စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၂)



“ အခန်း ၄၆… နောက်ပေါက်မှာ ဧည့်သည်..”

ရိုးကောလ် ခန်း အလယ် ပေါက်ကနေ.. အဆောင် အလယ် ကွင်းပြင်ကြီးကို လွှမ်း အောင်..အော်လိုက်တဲ့.. ကျောင်းသူ တယောက်ရဲ့ အသံ က..ကျယ်လောင် လှပေမဲ့.. အခန်းထဲက အမြန်ပြေး ထွက် ပြီး ..အပေါ်ထပ် ၀ရံတာ က..လှမ်းကြည့်တော့.. လူ မမြင်ရတော့။

ဒီနေ့ညနေ ..ရေလေး ဘာလေး စောစော ချိုး.. သနပ်ခါးတွေ ဘာတွေ လိမ်းပြီး.. စာကျက် မလို့..စာအုပ် ကိုင်ကာ ရှိသေး…။ ကိုတိုး တို့လည်း မဖြစ်နိုင်.. သူတို့ လဲ..ဒီအချိန် စာ အသဲအသန် ကျက်နေရ တော့မှာ.. ။ ပင်းယ ဆောင်က.. ဟို..လူကြီး များလား မသိ..။ တနေ့ကလည်း.. အချဉ်ထုပ် တွေ.. တထောကြီး လာပေး သွားတယ်။ မဖြူကလည်း.. သူ့လက်ထဲက..စာအုပ်ကို စိတ်မပါ လက်မပါ.. လှန်နေရင်း..
-
“ မှုံကြီး တို့ တော့..မဖြစ်နိုင်ဘူးဟ.. ဒါမဲ့.. ဆင်းမယ်ဟာ.. ပျင်းတယ်..လက်ဖက်ရည် လည်း ၀ယ်ရ အုံးမှာ.. ”
-
ထုံးစံ အတိုင်း..ပျော်ပွဲ ရွှင်ပွဲ တွေ..ဒင်နာ တွေ ပြီးတော့.. စာမေးပွဲ ကြီးက..ရောက် လာပြန်ပြီ။ အခု ထက်ထိ နှုတ်တိုက် ကျက် နေရတဲ့.. စာတွေကို စိတ်ပဲ ညစ်လှပြီ။ စာကို ဖတ်ပြီးတော့ပဲ နားလည်ချင်တာ..။ ဆရာ ဦးမင်းဆွေ ပြောတဲ့..သူတို့ နိုင်ငံခြားမှာ သင်ခဲ့ရတဲ့..Open book ဆိုတာမျိုး..လုပ်ကြည့် ချင်လိုက်တာ။ အောနပ်စ် တန်းတွေ မှာ တော့..တ ဘာသာ လုပ်တယ်လို့ ရီမွန် ပြောပြော နေတာပဲ..။ အင်း..ဆရာတွေကလည်း..အောနပ်စ် မှ အထင်ကြီး တာ..ကျောင်းသား ထင်တာ.. ။ နေပေါ့ဟာ…။

အကွက်စိ တဲ့..မဖြူ ကတော့.. စိသလား မမေးနဲ့..။ အပြန် တခါတည်း..ညစာ တင်ဖို့..ထမင်းချိုင့် ပါ ယူလာတယ်။ ခုတလော လည်း.. အိမ်မပြန် ဖြစ်တာနဲ့.. မဖြူ ..သူ့ဖာသူ အိမ် ပြန်ပြီး ချက် ယူလာတဲ့..ဆိုက်ပေါ့..( တရုတ်ရိုးရာ မုန်လာဥ ခြောက်ဟင်း) နဲ့ ချဉ်ပေါင်ကျော် ပဲ ကပ် တုတ်နေရ သည်။ ကိုယ့်ကို ဟင်းလုပ်ပေးနေကျ.. မယု လည်း.. ကျောင်းပြီး သွားပြီ ဆိုတော့..ကွာလဖိုင်းတန်း ဆက်တက်မလား ဘာလား.. ကိစ္စတွေ ရှုပ်ရင်း.. နယ် ပြန်သွားတော့.. စာမေးပွဲ နီးမှ.. သူ ဟင်းငတ် နေသည်လေ။

ညနေ လေးနာရီထဲက.. ဟင်းတွေ စချပြီ ဆိုတော့..ထမင်းစားခန်း ထဲမှာ..တချို့ ညစာ စောစော စားတဲ့ လူတွေ တောင် ရောက်နေကြပြီ။ မမနန္ဒာ ကို.. တပတ်တခါ သူ့အိမ်က လာပို့ တတ်တဲ့.... စတီး လေးဆင့်ချိုင့် ကြီး နဲ့ တွေ့လိုက်တော့.. ဗိုက်တောင် ဆာချင် သွားပြီ။ “ညကျ လာစားမယ်နော်..မ” လို့.. လှမ်းစ ရင်း..ထမင်းစားခန်း ထဲ.. ဟိုငေး ဒီငေး လုပ်နေတဲ့ အချိန်မှာ.. မဖြူကတော့.. ၀က်သားနဲ့ ဗုံလုံသီး ဟင်း ကို..ချိုင့်တွေထဲ ထဲ့ပြီးလို့..ထမင်းစားခန်း စောင့်ပေးနေတဲ့..အန်တီ မြ ဆီမှာတောင်..အပ်ပြီးသွားပြီ။

