Attending Funeral Service

အသုဘ ရှု ခြင်း

တနေ့က..မြို့လေး မှာ.. အနောက် တိုင်း ထုံးစံ..အသုဘ တခု ကို ပထမ ဆုံး အကြိမ် ရှု ဖြစ် ခဲ့တယ်။

ကွယ်လွန် သူက.. ကိုယ့်ရဲ့ အဒေါ် လို ..အမေ လို ခင် မင် ရတဲ့ အမျိုး သမီး ကြီး ရဲ့ ခင်ပွန်း ဖြစ်သူ ။ သူ့မှာက..ရောဂါ တွေ က ပေါင်းစုံ ရှိ နှင့် ပြီးသား မို့.. အောက်စီဂျင် ဗူးကြီး တန်းလန်း နဲ့ သေ မဲ့ ရက် ကို စောင့် နေ သူ။ ပြော ချင် တာက.. မတူ တဲ့ ထုံးစံ ယဉ်ကျေး မူ နဲ့ ယုံ ကြည်ခြင်း တွေ။

အော်စီ မှာ နေ တဲ့ ဗမာ မိတ် ဆွေ တယောက်က.. အော်စီ တွေ..ရိုးရိုး ရှင်း ရှင်း ၀တ် ကြ စား ကြ နေကြ ထိုင်ကြ တာပဲ ဆို ပြီး၊ တခါမှာ.. အော်စီ အသုဘ တခု ကို ..ဂျင်းဘောင်းဘီ .. တီရှပ် နဲ့သွား ခဲ့လို့.. ကို့ယို့ကားယား ဖြစ် ခဲ့ပုံ ကို ပြော ပြ ထား လို့၊ အ၀တ် အစား ကို တော် တော် ဂရုစိုက် ရတယ်။ ဒီမှာက..ဈေး ထဲကိုသာ.. အကျီင်္ အစုတ် နဲ့ ဖိနပ် မစီးပဲ လာချင် လာမယ်..အသုဘ ဆိုရင်တော့.. လေးလေးစားစား နဲ့ ၀တ် စုံ အပြည့် ၀တ် ကြ တာလေ။

ဖြစ် ချင် တော့... အပူဆုံးလ ရဲ့ ရက်တ ရက်.. ။ ၄၂ ဒီဂရီ စင်တီဂရိတ်( ၁၀၇ ဒီဂရီ ဖာရင်ဟိုက်) ဆိုတဲ့ အပူ ချိန်က.. အ၀တ် နဲ့ ကင်း နေတဲ့ လက် ဖျံသားတွေ..ပါး တွေကို တဖြစ် ဖြစ် မြိုက် နေ သလို.. ၀တ် ထားတဲ့ အမဲရောင် အကျီ င်္ အောက်က..ခန္ဓာကိုယ် တခုလုံး လဲ ..ချွေး တွေ နစ် ကျ နေ သည်။

