အမြဲတမ်းရှင်သန်နေတဲ့..တော်လှန်ရေး..ရက်ဂေးသီချင်းများ
ခုရက်ထဲ..ရင်ထဲမှာမကောင်း။ ခံစားချက်တွေက..ထိုးထိုးထောင်ထောင်။ မေးခွန်းတွေကပေါက်ကွဲ။ ဒါပေမဲ့..ဘယ်သူ့ကို..ဘယ်လိုတိုင်တည်လို့..ဘာမေးခွန်းတွေမေးရမှန်းမသိ။
ကိုယ်ကိုတိုင်ကိုတောင်ပြန်ရှာလို့မတွေ့။ အ၀ိဇ္ဖါတရားတွေ..ဒီလောက်လွယ်ကူပေါများမှန်းမထင်ခဲ့။
စိတ်ဓါတ်မကျချင်ပါ။ လက်တွေ့ပဲကျချင်တာ။ အို..ဘာမှမကျချင်ပါ။ ကျတာမကောင်း။
အဲဒါကြောင့် ကုလားထိုင်ပေါ်မှာ..ပြုတ်ကျနေတဲ့..ခြေထောက်တစုံကို..မတ်မတ်ရပ်လိုက်တယ်။
လက်က..တခုခုကိုနှိပ်လိုက်တယ်။ အသံတွေ ခုန်ထွက်လာတယ်။ ထွက်ပေါက်တခု။ လိုက်ဆိုခွင့်
ပြုပါ။
Get up, stand up, stand up for your rights
Get up, stand up, stand up for your rights
Get up, stand up, stand up for your rights
Get up, stand up, don't give up the fight
Preacher man don't tell me
Heaven is under the earth
I know you don't know What life is really worth
It's not all the glitters is gold Half the story has never been told
So now you see the light ...Stand up for your rights
Stand up for your rights...Get up, stand up,
stand up for your rights...Get up, stand up,
stand up for your rights...Get up, stand up,
stand up for your rights...Get up, stand up, don't give up the fight
Most people think Great good will come from the skies
Take away everything...And make everybody feel high..
But if you know what life is worth
You would look for yours on earth...
And now you've seen the light...
You stand up for your rights

ဇာတ်လမ်းတ၀က်က...ကျန်နေပါသေးတယ်....
မင်းရဲ့အခွင့်အရေးအတွက်..မတ်မတ်ရပ်လိုက်စမ်းပါတဲ့။
ဒီသီချင်းလေးဟာ..ဒေါ်စုရဲ့..အကြိုက်ဆုံးသီချင်းတပုဒ်ဖြစ်တယ်လို့..ဖတ်ဘူးလိုက်တယ်။ (ဘယ်ထဲမှာလဲတော့..မမှတ်မိ) ဒေါ်စုတယောက်..အောက်စဖို့နေအိမ်မှာ..သူ့သား၂ယောက်နဲ့အတူ..သံပြိုင်ညီးရင်း..စည်းချက်
လိုက်နေကြတာ..ဘယ်လောက်ပျော်စရာကောင်းခဲ့မလဲ ။ ခုတော့..အေးချမ်းလှတဲ့သူ့ကိုယ်ပိုင်ဘဝ
ကို..စွန့်လွှတ်ခဲ့ပီ။ တခြား ဘယ်သူတွေရော..ကိုယ်ပိုင်ဘ၀တွေကို စွန့်လွှတ်ခဲ့ကြသလဲ။ အဲဒီစွန့်လွှတ်ထားတဲ့..ဘ၀ပေါင်းများစွာကို ရင်းပီး..လျစ်လျူရှုပီး ..တခြား ဘယ်သူတွေရော.. ကိုယ်ပိုင်ဘ၀တွေကို.. မရမက..တည်ဆောက်နေကြသလဲ။
သီချင်းထဲမှာတော့..
လက်လက်မြင်တိုင်း..ရွှေမဟုတ်ပါ..တဲ့။
တကယ့်..အလင်းဆိုတာကို.နင်မြင်တဲ့အခါ..မတ်မတ်ရပ်လိုက်စမ်းပါ။
Bob Marley ရဲ့ Reggae သီချင်းတွေကို..ကိုယ့်ဆီယူလာပေးတာ ..အိမ်ကဘိုးတော်။ နိုင်ငံတကာတေးဂီတတွေကို..ယဉ်ပါးလေ့မရှိတဲ့..ကိုယ့်ကို..ဒေါ်စုနဲ့မျှားတော့ မခံနိုင်။ ခုတော့..Bob Marley..ဆိုတာ..ကိုယ့်ရဲ့အကြိုက်ဆုံးဖြစ်သွားပီ။ တကယ်လည်း..သူ့သီချင်းတွေကို..စာသားနဲ့တိုက်ပီးသေသေချာချာ
နားထောင်ကြည့်တော့မှ.. စူးရှတဲ့အမှန်တရားတွေ.. ပျောက်ဆုံးနေတဲ့..တရားမျှတခြင်းတွေ..
