ကျိုက်ထီးရိုးကို ရောက်ခဲ့တယ်



မနှစ်ကနိုဝင်ဘာတုံးကပါ..
တကယ်က..ယောင်းမရဲ့မင်္ဂလာဆောင်ကိုပြန်ရင်းကနေ..မမျှော်လင့်ပဲထွက်ဖြစ်ခဲ့တဲ့ခရီးစဉ်တခု။
အသိတယောက်ရဲ့ကောင်းမူကြောင့်..သူ့ကိုယ်ပိုင်ကားနဲ့..၂ယောက်သား..ဇိမ်ကျပလိန်ကျသွားခဲ့ရတယ်..
မနက်လေးနာရီလောက်..ထမောင်းလာတာ..အမယ်လေး..မိုးတောင်မလင်းသေးဘူး..ရန်ကုန်အထွက်မှာ..ကုန်စိမ်းသမားတွေ..မှောင်နဲ့မဲမဲလှူပ်ရှားနေကြပီ..
လမ်းမှာတော့..ကားတွေအရှင်းသား..
နေရောင်လေးပြို့လာတော့..မွန်ပြည်နယ်ထဲကို..တော်တော်ဝင်မိနေပီ..
မနက်ခင်းရောင်နီနဲ့..မိုးနှင်းလေးမစို့မပို့ကြောင့်သင်းနေတဲ့ ရိုးပြတ်နံ့လေးတွေဟာ... အိုး...ဘာနဲ့မှမတူဘူး။.
ကျိုက်ထိုကိုဝင်လာတော့.. ၈ နာရီလောက်ရှိပီ..။ “စိမ်းလဲ့တင်မှကြိုဆိုပါ၏” ဆိုတဲ့ဆိုင်းဘုတ်ကြီးက..

မြို့အ၀င်မှာခန့်ခန့်ငှါးငှါး..။
သူငယ်ချင်းက..စိမ်းလဲ့တင်မှာ ၀င်စားခဲ့..လို့မှာလိုက်ပေမဲ့..အတက်နောက်ကျမှာစိုးတာနဲ့..အပြန်မှ..
ဝင်စားတော့မယ်လို့ပဲ..ဆုံးဖြတ်လိုက်တယ်..။ ကိုယ်ကလည်း..နဂိုထည်းက..ဒီစိမ်းလဲ့တင်ဆိုတာကို
စိတ်ဝင်စားထားတာဆိုတော့..၀င်ဖြစ်အောင်တော့ ၀င်ရမယ်...။

တောင်ခြေကိုရောက်လာတော့..၉နာရီပျော့ပျော့လောက်ရှိပီ..အခေါ်အအော်ကောင်းတဲ့ဆိုင်တဆိုင်ဝင်ပီး..မနက်စာလဲစား..ကိုယ်လက်သန့်စင်ရင်း..တောင်ပေါ်တက်ဖို့လဲ..စနည်းနာလိုက်တယ်...
ကားတွေက..ပေါ..မ..ပေါဆိုပဲ..(မော်လမြိုင်..ကျိုက်ထိုဘက်ကလေသံလေ..)
ကိုယ့်အတွက်က..တတိယအကြိမ်ဆိုပေမဲ့..လွန်ခဲ့တဲ့ ၂၈ နှစ်လောက်ကရယ်. .တက္ကသိုလ်ရောက်ခါစ .၉၁ ခုနှစ်လောက်ကရယ်ဆိုတော့..အတော့်ကိုပြောင်းလဲသွားပီ...အဓိက-က..ကိုယ့်ဘိုးတော်..။
သူကမြန်မာပြည်မှာရှိတဲ့တလျှောက်လုံး..တခါမှမရောက်ဘူး-ဘူးတဲ့...
သူ့ကိုလဲ..မှာရတယ်..“ဟဲ့..ဒီမှာ..နတ်ကြီးတယ်နော်..ပေါက်တက်ကရ..မပြောရဘူး..”

