တူညီမျှ ကာ..ကူညီ ကြပါ ( နာဂစ် ပေးစာ )

ကေရေ-
ဧရာဝတီ တိုင်း ခရီးထွက် ပြီး ကတည်း က..အတွေ့ အကြုံ တွေ ပြောပါ ဦး ဆို လို့.. ကေ ဆီ စာရေး မယ် - ရေးမယ် နဲ့..အခုမှပဲ ရေးဖြစ် တော့တယ်။ ပြန်ရောက် ပြီး ကတည်း က..ရုံး အလုပ် ကို အာရုံ ပြန် စိုက် … ပြီး တော့..လိုအပ်တဲ့.. ရွာ တွေဆီ ပြန်ပို့ နိုင် ဖို့..အလှူ ဆက် ခံ နေ ရ တာတွေ နဲ့..ချက် ချင်း စာမရေး ဖြစ် တာပါ။

ကိုယ်တို့..volunteer (၁၀) ယောက် ဇွန်လ လယ် မှာ ..မော်လမြိုင် ကျွန်း နဲ့ ဘိုကလေး မြို့နယ် က..ရွာကလေး တွေ ဆီ ..ခရီး ထွက် ဖြစ် ကြတယ်။ လှေသေးသေး လေး တွေ စီး ပြီး ချောင်းရိုး မြောင်း ရိုး သေး သေး လေး တွေ ကို ဖြတ် လို့..ရွာကလေး တွေ ဆီ ..အရောက် သွား ခဲ့ ကြတယ်။ စုစု ပေါင်း (၁၄) ရွာ ရောက် ခဲ့တယ်။ ကိုယ်တို့ အဖွဲ့ ထဲမှာ ..ဆရာဝန် (၂) ယောက် နဲ့..နာပ်စ် (၁) ယောက် ပါတော့..ရောက်တဲ့ရွာ တိုင်း မှာ ဆေးကုသ ပေး နိုင် ခဲ့ ပါတယ်။ အခြေခံ စားသောက်ကုန် နဲ့..အ၀တ်အစား အိုးခွက် တွေ ကို အဓိက..ထား - ဝေ ခဲ့တယ်။ ရေ ကန် တွေ ပြန်တူးဖော် ဖို့..ရေစုပ် စက် နဲ့ဆီ တွေ ကိုလည်း..လှူ ခဲ့ကြတယ်။

ရွာသူ ရွာသား တွေဟာလေ.. သူတို့ဘ၀ ဆက်လက် ရှင်သန် ဖို့..အလွန်အမင်း ပဲ ရုန်းကန် နေ ကြရတယ်။ ရှေ့ဆက်ရမဲ့..ခရီး အတွက် လည်း..မျှော်လင့် တကြီး ရှိ ကြ တယ်။ ရွာသား တွေ ပြောပြ တဲ့..ဇတ်လမ်း တွေ ဆိုတာ..အများကြီး မှ..တကယ့် အများကြီး ပါပဲ..ကေရေ။ ကိုယ့် အဖွဲ့ တွေ က..ပစ္စည်း တွေ ဝေ.. ဆေး တွေ ကု ကြ ပြီ ဆို ရင် ဖြင့်.. ကိုယ် ကတော့.. ကိုယ့် ရဲ့ ရည်ရွယ် ချက် ကို အကောင် အထည် ဖော်တာပါပဲ။

အလုပ် ရဲ့ သဘော သဘာဝ အရ..ဒီမှာ..Counselling လုပ် နေ ရ တဲ့..ကိုယ်က..ကလေး တွေ အတွက်.. soft toy တွေ နဲ့..သကြားလုံး တွေ ..ဦး ထုပ် တွေ ..သယ်သွား တာလေ..။ စိတ်ဒဏ်ရာ ရ နေ ကြတဲ့.. ကလေး တွေ အတွက်.. တဒင်္ဂ ပျော်ရွှင်မူ အတွက် ပါ။ အဲဒီ ပစ္စည်း လေး တွေ ရ တော့.. ကလေး တွေ သိပ် ပျော် ကြတာ.. တွေ့ ခဲ့ ရတယ်။



ကိုယ့် မှာ သူတို့လေး တွေနဲ့.. Activities လေး တွေ လုပ်ဖို့.. ယူသွားတဲ့..ပုံဆွဲစက္ကူ..ရောင်စုံ ခဲ တံ.. စတစ်ကာ လေး တွေ တောင်..မသုံး ခဲ့ ရဘူး။

ကေ ရေ- ရွာ မှာ က..ပစ္စည်း တွေ ဝေ.. ဆေး တွေကု ပြီး တာနဲ့..နောက်တရွာ ကို..ခရီး ဆက် ကြ ရ တော့..ကိုယ့် မှာ -အဲဒီလောက် အချိန် မရ လေ...။ ကိုယ့် ရဲ့ ခင်မင် ရင်း နှီး တဲ့ senior counsellor တွေ ရဲ့..အကြံပေးချက်.. Psychiatrist ဆရာဝန် ကြီး ရဲ့ သင်ပြ ပေး မူ တွေ နဲ့ အတူ ..ပါသွားတဲ့ ဆရာဝန် တွေ ရဲ့ အကူအညီ နဲ့..စိတ် တွေ ဂနာ မငြိမ် ဖြစ် နေ တဲ့.ရွာ သူ ရွာသား တွေ ကို..ဆေး ကု ပေး နိုင် ခဲ့ပါတယ်။

