ဘ၀ရဲ့ အဓိပ္ပါယ်

ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာဘာလဲ.....ဘာဖြစ်လို့ ဒီဘ၀ ဆိုတာကြီး ထဲကို ရောက်လာကြသလဲ...ဘာ ရည်ရွယ် ဦးတည်ချက်တွေ ကြောင့်လည်း...

`ဘ၀ရဲ့အဓိပ္ပါယ် ဆိုတာ ဘာလဲ...ဟုတ်လား...ခဏ နေစမ်း ပါဦးကွာ....ဒီနေ့ ညစာကို တောင် ငါ ဘယ်လို ဖြေရှင်းရမယ် မသိဘူး´..

တခါတလေ..အိမ်အပြန် လမ်းမှာ..နေ၀င်ဖြိုးဖြ..ကောင်းကင်ကြီးကို ငေးကြည့်ရင်း..`ငါဘာလို့..ဒီနေရာမှာ ရောက်နေတာ ပါလိမ့်လို့´...တွေးမိကောင်း တွေးမိပါ လိမ့်မယ်...ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ...ဘာလို့ ဒီကမ္ဘာကြီး ပေါ်ကနေ ပျောက်ကွယ် မသွားသေး တာလဲ...ဒါတွေဟာ ဘာအဓိပ္ပါယ် တွေပါ လိမ့်...။

`ကြည့်ပါဦးဗျာ..ဒီမေးခွန်းကြီး တွေက..သိပ် ကြီးကျယ် လွန်းတယ်...ကျုပ်လည်း မဖြေတတ်ဘူး...ကျုပ်မှာ တခြား ဖြေစရာ မေးခွန်းတွေ တပုံကြီး...နောက်လအတွက်.. မီတာခ ဘယ်လို ပေးရမလဲ..လုပ်ခ အချိန်မှီ ရအောင် ဘယ်လို လုပ်ရမလဲ...ခုညစာ ၀ယ်ဖို့ ဘယ်လို လုပ်ရမလဲ..ဒီမေးခွန်းတွေက.. ပိုအရေးကြီးနေတယ်ဗျ...´

ဒီလိုနဲ့ပဲ..ဒီမေးခွန်း တွေကို ဘေးဖယ်ခဲ့တာ..တရက်ပြီး တရက်...တပတ်ပြီး တပတ်..တလပြီး တလ..တနှစ်ပြီး တနှစ် ကြာလာလို့..ဟော..ခုပဲ..ဘ၀ရဲ့..တ၀က်ကျိုးလား..သုံးပုံတပုံလား...လေးပုံသုံးပုံ တွေ လား ရောက်နေကြပီ....ခုထက်ထိလည်း...အဲဒီ.. ဘ၀အဓိပ္ပါယ် ဆိုတာဘာလည်း ဆိုတဲ့ မေးခွန်း အတွက်..အဖြေ ကောင်းကောင်း ထွက်မလာ သေးဘူး....
-
ဒါတွေဟာ..ဘ၀ဒသာနကြီး တွေပါပဲလို့....အားလုံး တွေးကြမှာပါပဲ..ဘ၀ရဲ့ အစောပိုင်း သက်တမ်း အနှစ်၂၀ လောက်ဟာလဲ..ဒီ ဒသာနကြီး ထဲမှာပဲ ရှိခဲ့လိမ့်မယ်. ..လူတွေကို ဦးဆောင် လမ်းပြနိုင်မဲ့ ဘ၀ဒသာနတခု..ပြဌါန်းနိုင်ဖို့ကို......ဘယ်နှယ်ယောက်များ.အောင်မြင်လို့..ဘယ်နှစ်ယောက်တောင်..ရှုံးနိမ့်ခဲ့ ကြသလဲနော်...

`နေပါဦး ..ဒါ-ဘာများ စိတ်အနှောက်အယှက် ဖြစ်စရာလဲ...ဘ၀ဆိုတာ..ရှင်သန် ရပ်တည်ဖို့ပေါ့..ဘာလို့များ..ဒီဘ၀ ဒသာနမေးခွန်း တွေကို..အချိန်ကုန်ခံ အဖြေထုတ် နေမလည်း.´

ဒီလိုပါ။ ဆိုကြပါစို့...တနေ့မှာ...ခရီးသွားတွေ အပြည့်နဲ့..အဝေးပြေး ဘတ်စကားကြီးတစီး...ခင်ဗျားရဲ့ အိမ်ရှေ့မှာ ထိုးဆိုက်လာပြီး..ခင်ဗျားကို ခေါ်တင် သွားတယ်ပေါ့...ပြီးတော့ လမ်းမကြီးပေါ်တက်..တဆင့်...အဝေးပြေး လမ်းကြီးပေါ် ရောက်ပီး...တနာရီ..၆၅မိုင်နှုံးနဲ့ စပြီး မောင်းနှင် တော့တယ်.... ခဏကြာ တော့..ခင်ဗျား ဟာ..ပတ်ဝန်းကျင်ကို အကဲခတ်ရင်း..ဘေးနားက တယောက်ကို...` ဟေးလူ..ဒီကားကြီးကဘယ်ကို သွားနေတာလဲဗျ...´ လို့မေးလိုက်တယ်..

`အာ...မပူပါနဲ့ဗျာ..ကားနောက်မှာစားစရာတွေမှ..အပြည့်...ကဲ..ပြောနေကြာတယ်..ခုပဲ စားကြ သောက် ကြရအောင်..` လို့..အဲဒီလူက ပြောတယ်...အဲဒါနဲ့.. `အင်း..လူတိုင်းလည်း ဒီလိုပဲ လုပ်နေကြတာပဲ..ငါလည်း လုပ်ပေါ့..´ လို့ တွေးရင်း... သူများတွေ နဲ့ အတူ စားရင်း သောက်ရင်း..ပျော်သွား တာပေါ့....
စားသောက်ပြီး ခဏနေ တော့..လူတွေဟာ..သီချင်းတွေ အော်ဆိုကြပြန်ရော....ခင်ဗျား လည်း ဘယ်နေမလည်း..လိုက်ဆိုတာပေါ့...အတော်လေး ကြာရင်ပဲ..ညနေက စောင်းလာရော...အဲဒီတော့မှ ..ဟိုဒီ အကဲခတ်ရင်း....` တဆိတ်လောက်ဗျာ...ဒီကားကြီးက..ဘယ်ကို သွားနေတာလဲ...ကျွန်တော် တို့ရော.. ဘာလို့ ဒီထဲ ရောက်နေတာလဲ ဗျာ´ လို့...ခုနလူကိုထပ်မေးပြန်တယ်..သူကတော့...ထုံးစံ အတိုင်း..`မပူပါနဲ့ဗျာ...ကဲလာ.. သီချင်း နဲနဲ ထပ်ဆိုကြရအောင်..ပီးရင်..သစ်သီး ဖျော်ရည် ထပ်သောက် ကြတာပေါ့ ´လို့ ပြောတယ်။..ဒီလိုနဲ့ပဲ..ည ရောက်လာတာပေါ့...ခင်ဗျား လည်း.. မောမောနဲ့..ခုံရဲ့ နောက်မှီလေးမှာ မှေးပြီး..အနားယူရင်း.အိပ်ပျော်သွားလိုက်တာ...နောက်တနေ့ မနက်မှပဲ နိုးတော့တယ်... ။
-
ဘတ်စကားကြီး ကတော့..တနာရီ..၆၅မိုင်နှုံးနဲ့...သွားမြဲသွားနေတုံးပဲ...ခဏနေတော့..ရှေ့ကလူဆီကို ကုန်းလိုက်တယ်..ဘေးကလူကတော့..ငါ့မေးခွန်းတွေကို မဖြေနိုင်တော့တာ သေချာတယ်လို့..ခင်ဗျား တွေးမိတယ်လေ...။

`ဟေ့လူ..ဒီမှာ နားထေင်စမ်းပါအုံး...ဒီကားကြီးက ဘယ်ကို သွားနေတာလဲဗျ..ကျွန်တော်တို့ ဘာလို့ ဒီကားထဲ ရောက်နေတာလဲ..´ လို့ မေးလိုက်တယ်..ဒီလူရဲ့ အဖြေကလည်း ဒီ အတိုင်းပဲ...` မပူပါနဲဗျာ..ခင်ဗျားဘေးက..မှန်ပြတင်း တွေကိုသာ..ပြောင်အောင် တိုက်နေပါ..ပျော်ပျော် သာနေ..ကိုယ့်လူရေ..စားမြဲ..အိပ် မြဲသာနေ..ဒါဟာ..ကျွန်တော်တို့ လုပ်ရမဲ့ အလုပ်ပဲ...´

