ဆာဒင်းလေး speck

ကျေးဇူးပဲ..ကိုအောင်သာငယ်။ ပထမဆုံးတွေ ပြန်ရှာ ရင်း..စာရွက် အဟောင်းလေး တွေ ထွက်လာ လို့.. အမှတ်တရ သိမ်းဆည်း ထားဖို့ နဲ့..ဝေမျှ ဖို့၊ ဖြစ်သွားပါတယ်။ ဒါက.. ပထမဆုံး ဘာသာပြန်ဖူးတဲ့.. စာမူကလေးပါ။ ၁၉၉၁ လောက် က လို့ထင်ပါတယ်။ International Magazine က ပေးတဲ့..၀တ္တုတိုလေးပါ။ အတော်လည်း ကောင်းတဲ့ Theme လေးပါ။ (စာရွက်ပြန်ကြည့်တော့..၁၉၉၅ ဖြစ်နေပါတယ်)

++++++++++

စဉ်းစားကြည့်မိတယ်။ တခါ တုန်းက ငါးတကောင် ရဲ့ အတွေးအခေါ် မျိုး မရှိ တဲ့ ငါးတကောင် ရှိခဲ့တယ် ဆိုတာကိုလေ..။ အဲ- တခု တော့ ရှိတယ်။ အဲဒီ ကိစ္စကို မယုံမကြည် တော့ မရှိလေနဲ့..အဲဒါ ..တကယ့် အဖြစ်ပဲ။

သူက၊ ဆာဒင်း ငါးမျိုး တကောင်ပါပဲ။ အဲဒီမှာ.. သူက သင်္ချာ ပညာကို သင်ယူ လိုက်စားတယ် တဲ့။ အဲဒီ ဆာဒင်းကျောင်း ဆိုတာ ကလည်း၊ ကျောင်းသား ဦးရေ အများသား ကလား..။ မကြခဏ ဆိုသလို.. ဆာဒင်း ဦးရေ တသိန်း လောက် ရှိတတ်တာ မျိုး..ဘယ်တော့မှ တော့..သုံးသောင်းထက် လျော့နည်း လေ့ မရှိဖူးဘူး။

တနေ့တော့.. ဆာဒင်းတကောင်က..တခြား တကောင်ကို ပြောတယ်...
` ငါတို့ ကျောင်းမှာ..ခါတိုင်း ရှိနေကျ..ဦးရေ သုံးသောင်းထက် တောင် နဲနေပြီလို့..ငါထင်တယ်ဟေ့..´

`မင်း..အဲဒီလိုပဲ..တကယ်ထင်သလားကွ..´

` အသေအချာ ပေါ့ကွာ..´

အဲဒီတော့..ဟိုကောင်က...
` ဒါဆို.. တို့လိုက်ရေ ကြည့်တာ..ပိုကောင်းလိမ့် မယ်..´

အဲဒီလို နဲ့..ဆာဒင်း ၂ ကောင် လိုက်ရေ လိုက်တာ..စုစုပေါင်း သုံးသောင်း နဲ့ သုံးကောင် ရှိနေ ပါရော...။ အဲဒီ တော့..ပထမ ဆာဒင်း က-
` အေးလေကွာ..ငါပြောတဲ့ သုံးသောင်းထက် နဲတယ်ဆိုတာနဲ့ သိပ်မခြား ပါဘူးကွာ..အဲဒီလောက် နီးနီးပါပဲ..´

အချိန်တော်တော်များ မှာတော့..ဒီကျောင်း မှာ..ဆာဒင်း ငါး အရေ အတွက်က..သုံးသောင်းထက် တော်တော်များများ ပိုလေ့ ရှိတတ်တာပဲ.. တခါ တုန်းက ဆိုရင်..သုံးသိန်းလောက် နီးနီး ထိ ဖြစ်သွား ခဲ့ဖူးသေးတယ်ဆိုပဲ..။ တကယ့်တကယ် တော့လည်း..ဆာဒင်းငါး အရေ အတွက်က.. အကောင်အသစ်တွေ မွေးလာရင်.. များလာတာပဲ..။ တခါတလေ..တံငါသည် ရဲ့ ပိုက်မှာ မိသွားကြပြီ ဆိုတော့လည်း..အရေအတွက်က..ထိုးကျပြန်ရော..။

ဒါပေမဲ့..ဆာဒင်းငါးတကောင်ဟာ..ကျောင်းပြေးပြီး..တနေရာရာ ကို..သူ့ဖာသာသူ ထွက်သွားတယ် ဆိုတာတော့..ဆာဒင်းသမိုင်းမှာ..ဘယ်တုန်း..ဘယ်တုန်းကမှ..မရှိခဲ့ဖူးသေးဘူး။ အဲဒီလို လုပ်ဖို့ဆိုတာလည်း.. ဆာဒင်း ငါး တကောင် အတွက်.. တွေးတောင် တွေးမိမှာ မဟုတ်ဘူး။ ဆာဒင်းဆိုတာက.. တကယ့်ငါးသေးသေးလေး တွေကိုး..။ ဒါပေမဲ့ လည်း..သာမန်ငါးတကောင် ကူးသလောက်တော့..ကူးနိုင်တာပေါ့။

