သေချာ ဖတ်ကြည့်တော့..ဗမာပြည် ပြန်ရောက်ကာစ ဒေါ်စု မှာ.. အသားမကျ လှသေးတဲ့..ဖုန်တွေ ချွေးစီးတွေနဲ့ ရင်းနှီး မိတ်ဆွေဖွဲ့ရင်း.. တဖက်က..သူ နေနေကျ .. သက်တောင့်သက်သာ မိသားစု ဘ၀ လေးကို လှမ်းပြီး လွမ်းထားတာလေးက.. သဘာဝ ကျလှသလို.. your Suu ဆိုတဲ့ အသုံးလေးကလည်း.. မိန်းမရွယ် တယောက်ရဲ့ လူသားဆန်တဲ့ အငွေ့အသက်ကလေးတွေ နဲ့ ချစ်စရာ ကောင်း နေ တယ်။ အဲဒီ စာ ကို ဧပြီ ၁၄ ရက် ၁၉၈၉ ခု နှစ် ရက်စွဲ တပ်ထားပြီး.. ဓနုဖြူမြို့က..သမိုင်းဝင်.. စည်းရုံးရေး ခရီးစဉ် ကို အခြေခံ ပြီး ရေးခဲ့တာလို့ နောက်ခံ ပြောထားတယ်။ အဲဒီမှာ.. ပစ်မိန့်ပေးထားတဲ့ စစ်သားတွေ ဆီကို ပူပြင်းတဲ့ နေရောင်ခြည် အောက်မှာ .. တည်ငြိမ်စွာ တလှမ်းချင်း လှမ်းသွား နေတဲ့..ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ် ကို ခုထက် ထိ မြင်ယောင်နေ မိသေးတယ်။ အခုတော့.. မြန်မာပြည်ကြီးရဲ့ အပူတွေကို သူ့ဘ၀ တခုလုံး ခေါင်းခုလုပ်.. ထမ်းရွက်ရင်း..ချွေးတွေ..ဖုန်တွေနဲ့.. အသားကျ လွန်းမက..ကျ နေခဲ့ပြီ..ပေါ့။
မိုးရွာထဲမှာ တရားဟောရင်း..မိုးရေတွေစိုရွှဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ( ပန်းချီ- မိတေဖိုး)
ဒီကယူပါတယ်
Dust and Sweat
The last trip ( after the Danubyu) was rather gruelling, travelling by bullock cart and small boats in the blazing sun- alas, your Suu is getting weather-beaten, none of that pampered elegance left as she tramps the countryside spattered with mud, straggly-haired, breathing in dust and pouring with sweat! I need a few months in grey, damp Oxford to restore my complexion! But in spite of all the difficulties I feel that what I am doing is worthwhile --- the people of Burma deserve better than this mess of inefficiency, corruption and misuse of power.
sourcs: " Dust and Sweat ", Freedom from Fear by Aung San Suu Kyi ( p- 217)
◦
18 Comments:
အမေစု...ပုံလေး သိမ်းသွားတယ် တီကေ ဒီပန်ချီလေး ခုမှ တွေ့ဖူးတာ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ညအိပ်ယာဝင်တိုင်း အမေစုလွတ်မြောက်ဖို့ ဂါထာ ရွတ်သလို ဆုတောင်းချင်တယ် ။
ဒီပုံတစ်ခါမှမတွေ့ဖူးဘူး မိတေဖိုးဆိုတာ ကေများလား
း)
private collection မဟုတ်လား...
ပုံက အသက်ဝင်တာတော့ ပြောစရာ မရှိဘူး...
လက်ရာကောင်းသဗျိုး။
ဟုတ်တယ်... လက်ရာကအတော်ကောင်းတာပဲ။
ဖုန်တွေနဲ့ အသားမကျ၊ ချွေးတွေနဲ့ မိုးထဲရေထဲက စု....ပုံတွေ့ဖူးဘူး လက်ရာမိုက်တယ်၊ ကူးယူသွားတယ်နော်။
စွန့်လွှတ် အနစ်နာခံနေသူတစ်ဦးက “the people of Burma deserve better than this mess of …” လို့ပြောချိန်မှာ “မြန်မာတွေနဲ့ မထိုက်တန်သေးပါဘူး”လို့ ခပ်ပေါ့ပေါ့လေး ပြောသူတွေကို ဘာများကွာနေလဲလို့ နှိုင်းယဉ် ကြည့်မိပါတယ်။
မိုးရေထဲက ဒေါ်စု..
