နှစ် ၉ ၀ ပြည့် တက္ကသိုလ် နန်း

နှစ်ဟောင်း ကုန် လို့.. နှစ်သစ် ကူး တော့ မည် မို့..  အတွေးထဲ တေးထား မိ တဲ့.. အကြောင်း တွေ ကို.. နှစ်သစ် ကို သယ် မသွား ရ အောင်.. အမြန် ရေးချ မှ ဖြစ်တော့ မည်။ 

ပြီးတဲ့..တန်ဆောင်မုန်း လဆုပ် ၁၀ ရက် နေ့ က.. အမျိုးသား အောင်ပွဲ နေ့ ကြီး နဲ့ အတူ.. ရန်ကုန် တက္ကသိုလ် ကြီး လည်း..နှစ် ၉ ၀ တင်းတင်း ပြည့် ခဲ့ ပြီ မို့... တခုခု ရေးချင် နေ ခဲ့ သည်။ ဒါပေမဲ့..မရေးဖြစ် ခဲ့။ အဲဒီ လောက် ခမ်းနား ကြီးကျယ် တဲ့..သမိုင်း အဆောက်အဦ ကြီး ကို.. မမှီ မကမ်း လက်  ကလေး နဲ့ ..ချီးပ ဖို့ရာ.. မရဲတင်း ခဲ့ ပေ။ သို့ပေ သော် လည်း..  မြန်မာ ပြည် တနံ တလျား များပြား လှ တဲ့..သူ့ သားသမီး ..မျိုးဆက် တွေ တိုင်း ရဲ့ ရင်ထဲ မှာ တော့ .... နည်းသည် များ သည်.. နီးသည် ဝေး သည်... စိမ်း သည် ကျက်သည် .. မဟူ..အတိတ်တွေ ကိုယ်စီ ကိုယ်ငှ .. နဲ့..  ဆက်သွယ် ပို်င်ဆိုင် နေ မိ ကြ သည် သာ။

ရန်ကုန် တက္ကသိုလ် ကြီး  ရယ်လို့ စတင် အမည် သညာ တွင် ခဲ့တဲ့..၁၉ ၂၀ က နေ ပြီး.. လူသံ သူသံ စာအံ သံ တွေ တိတ်ဆိတ် သွား ခဲ့ ရ တဲ့.. ၁၉ ၉ ၆ ခု အတွင်း နှစ်ပေါင်း ၈၀ နီးပါး အတွင်း မှာ.. သူ့ ရင်ငွေ့ ကို ခိုလှုံ ခဲ့ ဘူး သူတိုင်း..မမေ့နိုင် ..မဖျောက်နိုင် ..တသသ ဖြစ်ရ လေ အောင် .. စွဲဆောင်မူ ကြီး လွန်းလှ တဲ့..  နေရာ ဌါန ကြီး က..  ဘာတွေ များ လှပ နေ ခဲ့ လို့ လည်း.. ဘာတွေ များ ကြီးမြတ် ခမ်းနား နေခဲ့ သလည်း.. ဆိုတာ ကို.. နောင် လာ နောက်သား တွေ.. သိစေချင် လှ ပါ သည်။ 

ဆရာကြီး .. တက္ကသိုလ် ဘုန်းနိုင်  က တော့..  “ တက္ကသိုလ် နန်း ”  ရယ် လို့ တောင်.. ခမ်းခမ်းနားနား တင်စား ဖွဲ့ဆို သွား ခဲ့ လေ သည့်.. ရန်ကုန် တက္ကသိုလ် ကြီး ပေ။ 

ဒီ သီချင်း လေး ကို.. ငယ်ငယ် ကတည်း က .. ရေဒီယို မှာ ကြားရ တိုင်း.. တနေ့ နေ့.. ဆယ်တန်းအောင် လို့.. ရန်ကုန် တက္ကသိုလ် ကြီး ကို တက် ရင်... ဆိုတဲ့...  အာရုံ စိတ်စော တွေ နဲ့..  အတွေး နန်းတော် တိုင်းပြည်  ကြီး ထဲ မှာ.. ပျော်ရွှင် မျှော်လင့် ခဲ့ ရ သည် ပေါ့။  သီချင်း သံစဉ် က.. မမြူး ကြွ လှ ပေမဲ့.. စာသား တွေက.. နန်းတော် တဆောင် လို... ခန့်ထည် သေသပ် လှ သည်။ အခု..ဒီ သီချင်း လေးကို.. မဇ္ဖိမ မှာ.. ..ပုံလေး တွေ နှင့် အသေအချာ လုပ်ထား တာလေး ကို.. သူငယ်ချင်း တယောက် ရဲ့.. face book စာမျက် နှာမှာ တွေ့ တော့.. ထပ်ကာ ထပ်ကာ ဖွင့် ရင်း.. ကြည်နူး လွမ်းဆွတ် နေ မိ သည်။









