ရွေးကောက်ပွဲ တော့.. ရွေးကောက်ပွဲ


နေ့စဉ် နားထောင် ဖြစ် ..ဖတ်ရှု ဖြစ်နေတဲ့ ..သတင်း အပိုင်းအစ တွေက.. သတင်းထူး..လို့ ဆိုနေ ပြန် သည်။

ဒါပေမဲ့လည်း....သတင်းထူး..သတင်းဆိုး..စိတ်ပျက်စရာ..မျှော်လင့်ချက်မဲ့ ရာ..သတင်းတွေ..ကြားထဲမှာ..ထူးပြီး .. သတင်း မတိုး တော့ တာလား..သတင်း ကြီးတွေ ကိုက ..သတင်း ထူး မဟုတ်ပဲ..သတင်း ထူ ကြီး တွေ မို့ လား တော့ မသိ.. မျက်လုံး လှန် ကြည့် လိုက် မိ ယုံ က လွဲ လို့... နား တဖက် လောက်..သပ်တင် မိလိုက်တာ ကလွဲလို့.. ပါးစပ် အညောင်းခံ ပြီး တောင်.. မပြော ဖြစ် တော့.. လက် အညောင်းခံ ပြီးတော့.. မချက် ဖြစ် တော့..။ ထုံနေ ပေ ပြီ။


သတင်း ထူထူ ကြီးတွေ နဲ့.. ထုံနေရ တဲ့ ကြားထဲ.. သတင်း ထောင့်ထောင့် ကြီး တွေ ကြောင့်.. လည်ချောင်းပါ နင်လာ လေ သည် ။ နိုဝင်ဘာ လ ကြီး မရောက်ခင် မှာ ပင်..အသေ ထွက် တွေ ... အရှင် ထွက် တွေ... တယောက် ပြီး တယောက်။ ရက် တွေက..နီး နီး လာလေ...မရေရာ မူ တွေ က ပိုပို ထင်ရှားလာ လေ..။ အရိပ် ရော..အကောင် ရော မြင်နေ ရပြီ ဆိုပေမဲ့ လည်း.. ရှေ့တိုးလည်း တံပိုး ..နောက်ဆုတ်လည်း လှည်းတုတ် ဆို သလို ဖြစ်နေတဲ့.. လူကြီး လူကောင်း တွေကို မြင်ရ တာလည်း.. ဗမာလို ဘယ်လို ပြောရ မလည်း..အင်္ဂလိပ်လို ပြောရရင် တော့.. Pathetic လို့..သာ ( ဟို စတိုင် မျိုးလေး ) ပြော လိုက် ချင်တော့ သည် ။ တကယ် လည်ချောင်း နင်ပါသည်။ သနားဖို့ ကောင်း..စိတ်ပျက်ဖို့ ကောင်း လောက်အောင်..လည်ချောင်း နင်လှပါသည်။


စိတ်ညစ်ညစ် နဲ့ ရေဒီယို ပိတ် ပြီး..တီဗီ ကြည့် လိုက် မိတုန်း...2010 Election ဆိုတဲ့..သတင်း ခေါင်းစဉ် စာလုံး တွေ မြင်တော့.. ယောင်မှား ပြီး.. ရောယောင် ရင်ခုန် သွား သည် ။ ထုံပေပေ ဖြစ်နေတဲ့...ကိုယ့် ကို ကိုယ် လက်နဲ့ ပြန် ဆိတ် ပြီး.. (ဒါ.. ၾသစေၾတလ်..ၾသစေၾတလ် ) လို့.. သတိပေး လိုက်ရသည်။


လည်ချောင်းတွေ နင်ပြီး.. ထူထူ ထိုင်းထိုင်း ဖြစ် ရ တဲ့ ကြားထဲ.. အော်ဇီ သတင်း တွေ က လည်း.... အီလည်လည် နဲ့.. အိပ်ငိုက်ချင် စရာ ။ ရွေးကောက်ပွဲ သာ ပြီး သွားတယ်။ ဘယ်သူ့ ကို ရွေးရမှန်း..ခု ထိ မဆုံးဖြတ် နိုင်သေးဘူး တဲ့။


