မျက်နှာများ ထဲက..မျက်နှာတွေ

ခေတ်ကြီးက.. ရွေ့နေပြီတဲ့....ရွေ့တာမှ..အရွေ့လျင်.. အရွေ့ ကြမ်း..။
-
အခုဆို....လူတွေက.. အပြင်မှာတောင်..မနေတော့ဘူး..။ မျက်နှာလေးတွေပဲ ဖော်ပြီး.. ဖန်မျှင်ကြိုးတွေထဲမှာ.. ပြည့်ကျပ်..တွန်းတိုက်ပြီး..အလုအယက် ကို.. သွားလာ ကျက်စား နေရာ ယူနေ ကြ ရတော့တာ…။ ဟော..ပြောရင်း ဆိုရင်..ဘယ်သူ ၀င်တိုက်သွားတာလဲ.. ဖြေးဖြေး လုပ် ပါ ကွဲ့..။

+++++
-
တနေ့ တနေ့..မျက်နှာတွေ ပြည့်ကျပ် နေတဲ့..မျက်နှာ ဘုတ်အုပ် ကြီး ကို ဖွင့် .. အသိ တွေ..မိတ်ဆွေတွေ.. ဘာတွေ လုပ်နေကြ ပါလိမ့် လို့..။ တချို့က..ထမင်းတွေ..ဟင်းတွေ ချက် ပြလို့.. တချို့က..ခွေးလေး..ကြောင်လေးတွေ နဲ့ ဆော့.. တချို့က.. စာတွေ အေးဆေး ဖတ်ပြီး..သူတို့ ဒါတွေ ဖတ်တယ်ပေါ့.. တချို့က..လှတပတ ရှိုးစမိုးတွေ ..အမူအရာတွေ အမျိုးမျိုး….နဲ့..တချို့က..မိသားစု အပျော်ခရီး တွေ ထွက်.. တချို့ကတော့..ဆော့တာမှ..အသကုန်.. ။
-
နေပါအုံး.. ဆော့တယ် ဆိုတာ.. ကလေး တွေ နဲ့ပဲ ပတ်သတ်တဲ့ ကိစ္စ လို့ ဘယ်သူ ပြောလဲ..။ လူကြီးတွေ..ဆော့တာမှ.. ကလေး တွေ တောင်..ငေးယူ ရတာ..။ နည်းတွေ တော့..မတူ ဘူးပေါ့လေ။ လူကြီးတွေက.. အိမ်မှာ ဘာပဲ ဖြစ်နေ ဖြစ်နေ..အဲဒီမှာတော့....မာဖီးယား ခေါင်းဆောင်ကြီး တွေနဲ့.. အပေးအယူ လုပ်လို့ ရတယ် တဲ့။ တသက်လုံး စိတ်ချမ်းသာ ချင်ရင်..အပင် စိုက် ဆိုလို့..စိတ်ချမ်းသာ သလောက်.. အဲဒီမှာ..အပင် တွေ.. စိုက်ခင်း တွေ.. ဧက ပေါင်း များစွာ စိုက်ချင် လည်း ရတယ်။ ခုတလော..စားသောက်ဆိုင် တွေ တောင် တွေ့လာပြီ။ ဒါက..ကိုယ်တို့ ရပ်ကွက်ထဲ မှာ ပြောတာပါ..။ တကယ်လုပ်ချင် ရင်..အများကြီးကို လုပ်လို့ရသေးတယ်လို့ ဆို တယ်။ နောင်ဆို ပိုတောင် စုံ သထက် စိလာ အုံးမှာ..သေချာတယ်။ တခါတလေ..ဘေးက..ကြော်ငြာ ၀င်တာ တွေကလည်း.. ဆွဲဆောင် သလား မမေးနဲ့.. ကိုယ့်လက် ကို မနဲ ထိန်းထား ရတာ။
-
ခုတော့..ကိုယ်တွေ လည်း..ကွန်ပြူတာ..အင်တာနက် သုံးချိန် ထဲက.. သူ့အတွက် အများကြီး ဖဲ့ပေး နေဖြစ်ပြီ။ ခက်လိုက်တာ နော်။ သူ့ခေါင်းဆောင် ပိုင်ရှင်ကြီး.. Thiel ပြောသလို လူ့ဘ၀ကြီးက.. တိုတောင်းပြီး.. စိတ်ပျက် စရာတွေ များလွန်းလှ တယ်.. ဘ၀တွေ ပွားကြမယ် ..ဆိုပေမဲ့ လို့.. ဘ၀ တွေ ..ပုံရိပ်တွေ သာ ပွားလို့ရတာလေ.. စိတ်က..ဒီ စိတ်တခုပဲ..လူကလည်း ဒီ တကိုယ်ပဲ.. အချိန်ကလည်း..၂၄ နာရီပဲ..။ ဦး Thiel ကြီး ရေ.. ခင်ဗျားကြီး လုပ်နေတဲ့.. Life extension project ကြီး အောင်မြင်ရင်တော့..မသိဘူးပေါ့လေ..။ ခု တော့.. ကျမ တို့ ကျနော်တို့ တွေမှာ..ဖန်မျှင် အလင်းတန်း တွေ ကြား လုံးပါး ပါးတော့မယ် ထင်ပါရဲ့။