အဆောင် နောက်ပေါက်မှာတော့ ..နောက်ဆုံးနှစ် က.. မမ တွေသာ ပို အလုပ်များ နေကြသည်။ စာမေးပွဲ အတွက် ပူရတာ တမျိုး ..ချစ်သူ..ဒါမှမဟုတ်..ချစ်သူ မဖြစ်တဖြစ်လေးတွေ နဲ့.. ခွဲရေ တာ့မှာက..တခက်.. ။ နောက်ပေါက် တဲ့တဲ့က.. ပါမောက္ခ အိမ် ရဲ့ ရှေ့အုတ်ခုံ လည်း မလွတ်.. ။ အင်းဝ ဆောင်ရှေ့ဖက်..ကံ့ကော်ပင်တွေ အောက်မှာ လည်း မတ်တပ်..။ ULB သွားတဲ့ လမ်းလေး ထဲမှာ လည်း..ဟိုနား..ဒီနား..။ တချို့က..ပုဂံလမ်း ဖက် ကို ဦးတည်လို့..။ ဆံပင် ကောက်ကောက်.. ဖင်ကောက်ကောက်လေး နဲ့..ဒေးဒရဲ Queen ဆိုတဲ့..အမ ကြီး ဆီ ညနေတိုင်း လာတဲ့.. RIT က..အကိုကြီး လည်း ရောက်နေ ပြီ .. ခင်တောင် နေပြီ လေ..

“ အမ..ရေချိုးတုန်း.. နောက်တနာရီ လောက် စောင့်အုန်း..” လို့ နောက်တော့.. ပြုံးနေတယ်။

“ဟိုမှာ .. မထိုက် တို့အတွဲ ..” လို့..မဖြူ ပြတဲ့ ဖက်ကို လှမ်းကြည့်တော့.. သိပ္ပံ ကန်တန်းန် ဘေးက.. စာသင်ဆောင် တွေ ကြားထဲမှာ.. ဒဂုန်ဆောင်က..အကိုကြီး နဲ့..။

“ နေအုံး..ငါတို့ ဧည့်သည် ဆိုတာ.. ဘယ်သူလဲ မသိဘူး…”

သူတို့ နှစ်ယောက်..ဟို ရှာ..ဒီရှာ လုပ်နေတုန်း မှ.. ဟိုးဖက်.. အင်းဝ မုခ်ဦး အောက်က..ထ လာတဲ့.. ကိုအေးဇော်ဟန် ကို လှမ်းမြင်လိုက် ကြသည်။ အတော်တော့ အံ့သြသွားမိ သည်။ သူတို့လည်း..အောနပ်စ် တန်းတွေ..စာတွေ နဲ့ လုံးပန်းနေကြ မှာပဲ လို့ ထင်နေတာ.. ပြီးတော့.. သိပ်ပြီးတော့ လည်း လာလေ့ ရှိတာ မဟုတ်ဘူး လေ..။ အေးလေ.. ဘယ်သူ့ဆီ လာတာမှန်း မှ မသိတာ…အခန်း ၄၆ လို့ပဲ ခေါ်တာ ကို... ။ မဖြူ မျက်နှာ ကို လှမ်းကြည့်တော့.. သွားထက်လေးတွေ အကုန်ပေါ်အောင် ပြုံးနေလိုက်တာ..။
-
..
.
.
.
.
.
.
.
.







 


Share/Bookmark

14 Comments:

MANORHARY said...

christopher ဆိုတာ peter အကိုတောများလား
မသိ ..း)
မှန်းကြည့်တာပါး))

MANORHARY said...

အကိုတော် ရေးတာ မှားသွားလို့း)) အကိုတော ဖြစ်သွားလေရဲ့

Rita said...

အဟမ်း
:)

pandora said...

စိန်ပန်းတွေလည်း အကြိမ်ကြိမ်ပွင့် ကံ့ကော်တွေလည်း အကြိမ်ကြိမ်မွှေး...

ဇာတ်သိမ်းပိုင်းကိုစောင့်ရင်း. ဘာမှမရေးသွားဖြစ်ခဲ့
အခုလည်း စောင့်ဆဲ

အိန္ဒြာ said...

မကေရေ..