ခုပဲ တပတ် ကျော် လို့ ၂ ပတ် ထဲ ၀င်လာပြီ....။ လိပ်ခဲ တည်းလည်း.. ။ သတင်း သုံးသပ်ချက် တွေ နားထောင် ရတာလည်း..အိပ် ငိုက်ယုံ မက..အိပ်ပျော် ကုန် ကြပြီ။ ကြားဖြတ် ရွေးကောက် ပွဲ မှာ.. လစ်ဘရယ် နဲ့ လေဘာ ... မဲ တွေ အကြိတ်အနယ် ဖြစ်ရင်း.. ဘယ်လို မှ.. အဖြေ မထွက် တဲ့ ဇာတ်လမ်း ဖြစ် နေသည် ။ ပြီးခဲ့တဲ့ လတွေ တုန်းက တော့.. ၀ုန်း ဒိုင်း ဆို.. ပါလီမန် ဒီမိုကရေစီ အာဏာ လု ပွဲ ကြီး ညတွင်းချင်း ဖြစ်သွားလို့.. လူတွေ အားလုံး မျက်လုံး ပြူး ကုန် ခဲ့ ရ တာ တွေ လည်း..ခု တော့.. ပြန်ပိတ် အိပ်ပျော် ကုန် ကြ တော့ မည်။



အဲဒီ တုန်းက.. အနိုင် ရ..အုပ်ချုပ် နေ တဲ့.. လေဘာ ပါတီ ရဲ့ ပထမ ဆုံးသော..မန်ဒရင်း စကားပြော..အော်ဇီ ၀န်ကြီး ချုပ် ကယ်ဗင် ရဒ် ကို.. အင်္ဂလန် ဖွား.. ဒု ၀န်ကြီးချုပ် ဂျူလီယာ က.. ပထမဆုံး သော အော်ဇီ အမျိုးသမီး ၀န်ကြီးချုပ် အဖြစ် နဲ့.. အာဏာ လု လိုက် တဲ့ အဖြစ် က..သတင်းစာ တွေ.. အရွက်ပို သွားခဲ့ သည် ။ ကိုယ်တိုင် ကတော့... အတော် အစော ထဲ က..မျက်နှာ ချိုချို နဲ့ ဂျူလီယာ ကို..မိန်းမ မို့.. စိတ်ဝင်စား နေ ခဲ့တာ.. ကြာ ပြီ။ တရုတ် စကား တတ်တာကို ဂုဏ်ယူ လှ တဲ့... မျက်နှာကြေ တင်းတင်း..ကယ်ဗင် ရဒ် ကို လည်း.. တရုတ် ပြည် နဲ့..ဘယ်လို ရွှေလမ်း ငွေလမ်း ဖောက်လေ မလည်း လို့.. စိတ်ဝင်စား နေ မိ ခဲ့ သည်။ နောက်ဆုံး တော့.. လူကြိုက် နည်း လာတဲ့ ကယ်ဗင်ရဒ် ခမျာ.. အော်ဇီ တိုက်ကြီး ရဲ့ အသက်သွေးကြေမ ကြီး ဖြစ်တဲ့....အော်ဇီတိုက်မှာ..မှီတင်းနေထိုင်ကြသော..အချောင်သမား..အလုပ်သမား..ကော်လာဖြူ..ကော်လာပြာ.. အားလုံး ရဲ့ ထမင်းထုပ် .. Mining Tax ကြီးကို.. အဖြည် မှား သွား လိုက် မိတာ... တခါတည်း..ဖြုတ်..ထုပ်.. ရှင်း ခံ လိုက် ရ တော့ သည်။