ကဲ..သွာကြစို့..ဟိုမှာကားတွေ..လူစတင်နေပီ..
ရှေ့ခန်း..၁၅၀၀..နောက်ခန်း..၈၀၀..တဲ့..ရှေ့ခန်းလဲမရတော့ဘူး..ကိစ္စမရှိပါဘူး..နောက်ခန်းမှာ
ပျော်စရာကြီး..ရန်ကုန်က..ဘတ်စကားတွေမှာလူကြပ်သလောက်နီးပါး..ကျိုက်ထီးရိုးတက်တဲ့ကား
များလည်းကျပ်ပါသည်...တရုတ်ကလာတဲ့..မြေသယ်ကားမျိုးကို..သစ်သားတန်းများထိုးထားပီး..ဒူးပင်ကောင်းကောင်းဆန့်မရတာကြောင့်..ဒူးထောက်ပီး..ဘေးကလူချင်းမှေးပီးထိုင်ရတယ်..။
ရင်တွေခုန်လှပီ...ဒီလောက်မြင့်တဲ့တောတောင်ကြီးကို..ကားနဲ့ဘယ်လိုတက်မှာပါလိမ့်..။
ဟော...မောင်းပီ...တစီးပီးတစီးထွက်ကြတာ..ကိုယ်တို့ကားက..၅စီးမြောက်လောက်ရှိမယ်။
ဝေါကနဲအတက်မှာ..ဝေါကနဲလူတွေယိုင်ကုန်ကြတယ်..ဒါအစပဲရှိသေးတယ်တဲ့..အမလေး..
၂လမ်းမောင်းအဆုံးက..ဂိတ်မှာခဏရပ်..လူလဲရေရင်း..အဆင်းကားတန်းကိုစောင့်ကြရတယ်.။.
ဟိုဖက်မှာက..တောက်လျှောက်တလမ်းစာလမ်းကျဉ်းပဲရှိတော့တယ်တဲ့..
တောင်နံရံတွေကို..ပဲ့တင်လာတဲ့..ကားသံတွေကိုကြားနေရတယ်..ဟော..အဆင်းကားတန်းကြီးလာပီ။ဟေးကနဲ..ဟေးကနဲအော်ရင်း..တစင်းပီးတစင်းဆင်းလာတယ်..နိုင်ငံခြားသားတချို့ကို..နောက်ခန်းမှာ..တို့လို့တွဲလောင်းထိုင်ရင်း..ပျော်နေကြတာတွေ့ရတယ်..။
ကဲ..အတက်ကားတွေ..စတက်ပီ....ရင်တွေတုန်ပီးကြောက်သလိုရှိပေမဲ့..တအားလွတ်လပ်ပီးပျော်စရာ
ကောင်းလိုက်တာ..အရေးထဲ..ဘေးနားက..လူက ရီစရာတွေဖောက်နေတော့..တကားလုံး..
တ၀ါးဝါးနဲ့ပွဲကျနေကြတယ်...အိုး..ကိုယ်တို့လူမျိုးသဘာဝ..ချစ်စရာကောင်းပုံများ.။
အဲဒီလူကပဲပြောသေး..
“ နိုင်ငံခြားမှာဆို..ကေဘယ်ကောင်းကင်ကြိုးနဲ့တက်ကြတာလို့ပြောတယ်..ငါတို့လဲနောင်ကျ..
ကောင်းကင်ကြိုးလုပ်မှာကွ..”
တဲ့..။ တောသူတောင်သားပုံစံ..အဲဒီ ကိုလူပျော်ကို..လှမ်းကြည့်
ရင်း..အထင်ကြီးသွားမိတယ်..

...................................