-
ပါးချင်လည်း ပါးပါစေတော့..။ အခု ဆို.. CNN, BBC တို့ကလည်း.. အဲဒီ မျက်နှာ ဘုတ်အုပ်ပေါ်မှာ..သတင်း လိုက်နေကြ ရပြီ..ဆိုတော့.. နောက်ကျ ကျန်ခဲ့ လို့တော့..ဖြစ်ဘူး ထင်တယ် နော်။ အမေရိကန် က..အိုဘားမား နဲ့..အလက်စကာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ပေလင်းတောင်.. တလောက..အဲဒီပေါ်မှာ စကား အချေအတင် ဖြစ်တာ.. လူသိရှင်ကြား..။ ဗြိတိသျှ MI5 က..ညွှန်ကြားရေးမှူးချုပ်ကြီး လည်း..ဘုမသိ ဘမသိ..ဒုက္ခ ကားယားကြီး ရောက်သွားသေးတယ်။ ဖြစ်ပုံက.. သူ့ မိန်းမက.. သူ့မျက်နှာ ဘုတ်အုပ်မှာ.. private ပုံတွေ.. ( ပြောတာတော့..ပင်လယ်ကမ်းစပ် မှာ ရေကစား ..အပမ်းဖြေ နေတဲ့..ပုံတွေ တဲ့) ကို.. ပျော်ပျော် ပါးပါး ကြီး တင်လိုက်တော့.. ထောက်လှမ်းရေး ချုပ်ကြီး ခမျာ.. လုံခြုံ သိုသိပ်မူ အတွက်..သူ ဘယ်လို အာမခံ နိုင် တော့မလဲ..။ သူ့ရာထူး တိုးဖို့ကိစ္စတွေ တောင်..အကုန် ရှုပ်ရှက် ခက် သွားတယ် လို့ ဘီဘီစီ သတင်းမှာ ကြည့် လိုက်ရတယ်။ Private နဲ့ Public မခွဲ နိုင်တော့လောက် အောင်ကို.. ဆွဲဆောင်..သိမ်းကျုံးနေ ပုံများ…။.. ဘာ ချုပ်ကြီး မှ..ဖြစ်လာ စရာ မရှိ ရင်တော့.... ကိစ္စ မရှိပါဘူးလေ ။
-
တလောက.. Times မဂ္ဂဇင်း မှာ ဖတ်လိုက်ရ တာ တော့.. အဲဒီ မျက်နှာ ဘုတ်အုပ်ကြီးက.. family lawyers တွေ အတွက်..ရွှေတွင်း ကြီး ဖြစ်နေသတဲ့..။ အကွဲ အပြဲ ဇတ်လမ်းတွေ အတွက်.. ခလေး စရိတ်တောင်းတာ တွေ အတွက်.. သက်သေ အထောက် အထား နဲ့ ခုခံ ဖို့.. အတွက်.. အမူသည်.. တရားလို တွေ ရဲ့..တန်ဖိုး ရှိလှတဲ့..ပျော်နေတဲ့ပုံတွေ..ကဲနေတဲ့ ပုံတွေ.. ရေးထားတဲ့ စာတွေ က..သိပ်ကို အသုံး ၀င်နေ သတဲ့။
-
အဲဒီ ဆောင်းပါး ရဲ့ အဆုံးမှာ.. သုံးစွဲသူ တယောက်...မှတ်ချက် ပြု ထားတာကို .. သဘော ကျသွားမိတယ်။ သူ့အတွက် တော့..မျက်နှာ ဘုတ်အုပ် ကြီးက.. အခန်းတခု ထဲမှာ.. သိသမျှ လူတွေ ခေါ်သွင်း ထားသလို ခံစားရ ပါသတဲ့။ ဟုတ်ပါ့ ..သူပြောမှ..ကိုယ်လည်း.. ကိုယ့် အဖြစ် ကိုယ် သတိထား မိတော့တယ်။
-
ကိုယ်တွေ ကတော့..ကိုယ် မပွား တတ်သူ.. ပွားချိန် မရှိသူ မို့.. ဒီ နာမည် တမျိုးထဲ အောက်မှာပဲ.. အမျိုးတွေ ရော..မောင်နှမ ၀မ်းကွဲ တွေ ရော.. တက္ကသိုလ်က..alumni တွေရော..လုပ်ဖော် ကိုင်ဖက် သူငယ်ချင်း တွေရော.. ဘလော့ပေါ်က.. ခင်မင်သူ တွေရော.. အကုန် လုံး..အတူ ထဲ့ ထားမိ နေတာ..။ နောက်ဆုံး..ဘုရားကျောင်းက..သင်းအုပ် ဆရာ တောင် ပါသေးတယ်။ အဲဒီ အတွက် ကြောင့် လည်း.. သုံးတဲ့ နေရာမှာ..တတ်နိုင် သမျှ..