++++++

ဆာဒင်း တော်တော်များများ ကတော့..မျိုးတူ ဘ၀တူ ဆာဒင်း အချင်းချင်းနဲ့ပဲ..သူတို့ကျောင်းမှာ..နေရတာ ပျော်ကြတယ်..။ သူတို့ဘ၀က..ဒီကျောင်းမှာပဲ စတယ်..။ ဘ၀ ဆုံးခန်း တိုင် တဲ့ ထိလည်း..ဒီကျောင်းမှာပဲ..တလျှောက်လုံး နေသွားကြ ရတယ်။ တကယ့်တကယ် ကျတော့..ဆာဒင်းငါးတွေ အတွက်.. ပြီးဆုံးခြင်း ဆိုတာ..တကယ် ပြီးဆုံးနိုင်တာ မဟုတ်ပါဘူး။ လူသားတွေ ဆီ ရောက် ကြ ပြန်တာပဲ။ လူတွေက ယူဆ ကြ တာတော့..ဆာဒင်း ငါးမျိုး ဆိုတာ..သိပ်ပြီး စားကောင်း လှ တာ တော့ မဟုတ်ဘူး..။ သေးကလည်း သေး။ နေတော့လည်း အစုလိုက် အပြုံလိုက် ။..သိပ်ပြီးတော့လည်း..အသိညဏ် ရှိတာ မဟုတ်ဘူးပေါ့..။

ဘာပဲပြောပြော..နောက်ဆုံးတော့..သူတို့ဘ၀က..ငရုတ်ကောင်းတွေ..ခရမ်းချဉ်သီး ဆော့စ် တွေနဲ့ အတူ..သံဗူးထဲကို..ရောက်ကြ ရတာပဲ။ တချိန်ချိန် မှာတော့..တွေ့ဖူးမှာ ပေါ့..ဆာဒင်း လေး-ငါးကောင် လောက်ကို..သေသေချာချာ ဖြန့်ခွဲ ပြီး..တခု ပေါ် တခု ထပ်လှမ်းထားတာမျိုးလေ..။ သနားစရာ ပါပဲ..။ ခေါင်းလည်း မရှိ.. အမြီးလည်း မရှိ တော့ဘူး။ ဒါပေမဲ့.. အရိုးနဲ့ အစိတ်အပိုင်း အတော်များများ တော့..နေရာတကျ ရှိနေသေးတယ်။ ဒါကလည်း.. အရိုးက ပျော့ပြီး တခြား အစိတ်အပိုင်း တွေ လို.. အသားတွေလို..စားလို့ ရ လို့သာပေါ့။

ဟိုတုန်းက ဆို ..သံဗူးထဲက..ဆာဒင်းငါး တွေကို စားခဲ့ဖူးတာပဲ.။ တခါ တလေ ဆို..အဲဒီငါး တွေကို..ခရမ်းချဉ်သီး ဆော့စ် နဲ့တွဲပြီး စားရတာ.. တကယ့်ကို အရသာ ထူးတယ်။ အဲဒီ တုန်းက ဆိုရင်လေ.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက် ကပေါ့.. ခရမ်းချဉ်သီး ဆော့စ် ကလည်း ကောင်း..ငါးဗူးဈေးကလည်း..ဘယ်လောက် ရှိလို့လည်း..။ ဆယ်ဆင့် ထက် ဘယ်တော့မှ မပိုဘူး။ ဟိုတုန်းကလို.. သံဗူးမျိုးနဲ့ပါပဲ..။ ငါးကလည်း..အဲဒီ ဆာဒင်းပါပဲ..။ ဒါပေမဲ့လည်း.. အခုကျတော့.. ဈေးက ကြီးလိုက်တာ လွန်ပါရော..။ ဈေးကသာ..ကြီး- ကြီးသွားတယ်.. ဒီဆာဒင်း က..ဒီဆာဒင်းပါပဲ။ ဘာ မှ မပြောင်းပါဘူး။