တရက်ပီးတရက်ကြာလာတော့...စိတ်ပျက်-ပျက်လာတယ်...အဲလိုပဲ..တခြား လူတွေလဲ..တဖြည်းဖြည်းနဲ့ စိတ်ပျက် လာကြတာပေါ့...တကယ့်တကယ်မှာ...အနှစ်၂၀လောက် ကြာလာပြီ ဆိုရင်ပဲ..ဒီလို စိုးရိမ် သောကတွေက..သီးမခံနိုင် လောက်အောင် ဖြစ်လာကြတယ်..လူတိုင်း လူတိုင်းဟာ..ကားကြီး ထဲမှာ..အရင်တုံးက..ပျော်ခဲ့တဲ့ အချိန်မျိုးတွေ မရှိတော့ဘူး...တချို့တွေက ..ဖျားနာလာကြတယ်...တချို့တွေက သေဆုံးကုန်လို့..ကားပေါ်ကနေ ပြစ်ချလိုက် ကြတယ်..တချို့လူတွေဆို အချင်းချင်း ရန်သူတွေတောင် ဖြစ်လာကြပီး..တယောက်နဲ့ တယောက် သည်း မခံနိုင်လောက်အောင် ဖြစ်လာ ကြတယ်..အဲဒီထဲက..တချို့တ၀က် ကတော့..ကားရဲ့ထောင့်မှာ သွားစုပြီး...သူတို့ကို တိုက်ခိုက် ရန်ပြုလာရင် ကာကွယ်ဖို့ ပြင်ကြတယ်..တချို့တွေမှာ..စားစရာတွေ ကုန်သွားပြီး..တချို့မှာတော့..တောင်လို ပုံလာတယ်.. ။
-
အဲလိုနဲ့ပဲ...ကားထဲမှာပဲ..သားသမီးတွေလည်း ပေါက်ပွားတဲ့ လူက..ပေါက်ပွားပေါ့...ဒီကလေး တွေကိုလည်း.သူ တို့ မိဘတွေက.. ` ဟေး...ပြတင်းမှန်တွေကို တိုက်ကြနော်..´ လို့ဆုံးမတယ်။ ကလေးတွေက.ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလည်း...ဘာအတွက်လည်း လို့ မေးတာတောင်...`ကဲပါ..သီချင်း ဆိုစရာရှိဆို..ပျော်စရာရှိပျော်..ပျော်ပျော်နေ သေခဲ´ လို့ပဲ ပြောကြတယ်...
-
တဖြည်းဖြည်းနဲ့...ဒီမေးခွန်းတွေကို..ဘယ်သူမှ မဖြေနိုင်ဘူးဆိုတာ..သိလာတဲ့ အခါ..အားလုံးဟာ..စိတ်
ပူသထက်ပူလာတယ်။ ဘာအကြောင်းပြချက်မှကို မရှိတော့ ဘူးလား...ဘာအဓိပ္ပါယ်မှ မရှိတော့ ဘူးလား...ဒီဘတ်စကားကြီးပေါ်မှာ ရောက်နေတာ..ဘာအတွက်ကြောင့်မှ မဟုတ်ဘူးလား...ဆိုပြီးတော့လည်း..လူတချို့ဟာ.အံ့သြ ထိတ်လန့် လာတယ်...အဲဒီတော့..ဒီကားကြီးပေါ်က ဆင်းနိုင်ဖို့အတွက်..တနည်းပဲ ရှိတော့တယ်..ဆိုတာ..အတော်များများက တွေးလာကြတယ်။...ဒီနည်းလမ်းကို တချို့တွေ တကယ်ပဲ အကောင်အထည်ဖော် သွားတာ...မြင်ရတယ်.။ တကယ်တော့..ဒါဟာ..ကိုယ့်ရဲ့ အသက်နဲ့ ရင်းဖို့ စဉ်းစား လာတာပဲ..ဒီဘတ်စကားကြီးပေါ်က ဆင်းရဖို့ ကလည်း ...အဲလို သေပြီး..စွန့်ပစ်ခံရမှပဲ ဖြစ်နိုင်တာကိုး...

+++++

ဟောဒီကမ္ဘာဂြိုဟ်ကြီးဟာ...အဲဒီ ဘတ်စကားကြီး ပဲပေါ့။ အာကာသဟင်းလင်းပြင် ကြီးထဲမှာ..တနာရီ..မိုင်သောင်းနဲ့ ချီပြီးတော့ကို ရွှေ့လျား လည်ပတ် နေတယ်...တနေရာရာကို သွားနေတာတော့ သေချာတယ်...ဘယ်ကိုလည်း ဆိုတာကိုလည်း တယောက်မှ မသိဘူး...ဒီလမ်းကြောင်းကြီးပေါ်မှာ အမြဲရှိနေမယ် လို့လည်း ဘယ်သူမှ အာမ မခံနိုင်ဘူး...အရေးအကြီးဆုံးက...အဲဒီကမ္ဘာကြီး ဘယ်ကို သွားနေတယ်ဆိုတာကို တယောက်မှ မသိတာပဲ....

ဒီလို မေးခွန်း..ပုံဖော်ချက် တွေဟာ..တခုခုကို သွေးဆောင် ဖြားယောင်နေ သလိုပါပဲ...။ ငါတို့ဖာသာ နေပါရစေ။
-
ဒီအတိုင်းပဲ...ဆက်မျောပါ နေကြပြန်တယ်...ဒါမှမဟုတ်ရင်လဲ..ဒီအကြောင်းအရာ တွေကို မစဉ်းစားဖို့...ကိုယ့် ကို ကိုယ် လှည့်ဖြား ကြမယ်။

တကြိမ် တော့..အမေ က ပြောခဲ့ ပါလိမ့်မယ်...`ဟေး...မင်း- ဒါတွေကို မစဉ်းစားနဲ့..အရမ်း လေးလေးနက်နက် ကြီးတွေ..လျှောက် မတွေးနဲ့...မင်းတွေးချင်သလောက် တွေးလိုရတယ်...အေး..သေချာတာကတော့ မင်း- အများကြီး စဉ်းစားလို့မရဘူး.´ ဆိုတာမျိုးလေ။

အင်္ဂလိပ်ကဗျာဆရာကြီးတယောက်ကတော့..ဒီလိုစပ်ဆိုခဲ့တယ်...သူကတော့ ဟိုတုံးက..နံမယ်ကြီး တက္ကသိုလ်ကြီးတွေမှာ..ဂရိပါမောက္ခကြီးတယောက် အဖြစ်ကျော်ကြားတဲ့.. A. E. Houseman ဆိုတဲ့ကဗျာဆရာကြီး...

ဟောဟိုမှာ...မနက်ခင်းတခုပွင့်သစ်လာပြန်တော့....
နေလုံးကြီးနိုးထလာသလို...ငါလဲနိုးထရပေါ့...
ရေမိုးချိုးအ၀တ်အစားလဲဖို့ရယ်...စားသောက်ဖို့ရယ်...
ပီးတော့...မြင်မြင်သမျှအရာတွေကိုကြည့်အုံးမယ်..စကားတွေပြောမယ်..
တွေးအုံး တောအုံးမယ်...အလုပ်လုပ်မယ်ပေါ့....
ဒါတွေဟာ...ဘာကြောင့်လဲဆိုတာတော့ဘုရားမှပဲသိလိမ့်မယ်...

သြော်...တခါတလေတော့လဲ....
ငါရေမိုချိုးအ၀တ်အစားလဲနေခြင်းဟာ...
ငါ့ရဲ့နာကျင်ခံစားရမူတွေကိုသေသေသပ်သပ်ကလေး
ပြရအောင်များလား....
ငါလေ..
အိပ်ယာပေါ်မှာပဲလဲလှောင်းပီးနားနေပါရစေတော့လား....
တောင်သောင်းမက...တတ်နိုင်သမျှ..အကောင်းဆုံးတွေ...
ငါ..လုပ်ခဲ့ပီးပီပဲ....
ပြီးတော့လဲ..ဒါတွေပဲနောက်တခါပေါ့.....

`အို..ဘယ်လို အဆိုးမြင် အယူအဆ ကြီးပါလိမ့်...ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်ပါလိမ့်...´ နော်။

သွားစမ်းပါ ...ဘ၀ဆိုတာ-ဘာလည်း ငါ-မသိဘူး..ဒါပေမဲ့..ခုချိန်မှာ ငါ-သဘောပေါက်တာ ကတော့...သေချာတာ ကတော့..ဒီကမ္ဘာကြီးပေါ်မှာ..လူတိုင်းအတွက်...လုပ်နိုင်တာတွေ ရနိုင်တာတွေ..အများကြီးရှိတယ်...ငါလည်း မြန်မြန်သွားပြီး...ငါနဲ့ ဆိုင်သလောက်..ငါ-ရနိုင်သလောက်..ယူထားတာ ပိုကောင်းမယ်...။

မိဘတွေကလည်း ..ဒီလိုပဲ..ငယ်ငယ်လေးထဲက..သွန်သင်ခဲ့တာပဲ...