တက္ကသိုလ်နန်း
တေးရေး -တက္ကသိုလ်ဘုန်းနိုင်
တေးဆို - သန်းသန်းရှိန်

တက္ကသိုလ်…..နန်း……မြကျွန်းပမာညီ ….အောင်နန်းမြို့ဆီ…ဆောင်ခန်းမြို့ဝေစီစီ….
ပညာတံခွန်…အောင်လံလွှင့်လို့ …ကြငှန်းမြင့်လို့ ……..နေ……..သည်….
(၀ိဇ္ဖာ လောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(၀ိဇ္ဖာလောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(နွှဲဖက်ရွှင်ကြည် ရောင်စိုရွှင်လန်းသည် ညောင်ညိုပင်စခန်းပြောင်ဝန်းရိပ် လီလီ….
တို့များ ....တွေ့ကြလို့ မေ့မရတာရှည်…. တက္ကသိုလ်သည်ကွန်း…..မြွက်ဆိုရည်ညွန်း ဥဒါန်းတွင် ကမ္ဘာတည်…)၂

(တို့ပြည် တို့အမျိုး တို့ အကျိုး ဦးတည်….လူ့ပြည်လူများ လူသားဂုဏ်ရည်….လူသားဂုဏ်ရည်…
ဆောင်ရွယ် မူချ မောင်မယ် တူပ လွန်းကြင်..ရွှင်ခဲ့သမျှ သီရေးဖွဲ့စီ…….ပျော်ပါးဝေ့လည် လွမ်းဖွယ်တလီ…
ကြည်နူးဖွယ်ကောင်းတဲ့ တို့ကျောင်းတက္ကသိုလ်ပြည်….တို့ကျောင်းတက္ကသိုလ်…ပြည်)၂




မမြင်ဖူး ခင် ကတည်းက.. ရောက်နေ ခဲ့ ရ တဲ့.. ရန်ကုန် တက္ကသိုလ် ကြီး ကတော့...  ညနေခင်း မိသားစု ရေနွေး ကြမ်း ၀ိုင်း  ထဲ က.. .ဖခင် ဖြစ် သူ ရဲ့.. အတွေ့ အကြုံ လှုပ်ရှားမူ တွေ အဖြစ် ..  ၊ ရုပ်ရှင် တွေ..၀တ္တု တွေ ထဲက.. ရင်ခုန် ကြည်နူးဖွယ် တက္ကသိုလ် ပုံရိပ် တွေ ဇတ်လမ်း တွေ. အဖြစ်.. ၊ ရေဒီယို သီချင်း..ခေတ်ပေါ် သီချင်း တွေ ထဲ မှာ စီးမျော လာတဲ့.. အနုရသ သံစဉ် စာသား တွေ အဖြစ်.. သူတို့ အားလုံး အပေါ် လွှမ်းမိုး နေခဲ့ သည်။

နောက်တော့ လည်း...... ~~~~ တက္ကသီလာ မြကျွန်းသာဆီ.. အခြေခံ ပညာ အောင်မြင် ခဲ့ ကြ သည်. ~~~~ ဆို တဲ့.. ရေဒီယို သီချင်း လေး နဲ့ အတူ..  ကိုယ်တိုင် ကိုယ်ကျ... ဖြတ်သန်း ကြုံဆုံ ရင်ခုန် ခဲ့ ရ တော့ သည်။

မမေ့ နိုင် တဲ့..အတိတ် တွေ ဆိုတာ ထက်.. မမေ့ ကောင်း တဲ့ သမိုင်း တွေ အတွက်..ဒီ နေရာ ဒီ ဌါန ကြီးကို.. သက်တော် ရာကျော် ရှည်စေ လို လှ ပါသည်။ 

