စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၉ )


စာကြည့် စားပွဲ မှာ ထိုင်ရင်း...ပြတင်းပေါက် သံဇကာ ကြားကနေ..တ၀က်တပျက် မြင်နေရတဲ့.. မြက်ခင်းပြင် ကြီး ကို ငေးကြည့် နေမိသည်။ တနေ့ ညက.. လူတွေ စည်ကား လှပ ပျော်ရွှင် ခဲ့ကြတဲ့.. စတိတ် စင် ကြီး ကို.. မီးဖိုဆောင်က.. အလုပ်သမား တွေ..၀ိုင်းဖျက် နေ ကြသည်။

သီချင်းသံ..နှုတ်ဆက်သံ..ချီးမွမ်းသံ..နောက်ပြောင်သံ..လက်ခုပ်သံ..တွေ။

ခုတော့.. သစ်သား တန်းတွေ.. ဖြုတ်ပြီး..ပြစ်- ပြစ် ချ နေတဲ့.. အသံ ..တချက်..တချက်.. ကြားက..အလုပ်သမားတွေ ရဲ့ စကားပြောသံ တစွန်းတစ နောက်မှာ.. မယ်ဇလီပင်ကြီး ပေါ်က.. ကျီးအာသံ တချို့ သာ...။ ခပ်ဝေးဝေး အဆောင် နောက်ဖက် ကံ့ကော်အုပ် ဆီ ကတော့... ဥသြ သံ သဲ့သဲ့ လို..။ ဥသြတွေက..ဆောင်းမှာလည်း.. လွမ်း တက် ကြ တယ်လား...။ အချိန်တန်ရင်..အိမ်ပြန်ရ မယ် တဲ့..။ တကယ်တော့..ပြန်တာရယ်..ထွက်ခွါ တာရယ်.. ဆိုတာ..အတူတူပါလေ..ဒါပေမဲ့.. ပြန်ရောက်တဲ့ နေရာမှာ ..၀မ်းသာမဲ့ လူတွေ ရှိနိုင်ပေမဲ့..ထွက်ခွါရတယ် ဆိုတာကတော့..၀မ်းနည်းစရာ မဟုတ်ဘူးလား..။ အရေးကြီး တာက..
“ လားရာ”

ဟူးးး-- လားရာ ရေ..ခဏ နေပါအုံး ကွယ်..

ထိုင်ခုံ က.. ထလိုက်ရင်း..ဗိုက်ဆာ သလို ရှိလာတာနဲ့.. ဗီရိုပေါ် ကြည့်တော့.. ဒင်နာ မတိုင်ခင် ရက်က.. ခရစ်စ်တိုဖာ.. နယ်ပြန်ရင်း..လက်ဆောင် ၀ယ်လာတဲ့..ငှက်ပျောခြောက်တွေ..မြေပဲယို တွေ...။ ခုထိ မဖောက်ရသေး..။ အားလုံး စားဖို့ လို့ ပြောပြီး..သူ့လက်ထဲ ရောက်လာတာ ဆိုတော့..သူ့ဗီရိုပေါ်မှာပဲ.. ရှိနေသည်။ အခု..မဖြူ လည်း မရှိ..။ ကလေး နဲ့ မစု ကို သွားကျွေး အုံးမှပဲ။

ထုံးစံ အတိုင်း..အင်းလျားဆောင် ရဲ့ နေ့လည်ခင်း ကြီးက..တိတ်ဆိတ်နေသည်။ front roll ဖက် ကွေ့လိုက်တော့...မစု တို့ အခန်း ရှေ့မှာ.. ကြည်ပြာ့ ကို ဖြတ်ကနဲ တွေ့လိုက်သည်။ အခန်းရှေ့က.. အမှိုက်ပုံး လေး ထဲကို တခုခု ကို ပြစ်ထဲ့ပြီး.. အခန်းထဲ ပြန်ဝင် ဖို့ လုပ်တုန်း..
“ ဟယ်.. ကြည်ပြာ ရောက်နေတယ်.. ” လို့ ဆိုတော့.. လက်ညိုးကို ပါးစပ်ရှေ့ တပ်ပြီး...
“ ရှူးးးးး” ..... တဲ့။

