စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၇)

ခုတလော..လူက..တဖက်ခြမ်း ကနေ.. နောက်တဖက်ခြမ်း ကို လှည့်လိုက် တဲ့.. နှစ်ကိုယ့် တစိတ် အရုပ်လို ဖြစ်နေ သည်။ အမြဲတမ်း..တွေးတွေး ဆွေးဆွေး ငေးငေးငိုင်ငိုင်…ကြီးပြင်း ခဲ့ ရာက.. အင်းလျားဆောင် ရောက်မှ.. အပျော်ကျူးတတ်.. နောက်တတ် ပြောင်တတ်..ဖြစ်လာ ပြီး.. ခု ..ဗြုန်းကနဲ ဆို.. သံပတ် ကုန်သွားသလို..တယောက်တည်း.. တနေရာမှာ ရပ်တန့်ပြီး.. တွေးချင်ရာ တွေး ခြင် နေ မိ ပြန် သည်။ ဘယ်ဟာက.. ပင်ကိုယ် မူလ စရိုက်လည်း တော့ မသိ။
-
ဒီနေ့.. စာသင်ခန်း ထဲကို နဲနဲ နောက်ကျမှ ၀င်မိ လို့.. နောက်ဆုံး ခုံ မှာ ပဲ ထိုင်မိ တော့.. ဟိုကောင် တွေ သူ အတန်းတက်တာ သိချင် မှ သိမယ်။ အတန်း ဖြုတ်တော့.. ဘယ်သူ မှ မမြင်ခင်.. စာသင်ခန်း အပြင် ထွက် လိုက်သည်။ ဘယ်သူ မှ ..မမြင်လောက် ဘူး ထင်ကာမှ..ဘယ်တုန်းက…အနား ရောက်လာမှန်း မသိတဲ့..မှုံကြီးက.. လာ..လာ.. ကန်တင်းန် သွားမယ်..တဲ့။
-
“ မလိုက်ဘူး..ငါ လိုင်ဘရီ သွားမလို့…”
-
“ အောင်မာ.. ရာရာ စစ … လာပါဟ..နင်ကလဲ..”
-

“မလိုက်ပါဘူး ဆို …”
-
ပြောရင်း.. အပြင် ထွက်တော့..အရေးထဲ.. မန္တလေးဆောင် ပေါ်တီကို အောက်မှာ.. ဟို..“ အမှတ်တမဲ့တူးတူး” ကြီး ရဲ့ တမင်လုပ်ထားတဲ့..ဆွေးဆွေး မြေ့မြေ့ မျက်နှာ ကြီး ပါလား..။ အဲ တယောက် ကိုတော့.. ကြောက် လည်း ကြောက်.. ရွံလည်း ရွံ.. တော့.. လာ..ငါ့ကို ဟိုထိပ်ထိ လိုက်ပို့ ဆိုပီး..မှုံကြီးကိုပဲ..ခဏ ချော ဆွဲ လိုက်သည်။ လွတ်လွတ် ကျွတ်ကျွတ် ဖြစ်သွားတော့မှ… အဓိပတိ လမ်းမ ကြီး ပေါ်က..နေရောင် နွေးနွေး ကို..အားရ ပါးရ မော့ ကြည့် လိုက်မိသည်။ သင်းပျံ့ပျံ့ ရနံ့ တခု….အဲ.. ကံ့ကော် နံ့.. ကံ့ကော် တွေ ပွင့်ပြီလား..စောသေးတယ် လေ…။
-
.............................

......................................


Share/Bookmark

12 Comments:

ရွှေရတုမှတ်တမ်း said...

မကေရေ...ကန့်ကော်လဲ..တောရိုင်းမြေလောက်တော့ လေးအောင်ရေးဟေ့....း))

tin min htet said...

နေမျိုးဆေး ပို့စကဒ်ပါ မကျန်အောင် အဲဒီခေတ်က ကျောင်းအငွေ့အသက် အကုန်ပါအောင် ရေးထားတာပဲ။

Moe Cho Thinn said...

ငထက်ပြောတာ ဟုတ်တယ်။ ကျောင်းရဲ့ နေရာ အနှံ့အပြားကို ဟိုတစ ဒီတစ တို့ထိ သွားတာ လွမ်းသွားတာပဲ ကေ။

P.Ti said...

ဟုတ်ပါ့ အစုံကိုရေးတာပဲ... Library ရှေ့က ကံ့ကော်ပင်တွေအောက်မှာ ခိုင်သင်းကြည်ကို မင်းသမီးမှန်း မသိတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လောင်ကြေးထပ်ပြီး အော်တိုရေးခိုင်းဖူးတယ်။

RC ထဲကဆိုင်ကနေ ကချင်လွယ်အိတ် နဲ့ အမှတ်တရ တီရှပ်လည်းဝယ်ဖူးသေးတယ်...