ကဲ..ရောက်ပါပီကော..ဘိုးဘိုးကြီး..ကျိုက်ထီးရိုးစေတီ..
အရင်တုံးကတော့..စခန်းတွေစီ..အလှမ်းတွေချီ.ပီး...အပန်းဖြေကာသွား ရတဲ့..ကျိုက်ထီးရိုးတောင်ပေါ်
ကို..ခုတော့..န အ ဖ ကျေးဇူးနဲ့..စွေ့ကနဲရောက်သွားပီ...
အိုး..တောင်ပေါ်ကလည်း..အရင်နဲ့သိပ်မတူတော့.။ဘာတွေပြောင်းသွားမှန်းတော့မသိ..ဟော..ဟိုမှာ..
ကျိုက်ထီးရိုးပဲ...လို့..ဘိုးတော်ကိုလက်တို့ရင်းတန်းလန်း..ဟေ..ဘုရားရွှေချတာနဲ့တော့တိုးနေပီ...
ဖျာတွေ..ယိုင်ပတ်တွေကာထားတဲ့..ဘုရားကြီးကိုကြည့်ရင်းစိတ်နဲနဲလေသွားတယ်..
ကဲ..နေပါဦးလေ..လောလောဆယ်..ခဏတဖြုတ်နား..ရေမိုးချိုးဖို့..တည်းခိုခန်းအရင်ရှာပါဦး...

............................

ညနေစောင်း..ရေမိုးချိုးပီးတော့..ရင်ပြင်ပေါ်တက်ကြတယ်...
နိုဝင်ဘာလရဲ့ အအေးဓါတ်က..နေလို့ကောင်းယုံလေးမို့..အနွေးထည်လှလှလေးတွေ..လျောစောင်
လှလှလေးတွေနှင့်မြို့သူတွေရော..တောသူတွေပါ...ဘုရားရင်ပြင်ပေါ်မှာအရောင်စုံနေသည်။
ကိုယ့်ဘိုးတော်ကတော့.ကင်မရာကြီးတကားကားနဲ့..အရမ်းတက်ကြွနေပီး..ဘာမှမမြင်ရလို့..
တဖြစ်တောက်တောက်..ကိုယ်ကတော့..မြင်ဘူးပီးသားမို့..ဘာဖြစ်လဲနော့..အာရုံနဲ့ဖူးလိုက်ယုံပဲ။

၃ နှစ်မှတခါ..ကျောက်လုံးပြည့်ရွှေပြန်ချတာတဲ့..ကြုံတောင့်ကြုံခဲလို့တောင်..ကြံဖန်တွေးမိတယ်..
သူပြောတာလည်း..ဟုတ်ပါတယ်..နိုင်ငံခြားသားတွေ..တကူးတကလာပီး..golden rock ဆိုတာ
မမြင်ရတော့..ဘာအဓိပ္ပါယ်ရှိမှာလည်း..မတန်ဘူးတဲ့..ခုတော့ကြာမှာက..တလကျော်ကျော်..
အင်း..တကယ်ဆို..ကိုယ်ထင်တယ်..ဒီလိုရက်တွေမှာ..ခဏပိတ်ချင်ပိတ်..ဒါမှမဟုတ်..
ခရီးသွားအေဂျင်စီတွေကို..ကြိုတင်သတင်းပေးထားပေါ့..။ နိုင်ငံခြားသား complain တက်မတက်

တော့မသိ..ကိုယ်တွေတော့..အရင်တက်လိုက်ပီ...။

ကြည့်..ငါ့ဘိုးတော်ကတော့..လုပ်ပီ..
ကာထားတဲ့..၀ါးလုံးတန်းတွေထဲကို..အတင်းဝင်တိုးသွားတယ်..နေပစေ..
အင်း..အင်း..ပြန်ထွက်လာပီ..စပ်ဖြဲဖြဲနဲ့...“ငါ့ကိုအတင်းမောင်းထုတ်တယ်..ဘာရမလဲ..ဓါတ်ပုံရအောင်ရိုက်လာတယ်..ဒီလောက်တကူးတကလာပီး.အဲဒီကြက်မတ၀ပ်ဆိုတာကို..မမြငရလို့ဘယ်ဖြစ်မလဲ ” တဲ့။

ဘုရားဈေးမှာ..ဘုရားသမိုင်းစာအုပ်တအုပ်ကောက်လှန်တော့..ကျိုက်ထီးရိုးဂေါပကအဖွဲ့ကို လွန်ခဲ့တဲ့
နှစ်တရာကျော်က..အင်္ဂလိပ်အစိုးရက..ဦးဆောင်ဖွဲ့စည်းပေးခဲ့တာဆိုပဲ..မှတ်သားစရာ..

