အကြိုက်ဆုံး-မကြိုက်ဆုံး

ဒီနေ့.. ကမ္ဘာမှာ
မုန်းတဲ့သူတွေ က.. စစ်တိုက်ကြတယ် ( အသဲအမဲ)
ချစ်တဲ့ သူတွေက.. လက်ထပ်ကြတယ် ( အုတ်အုတ်သဲသဲ )


ဒီနေ့.. သူတို့ တွေလည်း..
မုန်းတဲ့သူတွေနဲ့ စစ်တိုက်ချင် ကြမယ်
ချစ်တဲ့သူတွေ နဲ့..လက်ထပ်ချင်ကြမယ်
အနည်းဆုံးတော့..မုန်းတဲ့သူတွေကို မဲ့ပြပြီး
ချစ်တဲ့သူတွေကို ပြုံးပြ ချင်မှာ ပေါ့..
 .
ဒီနေ့.. ငါဟာ..
ဘာကို အကြိုက်ဆုံးလဲ မေးရင်..
မနက်ခင်း တခု အသစ်ဖြစ်လာတာပေါ့
ဘာကို မကြိုက်ဆုံးလဲ မေးရင်..
ညနေတခု. ဟောင်းနွမ်းသွားတာပေါ့
.
သူတို့ကတော့...ပြောင်းပြန်
နေ့တနေ့ မှာ..မနက်ခင်း ကို မကြိုက်ဆုံးနဲ့
ညနေခင်းတွေကို အကြိုက်ဆုံး ဖြစ်လိမ့်မယ်...
ဒါမှ..သူတို့ ငရဲ နေ့ တွေ မြန်မြန်ကုန်ဆုံး...
မဲ့သူတွေကို မုန်းလို့
ချစ်သူတွေ ကို ပြုံးနိုင်ကြလိမ့်မယ်..

.
.

ပြင်ပကမ္ဘာလောက ကြီး နဲ့ ကင်းကွာ ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရ တဲ့ နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး အတွက်..  ဒီမှာ   လက်မှတ်ထိုး ပေး ကြပါ..။

ဓါတ်ပုံ-မိုးမခ မှ



Share/Bookmark

3 Comments:

linn said...

လက်မှတ်ထိုးပြီးကြောင်း အကြောင်းကြားပါတယ် နော် မကေ ...

mie nge

ကိုဇော် said...

ထိုးသွားပါတယ်။

Moe Cho Thinn said...

ပီပီသသကြီး လက်မှတ်ထိုးလိုက်တယ်။