`အေး..မင်းတို့ တွေ ကိုယ့် ကို ကိုယ်မှ မစောင့်ရှောက်နိုင်ရင်..ဘယ်သူက လာပြီး မင်းတို့ကို စောင့်ရှောက်မလည်း...´ ဆိုတာမျိုးပေါ့....

လူတွေဟာ..ကိုစားဖို့..ကိုယ်နေဖို့..ကိုယ်ဝတ်ဖို့..ဆိုတဲ့ အခြေခံ လိုအပ်ချက်တွေကို..ကိုဖာသာ ဖြည့်စွမ်းနိုင်ရမယ် ဆိုတဲ့အသိဟာ...ခေါင်းထဲမှာ စွဲမြဲနေအောင်ကို ရိုက်သွင်းခံထားတာပဲ။ ဟိုး-ကျောက်ခေတ် သံခေတ်ထဲ ကလည်း..လူတွေဟာ..အနဲဆုံး တော့...ဒါတွေကိုလုပ် နိုင်ခဲ့ ရတယ်လေ..။ ဒါပဲလေ....အဲဒီလို သဘောပေါက်မူ...တိုက်တွန်း နိုးဆော်မူတွေနဲ့ပဲ..ကြီးပြင်းလာ ကြတာပဲ..ဒီနေရာကို ဘယ်လို အကြောင်း ကြောင့်ပဲ ရောက်လာ ရောက်လာ..ဘ၀ဆိုတာကြီးက..ဘယ်ကိုပဲ ဦးတည်..ဦးတည်..။ ငါတို့တွေ..ပိုကောင်းအောင် လုပ်ရဦးမယ်..ပိုတိုးတက်ရမယ် ဆိုတာက ပဲ..အရေးကြီးခဲ့တာ မဟုတ်လား။ ကိုယ် ကိုတိုင်က လွဲပြီး..ဘယ်သူကမှ လာပြီး မစောင့်ရှောက်နိုင်ဘူးကိုး.။ သင့်တော်တဲ့ ပညာရေး တခု ရအောင်..ကြိုးစားကြရတယ်..အဲတော့မှလဲ..သင့်တော်တဲ့ အလုပ်တခုရမယ်...လိုအပ်တဲ့ ပိုက်ဆံရမယ်..အဲဒါမှ..စားစရာတွေ...၀တ်စရာတွေ..နေစရာတွေ..၀ယ်နိုင် ခြမ်းနိုင်မယ်...ဒါမှလဲ.အသက်ရှင် ရပ်တည် နိုင်မယ်လေ...

အဲဒီလိုနဲ့ပဲ..ဘ၀ ဒသာနတွေ ကနေပီး...တကယ်လက်တွေ့ ကျတဲ့..ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေဆီကိုပဲ.. မြန်မြန်ဆန်ဆန်..ဦးတည်လိုက်ကြတယ်။
-
သိတဲ့ အတိုင်းပဲလေ...ကျောင်းကို စသွားကြတယ်...တတ်နိုင် သလောက်..အကောင်းဆုံးဆိုတဲ့ ပညာရေး တွေယူမယ် ပေါ့....ဒါတွေဟာ..အတွေးတွေကို ဘယ်လောက်တောင် လွှမ်းမိုး လာနေသလဲဆိုရင်.. လူတွေက.ကိုယ့် အစွမ်းအစတွေ ကိုပဲ တွေးတော နေကြတယ်..ငါ့ရဲ့ အနုပညာပါရမီ...ငါ့ရဲ့..အရေးအသား ကျွမ်းကျင်မူ... စက်မူပိုင်းဆိုင်ရာ တတ်ကျွမ်းမူ...စသဖြင့်ပေါ့...လူတိုင်းပဲ.....အသေအချာ တွေးထင်တတ် တာကတော့...ငါတော့..လူသားတွေ အတွက်...တခုခု အကျိုးပြုနိုင်ရမယ်..ဆိုတာမျိုးပေါ့။

တကယ့်တကယ် ခြုံကြည့် လိုက်တဲ့ အခါ...လူတွေ အကုန်လုံးကို လွှမ်းမိုး လာနေတဲ့ အတွေးကတော့...`ငါ...နောက်ထပ် တလုပ်စားဖို့ အတွက်..ဘယ်လို လုပ်ရမလဲ...´ ဆိုတာပဲ..ဟုတ်တယ် မဟုတ်လား...ဒီအတွေးအခေါ်က..ဟိုး..ကျောင်းသား အရွယ် လေးထဲက လွှမ်းမိုး လာတာလေ..
-
ကျောင်းကို သွားတယ်.....တက္ကသိုလ်တွေတက်..ဒါမှမဟုတ်..သိပ္ပံကောလိပ် တွေသွား..ဘွဲ့တွေယူ..နောက်ဆုံး.. ခုပြောနေတဲ့..တကယ့် ဘ၀ဆိုတာကြီးက ရောက်လာရော...သိပ် မကြာခင်မှာကို..ဒီကြီးမား ကျယ်ပြန့်တဲ့ လောက ကမ္ဘာကြီးထဲကို.ထွက်လာရရော။ ဒီအတိုင်း ပါပဲလေ....ပြီးရင် လုပ်ငန်းခွင်ထဲကို ၀င်ရမယ်....ဒီလို ဘွဲ့ တွေ..ပညာ အရည်အချင်း တွေရ ဖို့ ..ပြီးရင်ကောင်း ပေ့ ဆိုတဲ့ အလုပ်တွေ ရ ဖို့ ..ဘယ်လောက်တောင် ရင်ဆိုင် ယှဉ်ပြိုင်ရတယ် ဆိုတာ..ပြီးတော့လည်း..ဒီ -ရထားတဲ့ အလုပ်ကလေး မှာ တည်မြဲဖို့ ကြိုးစားရအုံးမယ်..အဲဒီ အရည်အချင်းတွေကိုလည်း အမြဲ တိုးတက်အောင် အသုံးဝင် အောင်ကြိုးစား နေရတယ်...

`ဟေး..မင်းတို့ ဘာလို့ အသက်ရှင် နေတာလဲ´ လို့ များ မေးခံရရင်...`ငါတို့ အသက်ရှင် နေတာ..အသက်ရှင် ရပ်တည်နိုင်ဖို့ပေါ့´ လို့ပဲ... ဖြေရမှာပဲ။...ဒါမှမဟုတ်..`ဟေး..မင်းတို့..ဘာလို့ ပညာတွေ သင်နေတာလည်းလို့ ´..မေးရင်...`ငါတို့..ပညာသင်တာ...ပညာတွေ တတ်အောင် လို့ပေါ့...ဒါမှ..အလုပ် ကောင်းကောင်းရမယ်...အလုပ် ကောင်းကောင်း ရှိမှ...စားနိုင် သောက်နိုင်..ရှင်သန် ရပ်တည်နိုင်မယ်..အဲတော့မှ..သားသမီးတွေကို ကောင်းကောင်း ကျွေးမွေး ပြုစုနိုင်မယ်..ပညာရေး ကောင်းကောင်း ပေးနိုင်မယ်..သူတို့တွေ လည်း အလုပ်အကိုင် ကောင်း ကောင်း ရမယ်..စားနိုင် သောက်နိုင်မယ်..သားတွေ သမီးတွေ..ပြုစု ပျိုးထောင်နိုင်မယ်..ဒီကလေးတွေကလည်း..ပညာတွေ ရှာဦးမယ်.ဒါပဲ ပေါ့´ ..ဒီလိုနဲ့ပဲ.ဒါဟာ.ဘယ်တော့မှ..ဆုံးနိုင်မှာ မဟုတ်တော့ဘူး....

ရပ်တည်နေထိုင်ဖို့အတွက်များ...ဒီလိုအသက်ရှင်နေရတာလား...ဆိုတာ...တွေးတောစရာပါပဲ.

ဆင်ခြေ ပေးနိုင်ပါတယ်..ဒါတွေ ဒါတွေ..ဘာလို့ လုပ်နေရသလဲဆိုတော့...လိုအပ်မူတွေ ရှိနေလို့ပေါ့...တိရိစ္ဆာန်တွေ လိုပဲလေ..ကိုယ့် ဖာသာ ရှာဖွေ စားသောက်ရမယ် ဆိုတဲ့ သဘာဝ အသိတရားက ရှိနေတာကိုး...လူဆိုတာ...တိရိစ္ဆာန်ထက် ပိုမြင့်ရမယ် ဆိုတာတော့ ကောင်းကောင်းသိတယ်..ဒါပေမဲ့လဲ.....ကိုယ့် ကိုကိုယ် ကာကွယ် စောင့်ရှောက်ရင်း တိရိစ္ဆာန်တွေလိုပဲ ဖြစ်နေကြတယ်...ဒါပေမဲ့..အဲဒီ တိရိစ္ဆာန်တွေနဲ့ မတူတာက..ငါတို့မှာ...တခြား လုံခြုံစိတ်ချမူ တခု ရှိနေသေးတယ် ဆိုတဲ့..ထူးဆန်းတဲ့ မျှော်လင့်ချက်တခု...နှလုံးသားထဲမှာ ရှိနေတာပဲ... အမှန်တကယ်တော့..အဲဒီထက် ပိုတဲ့..နက်ရှိုင်းတဲ့..ခံစားမူလို့..ပြောရလိမ့်မယ်.....ငါတို့တွေမှာ..ဒီဘ၀.ဒီအသက်ထက် ပိုပီး.. တခုခုတော့ ရှိမှာပဲလို့.တွေးမိ တတ် ကြတာပါပဲ..

