ပန်းတွေ ကို ဖန်ဆင်းထားခဲ့တာ ကျေးဇူးတင်တယ်။
သူတို့ဝတ်ရုံတွေက...မတူ ဆန်းပြား တဲ့ အရောင်တွေ နဲ့
သူတို့ရနံ့က - သာယာ ယစ်မူးဖွယ် အမျိုးမျိုး ရှိတယ် ။
သူတို့ အရွယ် က- ကြီးကြီး တမျိုး သေးသေးတမျိုး လှလွန်းဆွေတွေချည်းပဲ။
သူတို့ရဲ့ ကိုယ်ပေါက် ကိုယ်ရောက် ကလည်း- ပွင့်ခက် ပွင့်လွှာ အမျိုးမျိုးနဲ့ သဏ္ဌန်တွေက..ကွဲပဲကွဲနိုင်လွန်း။
သူတို့ကို ခူးဆွတ်ဖို့ကြတော့ - မြင့် လွန်း တော့ခက်။ ကြွေလွန်းတော့ လွယ်.. ပြန်။ 
ဘာပဲ ပြောပြော ပန်းတွေက..တော်တော် စိတ်ဝင်စားစရာကောင်းတယ်။
စိတ်ညစ်ရင်..ပန်းကြည့်တယ်။
သူတို့ဆီက ပသာဒ တင် ခံစားရတာမဟုတ်ဘူး။
ဓမ္မ ကို လည်း စီးဖြန်းနိုင်တယ်။
အဘိဓမ္မာ လည်း ရှာဖွေပေးသေးတယ်။
တမြို့လုံး ပြာ နေ အောင်ပွင့်နေတဲ့ စိန်ပန်းပြာတွေ နောက်..လိုက် နေ မိတယ်။
ရှမ်းတောင်တန်း က စိန်ပန်းပြာ တွေကို သတိရတယ်။
ရန်ကုန်တက္ကသိုလ် သမဂ္ဂ ၀န်းကြီး ထဲက..စိန်ပန်းပြာ တွေ ကို တိုင်တည် ရတော့မယ်။
စိန်ပန်းပြာ နဲ့ ဝေးသူတွေ အမြန် နီး ရပါစေသား။ 
using oats in place of flour--It's easier to use roasted chick pea flour.
-
Pe Hmont--roast in a dry pan.
Copilot Search Branding
Oats can be used as a substitute for flour, offering a gluten-free,
fiber-rich alternative, but ad...
9 hours ago



30 Comments:
ပန်းတွေပွင့်နေပုံက လှလိုက်တာနော်... အပြင်မှာကိုယ်တိုင် မြင်ချင်လိုက်ပါဘိ...
လှလိုက်တာဗျာ...
း)
တက္ကသီလာ... မြကျွန်းသာ... ရင်ခွင် ထက်ဆီက
စိန်ပန်းပြာလေး တွေကိုပင်...
ခင်မင်... ယုယ... မနုလှ နိုင်ပဲ ခွဲခွာခဲ့ရသူတွေ ... ဆိုတဲ့
စန္ဒယားချစ်ဆွေ သီချင်းကို ပြန် နားထောင်ချင် လာပြီဗျာ...
လှတယ်..ပုံလေးတွေ..
တောင်းတဲ့ဆုနဲ့ပြည့်ရပါစေသားးးး
ဓာတ်ပုံလေးတွေ ယူသွားတယ် အစ်မရေ..(ခိုးသွားတာ..:P)
ဟိုကြည့်ဒီကြည့်ဖတ်သွား သည်။လှသည်
စိန်ပန်းပြာတွေအောက်မှာ စိတ်ကူးလေးယဉ်ပြီး လမ်းလျှောက်သွားပါတယ်
စိန်ပန်းပြာနဲ့ ပနာရသူရေ.. ဆိုတဲ့ သီချင်းလေးတောင် သတိရသွားတယ်။
လှတယ် မကေ။
တက္ကသိုလ် သို့မဟုတ် စိန်ပန်းပြာ အင်းယားကန်သာမြေ....ဆိုတဲ့ ရန်ကုန်တက္ကသိုလ်ထဲက စိန်ပန်းပြာကို ကြားသာကြားခဲ့။ ကိုယ်တိုင်မမြင်ဘူးခဲ့။ အခုမှဘဲ စိန်ပန်းပြာကို မြင်ဘူးတော့တယ်။
အရွက်ကို မြင်ရသလောက်ကြည့်တော့ စိန်ပန်းပင်အနီရဲ့ အရွက်ပုံသဏ္ဍာန်နဲ့တော့ သိပ်မတူဘူးဗျနော်။
မကေ ကျနော်တို့မြို့က ဘိုးဘွားရိပ်သာမှာ စိန်ပန်းပင်
တွေ ရှိတယ်။ အမတို့ မြို့မှာရော။ နောက်တာပါ
စိန်ပန်းပြာနဲ့ ဝေးတဲ့သူတွေ နီးကြမှာပါ ကျနော်
ယုံကြည်ပါတယ်။
လှလိုက်တဲ့ ပန်းတွေပါလား ကေရေ..