ထွက်ကျလာလိုက်တာ..။..ခံစားလို့တောင်မနိုင်။
မနေနိုင်တော့။..သူ့ရဲ့ကိုယ်ပိုင်ဘ၀တွေအကြောင်းပါ..သွားကြည့်မိသည်။
ဂျမေကာနိုင်ငံသား..အဖြူဖခင်နဲ့..အမဲမိခင်ကမွေးခဲ့တဲ့သူ့ဘ၀က..ငယ်စဉ်ကတည်းက..စိတ်ဝင်စားစရာတွေပြည့်နေသည်။..ဖခင်ဖက်က..ဂရုတစိုက်အသိအမှတ်ပြုမခံရခဲ့တဲ့...လူဟန်ခပ်ညှက်ညှက်..Bob..ဟာ..မိခင်ရဲ့..အမဲရောင်ပတ်ဝန်းကျင်မှာလည်း...မေးငေါ့ခံရင်း..အသားအရောင်ခွဲခြားမူ
အကြောင်းကို..ဘ၀နဲ့ရင်းပီးသိခဲ့ရတယ်။..ထူးထူးခြားခြား..အကြားအမြင်ပေါက်ပီး..အနာဂါတ်တွေကိုလည်း..ဟောခဲ့ဘူးတယ်။ သူ့ကိုယ်သူတောင် ၃၆ နှစ်မှာ သေမယ်လို့..သိနေခဲ့တယ်တဲ့။ စာသင်ခန်းတွေကို..စောစောစီးစီး..စွန့်ခွါခဲ့တဲ့..Bob..ဟာ...ဂျမေကာနဲ့..အမေရိကကိုသွားလိုက်ပြန်လိုက်လုပ်ရင်း....ဂီတလောကထဲကို..၁၃နှစ်သားလောက်ထဲက..ရောက်ခဲ့..တကယ့်ဘ၀ကြီးကို..
လက်တွေ့ကျကျကျင်လည်ခဲ့တယ်။ I shot the Sheriff ဆိုတဲ့ သီချင်းလေးနဲ့..Reggae တေးဂီတကို..နိုင်ငံတကာမှာ..စာမျက်နှာစဖွင့်နိုင်ခဲ့တယ်။
နားထောင်ကြည့်ပါဦး..။
◦
Everlasting Revolutionary Reggae
5 Comments:
`နိုင်ငံတကာတေးဂီတတွေကို..ယဉ်ပါးလေ့မရှိတဲ့..ကိုယ့်ကို..ဒေါ်စုနဲ့မျှားတော့ မခံနိုင်´ လို့ရေးထားတာလေး ပြုံးမိတယ်။ No woman no cry သီချင်းကို အရင်ကတည်းက ကြိုက်ပေမယ့် အဆိုတော်ကို နာမည်နဲ့တကွ မသိခဲ့ဘူး။ သီချင်းတွေ တင်ထားတာ IE မှာ အကုန်နားထောင်လို့ရပေမယ့် Firefox မှာတော့ အောက်ဆုံးက တပုဒ် one love one heart ကိုပဲ နားထောင်လို့ရတယ်။ အပေါ်က သုံးပုဒ် နားထောင်လို့မရပါ။ Anyway, thanks for the music!
the best post on your blog!
thanks.
i have seen his pictures around Chiangmai and listened to "No woman no cry" more than 20 times.
i did't know that he was the song's owner.
i also didn't know who he was.
now i know that he is not just a musician.
Kyay Zuu,
ppt sympathizer
ဘော့မာလေရဲ့ အဲဒီသီချင်းကို ရင်းနှီးတယ်။ ဒါပေမယ့် စာသားတွေကိုသေချာမဖတ်ဖူးလို့ ဒီလောက် လေးနက်မှန်းမသိဘူး။ ကျေးဇူးတင်ပါတယ်ခင်ဗျား။ တန်ဖိုးရှိတဲ့ ပို့စ်တစ်ခုပါပဲ။
အင်း… Bob Marley ကြိုက်တာချင်းတော့ တူနေပြီ။ အလွန် အထီးကျန်ဆန်ပြီး အေးခဲလွန်းလှတဲ့ ဆောင်းရက်ရှည်ကြီးတွေထဲမှာ ဟိုး..အနက်ရှိုင်းဆုံးမှာရောက်နေတဲ့ စိတ်ဓါတ်ကို အမှုန့်ထောင်း ရေဖျော် နေ့စဉ်မနက်တိုင်း သောက်ပြီး အလုပ်သွားရတဲ့ ရက်တွေဖြတ်ကျော်ရတုံးက ဒီ Bob Marley ပဲ။ ဘယ်လောက်ထိ ရူးသွပ်ခဲ့ သလဲဆိုရင် အာဖရိက ဗုံအရှည်ကြီးကို ၀ယ် ခေါင်းမှာ အ၀တ်စည်းပြီး ပန်းခြံတွေမှာ စုပြီးသွားတီး ခဲ့တယ်။ War ၊ Redemption Song ၊ Buffalo Soldier တွေ နားထောင် ပြီးလောက်ပြီလို့ ထင်တယ်။
အချိန်ရမှ အခြား ပို့စ် တွေကို ဖတ်ပါတော့မယ်နော့။ စကားမစပ် မိုးကုတ်က မျှစ် ပိန်ပိန်ရှည်ရှည်လေး တွေ စားချင်လိုက်တာဗျာ။
U like his songs and I do the same. What I like most is I shot the sheriff. I really like to shoot the sheriff. Believe me.
Post a Comment