+++++
သိပ်မတွေး နေပါနဲ့လေ။ ငါ့ ရဲ့ ပတ်ဝန်းကျင် မှာလဲ..သန်းပေါင်း များစွာသော..လူတွေ..ဒီလိုပဲ..အသက်ရှင်ရင်း...သူတို့ကို သူတို့ ..လောကကြီးမှာ အရေးပါဖို့...အဓိပ္ပါယ်ရှိဖို့ ကြိုးစားနေကြတယ်...ငါတို့လည်း..ဒီလိုပဲ ကြိုးစားနေရတာပဲ မဟုတ်လား....ယင်ကောင် အုပ်ကြီးထဲမှာ...ကိုဟာလဲ..ယင်ကောင်လေး တကောင်ပါပဲ...ဘာလို့ အသက်ရှင်နေသလဲတော့ မသိတာ အမှန်ပဲ..ဒါပေမဲ့...ကို့ဖာသာကို အရေးပါတယ်လို့တော့..ထင်နေမိတယ်.....ငါဟာသူများနဲ့မတူ..တမူထူးခြားနေတယ်လို့ထင်မိတယ်။

`ငါ့မှာ..ထူးထူးခြားခြား..ပါရမီ တခုတော့ ရှိနေတယ်...ငါဟာ..သူများထက် အရမ်းပိုတော် ပိုတတ် နေတာတော့ မဟုတ်ပါဘူး...ငါသိတယ်..ဒါပေမဲ့...ငါဟာ..သာမန်လူ တယောက် သက်သက်တော့ မဟုတ်နေဘူးကွာ..တနည်းနည်းနဲ့တော့.ငါဟာ. အကျိုးရှိရှိ အသက်ရှင်ပီး..ပတ်ဝန်းကျင်မှာ..အတိုင်းအတာ တခုထိတော့..အသိအမှတ် ပြု ခံရလိမ့်မယ်´ ...လို့ပဲ..တွေး နေမိ တတ်ကြတယ်။

.ကဗျာဆရာကြီး..ဂျွန်မီလတန်က.. သူ..လောကကြီးထဲကို..တကယ့် ရည်ရွယ်ချက် ရှိရှိနဲ့ ရောက်လာတယ်လို့ ထင်ခဲ့တယ်...ဒီကမ္ဘာကြီးပေါ်မှာ သူ-လူဖြစ်လာရခြင်း ဟာ....ထူးခြားတဲ့ အကြောင်းတရား တခုတော့ ရှိကို ရှိရမယ်လို့ သူထင်တယ်..အဲဒါကြောင့်လဲ..သူဟာ..ဒီလို ထူးခြား ထင်ရှားလာအောင်ကြိုးစား အားထုတ်ခဲ့တယ် တဲ့။

ငါတို့ တွေ ကရော။ ..ဟိုး-ငယ်ငယ်..မူကြို ကျောင်းသား ဘ၀မှာတောင်...ဆရာမရဲ့..ဂရုပြုတာ ခံရစေဖို့...အမြဲ..အားထုတ် ခဲ့ကြတာပဲ မဟုတ်လား...အဲဒီနောက်..မူလတန်းကျောင်းကို ရောက်တော့ရော...စာကြိုးစားရင်..အမှတ်တွေ ကောင်းကောင်းရရင်..ဆရာ..ဆရာမချစ်တယ်..ဂရုစိုက်တယ် ဆိုတာ သိလာတာနဲ့ အမျှ..အဲဒီလို ချစ်အောင် ဂရုစိုက်အောင်..သူ့ထက်ငါ..ကြိုးစား အားထုတ် ကြတာပဲလေ..

ငါတို့ဟာ..ခွေးလေးတွေ..သခင်ချစ်အောင်..ကဲပြနေတာမျိုး..မြင်းကလေးတွေ..နောက်ထပ် အစာ ထပ်ကျွေးအောင် ခုန်ပြ..ဟီပြနေတာမျိုး..ကြောင်ကလေးတွေ...ပုစွန်ခြေက် ကျွေးအောင် သခင်ကို..အမြီးကလေးနဲ့ ပွတ်သိပွတ်သပ်...လာလုပ်နေတာမျိုး.အတိုင်း တထပ်တည်း ဖြစ်နေကြတာပါပဲ....တကယ့်ကို...အစားသရဲလေးတွေ ဖြစ်လာကြတယ်...အစာရဖို့ကို...ဘာပဲ လုပ်ရ လုပ်ရ ဆိုတာမျိုးပေါ့...တယေက်ယောက်က...အသိအမှတ် ပြုမယ်..ချီးကျူးမယ်..ဂုဏ်ပြုမယ် ဆိုရင်...ဘာပဲ လုပ်ရ လုပ်ရ..လုပ်ကြလိမ့်မယ်....အဲဒါကြောင့်ပဲပေါ့....တလောကလုံးမှာ ဖြစ်နေကြတာ...ဒီကောင်က..တက္ကသိုလ်က..ဘွဲ့ရလား...ဘယ်ကျောင်းကလဲ..ဆိုတာမျိုး......တခုခု လုပ်လိုက် ကိုင်လိုက်တာ..တော်တဲ့သွားလို့...အထက်အရာရှိက...ခေါင်းလေး တချက်လောက်များ ညိတ်ပြလိုက်ရင်...ဘယ်လောက်တောင် ကျေနပ်ကြသလဲ....လုပ်ငန်းခွင် တွေမှာ...အလုပ်တခုကို.. ကျကျနန အောင်အောင် မြင်မြင် လုပ်ပြလိုက် နိုင်လို့...ရာထူးတိုးမယ်..အထက်အရာရှိက..ချီးကျူး..ထောမနာပြုမယ်..လစာတွေ တိုးမယ်..ဆိုတာမျိုး တွေ... ဘယ်လောက် တောင် ဖြစ်ချင်ကြသလဲ....
အဲဒါကြောင့် ပြောတာပေါ့...ငါတို့ဟာ...အသိအမှတ် ပြုခံရခြင်း ဆိုတဲ့..ဂုဏ်နောက်ကို တကေက်ကေက် လိုက်နေကြတဲ့..အစားသရဲလေး တွေပါလို့။

ဒါဆို အသက်ရှင် နေထိုင်ခြင်းက..တခြားလူတွေဆီက...အသိအမှတ် ပြုခြင်းကို ခံရဖို့...ချီးမွမ်း ထောပနာပြုခြင်းကို ရရှိဖို့ လား။

ဘ၀ အဓိပ္ပါယ် အတွက်- မေးခွန်းတွေ အများကြီး ရှိသေးသလို.. အဖြေတွေလည်း အမျိုးမျိုး ထုပ်ကြည့် ကြပါသည်။ သို့သော်-

( ၂၀၀၁ ခုနှစ်က.. တပိုင်း တပြတ် အခန်းတချို့- ဘာသာပြန် ပေးခဲ့ဘူးတဲ့ ဘာသာရေးအကြောင်းအရာ တခု ဖြစ်တဲ့.. Ernest O'Neill ရဲ့ What is the meaning of Life ? ထဲက.. နိဒါန်း တချို့ကို ပြန်လည် အသုံးပြုပါသည်။)


Share/Bookmark

22 Comments:

Moe Cho Thinn said...

ကေရေ
ဘ၀ အဓိပ္ပါယ် တဲ့။ လေးလေးနက်နက် တွေးရင် လေးလေးနက်နက် စဉ်းစားစရာ၊ ပေါ့ပေါ့တန်တန် တွေးရင် ပေါ့ပေါ့လေးပဲ သိရမှာ။
ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ်တတ်နိုင်သရွေ့ အကျိုးရှိအောင် နေမယ်၊ ကိုယ်ကိုယ်တိုင်လဲ ဖြူဖြူစင်စင် နေမယ်ဆိုရင် အနည်းဆုံးတော့ နေပျော်တော့ ဘ၀တခုဖြစ်မှာလို့ ထင်ပါတယ်။
ကေ့စာတွေက မြင့်တော့ တို့လဲ အရမ်းတွေးလိုက်တာ ခေါင်းမူးသွားပြီ။ တို့ ဒီလောက် ဥာဏ်မမီပါဘူး ကေရယ်။

PAUK said...

မကေရေ...
ဖတ်သွားတယ်...
အခါခါဖတ်ရလိမ့်ဥိးမယ်...
ထပ်လာဖတ်ဥိးမှာပါ..။။
မကေလည်းအရာရာအဆင်ပြေပါစေ...