ဆင်ဆင် ခြင်ခြင်.. သုံး ရပါတယ်။ တခါ တည်း ကြုံလို့ ပြောရရင်တော့.. ကိုယ့်မျက် နှာ စာရွက်မှာ.. fan အရေ အတွက် မစု ဆောင်းပါဘူး။ nik တွေနဲ့ ဆို.. သတိချပ်ပါတယ်။ တချို့ ဘလော့ ပေါ်မှာ.. ခင်မင် ရင်းနှီး အကြောင်းသိ နေတဲ့.. ကီးဘုတ် နာမည် ( ကလောင် နာမည် လို မျိုးပေါ့) ပိုင်ရှင် တချို့ က..လွဲလို့ပေါ့။ မိတ်ဆွေ အသစ် တွေထဲက ဆိုရင် တော့.. Message ပို့.. စာပို့ပြီး.. ပြော တဲ့ အခါ.. ကိုယ့် အတွက် ပို အဆင်ပြေပါတယ်။ ပေါင်းသင်း ဆက်ဆံ ရေး လမ်းကြောင်းတွေကို.. အရပ် ရှစ် မျက်နှာ ..မလှည့် နိုင်ပေမဲ့..လှည့်သမျှ မျက်နှာ ကတော့..တမျိုးပဲ ရှိ ပါတယ် လို့.. ။
-
အဲဒီ တော့.. တနေ့ တနေ့..မျက်နှာ ဘုတ်အုပ်ကြီး ပေါ် တက်ပြီး ဘာတွေ လုပ်သလဲ ဆိုတော့.. တချို့ တွေ ရှဲတဲ့.. သတင်း လေးတွေ.. အကြိုအကြား ကိုယ်တိုင် မရောက် နိုင်တဲ့ စာမျက်နှာ လေး တွေထဲက.. စိတ်ဝင်စား စရာ လေးတွေ ဖတ် ပါတယ်..။ တချို့.. ဘလော့ မရေး ဖြစ်လို့…စိတ်လို လက်ရ.. အဲဒီမှာပဲ .. စာရွက် တရွက် ချင်း စီ ဆုပ်ပြီး..ရေး တဲ့.. စာလေးတွေ ကောင်းရင် … အချိန်လည်း ရရင်..ဖတ်ပါတယ်။ ကိုယ် တိုင်လည်း..အင်တာနက် ပေါ် သွားရင်း လာရင်း.. သတိပြု မိလောက် အောင် ကို ခလုပ် တိုက်မိတဲ့ အကြောင်း အရာလေး တွေ.. မနေနိင် မထိုင်နိုင် ရှဲချင် လာတာလေး တွေကို.. ရှဲပါတယ်။ တခါ တလေ.. အတွေး ထဲကို ဖျတ်ခနဲ ရောက် လာတဲ့.. အတွေး စကား တိုတိုလေး တွေကို.. Mini blogging သဘောမျိုး.. အော်ပြစ် ခဲ့ တတ်ပါတယ်။ သူများ အော်ထား တဲ့..အဲဒီလို..အတွေး တိုလေး တွေကိုလည်း ..သဘောတူရင်.. like လို့.. လွယ်လွယ်ကလေး.. တချက်တောက် ထဲ့ လိုက်ပါတယ်။ ရံဖန် ရံခါ.. သိပ်ကို ခင်မင်ရင်းနှီး တဲ့ သူတွေ ဆီမှာ..စချင် နောက်ချင် တာလေး တွေ တွေ့ရင်လည်း.. မနေနိုင် မထိုင်နိုင်.. အပျော် (အပေါ) ဓါတ်ခံ တွေ ထွက်လာပြီး.. နောက် ပြောင် တတ်ပါတယ်။ စိတ်ဝင်စား စရာ..ဓါတ်ပုံ များ တွေ့ရင်လည်း..စပ်စပ် စုစု ကြည့် မိတတ်ပါတယ်။
-
ဘာနဲ့ တူသလဲ ဆိုတော့.. လူစည်ကား တဲ့..လမ်းမကြီး ပေါ်က.. လမ်းဘေး ကော်ဖီဆိုင် တခုမှာ..နေကာမျက်မှန် တလက် တပ်ပြီး..လမ်းသွား လမ်းလာ တွေကို ထိုင်ကြည့် နေရသလို ပါပဲ.. တချို့ကို အသေအချာ လိုက်ကြည့်.. စိတ်မ၀င်စား ရင်..သမန်ကာ ရှံကာ ကြည့်.. ပြီး ..သဘော တွေ ကျလိုက်..ပျော်လိုက်.. နှာခေါင်း ရှုံ့လိုက်.. ကိုယ် ကြည့် နေတာ ဘယ်သူ သိတာ လိုက်လို့..။ အဲ..ကိုယ့်ကို တဖက် မျက်နှာ ချင်း ဆိုင် - ဘီယာဆိုင် ထဲက.. ပြန်ကြည့် နေတဲ့.. နေကာ မျက်မှန် နဲ့.. လူ တချို့ကို မြင်မှပဲ.. အမြန် ထပြီး.. သွားစရာ ရှိတာ သွား ရတော့တယ်။
-