တကယ် က.. ..Mining company တွေ ကို .. အခွန် ၄၀ ရာနှုန်း ထိ တိုး ကောက်မယ် ဆိုတဲ့.. Mining Super Tax ကို .. လေဘာ က..စ လုပ် ကြတော့.. ဒီဖက်.. မိုင်း သူဌေး ကြီး တွေ.. မိုင်း သမဂ္ဂ တွေ အုပ်စု ကလည်း.. အကြီး အကျယ် ကန့်ကွက် ကြ သည်။ နေ့ တိုင်း သတင်းစာ တွေ ထဲမှာ..တမျက်နှာ အပြည့်.. ကြေငြာစာ တွေ ထဲ့ ပြီး.. Mining super tax ကို ကန့်ကွက် ကြဖို့.. ရင်းနှီးမြုတ်နှံ မူ တွေ.. ရွေ့သွားရင်..အလုပ်လက်မဲ့ တွေ ဖြစ်တော့ မဲ့ အကြောင်း.. အမျိုးစုံ အောင်.. ပြော ကြ ..အော် ကြသည်။ တီဗီ မှာ လည်း ညဆို.. ဇိမ်ပြေ နပြေ ကို.. ကြော်ငြာ တွေ ထဲ့ပြီး.. လက်ရှိ အစိုး ရ ရဲ့ ပေါ်လစီ အသစ် ကို.. နည်းမျိုးစုံ.. ထိုးနှက် တိုက်ခိုက် လေ တော့ သည်။ ကိုယ် တွေ လို.. ဗမာ နိုင်ငံ မှာ လူဖြစ်ခဲ့ တဲ့ လူ တွေ ကတော့.. ပါးစပ် အဟောင်းသား နဲ့ ..ဟယ်.. သူတို့ အော်ဇီ အစိုးရ ကြီး ကလည်း နော်.. တီဗီ တွေ.. သတင်းစာ တွေ ကို သုံးပြီး ..သူတို့ကို ပြန် ဆန့်ကျင် နေတာ.. ငြိမ်ခံ နေရတယ် တော့ ..လို့.. တောသား ကျကျ ..သနား နေမိ သေး သည်။ အဲဒါ ကြောင့်..လစ်ဗျား ရာသက်ပန် အာဏာရှင် ကြီး ဂဒပ်ဖီ က လှောင် တာ.. သူတို့ လုပ်ချင်တာ လုပ်လေ.. အလွန်ဆုံး..၈ နှစ်ပေါ့ တဲ့..။ သနား စရာ..ဒီမို ကရေ စီ ပါလား နော်..။


နောက် တချက် ကတော့.. ဒီမိုကရေစီ နိုင်ငံ တွေ မှာ တောင်.. ပါလီမန် ထဲက..ထိုင်ခုံ တွေ..အသံ တွေ ထက်.. . နက်ရှိုင်းတဲ့..လုပ်ပိုင်ခွင့် အ၀န်းအ၀ိုင်းတွေ က ..မမြင်နိင်တဲ့ ထောင့်တွေ မှာ..ရှိနေတတ် တယ် ဆိုတာ.. ပြက်ပြက် ထင်ထင် မြင် လိုက် ရ တာပဲ။ ကယ်ဗင် ရဒ် ကို.. ပါတီ တွင်း မဲခွဲ ပြီး ဖြုတ်ချ လိုက်တဲ့.. ကိစ္စ မှာ.. မိုင်း သူဌေး ကြီး တွေ ရဲ့ .. လက်ချက် ပါလား မပါလား.. ဘယ်သူ မှ သေချာ သက်သေ မပြ နိုင်ပေမဲ့.. သူ့လက်ထောက် ဖြစ်ခဲ့ ဘူး တဲ့.. ဒု ၀န်ကြီးချုပ်.. ဂျူလီယာ.. ရဲ့ နောက်ကျော ဓါးထိုးခြင်း ကို ခံ လိုက် ရတယ် ရယ် လို့ တော့.. ပြောစမှတ် ဖြစ်သွား လေသည်။ ဂျူလီယာ တက်လာတော့.. အဲဒီ အခွန် ထုပ် ကြီးကို.. ၃၀ နဲ့လား မသိ.. ဈေးစစ် လိုက် သည် လေ..။ အဆင်း မိန့ှ် ခွန်း မှာ ..စကား ဆက် မပြောနိုင် အောင် အသံ တွေ တိမ်ဝင် နေ တဲ့..ကယ်ဗင်ရဒ် ကို ကြည့်ရင်း...အနန္တသူရိယ အမတ် ကြီး ရဲ့ ကဗျာ ကို တောင် သတိရ နေ တော့ သည်။ ဒါပေမဲ့..သူ လည်း ပျက်လွင့် သွား တာ တော့..မဟုတ်ပါဘူး..။ ပါလီမန် မှာ..ခုံ တခုံ နဲ့.. ပါတီ ခေါင်းဆောင် တယောက် အဖြစ် တော့.. အောက်ညစ်ညစ် နဲ့.. ဆက်လှုပ်ရှား နေ နိုင် သေး သည်။