နေ့လည် ၁ နာရီ ခွဲ မှာ..အစီအစဉ် စ တော့.. အလယ် မင်း လမ်း တလျှောက်.. သင်းအုပ်ဆရာ က ဦး ဆောင် ပြီး.. နောက်မှာ.. ပန်းတွေ ဖုံးထား တဲ့ သစ်သား ခေါင်းကို တွန်းလာသူ.. funeral service ( နာရေး ၀န် ဆောင်မူ ) က လူ ၂ ယောက်...ပီးတော့မှ.. မိသားစု တွေ..မိန်းမ..သားသမီး.. မြေးမြစ်..ကြီးစဉ် ငယ်လိုက် တန်းစီ ပြီး ... ခပ်ဖြည်းဖြည်း လျှောက်လာ ကြ တယ်။ မင်္ဂလာ ဆောင် လျှောက်သလို ပါပဲ။ ပြီး တော့..ရှေ့ဆုံး က ခုံတွေ မှာ နေရာယူ ပြီး.. သင်းအုပ် ဆရာ ကပဲ.. အခန်းအနား မှူး လုပ် ပြီး အစီအစဉ် ကို စတင် သည်။ ပထ မ ဆုံး သေ ဆုံးသူ ရဲ့ အမျိုးသမီးက.. eulogy (သေ ဆုံးသူ အတွက်.. ချီးကျူး ဂုဏ်ပြုစကား ) ကို ပြော သည်။ စိတ်ဓါတ် ခိုင်မာ တာ သက်သက်ပဲလား တော့ မသိ။ တလျှောက်လုံး.. တည်တည်ငြိမ်ငြိမ် နဲ့ .. သူ့ခင်ပွန်း အကြောင်း ပြောသွားတာ.. အရွှန်း တွေ တောင် ဖောက်လို့။ သူတို့ ၂ယောက် စတွေ့ခဲ့ တဲ့ အချိန် တွေ ကို သတိ တရ ပြော နေတဲ့ အချိန် မှာတော့..အသံ တချို့ တိမ် ၀င် သွား သလို ။ သူမ ဟာ ခရစ်ယာန် ဘာသာ မှာ..ခိုင်မာစွာ သက်ဝင် ယုံ ကြည် သူတယောက် ဖြစ်ပြီး.. ခင်ပွန်း ဖြစ်သူက တော့.. ဘယ်ဘာသာ ကိုမှ..မယုံ ကြည် ဘဲ..အဆုံးသတ် သွားခဲ့ခြင်း ဖြစ်သည်။ ဂီလာန ခင်ပွန်း သည် ကို နှစ်ရှည် လများ ပြုစု ရင်း .. သူနဲ့ အတူ ဘုရား သခင် ကို ယုံကြည် လာဖို့ ပြင်းပြစွာ ဆုတောင်း နေခဲ့သူ ဖြစ်ကြောင်း ..အားလုံး သိထားကြသည်။ အခု အချိန်မှာ.. သူမ ရင်ထဲ မှာ ဘယ်လို တွေးနေမလဲ.. ။ သူမ ယုံကြည်တဲ့ ကောင်းကင်ဘုံ က..ဘုရားသခင် ရဲ့ အိမ် တော်မှာ.. သူမ ခင်ပွန်း ၀င်ခွင့် ရခြင်း မရ ခြင်း အတွက်.. သံသယ တွေ ရှိ နေမလား။ ဘာပဲ ပြော ပြော.. သူမ အကောင်း ဆုံး ..လုပ် ဆောင် သွား ခဲ့ သည်။

တည်ငြိမ်စွာ စင်မြင့် ပေါ် က ဆင်းသွား တဲ့ သူမ ကို ငေး ကြည့်ရင်း...ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် က..ရက် တရက် ကို ပြန်လည် တွေး မိ သည်။ ခရီး လွန် နေရာကနေ.. ရုတ်တရက် ကွယ်လွန် သွား တဲ့ ခင်ပွန်း ဖြစ်သူ ရဲ့ အလောင်း ပြင် ဆင် ထား ရာ အိမ် ဆီကို .. ကျယ်လောင်စွာ အော်ဟစ် ငိုကျွေး ရင်း ပြန် ရောက်လာ ခဲ့ တဲ့ အဘွား ရဲ့ ငိုသံ တွေ..။ ပုံရိပ် တွေ။ အဲဒီ နောက် တော့.. နိုင်ငံခြား မှာ နေတဲ့ သားတွေ ပြန် လာအောင် စောင့် ရင်း.. ၄-၅ ရက် လောက် ကြာ အောင် အိမ်ရှေ့မှာ ပြင်ထား တဲ့ အဘိုး ရဲ့ရုပ် အလောင်း။ ရပ် နီး ရပ် ဝေး က..နာရေး လာတဲ့ သူတွေကို ၇ ရက် ၇ လီ..မဏ္ဌပ် ကြီး ထိုး ပြီး၊ ထမင်းဟင်းတွေ ချက် ကျွေး နေတာတွေ.. မိုးတွေ စိုစိ နဲ့ မှိုင်းမှုန်မှုန် ပုံရိပ်တွေ.. ငိုသံတွေ..ခပ်မျှင်းမျှင်း ရယ်သံတွေ.. မေးသံတွေ..ဖြေသံတွေ..အားပေးသံတွေ.. အဒေါ် တွေ ရဲ့ နာရေး ကုန်ကျ စရိတ်တွက်ချက် စီစဉ် နေ သံတွေ.. ။

