ဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အတွက်-

ဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အတွက်- ဟိုးအဝေး ဖုန်ထူထူမြို့လေးကနေပြီး..ကမ္ဘာပြားပြား ဒိုးယိုပေါက်က တဆင့် .. စီးဆင်းရောက်လာတဲ့.. အမတယောက်ရဲ့ ခံစားချက် စာလုံး ကလေးတွေပါ။


++++++++


လွန်ခဲ့တဲ့ (၂)နှစ်က ခရီးရှည်ရွက် လွှင့်သွားခဲ့တဲ့ ကဗျာ ကြယ်ကြီး တလုံးကို လွမ်းဆွတ် တသစိတ်နဲ့ မိုးကောင်းကင်ကို မော့ကြည့်မိ....။

ဟိုး--- အရှေ့ဖက် မိုးကောင်းကင်မှာ အရောင်ဖြာ တောက်ပ နေတဲ့ ကျမတို့ရဲ့ ကဗျာကြယ်ကြီး...

ကြည့်စမ်း---သူ့ထံမှ လှိုက်လှဲ နွေးထွေးတဲ့ အပြုံးဓာတ်တွေဟာ ကူးစက်ခံစားကျမကို လွှမ်းခြုံသွားပေါ့။

ဒါဆို-- သူ ကျမတို့ကို ပြုံးကြည့် နေတာပေါ့။ ပြုံးပြီး အားပေးနေတာပေါ့ ။
ခုတလော---မြင်ရကြားရ နားဝ မချမ်းသာမူ များကြောင့် ၊ကျမတို့ နွမ်းလျ ခံပြင်း အားမာန် တင်းနေရပုံများကို သူလဲသိရော့ထင်။

ကျမ ၀မ်းနဲနာကျည်း၊ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်းရင်ထဲမှ စီးဆင်းလာသော ကဗျာကလေး တပုဒ်ကို တိုးတိုး ညှင်းညှင်း ရွတ်ဆိုပြီး သူ့ကို တိုင်တည်မိပေါ့။



ကမ္ဘာမြေရဲ့ ကောင်းကင်ထက်မှာ
လင်းလက် တာရာ ကြယ် များစွာ
တခါတခါ တောက်ပ
တခါတခါ မိွန္ပ်
မရေတွက်နိုင်အောင် များပြားစွ
ပန်းအလှကမ္ဘာကို လိပ်ပြာလေးတွေဝဲသလိုပ။

မည်းနက် မိုးတိမ် ဖုံးတဲ့အခါ
ကြယ်မီးအိမ်များ ပုန်းရရှာ
ကမ္ဘာမြေရဲ့ မြစ်များစွာ
တိတ်ဆိတ် နာကျင်စီးဆင်း
မဲမဲမှောင်မိုက်တွင်း
ရှိုက်သံတိုးတိုး ညှင်း။

ဒါပေမဲ့
ကမ္ဘာမြေအတွက်
စကြာဝဠာ တနေရာမှာ
အသေအချာကို ရှိနေကြလေရဲ့
လင်းလက် ကြယ်တာရာ..
များစွာ... များစွာကွဲ့။


ဒီလို ကဗျာလေးတွေ ယိုစီး ဖိတ်အန်ကျတတ်ဖို့ ကဗျာမျိုးစေ့တွေ စေ့ဆော် ကြဲပက်ခဲ့သူ ကဗျာကြယ်ကြီးဟာ ကြင်ကြင်နာနာနဲ့ ငုံ့ကြည့်ရင်း ကျမတို့ ငယ်ငယ်က စွဲစွဲလန်းလန်း ရွတ်ဆိုခဲ့ရတဲ့ - ကြယ်ကလေးတွေ-ဆိုတဲ့ ကဗျာကလေးကို သူ့အသံ လေးလေး သြသြကြီးနဲ့ စတင် ရွတ်ဆိုပါတော့တယ်။