ဒီ ကြား ထဲ မှာ.. ကြော်ငြာ ၀င်.. အမြတ် ထွက် သွား တာ ကတော့.. ဟောင်ကောင် ဖွား..တရုတ် ဘဏ်လုပ်ငန်းရှင် တယောက် နဲ့ လက်ထပ် ထား တဲ့... အသက် ၂၆ နှစ် အရွယ်.. ကယ်ဗင်ရဒ် သမီးကြီး ရေးတဲ့... Campaign Ruby ဆိုတဲ့.. ၀တ္တု စာအုပ် ဖြစ်သည်။ သူ့ အဖေ ရဲ့.. မဲဆွယ် စည်းရုံးရေး ခရီးစဉ် တွေ မှာ လိုက်ပါ ရင်း... စိတ်ကူး ရ ခဲ့ တဲ့.... ဇာတ်လမ်း ဆိုပေမဲ့ လို့.. ၀န်ကြီးချုပ် ကို..သူ့ လက်ထောက် အမျိုးသမီး က.. နောက်ကြော ဒါးနဲ့ ထိုး တဲ့ ဇာတ်လမ်း တပုဒ် က.. အပြင်က.. အဖြစ် နဲ့.. လာပြီး တိုက်ဆိုင် လွန်း နေ လေ သည်။ ခင်ပွန်းသည် နဲ့ အတူ တရုတ်ပြည် မှာ လိုက်ပါ နေထိုင်ရင်း...လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက.. ရေးနေ ခဲ့ တာ ဖြစ်ပြီး.... အခု..ဇာတ်လမ်း ထဲက အတိုင်း ..အပြင်မှာ တကယ် ဖြစ်လာတော့.. သူကိုယ်တိုင် တောင်.. လန့်ဖြန့် သွားခဲ့ ရ သည် ဟု.. စာအုပ် ကြော်ငြာ ပွဲ မှာ.. ပြော သွား သည်။ ရောင်းအား တက်မှာ လည်း အသေအချာ ပါပဲ...။ ကိုယ်တိုင် တောင် ဖတ်ချင် နေ သည်။


ဂျူလီယာ က လည်း မိုက်သည်။ နေ့ခြင်း ညခြင်း ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာပေ မဲ့.. နိုင်ငံသား တွေ ရဲ့ မဲ နဲ့ မဟုတ်လို့.. ၀န်ကြီးချုပ် စံအိမ် နဲ့ ရပိုင်ခွင့် တချို့ ကိုတောင်..လက်မခံ သေး ပေ..။ အမြန်ဆုံး..ကြားဖြတ် ရွေးကောက်ပွဲ ပြန် လုပ် ပေးခဲ့ သည်။ ဘယ်သူ တွေ ဘာပဲ ပြောပြော..သူမ မျက်နှာ က.. အပြုံး မပျက်ပေ..။ လူတွေ ကလည်း..ပြောစရာ မရှိ..ရှာကြံ ကို ပြောလေ သည်။ အိမ်ထောင် တရားဝင် မပြု လို့ တဲ့။ သားနဲ့ သမီး နဲ့ မိသားစု နဲ့ မဟုတ်လို့.. မိသားစု တွေကို..စာနာ နိုင် မှာ မဟုတ်ဘူး တဲ့..။ တဆိတ်တော့..လွန် လွန်း..လွဲ လွန်း ပြီ ထင်သည် .. ။ ဒီလို သာ ဆို..အပျိုကြီး..လူပျို ကြီး တွေ.. နိုင်ငံ အုပ်ချုပ်လို့ လုံးဝ မသင့် တော် ဘူး တဲ့ လား။ ဦးလေးကြီး ဟိုချီမင်း တို့ သေ တဲ့ အထိ.. တိုင်းပြည် အတွက် လုပ်သွား ခဲ့သည်။ တလောက..ဖီလစ်ပိုင် မှာ တက်လာတဲ့.. နစ်နွိုင်း ဂျူနီယာ.. လူပျိုကြီး တွေ..။