ကိုအောင် said...

မကေရဲ့ ဘာသာပြန် လက်ရာအဟောင်း ပြန်ဖတ်ခွင့်
ရတဲ့ အတွက် ကျေးဇူးပါ မကေ။

M.Y. said...

လူတွေတင်ပြီး တနာရီ ၆၅ မိုင်နှုံးနဲ့ သွားနေတဲ့ ဘတ်(စ)ကားကြီးဆီကုန်ရင် (သို့ )တိုက်မိလို့ ဖြစ်စေ၊ချောက်ထဲကျရင်ဖြစ်စေ..အဲဒါဟာ ကမ္ဘာပျက်တဲ့အချိန်ပဲဖြစ်မယ်။ အဲဒိအချိန်အထိ ဘတ်(စ) ကားအိုကြီးက လူသား မျိုးဆက်တွေလက်ဆင့်ကမ်း မောင်းနှင်နေဦးမယ်။

ဒီစာဖတ်ပြီး အလုပ်မသွားပဲ နေလိုက် ရမလားစဉ်းစားလိုက်တာ မဖြစ်သေးဘူး..ဘတ်(စ)ကားပေါ်လိုက်ရင်း ဘယ်ခရီးသွားမလဲ သိအောင်လဲ လုပ်လိုက်ချင်သေးတယ်။

ဆောင်းယွန်းလ said...

ဲမကေကအတွေးရောအရေးပါကောင်းတယ်ဗျ...

ဒီပို့စ်လေးကိုဖတ်ပြီးသွားတဲ့အခါမှာ Maslow Hierarchyရဲ့NeedsTheory ကိုသွားပြီးသတိရမိတယ်မကေရေ...
ဟိုင်အာခီရဲ့သီအိုရီမှာတော့အဆင့်၅ဆင့်ခွဲထားတယ်..
အဓိကအကျဆုံးအခြေခံလိုအပ်ချက်ကအသက်ရှင်နေ
ထိုင်ဖို့အတွက်အစားအစာ.နေအိမ်.အဝတ်အထည်အစရှိ
တာတွေပေါ့..ပြီးတော့မှတဆင့်ပြီးတဆင့်တက်လာပြီး
လုံခြုံမှုတို့.တဦးနဲ့တဦးချစ်ခင်မှုအသိအမှတ်ပြုခံလိုမှုမိမိ
ကိုယ်ကိုအားထားယုံကြည်လိုမှုအစရှိတာတွေကိုအခြေခံ
ပြီးလူတွေဟာဘဝကိုတည်ဆောက်ပြီးဖြတ်သန်းနေကြတာမဟုတ်လား..ဒါပေမယ့်နောက်ဆုံးမှာသူတို့အားထုတ်
ပြီးရယူခဲ့ကြတာတွေကိုပြန်ပြီးထားရစ်ကြရစမြဲပါ..ဘာတွေအကောင်းဆုံးဖြစ်အောင်ထားနိုင်ခဲ့ကြသလဲဆိုတဲ့အပေါ်မှာလူ့တန်ဘိုးကိုဖြတ်ကြသေးတယ်မဟုတ်လား

ကိုပေါ said...

“ငါတို့ဟာ...အသိအမှတ် ပြုခံရခြင်း ဆိုတဲ့..ဂုဏ်နောက်ကို တကေက်ကေက် လိုက်နေကြတဲ့..အစားသရဲလေး တွေပါလို့။

ဒါဆို အသက်ရှင် နေထိုင်ခြင်းက.. တခြားလူတွေ ဆီက...အသိအမှတ် ပြုခြင်းကို ခံရဖို့...ချီးမွမ်း ထောပနာပြုခြင်းကို ရရှိဖို့ လား။”


ဟုတ်တယ်…………အဲသလိုသာဆို လူ့အဖြစ်က တကယ့်ကို သနားစရာကောင်းနေပြီနော်။ နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်ကြပြီး လက်ထဲမှာ အမေရိကန်ဒေါ်လာ တသိန်းခွဲလောက်စုမိပြီဆိုရင် မြန်မာပြည်ထဲက မြို့ငယ်လေးတခုမှာ သက်တောင့်သက်သာ ဒူးနှံ့ပြီး ဘ၀အဓိပ္ပါယ်ကို ဖွေရှာခွင့်ရပါလျက် လက်ရှိ ရောက်နေတဲ့ နိုင်ငံမှာဘဲ ကျေးကျွန်သဖွယ် ဆက်လက်ရုန်းကန်နေကြရတာဟာ….. အသိအမှတ်ပြုခံရခြင်းဆိုတဲ့….ဂုဏ်နောက်ကို တကောက်ကောက်လိုက်နေမိကြလို့လား……..စဉ်းစားစရာဘဲ။

Anonymous said...

တီတီကေ ရေ့ ပို့ စ်လေးအရမ်းကောင်းတာပဲ တစ်ခါခါကျတော့ ဘ၀ဆိုတာဘာလဲ စဉ်းစားကြည့်တယ် ကိုယ့်ကျမှဆိုးလှကြီလားလို့ လည်းတွေမိသလိုလို နောက်ဆုံးတော့လည်း သူတို့ တွေလည်း ဒီလိုပါပဲ ငါလည်းဖြစ်အောင်နေရမှာပေါ့ ဆိုပြီးနေလိုက်တာ ဘ၀ဆိုတာ ဘာလဲ စဉ်းစားဖို့  ကျနော်ကကြောက်နေတာ မစဉ်းစားမိအောင်ကိုနေလိုက်တယ် ဒါမှ သက်သာမှာမဟုတ်ရင်တော့ အဖြေမရပဲ ရွာသာကြီးရောက်ဖို့ ရှိလို့  ။

Anonymous said...

အစ်မကေရေ.. ပို့လေးက အရမ်းကောင်းတယ်ဗျ... လူတွေဟာ ဘ၀အဓိပ္ပာယ်ကို ရှာရင်းနဲ့ပဲ လူဘ၀ဟာ ကုန်ဆုံးကုန်မယ်ထင်တယ်ဗျ..

sait phay yar said...

မကေရေ အရမ်းကောင်းတဲ့ ပိုစ်လေးပါ အမရေ
အားပေးနေပါ တယ်နော်မမ

ATN said...

လေးလေးနက်နက် ပြောရရင် ဖွင့်ဆိုစရာက နှစ်ခု ဖြစ်နေတယ်။

ဘ၀ရယ်၊ အဓိပ္ပါယ်ရယ်။

နှစ်ခုပေါင်းလိုက်တော့ ဘ၀ရဲ့အဓိပ္ပါယ်ဆိုတော့ ဖွင့်ဆိုဖို့ ပိုမိုခက်ခဲတဲ့ အခြေအနေကို ရောက်သွားတော့တာပဲ။

ပလ္လင်ခံကြည့်တာပါ...း)

ဘ၀ကို အရင် ဖွင့်ဆိုပါမယ်။ အဓိပ္ပါယ်ကိုတော့ ဖြည်းဖြည်းချင်း ဖွင့်ဆိုကြတာပေါ့လေ။း)

ကျနော် ဖွင့်ဆိုချင်တဲ့ ဘ၀ဆိုတာကတော့ အချိန်ကာလနဲ့ပဲ တိုင်းတာလို့ရတယ်။
မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ။

ဆိုတော့ ဘ၀ကို တိုင်းတာနိုင်တာက အချိန်ပဲ။
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ်၊ ဆယ်စုနှစ် (Decade)၊ ရာစုနှစ် (Century) စသည်ဖြင့်ပေါ့လေ။ လူ့သက်တမ်းမှာ တချို့တွေလည်း ဆယ်စုနှစ် တချို့နဲ့ ဘ၀ရဲ့ အဆုံးသတ်ကို ရင်ဆိုင် သွားကြရတယ်။ တချို့လည်း ရာစုနှစ် တခုပြည့်ပြီး သွားတာတောင် ဆက်လက် ရှင်သန်နေတုန်း။

ကျိမ်းသေတာကတော့ ဘ၀ ဆိုတဲ့ စကားလုံးဟာ အချိန်ကာလနဲ့ လွတ်ကင်းလို့ နည်းနည်းမှကို မရလေဘူး။ ဘ၀ကို အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် အချိန်ကာလကို လက်ဆွဲ နှုတ်ဆက်ရပေလိမ့်မယ်။

သို့သော်လည်း အဲလို မွေးဖွားချိန်ကနေ သေဆုံးချိန်ထိ ဖြစ်တဲ့ အချိန်ကာလအတွင်းမှာ အချိန်ကာလကို နှုတ်မဆက်မိပဲနဲ့ နေထိုင် သေဆုံး သွားကြတဲ့ လူတွေရဲ့ အဖြစ်အပျက်တွေဟာ ဘ၀ပါပဲ။