အကောင်း အဆိုး..အကြောင်း အကျိုး ဆိုတာ ကတော့.. ကိုယ်တွေ လည်း..သာမာန် အသုံး ပြု သူ တယောက် အဖြစ်နဲ့တော့..ပျော်ပါတယ်။ ဒါပေမဲ့..ကစားပွဲ တွေ တော့..၀င်မနွှဲ ဖြစ်ဘူး။ မေးခွန်း တွေလည်း ဖြေမကြည့်ဖူး ။ ဘာမှ ကြီးကြီးကျယ် ကျယ် ကြောင့် မဟုတ်ပါဘူး။ သူက.. တခုခု ၀င်သုံးတော့မယ် ဆို.. မေးပါပြီ..။ မေးခွန်းကြီးက..ကြောက်စရာ..။
-
“ မင်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ..ဓါတ်ပုံတွေကို.. ၀င် နှိုက် မယ်နော်..ခွင့်ပြုမှာလား..မပြုဘူးလား..”
-
ဆိုတော့..လန့်လန့်သွားတာရယ်..။ နောက်.. ပြောနေကြတာကိုး။ သွားမဆော့ နဲ့..စွဲတယ်..စွဲတယ်..ဆိုတော့.. နဂိုထဲက..အင်တာနက် ကြီးကို စွဲနေရ တဲ့ ကြားထဲ.. ဘာမှ ထပ်မစွဲ ပါရစေ နဲ့တော့..ကြောက်လွန်းလို့.. တို့- ကို မကြည့်တာ။ ပြီးတော့..သူက.. တကယ့်..ကမ္ဘာကျော် လူလည်ကြီး ပဲ ကိုး..။ လည်တာမှ.. လူတွေက.. နိုင်ငံသား မလျှောက်ပဲနဲ့ကို..ဖြစ်လို့ ဖြစ်မှန်း မသိပဲနဲ့ကို ပုံရိပ်ယောင် နိုင်ငံသား ကြီးတွေ ဖြစ်လို့..။ ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ မှာ သန်း ၂၅၀ ကျော်က..သူတို့ မျက်နှာတွေ လာအပ် နေပြီ ဆိုမှ တော့.. စီးပွားက..အရမ်းဖြစ်ပြီပေါ့။ ဆိုင်တွေ ကလည်း..ကြော်ငြာသမှ..။ Application မျိုးစုံက လည်း လူတွေကို..အမျိုးမျိုး ဖျားယောင်း လို့။ ကိုယ်တို့ လူတွေမှာကလည်း..ကိုယ့် အားနည်းချက် နဲ့ကိုယ်..ကိုယ့် ထွက်ပေါက်နဲ့ကိုယ်.. ဆိုတော့.. အဆင်တော့ ပြေ နေ တာ ပါပဲ။ တခုပဲ ရှိတယ်..ကိုယ့် ပိုက်ဆံ အိတ် ထဲက..ယူလို့ ယူမှန်း မသိနေတဲ့.. ခါးပိုက်နှိုက် ကြီး လို .. ကိုယ်တွေ ဆီက.. အချိန်တွေ..ငွေတွေ.. အနှိုက်ခံ နေရတာကိုတော့..သတိ ချပ် နိုင်မှ တော်ကာ ကျမည်။
-
ဒီနေ့တော့.. ဟို ကလိ..ဒီကလိ ရင်း…တထွေးကြီး ထောင့်မှာ ကပ်နေတဲ့.. သူငယ်ချင်းတွေ ပို့ထားတဲ့ လက်ဆောင်တွေ..ဖိတ်ထားတဲ့..ကိစ္စတွေ.. ကို..ခုမှ တွေ့လိုက်တယ်။ တခြားတော့..ဘာမှ သိပ် စိတ်မ၀င်စား မိပေမဲ့.. ပန်းကြိုက်တဲ့ သူမို့..ပန်းလက်ဆောင် တွေ တော့..အကုန် လက်ခံ ပြစ်လိုက်တယ်။
-
ဘာပဲ ပြောပြော.. ဟိုခေတ်တွေ တုန်းက.. ပို့စ် ကဒ် တွေ တောင် အပြန်အလှန် လဲ ကြရင်း.. ချစ်ခင် ရင်းနှီးမူတွေ.. တည်ဆောက် ခဲ့ကြတာပဲ..။ အခုလည်း…ပန်းတွေ ကို.. ယူလည်း ယူမယ်..။ ပို့လည်း ပို့ပေး ရမယ်။
-
ကဲ- အခုတော့.. ကိုယ့်ကို ဒီ မျက်နှာ ဘုတ်အုပ်ကြီး ပေါ်..ခေါ်ခဲ့တဲ့.. မနော် အတွက်..သူ ကြိုက်တဲ့..အဖြူရောင် ပန်းတစည်း။ ပျော်ရွှင်ခြင်း တဲ့..။ တခြား သူငယ်ချင်း မိတ်ဆွေ.. စာဖတ်သူ များ အားလုံး အတွက် လည်း…ဟောဒီ မှာ… ပျော်ရွှင်ခြင်း..အဖြူရောင် ပန်းစည်း တစည်း စီ။း)