ခပ်လှမ်းလှမ်းက..တောင်ပူစာလေးမှာ..ဟယ်လီကော့ပရာဆင်းတဲ့ကွင်း..၃ ကွင်းလောက်လည်း
တွေ့လိုက်သေး...

“ဟော..ဟိုမှာ..ယူ့အမျိုးတွေ” ..ကျိုက်ထီးရိုးရဲ့အရှင်သခင်နတ်မင်းကြီးများဖြစ်တဲ့..ရွှေနန်းကျင်နဲ့
မိသားစုကို..ကရင်သင်တိုင်းများနဲ့ တွေ့တော့..ဓါတ်ပုံတွေတဖြတ်ဖြတ်ရိုက်ပြန်ရော...

အဲဒီညက..မီးလောင်မြေမှာ..ပြန်ဆောက်ထားတဲ့..ဈေးဆိုင်တိုက်တန်းတွေရဲ့အစွန်က..မွန်နံမယ်နဲ့
ထမင်းဆိုင်လေးမှာ..ဆတ်သားခြောက်.ချည်ရေဟင်း..ငရုတ်သီးဆားထောင်းနဲ့..ညစာစားခဲ့ရတာကို..အမှတ်အရဆုံး...အပိုပေးတဲ့..ချဉ်ပေါင်ကျော်..ငပိရည်တို့စရာတွေတောင်မထိနိုင်...
ထမင်းစားပီး..ဘုရားကြည်ညိုရင်း..ရင်ပြင်မှာထိုင်ကြတယ်..ကျယ်လွင့်နေတဲ့နက်ပြာရောင်ရင့်ရင့်
ကောင်းကင်ကြီးနဲ့..တိတ်တိတ်ဆိတ်ဆိတ်နားထောင်နေတဲ့..ဒေါနတောင်တန်းကြီးတွေကိုကြည့်ရင်း..
ရင်ထဲမှာလွမ်းလွမ်းမောမော..စကားတွေကလည်း..ဟိုရောက်ဒီရောက်..
ညဖက်..ရင်ပြင်မှာထိုင်ရတဲ့..ကျိုက်ထီးရိုးရဲ့..အရသာက..ဘာနဲ့မှမတူ..
ညက..ရင့်လာပေမဲ့..အိပ်ချင်စိတ်အလျင်းမရှိ..ဒီအချိန်လေးတွေကိုနှမြောနေမိတယ်..နောက်တခေါက်ရောက်ဖို့က..လွယ်ပါ့မလားနော်..

တည်းခိုခန်းပြန်ရောက်တော့..၂နာရီလားရှိနေပီ..နက်ဖြန်မနက်..ကျီးကန်းပါးစပ်ဖက်.ပတ်ရင်း..၁၀နာရီ
လောက်..ဆင်းမလားလို့..အစီအစဉ်ဆွဲရင်း..အိပ်ပျော်သလောက်အိပ်လိုက်တယ်။
.............................

ဟာ..ဒါဘာဖြစ်တာလဲမသိဘူး..”
မနက်လင်း..ရေမိုးချိုး..ပစ္စည်းတချို့သိမ်းနေရင်း..ဘိုးတော်လုပ်သူက..အလန့်တကြားထအော်တယ်..
အိုလေးလေး..ဟုတ်ပ..သူ့လည်ပင်းမှာ..Nike လိုဂိုပုံလိုလို..အမှန်ခြစ်ထားတဲ့သဏ္ဌန်..အရာကြီး..
လက်သန်းလောက်ရှိမယ်..သွေးတွေလဲစို့လို့..ဘာဖြစ်တာပါလိမ့်..အကောင်ပလောင်ကိုက်တဲ့ပုံစံလည်း
မဟုတ်..လက်သည်းနဲ့များ..ကိုယ်ဖာကိုယ်ချစ်မိလေသလား..ဟုတ်သေးပါဘူး..
ဟိုပြော..ဒီနောက်လုပ်မိတာက..ကိုယ်။..ခုတော့..ရွှေနန်းကျင်များ..သူ့အမျိုးမှန်းသိလို့..ညအိပ်နေတုံး လာနှူတ်ဆက်လေသလားမသိ...ကဲ..ဘာမှန်းမသိလည်း..အဖြေညှိမနေနဲ့တော့..မေတ္တာပို့ရင်း..ပြန်ဆင်းဖို့သာပြင်..။
သူ့ခမျာ..စိတ်ရှုပ်ထွေးစွာနဲ့..လည်ပင်းကိုတစမ်းစမ်းလုပ်ရင်း..ဆင်းဖို့ပြင်ရတယ်..
(အဲဒီအမာရွတ်ကြီး..ခုထိရှိနေသေးတယ်..)