အဲဘ၀ထဲမှာ ဘ၀ ပျက်သူတွေလည်း ရှိရဲ့။ ဘ၀ ခက်သူတွေလည်းရှိရဲ့။ ဘ၀ နာသူတွေလည်းရှိရဲ့။ ဘ၀ ဟာသူတွေလည်း ရှိရဲ့။ ဘ၀ ကောင်းသူတွေလည်း ရှိရဲ့။ ဘ၀ စောင်းသူတွေလည်း ရှိရဲ့။

ဘာပဲဖြစ်ဖြစ် အဲတာဟာ ဘ၀ပဲလေ။ အနိမ့်ဆုံး ဘ၀ ဆိုတာဟာ အချိန်ကာလဆိုတာကို မသိတာကိုက လူသားတွေရဲ့ ဘ၀ပဲလို့ ကျနော် ဖွင့်ဆိုပါတယ်။း)

နောက်တခု ဆက် ဖွင့်ဆိုပါဦးမယ်။ အဓိပ္ပါယ်-ပါ။

အဓိပ္ပါယ်-ဆိုတာ ဖွင့်ဆိုချက် မဟုတ်လား။

ဥပမာ- What is water?. Water is H2O. ဒါ အဓိပ္ပါယ်ပေါ့။ မဟုတ်ဘူးလား။ မဟုတ်ဘူးဆိုရင် ရေဟာ ဘာ အဓိပ္ပါယ်မှ မရှိတဲ့ အရာတခု ဖြစ်သွားမယ် ထင်တယ်။

အဲတော့ ပြန်ပေါင်းလိုက်ရင် ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာ လူတယောက်ချင်းရဲ့ အချိန်ကာလကို ဖွင့်ဆိုချက်လို့ ကျနော်က ဖွင့်ဆိုပါတယ်။

အဲတော့ လူတယောက်အတွက် ဘ၀ဆိုတာ ရထားလည်း ဖြစ်ချင် ဖြစ်မယ်၊ ကားလည်း ဖြစ်ချင် ဖြစ်မယ်၊ စက်ဘီးတစီးလည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ် လှေတစီးလည်း ဖြစ်နိုင်တာပါပဲ။ သူ့ရဲ့ အချိန်ကာလကို လိုက်လို့ သူ ဖွင့် ဆိုမှာပါ။

မကေ ကျေနပ်မယ်လို့ ထင်ပါတယ်။

မကျေနပ်သေးရင်လည်း ဆက်လက် ဖွင့်ဆိုကြတာပေါ့ဗျား။း)

ခင်မင်လေးစားသော

အောင်သာငယ်

Anonymous said...

HI Kay
I've just stumbled on your blog and found this article so mesmerizing. I really like your translation. I have translated some persian mystical poems which allude the meanning of human life. I like to share with you guys but I need to learn Burmese Typing.
Here is one from rumi, i hope you like it.
KNOCKING FROM THE INSIDE...
I HAVE BEEN LIVING ON THE LIP OF INSANITY
WANTING TO KNOW REASONS
KNOCKING ON A DOOR
IT OPENS
I HAVE BEEN KNOCKING FROM INSIDE!

ခင်မင်းဇော် said...

ကေ ..
ဘ၀အဓိပ္ပါယ်ကို အမကတော့ ခုထိရှာဖွေနေတုန်းပဲလေ။ သူတပါးကို ကိုယ့်ကြောင့် မထိခိုက်အောင်တော့ ကြိုးစားနေထိုင်နေဆဲ..

Anonymous said...

မချိုသင်း- ပေါက်- မေ( စိတ်ဖြေရာ) မောင်မျိုး-

လေးလေး နက်နက် ဆိုတာ..ကျမ တွေးတာ ရေးတာ လည်း မဟုတ်ပါဘူးလေ။ ဘာသာပြန်တဲ့ ထဲက..ကြိုက်မိတဲ့..ထိမိတဲ့ ဥပမာ လေးတွေ..တွေးစရာလေးတွေမို့ပါ။
မခင်မင်းဇော် တို့ ဂစ်တာ တို့ပြောသလိုပါပဲ- ဒီလိုနဲ့ပဲ..ကိုယ်နိုင်တာ ကိုယ်လုပ်..ကိုယ် တွေးနိုင်သလောက်တွေး..ကိုယ့် နားရှိတာ..စားသုံး အပန်းဖြေရင်း နဲ့ပဲ..ဘ၀ ဆိုတာ.. ပုံဖော်နိုင် မယ်လေ။ သူရေးထားသလို..ကြိုက်သလောက် တွေးလို့ရတယ်.. အဖြေ တော့..ထွက်ချင်မှ ထွက်မှာပေါ့။

ကိုအောင်- ကိုမောင်ရင်- ကိုပေါ..ကိုဆောင်း- ကို အောင်သာငယ် တို့လည်း.. ကျေးဇူးတင်ပါတယ်။ အချိန်ကုန်ခံ.. ဦးဏှောက်အလေးခံ ဖတ်ပေး ကြလို့။ တကယ်တော့.. ကျမ အဲဒါကို ဘာသာပြန်ခဲ့တာ..အခန်း ၂၀ ထိပဲ ပြန်နိုင်ခဲ့တယ်..နောက်ပိုင်း သိပ်ခက်လာတယ်..။ အချိန် လည်း မပေးနိုင်ခဲ့တာနဲ့..ဘာသာပြန်ခိုင်းတဲ့ သူတွေကို ပြန်လွှဲပေးခဲ့ရတယ်။ ဒါပေမဲ့..အဲဒီ အခန်း ၂၀ က..ကျမ အတွေးတွေကိုတော့..တော်တော် ကို ပြောင်းလဲပြစ်ခဲ့တယ်။ စိတ်ဝင်စားစရာပါပဲ။ ကိုဆောင်း ပြောတဲ့.. Need Theory ဆိုတာလည်း..အဲဒီ လို အချက်တွေကိုပဲ..အခြေခံ ရေးထားတာပဲ ထင်တယ်နော်။ ဒါတွေအားလုံးက..ကျမ တို့မြင်နေ သိနေနိုင်တဲ့..အကြောင်းအရာ တွေပဲလေ။ မမြင်နိုင်..မတွေးနိုင်တာတွေလည်း ရှိအုံးမယ် ထင်ပါ့။ ကိုအောင်သာငယ် ပြောသလို လည်း..ကျမ အတိအကျ လက်ခံခဲ့ပါတယ်။ တခါတောင်..ဘ၀ ဆိုတာကို..ခက်ဆစ် ထုပ်တော့- ဘ၀တူလူတွေ..အတူနေထိုင်နေကြတဲ့..ကာလ အခိုက် လို့လေ။ ဘ၀-ဟာ- တယောက်ချင်းစီရဲ့ အချိန်ကာလပါ။ မူရင်းစာကတော့..ဘာသာရေးဖက်ကို ဦးတည် ဆွဲ ယူရေးသားထားတာမို့.. နဲနဲတော့.. ဘက်ယူ ဆွယ်ယူ မူ တော့ ရှိမယ် လေ။ ကိုမောင်ရင် ပြောသလို ဘာပဲဖြစ်ဖြစ်..ကျမ တို့က.. ကားကြီးဘယ်သွားမလည်း ဆိုတာ..သိတော့ သိချင်နေကြတာပါပဲ။

Dr. Yi Yi Win said...

“မမေ့မလျှော့ ကောင်းစွာ သတိရှိကြကုန်လော့” လို့ ဘုရားရှင်ဟောကြားသတိပေးခဲ့တာ အဲဒါမျိုးပဲပေါ့နော်။ သတိရှိတဲ့သူမှသာ ဘယ်ကို၊ ဘာကြောင့်၊ ဘယ်လိုသွားနေကြရတယ်
ဆိုတာတွေးမိကြတာကိုး။ မကေ ကတော့ သတိရှိနေတာ သေချာပါပြီ။

Anonymous said...

Dear Hush
Thanks for cheering me. I try to translate the verse given there. I'm not so sure my choice of words. But I try my best.
In return, I strongly encourage you to write in Burmese font. It's really worth to do it. Enjoy !

အထဲကနေ..တောင်းဆိုလာတယ်။
အကြောင်းပြချက်တွေကို သိချင်လွန်းလို့.. ငါ ရူးသွပ်မတတ် ပါပဲ။
အဲဒါနဲ့...ငါ တံခါးခေါက်လိုက်တော့
တံခါးပွင့်သွားတယ်။
အခုတော့- အထဲက တောင်းဆိုနေတာ..ငါကိုယ်တိုင်ပေါ့။

တန်ခူး said...