မှတ် မှတ် ရရ- အသွား (၄) နာရီ..အပြန် (၄) နာရီ ကြာ အောင်..ပဲ့ ထောင် လေး စီး ပြီး သွားခဲ့ ရ တဲ့ ..ရွာ ကလေး က..ဇာတ်လမ်း လေး အကြောင်း ပြောပြမယ် နော်..။ အဲဒီ ရွာ က..ဘုန်း ဘုန်း က..ရန်ကုန် ထိ တက်လာ ပြီး..အကူအညီ လာ တောင်း တာပါ။ ရွာ က ဝေးလွန်း တော့..အလှူ ရှင် တွေ မရောက် ကြ ဘူးတဲ့။ ဒါနဲ့ပဲ..တို့ အဖွဲ တွေ လှူမဲ့ အထဲက.. ပစ္စည်း တွေ ကို.. ဘုန်းဘုန်း တို့ ရွာ အတွက်.. လှေကြီး တစင်း နဲ့ ခွဲ ပြီး..အရင် ပို့ထား လိုက် ကြတယ်။ ကိုယ် တို့ ရဲ့..(၅) ရက် ခရီး စဉ် မှာ..နောက် ဆုံး နေ့ ကြမှ..အဲဒီ ရွာ ကို..ဆင်းမယ် လို့..စီစဉ် လိုက် ကြတယ်။ အဲဒီ ရွာ ကို ဆင်း တဲ့ နေ့ လည်း ကြ ရော.. မိုးက..တနေ ကုန် နီး ပါးရွာ တာ..ကေရေ...။ ကိုယ် တို့ အဖွဲ့ဆို တာ..လူတိုင်း က..ရေကူး တတ် တာ လည်း မဟုတ်..။ ပဲ့ထောင် သေး သေး လေး နဲ့..မိုးရေ ကြားထဲ မှာ..လှေ ကလည်း..ရေနဲ့ လက် တလုံး အကွာ တောင် မရှိ တော့ တဲ့..ချောင်းရိုး ပြင် မှာ..(၄) နာရီ ကျော် ကျော် ကြာ အောင် စီး ရင်း.. ` ရေ ကျော်တိုး´ ဆို တဲ့..ရွာဆီ ..အရောက် သွားခဲ့ ကြ ပါတယ်။

ရွာရောက် တော့.. ရွာသူ ရွာသား တွေ နဲ့ အတူ..လူနာ (၅၀) ကျော် လောက် စောင့် နေ ကြ ပါတယ်။ အရင် ပို့ထား နှင့် တဲ့..ပစ္စည်း တွေ နဲ့..ကိုယ်တို့ ထပ် သယ် လာ တဲ့..ပစ္စည်း တွေ ကို ဝေ ကြ တာပေါ့။ ထုံးစံ အတိုင်း..ကိုယ် လည်း.. ကလေး တွေ ကို..စု ပြီး...သကြားလုံး ဝေ ပါတယ်။ သကြားလုံး ဝေ အပြီး.. ဘုန်း ကြီး ကျောင်း ပေါ် ပြန် အတက်.. ကိုယ့် ရဲ့..လက်ကို..အမျိုးသမီး တယောက် ..လာဖမ်းဆွဲ ပြီး.. ဒီက..အမက..ဒီရွာ က..မဟုတ်တော့..ဘာမှ မရ ဘူးတဲ့လေ..။ တို့ ကလည်း..`အိုး..ဘာလို့ မရ ရ မှာ လည်း..လာ..ကျမ နဲ့ လိုက်ခဲ့..လို့..´ ခေါ် လိုက် တယ်။ ဒါနဲ့ပဲ.. ဆေးကု တဲ့ အဖွဲ့ ကို..စောင့် ရင်း.. အဲဒီ အမျိုးသမီး လေး ကို လည်း..ပစ္စည်း ပေး ရင်း..စကား ပြောဖြစ် ကြ တော့မှ.. အသက် (၃၀) ကျော်စ..ဒီအမျိုးသမီး လေး က..ကလေး (၅) ယောက် ရှိတာ..( ၅) ယောက် လုံး..မုန်တိုင်း ထဲ မှာ..ပျောက် ဆုံး သေဆုံးသွား ကြ တာ တဲ့။