ဘာမှ ပြောမနေ နဲ့.... ဘဘဦးဝင်းတင်.. ဗမာပြည် နိုင်ငံရေး ကို..ဘယ်လို ပေးဆပ် ပါဝင် ဆောင်ရွက် နေ သလည်း...ဆိုတာ အော်ဇီ တွေ ကို ပြောပြ ပြစ် လိုက် ချင်သည်။ အဲဒီ လောက်..မိသားစု ရှိစေချင် နေရင်.. မြန်မာ ပြည် က.. မင်းတုန်းမင်း ကြီး ရဲ့..သားတော် သမီး တော်.. ရာကျော် က စတဲ့.. အစဉ် အဆက် သားတော် သမီး တော်.. တော်ဝင် မိသားစု ..အကြီး..ကြီး တွေ .. အုံ နဲ့ ကျင်း နဲ့...ကို...တိုင်း ပြည် ကို..ဘယ်လို အကျိုးပြု.. မိသားစု တွေကို စာနာ..ကိုယ်ချင်းစာ..ထောက်ထား ပြီး.. လူမူရေး တွေ လုပ်တဲ့ အကြောင်း ပြောပြ လိုက်ရင် တော့.. တခါ တည်း...။

ထားလိုက်ပါ တော့.. အပြစ်ရှာ မှ လည်း..မှတ်ကျောက် တင် ခံ နိုင် ရ မှာ ကိုး..။


ကိုယ် ကတော့..ဂျူလီယာ ကို တော်တော် သဘော ကျသည်။ သူမ စကားပြော တာ.. အရမ်း ရှင်းလင်း သည်။ ပြတ်သည်။ ဟာသ နဲ့ ရယ်မြူး စိတ် လဲ.. ပေါ်လွင် သည်။ ခြုံပြောရင် တော့..ချစ်စရာ ကောင်း သည် ပေါ့...။ ထုံးစံ အတိုင်း..အမျိုးသမီး ထု တော်တော် များများ ကလည်း.. စိတ်ဝင်စား..ထောက်ခံ ကြ သည်။ ပြီးတော့.. မိန်းမ တွေ သဘာဝ.. သူမ ၀တ်ပုံ စားပုံ..အသက် ၄၈ နှစ် ထက် ပို နု နေတဲ့..အသားအရေ... ဆံပင် စတိုင်.. ဒါ တွေ လည်း စိတ်ဝင်တစား..ဝေဖန် ကြ..ရေးသား ကြ သည် ။ အဲဒီ မှာ..လူတော်တော် များများ စိတ်ဝင် စား နေ ကြ တာ က.. အဲဒီလို ထက်ထက်မြက်မြက် နဲ့ တက္ကသိုလ် မှာ ကတည်းက.. သမဂ္ဂ တွေ မှာ ရာထူး ရ ခဲ့ တဲ့.. လက်ဝဲ ဆန် တဲ့.. ဥပဒေ ဘွဲ့ရ.. နိုင်ငံရေးသမား အမျိုးသမီး တယောက် ရဲ့.. အတူနေ ချစ်သူ က....သူမ ထက် လည်း အသက်ပိုကြီး ပုံ ပေါ် တဲ့.. ရုပ်လည်း သိပ် ကြည့် ကောင်းလှ တယ် ရယ် လဲ မဟုတ်တဲ့..ဆံပင်အလှပြင်သမား ကြီး တယောက် ဖြစ် နေတာ ပဲ။ အချစ် နဲ့ ရွေးချယ်မူ က လည်း..ဆန်းကျယ်သား ကလား နော်။ ဒါကပဲ..သူမ ရဲ့ လက်ဝဲ ဆန်ခြင်း တခု ပေပဲ လား တော့ မသိပေ..။


