၆၄ အမှတ်တရ

( written by someone who wanst to share her feeling on Daw Suu's 64 Birthday)
-
++++++++++
-
“ကျွန်ုပ်ကိုယုံကြည်သူများကြောင့် ဖြောင့်မတ်မည်။ဂရုစိုက်သူများကြောင့် သန့်ရှင်းမည်။ဆောင်ရွက်ရန်များကြောင့် ခွန်အားနှင့်ပြည့်မည်။”
-
ဒေါ်အောင်ဆန်းစုကြည်၏ ၆၂ နှစ်မြောက်မွေးနေ့ အမှတ်တရထုတ်သော စာစောင်မှ စာကြောင်းလေးများဖြစ်ပါသည်။ ယခု၂၀၀၉ ဇွန် ၁၉ မှာ ဒေါ်အောင်ဆန်းစုကြည် ၆၄နှစ် ပြည့်တော့မည်။ ၆၄နှစ် ဟူသည် မငယ်တော့ပါ။ သို့သော် ဒေါ်စုကား ခွန်အားနှင့်ပြည့်နေဆဲပင်။
-
x x x
-
ကျွန်မအသက်၂၄နှစ်အရွယ်၊ အလယ်တန်းပြဆရာမဖြစ်ကာစ အချိန်ကာလများရဲ့ တစ်နေ့ မှာပေါ့။ ကျွန်မတို့မြို့ငယ်လေးရှိ ကျွန်မအဒေါ်၏အိမ်ရှေ့တွင် မနက်(၁၀)နာရီလောက်ကပင် စတင်၍ လူတွေစုရုံး၊ စုရုံးနှင့်ရှိနေကြသည်။ မြို့ပေါ်ကသာမက ရွာတွေမှလာကြသောသူများလည်း ပါသည်။ အဖိုးကြီး၊အဖွားကြီးတွေလဲပါကြသည်။ ကလေးချီပြီးလာကြတဲ့ လူလတ်ပိုင်းတွေလဲပါသည်။ လူငယ်လူရွယ်တွေကတော့ အများစုပင်။ ကျွန်မအဒေါ်ကိုယ်တိုင်ကလည်း အိမ်ရှေ့ထွက်ကြည့်လိုက်၊ မီးဖိုချောင်ထဲဝင်လိုက်နှင့် စိတ်လှုပ်ရှားတက်ကြွနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ ကျွန်မတို့မြို့ရှိအဖွဲ့ချုပ်ရုံးသို့လာမည်ဟု သတင်းရထား၍ဖြစ်သည်။ သို့သော် အဖွဲ့ချုပ်ရုံးက အနည်းငယ်ကျဉ်းနေသဖြင့် အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကျွန်မအဒေါ် အိမ်ကို ဆုံရပ်အဖြစ် သတ်မှတ်လိုက်သည်။ ထို့ကြောင့်အဒေါ်ဖြစ်သူမှာ ဂုဏ်ယူစွာဖြင့် စိတ်လှုပ်ရှား နေသည်။ နေ့လည်(၁)နာရီလောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို မြို့အ၀င်မှာ သွားကြို ကြပြီ ဆိုကတည်းက ကျွန်မရင်တွေခုန်နေမိသည်။ အိမ်ရှေ့မှာလည်း လူတွေပိုမိုများပြားလာသည်။ ပြည်သူတွေအပေါ် သူမ၏လွှမ်းမိုးနိုင်မှုက တော်တော်ကြီးမားသည်။ မကြာမီမှာပဲ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ရောက်လာခဲ့ပါပြီ။ ပြည်သူများရဲ့ချစ်မြတ်နိုးသောအကြည့်များက ဒေါ်စု အပေါ် စုပြုံကျရောက်နေကြပါသည်။ တချို့သော သက်ကြီးရွယ်အိုတို့၏ “ဗိုလ်ချုပ်အတိုင်းပဲ”၊ “တို့ဗိုလ်ချုပ်အလွမ်းပြေတော့”၊ “ဗိုလ်ချုပ်သမီးလေး” ဆိုတဲ့အသံတွေကလဲ လမ်းမပေါ်မှာ ပြည့်လျှံနေသည်။ ကြိုဆိုသူများရဲ့နောက်မှ အိမ်အပေါ်ထပ်ဆီသို့ ခပ်သွက်သွက်ကလေး လိုက်ပါသွားသော ဒေါ်စု၏ဟန်ပန်ကို ကျွန်မတို့ညီအစ်မတွေငေးနေမိသည်။ “သမီးက၀န်ထမ်းဆိုတော့ အိမ်ပေါ်ထပ်ကိုတက်မလာခဲ့နဲ့” ဟု အဒေါ်ဖြစ်သူ မှာထားတဲ့စကား ကို သတိမရတော့ပဲ အပေါ်ထပ်ကိုလိုက်ပါသွားကြတဲ့ ညီမတွေနောက်က ကျွန်မလဲအပြေးကလေး လိုက်သွားသည်။ အိမ်ပေါ်ထပ်မှာတော့ အဖွဲ့ချုပ်ဝင်တွေကော တခြားစိတ်ပါဝင်စားသူတွေကော အပြည့်ပဲဖြစ်သည်။ အားလုံး ဖျာတွေပေါ်မှာထိုင်ကြသည်။ဖျာပေါ်တွင် သိမ်မွေ့စွာထိုင်နေသော ဒေါ်စုဧ။် ဟန်ပန်ကတင့်တယ်သည်။ ကြည်လင်လှပသောအသားအရည်နှင့် သူမ၀တ်ထားသော မြန်မာဝတ်စုံက လိုက်ဖက်လှသည်။ အဖွဲ.ချုပ်ဝင်တွေရဲ့ ပြောပြချက်တွေကို စိတ်ဝင်တစား အာရုံစိုက်ကာ နားထောင်နေသည့် သူမဧ။်မျက်ဝန်းများက တဖြတ်ဖြတ်တောက်ပနေသည်။ နှုတ်ခမ်းရောင်လွင်လွင် ချယ်သထားသဖြင့် ခရီးရှည်ကြောင့် ပင်ပန်းသည့်အမူအရာ သူမထံမှာ မတွေ့ရ။ ပြောဆိုဆွေးနွေးကြသူတွေရဲ့ မျက်နှာတွေပေါ်မှာလည်း ကျေနပ်ရွှင်လန်းသည့် အမူအရာ တွေ အထင်းသား။သူမအပြန်မှာတော့ တစ်စုံတယောက်ကစတင်ပြီး “ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ” လို့အော်လိုက်သည်။လမ်းမပေါ်ရှိ ကျန်သူတွေအားလုံး မတိုင်ပင်ရပဲ စိတ်အားတက်ကြွစွာနှင့် ကျန်းမာပါစေ ဆိုတဲ့အသံတွေ ဟိန်းထွက်လာကြသည်။ ကျမကိုယ်တိုင်လည်း အစိုးရ၀န်ထမ်းမို့ နိုင်ငံရေးပါတီတွေနဲ့ ဝေးဝေးနေဆိုတဲ့ကန့်သတ်ချက်တွေကို သတိမရတော့ပဲ ဒေါ်စုဧ။်အပြန်လမ်း တစ်လျှောက် မှာ မြို့အထွက်ထိ စက်ဘီးစီးကာ စိတ်ပါလက်ပါကြွေးကြော်ခဲ့သည်။“ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ”
-
x x x
-
နှစ်တွေတော်တော်ကြာခဲ့ပါပြီ။အခုဆို ကျမအသက် ၄၄နှစ် ပြည့်တော့မည်။လွန်ခဲ့သောနှစ် ၂၀ ကလို လူထုကြီးနှင့်အတူ စိတ်ပါလက်ပါ “ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ” လို့ဟစ်ကြွေးချင်လှပါသည်။ရင်ထဲမှာတော့အမြဲဆုတောင်းနေမိပါသည်။ “ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူ၊ပြည်သားတွေ အားလုံး တရားမျှတသော စိတ်ဓာတ်များဖြင့် ကျန်းမာပျော်ရွှင်နိုင်ကြပါစေ”