ပိတ်ရက်မို့အေးအေးဆေးဆေးလာဖတ်သွားပါတယ်..

လုံးချင်း...
လုံးချင်း..လို့အော်ပြီးပြန်သွားပါတယ်

ချစ်ခင်စွာ

ရွှေရတုမှတ်တမ်း said...

ဟေး....မင်းသားလေး ပါလာပြီ..ကွ.....
ဝတ္ထုစာအုပ်ကိုပြောတာပါ....း)

Dr. Yi Yi Win said...

"ဆရာ ဦးမင်းဆွေ ပြောတဲ့..သူတို့ နိုင်ငံခြားမှာ သင်ခဲ့ရတဲ့..Open book ဆိုတာမျိုး..လုပ်ကြည့် ချင်လိုက်တာ။" ဆိုလို့ ဝင်ရေးခဲ့ဦးမယ်နော်။ အဲဒီစာအုပ်ဖွင့်ဖြေရတာက ပိုကြောက်စရာကြီး ကေ။ ဘာကို ကူးလို့ ကူးချရမယ်မှန်းကို မသိနိုင်ခင်အချိန်စေ့သွားတာမျိုးလေ။ အားပေးလျှက်

tin min htet said...

အခုလေးတင် ကျွန်တော့် ဘလော့ဂ်မှာ တိုက်ရေယာဉ် ၁၀၃ တင်ပြီး။ မကေ့ ဘလော့ဂ်လာဖတ်တာ။ အံ့ဩစရာ :O

ဂျူနို said...

မကေရေ
အရေးအသားတွေက အဆောင်ညနေ ဧည့်ချိန်ကို ပေါ်နေတာပဲ။

အဆောင် ဧည့်ချိန်တွေကို လွမ်းသွားတယ်။

မအယ်

ဒူကဘာ said...

ဒီဘလော့ဂ် လာတိုင်း ကျောင်းတော်ကြီး ပိုလွမ်းရပါ၏။

Moe Cho Thinn said...

မင်းသားလေး စာအုပ်ကို မင်းသမီးလေးကို လာပေးတာများလား။
အဟမ်း အဟမ်း :))
(ရီတာ ချောင်းဟန့်တာ ကို ထပ်ဆင့်ပြုသွားသည်)

ATN said...

မင်းသားပါလာပြီကိုး...း)

kay said...

မနော်..ရီတာ..ပန်ပန်..အိန္ဒြာ..မချိုသင်း..မအယ်..မနန်ဝါ ဒူကဘာ..ဆက်စောင့်ဖတ်ပေးကြပါအုံးနော်..ကျေးဇူးတင်ပါတယ်။း)

အကိုကြီး ကျောက်ခဲ နဲ့ အကိုလေး ကျောက်ခဲ ကလဲ..မင်းသားပဲ မျှော်နေကြတယ်..ခက်ထှာ..း)

ဆရာမယု.. တို့တော့.. open book ကြိုက်တယ်..ဘာဖြေရမှန်း မသိတာကိုက.. တကယ့် ချက် ( ဂျက်) ပဲလေ.. စာအုပ်လဲ ဖွင့်ရသေး..ဘာကူးရမှန်း သိနေမှတော့...း)) မိုက်ကရို နဲ့ဘာထူးမလဲနော..မက်ခရို ကြီးပဲ ဖြစ်တော့မှာပေါ့..

ကိုတင်မင်းထက်.. ဒီ တိုက်ဆိုင်မူ အတွက် တော်တော် ၀မ်းသာနေတာ.. ဘာဖြစ်လို့ဆို.. ကျမ ဒီစာ စရေးကထဲက..တိုက်ဆိုင်မူတွေ သိပ်များနေလို့.. ကိုစောညိန်း သီချင်းပါလာတက..ပထမဆုံးပေါ့..။ အဆောင်ကြေးတွေ ရေးတော့..၅၀၀၀ တန် ထုတ်တာနဲ့ တိုက်ဆိုင်။ ပဌါန်းပွဲ ရွတ်မိတော့..သီတင်းကျွတ် လာဖြစ်နေ။ ၉၁ လှုပ်ရှားမူ အကြောင်း ပါလာတော့..နိုဘယ်ဆု တွေက..ထွက်။ အဲဒါနဲ့.. ငလျင် များလှုပ်အုံးမလားလို့.. ထဲ့လိုက်တာ..ခုထိ တော့ မလှုပ်ဘူး..:D ( နောက်တာပါ)..
ခု လဲ.. တိုက်ရေယဉ် ၁၀၃ လာတူနေပြန်တော့..ကျမ တော်တော်ဝမ်းသာသွားတာ။

mirror said...

မင်းသားလေးစာအုပ်လာပေးတာ မင်းသားမှုတ်ဘူး။
ဟုတ်တယ်မလား မ ။ဟီးဟီး။