သူ ကိုယ် တိုင် လည်း..လှိုင်း နဲ့ အတူ ပါ သွားလိုက် တာ..ရွာသုံးရွာ အကျော် လောက် မှာ..သွားတင် နေတာ..မနက် မိုးလင်း တော့..ချက်ချင်း သတိ မရ ဘူးတဲ့။ နဲနဲ ကြာ တော့ မှ..သတိ ရ လာ ပြီး..ရွာဆီ ကို တဖြေး ဖြေး ပြန် လာတော့....ရွာ ရောက်တော့..သူ့သားသမီး တွေ တယောက်မှ..မရှိ ကြ တော့ဘူး။ သူ့ ယောက်ျား တော့.အသက်ရှင် ကျန် ခဲ့တယ်။ ဒါနဲ့ပဲ..သူ့အမေ ရှိတဲ့..ဒီ - ရေ ကျော်တိုး ကို လာ နေတာတဲ့။ တို့ တွေ..စကား ပြော နေ တဲ့..အချိန် ..သူ့ ဘေး နား မှာ ..တဘက် လေး ..ပခုံးပေါ် တင် ပြီး..ကပ်ထိုင် နေတာ က..သူ့အမေ ပေါ့။


သူ့အမေ က..၀င် ပြော တော့ လည်း..သူ့မှာ ..သမီး (၄) ယောက် ရှိ တာ၊ ဒီတယောက် ပဲ..အသက် ရှင်တာ တဲ့လေ.. ကျန်တဲ့ သမီး (၃) ယောက် ကမွေး ထားတဲ့..မြေး တွေ ထဲက လည်း..(၂) ယောက်ပဲ..သူများ ပြန် လာပို့ ထားလို့. ပြန်ရ ထားတာ တဲ့..။ ခပ်လှမ်းလှမ်း မှာ ရှိ နေတဲ့..(၁၂) နှစ် အရွယ် ကောင် ကလေး ကို..လက်ညှိုး ထိုး ပြ ရင်း..ဒီ ကလေး က..လှိုင်း နဲ့ ပါသွား ရင်း..ရွာတရွာ က..အမှိုက်တွေ ကြားထဲ မှာ..မျက် နှာ ကလေးပဲ..ပေါ် ပြီး..တင် နေတာတဲ့။ ကလေး က..အမှိုက်တွေ အောက်မှာ..လုံးဝ မလှုပ်နိုင် ဖြစ် နေတာ။ အဲဒီ အချိန် မှာ ..လူ တွေ လိုက် ရှာ နေတဲ့..ရွာသား တွေကို..တွေ့ တော့..` ကယ်ပါဦး´ လို့ လှမ်းအော် တော့..ရွာသား တွေက....ကလေး ကို အမှိုက်တွေ ကြား ထဲက..ဆွဲထုတ်..အေးလွန်း လို့..မလှုပ် နိုင် ဖြစ် နေတဲ့..ခြေ လက် တွေ ကို..သွေး နွေး လာ အောင်..နှိပ်နယ် ပေးပြီးမှ.. ရွာ နံမည် မေးလို့..ရွာ အရောက် ပြန် ပို့ ကြ လို့..ပြန်ရ ထား တာတဲ့ ကွယ်...။

ကဲ..ဒီမှာ ပဲ..ကိုယ့် ရဲ့..Counselling Session ကို..အမေရော..သမီး အတွက်ပါ..စ ရ တော့တာပေါ့။ သူတို့ ရင် ထဲက..စကား တွေ ထပ်ထွက် လာ အောင်..ပြောချင် လာ အောင်..ကိုယ် က..မေးခွန်း တွေ မေး ရ တော့ တာပေါ့။ သိ လိုက် ရ တာ ကတော့.. သမီးရော..အမေရောက..ဖြစ်ခဲ့တဲ့..အကြောင်း အရာ တွေ ကို.. လုံးဝ ပြန် မပြော ကြဘူး။ တယောက် နဲ့ တယောက်..စကား လည်း ပြောမနေ ကြဘူး။ ငိုလည်း မငို နေကြဘူး..။ အားလုံး ကိုမြိုသိပ် ပြီး ကြိတ် ခံ နေ ကြတာ။ သမီးလုပ်တဲ့ သူက.. တနေ့ ကို တနပ်ပဲ စား ပြီး..ရွာ တွေ ထဲ ကို..ခြေဦး တည့်ရာ လျှောက်သွား နေတာ..ည ဆို လည်း..ခန္ဓာကိုယ်က.. မခံ နိုင် တော့မှ..အိပ်တာ။ အိပ် လည်း ..ခဏ ပဲ။ နားထဲ မှာ လည်း..သား တွေ..သမီး တွေ ရဲ့..ကယ်ပါ ..ယူပါ..တစာစာ နဲ့..အကူအညီ တောင်း နေတဲ့..အသံ တွေပဲ..ကြားနေ ရ တာ တဲ့။

