ဘုရားသခင် ကို အပြစ် မတင်လို တော့ပါ

စာလုံး တွေ ရွေး ပြီး..အရသာ ခံ စာရေး ဖို့ မေ့လျော့ နေ ခဲ့ ကြ သည်။ ဒေါသ သင့် တဲ့ နာကျင် ကြေကွဲ တဲ့ ပေါက်ကွဲ မူ တွေ ကိုသာ၊ ပစ် လွှတ် နေ ခဲ့ မိ သည်။

ဘုရား သခင် ကို မုန်း တီး တဲ့ အပြစ် တင် တဲ့ စာ ကဗျာ တွေ နဲ့ တယောက် ပြီး တယောက် အော်ဟစ် ကြ တယ်။ ကိုယ် တိုင် လည်း ဘာ တွေ ကို ယုံ ကြည် ရမှန်း မသိ အောင် ထုံ ထိုင်း နေ ခဲ့ မိ တယ်။ အဖြစ် ကြီး က..သိပ် ကြီး မား လွန်း တယ်လေ။ ဒီ အဖြစ် ဆိုး ကြီး ရဲ့ နောက်ကွယ် က..အင်အား ကြီး ကလည်း..သိပ် ပြီး ဆန်း ကြယ် နေ တယ်။ လူ တွေ ကတော့..ကပ် တို့ ကျိန်စာ တို့ မကောင်းဆိုးဝါး တို့ ယတြာ တို့ ဆို တဲ့..နား လည် ရ ခက် တဲ့.. တကယ့် သိပ္ပံ ပညာ ရပ် ကြီး တွေ ကို သာ ၊ မရဲတ ရဲ မျက် စောင်း ထိုး နေ မိ ကြတယ်။ ကိုယ့် ရဲ့ လက် နှစ်ဆုပ် စာ ဦးဏှောက် လေး နဲ့ လည်း..စကြာဝဠာ ကြီး ရဲ့ အနန္တော အနန္တ တရား တွေ ကို အဖြေ ရှာ ကြည့် လို့ မရ ပါဘူး။ သေချာ တာတော့..သိပ် ကို ထူး ဆန်း နေ တဲ့ အဖြစ် အပျက် တွေ ရှေ့ဆင့် နောက် ဆင့် ဖြစ် နေ တာပဲ။ 9/11 era တောင် သိပ် မကြာ သေး..နောက် era တခု များ ရောက် လာ တော့ မလား လို့ တောင်၊ တွေး နေ မိ တယ်။