ဟော.. စင်မြင့် ပေါ် ကို နောက်ထပ် တက်လာ တာက.. သား ဖြစ်သူ..။ သူ့နောက်မှာ..မျက်မှန် အမဲ ကိုဟန်ပါပါ တပ် ရင်း.. လှတပတ ဖြစ်အောင် ရပ်နေတာက..သူ့ အမျိုးသမီး ပေါ့။ ယောက္ခမ ဆိုတော့လည်း...ခံစား ချက် ခပ်ကင်းကင်း ပုံစံပါပဲ။ သား လုပ်သူ ကတော့..သူ့အဖေ အကြောင်း ..ပေါ့ပေါ့ပါး ပါး ပြောသွားပေမဲ့..တနေရာမှာ တော့..အတန်ကြာ တိမ် ၀င် .. တိတ်ဆိတ် သွား သည်။ အဲဒီ အချိန်မှာ.. နောက်ခံ ပိတ်ကား ဖြူ ပေါ်မှာ.. သေဆုံးသူ ငယ်စဉ် က စလို့... မိသားစု နဲ့ ပျော်ခဲ့ တဲ့ အချိန် တွေ အပါ အ၀င်.. မှတ်တမ်း ဓါတ်ပုံ တခု ချင်း ကို power point နဲ့ ပြ ပေး နေ သည်။ နောက် ဆုံး အနေနဲ့..မြေးမလေး ၂ယောက် တက်လာ သည်။ အတူတူရပ် နေရင်း.. အငယ်မလေးက..သူ့ ဘ ကြီးက..သူတို့ကိုဘယ်လို ချစ်ကြောင်း ..ဂရုစိုက်ကြောင်း..ပြောလည်း ပြော..ငိုလည်း ငို ။ ကိုယ် တောင် ငိုချင် လာသည်။ အဘိုး ဆုံး တုန်း ကတောင်..ကိုယ်ငို မိ ရဲ့လား။ သိပ် မမှတ် မိတော့။ ရှစ်တန်း ဆိုတော့..ဒီကောင်မလေး အရွယ်ပါပဲ။ အသုဘ အိမ် မှာ လူတွေ များ လွန်း လို့၊ စိတ်ရှုပ် တာပဲ မှတ် မိနေသည်။ မှောင်ကုပ် ကုပ် နဲ့..စိတ်ညစ် ညူးစရာ အငွေ့အသက် တွေ ကို သာ..ပြန် ရှု ရှိုက် မိ နေသည်။

သင်းအုပ်ဆရာ က.. ဆုတောင်းတချို့ ရွတ် ဖတ် နေချိန်မှာ.. နာရေးဝန်ဆောင်မူ လူ က.. ကဒ်ပြားလေး တွေ လိုက်ဝေ သည်။ ဘာလဲ လို့ကြည့်တော့..ကိုယ့်ရဲ့ နံမယ်လေးတွေ ရေး ပြီး..တက်ရောက်မူ မှတ်တမ်း ရယူ ခြင်း ဖြစ်သည်။ ကောင်းသားပဲ။ ဘောပင် မပါ လို့..ရှေ့ခုံ က..အမျိုးသမီး ဆီ လှမ်းတောင်း ရေး လိုက် ရသည်။