ကဲ- ကေရေ... သူတို့ ခံစားချက် တွေ ပွင့် ထွက် ပြီး.. သက်သာ အောင် လုပ် ပေး ရမှာက..ကိုယ့် တာဝန် လေ....ကံကောင်းစွာ နဲ့ပဲ..သူတို့ တွေက..ကိုယ့် ရဲ့..မေးခွန်း တွေ ကို ဖြေ ကြ တယ်။ မေး ရင်း..ဖြေရင်း..ပြောရင်း နဲ့ပဲ.. တချိန် မှာ တော့..သမီး ဖြစ်တဲ့သူက..ငိုချ ပါလေ ရော..။ ဒါနဲ့ ပဲ.. ကိုယ်က..ငို တာဟာ..သာ မန် ဖြစ်စဉ် ပါ။ ငိုချ လိုက်ခြင်း အားဖြင့်.. စိတ်ခံစားမူ တွေ ..လျော့ စေပါတယ်။ ငိုချင် ရင်..ငိုသာ ငိုချလိုက်ပါ လို့..အားပေး ရ ပါတယ်။ ကဲ- ကေရေ.. စားစရာ က..မရှိ။ ၀တ်စရာ က..ဒီတစုံ ပဲ ရှိ တဲ့..သူတို့ဘ၀ မှာ ..ဒီ လို..စိတ် ခံစားချက် တွေနဲ့.. ခရီးဆက် ရ မဲ့..ဒီရွာသူ နဲ့..သူ့အမေ ရဲ့ ဘ၀ ကို..တွေး မိ တော့..တော့် တော့် ကို..ရင်လေး မိပါတယ်။

ဒါပေမဲ့ လည်း.. အားပေး ရ မှာ က..ကိုယ့် တို့ တာဝန်လေ။ တို့ တွေ က..ရှင်းပြ လိုက် ပါတယ်။ အမ တို့..အဖွား တို့တွေရဲ့..အသက်ရှင် ခြင်း ဟာ..ကျ မတို့တွေ အတွက်..အင်မတန် တန်ဖိုး ရှိပါတယ်။ ကျမ တို့ တွေက..ကိုယ်တိုင် ကိုယ်ကြ ..လာနိုင် တဲ့ အခွင့်အရေး ရ လို့.. အမ တို့ ဆီ ရောက် အောင်..လာနိုင် ခဲ့ ကြ တာ။ မလာ နိုင် တဲ့..ပြည်တွင်း ပြည် ပ က..သူတွေက..လှူဒါန်း လိုက် တဲ့..ဒီပစ္စည်း တွေ မှာ.. အမ တို့ တွေ အတွက်.. ချစ်ခြင်း မေတ္တာ တွေ ပါ ၀င် နေ ပါတယ်။ ကျွန် မ တို့ တွေ ဆို တာ..ရေ လည်း ကောင်း ကောင်း မကူး တတ် ပါဘူး..ဒါပေမဲ့.. အမ တို့ ဆီ ရောက် အောင် လာခဲ့ ပါတယ်။ ဒါ ကြောင့် မို့..လူရော..စိတ် ရော.. ကျန်းမာ အောင် နေ ပေး ကြပါ။ အမ တို့ ရဲ့.. အသက်ရှင် ခြင်း ဟာ.. ကျမ တို့ အားလုံး အတွက်..တန်ဖိုးဖြတ် မရ ခြင်း ပါ လို့..ပြော ပြ တော့.. သူတို့ ရင် ထဲ မှာ လှိုက် ကနဲ..ဖြစ်သွား တဲ့ ခံစားချက် ကို ..အနီးကပ် ထိုင် နေတဲ့..ကိုယ့် ဆီ..ရိုက်ခတ် ရောက် လာ ပါတယ်။… ခြေ ဦး တည့် ရာ..လျှောက်မသွား ပဲ.အဖွား နဲ့ အတူတူ ရင်ဖွင့် ကြ ရင်း..ငိုစရာ ရှိ လည်း ငို.. လုပ် စရာ ရှိ လည်းလုပ် ရင်း.. ဘ၀ ကို ပြန် တည် ဆောက် ဖို့..အားပေး ခဲ့ ရတယ်။ ပြီး တော့..ဆရာဝန် နဲ့ တိုင် ပင် ပြီး ..စိတ်ငြိမ် ဆေး နဲ့..အားဆေး တွေ လည်း ပေးဖြစ် ခဲ့တယ်။

ကေ ရေ- ရွာ တွေမှာ..ကလေး တွေ ဆိုတာ..မိုးသံ လေသံ ကြား ရင်..အဖေ အမေ တွေ ဆီ..ပြေး ကပ် ကြ တာပဲ။ တစ္ဆေ သရဲ နဲ့ ခြောက် ရင်..မကြောက် ပေမဲ့.. မုန် တိုင်း လို့ ခြောက် ရင် ..ကိုယ် တွေ..တုန် နေ အောင်..ကြောက် ကြ တယ်လို့..ရွာသား တယောက် က..ပြော ပြ တော့.. တို့က..ဦး လေး ရယ်..အဲလို တော့..ကလေး တွေ ကို..မခြောက်ပါနဲ့..စိတ်ဒဏ်ရာ တွေ ..ရ ကုန် ပါ ဦး မယ် လို့..တား ရ သေးတယ်။ ကလေး တွေ သာမက..ကျွဲတွေ..နွားတွေ ကလည်း..လေသံ ကြားရင်..ခြေဦး တည့် ရာ ပြေး နေ ကြ တာတဲ့။ ကိုယ် တို့ အဖွဲ့ တွေရဲ့..လှုပ် ရှား မူ မှတ် တမ်း တွေ ကို..ဓါတ်ပုံ ရိုက် လို့..ကင်မရာ က.. flash ထွက် ရင် တောင်..ယောက်ကျား ရင့်မ ကြီး တွေက..` အောင်မလေး´ လို့ အော် ပြီး..ကိုယ် တွေ တုန် သွား တာ..မြင်ရတော့..ကိုယ့် စိတ် တွေ ..ဘယ်လို မှ..မကောင်း နိုင် တော့ ဘူး ကေ ရေ..