ကေရေ…ငယ်တုန်းက အသက်ရှင် နေထိုင်ခြင်းက..တခြားလူတွေဆီက...အသိအမှတ် ပြုခြင်းကို ခံရဖို့ အတွက်ပဲ ကြိုးစားမိနေခဲ့တယ် ထင်တယ်… အသက်နဲနဲရလာတော့ တခြားသူတွေထက် ကိုယ့်ကိုယ်ကို စိတ်ဝင်စားလာမိတယ်… ကိုယ့်ကိုယ်ကို ပိုသိချင်လာတယ်… ကိုယ့်ကိုယ်ကို မသိလိုက်တာ သတိမထားမိလိုက်တာတွေကလဲ အများသားမိုလား… ဘ၀ရဲ့အဓိပ္ပါယ်က ကိုယ်လိုရာရေးဆွဲလို့ ရတဲ့ ပန်းချီတကားဆိုရင်… ငယ်တုန်းက အောင်မြင်မှုတွေနောက် အာသာငမ်းငမ်းလိုက်နေတဲ့ အရောင်တောက်တောက်တွေနဲ့  စိတ်လှုပ်ရှားဖွယ် ပန်းချီကားတချပ်ပေါ့…ခုတော့ ငြိမ်းချမ်းတဲ့ အပြာရောင်ပန်းချီကားတချပ်ပဲ ရေးချင်မိတော့တယ်…

khin oo may said...

ဘာပြောရမှန်း မသိတော့လို့ ဝင် ရေးသွားတယ်။ခေတ်မှီအောင်လို့။

Anonymous said...

“ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာဘာလဲ.....ဘာဖြစ်လို့ ဒီဘ၀ ဆိုတာကြီး ထဲကို ရောက်လာကြသလဲ...ဘာ ရည်ရွယ် ဦးတည်ချက်တွေ ကြောင့်လည်း...”

အန္တိမပန်းတိုင်…ဦးတည်ချက်…ရည်ရွယ်ချက်… ဘ၀ရဲ့ teleological definition ကို ဖွင့်လိုဟန် ထင်မိပါရဲ့။

ထိုင်ခုံဆိုတာ ထိုင်ဖို့၊ စာအုပ်ဆိုတာ ဖတ်ဖို့ဆိုသလို ဘ၀ဆိုတာ ရပ်တည်နေထိုင်ဖို့ သက်သက်အတွက်များလား…။ ရှင်သန်ခြင်းဆိုတာ ရပ်တည်ရှင်သန်ဖို့ အတွက်ဆိုရင် ဒီဖွင့်ဆိုချက်ဟာ ဂျာအေးသူ့အမေရိုက်နေတဲ့ အဓိပ္ပါယ်များ ဖြစ်နေမလား။ ဘ၀ဆိုတာ တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ခု ပြည့်မြောက်စေဖို့လား…။ အခြားသူတွေရဲ့ ချီးကျူးထောပနာ အသိမှတ်ပြုခံရအောင်လို့လား…။

အကယ်၍များ ဘ၀မှာ teleological definition မရှိခဲ့ရင်၊ သို့မဟုတ် ဉာဏ်မမီလို့ မသိနိုင်ခဲ့ရင် … သာမာန်လူတစ်ဦး သိမြင်နားလည်နိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရော မရှိနိုင်တော့ဘူးတဲ့လား…။ ပန်းချီဆရာတစ်ဦးက သူမြင်ကွင်းအောက်က မိန်းကလေးတစ်ဦးကို မျက်လုံးက ဒီလို၊ နှုတ်ခမ်းက ဒီလို၊ နှာတံလေးက ဒီလိုလို့ သရုပ်ဖော်ရေးကူးသလိုမျိုး ဘ၀ကို သရုပ်ဖော်ရေးချယ်လို့ မရနိုင်တော့ဘူးတဲ့လား။ အဲ… ပန်းချီဆရာကတော့ သူရဲ့ မံသစက္ခုအပြင် စိတ်ကူးခံစားချက်လေးတွေကိုပါ ရောပြီး သရုပ်ဖော်ချင်ဖော်ပေမပေါ့။ ဒါပေမဲ့ အခု ဘ၀ကို သရုပ်ဖော်ရာမှာတော့ ဒိဋ္ဌသိမြင်နေတာတွေကလွဲလို့ အခြား ခံစားချက်တွေ၊ အထင်မြင်တွေ မပါကြေးလေ။ ဒီလို သရုပ်ဖော် အဓိပ္ပါယ်ဖွင့်ဆိုမှုကိုတော့ ဒဿနဆရာတွေက phenomenological definition လို့ ခေါ်သတဲ့။

လူတစ်ဦးရဲ့ ဘ၀ဆိုတာ မွေးဖွားရာကစလို့ သေဆုံးသွားချိန်ဆိုတဲ့ အချိန်အပိုင်းအခြားလေး အတွင်းမှာ ဖြစ်ပျက်ကြုံကြိုက်ခဲ့တာတွေ လို့ဆိုရင်… “ဘယ်ကနေဘာကြောင့် မွေးဖွားလာလဲ၊ သေသွားရင် ဘယ်ကိုသွားရမလဲ” စတဲ့ ဉာဏ်မမီမဲ့ မေးခွန်းတွေကို ဖယ်ထုတ်ပြီးသား ဖြစ်သွားလိမ့်မယ်။ တကယ်လို့ မွေးဖွားခြင်းမှ သေဆုံးခြင်းဆိုတဲ့ ဘောင်ဟာ ကျယ်ပြောလွန်းနေသေးရင်၊ မျက်မှောက်တဒင်္ဂဆိုတဲ့ အခိုက်အတန့်လေးထိ ကာလတွေကို ခြုံ့ပြီး ဘ၀ကို သုံးသပ်ကြည့်လို့ရမယ်။ ဒါဆိုရင် ဘ၀ဆိုတာ ယခုမျက်မှောက်တဒင်္ဂမှာ ပြုမူ, ပြောဆို, တွေးကြံခံစားနေတာတွေပဲလို့ အဓိပ္ပါယ်ရလိမ့်မယ်။ အဲ ဘောင်တော့အလွန်ကျဉ်းနေမှာပေါ့ … ။ ဒါပေမဲ့ … ဒါဟာ လူသာမာန်တစ်ဦး ဉာဏ်မီနိုင်လောက်တဲ့ အဓိပ္ပါယ်ပါ။

လူရဲ့ သိစိတ်ကနေ အပြုအမူ, အပြောအဆို, အတွေးအကြံတွေကို စေ့ဆော်နေတာဆိုတော့ ဘ၀ဆိုတာ သိစိတ်ရဲ့ စေ့ဆော်မှုလို့ဆိုနိုင်မှာပေါ့။ အကယ်၍များ လူတစ်ယောက်ရဲ့ ပြုမူ, ပြောဆို, တွေးကြံမှုတွေဟာ zombie တစ်ကောင်ရဲ့ လှုပ်ရှားမှုတွေလို ကိုယ်ပိုင် မဟုတ်ခဲ့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒီလို ဖြစ်ခဲ့ရင်တော့ လူဟာ သူရဲ့ ဘ၀အဓိပ္ပါယ်ကို ရှာကြံနေဖို့ မလိုအပ်တော့ပါဘူး။ သူရဲ့ လှုပ်ရှားမှုတွေဟာ သူမဟုတ်တဲ့ တစ်စုံတစ်ဦးရဲ့ စေ့ဆော်မှုနဲ့ လှုပ်ရှားနေရတာကိုး…။ ဘ၀အဓိပ္ပါယ် သူ့ဘ၀အဓိပ္ပါယ်မဟုတ်တော့ပဲ သူကိုစေ့ဆော်စေစားနေသူ တစ်ဦးရဲ့ ဘ၀အဓိပ္ပါယ် ဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော… ဘ၀ဆိုတာ လူတစ်ဦးရဲ့ ပြုမူ, ပြောဆို, တွေးကြံမှုတွေကို စေ့ဆော်နေတဲ့ စိတ်ရဲ့ ဖြစ်စဉ်လို့ဆိုရင် အတိုင်းအတာတစ်ခုထိ လက်ခံနိုင်မှာပါ။