စိတ်ညစ်ရင် ပန်းကြည့်တယ် ဆိုလို့ တို့လဲ အတူ ပန်းတွေ ကြည့်သွားပါတယ်။
တို့ကတော့ ငယ်ငယ်က စိန်ပန်းနီတွေ ပွင့်ချိန်ရောက်ရင် ကျောင်းတက်ရတာ သတိရနေတယ်။
ကေ့ဆုတောင်းလေး ပြည့်ပါစေ။
မြို့မကျောင်းဝန်းဘေးက စိန်ပန်းပြာလက်ဖက်ရည်ဆိုင်နဲ့
စိန်ပန်းပြာ ပင်လေးကို သတိရတယ်။
"ကျောင်းဖွင့် ချိန်..စိန်ပန်းတွေ လဲ ပွင့်လို့ မြေမှာကျဲပြန့် နေ...
သူ နဲ့ တွေ့ ရာနယ်မြေ....
တက္ကသိုလ် သို့ မဟုတ်...
မြကျွန်းသာ အင်းလျား..ကံ့ကော်မြေ..."
မြကျွန်းသာထဲက စိန်ပန်းတွေက အနီရောင်လားလို့ ။ မျက်စိထဲမှာ မြင်ယောင်မိသမျှ ။ မေမြို့ က စိန်ပန်းတွေကတော့ဒီအတိုင်းပဲ။
အင်း....
ခန်းနားတဲ့မြန်မာပြည်ကတက္ကသိုလ်ကြီးတွေရှိခဲ့ဖူးတယ်..
ကျနော်တို့မြို့မှာလဲ စိန်ပန်းနီ..စိနိပန်းပြာ
တော်တော်ပေါတယ်..
ဧပရယ်..မေ ထင်တယ်..အဲ့လောက်ဆိုအရမ်းပွင့်နေတတ်ပြီ
ပန်းတွေကတော့လှပါတယ်
ဒါပေမယ့် ကေ့ပန်းတွေက အလွမ်းအရောင် တွေ..
း(
ဟွန်းမနာလိုဘူး.. စိန်ပန်းပြာက အမအကြိုက်ဆုံးပန်းး။
ကမောင်ရင်ရေ.. တောင်ငူဆောင်ရှေ့မှာ စိန်ပန်းပြာတပင်ရှိပါ၏။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ..တောင်းတဲ့ဆုလည်းပြည့်နိုင်ပါစေ
မကေရေ...
အစ်မကေ
ပန်းတွေကလှလိုက်တာ။ အပြင်မှာမြင်ရရင် အရမ်းကောင်းမှာပဲ။ မကေက စိန်ပန်းပြာတွေခေတ်ကို မှီလိုက်သေးတယ်ဆိုတော့ ကံကောင်းတာပေါ့နော်။ ညီမတို့မှာတော့ စိတ်ကူးနဲ့ပဲလွမ်းရတယ်။ မကေ ဆီမှာ စာလာဖတ်တဲ့အခါ၊ မမေငြိမ်းဆီမှာဖတ်တဲ့အခါတွေမှာ အဲဒီအချိန်ကိုမှန်းပြီး စိတ်ကူးနဲ့ပဲလွမ်းရတယ်။ မကေဆီကို ခဏခဏလာပါတယ်။ မကေတို့လိုစာရေးတတ်ချင်လို့။
ကမ္ဘာ့ လူဦးရေထက်ဝက်ကျော်က အပြာရောင်ကိုကြိုက်ကြတယ်တဲ့ ကေ။
ပီတိ- ဇနိ- စင်ဒန်းလာ- အပြင်မှာ ဒီ့ထက်လှတာပေါ့။ ဘယ်ဓါတ်ပုံ ရိုက်လို့ မမှီ--- ပေါ့။း)
သီချင်းဆိုပြကြတဲ့..ကိုအောင်သာငယ်- ပန်ပန် နဲ့ ကိုမောင်ရင် တို့ရေ- အသံတွေပါ ကြားလာရသလိုပဲ။ ကိုမောင်ရင်ပြောသလို..ကျောင်းထဲမှာတော့..စိန်ပန်းနီတွေပဲ များတယ်။ ဒါပေမဲ့..သမဂ္ဂ၀န်းကြီးထဲတော့ စိန်ပန်းပြာတွေ ရှိခဲ့တယ်တဲ့။
နေလင်း-အဆင်ပြေတာယူသွားပါ။ ဓါတ်ပုံတွေက..ပရို လည်း မဟုတ်ဘူးလေ။ ကော်ပီ ရိုက်မထားပါဘူး။း) ဒါနဲ့လာလည်တာ ၀မ်းသာပါတယ်။
မခင်ဦးမေ-လှတယ်နော်-း)
လင်းဒီပ- စိတ်ကူးယဉ်ပြီး ကဗျာ လှလှလေးတပုဒ် လုပ်လိုက်ပေါ့။ စကားစပ်လို့- လင်းဒီပ ကဗျာတွေက..ချစ်စရာကောင်းတယ်။