ရွာ က..မပြန်ခင် ည မှာ လည်း..လေ တွေ မိုးတွေ ..အရမ်း တိုက် လို့..မနက် (၄) နာရီ လောက် မှာ..လန့်နိုး ကြ ရတယ်။ လေ က..မိုင် (၅၀) လောက် အထိ တိုက်သွား တာ။ တို့ တွေ က..မုန် တိုင်း ကို မခံ ခဲ့ ရ ဘူးတော့.. အသံ တွေ နား ထောင် ပြီး..ပါလာတဲ့..အဖွဲ့သား တွေ ကို..မနက် ကျ ရင်..ရွာသား တွေ က..ပြန်လွှတ် မှ..ပြန်မယ်။ မိုးလေ ၀သ မကောင်းလို့.. မပြန် ပါနဲ့ ဆို ရင် တော့..တရက် ဆက် နေ ကြတာ ပေါ့ လို့ ..တိုင် ပင် ကြ ပြီး..ပြန် အိပ် ပျော် သွား ကြတယ်။ မနက် ကျ မှ..သိ ရ တာ ကတော့.. ညတုန်းက..ရွာသား တွေ ရွာလုံး ကျွတ်နီး ပါး..လမ်း မပေါ် မှာ ရောက် နေ ကြ တာတဲ့။ လေ လာတဲ့ ပုံစံ ကလည်း.. နာဂစ် အတိုင် ပဲ တဲ့ လေ….. ။ ကဲ- လူ တွေ ရဲ့ စိတ် ခြောက် ခြား မူ က..ခန့်မှန်း လို့ မရ နိုင် လောက် အောင် ပါပဲ..ကေ ရေ...။

ရွာသူ ရွာသား တွေဟာ.. စိတ် ပိုင်း ဆိုင် ရာ သာမက.. ရုပ် ပိုင်း ဆိုင် ရာ အရ လည်း..တကယ့် ကို.. အကူ အညီ တွေ လိုအပ် နေ ကြ သေးတယ်။




တချို့ ရွာ တွေ မှာ..ငွေကြေး စီးဆင်း မူ ဆို တာ..ရှိ ကို မရှိ တော့ ဘူး။ ပစ္စည်း တခု ကို..နောက် တခု နဲ့ လဲလှယ် ပြီး..နေ ကြ ရ တဲ့ ဘ၀ ရောက် နေကြ တယ်။ မျက်စိ တဆုံး စိမ်း နေ တဲ့..လယ် ကွင်း ပြင် တွေ မှာ..စပါး ပင် တွေအစား ..မြက် ပင် တွေ ကြီး စိုး နေ တာ..မြင် ရ တာ..ရင်နာ စရာ ပါ ကေ...။




ကျောင်းရှိ တဲ့ ရွာ တွေ မှာ လည်း..ကျောင်း တွေက..ပြားပြားဝပ် အောင် ပြို နေ ကြတာ။ ဘုန်းကြီး ကျောင်း တွေ ကလည်း..ပြို ဆို တော့...ဒီစာသင် နှစ် မှာ ကလေး တွေ..ဘယ်လို စာသင် ကြ ရ ပါ့ မ လဲ..။ တချို့ ရွာ တွေ မှာ..မူ လတန်း ကျောင်း တောင် မရှိ ဘူး ကေရယ်။ ရွာသား တွေ ဆီ က..ဒီ စကား ကြားလိုက် ရ တော့.. အတော့် ကို..အံ့ သြ သွား မိ တယ်။ နီးစပ် ရာ ရွာ မှာ ရှိ တဲ့..မူ လတန်း ကျောင်း ကိုပဲ.. လှေနဲ့ သွား တက် ကြ ရ တာ တဲ့….။ ဟူး... မလွယ် ပါ လား ကေ ရေ....။