ခရစ်ယန် ကျမ်းဟောင်း တွေ မှာ အထင် ကရ ရှိ ခဲ့တဲ့ နောအေး ခေတ် ဆို တာ ကြီး ကို မတွေး ကောင်း တွေး ကောင်း တွေး နေ မိတယ်။ အဲဒီ ခေတ် က၊ ကမ္ဘာ ပေါ် မှာ လူတွေ သိပ်ကို ဆိုး သွမ်း အကျင့် ပျက် လွန်း လို့၊ ဘုရား သခင် က.. တကမ္ဘာလုံး မှာ ရက်ပေါင်း ၄၀ နဲ့ ည ၄၀ တိတိ မိုး ကြီး ဆက် တိုက် ရွာ စေ ပြီး၊ ရေ တွေနဲ့ဖုံးလွှမ်း ပစ် ခဲ့တယ်။ နော အေး (Noah) ဆိုတဲ့ အဘိုး ကြီး ကတော့..ဘုရားသခင် ကို ယုံ ကြည် ပြီး၊ အကျင့်စရိုက် အထူး ကောင်း မွန် သူမို့..ဘုရားသခင် က..အစော ကြီး ထဲက..ရွေး ချယ် ပြီး..သဘောင်္ ကြီး တစင်း ဆောက် ထား ဖို့၊ အမြင် ပေး ထား ခဲ့ တယ်။ နောက် ပြီး၊ အဲဒီ သဘောင်္ ကြီး ပေါ် မှာ၊ ကမ္ဘာ ပေါ် မှာ ရှိ သမျှ၊ တိရိစ္ဆန် အမျိုး စုံ ဖိုမ တစုံ ဆီ တင် ဆောင် ပြီး၊ ကြိုတင် ပြင် ဆင် ထား စေ တယ်။
နော အေ သဘောင်္ ကြီး ဆောက် နေ တာ ဟာ၊ နှစ် နဲ့ ချီ တာ မို့ လူ တွေ ကတော့ စိတ် တောင် မ၀င်စား တော့ ပါဘူး။ အဘိုးကြီး ရူးနေ တယ် လို့ထင် ချင် ထင် ကြ မှာ ပေါ့။ တကယ် ကပ် ကြီး ဆိုက် လာ တဲ့ အခါ မှာ တော့၊ နောအေ နဲ့ သူ့သား ၃ ယောက် ရဲ့ မိသားစု ရယ်၊ တိရိစ္ဆန် တွေ ရယ် ဟာ၊ သဘောင်္ ကြီး ပေါ် တက် နေ ရင်း၊ အသက် ရှင် ကျန် ရစ် ခဲ့ တယ်တဲ့။ အဲဒီ နော အေ ရဲ့ မိသားစု ကနေ..ဒီကနေ့ ကမ္ဘာ့လူသား တွေ ပြန် လည် ပွားစီး လာ တယ် လို့ အဆို ရှိ ခဲ့တယ်။ ဒီ အဖြစ် အပျက် ဟာ အလကား လီဆယ်ရေး ထား တာ တော့ မဖြစ် တန် ရာ ပါဘူး။ တခု ပဲ တွေး မိ တာက၊ တကမ္ဘာလုံး ဆိုတဲ့ အတိုင်း အတာ ကိုတော့..သံသယ ရှိ မိတယ်။ ဒီ သဘောင်္ ကြီး ရဲ့ အပိုင်း အစ တွေ ကို အခု တူရကီ နိုင်ငံ နား မှာ တွေ့ ရ တယ် လို့ လဲ ဆိုသမို့၊ ဧရိယာ နယ် နမိတ် တခု မှာ တော့..ဒီ အဖြစ် အပျက် ကြီး ဟာ သေချာ ပေါက် ဖြစ် ခဲ့ မှာ ပါ။

မိုး တွေ တိတ် ပြီး အခြေ အနေ တွေ ငြိမ်သက် သွား တဲ့ အခါ မှာ၊ (ဘယ်လောက် ကြာ လဲ တော့ မသိပါ) နောအေ သဘောင်္ ကြီး ပေါ် ကနေ၊ ပထ မ ဆုံး ဂျိုး ဖြူ လေး တကောင် ကို၊ ကုန်း မြေ ပေါ် မပေါ် သိဖို့ စေလွှ တ် လိုက် တဲ့ အခါ၊ ဂျိုးဖြူ လေး ဟာ၊ စပါး နှံ လေး ကို ချီ ပြီး ပြန် လာ ခဲ့ တယ် တဲ့။ စပါး နှံ ကို ချီ ထားတဲ့ ငြိမ်း ချမ်း ရေး ချိုးဖြူ လေး ဟာ၊ နောအေး သဘောင်္ ပေါ် ကပါ။ အခု လည်း၊ ချိုးဖြူ လေး တွေ အများ ကြီး ပျံသန်း နေ တာ မြင် ချင် လှ ပါ ပြီ။ လေယဉ် ပေါ် က..ပန်း လေး တွေ ကျဲ ချ လိုက် သလို၊ လူသားချင်း စာနာ တဲ့ မေတ္တာ တွေ ကျဲဖြန့်ဝေဖြာ နေ တာကို၊ မြင် ချင် လှ ပါ ပြီ။

ဒါ ပေမဲ့၊ မယုံ နိုင် စရာ ကောင်း လောက် အောင်၊ ရက်စက် ကြမ်း ကြု တ်တဲ့၊ အကျင့်ပျက် ခြစားတဲ့၊ ဆင် ခြင် တုံ တရား ကင်း မဲ့ မူ တွေ ကို၊ နားနဲ့ ဆက် ဆက် ၊ မျက်စိ နဲ့ တပ် အပ် မြင် နေ ကြားနေ ရတော့၊ ဒီ လူ တွေ ဟာ၊ နော အေး ခေတ် က လူ ယုတ် လူညံ့ တွေ ထက် မလျော့ လောက် ဘူး ဆို တာသဘော ပေါက် လာ မိ တယ်။ ဒီလောက် ပေါ များ တဲ့ လူယုတ် လူညံ့ တွေ ဘယ် ကများ ထွက် လာ တာလဲ လို့ မချိတင် ကဲ တွေး ကြည့် မိ တော့၊ လူယုတ် လူညံ့ လူ အုပ် စု တစု ( မျိုး ဆက် တခု ) က၊ ဖန် တီး ထား တဲ့ အခြေ အနေ တွေ အောက် မှာ၊ နှစ် ပေါင်း များ စွာ ပိတ် လှောင်၊ အကြောသင်း ခံ ထားတဲ့၊ ရ လဒ် ဆိုး ကြီး တွေ ပဲ ဆိုတာ၊ သဘော ပေါက် မိတယ်။ ဒီလူ တွေ အတွက်၊ ထား စရာနေရာ တကယ် မရှိ တော့ ပါဘူး။ တကယ်ပဲ ဒီ လူယုတ် လူညံ့ တွေ အတွက်၊ တိုင်းပြည် ပျက် နေ ရ တာပါ။