ဆက်စပ်ဖတ်ရန်- Facebook ( သို့) ပုံရိပ်ယောင် နိုင်ငံတော်


Share/Bookmark

23 Comments:

Anonymous said...

မကေ
အမြဲတမ်းတော့ လာဖတ်ဖြစ်တယ် comment တော့ မရေးဖြစ်ဘူး ။ ဒီနေ့တော့ နံပါတ် တစ် ဖတ်မိသူ ဖြစ်ပေမဲ့ ဘာ comment ရေးရမှန်းမသိဘူး ။ တစ် ရတော့ ရေးဘို့တာဝန်ရှိလာလို့ ရေးတတ်သလို ရေးထားခဲ့ပါတယ် ။ အသိပညာတွေ မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။

Anonymous said...

တို့က နံပါတ် ၂ ဖြစ်သွားပြီ။ အဟုတ်ပဲကေ.. အဲဒီထဲက ပုံရိပ်ယောင်တွေမှာ သတိနဲ့ ချဉ်းကပ်တတ်မှ...
အမလဲ နစ်နိမ်းတွေဆို လက်မခံဘူး။ နောက် ကိုယ့်အသိဖြစ်နေမလားလို့ မေးကြည့်သေးတယ် အကြောင်းမပြန်တာမျိုးဆိုရင်တော့ လက်မခံဘူး။
ကိုယ်နဲ့ တကယ်သိတဲ့လူ ဘလော့ဖော်တွေကိုပဲ လက်ခံဖြစ်တာ များပါတယ်။ ဒီလောက်တော့ စီစစ်သင့်တယ်ထင်တာပဲနော်...
ဒါပေမယ့် လယ်တောထဲမှာ ပျော်တယ်တော့.... တခါလောက် လာလည်ကြည့်ပါဦး ကေရေ...
အမ ခင်မင်းဇော်

Dr. Yi Yi Win said...

တို့ လည်း ပန်းဖြူတစ်စည်းယူသွားပြီနော် ကေ။

နှင်းနဲ့မာယာ said...

မကေရေ
စာအုပ်ကြီးကိုတော့ ဖွင့်ထားတယ် လူသိများတဲ့နစ်နဲ့မဟုတ်တော့ နည်းနည်းတော့ အေးချမ်းနေသေးတယ်....
ဒါပေမယ့် လယ်စိုက်ရမှာလဲပျင်း မာဖီးယားဆော့ရမှာလဲ ပျင်း...းးး)))))
ကြုံတုန်း မကေကို ထပ်ပြီး Request လုပ်လိုက်အုံးမယ်..
Snow lay nick နဲ့ အပ်မယ်နော်...

ခင်တဲ့
နှင်း

Nge Naing said...

ကျွန်မဆီကိုလည်း အဲဒါလုပ်ဖို့ မေးလ်တွေ ရောက်ရောက်လာတာ ရှိပေမယ့် ဘာလုပ်တဲ့ဟာမှန်းလည်း မသိ အခုဖွင့်ထားတဲ့ ဘလော့ဂ်ကိုတောင် အချိန်မပေးနိုင်ဖြစ်နေတာနဲ့ တခါမှ မစပ်စုဖြစ်ဘူး။

ATN said...