Share/Bookmark

3 Comments:

ခင်မင်းဇော် said...

မမနီရေးတာပဲလားကေ...
အမလဲ အဲလိုဆုတောင်းချင်တယ် အကျယ်ကြီးအော်ပြီးတော့လေ....

Moe Cho Thinn said...

သူ ဒီလို သွားသွားလာလာ ပြုံးပြုံးရယ်ရယ်လေး ဘယ်တော့များမှ ပြန်မြင်ရပါ့မလဲ။

သတိတရ ရေးတဲ့ ကေ့ မိတ်ဆွေ မမတယောက် ကို ကျေးဇူးတင်လိုက်ပါတယ်။

“ကျွန်ုပ်ကိုယုံကြည်သူများကြောင့် ဖြောင့်မတ်မည်။
ဂရုစိုက်သူများကြောင့် သန့်ရှင်းမည်။
ဆောင်ရွက်ရန်များကြောင့် ခွန်အားနှင့်ပြည့်မည်။”

ဒီအတိုင်း နေထိုင်ပြုမူတဲ့အတွက် လူထုချစ်တဲ့ ခေါင်းဆောင်ဖြစ်လာရတာပါပဲ။ အတူ ဆုတောင်းသွားပါတယ်။

မမသီရိ said...

“ကျွန်ုပ်ကိုယုံကြည်သူများကြောင့် ဖြောင့်မတ်မည်။ဂရုစိုက်သူများကြောင့် သန့်ရှင်းမည်။ဆောင်ရွက်ရန်များကြောင့် ခွန်အားနှင့်ပြည့်မည်။”

သူအမြဲ ခွန်အားတွေ ပြည့်နေပါစေ