ဒီ မြကျွန်းညိုညို  ကြီး ကို   ဘယ်လို အကြောင်း နဲ့ မှ ကွယ်ပျောက် မသွား စေချင် ပါ။ ဘယ်လို အခွင့် အာဏာ နဲ့ မှ မဖယ်ရှား ပြစ် စေ လို ပါ..။  တချိန် ချိန် မှာ.. ပြန်လည် ရှင်သန် နိုးထ လာ အုံး မယ် လို့.. ယုံ ကြည် 
မျှော်လင့် နေ မိ သည်။ ကောင်းကင် ပြာပြာ ကြီး အောက် မှာ.. စိန်ပန်း နဲ့ ကံ့ကော် တွေ .. ပွင့် ရ အုံး မည်။.. ကန်ရေပြင်..အဓိပတိ လမ်း ကြီး လည်း.. ညီညာ ပြန့်ပြူး ရ ပေ အုံး မည်။ သစ်ပုတ် ပင် ကြီး က လည်း .. . အမေအို ရဲ့ အပြုံး မျိုး နဲ့..  ဘ၀ ဒဏ် ကို ကြံ့ ကြံ့ ခံ.. ရင်း.. ရိပ်မိုး စောင့်စား နေလျက် ..။ 

ရန်ကုန် တက္ကသိုလ် ကြီး ရဲ့   ရာပြည့် ပွဲ ကြီးကို..သမိုင်း အမှန်.. တွေ နဲ့.. ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ပါ ရ ပါစေ လို့.. ရည်စူး မျှော်လင့် ရင်း.. နှစ် ၉ ၀ ပြည့် တက္ကသိုလ် နန်း ကြီး .. အတွက်..







 


Share/Bookmark

11 Comments:

Shinlay said...

ဟုတ်တယ်ကေ။ ငယ်ငယ်ကထည်းက စိတ်ကူးရင် ခဲ့ရတဲ့၊ အားကျ၊အထင်ကြီးခဲ့ရတဲ့ တက္ကသိုလ်၊
ပျော်စရာ၊ရင်ခုန်စရာ၊လွမ်းစရာ တွေနဲ့  ပြည့်နေတဲ့ တက္ကသိုလ် ကျောင်းသူဘ၀၊ ပြန်တွေးတိုင်း စိတ်လှုပ်ရှား
မိတယ်။ သီချင်းလေးအတွက် ကျေးဇူးပါကေ။
အရင်တုန်းကလို အမိတက္ကသိုလ်ကြီး ပြန်လည် နုပျို
လန်ဆန်းလာနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်။

ရွှေရတုမှတ်တမ်း said...

ကိုင်း..နောက်တနှစ်မသယ်ချင်လို့ ထားခဲ့တဲ့ သီချင်းပေါ့..
အင်း...ခုတလော face book သွားသွား..ဘလော့ထဲ ဝင်ဝင် သီချင်းသံတွေ ညံလို့ပါလား...
ဒို့လဲ အဆိုအက ကျင့်ထားမှ ဖြစ်တော့မယ်ထင်တယ်

kogyikyaw said...

ma kay..,
Visited..
So missed the past for everything related with "TATKATHILA`s (University) Life belong to unforgetten,memorial,proud,enthusian,aims,happiness,worrries,hate&love,etc……….,
Oh.., So………. So……..miss..!
Please Be long & Lasting "TATKATHILA" (UNIVERSITY)


kogyikyaw

Moe Cho Thinn said...

ရန်ကုန်တက္ကသိုလ်ဆိုတာ ...
သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ အောင်မြေ..
ပညာရှင်တို့ စိုးမိုးတဲ့မြေ..
အာဏာရှင်တွေ ကြောက်တဲ့မြေ..
အမှန်တရားရဲ့ သက်သေ။
ကေနဲ့ ထပ်တူ ဆုတောင်းမိပါတယ်။

Thu said...

I came and left the memorable place with firstly dreamed by TwinTay Thein Tan's "Long Loving Days of Inya".
Hopefully to celebrate the century annual of Yangon University with true peace, love and freedom. Thanks !

ahphyulay said...