ဂျီမေး၊ ဂျီတော့၊ ဘလော့၊ မျက်နှာဘုတ်အုပ်၊ အလုပ်ရှုပ်တဲ့ လယ်သမား၊ မာဖီးယား... အမ်မာလေး... အိပ်ချိန်တောင် မရှိတော့ပါလား...း))
မဖြစ်သေးဘူး မေးပွတ်ပြီး စဉ်းစားရမယ်...
ဘယ်ဟာတွေကို ဖြတ်ရင် ကောင်းမလဲ....

မမသီရိ said...

ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ ကမ္ဘာလေးတခု အကြောင်း လာလေ့လာပါတယ် မကေ ရေ
စိတ်ဝင်စား စရာကောင်းတော့ ဆက်လေ့ လာလိုက်အုံးမယ်

Thant said...

သူငယ်ချင်းအရောင်းအဝယ်လုပ်တာကိုလည်းထည့်ပြောအုံးလေအစ်မ ။ အစ်မကို ဝယ်ချင်တဲ့သူတွေက များမှများပဲ ။ သန့်လဲ အားကျမခံဝယ်လိုက်တာ တစ်မိနစ်တောင်မခံဘူး ။ သူများကအတင်းလုဝယ်သွားတယ် ။း(

rose of sharon said...

ကေရေ... အဖော်တစ်ယောက်ထပ်တိုးတော့မယ်...ဆော့ဖို့လေ...ဒို့လဲ farm town,pet society,restaurant city ဆော့ဖြစ်နေတယ်...

mirror said...

ဟုတ်ပါ့။မကေ့ကို ၀ယ်ချင်တဲ့သူတွေများလက်လျှက်ထိုး !
ညီမတောင် ၀ယ်ဦးမလို့၊နောက်မှ မကောင်းပါဘူးလေ။
ကိုယ့်ထက်အကြီးကိုဆိုပြီး လက်ရှောင်ထားတာ။

ကစားကြည့်ပါဗျာ။တကယ်စိတ်ချမ်းသာစရာကောင်းပါတယ်
(လယ်စိုက်တာလေ။ဘယ်လောက်ပျော်စရာကောင်းလဲ)

အဟဲ။ဆွဲဆောင်သွားပြီ။

သက်ဝေ said...

ဟုတ်တယ် ကေ..
ကိုယ်လဲ စဉ်းစားနေပြီ...
တခုခုကိုတော့ ဖြတ်မှ ဖြစ်တော့မယ်...
ကြာလာရင် လူကို ဝါးမြိုသွားတော့မလိုပဲ ကြောက်စရာ လန့်စရာ ကောင်းလောက်အောင် ဆွဲဆောင်နိုင်တဲ့
မျက်နှာစာအုပ်လေ...

MANORHARY said...

ထူးထူးဆန်းဆန်း မနေ့က လင့်ကခုမှတက်တယ်
ပန်းလည်းလက်ခံရတာနောက်ကျသလို ပို့စ်လည်း
ခုမှဖတ်ရတယ် ...
မျက်နှာထဲကတချို့မျက်နှာတွေက မျက်နှာဖုံးတွေနဲ့
ကေရဲ့... ကိုယ်ကတော့ မျက်နှာဖုံးမပါတဲ့မျက်နှာတွေ
ကိုပိုပြီး လက်ခံမိဖြစ်ပါတယ်။
လယ်ထဲလည်းလာခဲ့ပါဦး ဘဝမှာမရနိုင်တဲ့
လယ်ခင်းစိမ်းစိမ်းတွေကိုရရမယ်လို့ အာမခံပါတယ်။
(ပန်းဖြူဖြူလေးအတွက်ကျေးဇူးတင်သလို အချစ်ဦးနှင်းဆီဝါတွေကိုလည်းမမေ့ပါဘူး.. ကေပေးခဲ့တဲ့ နှင်းဆီဝါတွေ..း)) )

littlebrook said...

အမက ပုံရိပ်ရောင်နိုင်ငံတော်လို့ တင်စားထားတာ မက်ထရစ်ဆိုတဲ့ကားကိုတောင် သတိရစေလာပြီ ...
အဲ့ဒီပုံရိပ်ယောင် နိုင်ငံတ်ာကြီးကိုလည်း ဖြိုချမယ့် တကယ့်လူသားတွေ ပေါ်လာဦးမလားမသိ ...

မေ့သမီး said...

တကယ်ပါပဲ။ ညီမလည်း လယ်စိုက်တယ်။ အနည်းဆုံးတော့ အပြင်မှာလုပ်လို့မရတဲ့ စိတ်အေးချမ်းသာမှုကို အဲဒီမှာရှာကြည့်တာပါ။

နန်းညီ said...