မုန်တိုင်းတွေ ဘယ်လောက်သည်းနေအုံးမှာလဲ..
ဖတ်သွားတယ် မကေ။ ဒီ ပန်းချီဆရာမကို အရင်က မကြားဖူးဘူး။ မိတ်ဆက်ပေးတာ ကျေးဇူးပါ။
မကေရေ ပန်းချီလက်ရာကြိုက်လို့ ယူသွားတယ်ဗျာ ဒေါ်စုဆိုတော့ အထူးလဲပြောမနေတော့ပါဘူး လူထုခေါင်းဆောင်လေ
အမရေ သက်ပြင်းပဲချသွားတော့တယ်။ (အဲဒီစာအုပ်ကို ဖတ်တော့ဖတ်နေတယ်။ မပြီးသေးဘူး။ စာကြည့်တိုက်က အိမ်မပေးလို့။ အဲဒါက Main Campus က စာကြည့်တိုက်မှာ ၂နာရီထိုင်ဖတ်မှရတယ်။ ၂နာရီပြီးရင် ပြန်အပ်။ ခဏခဏသွားမဖတ်နိုင်လို့။)
“မြန်မာပြည်ကြီးရဲ့ အပူတွေကို သူ့ဘ၀ တခုလုံး ခေါင်းခုလုပ်.. ထမ်းရွက်ရင်း..ချွေးတွေ..ဖုန်တွေနဲ့.. အသားကျ လွန်းမက..ကျ နေခဲ့ပြီ..ပေါ့။”
ကေ ရေးထာ ပီပြင်ရုပ်လွန်းကျလွန်းလို့  မျက်ရည်ကျမိတယ်… ပန်းချီလေးက ကေ့လက်ရာပဲဖြစ်မယ်နော်…
Your suu ဆိုတာလေးကို ချစ်လိုက်တာ…
ပုံလေးကော.. စာလေးကော အရမ်းထိသွားတယ် မကေ..
ဘာပြောရမှန်းမသိတော့လို့ ဘာမှမပြောပဲနေလိုက်တော့တယ်ဗျာ.....
မကေရဲ့ ပို့စ်ကိုသေသေချာချာဖတ်ပြီး ပန်းချီကားထဲက
စကားတွေအများကြီးပြောနေတဲ့ ကျနော့်အမေအရွယ် ပြည်သူချစ်တဲ့ခေါင်းဆောင်ကိုလည်း သေသေချာချာကြည့်သွားပါတယ် မကေရေ
ကေ က ပန်းချီလဲ ဆွဲတာပဲလား..
ပုံလေးက အသက်ဝင်လွန်းနေတယ်
http://myanmarblogreader.blogspot.com/
ဘာမှပြောစရာမရှိလို့ အသံတိတ်အားပေးနေပါကြောင်း သတင်းကောင်း
ပန်းချီလက်ရာ ကို သေချာ နံမယ်ထိုး ပေးထားတာတောင် ဒေါ်ကေ လို့ ထင်ကြသကိုး။ ဒေါ်ကေ ဆွဲရင်..ဒီ့ထက် ပို ကောင်းတာပေါ့။း)
ကိုဧရာ ပြောမှ- ဟုတ်တယ်နော်။ မြန်မာတွေနဲ့ ဒီမိုကရေစီ မတန်ဖူးလို့ သာသာလေး ပါးစပ်လေးနဲ့ ပြောထွက်သူတွေ...
ကိုငြိမ်းချမ်းအောင်- မိတေဖိုးကတော့..ကိုငြိမ်းချမ်းအောင်ကို တွေ့ဖူးတယ်လို့ ပြောနေတယ်။း) ကျမတော့..မသိဘူးနော်။
ဟေ့- မေ့သမီးရယ်- စလုံးလိုင်ဘရီကလဲ တိုလိုက်တာကွယ်။ ၀ယ်ဖတ်ပြစ်လိုက်။း)
ကလူသစ်ရေဒီယို က..သတင်းကောင်း ကို နားနဲ့ဆက်ဆတ် ကြားလိုက်ပါတယ်။း)))
Post a Comment