အဆင်းကားက..အတက်ထက်တောင်..အသဲအေးဖို့ကောင်းသေးတယ်..ဝေါကနဲအဆင်း...ရှေ့မှာ
မြင်ရတာက..အဆုံးမမြင်ရတဲ့..ချောက်ကြီးတွေ။..ထုံးစံအတိုင်း..အတက်ကားတန်းကိုစောင့်ဖို့..ရသေ့
တောင်မှာ..ခဏဆင်း..ကြံရည်လေးဘာလေးသောက်ရင်း..အဒေါ်ကြီးတယောက်နဲ့တောင်..စကား
လက်ဆုံကျလိုက်သေး။ သူက..အရင်ကအထမ်းလိုက်တာတဲ့..ခုခောတ်ကားတွေသုံးကြတော့..အရင်
လောက်အလုပ်မကောင်းပေမဲ့..ရသေ့တောင်ကနေ..ဘုရားပေါ်လောက်ထိ..ခရီးတိုလေးမှာ..အပျော်
ခြေထောက်နဲ့တက်တဲ့..ခရီးသည်တွေကိုပဲလိုက်ထမ်းပေးနေတယ်တဲ့..သူ့သမီးက..မော်လမြိုင်
တက္ကသိုလ်မှာတက်တယ်ဆိုပဲ..

အဆင်းနဲ့အတက်..ဘယ်ဟာက..နတ်သမီးပို့ပီး..ဘယ်ဟာက..နတ်သားပို့လည်းတော့မသိ..ကားနဲ့ဆိုတော့..၂ခုလုံးကတော့..လျှောကနဲရောက်သွားတာပါပဲ..လမ်းမှာတော့..တချို့..ဖြည်းဖြည်းချင်း..
ခြေထောက်နဲ့ဆင်းတဲ့လူတွေတွေ့မိတယ်..တောင်ခြေရောက်တော့..ကားအပ်တဲ့ထမင်းဆိုင်မှာကားဝင်ယူ..ကျိုက်ထီးရိုးပြန်လက်ဆောင်..ယိုစုံတွေဝင်ဝယ်ရင်း..တညအိပ်ကျိုက်ထီးရိုးဘုရားဖူးခရီးက..ပီးလုလုပေါ့...အင်း..ကျန်သေးတာက...

စိမ်းလဲ့တင်......


ကျိုက်ထီးရိုး ဓါတ်ပုံများ


Share/Bookmark

3 Comments:

ATN said...

U are really a good writer. BTW I've never been there in my whole life. I always want to be there but I have no chance at all.

Anonymous said...

တီကေ ဒီတစ်ခါလာ ကျနော့်ဆီ မေးလ်ပို့ လာကြိုမယ်နော့် အမေ့ကိုလည်း ဘူးသီးနဲ့ကြက်သားချက်ကျွေးဖို့ ပြောပြီးထမင်းစားဖိတ်မယ်း) ကုရင်ဒုံးယိမ်းလည်း လိုက်ပြမယ် ပွဲတော်ရက် ဆီမီး9000 ပန်း 9000 ဆို အရမ်းစည်တာ ပေါမ ပေါပဲ :P

စုချစ် said...

ဟင်... အဲသာ ကေ ခြစ်လိုက်တာလား.... :O