နောက်ပြီးတော့လား Chancellor မှာထိုင် ဖြတ်သွားဖြတ်လာ ကျောင်းသူတွေကိုငေး၊ Mild Seven က အလကားလာပေးတဲ့ ဆေးလိပ်တွေလည်း သောက်ခဲ့ဖူးတယ်...

ဆိုင်ဆိုင်မဆိုင်ဆိုင် အကုန်လွမ်းတယ်... :)

Rita said...

တက္ကသိုလ် အနုပညာအသင်းဆိုတာ နွမ်ဂျာသိုင်းလို၊ မောင်စိန်ဝင်းလို ဝတ္ထုတွေထဲမှာ ဖန်တရာတေအောင် ကြားဖူးပါရက်နဲ့၊ ဖေဖေကိုယ်တိုင် အာရ်အိုင်တီမှာ အငြိမ့်ကခဲ့ဖူးတဲ့အကြောင်းတွေ ရင်းနှီးကျွမ်းဝင်နေအောင် သိခဲ့ပါရက်နဲ့၊ မကေရေးတဲ့ ကျောင်းမှာ ကြားရတဲ့ စောင်းသံဆိုတာကို ဖတ်မိတဲ့ ရုတ်တရက် အထာမကျသလိုဖြစ်ပြီး ကိုယ်နေခဲ့တဲ့ ကျောင်းမှာ စောင်းသံတပ် ကြည့်မိတယ်။ ပြီးတော့ အလုပ်လုပ်ရင်း မနေနိုင်မထိုင်နိုင် မျက်နှာပိုးသပ်မရအောင် ရီချင်လာတာပဲ။ ကျောင်းထဲမှာ စောင်းသံကြီးနဲ့ပေါ့။

ပြီးတော့... ခု တက်နေကြတဲ့ ကျောင်းထဲကို ခဏလေး အဲဒီ စောင်းသံတပ်ပေးကြည့်ချင်တယ်။ သူတို့ ဖျတ်ခနဲ နားစွင့်ပြီး ခဏနေ ထရီကြလိမ့်မယ်။

ဆရာကန်တော့ပွဲ လုပ်မယ် ဆိုတော့ အတန်းတူ သူငယ်ချင်းပြောတာ ခုထိ မှတ်မိသေးတယ်။ လူအများကြီး စုလို့ မရရင် ဆရာ/မ တွေကို အခန်းတစ်ခုထဲ စုထည့်ထားလိုက်ပါလားတဲ့။ ပြီးမှ ကျောင်းသားတွေကို တိုကင်လေးတွေဝေလိုက်၊ ပြီးမှ တယောက်ချင်း တန်းစီပြီး ဝင်ကန်တော့ကြတာပေါ့ ဆိုတာ... :D

ဒါ ရီစရာ မဟုတ်ဘူးလို့တော့ အစ်မတို့က ထင်မှာပဲ။
ဒါပေမဲ့ ပြန်သတိရပြီး ရီချင်တာ တားမရဘူး။
အဲဒီလို ပြောတဲ့ သူငယ်ချင်းကလည်း နာ တတ်လို့ ပြောတယ် မထင်နဲ့ မကေ။ တမင်ကို ရီစရာပြောတာ။

MANORHARY said...

နှစ်ကိုယ့်တစ်စိတ် .. အင်း ကိုယ်လည်း အဲလိုပဲ
တစ်ယောက်တည်းတိတ်ဆိတ်နေတတ်တာများသလို
သူငယ်ချင်းတွေနဲ့လည်း ပျော်ခဲ့ဖူးတယ် ..
ခုထိလည်း ဒီတိုင်းပဲ ...

Kay said...

အကိုကြီး နေကျောက်ခဲ.. မြင်းခြံသားတွေ..စကားတတ်တာ..ကျမ သဘောပေါက်ပါတယ်။ ပြီးကာနီးပါပြီ နော်..း)

ကိုတင်မင်းထက်..မချိုသင်း..မနော်..ကိုငပိ..အဲ ကိုပတိ..လာမယ်..မကြာခင်..တက္ကသိုလ်ထဲမှာ..တယောက်ထဲ အူကြောင်ကြား ဖြစ်နေတာ..ဆွဲထဲ့မလို့..ကြိုတွေးထားကြပါ.. ( နိုးဆော်ထားပါသည်)