ကိုယ် တို့တည်း ခဲ့ တဲ့..ရွာက..ရွာသူ ရွာသား တွေ ပြော ပြ တာ တော့..မိုးရာသီ မှာ..ချောင်း တွေ မြောင်းတွေမှာ..ငါး ပုဇွန် ရှာ စား လို့..ရ နေ ကြ ပေမဲ့..မိုးရာသီ ကုန် ရင် တော့.. ကျနော် တို့ ရွာသား တွေ..ငတ် ဦး မှာ ပါပဲ တဲ့..။ ကဲ ..ကေ ရေ.. ဒီ စကား က..ကိုယ့် ကို တချိန် လုံး..ခြောက် လှန့် လို့ နေတယ်။ ဒီ ပြန် ရောက် ပြီးကာမှ.. ရွာတရွာ က..ဘုန်းဘုန်း က..ဘိုကလေး တက်လာ ပြီး.. ရွာက..ရွာသူရွာသား တွေ..ငတ် တော့မှာ မို့လို့..ဆို ပြီး..အလှူ ရှင် လာရှာ တဲ့..သတင်း လည်း ကြားရော..ကိုယ်တို့တွေ..ဒီမှာ..အမြန် ပိုက်ဆံစု ပြီး.. ပို့ ပေး လိုက် သေးတယ်။



ကိုယ် ကတော့..သွေးအေးစ ပြု နေပြီ ဖြစ် တဲ့..ဗမာ အသိုင်း အ၀ိုင်း ကို ဧရာဝတီ ရဲ့ လက်ရှိ အခြေ အနေ ကို တင်ပြ ဖို့ ကြိုးစား နေ တယ်။ ပြီး တော့..လစဉ်..အလှူ ငွေ လေး ကောက် ပြီး..ပြန် ပို့ ပေးဖို့ လည်း..လုပ် နေပြီ။ ကူညီသူ အချို့ လည်း ပေါ် ထွက် လာနေ ပြီ။ ပြည်တွင်းက..အလှူရှင် တွေ က..အတော့ ကို အားလျော့သွား ပြီလေ။ ငတ် နေမဲ့.. ကိုယ် တို့ ရဲ့..ပြည်သူ တွေ ကို..သတိ ရ လိုက် တိုင်း..ထမင်းလုတ် က..မျိုချ ရ မှာ..ခက် ခဲ နေ တုန်း ပဲ..ကေ ရေ....။

ဧရာ ၀တီ တိုင်း ကြီး ကလည်း..ကျယ်..ရေ လမ်း ခရီး ကလည်း ခက်.. ဒုက္ခ ရောက် နေတဲ့.. ပြည်သူ တွေ က ကလည်း.. သန်းနဲ့ချီ ပြီး..အဲဒီ နယ် တွေ မှာ..ရှိ နေ ကြတာ..။ ဒါ ပေမဲ့.. ဒီ ပြည်သူ တွေ က.. ကိုယ်တို့ ချစ်ရ တဲ့..ပြည်သူ တွေ လေ.. ။ ကိုယ် တို့..စား ခဲ့ တဲ့..ထမင်း တွေ ဖြစ် အောင်..ဖန်တီး ပေး ခဲ့ တဲ့..သူ တွေ လေ..။ ကိုယ် တို့ တွေ ရဲ့.. ဘ၀ က..ပြည် ပ မှာ..သူတို့ တွေ နဲ့ယှဉ် ရင်..သက် တောင့်သက် သာ နိုင် လှ ပါ တယ်။ ဘာဖြစ် လို့.. ကိုယ် တို့ တွေ ရ ထား တဲ့..အထဲက..ချစ် ရ တဲ့ သူတွေ အတွက်.. မျှ ဝေ မပေး နိင် ရ မှာ လည်း နော်... လက် တွေ ခိုင် ခိုင် တွဲ လို့....တို့ချစ် တဲ့..သူတွေကို..ကယ် တင် ကြ ရ အောင်..ကေ ရေ...

ရေ ကျော် တိုး ရွာက..အမှတ် တရ ပေး လိုက် တဲ့..ကဗျာ လေး ကို လည်း..ဝေမျှ ပေးလိုက် ပါတယ်။ တူ ညီ မျှ ကာ..ကူ ညီ ကြ ရ အောင် ကွယ်...

Photobucket

လေဘေးသင့် ပြည်သူ များ ဆီ သို့..ကမ်းလင့် သော လက် များ ..ဆက် လက် တိုးပွား နေ ပါစေ...။


သူငယ် ချင်း - မမေ


+++++++++

စင်ကာပူ အခြေ စိုက်.. volunteer group အား၊ ဆက်သွယ် လို ပါ လျှင်- mamaymya@gmail.com



Share/Bookmark

12 Comments:

Anonymous said...

အမရေ...............ပြောစရာစကားရှာမရအောင်ကိုဝမ်းနည်းရပါတယ်

Anonymous said...

ဘာပြောရမှန်း မသိအောင် ခံစားရပါတယ်...

ATN said...

အသံမဲ့သွားတယ်ဆိုရင်....

Moe Cho Thinn said...

ညီမ ကေ ရေ
ဒီပို့စ်လေးအတွက် မမေ ကိုရော၊ ညီမကိုပါ ကျေးဇူးတင်မိပါတယ်။ အမတို့လဲ ကိုယ်တတ်နိုင်သလောက် ကူနိုင်သလောက် ကူနေဆဲပါပဲ။ ဒါပေမဲ့ တာဝန်အရှိဆုံးလူတွေက တာဝန်အမဲ့ဆုံးဖြစ်နေလေတော့ ဆင့်ပါးစပ် နှမ်းပက်တာထက်တောင် ဆိုးနေပါသေးတယ်။
နာဂစ်မှာ ဆုံးသွားတဲ့သူတွေ ကံကောင်းကြတယ်။

Anonymous said...

