သူများရေးခိုင်းတဲ့ - ကိုယ့်အကြောင်းလေးတွေ

-
မိတ်ဆွေလေး တယောက်က.. tag မယ်..ရေးပေးမလား ဆိုတော့- `ဟယ် မရေးတတ်ဘူးဟယ်.. ငါက..ကိုယ့်ကို ကိုယ်လည်း..ဘောင်ခတ် မထားတော့.. ဘာကြိုက်တယ်..ဘာ လုပ်မယ် ဆို တာ မျိုး မပြောတတ်ဘူး..´ လို့။ ဒါပေမဲ့.. ကိုယ့်အမ ကြီး မခင်မင်းဇော် က..မရဘူး..ချစ်လို့ tag တာ ဆို တော့..ချစ်လို့ခင်လို့ ကျွေးရင်..အဆိပ်တောင်စားရသေး တာပဲ.. tag တာလောက် တော့..အပျော့ပေါ့။ ဒီရက် ထဲ..စိတ်ကလည်း...တအားညစ်နေ တာနဲ့..အတော်ပဲ..ပေါ့ပေါ့ပါးပါး.. ကြုံတုန်း ပျော်လိုက်ဦးမယ် ဆိုပြီးနေတုန်း.. ကိုသုည ကလည်း..ထပ်ပြီး လှမ်း tag လိုက်ပြန်တယ်။ အိုကေ..ရေးဖို့ ပိုသေချာသွားတုန်း.. ညီမလေး မျိုး ကလည်း..ကိုယ့်ခင်ရတဲ့..အမကြီး ဆိုပြီး.. ထပ် tag လိုက်ပြန် တော့.. ဘယ်နေ တော့ မလည်း..။ သဘော တွေ တအား ခွေ့ပြီး.. ခုပဲ ကောက်ရေးလိုက်ပြီ။ ကဲ အားလုံးပဲ...ပျော်ပျော်ပါးပါးပေါ့။ ( ပထမဆုံး ရေးခိုင်းတဲ့..မိတ်ဆွေလေးရေ.. အဲဒီတုန်းက..ငြင်းလိုက်တာ..နားလည် ခွင့်လွှတ်ပါကွယ်..ခု ရေးပေး လိုက်ပြီနော်။)
-
++++++++
-
နာမည် က... အခုသိကြတဲ့အတိုင်းပါပဲ။
ငယ်သူငယ်ချင်း တွေကတော့ ... နံမယ်နောက်မှာ..`ကြီး´ တလုံး ထပ်တိုး ခေါ်တယ်။ (ကိုယ်တို့အရပ်မှာ..ကလေး နဲ့..လူသေးသေးညှက်ညှက် လေးတွေပါ မကျန်..နံမယ်နောက်မှာ `ကြီး´ ထဲ့ ခေါ်တတ်တယ်..အားရပါးရ ရှိတာပေါ့ နော်..။ တမြို့တရွာရောက်တော့.. တချို့ နုနုရွရွသူငယ်ချင်းတွေ ကတော့.`ကေ´လို့ပဲခေါ်တယ်။ အိမ်မှာတော့..အမ တွေ က..`မိကေ´ လို့ခေါ်တယ်။ တူလေး ..တူမလေး တွေက..`ကေကေ´လို့ခေါ်တယ်။ နောက်ပြီး..ရှိတော့ရှိသေးတယ်.. မပြောတော့ပါဘူး။း)
-
လက်ရှိနေရပ်က - တော်ရာ ရော်ရာ..သြစီ ကျွန်းကြီးတနေရာမှာပါ။
-
ဖုန်းနံပါတ်လား - တကယ်အလွတ်မရ ဘူး။ Hand Phone ကို အရေးပေါ်ဆက်သွယ်ဖို့ပဲ Prepaid နဲ့သုံးတာဆိုတော့..ဆက်သွယ်နေကျ ဖုံးတွေ ထဲမှာ မှတ်ထားလိုက်တော့..ပြီးတာပဲလေ။ လူတိုင်းကိုလည်း..ပေးလို့ဘယ်ဖြစ်ပါ့မလည်းနော်။း) သူငယ်ချင်း တော်တော်များများ ကတော့..ကိုယ့် ဟန်းဖုံးကိုခေါ်ဖို့ စိတ်ကုန်ကြတယ်။ အမြဲလို ဘက်ထရီ သွင်းဖို့မေ့နေတတ်ပြီး.. ပိုဆိုးရင်..အိမ်မှာ ကျန်ခဲ့တတ်တယ်။
-
အကြိုက်ဆုံးတွေက-
-
အရောင်ဆိုရင် - အရောင်တိုင်း ပစ္စည်းကိုလိုက်ပီး လှတာပါပဲ။ ဒါပေမဲ့..အညို တို့Beige color တို့ White-off တို့..ဆိုရင်..လက်က..ချက်ချင်းကောက် ကိုင်တတ်တယ်။
-
