ဧပရယ်လ် ထဲ မှာ မျက်နှာဖွက်ခြင်း

photo- Kay
 

ဧပရယ်လ်..ချစ်သူ နဲ့ စတွေ့ဆုံရာ နေရာလေး ရယ်....
အစ ရ ပြီး...အဆုံး မသိ တဲ့....သီချင်း တပိုင်းတစ

ပြီးမှ..အဝေးကို လှမ်းကြည့်တယ်

သင်္ကြန် ရေ နဲ့ စိုကပ် .. လိုတာထက် ကို ပိုပြီး စွဲမက်စရာ..ကောင်းနေတယ်..
အပူရောင် ၀တ်စုံ ကျပ်ကျပ် နဲ့ ...နင့်အသံကို က.. သွေးကြွနေစေတာ..
ဧပရယ်လ် ရယ်.. နင်ဟာ..မရိုးမရွ အပျိုမ တယောက်လိုပါပဲ..

အင်း...

ငါကတော့..ဧပရယ်လ် မှာ..အပျိုမ ဘ၀ က.. ပြိုကျခဲ့တာ
ခုဆို..ဆယ်ရတု ပေါ့ .. ထပ်ပြီး ဦးညွတ် လိုက် အုံးမယ်..
ဆိုတော့...ဧပရယ်လ် မှာ သန္ဓေ ၀ယ်ရ ရင် ကောင်းမလား..
---
---
အေးလေ..ငါ့အတွက်က .. ဘာမှ အလကားမရ ..
အလကားရ နေတာတွေက.. အရေမရ.. အဖတ်မရ...

အရေမရ တောင်.. ရီရရင် ပြီးရော..
အဖတ်မရတောင်.. ဖတ်ရရင် ပြီးရော...ဆိုပြီး
ပြီး..ပြီးရော ... ချော်လဲ ရောထိုင်..
ဒူးကိုင် ကြည့်တော့မှ.. ဘယ်လောက်ကြာအောင် ထိုင်နေမိ မှန်း သိတော့တယ်...

အတော်ပဲ..ဧပရယ်လ်..ငါ့ကို ခဏ သယ်သွားစမ်းပါ..
ဒီနေ့ မှာ.. ငါ ရူးချင်ယောင် ဆောင်ထားလိုက်မယ်..

လာသမျှ ဒုက္ခသည်တွေ ကို ခိုလှုံခွင့် ပေး တဲ့... နိုင်ငံ..
ဒီမိုကရေစီ အပြည့်ရှိတဲ့ နိုင်ငံ...
လမ်းမပေါ် ဆေးရိုးလှမ်းတဲ့ နိုင်ငံ..
အချိန်ကလွဲ လို့... ဘာမှ ပေးစရာ မလို တဲ့ နိုင်ငံ...
မျက်နှာကလွဲ လို့.. ဘာ အထောက်အထားမှ မတောင်း တဲ့ နိုင်ငံ

ဘာပဲဖြစ်ဖြစ်..
ဥလျှောင်ကြီး ဇူခမ်ဘခ် ကို ကျေးဇူးတင်ပါရဲ့...

အလဲ့ ကွယ်...
ငါသွားအုံးမယ် ဆိုမှ..

ပန်ဒိုရာက..လွမ်းနေမယ် တဲ့.. မသက်ဝေက..လွမ်းနေမယ်တဲ့..
အသက်မပါ တဲ့..နည်းပညာတွေနဲ့... ချွဲပဲ ချွဲတတ်ပုံ...
အမေးအမြန်း ကလည်း ထူသေး..
ဘာလို့ သွားမှာလဲ
ဘယ်တော့ပြန်လာမလဲ..
သူ့ကို ဘယ်လို ထင်လဲ..
(ကဲ).... လဲ တပွင့်... ကလစ် လိုက်တယ်..
နောင်နှစ်ခါ လည်း ဆီးလို့ ကြိုကွယ်.. မောင်ကြီးပြန်လာမယ်..




 


( April fool မှာ  face book ကနေ  deactivate  လုပ်ခြင်းကို ရည်ညွန်းလျက်...)း))


Share/Bookmark

8 Comments:

သက်ဝေ said...

အခုချက်ချင်း ပြန်လာတော့ ကေ...
လူစုံနေတယ်...း))

pandora said...

လွမ်းလို့ ငိုတဲ့လူတွေ. ..ပြန်မလာရင် ကိုယ့်ဖေ့စ်ဘွတ်ခ်ကို ကိုယ် သတ်သေမယ်ဆိုသူတွေ..
အို.. ပြန်လာခဲ့ပါကွဲ့

တန်ခူး said...

အင်း... နောင်နှစ်ဆိုတော့သိပ်မကြာဘူးနော်ကေ...တပတ်၂ပတ်ပေါ့...ဧပရယ်မှာ တန်ခူးစောင့်နေမယ်...

ရွှေရတုမှတ်တမ်း said...

ဟယ်..ဒီလမှာ ဆော်ဒီအာရေးဗီးယားမှာ သွားနေတော့မယ်...
မျက်လုံးလေးတော့ ဖေါ်ထားပါဦး..တော်ကြာလမ်းလျှောက်ရင်း ခလုတ်တိုက်လဲနေမယ်..

ကြည်ကြည် said...

ဟာ.... မကေ တစ်ကယ်လုပ်လိုက်တာပဲး(
ခုထပ်ရှာတော့ မကေကို မတွေ့ တော့ဘူး

မကေ ပြန်လာပါ ။ မြန်မြန်ပြန်လာနော်

သီဟသစ် said...

FB မှာ Deactivate တော့ မလုပ်ဖြစ်သေးဘူး အစ်မကေ။ သို့ပေမယ့် သုံးချင်စိတ် သိပ်မရှိလို့ မသုံးတော့ဘူး။

ကိုယ့်ညီအစ်ကိုမောင်နှမတွေ ဘာတွေဖြစ်နေကြလဲ ဆိုတာတော့ သိချင်တယ်။ သို့ပေမယ့် ဖွင့်ထားတဲ့ ပြတင်းပေါက်နဲ့ မမျှတဲ့ ဖုန်တွေဝင်လာသလို ခံစားရတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ..

ခင်မင်စွာဖြင့်
သီဟသစ်

ချစ်ကြည်အေး said...

မကေ.....ရေးးးးးးးးးးးး (အကျယ်ကြီး အော်ခေါ်သံ...)

linn said...

ဇူခမ်ဘခ် ကို ကျေးဇူးတင်တဲ့စာရင်းထဲ ကျမ ပါ ထည့်ပေးပါ မကေ ...

mie nge