အဓိကကတော့ မမေ နောက်ဆုံးမှာ ပြောသလို ... ဒုက္ခသည်တွေအတွက် သွေးအေးတာမဖြစ်သွားပဲ ဆက် ကူညီနေဖို့ပဲ ။

နိုင်ငံတကာ အကူအညီရခဲ့တဲ့ စူနာမီဒဏ် ခံခဲ့ရတဲ့ အင်ဒိုနီးရှားတောင် တစ်နှစ်လောက် အချိန်ယူ ပြန် လည် ပျိုးထောင်ခဲ့ရတယ် ။ စူနာမီထက် ဆိုးတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ ၊ နိုင်ငံတကာအကူအညီကိုလည်း ရသင့်သလောက် မရနိုင်ခဲ့ကြတဲ့ မြန်မာလူမျိုးတွေအတွက်ကတော့ ဘယ်လောက်များ အကူအညီလိုမယ်ဆိုတာ စဉ်းစားကြည့်တာနဲ့ သိနိုင်လောက်ပါတယ် ။

ကြိုက်လည်း ကြိုက်မိတဲ့ .. နောက် ကိုယ့်ဘာသာ သတိပေးဖို့ အမြဲလည်းဖတ်ဖြစ် တဲ့ quote လေး တခုကို ဝေမျှချင်ပါတယ် ...

"It's not enough to care about the world. Caring and feeling emotions is a waste of time and energy. Unless we get up and do something about the things we care about, it would be irrelevant."

[1997 Nobel Peace Laureate, Jody Williams]

တန်ခူး said...

မကေ နဲ့  မမေကို ဒီပို့ စ်လေးအတွက် ကျေးဇူးပါ… ကျွန်မ မျက်ရည်ကျမိပါတယ်… ဒီမှာတော့ ခုထိ လက်လမ်းမှီသလောက် ကူညီနေကြပါတယ်… သွေးတွေ ပြန်ပူနွေးလာစေတဲ့ ဒီပို့ စ်လေးကြောင့် အလှူရှင်တွေ ပြန်လည်နိုးကြားလာမှာပါ…

ကလိုစေးထူး said...

တိုက်ဆိုင်ပါတယ် မကေ နဲ့ မမေ...။ ဘာလို့လဲဆိုတော့ မနက်ဖြန်ဆိုရင်ပဲ ကျနော့်ဆီကနေ မြန်မာပြည်ထဲကို နာဂစ်အတွက် အလှူငွေ ထပ်လွှဲဖြစ်ဦးမှာမို့ပါ။ ဒါပေမယ့် အခုတခေါက် လွှဲမယ့်ငွေဟာ မုန်တိုင်း သတင်းကို စကြားကြားခြင်း ပထမဆုံး အခေါက်က ငွေပမာဏနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ သိပ်ကို နည်းလွန်းသွားပြီ။ ဒါပေမယ့် ကျနော် ဘာတတ်နိုင်မှာတဲ့လဲ...။ `ကျနော်၊ မအားသေးလို့ နောက်မှ ဆက်လိုက်ဗျာ´ တို့...၊ `အင်းအင်း၊ ကျနော် ၂၀ လောက်တော့ ထည့်လိုက်မယ်ဗျာ´ တို့...၊ `ငွေက ဘယ်လောက်ထိ ထပ်လှူကြမှာလဲ၊ အမြဲတမ်းကြီးကျတော့ မလွယ်ဘူးထင်တယ်´ တို့...၊ အဲဒီ စကားတွေကို သည်းညည်းခံရင်းနဲ့ပဲ လုပ်သင့်တယ်လို့ ထင်တာလေးကို လုပ်နေပေမယ့်လဲ ကိုယ်ကိုယ်နှိုက်မှာကိုကလဲ အားနည်းလာတာ (အရင်လောက် မလှူနိုင်တော့တာ) ကိုတော့ မငြင်းနိုင်ဘူး။

အခု ဒီပို့စ်ကို ဖတ်မိတာ ကျနော် မျက်ရည်ကျရတယ်။ အထူးသဖြင့် ကင်မရာရိုက်တဲ့ flash အလင်းက အစ ကြောက်နေတဲ့ အကြောင်းကို ဖတ်ရတဲ့ အခါ ရင်ထဲမှာ ဆို့သွားတယ်။ ဘယ်သူက ဘာမလုပ်လို့၊ ဘယ်သူ့မှာ ဘယ်လို တာဝန်ရှိတာတို့ ဆိုတာတွေလဲ ပြောချင်စိတ်တွေ တော်တော်ကို ကုန်ခန်းသွားတယ်။ ကျနော်လုပ်နိုင်တဲ့ အတိုင်းအတာကို အခုထက် ပိုမြှင့်ပြီး လုပ်ဖို့လဲ ဒီပို့စ်ဟာ တွန်းအားတခုပါပဲ။ မမေတို့ လုပ်နေတဲ့ လုပ်အားပေး အစီအစဉ် အခုထက်ပိုပြီး ကူညီနိုင်ကြပါစေ၊ တခြားသော ကူညီနေကြသူတွေလဲ ဒီထက်ပိုပေါ်လာနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်ဗျာ။

M.Y. said...

