Beauty and Colors



အရောင်နဲ့ အလှ

လူကလေးရေ
ကြည့်လေ......။
တော၊ တောင် ၊ရေ၊ မြေ။
တောဆိုလည်း၊ တောအရောင်
တောင်ဆိုလည်း၊ တောင်အရောင်နဲ့။
ပင်လယ်ပြာ မြစ်ပြင်ပြာ
ဝဲဂယက်ဖြာ ရောင်စုံတောက်ပ
လှမှလှပဲလေ။
မြေပြင် အလုံးစုံမက
သဘာဝနေရောင်ဝယ်
ခုနစ်သွယ်ရောင်စဉ်ရှိတယ်။

လူလေးရင်ထဲက နှလုံးသား
လှပစွာ အရောင်များခြယ်
လွတ်လပ်စွာ ခြယ်စမ်းကွယ်။
အရောင်အသွေးကင်းပျောက်
မွဲခြောက်ခြောက်ဖြူလျော်လျော်
ခပ်လျှော်လျှော် ဘ၀ထက်စာရင်

နီချင်နီ၊ စိမ်းချင်စိမ်း။
နုချင်နု၊ ရင့်ချင်ရင့်။
အရောင်တိုင်းလှ
အလှတိုင်းမှာ အရောင်ရှိတယ်။

နီနီမာ


Share/Bookmark

1 Comment:

kay said...

Copy from CBox

တေဇာတေ: မကေသွယ်ရေကဗျာကိုဖတ်ပြီးစိတ်ထဲမှာတော်တော်ခံစားရပါတယ်။စစ်အစိုးရကိုကျွှန်တော်မသေမချင်းတတ်နိုင်သလောက်တိုက်ဖျက်သွားပါမယ်ဗျာ။
........................................
21 Oct 07, 17:50
ညိမ်းညို:
အန်တီကေသွယ် လာလည်ပါတယ်။အရောင်နဲ့ အလှ ကဗျာက ရိုး ရိုးလေးနဲ့ ကဗျာဓာတ်မိလိုက်တာဗျာ။ပျော်ရွှင်ချမ်းမြေ့ပါစေ..