သင်းအုပ်ဆရာ က..အစီအစဉ် ကို ဆက်လက် ပြော ပြ နေသည်။ အခု..ဒီ ဘုရားကျောင်းဝင်းမှ.. အားလုံး.. သုသာန် ကို သွား ကြမည်။ ပြီး ရင် ဘုရား ကျောင်းကို ပြန်လာ ပြီး၊ ညနေခင်း လက်ဘက်ရည် သုံး ဆောင် ကြ ရန် ဖြစ်သည်။ အခု န လိုပဲ.. သင်းအုပ် ဆရာ က..အဆုံးသပ် ပြော ပြီး.. စင်ပေါ် က ဆင်းတော့..နောက်မှာ..အခေါင်း .. ပြီး..မိသားစု ..တရွေ့ရွေ့ ထွက် ခွါ သွား ကြသည်။

သုသာန်ရောက်တော့.. ၃ နာရီ လောက် ရှိ ပြီမို့.. တကယ့် အပူ ဆုံး အချိန်။ မိသားစု စီး တဲ့ ကား ရှည် ကြီး ..အကျ အန ရပ် ပြီး.. တယောက် ချင်း ဆင်းလာတာကို..ရပ်စောင့် နေ ကြ ရ တာကတင်.. နေပူ ထဲမှာ..နာရီဝက်လောက် ရှိ ပြီ။ အထဲ ရောက် တော့..သင်းအုပ်ဆရာ ကပဲ..စကားနဲနဲ ထပ် ပြော.. ။ ပြီးတော့..မိသားစုက.. သေဆုံးသူကို နောက်ဆုံး ဂါရ၀ ပြု..။ မိသားစု ၀င် တွေက.. အသုဘ လာသူတွေကို .တယောက်ချင်း တန်းစီ ပြီး နှုတ် ဆက်ပေါ့။

သူမ ပခုံး ကို အသာ သိုင်း ဖက် လိုက် ရင်း... နင့် မိသားစု နဲ့ အတူ တကယ် ၀မ်း နဲ ပါတယ် ဆို တဲ့ စကား က.. မလို မပို.. ။ ဒါပေမဲ့.. ရင်ဘတ် ခြင်း ထပ် ..သိုင်းဖက် ရင်း.. သူမ ရဲ့ ကျော ကို ပွတ်သပ် နှစ်သိမ့် တဲ့ ..ထိ တွေ့မူက.. စကား လုံး များထက် ပို အရေး ကြီး လှသည်။ သူမ အတွက် ..တကယ်ပဲ စိတ် မကောင်းပါ။ ဒီ နိုင်ငံ တွေမှာ..အဘိုးကြီး အဘွား ကြီး လင်မယား များ .. တယောက်ယောက်ပဲ့သွား တာနဲ့.. အထီးကျန် မူတွေ ပိုမို နက် ရှိုင်း လာ သည်။ နဂို ထဲကမှ..သားသမီး ဆို တာတွေက..ကိုယ်နဲ့ အတူ နေ ဖို့ မဟုတ်လေ။ မကျန်း မမာ ဖြစ် လာရင်တော့..သွားပေ ရော့..သူအိုရုံ ။

မိသားစု များ အပါ အ၀င် ..အားလုံး..ဘုရားကျောင်း ဆီကို ပြန် ဖို့ ပြင် ကြပြီ။ သေဆုံးသူက တော့..နေရစ် တော့ပေါ့။ ကျန် တာတွေက.. နာရေး ၀န် ဆောင်မူ ရဲ့တာဝန်။ တံခါး ပိတ် သံလိုလို.. တခု ခု ရွှေ့သံလို လို ကြား လိုက် ရသည်။

