောင်းကို သတိထားမိတော့တယ်။ လမ်းလျှောက်နေဆဲ မကေ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ ထပ်တူကျနိုင်ပါစေလို့ မွေးနေ့ဆုတောင်းပါတယ်။
ခင်မင်လေးစားစွာ

Anonymous said...

မွေးနေ့ဆုချွေ ကြတဲ့..မိတ်ဆွေ များ အားလုံး- တကယ် ၀မ်းသာ ခင်မင် မိ ပါတယ်။
မခင်မင်းဇော် ကလည်း..စာရင်းကိုင်ကျွမ်းကျင်သူမို့..ရက်တွက် ပေးတာ..အဆင်ပြေသွားပါတယ်..ဒါပေမဲ့..ရက်ရေ လိုက်တာ..မှားသွားလို့..။ ပြန်လျှော့ချင် လို့- ဘယ်လို လုပ် ရမလည်း..။ အမ ရေ- ပြန်တွက်ပေးပါအုံး။း)))

တန်ခူး said...

သူများတွေလိုပဲ… မွေးနေ့ မှန်းမရိပ်မိဘူး… မကေက လမ်းအတူလျှောက်ဖို့  ဆွဲခေါ်သွားတာကိုး… မိုးကောင်ကင်ပြာပြာအောက်မှာ ချစ်တဲ့အဖေနဲ့ အတူ အပူအပင်ကင်းကင်း လမ်းလျှောက်ရမယ့်နေ့  အမြန်ဆုံးရောက်ပါစေလို့ … သာယာချမ်းမြေ့သော မွေးနေ့ ပေါင်း ရာထောင်သောင်းတိုင်စေ…..

komyintmyat said...

မကေက July 31, 1972 မွေးတယ်ဆိုရင်
July 31, 2008 ရက်နေ့မှာ ရက်ပေါင်း တစ်သောင်းသုံးထောင် တစ်ရာလေးဆယ့်ကိုးရက်ရှိပါပြီ။
ဒီနေ့ဆိုရင်တော့ တစ်သောင်းသုံးထောင် တစ်ရာငါးဆယ့်တစ်ရက်ပေါ့။

မကေရေ..... Happy Birthday ပါ။

သက်ဝေ said...

ှကေရေ..
Happy Belated Birthday...!!!
နောက်ကျမွေးနေ့ ဆုတောင်းအတွက် ဆောရီးပါနော်..
မနေ့ က လာပေမယ့်လဲ ၀င်လို့ မရတာကြောင့်ပါ။
ဘာတွေဘဲဖြစ်ဖြစ် လမ်းတွေကိုတော့ ဆက်လျှောက် နေကြရအုံးမှာဘဲမဟုတ်လား...။

Thet Oo said...

သမီးနဲ့ အဖေ နေတဲ့ နိုင်ငံမတူတော့ လျှောက်ရတဲ့ လမ်းတွေမတူကြဘူးပေါ့။ ဘာပဲဖြစ်ဖြစ် လူသိများတဲ့ ဘလော့ဂါ တယောက်ဖြစ်တာကိုတော့ ကွန်မန့်တွေက သက်သေခံနေပါတော့တယ်။

Anonymous said...

ကေ့ ဘလောက်က စာတွေကို သဘောကျစွာ ဖတ်ပါတယ်။ မှတ်ပါတယ်။ Happy Birthday

kay said...

တန်ခူး-သက်ဝေ နဲ့..ကိုသက်ဦး..
မိတ်ဆွေဖြစ်ပီးသားမို့..အထူးကျေးဇူးတင်ကြောင်း ထပ်မပြောတော့ဘူးနော်။

ကိုမြင့်မြတ် နဲ့.. sonata-cantata ( အသံမထွက်တတ် -း)
ကျမ ဘလော့ကို အားပေး တာ..ကျေးဇူးတင်ပါတယ်။ မွေးနေ့ဆုချွေ တာလည်း.. ၀မ်းသာပါတယ်။

ခင်မင်လျက်-

Andy Myint said...

ဆက်လျှောက်နိုင်ပါစေ မကေရေ… နောက်ကျနေပေမယ့်လည်း Better late than never ပေါ့။ အမှန်ကတော့ စာကို ကျော်ကျော် ဖတ်တာ အကျင့်ပါနေပြီး နောက်ဆုံး စာကြောင်းကို မမြင်လိုက်ဘူး။ ခွင့်လွှတ်။ ဒီနေ့မှ ကောမန့်တွေကို ပြန်ဖတ်မှ ဟိုက်.. ဒါ မွေးနေမှာ ရေးတာကိုးလို့ … မကေက ကျွန်တော်ထက် ၅ နှစ် ကြိုလျှောက်ထားတော့လည်း ခြေရာတွေ ပိုများတာပေါ့.. ဖြေဖ၀ါးမှာလည်း အသားမာတွေ ပိုများမှာပဲ.. Anyway… ကိုယ်လျှောက်ချင်ရာ လမ်းတွေ ဆက်လျှောက်နိုင်ပါစေ အစ်မရေ

ကိုလူထွေး said...

တသောင်း သုံးထောင် နဲ့ တရာ့ လေးဆယ် + ၃၆၅ ရက်...

ရေးထားတာ ဖတ်လို့ကောင်းတယ်...

ရှေ့ဆက်လျှောက်ရမယ့်လမ်းတွေ ပိုမိုပြီး ချောမွေ့ပါစေ...

(ကိုအောင်သာငယ်ရဲ့ ကဗျာစာအုပ်ကြောင့် မနေ့က မကေမွေးနေ့ဆိုတာတော့ သိလိုက်ရတယ်... မအားလို့ လာမနှုတ်ဆက်ဖြစ်ဘူး...)