နောက်တခု.. ချီးကျူး အံ့သြ နေ မိတာ ရှိသေးသည်။ အခု..သူတို့ လေဘာပါတီ အာဏာ ရ နေတုန်း မှာ.. အခုလို အရေးပေါ် ကြားဖြတ် ရွေးကောက်ပွဲ လုပ်လိုက်ရ လို့.. အကယ်လို့ များ..လေဘာပါတီ ရှုံးသွားခဲ့ ရင်.. နှမြော စရာ ကောင်းလှ ချည့် လို့.. ဖြစ်နေ ကြတဲ့ အချိန် မှာ.. တချို့..လေဘာ အမာခံ တွေ ကတောင်.. အချင်းချင်း တောင် နောက်ကျော မလုံ ရ တဲ့ ပါတီ လို့.. ဘက်ပြောင်း ချင် နေတဲ့ ..အချိန် မှာ.. သူ မက.. သတ္တိ ရှိရှိ နဲ့ ကို.. “ ကျမ ဟာ..ဘာသာမဲ့ပါ..ဘုရားသခင် ကို မယုံကြည် ပါဘူး” လို့ ပြော ချ ပြစ် လိုက် သည်။ နိုင်ငံ ရေး နဲ့ ဘာသာရေး ကို မရောထွေးချင် ပါဘူး..ဟန်ဆောင် ပြီးတော့လည်း.. ပုံစံ ၀င်အောင်.. ဘုရားကျောင်း တွေ ..တက်မပြ ချင် ပါဘူး.. လို့ ဆိုသည် ။ အဲဒီ အတွက်.. ခရစ်ယာန် မဲ တွေ... အမြောက်အမြား ..သူမ.. ဆုံးရှုံး သွား မည် ကို..ဂရုစိုက် ဟန် မပြ ခဲ့ ပေ။


ခု.. ရွေးကောက်ပွဲ ရလဒ် တွေ ထွက်လာ တော့..၂ဖက် စလုံး.. ၇၀ ကျော် တွေ နဲ့ .. အကြိတ်အနယ် ဖြစ်နေသည်။ ခက်တာက.. ၇၆ မပြည့် တော့..ဘယ်သူ မှလည်း အစိုးရ ဖွဲ့ မရ...။ တသီးပုဂ္ဂလ အနိုင်ရ အမတ်တွေ ရဲ့ ထောက်ခံ မူ က..အရေးပါ နေ သည်။ တဖက်..အတိုက် အခံ လစ်ဘရယ် ကတော့... ညွန့်ပေါင်း အစိုးရ ဖွဲ့ ဖို့.. တောင်းဆို ညှိ နှိုင်း နေ သည်။ လေဘာ ကလဲ.. အလျှော့ မပေး သေး..။ ရွေးကောက်ပွဲ ပြီးသွား ပေမဲ့.. အဖြေ မထွက် သေး တဲ့..ပါတီ ကြီး ၂ ခုကို.. ပယ်နယ်လတီ ပေးကန် ခိုင်း ရင်..ကောင်းမလား လို့.. တောင်.. အိမ်မှာ..နောက် နေ မိ ကြသည်။ သူငယ်ချင်း တယောက် ကတော့ ပြော သည်။ အတော်ပဲ.. ဟို လို လို..ဒီလိုလို ဖြစ်နေတုန်း.. ဗမာ စစ်တပ် ခေါ် ပြီး.. အာဏာ သိမ်း ခိုင်း လိုက် မယ် တဲ့..။