အဲဒီ အချိန် တွေ တုန်း က.. အဘိုးအလောင်း မြေချ ဖို့အရေး.. ကိုယ့် အမေ တယောက်.. ငိုရင်း..သတိ လစ် သွား လို့.. အော်ကြ ဟစ် ကြ..နှာ နှပ် ကြ နဲ့.. ။ သုသာန် ထဲမှာ..မိုးတွေ ကလည်း ..တဖွဲဖွဲ..နဲ့။ နယ် တွေ ရဲ့ ဓလေ့.. သုသာန် ဇရပ် ပေါ် က.. သံဃာ တော် တွေရဲ့.. သရဏဂုံ တင် သံ က.. အုံ့ပျက် နေတဲ့ ကောင်းကင် ကြီး နဲ့ အပြိုင်။ မညီမညာ သုသာန် ဇရပ် အမိုး ပေါ် ကို တပေါက် ပေါက် ကျ နေတဲ့ မိုး သံ တွေ။ မျက်ပင် ခြုံ နွယ် တွေ..ပေါင်း ထ နေတဲ့.. ညိုညစ် ညစ် အုပ် ဂူ ကြီး တွေ။ ကာတွန်း တွေ ထဲ က အတိုင်း..နွယ် ကိုင်း တွေ တွဲကျ နေတဲ့ ညောင်ပင် အို ကြီး တွေ။ ပြီးတော့.. ညောင်ရေအိုး ခွဲ သံ။ ကြေး စည်သံ...။ ဘာကြောင့်လည်း မသိ.. ကြေးစည် သံ ကို ကိုယ် ကြောက်သည်။ စိတ်ခြောက်ခြား စရာ ကောင်းလှသည်။ ဦးလေး လုပ်သူ က.. သုသာန် ထဲက.. အပင် တပင် ကို အကိုင်း ချိုး ရင်း.. ` အဖေ ရေ..ဆွမ်းသပ် ကို တရားနာ လာခဲ့ပါ ´ လို့ပြောတော့.. ဘယ်လိုကြီး မှန်း မသိ..။ ၀မ်း နဲ တာလည်း မဟုတ်။ ကြောက် တာလည်း မဟုတ်။ ည နေ ကြီး ကလည်း စောင်း နေပြီ။ မှိုင်း ပြ ပြ ခံစားချက် ကြီး တွေ သာ ဆင့်ကဲ လို့။

မိတ် ဆွေ တယောက်က..ဘုရား ကျောင်းမှာ ဆက်လုပ်မဲ့.. ညနေ လက် ဖက် ရည် လိုက်သောက် အုံးမလား လို့ မေး သံ ကြား မှ.. လိုက်မှာပေါ့ လို့ ဖြေ ရင်း၊ အတွေးကို ရပ်..ကား ဆီ ကို လှမ်း မိ တော့သည်။ နေ ကတော့..ခြစ်ခြစ် တောက် ပူ တုန်း။ ဒါပေမဲ့.. သချို င်္င်း ထဲမှာ.. စိုက် ထား တဲ့ ပန်း ပင် လေး တွေက.. နေရောင် ကို အံတု လို့..ဟို တကွက် ဒီ တကွက်..။ ခပ် လှမ်း လှမ်း က.. အစီ အရီ မှတ် တိုင် တွေ ကို လှမ်း မျှော်ကြည့် ရင်း... သံဝေ ဂ တွေ ဘာတွေ ရလို့။


Share/Bookmark

3 Comments:

ဇနိ said...

၁၀၇ ဒီဂရီ စင်တီဂရိတ် ဆိုတာကြီးကတော့ ကြောက်စရာကြီးပဲ။
ရေရဲ့ Boiling Point က ၁၀၀ ပဲရှိတာ။
ဖတ်သွားပါတယ်။

kay said...

လျှမ်းသွားလို့ပါ..အဟဲ..မှားတဲ့အခါလည်း မှားပေမပေါ့။ ( ပြင်လိုက်ပီ)

TTT said...

you are a good writer!!Thanks to you and also the blogger.com. What a wonderful opportunity to read overseas Burmese experiences.