အဲ့ဒါကြီး သိပ်ရှုပ်မှန်း ပြည်ကပြန်လာပြီးမှ ပိုသိလာတယ်.. ပြည်ကို ၄၁ ယောက်သွားတယ်.. အားလုံး ဖဘ ရှိတယ်.. ဓာတ်ပုံတွေတင်တယ်.. အချင်းချင်း tag တယ်.. မရှိသေးတဲ့အကောင့်တွေ အက်လာတယ်.. ကောမန့်တွေပေးတယ်.. မေးလ်ထဲ အစောင် ၁၀၀ ကျော်ရောက်တယ်.. သွားကြည့်တယ်.. ပြန်မန့်တယ်.. ကိုယ်ကလည်းဓာတ်ပုံတွေတင်တယ်.. ပြန် tag တယ်.. သူတို့က လာမန့်တယ်.. ကိုယ်ကပြန်သွားပြောတယ်.. သူတို့က ပြန်မေးတယ်.. ကိုယ့်ဆီ သူတို့က လာtag တယ်.. ၂ မိနစ်အတွင်း အစောင် ၅၀ ဝင်တယ်.. စံချိန်ကိုချိုးရောပဲ.. ဒါတောင် ကစားပွဲတွေ မပါသေးဘူးနော..

Moe Cho Thinn said...

တို့လဲ ကေပြောသလို လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဟိုဟိုဒီဒီ ငေးမိတယ်။ မိချော ညီမ မိပ ခေါ်လို့ပေါ့။

ကိုယ်ရိုးသားသလို သူလဲ ရိုးသားပါလိမ့်မယ်လို့ မျှော်လင့်မိလို့ မိတ်ဆွေ တော်တော်များများကို လက်ခံမိတယ်။ Nick Name တွေလဲ နည်းတယ်။ မိန်းကလေး လက်ခံတာ ပိုများတယ်။

တို့က လယ်လဲ မစိုက်တတ်၊ မာဖီးယားလဲ မဆော့တတ်။ ကိုယ့်ဟာကိုယ်တောင် ချာလပတ်ရမ်းနေတာ မဆော့ဖြစ်ဘူးပေါ့ ကေရယ်။ သူများဆော့ရင်တော့ သဘောကျပါတယ်။ လယ်စိုက်တာဆို စိတ်ချမ်းသာစရာ ပါပဲ။

အဆက်အသွယ်ပြတ်နေတဲ့ ခင်ရာ မင်ရာ မိတ်ဆွေတွေနဲ့ ဆုံခွင့်ရရင် တော်ပါပြီလေ။

(ဒါနဲ့ သန့်ပြောတဲ့ သူငယ်ချင်း အရောင်းအ၀ယ်လုပ်တာတော့ ခုမှ ကြားဖူးတယ်)

Anonymous said...

မကေရေ့-အင်တာနက်စွဲတာက သုံးနေတုန်းသုံးမှန်းမသိ။ မသုံးရတော့မှ အရက်စွဲနေသူ အရက်ဖြတ်လိုက်သလို၊ ကော်ဖီသောက်နေကျလူ မသောက်ရတော့ရင် ကတုန်ကယင်ဖြစ်သလို ဖြစ်တာ လက်တွေ့ပဲ။ အိမ်ပြန်ရောက်ရင် ဖတ်နေကျ သတင်းစာတွေ မဖတ်ရ၊ ကြည့်နေကျ သတင်းတွေ မကြည့်ရရင် ချက်ချင်းကြီး ခေတ်နောက်ကျသွားသလို။ တုံးသွားသလို ခံစားရတာ။ သွားနေတဲ့အရှိန်ရုတ်တရက်ကြီးကျသွားသလို ခံစားရတယ်။ တကယ်တမ်းကျတော့ ကိုယ့်ပြည်မှာက အဲဒီလောက်မြန်မြန်ကြီး သိနေ၊ လုပ်နေစရာမှ မလိုပဲနော့။ အားလုံးကို ပြန်လျှော့ပစ်ရတယ်။ reverse culture shock ဆိုတာ အဲဒါပဲ ထင်ပါရဲ့။ ဒါမျိုးလေးတွေ ထပ်ရေးပါအုံး။

Anonymous said...

Information loaded in these days..

If U 'r just plain Idiot, U'll be lost your valuable meaningful alive-life....

It's happening among myanmar adult life @ oversea..even though they'r happily living at foreign country and forgotten their valuable mother country...whatever happen, they 'r just forwarding myanmar news' email and praying with nice red cloths...and forgotten and enjoying happily at dream world internet... again..

Please give your time for your own third-world country people and your younger very own generations.., please...

It's real...country in your life still around...

Wake up guys...

တန်ခူး said...