လေမုန်တိုင်း ဘယ်လိုဝှေ့ဝှေ့

ကြယ်ကလေးတွေ နေရာမရွေ့

မိုးငွေ့တွေ ဘယ်လိုလိမ်လိမ်

ကြယ်ကလေးတွေ အရောင်မမှိန်

အချိန်တွေ ဘယ်လိုသွားသွား

ကြယ်ကလေးတွေ ပျောက်မသွား

ယောက်ျားဘသား ကြယ်ကလေးများ

အမြဲ တောက်ကြွားကြွား။ ။



ကဗျာရွတ်သံဟာ တိုးတိုး ဖွဖွမှတစထက် တစ ကျယ်လောင် မြည်ဟီး ကမ္ဘာတခွင်ကို ပျံ့နှံ့ စီးဝင်သွား စေပါတယ်။ သူ့ရဲ့ ရင်သွေး ကြယ်ကလေးများဟာ တိမ်ပုတ် တိမ်မဲတွေအောက်မှာ ရောက်နေတာတောင် ဘာမထီဘဲ သံပြိုင် ဟစ်ကြွေး အချင်းချင်း အားပေးကြ။ ကောက်ကျစ် ယုတ်မာတဲ့ မုန်တိုင်း မိုးတိမ်တို့ သဘာဝ သဘောက၊ လောကကို သိမ်းကျုံး ဖျက်ဆီး မိုက်မဲခြင်း အတိ ပြီးနေတာပါလား။ လောက-က ကြာရှည် လက်မခံ ကျွမ်းသန္တာလန်အောင် ခါချပါလိမ့်မယ်။ လောကကို အလင်းပေးနေဆဲ သတ္တိခဲ ကြယ်ကလေးတွေဟာ ဘယ်တော့မှ ပျောက်မသွား မှိန်မသွား တောက်ကြွားမြဲ တောက်ကြွားလျှက် ကဗျာကြယ်ကြီးရဲ့ ပိုက်ထွေးယုယမှုဖြင့် ကြီးပြင်းလာကြသော ကြယ်ကလေးများဟာ ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်ချစ်စိတ်ဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်လျှက်။


Share/Bookmark

3 Comments:

ရွာသားလေးဝိုင်တီယူ said...

ကဗျာကြယ်ကြီးကို သတိရလိုက်တာဗျာ။ ငယ်တုန်းက ကဗျာကြယ်ကြီးရဲ့ စာတွေကိုပြန်ရွတ်မိတိုင်း အမြဲကျေးဇူးတွေတင်နေမိတာ။ မချိုသင်းရေ အမတော့ အခုတလော သတိရပြီးရင်း ရဖြစ်တော့မှာပါပဲ...

အောင်သာငယ် said...

ကဗျာချစ်သူတယောက်အနေနဲ့
ကဗျာ့ကြယ်တွေကို
ဘယ်သောအခါမှ
ကြွေမကျစေချင်ခဲ့ပါ....

ဘာပဲဖြစ်ဖြစ်
ကျနော်တို့ချစ်တဲ့ ကြယ်တပွင့်လေ
နှင်းဆီပွင့်ပေါ်
အိပ်ပျော်နေခဲ့ပါပြီ...

ဆရာဂျမ်းဟာ
သူကိုယ်တိုင်လည်း
ထာဝရ ငြိမ်းချမ်း စိမ်းလန်းနေမဲ့
နှင်းဆီပန်းတပွင့်ပါပဲလေ...

Cho Wunna said...

ကေရေ
ဟိုးအဝေးတနေရာကနေ သတိတရ ရေးပို့တဲ့ ကေ့အမ ကိုရော ကေ့ကိုပါ ကျေးဇူးတင်လှပါတယ်။
အဲဒီကဗျာကြယ်ကြီးဟာ ရင်ထဲမှာပါ အမြဲထွန်းလင်းနေမဲ့ အနွေးဓာတ် မေတ္တာပေးတဲ့ ကြယ်ကြီးပါ။
လွမ်းတယ် ကေရေ..