အင်း....
နှစ်ကိုးဆယ်တက္ကသိုလ်ဆိုလို့  အပြေးလာလွမ်းခဲ့ ပါတယ်။
ကျွန်တော်ဟိုး...တစ်လောက ပြောခဲ့ ဘူးတယ်လေ..၊
ဒီမြကျွန်းသာကြီးကို သူတို့  တစ်ခုခုလုပ်တော့ မယ်
ကြားနေပါတယ်ဆိုတာ။
အခုအချိန်ထိ ရင်ခုန်နေရတုံးပါပဲဗျာ။ သူတို့ လက်ထက်မှာ
မဖြစ်ဘူးတာတွေ အကုန်ဖြစ်နေခဲ့ တာပါ။
တက္ကသိုလ်နဲ့ သူတို့ က ရန်သူ ပါပဲ။
နှစ်ကူးမှာ အသစ်အထူးလေးများနဲ့  ရွှင်မြူးနှိုင်ပါစေ..။

mks said...

၂၀၂၀ ဆို နှစ် ၁၀၀ပြည့်ပြီပေါ့ .. ကျနော်တို့မြို့လေးနဲ့ ၅နှစ်လောက် ကွာတယ် ..
ရန်ကုန်တက္ကသိုလ်ဆောက်ဘို့ ရန်ပုံငွေတွေ ထည့်ကြကြောင်း အောင်ပန်းစာအုပ်မှာဖတ်ရတယ်။

linn said...

မကေရေးထားသလိုဘဲ သူတို့ အခွင့်အာဏာ နဲ့ အမိတက္ကသိုလ် ကြီး ကွယ်ပျောက်သွားမှာ စိုးနေမိတယ်... အနှစ် ၁၀၀ ပြည့် ကျရင် မကေ နဲ့ ရန်ကုန်မှာ ဆုံကြရအောင်လို့ ဆုတောင်းကြရအောင် ...။

mie nge

မေဓာဝီ said...

တက္ကသိုလ်နန်းက တကယ်ပဲ လွမ်းစရာပါ မကေရေ ...
ချန်လှပ်ထားလို့ မရတဲ့ သမိုင်းစာမျက်နှာမှာ ဒီတက္ကသိုလ်ကြီး အထင်ကရ ပါခဲ့တယ်။
တက္ကသိုလ်ကြီး ရင်ခွင်ထဲကနေ ရဲရဲတောက် ဇာနည်သွေးတွေ မွေးထုတ်ပေးခဲ့တယ်။
တက္ကသိုလ်မြေတ၀ှမ်း ... လွမ်းစရာ ... နွမ်းစရာ ...တမ်းစရာတွေ ပြည့်နှက်ခဲ့တယ်။
အဆောက်အအုံကို ဖြိုဖျက်လို့ရရင်တောင် သမိုင်းခြေရာ များစွာ တက္ကသိုလ်ရင်ခွင်မှာ ကျန်ရစ်နေအုံးမှာပါ ... ။

တန်ခူး said...

ကေကိုရော... မဇ္ဖိမကိုရော... ဒီပို့ စ်လေး ဒီသီချင်းလေးနဲ့  ဒီဓာတ်ပုံလေးတွေအတွက် ကျေးဇူးပါ... တက္ကသိုလ်ဆိုတာ ပြန်မရနိုင်တဲ့အတိတ်တွေများလား...နုနယ်ပျိုမျစ်တဲ့ လူငယ်တွေရဲ့ နှလုံးသားအသစ်လေးတွေမှာ ကေတို့  အမတို့ လို လွမ်းဆွတ်စရာ ရွှေရောင်တက္ကသိုလ်နေ့ ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ...

မညှာမတာဆုတောင်းတယ်တော့ မထင်နဲ့ နော်... စာတွေအများကြီးရေးနိုင်သော စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ နှစ်သစ်ဖြစ်ပါစေလို့ 

SHWE ZIN U said...

မကေ ရေ

တက္ကသိုလ် ရဲ့ အနှစ်သာရ တွေ ပျောက်ဆုံးသွားတာ ကြာပေါ့ တချိန်တော့ ... ဖြစ်နိုင်ကောင်းပါရဲ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး