Second Life ဆိုလို့.. လူသေ လူဖြစ် စာအုပ် အကြောင်း မဟုတ် ပါ.. အင်တာနက် မှာ..လူ ကြိုက် များ နေတဲ့ avatar လူရုပ်အ တု တွေ နဲ့.. အိမ်ခြံ ၀ယ်..စတော့ ပါ ကစား နိုင် တဲ့.. website အကြောင်း လည်း မဟုတ် ပါ ။ လူငယ် လူလတ် အတော်များ များ..တဖြည်းဖြည်း ချင်း တိုး ၀င် အခြေချ လာ ကြ တဲ့..အင်တာနက် ပေါ် က..ဘ၀ တွေ ကို ရည် ညွှန်း ချင် တာ ပါ။ အခု ဆို ရင်.. အားလုံးပဲ ကိုယ့် ဟာ နဲ့ကိုယ် Second Life ကလေး တွေ.. မသိမသာ ဆောက် မိ နေ ကြတယ်။
အပြင် ဘ၀ က..မိတ်ဆွေ အပေါင်း အဖော် ဆိုတာ တွေ က လည်း.. ကြုံသလို သွား ရင်း ၀င်တိုက်မိ..သိကြ..ခင်ကြ..ဆက်သွယ် ကြ တာ ကိုး။ ဟောဒီ အင်တာနက် ပေါ် မှာ ကျတော့.. ကိုယ်ကြိုက်တဲ့.. Key word ကို ရိုက်ထဲ့လိုက်သလို မျိုး ... ကိုယ့်နဲ့ ဓါတ်တူ နံတူ တွေ.. အများ ကြီး သိ လာတယ်။ အဲဒီထဲက မှ.. Search criteria ကလည်း ..ကိုယ် လိုသလို.. ညှိလိုက် တော့.. ပြော မနေ နဲ့တော့.. ဂျီရိပ် မှာ.. နီ လိုက်..စိမ်းလိုက်.. အရောင်တွေ အမျိုးမျိုး ပြောင်းလို့.. ။ တူရာ..တူရာ ဘလော့ လေး တွေ လည်း စု ပြီး..တွတ်ထိုး ကြ.. နှုတ်ဆက် ကြ နဲ့။
Second Life မှာ စိတ်ချမ်းသာ ကြ တာ လည်း မပြော နဲ့လေ။ အပြင်မှာက.. အလုပ်ထဲ က လူ ကို ကြည့်မရ.. ခင်စရာမကောင်းပေမဲ့ ..ဟန်ဆောင် သွား ဖြဲပြ ရ.. ယုံကြည်ရာ ခြင်း မတူ ပေမဲ့.. ဆက်ဆံ နေ ရ.. ကိုယ်စိတ်မ၀င်စား တာကို..ဖြစ်ညှစ် ဆွေးနွေး ရ..။ အစစ် တွေ က ခါးသက်သက်.. အမှန် တွေက..ချဉ်တင်တင်.. အရှိ အတိုင်း ဆိုတာ က လည်း အနံ့ပြင်းသမို့.. အချို ရှာ သကာ တွေ့ တာ လည်း မဆန်း ဘူး ပေါ့။ တကယ် တော့.. Second Life မှာ ယဉ်ပါး လာ ကြ တဲ့သူ တွေ ဟာ..တနည်းနည်း နဲ့တော့.. အချိန်ပို နေ ကြသူ တွေ.. အထီးကျန် နေကြသူ တွေ.. ကောင်းကင်ကြီး ကို ဟားတိုက် မေးခွန်း ထုတ်ရင်း..တွေ့တဲ့ ခဲလုံး ကို ကန် ထုတ် ပြစ် ချင် နေ ကြ တဲ့.. ခပ် မိုက် မိုက် တွေ ဆို ရင်.. လွန် မလား တော့ မသိ။
ကိုယ် ကို တိုင် ပဲ ကြည့်တော့။ မနေ့တနေ့က.. ပိတ်ရက် မှာ ထုံးစံ အတိုင်း တွေ့ကြ စားကြ တော့.. ပေါက်ဖွား ယုံ ကြည် ရာ ခြင်း မတူ တဲ့.. မိတ်ဆွေ တယောက်က.. အခု လာမဲ့..ဆန္ဒခံယူ ပွဲ အကြောင်း ကို.. မပွင့် တပွင့် ဆွေးနွေး တယ်။ ` အခု နိုး ပေး လိုက် ရင်.. အချိန် တွေ ပိုကြာ မသွား ဘူးလား´ တဲ့။ သူပြော တဲ့ စကား ထဲမှာ..ထောက်ပြ စရာ တွေ.. ဆက်လက် ရှင်းလင်း ငြင်းခုံ ရ မှာ တွေ.. တလှေ ကြီး ပေမဲ့.. အကြောင်း ကြောင်း တွေ ကြောင့် .. ` အင်းလေ.. ဘယ်လောက် တရား မျှတ မလဲ ဆို တာ ပဲ.. အရင် ကြည့် ရ အုံးမှာပေါ့´ လို့.. ခပ် ထေ့ထေ့ပဲ ပြော နိုင် ခဲ့တယ်။ အဲဒီ ပွဲ က ပြန် ရောက်တာနဲ့.. အိမ် ခန်း ထဲ အမြန် ပြေး..ကွန်ပြူ တာ ဖွင့်ပီး.. အင်တာနက် ထဲ မယ်..လေ တွေ ရှူ လိုက် မှပဲ..နေ လို့ ထိုင် လို့ကောင်းသွားတယ်။
အရင် ဘ၀ က..သူငယ် ချင်း တယောက် ကဆို..ခနဲ့တယ်လေ။
` ရှင်ဟာလေ..ခုတလော.. အီးမေး တောင် မသုံး တော့ဘူး..ဘာမှ လဲ မပြန် ဘူး´ တဲ့။
ဒါပေ မဲ့..သူငယ် ချင်း ခမျာ..တော်ရှာ တယ်..ကိုယ့်ကို လည်း ခင် ရှာတယ်။ Second Life ထဲ ထိ လိုက်လာ ပြီး..ကိုယ့်ဘလော့ ကို..ပထမ ဆုံး နေ့ကစ ပြီး အားပေး တာ...ခု ဆို.. " 2008 Blog Reader Award" တောင် ပေး ဖို့ ကောင်းနေ ပြီ။ ( ကျေးဇူးပါပဲ..သူငယ်ချင်း မမေရေ )း)
အပြင် မှာလည်း..တွေ့လိုက် ရင်..အပျံစား ချည်းပဲ။ တက္ကသိုလ် မှာ တုန်း က..အရမ်း တွဲတဲ့ သူငယ် ချင်း တယောက်က..ခုဆို..ကြံ့ဖွံ့မှာ လူကြီးဖြစ်နေ ပြီ ဆိုလား။ သေ ရော။ နောက် တက္ကသိုလ် တခု ရောက် တော့ လည်း.. အမယ် မဆိုး ဘူးလား လို့.. ။ လာသ မျှ ရွှေ တော် တော် များ များ က.. စူပါ တွေ ချည်းပဲ။ တကယ် ပြောတာ။ ကျောင်း တော် ကြီး မှာ..စာ သိပ် တော်တဲ့ သူ တွေ တဲ့။ သူ တို့က..အချင်း ချင်း ၀ိ သေသ ပြု တတ် တယ်။ အဲဒါ Role 1.. သူက..Role 2 တဲ့။ တီတီ စီ..သူငယ် တန်း A မှာ တည်း က..အတူတူ ထိုင် လာ ကြတာ ထင်တယ်။ ဘာ စကောလားရှစ် ရ အောင် လျှောက် ရ မလဲ ဆို တာကို လည်း ..အပြင်းအထန် စဉ်းစား လေ့ရှိ တယ်.. ဘယ်သူ့ဆီက..အက်ဆေး တောင်း ကူး ရ မလဲ ဆိုတာ..အကြံထုတ် ကြတယ်..ဒါပေမဲ့.. အဲဒီ စကေားလားရှစ် က..ဘယ်သူ က..ဘာ အတွက် ပေး တာလဲ ဆို တာတော့..ဆက် မတွေးတော့ဘူး။
တခါ ဆို.. အသစ် ၀င် လာ ကြ တဲ့.. ရွှေ ကျောင်းသား တွေကို.. စီနီယာ အကို ကြီး တယောက်က.. မှာ တမ်းချွေ ရင်း.. အခု ကိုယ့် ငွေ နဲ့ ကိုယ် လာတတ် တဲ့ ဗမာ တွေ အတွက်..ဘယ်လို စကေားရှစ် တွေ ကို လျှောက် နိုင် တယ် ဆို တာ..၀ှိုက် ဘုတ် မှာ သေချာ..ရေး ပြီး ကို ရှင်း ပြ တယ်။ ဘယ် အချိန် မှာ စလျှောက်..ဘယ်လို ရေး ပေါ့။ သူရေး ပြ တဲ့ အထဲ မှာ..OSI နဲ့ Prospect Burma က..ရှေ့ဆုံးက ပါ တယ်။ စိတ်ထဲက..နဲနဲ တော့ ချဉ်တင် တင် ဖြစ် နေပြီ။ ဘယ်က ဘယ်လို..မတ်တပ် ရပ် လိုက် မိမှန်း မသိဘူး။ ` အဲဒီ စကောလား ရှစ် တွေ ရဲ့..ရာဇ၀င် လေး တွေ နဲနဲ ရှင်း ပြ ပေး ပါလား..ဥပမာ Prospect Burma ကို ဒေါ် အောင်ဆန်းစု ကြည် ရဲ့ နိုဘယ်ဆု ငွေ တွေ နဲ့ စတင် မတည် တယ် ဆို တာမျိုး...ပေါ့´
အဲဒီ စီနီယာ အကိုကြီး ..ခဏ တော့ ကြောင်သွားတယ်။ ပညာ တွေ က..သိပ်တော် တယ် ဆို တော့..ချက် ချင်းပဲ အဖြေ ပေး လိုက် တယ်။ ` အော်..အဲဒီ ရာခိုင် နှုံး က..နဲနဲလေးပါ .. တခြားက အများ ကြီး ထဲ့ဝင် ကြ တာပါ ´ တဲ့။
ကဲ..အဲလို လူမျိုး တွေ နဲ့ ကျောင်းတက် ခဲ့ ရ ဘူး တော့ လည်း.. ကျောင်းဝင်း ထဲ က သစ်ပင် တွေ..တွေ့သမျှ..ပြေး ကန် ပြစ် ချင် နေတာ ဆန်းသလား။
နံရံ တွေ မှာ စာကပ် တာ..သဘော ကျ လေ့ မရှိပါဘူး။ ဒါပေမဲ့..မတတ် နိုင်ဘူး ... တော်ကြာ.ကို့ရို့ကားယား တွေ ကြား နေ ရမှာ စိုးလို့.. Dom အခန်း ထဲမှာ.. ဒေါ်စု ပုံ အကြီး ကြီး ကို စာပါ ရေး ပြီး ကပ် ထား လိုက် တယ်။ အဲ တော့ လည်း တမျိုး.. အခန်း ထဲ လာ လည် ပြီး.. `ဟယ်..အန်တီစု ကလေ..´ ဆို ပြီး..ဖောရှော လုပ် တဲ့ သူ က တမျိုး..`ဟဲ့ ..ဘာသတင်း တွေ ထူးလဲဟဲ့... ပြောပါ ဦး ´... ဆို ပြီး..ထမင်းလာ စား တဲ့ သူ က တမျိုး။
လူတွေ ပြောပါ တယ်..မတူ ကြ တာ။ အဲဒါ ကြောင့် လည်း..ဟိုကလပ်..ဒီကလပ်..ဟို အသင်း..ဒီ အဖွဲ့..စသဖြင့်.. သူတော် ချင်း ချင်း သီတင်း လွေ့ ကြ တာ နေမယ် ။ တချို့လည်း..တအိမ် ထဲ အတူ နေ ပြီး..မတူ ကြ ပြန်။ ကြာပါ ပြီ..တခါ..ဦးလေး လူပျို ကြီး က..ထူးထူးဆန်းဆန်း ..ဂျူး ၀တ္တု အကြောင်း လာ မေးတယ်..ဘယ်လိုထင် လဲပေါ့..။ ဘာရ မလဲ..ပြောပြ လိုက်တာ..ဘယ်စာအုပ်ကတော့ဖြင့်..ဘယ်လို ကောင်း.. "မြစ်တို့၏ မာယာ"က ဘယ်လို.. ။ ပြောချင် ရက် လက်တို့ လေ။ ဘယ်ဟုတ် ပါ့ မလဲ...။ အဲဒီ ဦးလေး လူပျိုကြီး က.. မိတ်ဆွေ တွေ စပ်ပေး တဲ့.. သတို့သမီးလောင်း..အပျို ကြီး ကို..ရွှီး ဖို့..လာမေး တာလေ။ လေးငါး ခြောက် လ..သူတို့တွဲ ခုတ် နေတဲ့ အချိန် မှာ.. စာအုပ်တွေ အကြောင်း ပြောလိုက်.. သီချင်းတွေ အကြောင်း ဆွေး နွေး လိုက် နဲ့.. ကြည်နူးလို့.. သူ့ခမျာ.. လက်ထပ် ပြီး ကာ မှ ပဲ.. ကိုယ့် ဦးလေး..စာအုပ် တအုပ် မှ မဖတ် ကြောင်း သိ တော့တယ်။း) ခု တော့ လည်း.. မတူ တာ လေး တွေ..တ လှည့် စီ..မသိ ချင် ယောင် ဆောင် ရင်း ပဲ.. ပျော်ရွှင် စွာ..အတူ ရှိနေ ကြ ပါတယ်။
အဲဒီ အဒေါ် လည်း.. Second Life သာ တွေ့လို့ကတော့.. သူ ကြိုက် တဲ့ ဂျူး ၀တ္တု တွေ အကြောင်း .. ပြောဖို့.. အခွင့်အရေး ရ မှာ..သေချာ တယ်။ သို့သော် လည်း ပေါ့လေ...နယူတန်း ရဲ့ နိယာမ အရ.. ဒီနေရာ မှာ စပြီး..ဒီနေရာမှာ ပြန်ဆုံး ရင်.. အလုပ် မပြီး မြောက် ဘူး ဆိုတော့..။ ဒီ ခုံ မှာ ထိုင် ပြီး..ဒီ ကွန်ပြူ တာ ကို ပဲ ..ပိတ် လိုက် တဲ့ အခါ မှာ.. ဘာ မှ တော့ ဖြစ် လာ မှာ မဟုတ် ပါ ဘူး။ ဒါပေမဲ့.. တခုခု တော့ ..ဒီထက် ပို ပြီး ရ လာ သင့် တော့ မပေါ့ ။ ပျော်ရွှင် မူ ပဲ ဖြစ်ဖြစ်... သိ နားလည်မူ တခု ပဲ ဖြစ်ဖြစ်... ။ အနဲ ဆုံး တော့..ကွန်ပြူတာ ကို ပိတ် ပြီး..ခုံ က..ထ လိုက် တဲ့ အခါ မှာ..အော်..ငါတို့က..ဒီအပြင် လောက မှာ မွေး ပြီး..ဒီ လူ အစစ်တွေ နဲ့..မတူ တာ တွေ ညှိရင်း..ဒီ တကယ့်လောက ထဲမှာ ပဲ သေ ကြ ဦး မှာ ပါ လား ဆို တဲ့.. အသိ တခု တော့.. ပို ထင် ရှား လာ မှာပါ။