အ၀တ်အစားဆိုရင် - သိပ် ခေတ်စားနေ တဲ့ဟာ မျိုး ဆို လုံးဝ မ၀တ်ဘူး။ ကြိုက်ရင်တောင်မ၀ယ်ဘူး။ အဲဒါ ငယ်ငယ်တည်းက..။ လုံခြည် ကို.. လွတ်လပ် ပေါ့ပါး တယ်လို့ မထင်ပေ မဲ့..ပွဲနေ့ပွဲ ထိုင် အတွက်..အင်မတန်မြတ်မြတ်နိုးနိုး ၀တ်ဆင်တတ်တယ်။ ဗမာပြည်တွင်းဖြစ် တိုင်းရင်းသား ချည်ထည် လေးတွေကို ကိုယ်ပိုင် ဒီဇိုင်း ထွင်ပြီး..ကိုယ်တိုင် ချုပ်ဝတ်တတ်တယ်။ နောက်ပြီး..Shawl တဘက် တွေ ကြိုက်တယ်။ တခြားမှာ ဆိုရင်တော့..ဂျင်းဘောင်းဘီ ကောင်းကောင်းတထည် နဲ့.. အကျီ င်္အဖြူ (သို့) အနက်..ဒါဆိုလုံလောက်ပြီ။
-
သူငယ်ချင်း တယောက် ကဆို..ဈေးဆိုင်တွေ ရောက်လို့..ကောက်ရိုး လိုလို..ဂုန်နီအိတ်လိုလို.. စက္ကူကြမ်းလိုလို material နဲ့လုပ်တဲ့ပစ္စည်း တွေ..သစ်သား ကြယ်သီးတွေပါ တဲ့..အသုံးအဆောင်တွေ ဆို.. နင့်ကိုသတိ တန်းရ တာပဲ လို့ ပြောဖူးတယ်။ ချင်းမိုင် သွားလည် တုန်းက.. ချင်းမိုင် အထည်တွေကိုဆို..အရမ်း သဘော ကျ တယ်။
-
အစားအစာဆိုရင် - ဒီလိုပါပဲ..စားလိုက်တာပါပဲ။ မကြိုက်တာ သိပ်မရှိဘူးထင်တယ်။ အင်း- နေ့လည်နေ့ခင်း ဖက် လက်ဖက်ရည် နဲ့ဆမူဆာ (အဲလိုမျိုး..ဗမာပြည်မှာ..လက်ဖက်ရည် ဆိုင်တွေ မှာ ရတတ်တဲ့..မုန့်တခုခု) စားရရင်တော့..ကြိုက်တယ်။ ခုတောင်..ဒီစာ ရေးရင်.. လက်ဖက်ရည် တခွက် နဲ့ ပလာတာ စား နေတယ်။ ညနေဖက် Mexican chips -dips ငရုတ်သီးစပ်စပ် ကလေးကို..၀ိုင်အဖြူလေး နဲ့ သောက်ရရင် လည်း..အား----------ကောင်းမှကောင်း။
-
ပစ္စည်းဆိုရင် - Brand မစွဲဘူး- မရူးဘူး ။ ဒါပေမဲ့..ပေါချောင်ကောင်း..ပိစိပွစိ လေးတွေ လည်း..မ၀ယ်ဖြစ်တော့ဘူး။ ( ငယ်တုန်းက..တော့ ၀ယ်တယ်) ။အိမ်မှာ အမှိုက်ရှုပ်မဲ့ ပစ္စည်းမျိုးနဲ့.. သိပ်ကြီးကျယ်..ပိုက်ဆံဖြုန်းတီးရတဲ့..ပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်တယ်။
-
သီချင်းဆိုရင် - ဆူညံလွန်းတာနဲ့.. နှေးကွေးလွန်းတဲ့ သံစဉ်တွေက လွဲရင် နားထောင် တာပါပဲ။ ချရေး ရရင်တော့..ကုန်မှာမဟုတ်ဘူးလေ။
-
စာရေးစာဆရာ နဲ့စာအုပ်- အဲဒါလည်း..သီချင်းလိုပါပဲ..ဘယ်ချရေးလို့ကုန်ပါ့မလည်းနော်။ ဒါပေမဲ့..အခုခေတ်လို ကြည့်စရာ ရှုစရာ တွေများနေတဲ့..ခေတ်ကြီးမှာတော့..အချိန် နဲ့နှိုင်းချိန် ပြီး..ကိုယ့်အတွက် ပိုလိုတဲ့စာတွေ ကို ရွေးဖတ်နေ ရတယ်။ အဲဒီ အထဲ မှာ..ရသာစာပေ ကောင်းကောင်းလေးတွေ လည်း.. ပါတာပေါ့။
-
Life style – အဲ- မပြောတတ်ဘူး။
-
ဝါသနာ - စာဖတ်..စာရေးပေါ့။ စိတ်ညစ်ရင်တော့..တယောက်တည်း ကာရာအိုကေ..အော်ဆိုပြစ်လိုက်တယ်။ အသံကတော့..တောကျီးကန်းသံတဲ့။
-
အလိုချင်ဆုံးလက်ဆောင် - ပြောတတ်ဘူးလေ- လက်ဆောင်ပေးရင်တော့..ဘာပဲဖြစ်ဖြစ် ကောင်းတာပါပဲ။
-
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကို ကိုယ်တိုင်ပဲ ဖြစ်မှာပေါ့။ အတ္တ ဟာ..ဘယ်တော့မှ ဟောင်းမသွားဘူး ဆိုလား။
-
ကိုယ့်ရဲ့ အလေးစားဆုံးသူက - လေးစားစရာလူ တွေ ရှားပါး လာတယ် ဆိုပေမဲ့.. သူ့နေရာနဲ့သူ -သူ့အတိုင်းအတာနဲ့သူ တော့.. လေးစား စရာ လူတွေ ရှိနေ သေးတာပဲ။
-
အခင်ဆုံးသူငယ်ချင်းက - ကိုယ့်အမျိုးသား ပေါ့။ သူငယ်ချင်းတွေ ထဲ ကနေ..ရွေးယူထားတာ ဆိုတော့..အခင်ဆုံးဖြစ်လို့နေ မှာပေါ့နော်။း)
-
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ကျတော့.. ကိုယ့်ရဲ့ အထက်က..အမ။ သူနဲ့ကိုယ်နဲ့က..အရွယ် သိပ်မကွာ တော့..သူငယ်ချင်း လိုလည်းဖြစ် နေတယ်။ သူက..ကိုယ့်စိတ်ထဲ မှာ..ဘာတွေ ဖြစ်နေလည်းဆိုတာတောင်..ဖွင့်မပြောပြပဲနဲ့..သိနေတတ်တယ်။
-
ကိုယ့်ရဲ့ အမုန်းဆုံးသူက - (မချိုသင်းဆီက..ငှားသုံးလိုက်အုံးမယ် ) ဒင်းတို့-
-
ရင်အခုန်ဆုံးအချိန် - အကြောင်းအမျိုးမျိုး နဲ့..ခဏခဏပဲ
-
အကြောက်ဆုံးအချိန် - ကိုယ်ချစ်တဲ့သူ တွေ ကို ဆုံးရှုံးရမှာ-
-
အပျော်ဆုံးအချိန် - မရောက်သေးဘူး ( မြန်မြန် ပြောင်းပါတော့..)
-
အမှတ်တရနေ့ တွေ လည်း.. တော်တော်များသား
-
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် - ချစ်ခင်သူခြင်း ကြွေကွင်းနေ ကြရတဲ့.. အုတ် တံတိုင်းကြီး တွေ..နံရံကြီး တွေ ပြိုကျ ဖို့တော့..နေ့တိုင်း ဆုတောင်းနေတာပဲ
-
အချစ်ဆိုတာ - ချစ်ဖို့တော်တော်ကောင်းတယ် ( ကြောက်ဖို့လည်းကောင်း တယ်)
-
အမုန်းဆိုတာ - မုန်းဖို့တော်တော်ကောင်းတာ။
-
အလွမ်းဆိုတာ - နံမယ်လှသလောက်..တော်တော် ခံရခက် တယ်။ ဒါပေမဲ့..လူတွေက..တယုယု တယယ နဲ့ သိမ်းထား တတ် ကြ ပြီး..ခဏခဏ ထုတ်ထုတ်ကြည့် ကြတယ်။ ကဗျာတွေ ထဲ ထဲ့ဖျော်ရင်တော့.. နို့စိမ်းတဗူးလို အသုံးတည့် နိုင်တယ်။
-
သံယောဇဉ်ဆိုတာ - အလွမ်းလိုပဲ..တခါတခါ ဒုက္ခပေးတတ် ပေမဲ့.. ဘယ်လူ တဦးတယောက် မှ..သံယောဇဉ် နဲ့ကင်းကွာ လို့မရဘူး။
-
ဘ၀ဆိုတာ - ဘ၀တူ လူသားတွေ..အတူ ရှင်သန်နေထိုင် ကြ တဲ့..ကာလ အခိုက်။
-
သူငယ်ချင်းဆိုတာ- မရှိ မဖြစ် ။
-
ချစ်သူဆိုတာ - ချစ်နေတဲ့သူ
-
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - (မချိုသင်း လိုပဲ) သူများ ပဲ ဆုံးဖြတ် ပါစေ။
-
လက်ဆွဲဆောင်ပုဒ်က - လက်ဆွဲ အိတ်ပဲ ရှိ တယ်။ ဆောင်ပုဒ် တော့..လက်မဆွဲဘူး။း)
-
အပြောချင်ဆုံးစကားတစ်ခွန်း - Ignorance is not a bliss
-
ကဲ- ပြီးပြီ ဗျိုး..ဘာမေးချင်သေးလည်း။း)
-
-ကေ-