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး ဆိုတာတွေက အစိုးရ နဲ့ နိုင်ငံတကာကပါဝင်မှသာ တကယ်ထိရောက်မှာပါ။ အရေးအကြီးဆုံးကတော့ လူသားဆန်တဲ့အစိုးရ ကို ပြည်သူတွေရရှိဖို့ ပါပဲ။

ဘာပဲပြောပြော နိုင်တဲ့လူနိုင်သလောက်ကူနိုင်ဖို့  ဒီပို့ စ်က တတပ်တအား တွန်းအားတော့ဖြစ်မှာပါ။

Anonymous said...

မကေ...
ကျွန်တော်လာဖတ်သွားပါတယ်...
နောင်လည်းတတ်နိုင်ရင်ကူညီချင်ပါသေးတယ်...
ပေါက်

kay said...

ဂရုတစိုက် မှတ်ချက် များ ပေး သွား တဲ့..မိတ် ဆွေ တွေ အားလုံး- ကျေးဇူးပဲ။ ခုလို..သွေးအေးစ ပြု နေ တဲ့ အချိန် မှာ ဒီစာလေး ကို ရေးပို့ တဲ့ သူငယ်ချင်း- မမေ ကို လည်း..အထူးပဲ ကျေးဇူးတင် မိတယ်။ သူလုပ်နေ တဲ့..အလုပ် တွေ အတွက် လည်း..ဂုဏ်ယူ မိ ပါတယ်။ ကို မောင်ရင် ပြောသလို ပဲ- ကိုယ်ထူ ကိုယ် ထ ကတော့.. မတ်တပ် ထ လို့ ရ တဲ့ အဆင့် ပဲ လုပ် နိုင် ပါ လိမ့်မယ်။ လမ်းဆက် လျှောက် နိုင် အောင်..ကူညီဖို့ ကတော့.. တိုင်း ပြည် ရဲ့ တာဝန် ပါ။ ဒါပေမဲ့လည်း..အများ သူငါ တိုင်းပြည် များ နဲ့..အခြေ အနေ ချင်းက..မတူ လေ တော့.. ကိုယ့် အား တွေ ကိုပဲ..ပို ညှစ် ထုပ် .. နေ ရ တော့ တာ ပဲလေ။

နောက်- ဂျစ် ပြောသလို..ကိုးကားသလို- လက်တွေ့ စိုက် ဖို့လည်း.. တတ်နိုင်သမျှ ကြိုးစား ကြ တာပေါ့။

ဒါနဲ့..ကိုစေးထူး တို့ လုပ်နေတာ လေး အတွက် လည်း..ပွားများ ကြည် နူးလိုက် မိ ပါတယ်။

အော- ပေါက် ရေ- ကျေးဇူးပဲနော်။ ဘာပဲ ပြောပြော..လွှတ်ချ လိုက် လို့ တော့.မဖြစ်ဘူး နော်။ ဆက် ထမ်း နေ ရ အုံးမယ်။ နိုင်သလောက် ပေါ့ လေ...

အော်-

Shwe Bo Thar Lay said...

ကျေးဇူးအများကြီးတင်ပါတယ်၊ နောင်လည်းဒီလိုမျိုးသိအောင် မျှဝေပေးစေချင်ပါတယ်။

Moung Yin Aw said...

နိုင်ငံရေးက လုံးဝမှားယွင်းနေလို့ မြင်နေရတဲ့ အဖြစ်ဆိုးတွေပါ။ အလှူငွေတွေပေးနေရုံနဲ့တော့ ပြဿနာတွေပြေလည်သွားမှာ မဟုတ်တာကို အားလုံး သိပါလိမ့်မယ်။ မလှူလို့လဲ မဖြစ်ဘူး။ တတ်နိုင်သလောက်လှူရမှာဘဲ။ အဲဒီလိုဘဲ.. နိုင်ငံရေးမှန်ကန်လာအောင် လုပ်ရပ်တွေမှာလဲ.. ပါဝင်ပတ်သက် ထောက်ပံ့ရမှာကို နောက်တွန့်နေလို့ မရဘူး မဖြစ်ဘူးဆိုတာ ပြောချင် တိုက်တွန်းချင်ပါတယ်။ ဓာတ်စာစားနေရုံနဲ့ ရပ်မနေကြပါနဲ့။ ဓာတ်စာစားပြီး ရပ်နေတာတွေ့ရင်လဲ ရောဂါရင်းမြစ်ပျောက်အောင်ကုတဲ့ ကိစ္စထိဆက်သွားအောင် တိုက်တွန်းကြ၊ ပါဝင်ကြပါ။

မောင်ရင်သြ
http://solidpatriots.blogspot.com