ကေရေ… တို့ ထုံးစံအတိုင်း သူများတွေက ရိုးကာမှ ကိုယ်ကရောက်တယ်လေ… လယ်စိုက်တာ စိတ်ချမ်းသာတယ်ဆိုလို့  လယ်သွားစိုက်တာ ခုတော့ စွဲပါပကောလား… မနက်အစောကြီးတောင် အသီးတွေ ပျက်ကုန်မှာကြောက်လို့  ထထရိပ်နေတာ… တကယ်တော့ ကိုယ့်မှာက အချိန်ရှားပါးမှုပြဿနာရှိပြီးသား… မဖြစ်ဘူး…တနေ့ ဘယ်နှစ်နာရီဆို အချိန်သတ်သတ်မှတ်မှတ်ထားမှလို့ … အဆက်အသွယ်အရမ်းပြတ်နေတဲ့ သူငယ်ချင်းတွေ ကိုယ့်နာမည်လေးကြားတာနဲ့  သူငယ်ချင်းအဖြစ်ပြန်ဆက်သွယ်ကြတာ ကြည်နူးဖို့  ပျော်ဖို့ အတော်ကောင်းပါတယ်… မမြင်ဖူးသေးတဲ့ သူတို့ မိသားစုလေးတွေလဲ မြင်ရတာပေါ့… တခုပဲ… ငယ်ငယ်ကလို အချိန်နဲ့ အိပ် အချိန်နဲ့ စား အချိန်နဲ့ ကစားဖို့ ပါပဲ….

tg.nwai said...

ကေ ရေ.. ကေ့ ပို့စ်ဖတ်ပြီး ရယ်လိုက်ရတာ..ဟုတ်ပ.. ကလေးတွေမှ ဆော့ရတာမှ မဟုတ်ပဲ..တို့တွေ ကလေးတုန်းကမှ ဒါမျိုးတွေ မရှိခဲ့တာကိုး... သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတာတို့..ဘလော့ဂ်လောကက ခင်တဲ့ မိတ်ဆွေတွေနဲ့ အသိအကျွမ်းဖြစ်ခွင့်ရတာတို့ အတွက်တော့ ၀မ်းသာစရာပါပဲ.. တို့လည်း ကေ့လိုပဲ ကိုယ်မပွားတတ်တော့ ဒီတစ်ခုထဲမှာပဲ ကိုယ့်အသိမိတ်ဆွေ အကုန် ရောနေတာပါပဲ.. တွေ့သမျှတော့ အက် မလုပ်ဖြစ်သလို မသိတဲ့သူတွေကိုလည်း လက်မခံဖြစ်ဘူး..

တို့ကတော့ အကောင်တကောင် မွေးပြီး လယ်စိုက်နေတယ်...ဒီက ကွန်နက်ရှင်က သိပ်မကောင်းတော့ အချိန်သိပ်မကုန်ပါဘူး.. :)

မနော်တို့နဲ့ လယ်စိုက်နေတာ တို့ကတော့ သိပ်မဖြစ်ထွန်းပါဘူး ကေ ရယ်.. မနော်ကတော့ လှလှပပ လယ်စိုက်ရင်း သူဋ္ဌေးဖြစ်လို့...ဟဲဟဲ

sintsint said...

အစ်မရေ...အခုအစ်မရေးထားတဲ့Post ကိုလာဖတ်သွားတယ်..အစ်မကိုတော့မသိပါဘူး..။
ဒါပေမဲ့စွဲမှန်းမသိပဲ.စွဲတာရော..သိသိကြီးနဲ့စွဲတာရော.
ဘယ်လိုမှဖြတ်မရတော့မှ..ကြောက်စရာကောင်းမှန်းသိတဲ့ Networkကြီးကိုညီမလည်း ..တော်တော်ကြောက်နေတယ်..
တခုခုတော့ဖြတ်မှ...။ကျေးဇူးတင်ပါတယ်..အစ်မစာဖတ်ရတဲ့အတွက်။

Anonymous said...

post လေးကိုဖတ်ပြီးတော့ သဘောကျလွန်းလို့ နောက်တစ်ခေါက်ပြန်ဖတ်မိသည်။ ကျွန်တော်လည်း တစ်နေ့တစ်နေ့ကို fb မှာ အချိန်ကုန်နေလို့ မနည်းဖြတ်ထားရတယ်။ နောက်လည်း ဒီလိုမျိုး post ကောင်းကောင်းလေးတွေ ထပ်တင်ပါဦး။ အားပေးနေပါမယ်။

kay said...

ဇီဝက... ( အသံထွက်တာ မှန်လားတော့ မသိ) အခုပေးတဲ့ ပို့စ်လေး ကို ဖတ်ကြည့်ပါ...အချက်အလက်ပို ပြည့်စုံတာပေါ့...။ စာဖတ်တဲ့ အတွက် ကျေးဇူးပါ။း)

http://kthwe.blogspot.com/2009/02/face-book.html