ဒါမှမဟုတ် ဂျာအေးကို သူ့အမေရိုက်တယ်ပဲဆိုဆို “ဘ၀ဆိုတာ ရပ်တည်ရှင်သန်ခြင်း”ဆိုတဲ့ အဓိပ္ပါယ်ကိုပဲ နှစ်သက်နေ မလား။ ပြုမူ, ပြောဆို, ကြံစည်မှုတွေကို စေ့ဆော်နေတဲ့ intention နဲ့ ဒီရပ်တည်ရှင်သန်ခြင်းဟာ ဆက်စပ်မှု ရှိပါရဲ့လား။ “ရှင်သန်ခြင်း”ဆိုတာ တဒင်္ဂဆိုတဲ့ အချိန်အခိုက်တန့်လေးတွေ ဆက်ရှိနေတာပါ။ အဲ…စေ့ဆော်မှုဟာ ရည်ရွယ်ချက်တွေပါနေပြီး …. ရည်ရွယ်ချက်ဆိုတာလည်း သူရှိတဲ့တဒင်္ဂရဲ့ နောက်လာမဲ့ အနာဂတ်ကို တိုးထွက်နေတယ်။ ဒါဟာ ရှင်သန်ခြင်းပါပဲ။ လူတွေဟာ ဘာကြောင့် ရှင်သန်ချင်ရပါသလဲ။ သူတို့မှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေလို့ပါ…။ ဘ၀မှာ ခါးသီးတဲ့အတွေ့အကြုံတွေ တစ်ပုံကြီးပဲဆိုဆို အဲဒီကြားထဲက သာယာချိုမြိန်မှုတွေကို မျှော်လင့် တောင့်တတတ်ပါတယ်။ မျှော်လင့်ချက်ကုန်ဆုံးခြင်းဟာ ဘ၀သေဆုံးခြင်းပါပဲ…။ ဒါပေမဲ့ မျှော်လင့်ချက်တစ်ခုကုန်ဆုံးသွားရင် အခြားသာယာမှုတွေကနေ မျှော်လင့်ချက် အသစ်တွေ ပေါ်လာတတ်စမြဲပါ။ တဒင်္ဂ အခိုက်အတန့်လေးတွေက သာယာချိုမြိန်မှုတွေကြောင့် နောက်တဖန် ပြန်လည် ခံစားလိုတဲ့ ရည်ရွယ်ချက်နဲ့ စေ့ဆော်မှုတွေပြုကြတယ်။ ဒီစေ့ဆော်မှုတွေဟာ အနာဂတ်သာယာမှုကို တနည်းမဟုတ် တနည်း မျှော်လင့်နေတယ်။ ဘ၀ဟာ ဒီနည်းနဲ့ ဆက်လက်ရှင်သန်နေတယ် … ။

“သာယာချိုမြိန်မှု… မျှော်လင့်ချက်… စေ့ဆော်မှု… အပြုအမူ, အပြောအဆို, အတွေးအကြံ … ရှင်သန်ခြင်း”

ငါဟာ သူတစ်ပါးရဲ့ ချီးမွန်းထောပနာ အသိမှတ်ပြုခံရမှ ပျော်ရွင်တယ်။ သို့မဟုတ် ငါဟာ ငါ့မိသားစု စီးပွားရေး, ငါ့သားသမီး ပညာရေးတွေကို ဖြည့်ဆည်းပေးနိုင်မှ စိတ်ချမ်းသာတယ်။ သို့မဟုတ် ငါဟာ သူတစ်ပါးမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ရမှ စိတ်ကြေနပ်တယ်…။ ဘယ်လိုပဲ ဖြစ်ဖြစ် သာယာချိုမြိန်မှုတွေဟာ မျှော်လင့်ချက်အသစ်တွေ ပေးပြီး ဘ၀ကို ထပ်မံ ရှင်သန်နေစေဦးမှာပါ…။ ဒါပေမဲ့ ရှင်သန်မှုတွေရဲ့ တန်ဖိုးကတော့ ကောင်းဆိုး ကွဲပြား နေလိမ့်မယ်။

Anonymous said...

Dear K
Beautiful translation!!!
Have a look and comment my translation which I can currenly give you a link. I'll learn burmese typing and post all my translated poems here. You guys ROCK!
http://www.myanmaritpros.com/photo/photo/show?id=1445004%3APhoto%3A30867&context=user

Anonymous said...

ကိုဧရာ - မသီတာ ရှင့်

ကိုဧရာ ရဲ့ လေးနက်တဲ့ မှတ်ချက်က..တွေးစရာ တွေ ထပ်ပွါးပေး တဲ့ အတွက်- တွေးစရာ ကြိုက်တဲ့ ကျမ တော့ ကျေးဇူးတင်နေတယ်။
ဟုတ်မယ်- အဲဒီ မူရင်းစာ က.. ကြောင်းကျိုး ဆက်စပ် တွေးခေါ် ထားတဲ့ ( နောက် သူ တင်ပြချင်တဲ့ အချက်ကို ဆွဲဆောင်ရေးသား ထားတဲ့ ) ဘာသာရေး စာတပုဒ်ပါ။ ကျမ အပြီးထိ မဖတ် နိုင်ခဲ့ ပေမဲ့..ခြုံငုံ မိသလောက်..ဖန်ဆင်းခြင်း ..လူသားနောက်ကွယ်က.. Divinity သဘောတရားကို ရေးသားထားတာပါ။

ကိုဧရာ ပြောသလို- အဲဒီမေးခွန်းတွေဟာ.. တကယ်တော့.. ဂျာအေးသူ့အမေ ရိုက်နေတဲ့.. Cosmic ဆန်လှ တာမို့.. စာမှာ ရေးထားသလို.. မစဉ်းစားချင် လည်း..မစဉ်းစားနဲ့..ညဏ်မီသလောက်..တွေးကြည့်ချင် လည်း တွေးကြည့် ကြပေါ့နော်။ ဗုဒ္ဓ မြတ်စွာ ဘုရား ကတောင်.. မတွေးခိုင်းခဲ့သလို..အဖြေ လည်း မပေးခဲ့ဘူး မဟုတ်လား။

ကိုဧရာ ထောက်ပြ တဲ့..လူတိုင်းလည်း..လွယ်လွယ်ကူကူ လက်ခံ နေနိုင်တဲ့..` မျှော်လင့်ချက် နဲ့ အသက်ရှင်တာ´ ဆိုတဲ့ စကားဟာ..ဒိဋ္ဌ အမှန်ပါပဲ။ တကယ်တော့..အဲဒီ မူရင်းစာ ဟာ..ကျမ ပြောသလို..သိပ်ရှည်လျား နက်နဲပြီး..မေးခွန်းတွေ အများကြီး ကျန်ပါသေးတယ်။ ဖြေရှင်းချက်တွေ အများကြီး ရှိသေးတယ်။ ကျမ ဖော်ပြ လိုက်တာ.. လှပတဲ့ ဥပမာလေးတွေနဲ့..အားလုံးအတွက်..ယုံကြည်မူ တိုင်း နဲ့ သက်ဆိုင်မဲ့..အကြောင်းလေး တွေကိုပဲ..ဟိုဟို ဒီဒီ ဆွဲထုပ် လိုက် မိတော့.. မပြည့်မစုံ တော့..ဖြစ်နေမယ် ထင်တယ်။

ကျမ ကိုယ်ပိုင် ခံစားနားလည်မူ အရ- အဲဒီ စာ ထဲ မှာ ကြိုက်မိ..လက်ခံ မိတာကတော့.. ` တွေးချင် သလောက် တွေး..( သစ္စာ တရား ဆိုတာကို..ရှာချင် သလောက်ရှာ ) စဉ်းစားနားလည် နိုင်ဖို့ ဆိုတာကတော့..ဘောင်သိပ် ကျယ် လွန်းတယ် ဆိုတာလေးပါပဲ။ ကိုယ် အခွင့်ရ သလောက်.. ( အခွင့်ပေးသလောက်) လက်တံရှည်သလောက်.. ညဏ်ရည် မီသလောက်တော့..ကျမ တို့ အဖြေ ငယ်လေး တွေ ရ ကြမှာပါ။ တယောက် နဲ့ တယောက်လည်း..အဲဒီ အဖြေငယ် လေးတွေက.. မတူ နိုင်တာ ကိုက.. Eternal Truth of Cosmic World ကြီး ထင်ပါရဲ့။

လေးစား ခင်မင်လျက်-

Anonymous said...

Hi Hush !
your translation is also very nice. Even more appropriate and match with original wording. For easy access and to compare with my version, reposted here in my comment . I visited to your link, unfortunately, I can't post my comment there cos it's only for IT Pro.
Thanks again for your visit. Do come again . :-)

အတွင်းထဲက တံခါးခေါက်သူ

ရူးသွပ်မူ ရဲ့ နှုတ်ခမ်းပါးလေးပေါ်မှာ..
ငါနေထိုင်ခဲ့တယ်။
ဘာမဆို သိလိုဇောနဲ့..ရှာဖွေခြင်းတံခါးကို
အဆက်မပြတ် ငါခေါက်ခဲ့တယ်။
အခုတော့ ပွင့်ပြီ။
သြော်- ငါဟာ အတွင်းထဲက ခေါက်နေလာခဲ့ တာပါလား။

Original- Knocking from Inside by Runi
Translated by Hush

Anonymous said...

မခင်ဦးမေ- မမန့်လည်း ဖြစ်ပါတယ်..နော်.. This lady နဲ့ this lady ပဲ ကိုး။ ကိုယ့်အမ ကြီး အကြောင်း သိပြီးသား။း)
မတန်ခူး - မန့်သွားတဲ့..ပန်းချီကား ၂ ချပ်ရဲ့ ဥပမာ လည်း ကြိုက်သွားတယ်။ တဖြည်းဖြည်း နဲ့..ကျမတို့ ရဲ့ ပန်းချီကားတွေဟာ..ဆေးရောင်တွေ..ဖျော့တော့..ငြိမ်သက်လာ မယ် ထင်ပါရဲ့နော်။
ခင်မင်တဲ့-