အော- ကိုပေါလည်း သီချင်းဆိုတာပါပဲလား။ တက္ကသိုလ် (သို့) မြကျွန်းသာ အင်းယားကန်နယ်မြေ.. လို့ထင်တယ်။ ဒါမဲ့..အဲသီချင်းကလည်း..ဗာရှင်းတွေ များလွန်းတော့..စကားလုံးတွေလည်း သွေဖီကုန်ပီလားတော့မသိ။ တက္ကသိုလ်ကြီးအတွက်..အလိုက်ဖက်ဆုံး..သီချင်းလေးတပုဒ်ပေါ့။
ကိုအောင်-မချိုသင်း- နဲ့ ကိုဆောင်းယွန်းလ- အတူတူ ၀ိုင်းဆုတောင်းကြတာပေါ့နော်။
မနော်-သုနှင်းဆီ နဲ့ ပေါက်ရေ- လွမ်းစရာလေးတွေကို လွမ်းရတာကိုက- ဘ၀ ရဲ့ နေထိုင်မူ ပုံစံတခုပဲ ထင်ရဲ့နော်။
အမ အကြိုက်ဆုံးပန်းက..စိန်ပန်းပြာ- တကယ်လား အမရဲ့- တိုက်ဆိုင်လိုက်တာ။ တောင်ငူဆောင်ကို အလွတ်ရနေတဲ့သူဆိုတော့..း) မေ့သမီးကလည်း..မမေငြိမ်း အလွတ်ရွတ်ပြနေတဲ့..တက္ကသိုလ် ဘွဲ့တွေ ကြိုက်တယ်တဲ့လေ။ မေ့သမီးရေ-ရွတ်ပြရရင်တော့..တထောင့်တညပဲ..။
ဆရာမရီ- ကျမလည်း အပြာရောင်ကြိုက်တယ်..အထူးသဖြင့်..ကောင်းကင်ပြာပြာပေါ့။
very beautiful flower in Myanmar..thanks a lot sharing..i want to see...
အိုင်ဒီယာချင်းတိုက်ဆိုင်နေပြီ၊
မကေ….
ဗားရှင်းကြောင့်မဟုတ်ပါဘူး။ ကျနော်မှားတာပါ။
စိန်ပန်းပြာအကြောင်းရော…တက္ကသိုလ်အကြောင်းရော…မြင်တော့ အဲဒီ ချစ်ရက်ရှည်ရှည် အင်းယားမြေ….သီချင်းကို ဆိုလိုက်တာ ဘယ်လိုကဘယ်လို မြကျွန်းသာ နေရာမှာ စိန်ပန်းပြာ က အော်တိုမက်တစ် ၀င်သွားတယ်မသိဘူး…..အရင်တောက်လျှောက် ဆိုလာခဲ့စဉ်ကတော့ မြကျွန်းသာ ပါ။း-)
ကေရေ… လှလိုက်တာ… ပြီးတော့ လွမ်းလိုက်တာ…
စိန်ပန်းပြာနဲ့ ရင်းနှီးတာ ဟိုးငယ်ငယ် မူလတန်းကျောင်းသူဘ၀ထဲကပါ…
တို့ လဲ စိတ်ညစ်ရင်ပန်းတွေကြည့်ဖြစ်တယ်… ပန်းတွေပျိုးဖြစ်တယ်… သိပ်ကြည်နူးစရာပါ…
သေရင်တောင်အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်းနေရာလေးမှာပဲ သေခွင့်ရရင်ကောင်းမှာပဲ .. . . .
သဇင်ဟန် နဲ့ အပြုံးပန်း ရေ- လာလည်တာ..၀မ်းသာပါတယ်။ သဇင်ဟန် ရဲ့ လင့်ကိုတော့..သွားလို့မရဘူးကွယ်။
သောကြာသားရဲ့မှတ်ချက်လည်း ဖတ်ပြီး ပြုံးရတယ်။
sorry Ama.
My link has nothing.
Thanks for ur kindness and sharing .... I am very happy to visit ur blog.
thazinhann@gmail.com
Really ...
miss our RASU Days...
Aung Thar Nge..
that song was sung by Ko Tin Hlaing, my favourite one, not U Chit Swe...
A K Swe
စိန်ပန်းတွေကြွေ တို့နယ်မြေမှာ ပန်းတွေဘာကြောင့်နီသလဲ။
ဒီစာသားလေးဟာ ၁၉၈၈ ခုနှစ် ရဲ့အမှတ်တရပါ မကေ။
Post a Comment