Share/Bookmark

10 Comments:

Anonymous said...

မေးချင်ပါတယ် ဖြေပါ့မလားမသိ

ခင်မင်းဇော် said...

ဒါဆို နေ့လည်ဖက် လဘက်ရည်သောက်ရင်း စမူဆာ စားရင်း သတိရလိုက်မယ် ကေ့အကြိုက်လို့...

Moe Cho Thinn said...

ကေ ကာရာအိုကေ ဆိုတဲ့အသံလေး နားထောင်ချင်လိုက်တာ..။

Anonymous said...

"ဗမာပြည်တွင်းဖြစ် တိုင်းရင်းသား ချည်ထည် လေးတွေကို ကိုယ်ပိုင် ဒီဇိုင်း ထွင်ပြီး..ကိုယ်တိုင် ချုပ်ဝတ်တတ်တယ်။"

Me too. But I asked someone else to do the design part and the hard work for me. I just wear them :)

khin oo may said...

လက်ဆောင်ပေးရင်တော့..ဘာပဲဖြစ်ဖြစ် ကောင်းတာပါပဲ။

သက်ဝေ said...

ကေရယ်...
ကြောက်လိုက်တာ... လေဒီ ဘလော့ဂ်ဂါကြီးတွေ တဲ့လား...။ ဟီးဟီး...
တူတာလေးတွေ တွေ့ တယ်ဆိုတာ တူညီတဲ့ မျိုးဆက်၊ သိပ်မကွာလှတဲ့ အသက်အပိုင်းအခြားတွေကြောင့်ပါ...။
ဟီးဟီး... အသက်ကြီးကြောင်း အဖေါ်လိုက်ညှိတာ..။
စာမူခ (Comment) အတွက် ကျေးဇူးပါ ကေ ရေ...။

တန်ခူး said...

ကောက်ရိုး လိုလို..ဂုန်နီအိတ်လိုလို.. စက္ကူကြမ်းလိုလို material နဲ့လုပ်တဲ့ပစ္စည်း တွေ..သစ်သား ကြယ်သီးတွေပါ တဲ့..အသုံးအဆောင်တွေ တို့ လဲ ကြိုက်တယ် မကေရေ… အဲဒီလို အသားဒီဇိုင်းနဲ့ အိတ်တွေ ထမီတွေ အကျီတွေ တွေ့ ရင် မ၀ယ်ပဲ မနေနိုင်ဘူး…မြန်မာချည်ထမီလေးတွေ ကြိုက်တာလဲတူတယ်… မကေဆုတောင်းလေးအတိုင်း အမြန်ပြည့်ပါစေလို့ …

nu-san said...

အဟိ... မကေအကြောင်းလေးဖတ်သွားပြီ။ မေးချင်ပါတယ် အမရယ်.. မေးရင် တကယ်ဖြေမှာလား.. :P

ရေးထားတာလေးတွေက မိုက်တယ်.. :)

Sonata Cantata said...

ကေရေ ကေ့အကြောင်းတွေကို တိတ်တိတ်လေး ဖတ်နေတာ ကြာလှပေါ့။ ကေ့ မွေးနေ့တုန်းကတော့ ဆုတောင်းလေး ရေးခဲ့တယ်လေ။ sonata-cantata (ဆိုနားတာ-ကန်တားတာ) ကို မှတ်မိမလွယ်ရင် ကိုဧရာ မသီတာလို့ မှတ်ထားနော်။

zeRoTraSh said...

မကေရေကျေးဇူးပါ
ခုလို သတိတရရေးပေးတဲ့အတွက်
ဟဲ ဟဲ ခုတော့ အကြောင်းတွေသိသွားပြီ