ဘာပဲ ဖြစ်ဖြစ်.. ဂျူလီယာ ကတော့.. ပထမ ဆုံး အမျိုးသမီး ၀န်ကြီး ချုပ် ဆက် ဖြစ်နေဖို့ ကတော့.. သေချာ သလောက် ရှိနေပါသည်။ လေဘာ တို့ ရဲ့ ပေါ်လစီ အရ.. အခြေခံ လူတန်းစား တွေ ကို.. ပိုပီး ထောက်ပံ့ မယ်.. ကျန်းမာရေး ပညာရေး တွေ ကို..ပိုပြီး လုပ်ပေးမယ် ဆိုတဲ့... ကတိ က၀တ် တွေကို.. သီအိုရီ အရ.. သဘောမကျ စရာ.. မရှိ ပေမဲ့ လို့... ဘာမှ လုပ်စရာ မလိုပဲ.. လူမူ ထောက်ကူ စရိတ် တွေ.. အလကား ရ ယူနေတဲ့...လူတွေ ကို ကြည့်ရင်း....သူတို့ လောက်တောင်.. မဖြုန်းနိုင်.. ဆိုရှယ် တပြား မှ..မစား ရ .. အခွန် ထမ်း သက်သက်.. ကိုယ် တို့ ရဲ့ ၂ဦးတည်း သော မိသားစု ခမျာ မတော့.. ကိုကြီးကျောက် ပြောသလို.. ၀မ်းမနာ သားသမီး တွေ အတွက်.. အမေ မမွေး တဲ့.. မောင် တွေ နှမတွေ အတွက်.. အဖွားမမွေး တဲ့..ဦးလေးတွေ အဒေါ်တွေ အတွက်.. မိုးပေါ်က ပြုတ်ကျလာ တဲ့.. ပင်ရှင်နာ တွေ အတွက်..စိတ်မသက် မသာ နဲ့ပဲ... အမျှ သုံးကြိမ် ရွတ်ဆို ရင်း.. ဂျူလီယာ ကို.. ထောက်ခံ အားပေး ရ ပေ ဦး တော့မည်။





Share/Bookmark

12 Comments:

ရွှေရတုမှတ်တမ်း said...

မကေရေ....
ငါ့နှမရေးထားတာ စိတ်ဝင်စားစရာကောင်းလိုက်တာ..
ကိုကြီးကျောက်လဲ ကတ္တိမ ကလေးတွေအတွက် အခွန်ဆောင်လိုက်တာ ..ခုတော့ ကိုယ့်ဖို့ကို ပြန်ဖြစ်နေပြီ...
မာဒင်္ဂကျောက်လေ...medicaid , food , cash ..အစိုးရဆီက ခုပြန်တောင်းစားနေရတယ်..အလုပ် မလုပ်ပဲ တနှစ် နှစ်နှစ်လောက် ပေါ့..

Andy Myint said...

ဒါကြောင့်လည်း Skilled Migrant တွေကို အပုံလိုက် သွင်းနေကြတာလေ။ ထမင်းကျွေးစရာမလို ပညာသင်ပေးစရာမလို ရောက်ပြီး ခဏနေရင် အခွန်ကို တင်းပြည့်ကျပ်ပြည့် ပေးနေကြပြီ။ အပေါ်ကလူတွေက အခွန်တွေ ရအောင် လူတွေသွင်း အောက်ကလူတွေက ဒါကို မသိဘဲ ဒါမှမဟုတ် မသိချင်ယောင်ဆောင်ပြီး Migrant တွေကို မကြည်နဲ့ ဟုတ်တော့ ဟုတ်နေပါပြီ။ ကလေးမရှိတဲ့ သူတွေအတွက်တော့ အရှုံးကြီးပါပဲ။ အဲဒါကြောင့် တန်အောင် ၂ ယောက် မွေးထားတာ .. တိန်။

TURN-ON-IDEAS said...

ဘာသာရေးကို ခုတုံးမလုပ်ချင်တဲ့ ပြတ်သားတဲ့စိတ်ကိုတော့ လေးစားတယ်...
တရားသောယှဉ်ပြိုင်ခြင်းကို ပြချင်တာလား...

