လက်တမ်း ပုံပြင်

အချစ်အကြောင်း ဆိုတဲ့ ခေါင်းစဉ် အောက် မှာ..မရေးစဖူး အရေး ထူး ပြီး..ရေး လိုက် ပေမဲ့..ပြော သလိုပဲ.. နတ်ကြီး တော့..ခပ် ကြောက် ကြောက် နဲ့ပဲ..တိုတို ပြော ပြီး..မြန်မြန် ဖြတ် ပြေး သွား ခဲ့ တယ်။ ချစ် တဲ့ ခင် တဲ့.. လေဒီ မိတ် ဆွေ များ က.. ဆရာမကြီး လို့..တလေသံ ထဲ ၀ိုင်း အားပေး ကြတယ်။ ပြီး တော့..သူတို့ ရဲ့..အချစ် အပေါ် နားလည် သမျှ ကို လည်း.. ခပ် ကြိတ် ကြိတ် ပြော ပြ ကြ တယ်။ အချစ် ၀တ္တု တွေ ရေး တဲ့.. သူငယ် ချင်း - မနော်ဟရီ ကတော့ -
ကိုယ့်ကို ကိုယ် ပြော တာ တောင် ကြားအောင် မပြောရဲ တာ..အချစ် လို့.. ပြောလာတယ်။
သူပို့ပေး တဲ့.. စာ စု လေး ကို.. တခြား အချစ် အကြောင်း သိချင် စပ်စု ချင်သူ များ လည်း ခံစား နိုင် ဖို့။
++++++++++++

လက်တမ်းပုံပြင်

ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ...
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြသနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ဓ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။


ကေ…
ဒါလည်း အချစ်အကြောင်းပဲမဟုတ်လား…
မနော်ဟရီ


Share/Bookmark

4 Comments:

တန်ခူး said...

အချစ် = လက်တမ်းပုံပြင်
ဒီပုံပြင်တွေကိုပဲ မရိုးတမ်းပြောသူနဲ့  နားထောင်သူ… မရေရာ မသေချာတာကိုပဲ တမြတ်တနိုးဖက်တွယ်မိနေကြတော့ကာ… အင်း…ခက်ပါတယ် မကေရယ်… ကျွန်မလဲ လက်တမ်းပုံပြင်တပုဒ်နဲ့  ခုထိရွှီးနေတုန်း… ဟိ…

Anonymous said...

ကျနော်နားလည်တဲ့အချစ်ဆိုတာ
ဟိုတစ်လောက အစ်မကြီးတစ်ရောက်ပေးတဲ့ ဗဟုသုတ အရဆိုရင် ၀ါးပင်ထဲကရေလိုပဲတဲ့။ သောက်လို့ကောင်းတဲ့အပင်ဆိုရင် သိပ်သောက်လို့ကောင်းတာတဲ့။ ဒါပေမယ့် ပုပ်နေတဲ့အပင်ဆိုရင်တော့ သေရောတဲ့။ သူကချက်ချင်းမသိနိုင်ဘူးတဲ့။ သောက်ပြီးလို့ရင်ဘတ်ထဲရောက်ပြီးမှ သိနိုင်တာတဲ့လေ။ ပြန်အန်ထုတ်ဖို့တော်တော်ခက်နေပြီ။ မအီမလည်နဲ့ပဲ ဆိုးလိုက်တဲ့ကံဆိုပြီး လက်ခံလိုက်ရတာတဲ့။ အဲလိုမျိုးများလားလို့.......

Dr. Yi Yi Win said...

ပုံပြောကောင်းတဲ့မမ ကေရေ, အချစ်ပုံပြင်များ လာရောက်ဖတ်မှတ်သွားပါတယ်နော်။
အချစ်= မေတ္တာ+သံယောဇာဉ်
ဆိုရင်
“မေတ္တာ ဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု ၅၂၈ နဲ့ ဖြစ်ခြေတည်ပြု.......
သံယောဇာဉ်ဆိုတာကရော...ဒုက္ခရဲ့မြစ်ဖျားခံရာရေသောက်မြစ်တစ်ခု” ဆိုတဲ့သီချင်းလေးပြေးသတိရသွား၏။

Unknown said...

သြော်...မမရယ်
ချစ်တယ်ဆိုတာကို ပြစ်ပယ်သင့်ပေမယ့်
ချစ်တတ်ရင်တော့ ပြစ်ရက်စရာမရှိပါဘူးဗျာ...
အချစ်ကိုသေသေချာချာ မဖွင့်ဆိုထားပေမယ့်..
ခပ်တိုးတိုးလေးတော့ ပြောပြခဲ့ပါတယ်...
ဒါကိုသာမကြားခဲ့မိလို့ ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့နော်