အဲဒါ ကြောင့်.. Second Life ကို.. ပြင် ပ လေထု ညစ်ညမ်း မူ တွေ ကို ကာကွယ် ဖို့.. အသက်ရှု ကြပ် ရင် အကူ အညီ ယူ ဖို့.. အောက်စီဂျင် ဗူး လေး တွေ အဖြစ် တော့.. ဆောင် ထား ကြ ပေါ့။ ကျယ် ပြော လှ တဲ့..ပြင် ပ လေထု အစစ် ကြီး ကိုတော့.. မေ့ ပြီး တော့ များ..မရှု ပဲ မနေ လိုက် ကြ ပါနဲ့ နော်။
◦

12 Comments:
တူတာတွေက မတူကြ၊
မတူတာတွေက တူကြ၊
နီးနေတာတွေက ဝေးကြ၊
ဝေးနေတာတွေက နီးနေကြ။
ဒီဘ၀၀ခရီးထဲ....
တကယ့် အဖြစ်အပျက်တွေက
နွေလည် အိပ်မက်၊
အိပ်ပျက်ညတွေကတော့
တကယ့် အဖြစ်အပျက်ရဲ့ ဇာတ်ကြောင်းပြန်။
ဒီလိုနဲ့
ငါ့ရဲ့ရှင်သန်မှုက
နှစ်ခု ဖြစ်နေ...
ဒီလိုနဲ့
ဝိဥာဉ်ကို
အရံလူထားခဲ့လို့ရမယ်ဆို
အခါတရာမက
မရဏတရားနဲ့
ကစားပွဲတွေ
ငါ ဆက်ခဲ့ချင်နေသေးတယ်။
ဒုတိယအသက်မှာ
ငါ ရှင်သန်မယ်၊
ငါ သေဆုံးမယ်။
ငါ ပျော်ရွှင်မယ်။
ငါ ငိုကြွေးမယ်။
ငါ လွတ်လပ်မယ်။
ငါ အနှောင်အဖွဲ့ကျမယ်။
ငါ တူညီမယ်။
ငါ ကွဲလွဲမယ်။
ငါ ရဲရဲနီမယ်။
ငါ မှိုင်းမှိုင်းပြာမယ်။
ငါ စိုပြည်မယ်။
ငါ ခြောက်သွေ့မယ်။
ငါ တမ်းတမယ်။
ငါ မေ့လျော့မယ်။
ငါ ရွေ့လျားမယ်။
ငါ ရပ်တန့်မယ်။
ဒါကို
တစုံတယောက်က
ညီမျှခြင်း မချသည်အထိ။ ၊
(အောင်သာငယ်)
ကဗျာရှည် ကြီး တော် မှတ်ချက် ပေး သွား လို့...ကျေးဇူး အထူးတင်ပါတယ် ။ တတိယ ဘ၀ ကတော့.. ကောင်းကင် ဘုံ မှာ ပဲ ထင်တယ်။း)
Hi K,
It's really artistic and nice to read ur blog. I'v been staying abroad for a decade already and when I read your blog , I can feel the atmosphere that I'v been missing for long time... Keep it up ur good work.
P.S, I got the link from ur page to burmesegoldbull. He wrote there he gonna write about social contract there. Pls request him to write about it. I really wanna read and hope I can learn something from there.