နောက်ကျောဓားထိုးတဲ့ကိစ္စက ပါးစပ်စကားသပ်သပ်ပဲလား ဆိုတာလဲ သိချင်တယ်...

တီဗွီနဲ့ သတင်းစာတွေကနေ ထိုးနှက်တိုက်ခိုက်တယ်ဆိုတာကိုတော့ ပါးစပ်အဟောင်းသားနဲ့ အားကျသွားပါတယ်...

ဗဟုသုတအတွက် ကျေးဇူးပါ အစ်မ။

“ရွေးကောက်ပွဲ ရွေးကောက်ပွဲ”
ဘယ်သူတွေက ဘယ်သူ့ကို ရွေးကောက်တဲ့ ပွဲလဲဆိုတာ မြန်မာပြည်က မြို့တွေ ရွာတွေရဲ့ လူစည်ကားတဲ့ နေရာတွေမှာ ဆိုင်းဘုတ်တွေ လိုက်ထောင်ပေးချင်လိုက်တာ...

Unknown said...

ငါတို.ပြည်ရဲ.မပာာရွေးကောက်ပွဲကြီးအကြောင်းရေးပါအုံး စောကေ နှစ်ယောက်စလုံးနံမည်အတိုကောက်ရေးလိုက်တာ

ဝင်းမောင်

ကလူသစ် said...

စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီ။ အားကျပေါင်။

ကိုအောင် said...

ဘာသာမဲ့တွေ ဦးဆောင်လာတာ ၀မ်းသာစရာပဲ၊
ကျနော်တို့ဖက်မှာလည်း ဘာသာမဲ့ဦးရေ တဖြေးဖြေး
များလာတယ်၊ ဘာသာတရား တစ်ခုခုကို ကိုးကွယ်တဲ့
ခေါင်းဆောင်ထက်စာရင် ဘယ်ဘာသာမှ မကိုးကွယ်တဲ့
အစွန်းမရောက်တဲ့ ခေါင်းဆောင်က ပိုကောင်းမယ်
ထင်တယ်။
ဲ့

ကိုအောင် said...

စာရေးတာ ကျန်ခဲ့လို့ ....
the freethinker ထက် Atheism ဖြစ်မယ်
ဆိုရင် ပိုကောင်းမယ် ထင်တယ်။

Dr. Yi Yi Win said...

ကိုယ် တို့ ရဲ့ ၂ဦးတည်း သော မိသားစု ခမျာ မတော့.. ကိုကြီးကျောက် ပြောသလို.. ၀မ်းမနာ သားသမီး တွေ အတွက်.. အမေ မမွေး တဲ့.. မောင် တွေ နှမတွေ အတွက်.. အဖွားမမွေး တဲ့..ဦးလေးတွေ အဒေါ်တွေ အတွက်.. မိုးပေါ်က ပြုတ်ကျလာ တဲ့.. ပင်ရှင်နာ တွေ အတွက်..စိတ်မသက် မသာ နဲ့ပဲ... အမျှ သုံးကြိမ် ရွတ်ဆို ရင်း.. ဂျူလီယာ ကို.. ထောက်ခံ အားပေး ရ ပေ ဦး တော့မည်။ ဖတ်ရတာတောင် စိတ်မသက်သာချင်သလိုဖြစ်မိတယ် ကေ။ အတိတ်က အကြွေးရှိခဲ့လို့ ပဲနေမှာ။

kay said...
This comment has been removed by the author.
Thet Oo said...

Aussie အကြောင်းတွေ အတော်သိလို့ ဒီလိုရေးနိုင်တာပဲ။

Moe Cho Thinn said...

ကောင်းလိုက်တာ ကေ။ ရွေးကောက်ပွဲကို သုံးသပ်ပုံလေး အတော် သဘောကျသွားတယ်။
ပုံ
တောသူတဦး

ko watote said...

An American journalist once said, thus have I heard, in USA you can bring down a president, but you can't mess up with General Electric. So in Australia, you can bring down a prime minister, but you can't mess up with BHP Bilington or Rio Tinto.. is that correct, Ma K?

watote