အချစ် ဆုံး သို့ အိတ် ဖွင့်ပေးစာ
ညီမ ငယ် နှင်း မိုးဝေ က.. ပေါက် ပေါက် ရှာ ရှာ၊ ကိုယ့် အမ ကြီး တွေကို၊ `အချစ် ဆုံး သို့ အိတ်ဖွင့် ပေးစာ ´ ဆိုပြီး ရေး ပေး ဖို့၊ ပြောလာတယ်။ တခြား ရေး ခိုင်းခံရ တဲ့သူ တွေကလည်း၊ မခင် မင်း ဇော် တို့..မမေငြိမ်း တို့... ရေး ခိုင်း ထား တာလဲ..တလ လောက် ရှိ နေပြီ။ ဂျီ တော့က နေ..တဂျီ ဂျီ ပြော နေတော့...
ခက်ကပြီ... ဒီကလေး မလေး နှယ်.. သူ့ရဲ့ ကောင် လေး နဲ့ကောင်မလေး လို၊ ခြေ ဆင်း လေး တွေ ... အလိုက်ကလေး တွေ .. သံပြိုင် လေး တွေ က... ဘယ်မှာ ရှိ တော့မလဲ။
ကိုယ့် ညီမ လေး လို မို့၊ မရေး ချင် ဘူး လို့လည်း မဖြစ် ပြန်။ ဒါ နဲ့... အချစ် ဆိုတာကို..ဖုန် နဲနဲပြန် သုတ် ပြီး ၊ ရှာ လိုက်တော့၊ ဟိုး...လွန် ခဲ့တဲ့ ၁၉၉၃-၉၄ ခု နှစ် က .. ရင် ခုန် မိ ခုန် ရာ ရေး ခဲ့တဲ့၊ ၀တ္တု ဟောင်းလေး တခု ကို သွားတွေ့တယ်။ တကယ့်ကို၊ အခု အချိန် ထိ၊ အချစ် နဲ့ပတ်သတ် လို့၊ စာတင် ခဲ့တာ ဆိုလို့..အဲဒီ တပုဒ် ပဲ ရှား ရှား ပါးပါး ရှိတယ်။ အချစ် ဆုံး ဟုတ် မဟုတ် တော့ မသိဘူး... ချစ် တဲ့သူ တယောက် ကိုတော့.. အိတ်ဖွင့် ပေး စာ ရေး ခဲ့တာပဲ။
ဒီ ၀တ္တု လေး ကို ရေး ပြီး၊ ဘာလုပ် ရမှန်းလဲ မသိ တုန်း၊ အမ လုပ် တဲ့သူ က၊ မြှားနတ် မောင် မဂ္ဂ ဇင်း ကို ပို့ပေး လို့၊ ပါလာ ခဲ့တာ။ စာ ရေး ဆရာ ကျော်စွာထက် ပြော တာလေး ကို သဘော ကျ မိတယ်။ ``ငယ်ငယ် တုံး က ရေး ခဲ့တဲ့ စာတွေ ပြန် ဖတ် ရင်၊ ကလေး ဘ၀ က..ကိုယ်လုံးတီး ဓါတ်ပုံလေး တွေ ပြန်ကြည့်ရသလို..ရှက် တက် တက် ခံစား ရတယ် ´´ တဲ့။ အမှန် ပဲ.....။ ခုတောင် ခပ် ရှက် ရှက်။ အဲဒါ ကြောင့်.. ပထ မ စာမျက် နှာ နဲ့ ..နောက်ဆုံး စာမျက် နှာ လေး ပဲ..ပြ တော့မယ် နော်။
ဒီ အိတ် ဖွင့်ပေးစာ လေး ကို ရေး ပြီး၊ မြောင်း ဖောက်လိုက် တော့၊ ရေ တွေ တကယ် စီး လာတယ် လေ..
အဲဒါ နဲ့၊ နောက်ဆုံး ခန်း ထဲ က လိုတော့.. ဇာတ် မသိမ်း ဖြစ် ခဲ့ တော့ ပါဘူး။
◦

2 Comments:
ပြည့်ပြည့် စုံစုံ မဖတ်ရတော့ဘူးပေါ့ဗျာ
ကိုဘကောင်းပြောသွားတာ မှန်ပါတယ်။ဖတ်တဲ့သူမှာ အီလည်လည်ကြီးနဲ့ ဘယ်လိုကြီးဖြစ်မှန်းမသိဖြစ်ကျန်ခဲ့ရတာ အစ်မရ။
ကောင်းလိုက်တာ...။တကီပြောတာ။အဆင်ပြေရင် အပြည့်အစုံဖတ်ချင်ပါတယ် အစ်မ။
Post a Comment