SomeOne from SG
ဟူးးးးးးးး တော်ပါသေးရဲ့ .... ဘာများရေးမလဲလို့ .... ကလောင်တစ်ချောင်းပိုင်သူ ရှင့်ကို သူငယ်ချင်း တော်ရတာလည်း မလွယ်ပါလားကွယ်ရို့ :(
ဘလော့ဂါဆိုတာ ပုံပြင်ထဲက စင်ဒရဲလားလေးလိုပေါ့။
ခဏတာရရှိတဲ့ ပျော်ရွှင်ဘွယ်အားလပ်ချိန်ဘ၀လေးကို ရွှေမင်းသားချောလေးနဲ့ ဘလော့ဂ်ခန်းမဆောင်ကြီးထဲမှာ ကခုန်ပျော်မြူး။
ဒါပေမယ့် အချိန်တန်လို့ ဘ၀အစစ်က သရုပ်မှန် ကျရာနေရာလေးမှာ အသုံးတော်ခံဘို့ ပြန်ပြေးရပြီဆိုရင် ဘလော့ဂ်(ကပွဲ)ခန်းမဆောင်ကြီးထဲမှာ ရွှေရောင်ဖိနပ်တဖက် ကျွတ်ကျခဲ့မယ်ထင်တယ်ဗျိုး။
ကိုပေါ ပေး တဲ့ ဥပမာ ကို ရေရေ လည် လည် ကြိုက်သွား ပြီ။း)
လာဖတ်သွားတယ် အစ်မ ... စီဘောက်ခ်စ် မှာ အော်မရလို့ ... Message Box မပေါ်လို့ ဒီမှာ လာရေးသွားတာပါ :P
K...
I think we need more oxygen over here (my beloved country) how U think that ? I just worried only one thing that can we use to live when we got enough oxygen :P
mnhy
ကင်ဘာရာ သွားဖို့ က ခေါ်စာ လည်းမလာ ... ခရီးစရိတ် လည်း မရ ... ကျောင်း က လည်း မအား ... စာတိုက်က ထည့်လို့ ရရင် တစ်မျိုး :P
I received from a friend...
"Dear
Just in case you have not use those yet.
We can use the networking tools like Linked In, more hip and
youngsters sites such as Facebook,
Friendstars, and moreover virtual worlds like the Second Life or the
world of War craft (gamers site)
to promote the fund raising drive for Cyclone victims in Burma,
survivors who are the on the edge of disease outbreaks, starvation and familes of the victims. My 2 cents!!!!!!!!!!!"
I think you can use second life to promote the fund raising of NGO or charity organization of your choice......
မကေရဲ့ second life ကို ဖတ်ပြီး ပြုံးမိတယ် ။
စလုံးသတင်းစာမှ တခါက အဲဒီ second life game ကြောင့် တကယ်လက်ထပ်ဖြစ်တဲ့ အတွဲတတွဲအကြောင်းရယ် ၊ နောက် အတူနေကြပြီး လက်ထပ်ခါနီးမှ ယောက်ျားက အဲဒီထဲက ကိုရီးယားမလေးကိုကြိုက်ပြီး ကိုရီးယားလိုက်သွားလို့ ကွဲသွားရတဲ့အကြောင်း ရေးထားတယ် ။
ဘလောဂ့်မှာတော့ အဲလို second life တွေဖြစ်တဲ့ထိ မဖြစ်ကောင်းလောက်ပါဘူး ။ မကေပြောသလိုပေါ့ .. ကွန်ပြူတာဆိုတာ ပိတ်လိုက်ရင်လည်း တံခါးပိတ်သွားသလိုပါပဲ ။
ဦးလေး နဲ့ ဂျူး အကြောင်းဖတ်ရတော့ ရီလိုက်ရတာ။ ဖြစ်မှ ဖြစ်ရလေ။ ကျွန်မဆိုရင်တော့ ဂျူး ကြိုက်တဲ့ ယောက်ျား မကြိုက်ပေါင်။ ကိုယ်သာ ကြိုက်ချင် ကြိုက်မယ်။
Post a Comment