ဒူးထောက် ၀ပ်တွား မိ ပါ တယ် ဘုရား။ ဒီ တိုင်း ပြည် ကြီး ထဲ မှာ..နော အေး ထက် မလျော့ သော၊ ကောင်းမွန် စင်ကြယ် ခြင်း နဲ့ မွန် မြတ် ခြင်း တွေ ကို ၊ ကိုယ် ၀တ် ပုဆိုး လို မြဲမြံ စေတဲ့၊ အများ အတွက် အနစ်နာ ခံ ခြင်း တွေ ကို၊ သူမတူ အောင် စွန့်လွှတ် ထား တဲ့၊ လူ ကောင်း လူ မွန် တွေ၊ အများ ကြီး ကျန် နေ ပါ သေးတယ်။ နာဂစ် မုန် တိုင်း ကြီး က၊ လူ ကောင်း နဲ့ လူယုတ် တွေ ကို ခွဲခြား လိုက် သလို ပဲ၊ ဘုရား သခင် လည်း၊ ခွဲ ခြား ပေး တော် မူပါ။ ကယ် တင် တော် မူ ပါ လို့သာ၊ အသနား ခံ ဆု တောင်း ယုံ မှ တပါး၊ ဘုရား သခင် ကို အပြစ် မတင် လို တော့ပါ။



Share/Bookmark

2 Comments:

ATN said...

ဖြောင့်မတ်သောသူသည် ခုနှစ်ကြိမ် လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား လဲသောအခါ ဆုံးရှုံးလိမ့်မည်။ သုတ္တံ၂၄း၁၆

ကျနော်တို့ ပြည်သူတွေ လဲကျနေခဲ့ရတာကတော့ ခုနှစ်ကြိမ် မကတော့ပါဘူး။ နှစ်တွေကို ရေရရင် ရာစုနှစ်တ၀က် ရှိပါတော့မယ်။ မတရားသောသူတွေကတော့ လဲကို မကျနိုင်ဘူး၊

ဆရာတင်မိုးစကား ခဏငှားသုံးရရင်တော့ - ကြေကွဲ၍မဆုံးပါ- ဗျား။

စိတ်ချဉ်ပေါက်တဲ့ တနေ့မှာလည်း
- ကမ္ဘာဖျက်မိုးကြီး ရွာပါစေ - လို့ ဆုတောင်းခဲ့ပါတယ်။
- တောင်းလော့ တောင်းလျင်ပေးမည်- ဆိုတဲ့ ကျမ်းစာလာတဲ့ စကားအတိုင်း။

ကျနော့် အာရုံထဲမှာတော့
မြေပေါ်မှာ ပြန့်ကျဲနေတဲ့
အပြစ်မဲ့ ကလေးငယ်လေးတွေရဲ့ အလောင်းတွေ။
အဲဒီဓါတ်ပုံတွေက
နှလုံးသားကို
ကောင်းကောင်း ထုထောင်းနေဆဲ၊
ရင်ထဲမှာတော့
အပြစ်မဲ့သူတွေအတွက် ကြေကွဲ။
စိတ်ထဲမှာတော့
မတရားသောသူတွေကို ကျိန်ဆဲ။
ဘုရားတွေကိုလည်း
မျက်စောင်းခဲ-
ဒေါသမုန်တိုင်းက ဖိစီးနေဆဲ။

ဘာပဲဖြစ်ဖြစ်လေ ငြိမ်းအေးခြင်းရှိပါစေ မကေ။

ကိုပေါ said...

Salvation lies within!!!