++++++

လူတော်တော်များများ ကတော့.. ငါးဆိုတာ..ပင်လယ် ထဲ မှာ..ရှိတယ်ပေါ့..။ ဒီလိုပဲ သိကြတယ်။ ရေငန်ငါးတွေကတော့..ဟုတ်တာပေါ့..။ ပင်လယ် ထဲ မှာ နေတယ်လေ ။ ဒါပေမဲ့..ရေချိုငါးတွေ ကျတော့..ချောင်းတွေ မြစ်တွေ ထဲမှာ..ရှိပြန်ရော..။ နှင်းပျော်ရည် တွေ ထဲ မှာတောင်..ရှိတတ်တယ်။ အဲ.. ဆာဒင်းငါး ကျတော့..ပင်လယ် ထဲ မှာ နေလေ့ ရှိတဲ့..ရေငန်ငါးပေါ့..။ အဲဒီ ပင်လယ် ကြီး ဆိုတာက..ကမ္ဘာပေါ်မှာ..ရှိရှိသမျှ အရာတွေ ထဲ မှာ..အကြီးဆုံးပဲလေ..။ ဒီကမ္ဘာ ဂြိုဟ် ကြီးပေါ် မှာ ပဲ..ကုန်းမြေ နဲ့ယှဉ်လိုက် ရင်..ပင်လယ်ကြီး က..သုံးဆ လောက် ပိုပြီး..များနေ တယ်ဆိုတာ..အံ့သြစရာ မကောင်းပေဘူးလား..။

အဲဒီပင်လယ်ထဲမှာ..ရှိနေတဲ့..သက်ရှိတွေ..အရာဝတ္တုတွေဟာ..ပင်လယ်ကြီးထဲက..ထွက်ခွါပြီး ၊ခြောက်သွေ့တဲ့ ကုန်းမြေ ပေါ်ကို ရောက်လာဖိုကို ၊ မျှော်မှန်းကောင်း မျှော်မှန်း နေကြမှာပါ..။ ဒါပေမဲ့..ခုထက်ထိတော့.. ဘယ်လူ တဦး တယောက်ကမှ..မမြင် နိုင်သေးဘူး ။ ဘယ်လောက် အသက်ကြီးတဲ့ လူပဲ ဖြစ်စေဦးတော့..ကုန်းပေါ်ကို တက်လာ တဲ့..ပင်လယ်ထဲက..အကောင်- တကောင်တလေ တောင် မမြင်ဖူးကြသေးဘူး..။ ဒါပေမဲ့..အဲဒီလို အဖြစ်အပျက် မျိုးက..အမြဲတမ်း ဖြစ်နေတယ်တဲ့။ ဟိုး..လွန်ခဲ့တဲ့..နှစ် သန်းပေါင်းများစွာ ထဲက..ရှိနေခဲ့ တာ..ခုထက်ထိကို..ရှိနေဆဲပဲတဲ့..။

ကောင်းပြီလေ.. ဒါဟာ..အမှန်လို့ပဲ ထားပါတော့..။ ဒါဆိုရင်..ဒီဆာဒင်း ကျောင်းလေး မှာရော..တခြားဆာဒင်း တွေနဲ့..ပင်လယ်ကြီး ကို စွန့်ခွါ ပြီး..ကုန်းမြေ သွေ့သွေ့ပေါ်ကို..သွားဖို့.. စိတ်ကူးနေတဲ့..ဆာဒင်း တကောင် ကောင်ဟာ.. ရှိကို ရှိနေမယ် ဆိုရင်.. မဖြစ်နိုင်စရာ အကြောင်း သိပ် မရှိ ပေဘူးပေါ့..။ သူလည်းပဲ..ဒီအတိုင်း လုပ်ကို လုပ် ရလိမ့်မယ်။။ ကဲ..ဒါဆိုရင်..ဇတ်လမ်းက ..ဒီနေရာက..စပြီပေါ့..။

( ဆက်ရန်-)


Share/Bookmark

6 Comments:

Anonymous said...

ဆက်ဖတ်ဖို့ စောင့်နေတယ် အမရေ

ကိုအောင် said...

မကေ ရေးခဲ့ဖူးတာလေ ပြန်ဝေမျှလို့ ကျေးဇူးပါ။

khin oo may said...

စဉ်းစားနေတယ်။ ဘာပြောချင်တာလဲလို.။

ATN said...

ဖတ်ရင်းနဲ့ ဆာဒီးန်း ငပိချက်ကို သတိရသွားတယ်။ ခုတောင် စားချင် လာပြီး)

လိုချင်ရင် receipe ပေးမယ်လေး)

သက်ဝေ said...

ကေရဲ့  ပထမဆုံး လက်ရာ ဘာသာပြန်ဝတ္ထုလေး တင်ပေးလို့  ကျေးဇူးနော်..။ ဒါပေမယ့် ဆက်ရန်နဲ့  ဆိုတော့ ပြီးမှဘဲ တစ်ခါထဲ စုဖတ်ပြီး Comment ရေးတော့မယ်နော်...။ မျှော်နေမယ်...။

ကလူသစ် said...

စပြီဆိုတဲ့အချိန်မှာ ဆုံးသွားတဲ့ဟာကိုဖတ်ရင်း ရွာလည်သွားပါတယ် :)