ညီမ ရီတာ.. ဒါဆို..နည်းပညာ လား ..။ ဟုတ်တယ်.. တူမလေးလည်း နည်းပညာပဲ တက်တာ..။ သူ မနက်တိုင်း ကျောင်းသွားတဲ့ ခရီးကို လိုက်ကြည့်ပြီး..ခံစားလို့ မရ ..နားလည်လို့မရ အောင်ဖြစ်ခဲ့ရတယ်..။ တက္ကသိုလ်ကြီးတခုလုံး..မြို့လယ်ခေါင်မှာ ငုတ်တုတ်ရှိရဲ့နဲ့လေ..။ စောင်းဆိုလို့..အမ တို့တက်တဲ့အချိန်မှာတောင်..စောင်းဆိုတာ..တော်၂ နားမထောင်ဖြစ်ကြတော့ပါဘူး..ဒါပေမဲ့..အဲဒီတုန်းက..စိန်ရတု အတွက် လေ့ကျင့်နေတယ် ထင်တာပဲ..။ တက္ကသိုလ် အနုပညာ အသင်းက..အရင်ကဆို..ဗမာပြည်က.. အနုပညာရှင်တွေ.. ဇာဂနာတို့...မြပုဏ္ဏမာ အငြိမ့် လိုမျိုးတွေကို မွေးထုတ်ပေးခဲ့တာပဲ.. အမတို့ အချိန်မှာတော့...အဖျားလေးပဲ ရှိပါတော့တယ်..တက္ကသိုလ် နေ၀င်ချိန်ကြီးပေါ့..ပြောရင်..၀မ်းနဲစရာ.. ။

Rita said...

အဓိက ရီ ရစေတဲ့ အကြောင်းက စောင်းသံ မဟုတ်ပါဘူး အစ်မရယ်။
=)

little brook said...

ဒီနေ့တော့ သူပိုင်သွားပြီတဲ့ ... အမပိုင်သွားသောနေ့များကို ကျွန်တော်တို့လည်း ခုဖတ်ရတော့ ကျွန်တော်တို့လည်း ပိုင်သွားပြီပေါ့း)

တန်ခူး said...

နေမျိုးဆေးပို့ စ်ကတ်လေးတွေ တို့ လဲ ကေ့လို သွားငေးဖူးတယ်… သူမို့ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုကောင်းအောင် တွေးတတ်တယ်လို့ လဲ စိတ်ထဲက ချီးကျူးဖူးတယ်… ဒီပို့ စ်မှာတော့ နောက်ဆုံးအပိုဒ်လေးအကြိုက်ဆုံးပဲကေ… ဟုတ်တယ် ဖုတ်သွင်းရထားဆိုက်လာရင် ပန်းမြိုင်လယ်က ဥယျာဉ်မှူးထဲက ကျော်ဟိန်းဆိုင်းသံကြားရင် ဖြစ်လာတဲ့ ခံစားမှုမျိုး… နှလုံးသားထဲက စကားလုံးတွေက လက်ကတဆင့်စီးမျောချလိုက်မှ နေသာထိုင်သာရှိသွားတယ်…

JulyDream said...

ဓါတ်ပုံမှာ လူပါနေသလိုပဲ။ ဘေးတခြမ်းကို နည်းနည်းလေး မြင်နေရတယ်။ အဲဒါ ဘယ်သူလဲကွ။ ဟဟ...

ThI said...

အဓိက ရီ ရစေတဲ့ အကြောင်းက စောင်းသံ မဟုတ်ပါဘူး အစ်မရယ်.... တဲ့....

ဘယ်လောက်ပဲ ကိုယ့် တက်လိုက်ရတဲ့ ကျောင်းကြီးကို ချစ်တယ်ပြောပြော.. တစ်ခါ တစ်ခါတော့ ကိုယ် မျှော်လင့်ခဲ့တဲ့.. ကိုယ် တွေ အိပ်မက် မက်ခဲ့ရတဲ့ စွယ်တော်ရိပ် သမိုင်းနဲ့ တက္ကသိုလ်ကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ခေတ်ချင်း နှိုင်းယှဉ်မိရင်... အချိန်ကာလ တစ်ခုမှာ ပြောင်းလဲသွားရတဲ့ သမိုင်းတွေက ရီရပါတယ်.... တကယ်က မငိုချင်တော့လို့ကို ရီလိုက်ရတာပါ...

တကယ်ပါ.... ကျွန်တော်တို့ကို ရီ ရစေတဲ့ အကြောင်းက မရီတာ ပြောခဲ့သလို စောင်းသံ မဟုတ်ခဲ့ဖူးလေ...

အိပ်မက်တွေထဲက တက္ကသိုလ်ဆိုတာက ခုလို စာပေထဲမှာပဲ ခံစားနိုင်ခွင့် ရတော့တာကိုး...

ရီနေရုံပဲပေါ့.. ငိုလို့လည်း ရမှ မရတော့ပဲ.. :(