သြော.. အိသွယ်ဆီ လာ အိပ် တာ ထင်တယ်..။ ကြည်ပြာက..အဆောင်မှာ..ခဏခဏ လာခိုးအိပ် လေ့ ရှိသည်။ ဒါပေမဲ့လည်း..အိသွယ် အခန်း မှာက.. ရည်မွန် က..အမြဲ စာကျက် နေတာ ဆိုတော့.. အားနာ ပြီး .. ကပ်ရပ် အခန်းက..မစု တို့ ဆီမှာပဲ.. လာပြီး တိုးခွေ့ တွတ်တိုး နေ ရော..။ ဘေးခန်း တွေက.. တခြား ကျောင်းသူ တွေ ကတော့.. မိန်းမ ဆန်ဆန် နေတတ်တဲ့..အိသွယ် နဲ့....အပြင်ကနေ ခဏခဏ လာခိုးအိပ် တဲ့.. ဆံပင်တိုတို..အကျီ င်္ ပွစိ ပွယောင်း နဲ့.. ကြည်ပြာ့ကို.. အချစ်တော် လို့ပဲ... ထင်ကြ သည်။ သူတို့ ခြင်း ကတော့... အကြောင်း သိတွေ မို့.. အဲဒီလောက် ကြီးတော့..မဟုတ်ဘူး ဆိုတာ.. သိနေသည်။ လောလော လတ်လတ်. အိသွယ်မှာ..ချစ်သူ တယောက် ရ သွား သလို... ချစ်စရာ ကောင်း တဲ့..ပွင့်လင်း တဲ့ ကြည်ပြာ့ မှာလည်း .. ကိုတိုးပြောသလို..ဟ၀ှါ မဖြစ်ပေမဲ့..ဟ၀ှါ တော့ ဖြစ်တဲ့.. ချစ်သူ တယောက် အစောကတည်းက ရှိတယ် ဆိုတာ.. သူတို့ အားလုံး သိနေတာပဲ။

ကြည်ပြာက.. သူ့ နှုတ်ခမ်းကို..လက်ညိုး နဲ့.. ဆက် ကပ်ထားရင်း..အခန်း လိုက်ကာ လေးကို ဖွင့် ပေး တော့..
အဲ... ကုတင်တလုံးပေါ်မှာ..အိသွယ်က..ငိုလို့ ပါလား။ မစု နဲ့ ကလေးက.. တဖက် ကုတင် ပေါ်ကနေ ..မျက်နှာငယ်လေး တွေ နဲ့... ကြည့် လို့...။

.......................
.......................


Share/Bookmark

5 Comments:

ATN said...

ခုမှ ဖတ်လို့ ကောင်းနေတုန်း...
၂၁ နဲ့ ပြီးမယ်ဆိုရင်တော့ တုံးတိကြီး ဖြစ်နေတော့မယ်ထင်တယ်...

ကိုချစ်ဖေ said...

မကေ ကျနော်က ၀ထ္ထုတို မှတ်နေတာ အစက ပြန်လာဖတ်ဦးမယ်.

Moe Cho Thinn said...

ဘာမှ မရေးတော့ပါဘူး ကေရယ်..
ကုသိုလ်ကြမ္မာ မမီတာလား၊ ရှေးရေစက်တွေ မဆုံကြလို့လား လို့ပဲ တွေးသွားပါတယ်။

Rita said...

အချစ်နဲ့ အိမ်ထောင်ရေးကတော့ ကိုယ်ရေးကိုယ်တာ သက်သက်လို့ပဲ ထင်တယ်။

တဘက်က အိမ်ထောင်ရေးကို ဟိုတဘက်က သတင်းစာကနေ ထည့်ထည့်ဆော်နေတာ ကြားရရင် အူကြောင်ကြားလို့ ခံစားရသလိုပဲ။ ဟိုတဘက်က အိမ်ထောင်ရေးကို တဘက်က ထည့်ထည့်ပြောနေရင်လဲ အစွဲတွေလို့ ထင်မိပြန်တယ်။

ထင်တာပြောတာပါ။

ကိုအောင် said...

“လားရာ” ဆိုတဲ့ စကားလုံးကို အရမ်းသဘောကျတယ်
မကေ၊ အားပေးလျက်ပါ။